Burma Media Consortium - BMC

  • Home
  • Burma Media Consortium - BMC

Burma Media Consortium - BMC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Media Consortium - BMC, Media/News Company, .
(1)

freedom of expression in Myanmar; Independent and unbiased information is innovatively presented to the public in a timely manner for the emergence of a federal democracy that guarantees freedom of the press and freedom of access to information.

တီးတိန်မြို့က စစ်ကောင်စီတပ်သား တစ်ရာကျော် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာဇွန်၊ ၁၇ ရက်ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကေ...
17/06/2024

တီးတိန်မြို့က စစ်ကောင်စီတပ်သား တစ်ရာကျော် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာ

ဇွန်၊ ၁၇ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၆ ရက်နေ့ကစပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်ကြောင်းဟာ တီးတိန်မြို့နယ် ခွေနွဲ (khui Nuai) ရွာကို ဇွန်လ ၁၆ရက်နေ့ညပိုင်းမှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီရွာက ဒေသခံတွေ‌ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" သူတို့ ထိုးစစ်ပြန်ဆင်မယ့်ပုံပဲ။ ကလေးမြို့ကနေ လည်း တက်လာသေးတယ်။ အခုလည်း တီးတိန်က ဆင်းလာတော့ ကျွန်တော်တို့ ဒေသခံတွေလည်း ကြောက်နေကြတာ။ " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၅ရက်နေ့ မနက်ပိုင်းမှာ ကလေးမြို့ကနေ ချင်းတောင်ဘက်ကို စစ်ကောင်စီတပ်သား အင်အား တစ်ရာ၀န်းကျင်လောက် စစ်ကြောင်းထိုးလာခဲ့ပြီး မွှာပီးရွာအရောက်မှာ ပြန်လှည့်သွားခဲ့တယ်လို့ သိရပါတယ်။

ကလေး- သိုင်းငင်း- တီးတိန်လမ်းမတစ်လျှောက်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်လို့ ဘေးလွတ်ရာ ကြိုတင်တိမ်းရှောင်နေကြရပါတယ်။

CDF/ CDM Siyin အဖွဲ့က ခရီးသွားပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စမရှိပဲ ကလေး- သိုင်းငင်း- တီးတိန်လမ်းမတစ်လျှောက် လမ်းဘေးချမရပ်နားကြဖို့၊ လူစုလူဝေး မလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Zalen


Zalen သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

တောင်ကုတ်တက္ကသိုလ်ဝန်းထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ(သင်တန်းရေးရာဌာနမှူး အိမ်နဲ့ ကား ထိခိုက်ပျက်စီး) ဇွန်၊ ၁၇ ...
17/06/2024

တောင်ကုတ်တက္ကသိုလ်ဝန်းထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ

(သင်တန်းရေးရာဌာနမှူး အိမ်နဲ့ ကား ထိခိုက်ပျက်စီး)

ဇွန်၊ ၁၇ ရက်

ရခိုင်ပြည် တောင်ကုတ်မြို့က တောင်ကုတ်တက္ကသိုလ်မှာ စစ်ကောင်စီ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သင်တန်းရေးရာဌာနမှူးအိမ်နဲ့ ကား ပျက်စီးသွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး တစ်လုံးမှာ တောင်ကုတ်တက္ကသိုလ်သို့ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

" ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်က တောင်ကုတ်တက္ကသိုလ်ထဲကို စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲပါတယ်။ သင်တန်းရေးရာဌာနမှူး ဦးအောင်စိုးရဲ့ နေအိမ်၊ ကား အားလုံးပျက်စီးသွားပါတယ်။ ဒီနေ့က တိုက်ပွဲမရှိပါ။ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ဖြစ်ပါတယ်။ လူတွေတော့ အထိအခိုက်မရှိပါ။ "လို့ ပြောပါတယ်။

ယမန်နေ့ ဇွန်လ ၁၆ ရက် နေ့လယ်ကနေစပြီး ဒီကနေ့အချိန်အထိ တောင်ကုတ်မြို့နယ်မှာ AA နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာဖြစ်ပါတယ်။

ဇွန်လ ၁၅ ရက်နေ့ ညနေက AA နဲ့ စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက် ဗုံးစထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

AA က သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မိုင် ၄၅ မိုင်ခန့်ဝေးကွာတဲ့ တောင်ကုတ်မြို့နယ်မှာ တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများနေရာ မြို့၊ ရွာတွေကို ဦးတည်မတိုက်ခိုက်ရန် ဒေသခံများက တောင်းဆိုနေကြပါတယ်။

" စစ်ကောင်စီကို မေတ္တာရပ်ခံချင်တာက တိုက်ပွဲနဲ့ဆိုင်တာကိုပဲ တိုက်ခိုက်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့တွေကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ AA ကို မနိုင်လို့ ပြည်သူတွေကို တမင်ပစ်ခတ် တိုက်ခိုက်နေတာက စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ "လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေတာကြောင့် မြို့ခံများအားလုံးနဲ့ အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲတွေမှာ စစ်ကို စစ်နဲ့တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနဲ့မဆိုင်တဲ့ ရပ်ရွာ၊ မြို့နဲ့ ဆေးရုံ၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် တောင်းဆိုထားကြောင်း သိရပါတယ်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နဲ့ လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမယ်လို့ AA က သတိပေးနေပါတယ်။

ပုံစာ - ယနေ့ ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်က စစ်ကောင်စီလက်နက်ကြီး ထိမှန်ပြီး ပျက်စီးသွားသော တောင်ကုတ်တက္ကသိုလ် သင်တန်းရေးရာဌာနမှူး နေအိမ်နှင့်ကား တွေ့ရစဉ်။ (ဓါတ်ပုံ - Kaung Myat Htet)

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Western News


Western News သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

နောင်ချိုမြို့နဲ့ မိုးမိတ်မြို့နယ်တ္မမှာ စစ်ကောင်စီက လက်နက်ကြီးအပါအဝင် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ပြော...
17/06/2024

