No Rules - Entertainment

  • Home
  • No Rules - Entertainment

No Rules - Entertainment Film, Media & Entertainment Company

Happy birthday 🎁 ဒီကနေ့ဟာ No Rules အဖွဲ့ဝင် သရုပ်ဆောင် ရဲထွဋ်မင်းခေါင် ရဲ့မွေးနေ့ရက်မြတ်ပါ။
17/10/2024

Happy birthday 🎁
ဒီကနေ့ဟာ No Rules အဖွဲ့ဝင် သရုပ်ဆောင် ရဲထွဋ်မင်းခေါင် ရဲ့မွေးနေ့ရက်မြတ်ပါ။

01/10/2024

အလှူငွေ နှင့် အသုံးစာရင်း

ဆန် ၆ ပြည်အိတ် ၁ အိတ် ၂၂၅၀၀
အိတ် စုစုပေါင်း ၃၂၈ * ၂၂၅၀၀ =၇၃၈၀၀၀၀

ဆီ ၅၀ သား ၁ ပုလင်း ၇၈၀၀
ဆီ စုစုပေါင်း ၃၂၈ * ၇၈၀၀ = ၂၅၅၈၄၀၀

ဖယောင်းတိုင် ၁ ထုတ် ၁၆၄၅
စုစုပေါင်း ၆၅၆ * ၁၆၄၅ = ၁၀၇၉၁၂၀

အမျိုးသမီး လစဉ် ၁ ထုတ် ၁၃၈၀
စုစုပေါင်း ၂၀၀ * ၁၃၈၀ = ၂၇၆၀၀၀

ရေသန့် ၁ ကဒ် ၃၃၀၀
စုစုပေါင်း ၁၇၁ * ၃၃၀၀ = ၅၆၄၃၀၀

မီးသွေး ၂၀၀၀၀
စုစုပေါင်း ၁၇ * ၂၀၀၀၀ = ၃၄၀၀၀၀

ကား ကြီး ၂ စီး ဆီဖိုးသာ = ၁၆၀၀၀၀
လှေ ၁၀ စီး ဆီဖိုးသာ = ၄၅၀၀၀၀

ငွေသား ၅၀၀၀၀ *
၁၅၇+၁၃၄ = ၂၉၁ * ၅၀၀၀၀ = ၁၄၅၅၀၀၀၀
၃၇ * ၁၀၀၀၀၀ = ၃၇၀၀၀၀၀

ရှမ်းရွာ ( ကိုထက်အောင်ပြောပြချက်အရ လိုအပ်နေကြောင်းနောက်ကျမှ သိရသည့်အတွက် ပိုငွေ နှင့် ပေါင်းကာ ၃၀၀၀၀၀ ကျပ်မတည်လှူဒါန်းခဲ့ပါသည်။

စုစုပေါင်း ၃၁၃၅၇၈၂၀
အလှူခံ ရရှိငွေ စုစုပေါင်း ၃၁၁၅၂၂၅၀

ပါဝင်လှူဒါန်းခဲ့ကြသူများအားလုံး ကုသိုလ်ထပ်တူရကြပါစေ။

No Rules Entertainment

ဟတ်ပုံးရွာလူကြီးရဲ့စကားကြောင့်အံအားသင့်ခဲ့ရပါသည်။ကျွန်တော်တို့အားလုံးဟာ ဘဝတူတွေပါတဲ့ ဒီအချိန်အားလုံး ဒုက္ခ ရောက်နေချိန်အ...
01/10/2024

ဟတ်ပုံးရွာလူကြီးရဲ့စကားကြောင့်
အံအားသင့်ခဲ့ရပါသည်။
ကျွန်တော်တို့အားလုံးဟာ ဘဝတူတွေပါတဲ့ ဒီအချိန်အားလုံး ဒုက္ခ ရောက်နေချိန်အားလုံး အကူအညီလိုအပ်နေကြပါတယ်တဲ့ ငါ့တူတို့ သင့်သလိုစီစဉ်ပေးပါဆိုတာကြောင့် ရွာ စက်လှေ အကူအညီဖြင့်အခြားရွာ ၂ ရွာ ကို ခရီးဆက်ခဲ့ကြပါတယ်။

ထိုရွာတွေရဲ့ အိမ်ထောင်စု စာရင်း လိုအပ်ချက်တွေ ကိုမေးမြန်းပြီး ညတွင်းချင်း ကိုထက်အောင်အကူအညီ ဖြင့် လိုအပ်သည်များ လိုက်လံ စီစဉ် ရပါတော့တယ်။

ဟတ်ပုံးရွာအတွက်
အိမ်ခြေ ၁၅၇ စာ
ဆန် ၆ ပြည်စီ
ဆီ ၅၀ သားစီ
မီးသွေး
ဖယောင်းတိုင် ၂ ထုတ်
အမျိုးသမီး လစဉ်
အိမ်ထောင်စု တစုအတွက် ငွေသား ၅ သောင်းစီ
သောက်ရေ က အခြားရွာဘုန်းကြီးကျောင်းမှ ရသည် ဟုသိရပါသည်။

ရေမြုတ်သွားသည့် ကံခေါင်လွင်ပြင်အတွက်
အိမ်ထောင်စု ၃၇ စုစာ
ဆန် ၆ ပြည် စီ
ဆီ ၅၀ သားစီ
ဖယောင်းတိုင် ၂ ထုတ်
ရေသန့် ၁ ကဒ်စီ
မီးသွေး
အဝတ်အစား
အမျိုးသမီး လစဉ်
ငွေသား ၁ သိန်းစီ

ရွာသစ်ရွာအတွက်
အိမ်ခြေ
၁၃၄
ဆန် ၆ ပြည် စီ
ဆီ ၅၀သား
ဖယောင်းတိုင် ၂ ထုတ်စီ
အမျိုးသမီးလစဉ်
အဝတ်အစား
ငွေသား ၅ သောင်းစီ
လှူဒါန်းဖို့ဆုံးဖြတ်စီစဉ်ခဲ့ကြပါသည်။

နောက်တနေ့မနက်မှာ
ဆန်၆ ပြည်အိတ် အိတ်ပေါင်း
၃၂၈ အိတ်
ဆီ ၅၀ သား ပုလင်း ၃၂၈ ပုလင်း
ရေသန့် ကဒ်
၁၇၁ ကဒ်
ဖယောင်းတိုင် အထုတ်ပေါင်း
၆၅၆ ထုတ်
မီးသွေး ၁၄ အိတ်
အမျိုးသမီးလစဉ် ထုတ် ၂၀၀
အဝတ်အစားများ
တို့ကို ကား၂ စီး လှေ ၁၀ စီး
လူအင်အား ၂၀ ကျော်နှင့် သွားရောက်လှူဒါန်းခဲ့ကြပါသည်။

လူအင်အားနည်းနည်းနှင့် သွားရောက်ကာ အကျိုးရှိရှိ လှူဒါန်းနိုင်ခဲ့သည့်အတွက်များစွာ ကျေနပ် ပီတိဖြစ်ရပါသည်။
အလှူရှင်များအားလုံး ကုသိုလ်ထပ်တူရရှိကြပါစေ။
သာဓု သာဓု သာဓု။

အလလှူငွေ အသုံးစာရင်းအား ထပ်မံတင်ပြပေးသွားပါမည်။
No Rules အဖွဲ့

No Rules အဖွဲ့ဝင်များနှင့်အတူ ရေဘေးသင့်ဒေသများသို့ ပူးပေါင်းပါဝင်လှူဒါန်း ကြသော အလှူရှင်များသို့ကျွန်တော် တို့အဖွဲ့ သားမ...
30/09/2024

No Rules အဖွဲ့ဝင်များနှင့်အတူ ရေဘေးသင့်ဒေသများသို့ ပူးပေါင်းပါဝင်လှူဒါန်း ကြသော အလှူရှင်များသို့