နောင်ချိုမြို့နဲ့ မိုးမိတ်မြို့နယ်တ္မမှာ စစ်ကောင်စီက လက်နက်ကြီးအပါအဝင် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ပြော

ဇွန်၊ ၁၇ ရက်

ရှမ်းမြောက် နောင်ချိုမြို့နဲ့မိုးမိတ်မြို့နယ်မှာ စစ်
ကောင်စီက လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA ကဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ မနေ့က ဇွန်လ ၁၆ ရက်နေ့ ၃ နာရီခွဲအချိန်မှာ စစ်ကောင်စီကနောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာကနေ ဆမ္မဆယ်ရွာဘက်ကို ဒရုန်းနဲ့ ဗုံး ၄ လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနေ့က ဇွန်လ ၁၆ ရက်နေ့ ညနေ့ပိုင်း ၄ နာရီဝန်းကျင်မှာလဲ အုမ္မတီးရွာနဲ့ အုမ္မခါးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက သုံးဆယ်ကျေးရွာ ၈ ရပ်ကွက်ဆီကို လက်နက်ကြီးနဲ့ ၂ ကြိမ် ထပ်မံပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ ညနေ ၉ နာရီခွဲကျော်ကနေ ည ၁၂ နာရီအထိ မိုးမိတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်က ဒိုပင်ကျေးရွာကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ၆ ကြိမ်ပစ်ခတ်ခဲ့တဲ့အပါအဝင် နောင်ချိုမြို့နယ် အုမ္မတီးနဲ့ အုမ္မခါးမှာနေပြီး ဆမ္မဆယ်ရွာဘက်ကို လက်နက်ကြီး ၈ လုံးပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကနေ မနေ့က ဇွန်လ ၁၆ ရက်နေ့အထိ မိုးမိတ်မြို့နယ်နဲ့ နောင်ချိုမြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းနဲ့ဗုံး ၄ လုံးနဲ့လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ၄၂ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းရေးသား‌ဖော်ပြထားပြီး အရပ်သားရှိရာကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ရွာခံအချို့လည်းရှိနေတယ်လို့ ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ယာယီအရပ်ထားတဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ရဲ့ ရန်လို ရန်စမှုတွေကြောင့် အချိန်မရွေး တကြော့ပြန်တိုက်ပွဲ ပြန်လည်
ဖြစ်ပွါးနိုင်တယ်လို့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

~ ~ ~

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Shwe Phee Myay News Agency


Shwe Phee Myay News Agency သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

စစ်အုပ်စုက လုံခြုံရေးပေးနေတဲ့လောင်းကစားဝိုင်းကို PDF က ဝင်ဖမ်းပြီး ပစ်ခတ်မှုဖြစ် ဇွန်၊ ၁၇ ရက်ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ...
17/06/2024

စစ်အုပ်စုက လုံခြုံရေးပေးနေတဲ့လောင်းကစားဝိုင်းကို PDF က ဝင်ဖမ်းပြီး ပစ်ခတ်မှုဖြစ်

ဇွန်၊ ၁၇ ရက်

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ သနပ်တန်းရွာရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူစစ်အဖွဲ့တွေက လုံခြုံရေးပေးနေတဲ့ လောင်းကစားဝိုင်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးချိန် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဝေါမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

ဇွန် ၁၆ ရက်မနက် ၂ နာရီကျော်လောက်မှာ ကျီးပင်စုရွာပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းထွန်း ဦးဆောင်ဖွင့်လှစ်ထားတဲ့လောင်းကစားဝိုင်းကို တော်လှန်ရေးအဖွဲ့ကဝင်ဖမ်းချိန် လုံခြုံရေးယူနေတဲ့ စစ်သားနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးတို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"ပြည်သူတွေ သတင်းပေးလို့ ဝင်ဖမ်းတာ။ စကစအဖွဲ့တွေကလည်း ကစားနေသူတွေကြားထဲ ရောနေတာဆိုတော့ ပစ်ခတ်ဝင်လို့အဆင်မပြေတာကြောင့် သေနတ်မိုးပေါ်ထောင်ဖောက်လိုက်တာ။ အဲ့အချိန် အကုန်ထွက်ပြေးကြတာ။ စကစနဲ့ပြည်သူစစ်အဖွဲ့တွေရောပဲ။ သူတို့ပြေးလို့ ခပ်လှမ်းလှမ်း ရောက်မှ ကျနော်တို့ဘက်ကို ပြန်လှည့်ပစ်တာ။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း ပြန်ပစ်ရတာ"လို့ ဝေါမြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။

အဲ့ဒီနေရာမှာ လောင်းကစားဝိုင်းပြုလုပ်နေတာ ၁ လနီးပါးရှိနေပြီး လောင်းကစားဝိုင်းကြောင့် သနပ်တန်းကျေးရွာနဲ့ အနီးအနားကျေးရွာမှာ ခိုးမှု၊ လုယက်မှုတွေများလာတဲ့အတွက် ဒေသခံတွေက အရေးယူပေးဖို့ တိုင်ကြားလာတာကြောင့် ဝင်ရောက်ဖမ်းဆီးရတာလို့ ဆိုပါတယ်။

၁၀ မိနစ်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ရပစ်ခတ်မှုအတွင်း လောင်းကစားဝိုင်းထဲက အမျိုးသားတဦး ပေါင်ကျည်ထိဒဏ်ရာရခဲ့ပြီး ဖမ်းဆီးမိတဲ့အရပ်သားတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် စစ်သားနဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုအခြေနေကိုစုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ဝေါမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

အဲ့ဒီလောင်းကစားဝိုင်းလုပ်ဖို့ ပြည်သူစစ်ခေါင်းဆောင် ရဲမင်းထွန်းက သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်အဖွဲ့၊ မြို့မနယ်မြေရဲစခန်း၊ စစ်ကောင်စီအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ကျပ်သိန်း ၂၀၀ ကျော် ပေးထားရတာလို့ ဆိုပါတယ်။