ကျွန်တော် တို့အဖွဲ့ သားများ သည် အလှူရှင်များ စုပေါင်း ပါဝင်လှူဒါန်းသော အလှူငွေများအား အကျိုးရှိစွာ လှူဒါန်းနိုင်ရန် အဓိကထား ရည်ရွယ် ခဲ့ကြပါသည်။ လှူဒါန်းမူ့ အဆင့်ဆင့် နှင့် ကျွန်တော်တို့အဖွဲ့ဆောင်ရွက်ခဲ့သည်များကို အလှူရှင်များ စိတ်ရှင်းစေရန်နှင့် ပီတိ ဖြစ်စေရန် အစီရီခံတင်ပြအပ်ပါသည်။

၁။ သွားရောက်လှူဒါန်းမည့်နေရာ ရွေးချယ်ခြင်း

နိုင်ငံအနှံ့အပြားမှာ လိုအပ်ချက်တွေရှိနေပါတယ်။အားလုံးက ကိုယ်နဲ့နီးစပ်ရာ လက်လှမ်းမှီရာ မှာ သတင်းအချက်အလက် များရပြီး ကိုယ်သတင်းရတဲ့ သို့ ကိုယ်နီးစပ်တဲ့ ဒေသများကို သွားစေချင်ကြပါတယ်။

ဥပမာ သူသိထားတဲ့နေရာက ပိုလိုအပ်တယ်။ ငါသိထားတဲ့နေရာကပိုလိုအပ်တာ စသည်ဖြင့်ပါ။

တကယ်တော့ နိုင်ငံ အဝန်းမှာ သူ့ဟာနှင့်သူ လိုအပ်နေကြတာပါပဲ။

အဲ့ဒါကြောင့် ကျွန်တော်တို့ သွားလှူ မယ့်နေရာကို ဒီအချက်တွေနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၁။ ကျွန်တော်တို့ နိုင်နိုင်နင်းနင်း သွားရောက်လှူဒါန်းနိုင်တဲ့ နေရာဒေသ ဖြစ်ရမယ်။
၂။ တကယ်အကူအညီ လိုအပ်တဲ့နေရာ ရေဘေးသင့်တဲ့နေရာဖြစ်ရမယ်။
၃။ ဒေသခံ သို့ ဒေသ ကျွမ်းကျင်သူ ဟာ ကျွန်တော်တို့ ယုံကြည်ထိုက်သူ ဖြစ်ရမယ်။
၄။ သွားရောက်မည့်ဒေသ သတင်းအချက်အလက်တိကျခိုင်မာရမယ်။

နောက်ဆုံးမှာ ထိုအချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်ခဲ့တဲ့ အင်းလေး ဒေသ မှ အောက်အစွန်အဖျားရှိ ဟက်ံပုံးရွာ လေးကို ရွေးခြယ်ခဲ့ကြပါတယ်။

၂။ သွားရောက်လှူဒါန်းရန် စီစဉ်ခြင်း

No Rules အဖွဲ့မှာ စုစုပေါင်းအဖွဲ့ ၁၁ ယောက် ရှိပါတယ်။ အားလုံးက အလှူခံစဉ်ကာလမှာ လူအား ငွေအား နိုင်တဲ့ဘက်က ပါဝင်ခဲ့ကြပြီးပါပြီ။

တကယ်သွားလှူတဲ့အခါ မှာ ရန်ကုန်ကနေ ကားတွေငှါး ပစ္စည်းတွေဝယ် ယူစားရိတ် ၊လူအတွက် ၊ပစ္စည်းအတွက် ကားငှါးခ ဆီဖိုး ခရီးစားရိတ် စသည်ဖြင့် ကုန်ကျစားရိတ်များမည်ဆိုးသဖြင့် လူနည်းနည်းဖြင့်သာ
ထိထိရောက်ရောက် လှူနိုင်ဖို့ဆုံးဖြတ်ခဲ့ကြပြီး အဖွဲ့ဝင်