ဒီဖမ်းဆီးမှုကို ဝေါမြို့နယ်ပကဖ၊ သနပ်ပင်မြို့နယ်ပကဖနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - လောင်းကစားဝိုင်းကို ဖမ်းဆီးဖို့ ပြင်ဆင်နေသည့် ကာကွယ်ရေးရဲဘော်များ။

#မြေလတ်အသံ
#ပဲခူး #သေနတ်ပင် #စစ်တပ် #ပြည်သူ့စစ် #လောင်းကစားဝိုင်း

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - မြေလတ်အသံ - Myaelatt Athan


မြေလတ်အသံ - Myaelatt Athan သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ပြည်သူတွေကို အောင်ပွဲနဲ့သာ အကြွးပြန်ဆပ်ရမယ်လို့မွန်ပြည်သစ်(AD) ခေါင်းဆောင် ပြောကြားဇွန်၊ ၁၇ ရက်တိုက်ပွဲတွေကြောင့် ပြည်သူ...
17/06/2024

ပြည်သူတွေကို အောင်ပွဲနဲ့သာ အကြွးပြန်ဆပ်ရမယ်လို့မွန်ပြည်သစ်(AD) ခေါင်းဆောင် ပြောကြား

ဇွန်၊ ၁၇ ရက်

တိုက်ပွဲတွေကြောင့် ပြည်သူတွေအပေါ် တင်ရှိသွားတဲ့ အကြွေး ကို အောင်ပွဲနဲ့သာ ပြန်ဆပ်ရမယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ခေါင်းဆောင် နိုင်ဗညားလယ်က ပြောပါတယ်

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲ ထွက်လာပြီး အချိန် ၄ လအတွင်းမှာ တပ်ဖွဲ့ဝင်ရဲဘော် တပ်ဖွဲ့ဝင်ရဲဘော်တွေ ကျဆုံးခဲ့ရတာရှိသလို NMSP-AD တိုက်ပွဲဖော်ဆောင်နေတဲ့ နေရာဒေသတွေမှာ စစ်ကောင်စီက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာတွေ ရှိပါတယ်။

အဆိုပါ ဖြစ်စဉ်တွေအပေါ်မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ဟာ ကျဆုံးရဲဘော်တွေနဲ့ ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအပေါ် အကြွေးတင်ကျန် သွားတာပြီလို့ NMSP AD ခေါင်းဆောင် နိုင်ဗညားလယ်က ပြောပါတယ်။

အဲ့ ဒီအကြွေးတွေကို တော်လှန်ရေး အောင်ပွဲနဲ့သာ ပြန်ဆပ်နိုင်မယ်လို့လည်း သူက ရှင်းပြပါတယ်။

"ရဲဘော်တွေ အသက်ပေးဆပ်ခဲ့ရတာတွေ၊ ပြည်သူတွေ နစ်နာဆုံးရှုံးခဲ့ရတာတွေအပေါ်မှာ ကျနော် တို့ အကြွေးတင်ကျန်သွားပါ ပြီး၊ ဒီအကြွေးတွေကို အောင်ပွဲနဲ့ ပြန်ဆပ်ရမယ်၊ ကိုယ်ပိုင်ပြဌာန်းခွ င့် ပြန်လည်ရရှိနိုင်ရေးနဲ့ ပြန်ဆပ်ရပါမယ်၊ ကျနော်တို့ တိုက်ပွဲဝင် မလုပ်ဆောင်ပေးနိုင်ဘူးဆိုရင် တော်လှန်ရေးသမိုင်းမှာ ဒီလူတွေ ရမ်းသမ်းလုပ်ဆောင်မှုကြောင့် ပြည်သူတွေ နစ်နာဆုံးရှုံးခဲ့ရ တယ် ဆိုတာမျိုး ကျနော်တို့ ပြောဆိုခံရပါလိမ့်မယ်” လို့ နိုင်ဗညားလယ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က NMSP AD ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲမှာ ပါတီဒုခေါင်းဆောင် နိုင် ဗညားလယ်က သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားစဉ် အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံရေးဆွေးနွေးမှုဘောင်ဟာ အားနည်းလာပြီး နိုင်ငံရေးလမ်းကြောင်းကို လက်နက်ကိုင်တိုက်ပွဲနည်းလမ်းနဲ့သာဖော်ဆောင်ရမှာဖြစ်ဝာာကြောင့် တိုက်ပွဲ အောင်နိုင်ဖို့ ဆိုရင် စစ်ရေးကို ဦးစားပေးရမှာ ဖြစ်တယ်လို့လည်း တပ်ဖွဲ့ဝင်တွေကို ပြောဆိုခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ နှစ် ၃၀ ကြာ အပစ်ရပ်ထားတဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံရေးဆွေးနွေးဖို့ သာ ဖြစ်ပေမယ့် အာဏာရယူထားတဲ့ အစိုးရအဆက်ဆက်ဟာ နိုင်ငံရေးဆွေးနွေးလိုတဲ့ စိတ်ဆန္ဒမရှိတာကြောင့် ‌အဖြေမတွေ့ရှိခဲ့ဘူးလို့ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာလည်း မွန်ပြည်သစ်အနေနဲ့ ပြည်သူတွေ ဒုက္ခမရောက်ဖို့၊ ဆုံးရှုံးမှု မရှိစေဖို့ ဆွေးနွေးမှုကို ကြိုးပမ်းလုပ်ဆောင် ခဲ့ပေမယ့် စစ်အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံရေးဆွေးနွေးပြီးရင် လက်နက်တွေ သူတို့ကို အပ်ရမယ်၊ အရပ်သားတွေလို နေထိုင်ရမယ် ဆို တာကြောင့် စစ်အာဏာရှင်တိုက်ဖျက်ရန်ကလွဲရင် နည်းလမ်းမရှိလို့ သွေးထွက်သံယိုဖြစ်တဲ့ နည်း လမ်းကို ရွေးချယ်ရတာ ဖြစ်တယ်" လို့ နိုင်ဗညားလယ်က ပြောပါတယ်။

NMSP AD က တော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ နွေဦးတော်လှန်ရေး အဖွဲ့တွေ နဲ့ အတူ ပူး‌ပေါင်းပြီး ကိုယ့်လူမျိုးကြမ္မာဖန်တီးရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့လည်းNMSP AD ဒု ခေါင်းဆောင်က ပြောပါတယ်။

NMSP.AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လာပြီးနောက် စစ်ဒေသ ၆ နေရာမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဖော်ဆောင်နေတာတွေ ရှိပါတယ်။

တပ်ဖွဲ့ဝင်တွေအတွက် အခြေခံ စစ်သင်တန်း အမှတ်စဉ် (၁) ကို ပြီးခဲ့တဲ့ ဧပြီလမှာ လုပ်ဆောင်ခဲ့ ပြီး အခု အမှတ်စဉ် (၂) သင်တန်းမှာတော့ သင်တန်းဆင်းတပ်ဖွဲ့ဝင်ပေါင်း ၈၀ ဝန်းကျင်ရှိတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရှိရပါတယ်။

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - The Tanintharyi Times


The Tanintharyi Times သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

တောင်ကုတ်တိုက်ပွဲ အရပ်သားသေဆုံးမှုရှိဇွန်၊ ၁၇ ရက်ရခိုင်ပြည် တောင်ကုတ်မြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု...
17/06/2024

တောင်ကုတ်တိုက်ပွဲ အရပ်သားသေဆုံးမှုရှိ

ဇွန်၊ ၁၇ ရက်

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးမှုရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိနေတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်စတင်ကာ AA က ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုတွေရှိနေပါတယ်။

ဇွန်လ ၁၅ ရက်နေ့က တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လေကြောင်းထောက်ပို့လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာသစ်ကယ် ကျေးရွာက အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦး သေဆုံးသွားတယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီက လေကြောင်းကနေ မြို့အနီးအနားကျေးရွာတွေကို မြို့အစပ်တွေကို လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာတွေ လုပ်နေတယ်။ ဇွန်လ ၁၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသစ်ကယ်ရွာက အသက် ၁၇ အရွယ်ရှိတဲ့ မောင်အောင်လှိုင်ဝင်း ဗုံးစထိမှန်လို့ သေဆုံးခဲ့ရပါတယ်။ နေအိမ် ၅ ဆောင်လောက်လည်း ထိခိုက်ပျက်စီးသွားပါတယ်။ "လို့ ပြောပါတယ်။

နေ့လယ် ၁၂ နာရီကျော်အချိန်မှာ စစ်ကောင်စီက ရွာသစ်ကယ်ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာထဲ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်မှာ ဗုံးစထိမှန်ခဲ့လို့ တောင်ကုတ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၁၆ ရက်တွင် သေဆုံးသွားခဲ့ပါတယ်။

AA က သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မိုင် ၄၅ မိုင်ခန့်ဝေးကွာတဲ့ တောင်ကုတ်မြို့နယ်မှာ တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများနေရာ မြို့၊ ရွာများကို ဦးတည်မတိုက်ခိုက်ရန် ဒေသခံများက တောင်းဆိုနေကြပါတယ်။

"စစ်ကောင်စီကို မေတ္တာရပ်ခံချင်တာက တိုက်ပွဲနဲ့ဆိုင်တာကိုပဲ တိုက်ခိုက်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့တွေကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ AA ကို မနိုင်လို့ ပြည်သူတွေကို တမင်ပစ်ခတ် တိုက်ခိုက်နေတာက စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ "လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေတာကြောင့် မြို့ခံများအားလုံးနဲ့ အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲတွေမှာ စစ်ကို စစ်နဲ့တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနဲ့မဆိုင်တဲ့ ရပ်ရွာ၊ မြို့နဲ့ ဆေးရုံ၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် တောင်းဆိုထားကြောင်း သိရပါတယ်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နဲ့ လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမယ်လို့ AA က သတိပေးနေပါတယ်။

ပုံစာ - ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီ ဗုံးကြောင့် ဆေးကုသမှုူခံယူနေစဉ်အတွင်း သေဆုံးခဲ့ရသော တောင်ကုတ်မြို့နယ်က ကလေးငယ် မောင်အောင်လှိုင်ဝင်း။ (ဓါတ်ပုံ - APM)

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Western News


Western News သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

စစ်ကောင်စီကို တိုက်မှာဖြစ်တာကြောင့် မောင်တောပြည်သူများ မြို့ကထွက်ခွာဖို့ AA သတိပေး (မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူ တခြားတိုင်း...
17/06/2024

စစ်ကောင်စီကို တိုက်မှာဖြစ်တာကြောင့် မောင်တောပြည်သူများ မြို့ကထွက်ခွာဖို့ AA သတိပေး

(မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူ တခြားတိုင်းရင်းသား မည်သူမျှ မြို့ထဲ၌ ရှိမနေသင့်ဟုဆို)

ဇွန်၊ ၁၇ ရက်

ရခိုင်ပြည် မောင်တောမြို့ပေါ်နဲ့ မြို့အနီးအနားက ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်နဲ့ အတူပူးတွဲနေထိုင်တာကို ရှောင်ရှားဖို့ အာရက္ခတပ်တော် AA က သတိပေးလိုက်ပါတယ်။

မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေအားလုံးကို သိမ်းပိုက်ထားပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်ဖို့ လက်ကျန်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားတယ်လို့ AA က ဆိုပါတယ်။

ပိတ်ဆို့ပြီး မကြာမီရက်ပိုင်းအတွင်း AA တပ် မြို့ထဲဝင်တော့မှာဖြစ်တာကြောင့် မောင်တောမြို့ထဲက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုပဲဖြစ်ဖြစ်၊ မွတ်ဆလင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ် တခြား တိုင်းရင်းသားပဲဖြစ်ဖြစ် မည်သူတစ်ဦးတစ်ယောက်မျှ စစ်ကောင်စီနဲ့ အတူနေထိုင်တာမျိုးကို မပြုလုပ်ဖို့ AA က သတိပေးနေတာ ဖြစ်ပါတယ်။