အဖွဲ့ဝင် ၄ ဦးသာ ကား ၁ စီး ဖြင့် ခရီးထွက်ခဲ့ကြပါတယ်။
လမ်းခရီးစဉ်တလျှောက် ကားဆီ စားသောက် တည်းခို စားရိတ် အားလုံး အလှူငွေ ထဲက တပြား တချပ်မှ မထိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၃။ ခရီးစတင်ခြင်း
သောကြာနေ့ ညမှာ စတင်ထွက်ခွါခဲ့ကြပြီး အင်းလေးသို့ စနေနေ့မနက် မှာ ရောက်ရှိခဲ့ကြပါတယ်။ ရောက်ရောက်ခြင်း ခေတ္တ မျှနားပြီး ဒေသခံ ကို ထက်အောင် အကူအညီနှင့် သွားရောက်လှူဒါန်းမည့် ဟက်ပုံးရွာသို့ခရီးထွက်ခဲ့ကြပါတယ်။

ညောင်ရွှေမြို့မှ ကားဖြင့် ၁ နာရီကျော်မျှ ခရီးနှင်ပြီး လှေဖြင့် ၄၅ မိနစ် ခန့် ခရီးထပ်ဆက်ခဲ့ရပ်တယ်။ (ဒီနေရာမှာ ကျွန်တော်တို့အဖွဲ့ ဟာ ဘာ အလှူပစ္စည်းမှမပါပဲ အလှူငွေတွေ သာပါပါတယ်။ )
လမ်းခရီးမှာ လှေပေါ်မှာပါလာတဲ့ ရွာသား ၁ ဦးကို ဟတ်ပုံးရွာအကြောင်း အနည်းငယ်မေးကြည့်ပါတယ်။ အထူးသဖြင့်ရွာလူကြီးက တရားမျှတတဲ့သူလား ယုံကြည်ရလားမေးပါတယ်။ ရွာသားက ယုံကြည်ရတယ်ဟု ဆိုသဖြင့် ရွာလူကြီးနှင့်တွေ့ဆုံခဲ့ရပါတယ်။

ရွာ ရှိ လူဦးရေ ၊အိမ်ခြေ ၊အိမ်ထောင်စု (အိုးစားခွဲ)၊ အရေးပေါ်လိုအပ်သည့်အရာ များ စသည်ဖြင့် မေးကြည့်တော့။
ရွာ မှာ အိမ်ထောင်စု ၁၅၇ စု ရှိကြောင်း ရေနစ်သွားသဖြင့် စုဆောင်းထားသမျှ ဆန်စပါးများ ပျက်ဆီး ဆုံးရှုံး သွားကြောင်း
ရှေ့ရက်က အလှူရှင် တဖွဲ့လာပေမယ့် အဝတ်အထည်များသာ မျာရနေကြောင်း လောလောဆယ် ၁ရွာလုံးစာအတွက်ဆန် ၄ အိတ် သာရှိကြောင်း သူတို့ရွာအတွက်ဦးစားပေး လိုအပ်ချက်မှာ ဆန် ဖြစ်ကြောင်း၊ ထို့နောက် မီးသွေး ၊ ဖယောင်းတိုင် နှင့် အမျိုးသမီး ပစ္စည်းများ လိုအပ်ကြောင်း သိရှိရပါသည်။

ထိုရွာလူကြီးမှ တဆင့် ရွာနီး ချုပ်စပ် တခြားအကူအညီလိုအပ်နေသည့် ၂ ရွာ ရှိသေးကြောင်း
ထို၂ ရွာမှာ ၁ ရွာက ကုန်းတွင်းရွာဖြစ်သဖြင့် လှေ ပင်မရှိကြောင်း ကားလမ်း ရွာလမ်းများအားလုံးရေအောက်ရောက်နေကြောင်း၊ နောက် ၁ ရွာမှာ ၁ ရွာလုံး နီးပါး ရေအောက်သို့ရောက်သွားကြောင်း
လက်ရှိတောင်ခြေမှာတဲထိုးစုဖွဲ့နေကြရကြောင်း ကြားသိရပါသည်။