အကြောင်းမှာ စစ်ကောင်စီတပ်ရင်းတွေ၊ တပ်ဖွဲ့ဝင်တွေက မောင်တောမြို့ကို စစ်စခန်းသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးပြုလုပ်ထားကြောင်းနဲ့ မြို့ထဲရှိ ပြည်သူတွေအားလုံးကို ဓားစာခံအဖြစ် အသုံးပြုထားတယ်လို့ စစ်ရေးသုံးသပ်သူတွေနဲ့ AA ထုတ်ပြန်ချက်အရ သိရပါတယ်။

AA သတိပေးချက်မှာ " မောင်တောမြို့ကို သိမ်းတော့မှာဖြစ်တာကြောင့် မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်ပါသည် "လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စနိုက်ပါ ပစ်ခတ်ရန် ပြုလုပ်ထားတဲ့ နေရာတွေမှာ ပြည်သူများအနေဖြင့် မနေထိုင်ကြဖို့ AA က သတိပေးနေတာဖြစ်ပါတယ်။

" မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှ စတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန်"လို့ AA က အထူးသတိပေးထားပါတယ်။

အာရက္ခတပ်တော် AA က မောင်တောမြို့ကို ယခုရက်ပိုင်းအတွင်း အပြီးသတ်သိမ်းပိုက်တော့မှာဖြစ်တာကြောင့် မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူ နဲ့ တခြားသော တိုင်းရင်းသာများ စစ်ကောင်စီနဲ့ အတူမနေထိုင်သင့်ကြောင်း သုံးသပ်သူတစ်ဦးကလည်း ပြောပါတယ်။

" AA က မြို့တစ်မြို့ကို သိမ်းတော့မည်ဆို အောက်ခြေမှာ ကြိုတင်သတိပေးထားပါတယ်။ အခုလည်း မောင်တောမြို့က ပြည်သူတွေကို ကြိုသတိပေးတဲ့ သဘောပါ။ စစ်ပွဲက အသေအပျောက် ရှိတတ်တယ်ဆိုတော့ သေတဲ့အပေါ်မှာ အပြစ်မမြင်ဖို့ပေါ့နော်။ ဒီနေ့ကစပြီး မောင်တောမြို့ပေါ်နဲ့ အနီးအနားမှာရှိတဲ့ သူတွေ AA ပြောသလို စစ်ကောင်စီနဲ့ အတူမနေထိုင်ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာတွေကို AA က လိုက်ပစ်ရမှာပဲလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် မွတ်ဆလင်တွေပေါ့နော် စစ်ကောင်စီနဲ့ အတူမနေထိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ AA ပြောချင်တာကလည်း ဒါပဲထင်ပါတယ်။ "လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သို့မဟုတ် စစ်ကောင်စီသင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်များကို အာရက္ခတပ်တော် AA က တိုက်ခိုက်ရာမှာ ပြည်ပရှိမွတ်ဆလင် တက်ကြွလှုပ်ရှားသူအချို့က AA ကို မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ စွပ်စွဲနေတဲ့အတွက် AA က ယခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ သုံးသပ်သူက ဆိုပါတယ်။

အာရက္ခတပ်တော် AA က စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်အတွင်းက မြို့နယ်များမှ ပြည်သူလူထုတွေကို ဘေးကင်းရာနေရာတွေနဲ့ လွတ်မြေက်နယ်မြေများသို့ သွားရောက်ခိုလှုံကြရန် အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်တွေက မည်သည့် လူမျိုးပဲဖြစ်ဖြစ် ပြည်သူလူထုများအနေဖြင့် အမြန်ဆုံး မြို့ကိုစွန့်ခွာကြရန် လိုအပ်သလို မထွက်ခွာပါက အသက်အန္တရာယ်ရှိနိုင်တယ်လို့ သိရပါတယ်။

ပုံစာ - မောင်တောဒေသအတွင်း AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓါတ်ပုံ - AA)

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Western News


Western News သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

မင်းတပ်မြို့ပေါ်ရှိ ပြည်သူများအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အသိပေးထုတ်ပြန်ဇွန်၊ ၁၆ ရက်ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်...
16/06/2024

မင်းတပ်မြို့ပေါ်ရှိ ပြည်သူများအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အသိပေးထုတ်ပြန်

ဇွန်၊ ၁၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ မိဘပြည်သူများအတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာချက်စာ ကို ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရဲ့ ထုတ်ပြန်ချက်မှာတော့ မင်းတပ်မြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် မြို့ပေါ်ကနေ ကျေးရွာတွေကို စစ်ရှောင်ရာမှာ အကူအညီးများ လိုအပ်ပါက ဆက်သွယ်နိုင်မည့် တယ်လီဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဉီးက "မြို့ပေါ်ကနေရွာဘက်တွေရှောင်ဖို့ရောက်လာကြတဲ့သူတွေကို ဒေသခံရွာတွေရဲ့ခွင့်ပြုချက်ရရင် အဲဒီရွာမှာနေထိုင်လို့ရတယ်၊ အဲဒါကရွာခံတွေရဲ့သဘောပေါ့၊ မြို့ပေါ်ကပြည်သူပေါ့၊ ပြီးရင် အခြေအနေအရ CDMဝင်ပြီး မြို့ပေါ်ပြန်နေတဲ့သူတွေ၊ အဓ်က တော့ Non-CDM တွေ စစ်ဘေးရှောင်ပြီး ထွက်ပြေးလာရင်၊ မြို့နယ် ပအဖ ရုံးကိုအရင်သွားရပါတယ်၊ ပြီးမှ နောက်ဆက်တွဲဆောင်ရွက်မှုတွေလုပ်ရတယ်၊ တစ်ချို့ကတော့ရွာတွေဘက်ရှောင်လာကြပါပြီ" လို့ Zalen ကို ပြောပါတယ်။