ထိုရွာ ၂ ရွာ သည်လည်း သေချာပေါက် အကူအညီ လိုအပ်နေမည်ဖြစ်ရာ
ဟတ်ပုံးရွာ သို့ လာရောက် အကူအညီပေးမည့် အလှူငွေများ အထဲမှ ထို ၂ ရွာကိုပါ ပြန်လည် မျှဝေချင်ကြောင်း၊ ဟတ်ပုံးရွာ ၁ရွာ တည်းအတွက် မဟုတ်တော့ပဲ မျှဝေပေးနိုင်မည်လားဟု ရွာလူကြီးကို မေးသည့်အခါ ရွာလူကြီးမျက်နှာသည် အနည်းငယ် တည်ငြိမ်သွားပြီး ကျွန်တော်တို့အဖွဲ့ကို ပြန်လည်စူးစိုက်ကြည့်နေပါတော့သည်။

ဆက်ရန် ……

ဆက်ရန် …….

No Rules Entertainment မှ ရေဘေးသင့် ဒေသ ကူညီရေး အတွက် အလှူငွေများ ကောက်ခံခြင်း ကို ရပ်ဆိုင်းလိုက်ပါပြီ။ 14.9.2024 မှ 26....
26/09/2024

No Rules Entertainment မှ ရေဘေးသင့် ဒေသ ကူညီရေး အတွက် အလှူငွေများ ကောက်ခံခြင်း ကို ရပ်ဆိုင်းလိုက်ပါပြီ။

14.9.2024 မှ 26.9.2024 အထိ
စုစုပေါင်း အလှူတော်ငွေ
သုံးရာ တစ်ဆယ့် တစ်သိန်း ငါးသောင်း နစ်ထောင့် နှစ်ရာ့ ငါးဆယ်ကျပ် (31,152,250 Kyats) တိတိ
ကို စာရင်းချုပ် လက်ခံရရှိပါတယ်။

အလှူရှင်များ လှူဒါန်းငွေ ၁ကျပ်စီတိုင်း အလေအလွင့် မရှိလေအောင် အလှူရှင် အရောက်အပေါက် နည်းသော ဒေသ တစ်ခုကို လှုဒါန်း ပေးနိုင်ဖို့ ဝိုင်းဝန်း စုံစမ်းနေကြပါတယ်။

မကြာခင် သွားရောက် လှူဒါန်းပြီး အလှူခံသူ များရဲ့ privacy မထိခိုက်စေသော အလှူပုံရိပ် အချို့ကို လှူဒါန်းသူများ သာဓု ပွားများနိုင်ရန် page မှ တင်ပေးသွားပါမည်။

ပါဝင်လှူဒါန်းပေးကြပါသော ၇ရက် သားသမီး တစ်ဦးတစ်ယောက်ချင်းစီတိုင်း
သာဓု သာဓု သာဓု ပါ။


#ရေဘေးသင့်ဒေသကူညီရေး

26/09/2024

No Rules အဖွဲ့ဝင် သရုပ်ဆောင် စင်ဒီမြတ် မှ
အလှူငွေ ၅သိန်း ထပ်မံ၍ ပါဝင်လှူဒါန်း ပါသည်။

သာဓု သာဓု သာဓုပါ စင်ဒီ
အသံ အဆင်းရူပါ လှပတင့်တယ် ပြီး လူအများ ရဲ့ ချစ်ခင် စွဲလမ်းနှစ်သက် ခြင်း ခံရသော အနုပညာရှင် တစ်ယောက်ဖြစ်ပါစေ။

ဒေါ်စန်းစန်းဝင်း မှ အလှူငွေ ၅၀,၀၀၀ ကျပ် ပါဝင်လှူဒါန်းပါသည်။ သာဓု သာဓု သာဓု ပါ
26/09/2024