အဆိုပါတယ်လီဖုနိးကို ဆက်သွယ်လို့မရရှိခဲ့ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာ/အုပ်စု IDP တာဝန်ခံတွေနဲ့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။

ဆယ်သွယ်ရန်ဖုန်း - 09-404821956 ၊ 09427663525

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Zalen


Zalen သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

စစ်တွေ မင်းဂံရပ်ကွက်က အရပ်သား ၂၀၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားဇွန်၊ ၁၆ ရက်ရခိုင်ပြည်၊ စစ်တွေမြို့ ...
16/06/2024

စစ်တွေ မင်းဂံရပ်ကွက်က အရပ်သား ၂၀၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား

ဇွန်၊ ၁၆ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့ မင်းဂံ ရပ်ကွက်တွေက အရပ်သား အမျိုးသား၊အမျိုးသမီး၊ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ညဉ့်အချိန် ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေထိုင်သူတွေက Western News ကို ပြောပါတယ်။

ဇွန် ၁၆ ရက်နေ့ ညဉ့် ၁၂ နာရီခွဲခန့်မှ စတင်ကာ မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀ နဲ့ အကွက် ၅ တို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အမျိုးသား၊ အမျိုးသမီး အယောက် ၂၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ညီမတို့ အကွက် ၉ က ဆိုရင် အသက်ကြီးပိုင်းနဲ့ ကလေးတွေပဲကျန်တယ်။ အကုန်ဖမ်းဆီးခေါ်သွားပါတယ်။ ညီမ အမျိုးသားနဲ့ ညီမအစ်ကိုလည်း ဖမ်းဆီးခံရတဲ့အထဲမှာ ပါသွားတယ်။ ဘေးပတ်ဝန်းကျင်က နေအိမ်က လူတွေ အကုန်ဖမ်းသွားပါတယ်။ ညီမတို့ ရပ်ကွက်က ဆိုရင် အယောက် ၁၀၀ကျော် ပါသွားပါတယ်။ ညီမတို့ ရပ်ကွက်က အမျိုးသမီးတစ်ယောက်လည်း ပါသွားတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မင်းဂံ ရပ်ကွက်ကို စစ်ကား အစီးအရေ ၁၀ ကျော်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး အကွက် ၉ နဲ့ အကွက် ၁၀ တွင် စစ်ကားများကို ချထားကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းဆီးတာဖြစ်တယ်လို့ မျက်မြင်များက Western News ကို ပြောပါတယ်။

"အကုန် စစ်ယူနီဖောင်းနဲ့ပါ။ စစ်ကား ၁၀စီး လောက်ရှိမယ်။ ၁၂ နာရီခွဲလောက်မှာ မင်းဂံ ရပ်ကွက်ကို ဝင်တာပါ။ အကွက် ၉ကို ဝင်တယ်။ ပြီးတော့ အကွက် ၁၀ ကို ဝင်စစ်ပါတယ်။ ပြီးတော့ အကွက် ၈ ကို ဝင်စစ်ပြီးတော့ အမျိုးသားတွေကို အကုန် ကားပေါ်တင်ပါတယ်။ ပြီးတော့ ခေါ်သွားတယ်"လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်တဲ့ လူငယ်အများအပြားပါဝင်ကာ အသက် ၁၃နှစ်မှ စပြီး အသက် ၅၀ ကျော် အမျိုးသား ၂၀၀ ကျော် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖမ်ဆီးသွားသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားတယ်ဆိုတာကို မသိရှိရကြောင်း မင်းဂံရပ်ကွက်မှာ နေထိုင်တဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အိမ်ထောင်စု စာရင်းစစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် အစ်မတို့ အိမ်ထောင်စု စာရင်းပြရင်လည်း ဖမ်းတာပါပဲ။ အစ်မ အဖေရော၊ မောင်လေးရော အမျိုးသားပါ အားလုံးဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကို ခေါ်သွားမှန်း လက်ရှိအချိန် အထိ မသိရသေးဘူး"လို့ ပြောပါတယ်။

လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံရတဲ့ထဲမှာ အသက် ၂၁ နှစ်အရွယ် မင်းဂံ အကွက် ၉ က အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး ကျန်သူများအားလုံးမှာ အမျိုးသားများ ဖြစ်ကြောင်း မင်းဂံရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

မင်းဂံရပ်ကွက်မှာ နေထိုင်သူတွေရဲ့ ပြောဆိုချက်အရ ယနေ့ ဇွန် ၁၆ ရက်နေ့ ညပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးပြီး အရပ်သားတွေကို ဖမ်းဆီးလာနိုင်သေးတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဖမ်းဆီးခံရသူများမှာ ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ အုန်းရေဖော် စတဲ့ ကျေးရွာသားေတွဖြစ်ပြီး မကြာသေးခင်က မြို့ပေါ် မင်းဂံရပ်ကွက်ကို ပြောင်းရွေ့နေထိုင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အဲဒီကျေးရွာများမှ ကျေးရွာသားများကို အခြားနေရာသို့ ပြောင်းရွှေ့ထိုင်ရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ပုံစာ – ၂၀၂၂ ခုနှစ်၊ ရခိုင်စစ်ရေးကာလ စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -CJ)

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Western News


Western News သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ရနောင်းလဝကအချုပ်မှာ အချုပ်သားတွေကို ထုတ်ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည်တာတွေရှိနေဇွန်၊ ၁၆ ရက်ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝ...
16/06/2024

ရနောင်းလဝကအချုပ်မှာ အချုပ်သားတွေကို ထုတ်ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည်တာတွေရှိနေ

ဇွန်၊ ၁၆ ရက်

ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝကထိန်းသိမ်းရေးစခန်းကမြန်မာတွေကို အချုပ်ထဲကနေ ထုတ်ပေးမယ်လို့ဆိုပြီး မိသားစုဝင်တွေဆီကနေ ငွေကြေးလိမ်လည်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရနောင်းမြို့နေ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အချုပ်သားမိသားစုဝင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ခရိုင် မြို့နယ် အသီးသီးမှာ အထောက်အထားမရှိလို့ အဖမ်းခံရသူအပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာဘက်သို့ပြန်မလွှတ်ခင်မှာ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ချုပ်ထားလေ့ရှိပါတယ်။

ငွေကြေးလိမ်လည်သူတွေဟာ ရနောင်းလဝကထိန်းသိမ်းရေးစခန်းမှာ အချုပ်ခံထားရသူတွေကို လာတွေ့တဲ့ မိသားစုဝင်တွေကို အဓိကပစ်မှတ်ထားပြီး လိမ်လည်နေတာဖြစ်တယ်လို့ ရနောင်းမြို့နေ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူဆီကသိရပါတယ်။

“ သူတို့က အချုပ်သားဆီသွားတွေ့တဲ့ မိသားစုဝင်တွေကို အထဲကလူရဲ့ ဓါတ်ပုံတွေလာပြကြတယ်။ ပြီးရင် အထဲမှာ နေမကောင်းဘူး၊ အဆင်မပြေဘူး အဲ့လိုတွေ ပိုစိုးရိမ်အောင်ပြောပြောပြီး ပိုက်ဆံပေးပြီး ထုတ်လို့ရတယ် သူတို့ကိုပွဲစားခပဲပေးလို့ပြောပြီး လိမ်ကြတာကို ခဏခဏတွေ့လာရတယ်” လို့ ရနောင်းမြို့နေ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက တနင်္သာရီတိုင်းမ်ကို ပြောပြပါတယ်။

အခုလိုမျိုး အချုပ်သားမိသားစုဝင်တွေဆီက ငွေကြေးလိမ်လည်တာတွေကို ပြီးခဲ့တဲ့ ဧပြီလကစလို့ ပိုပြီးခပ်စိပ်စိပ် တွေ့လာရတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

အရင်ကတည်းက အခုလိုမျိုးလိမ်လည်တာတွေရှိပေမဲ့ အခုလပိုင်းတွေထဲမှာတော့ ငွေကြေးအလိမ်ခံရကြောင်းလာပြောသူ ဒါမှမဟုတ် ပိုက်ဆံနဲ့ အချုပ်ထဲက ထုတ်လို့ရနိုင်လားဆိုပြီး လာရောက်ဆွေးနွေးသူဟာ ဆယ်ဂဏန်းအထိ ရှိလာတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပြပါတယ်။

“ ကျမတို့ကတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ သတိပေးစာတွေအမြဲတင်ပေးလေ့ရှိပါတယ်။ တကယ်တော့ ထိုင်းဘက်မှာချုပ်မိနေတုန်း ပိုက်ဆံနဲ့ ထုတ်လို့ရတယ်ဆိုတာမျိုးက လုံးဝမရှိပါဘူး။ အလိမ်ခံရသူတွေကလည်း လွတ်ချင်ဇောနဲ့ ရမလားဆိုပြီး ယုံကြတာပေါ့” လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

အခုလပိုင်းထဲမှာ မိသားစုဝင်ကို အချုပ်ကပြန်လွတ်နိုင်ဖို့အတွက် အချို့မြန်မာပွဲစားတွေကို ပိုက်ဆံပေးရင်း ဘတ်နှစ်သောင်းကနေ ငါးသောင်းအထိ အလိမ်ခံရသူတွေလည်းရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူအမျိုးသမီးက ဆက်ပြောပြပါတယ်။

ရနောင်းလဝကထိန်းသိမ်းရေးစခန်းမှာ အချုပ်ကျနေတဲ့ အကိုဖြစ်သူကို ပွဲစားအချို့က ပြန်ထုတ်ပေးမယ်ပြောတာကြောင့် ပြီးခဲ့တဲ့ဧပြီလထဲမှာ ထိုင်းဘတ်ငွေ ငါးထောင်ကစလို့ ဘတ်တစ်သိန်းနီးပါးအထိပေးခဲ့ရပေမဲ့ အကိုဖြစ်သူလည်း ပြန်လွတ်လာခြင်းမရှိသလို ပိုက်ဆံလည်းဆုံးရှုံးခဲ့တယ်လို့ ငွေကြေးလိမ်လည်ခြင်းခံခဲ့ရသူတစ်ဦးဆီက သိရပါတယ်။

“ သူတို့ကတော့ လုပ်ပေးပေမဲ့ မရတော့တာလို့ပြောတယ်။ ကျမတို့မှာငွေလည်းဆုံး လူလည်း မထွက်လာ ဖြစ်တာပေါ့။ နားလည်တဲ့သူတွေနဲ့ လိုက်တိုင်ပင်ကြည့်တော့မှ အဲ့လိုထုတ်လို့မရဘူးဆိုတာ သိရတယ်ရှင်။ လောလောဆယ်တော့ သူတို့ကို တိုင်ဖို့အတွက် ကြိုးစားနေပါတယ်” လို့ ငွေလိမ်ခံခဲ့ရတဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

အခုလိုမျိုး မြန်မာနိုင်ငံသားအချုပ်သားတွေရဲ့ မိသားစုဝင်တွေဆီမှာ ငွေကြေးလိမ်လည်မှုတွေဟာ ရနောင်းလဝကထိန်းသိမ်းရေးစခန်းမှာသာမဟုတ်ဘဲ ထိုင်းနိုင်ငံနေရာအနှံ့က အချုပ်တွေမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WAG အဖွဲ့ တာဝန်ခံက ဆိုပါတယ်။

အထောက်အထားမရှိလို့ ဖမ်းဆီးခံပြီးအချုပ်ကျခံနေရသူတွေဟာ လွတ်ရက်မပြည့်မချင်း ပြန်လည်ထုတ်ယူလို့ မရနိုင်ဘူးလို့ WAG အဖွဲ့ တာဝန်ခံကိုမုန်တိုင်းက ပြောပါတယ်။