ဒေါ်စန်းစန်းဝင်း မှ အလှူငွေ ၅၀,၀၀၀ ကျပ် ပါဝင်လှူဒါန်းပါသည်။
သာဓု သာဓု သာဓု ပါ

21.9.2024 မှ ယနေ့အထိ အလှူရှင်များအလှူရှင်များ အားလုံးသာဓု သာဓု သာဓု ပါ
24/09/2024

21.9.2024 မှ ယနေ့အထိ အလှူရှင်များ

အလှူရှင်များ အားလုံး
သာဓု သာဓု သာဓု ပါ

ကျွန်တော်တို့ရဲ့ 3H Art Academy မှဆရာဦးမျိုးမင်း(ရင်တွင်းဖြစ်) ဦးဆောင်ပြီး ကျောင်းသား ကျောင်းသူများ စုပေါင်းအလှူငွေ စုစု...
24/09/2024

ကျွန်တော်တို့ရဲ့ 3H Art Academy မှ
ဆရာဦးမျိုးမင်း(ရင်တွင်းဖြစ်) ဦးဆောင်ပြီး ကျောင်းသား ကျောင်းသူများ စုပေါင်းအလှူငွေ
စုစုပေါင်း ၅၁သိန်း ၄သောင်း ၅ထောင်ကျပ် တိတိ ကို လက်ခံရရှိပါတယ် ခင်ဗျာ

သာဓု သာဓု သာဓု ပါ

20.9.2024 အလှူရှင်များ အလှူရှင်များ အားလုံး သာဓု သာဓု သာဓု ပါ
24/09/2024

20.9.2024 အလှူရှင်များ

အလှူရှင်များ အားလုံး သာဓု သာဓု သာဓု ပါ

19.9.2024 အလှူရှင်များ အလှူရှင်များ အားလုံး သာဓု သာဓု သာဓု ပါ
24/09/2024

19.9.2024 အလှူရှင်များ

အလှူရှင်များ အားလုံး သာဓု သာဓု သာဓု ပါ

24/09/2024

MN St.Paul မိသားစုများ USA 🇺🇸 မှ အလှူတော်ငွေ
1503500Ks ပါဝင်လှူဒါန်းပါသည်။

ဤ ကောင်းမူ့ကုသိုလ်ကြောင့် လှူဒါန်းသူများ ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

18.9.2024 အလှူရှင်များ Part - 2အလှူရှင်များ အားလုံး သာဓု သာဓု သာဓု ပါ
23/09/2024

18.9.2024 အလှူရှင်များ
Part - 2

အလှူရှင်များ အားလုံး သာဓု သာဓု သာဓု ပါ

22/09/2024

ဦးတင်အောင် ဒေါ်စန်းစန်းယု မိသားစုမှ အလှူငွေ (၁၀)သိန်းကျပ်တိတိ ပါဝင်လှူဒါန်းပါတယ်
သာဓုသာဓုသာဓုပါခင်ဗျ

22/09/2024

New York မြို့နေ ဦးတင်အောင် ဒေါ်စန်းစန်းယု မိသားစု
မှ အလှူတော်ငွေ ၁၀၀၀၀၀၀ ကျပ်ပါဝင်လှူဒါန်းပါသည် ။

သာဓု သာဓု သာဓုပါ။

22/09/2024

မမိုးမိုး၊မမာမာစီ အဖွဲ့မှ အလှူငွေ ၁၁၀၀၀၀၀ ကျပ် ပါဝင်လှူဒါန်းပါသည်။
နတ်လူသာဓုခေါ်စေသော်ဝ်။

18.9.2024 အလှူရှင်များ Part - 1 အလှူရှင်များ အားလုံး သာဓု သာဓု သာဓု ပါ
21/09/2024

18.9.2024 အလှူရှင်များ
Part - 1

အလှူရှင်များ အားလုံး သာဓု သာဓု သာဓု ပါ

Address


Website

Alerts

Be the first to know and let us send you an email when No Rules - Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to No Rules - Entertainment:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share