ဒါကြောင့်မို့ ပြန်ထုတ်ပေးဖို့အတွက် ပိုက်ဆံတောင်းသူတွေဟာ ငွေကြေးလိမ်လည်သူတွေဖြစ်ပြီး မြန်မာလုပ်သားတွေအနေနဲ့ အထူးသတိထားဖို့လိုအပ်တယ်လို့ သူကဆက်ပြောတယ်။

အခုလိုမျိုး ငွေကြေးအလိမ်ခံရပြီဆိုရင်လည်း မိမိကိုလိမ်သွားတဲ့ပွဲစားရဲ့ အမည်နဲ့ ပတ်စပို့နံပါတ်ကိုသိထားရင် သက်ဆိုင်ရာမြို့နယ်ရဲ့ နယ်မြေပုလိပ်ရုံးတွေမှာ အမှုဖွင့်နိုင်ပါတယ်လို့ ကိုမုန်တိုင်းကရှင်းပြပါတယ်။

ပုံစာ - ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (ပုံဟောင်း)

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - The Tanintharyi Times


The Tanintharyi Times သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ညောင်တုန်းမြို့နယ်မှာ စစ်မှုထမ်းရမှာကို စိုးရိမ်လို့ လူငယ်တချို့ ထွက်ပြေးတိမ်းရှောင်ဇွန်၊ ၁၆ ရက်ဧရာဝတီတိုင်း၊ ညောင်တုန်း...
16/06/2024

ညောင်တုန်းမြို့နယ်မှာ စစ်မှုထမ်းရမှာကို စိုးရိမ်လို့ လူငယ်တချို့ ထွက်ပြေးတိမ်းရှောင်

ဇွန်၊ ၁၆ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ စစ်မှုထမ်းလိုစိတ်မရှိတဲ့ ဒေသခံလူငယ်အချို့ စစ်မှုထမ်းဆောင်ရန်ဆန္ဒမရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ များထံက သိရပါတယ်။

ညောင်တုန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဟန်ညွန့်နဲ့ စာရေးဦးအောင်ကိုဝင်းတို့ဟာ ဒေသရှိလူငယ်များကို အစည်းအဝေးခေါ်ကာ မဲနှိုက်ခိုင်းပြီး အဓမ္မစစ်မှုထမ်းဆောင်ခိုင်းနေတဲ့အတွက် လူငယ်အချို့မှာ ထွက်ပြေးတိမ်းရှောင်ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"လူငယ်တွေရဲ့ မိဘတွေလည်း အရမ်းစိုးရိမ်နေကြရတာ။ တစ်ခါတည်းနဲ့ပြီးသွားမှာ လည်းမဟုတ်ဘူး။ သူတို့က တောက်လျှောက်ခေါ်မှာဆိုတော့ လူငယ်တွေလည်း အရမ်းကြောက်နေပြီး ပြေးတဲ့သူတွေပြေးနေကြရပြီ။ အုပ်ချုပ်ရေးမှူးနဲ့ စာရေးကလည်း နေ့စဥ်နဲ့အမျှ မူးရူးနေပြီး လုပ်ချင်တိုင်းလုပ်နေကြတာ"လို့ အလယ်ချောင်းကျေးရွာအုပ်စုရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အလယ်ချောင်းကျေးရွာအုပ်စုမှာ စစ်မှုထမ်း အမှတ်စဥ်အလိုက် တစ်ကြိမ်ခေါ်ယူတဲ့ အခါတိုင်း တစ်ရွာတစ်ယောက်နှုန်း စစ်မှုထမ်းရမှာဖြစ်ပြီး လက်ရှိ စစ်မှုထမ်းစာရင်းမှာ အမည်စာရင်းပါရှိနေတဲ့ လူငယ်များကို စစ်မှုထမ်းသင်တန်းတက်ရောက်ရန်အတွက် ခံဝန်လက်မှတ်များလည်း ထိုးထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ဒုတိယပတ် အတွင်းကလည်း သာပေါင်းမြို့နယ် ၊ ရွှေတောင်ကျွန်း အုပ်စုရှိ ရွှေတောင်ကျွန်းကျေးရွာ၊ ရွှေသင်မျှောင်‌‌ရွာ၊ အိုးဘိုလေးရွာနဲ့ ကြာအင်းကွင်းရွာတို့မှ လူငယ်တွေဟာ စစ်ကောင်စီတပ်မှာ စစ်မှုထမ်းဆောင်ရန် ဆန္ဒမရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုမှာလည်း စစ်မှုထမ်းအကြောင်းပြကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံ ပြည်သူတွေကို ခြိမ်းခြောက်ကာ ငွေတောင်းယူမှုတွေနဲ့ စစ်မှုထမ်းဆန့်ကျင်သူများကိုပါ ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်နေတယ်လို့ သိရပါတယ်။

မြန်မာပြည်ဒေသအနှံ့အပြား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေရဲ့ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ် (၂) ၊ အမှတ်စဥ် (၃) တို့မှာ စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နဲ့ အဆင်မပြေသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်သွင်းထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

ယခုအမှတ်စဉ် (၃) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ် ယူရာမှာလည်း ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးေတွက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်ပြီး လက်ရှိအချိန်ထိ စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအမှတ်စဥ် တစ်ခုလျှင် ၁၂ ပတ်အကြာ စစ်သင်တန်းပေးမည်ဖြစ်ကာ ယခုဇွန်လကုန်မှာ အမှတ်စဉ် (၁) သင်တန်းဆင်းမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။

ပုံစာ- အမှတ်စဥ် (၃) အတွက် စစ်မှုထမ်းရန် စုဆောင်းခံထားရသည့် လူငယ်များ

#ညောင်တုန်း #စစ်မှုထမ်းရမည်ကို #စိုးရိမ် #လူငယ် #ထွက်ပြေးတိမ်းရှောင်

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Ayeyarwaddy Times


Ayeyarwaddy Times သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Burma Media Consortium - BMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Media Consortium - BMC:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Want your business to be the top-listed Media Company?

Share