Myanmar Update News

  • Home
  • Myanmar Update News

Myanmar Update News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Update News, News & Media Website, .

စစ်ကောင်စီက မေလ ၁ ရက်မှစ၍ အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းပြီ▪▪▪▪အမျိုးသားများ ပြည်ပသို့ အလုပ်လုပ်ခွ...
02/05/2024

စစ်ကောင်စီက မေလ ၁ ရက်မှစ၍ အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းပြီ
▪▪▪▪

အမျိုးသားများ ပြည်ပသို့ အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှ စတင်ပြီး တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

"ဘယ်နိုင်ငံမဆိုပါပဲ။ ဒီ (မေ ၁) ရက်နေ့ကစပြီး Demand (အလုပ်ခေါ်စာ) တင်တဲ့သူကိုပဲ ဆိုလိုပါတယ်။ ခွင့်ပြုချက်ကျပြီးသားသူများ အကျုံးမဝင်ပါဘူး။ (ပြန်ဖွင့်ပေးဖို့က) အခြေအနေပေါ်မှာပဲ မူတည်ပါတယ်။ ဒီလောက်ပဲပြောနိုင်ပါတယ်" ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက Myanmar Now သို့ ပြောသည်။

ပြည်ပမှ အလုပ်ခေါ်စာသစ်များ တင်ပြခြင်းကို ယနေ့တွင် တင်ပြခွင့် ယာယီပိတ်ပင်ထားကြောင်း အလုပ်အကိုင် အေဂျင်စီများထံမှ သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား ပြည်ပသို့ အုံလိုက်ကျင်းလိုက် ထွက်ခွာတိမ်းရှောင်နေသလို တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်နေချိန် အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက တားဆီးပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

စစ်မှုထမ်း ဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုခဲ့သော်လည်း သင်္ကြန်မတိုင်မီကတည်းက စတင် ခေါ်ယူခဲ့ပြီး လက်ရှိတွင် အပတ်စဉ် (၂)ကို ဆက်လက်ခေါ်ယူလျှက်ရှိသည်။

ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်တွင် ပန်းပွဲတော် ကျင်းပလျှက်ရှိပြင်ဦးလွင် ပန်းပွဲတော်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ဒီဇင်...
18/12/2023

ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်တွင် ပန်းပွဲတော် ကျင်းပလျှက်ရှိ

ပြင်ဦးလွင် ပန်းပွဲတော်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ ဇန်နဝါရီလ (၁၄)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ပန်းမျိုးစိတ်ပေါင်းများစွာကို ပြသသွားမယ်လို့ သိရပါတယ်။

လာမယ့် ဒီဇင်ဘာ (၂၀)ရက်နေ့ နောက်ပိုင်း ရန်ကုန်မှာ အအေးပိုနိုင်▪▪▪▪▪လာမယ့် ဒီဇင်ဘာ (၂၀)ရက်နေ့ နောက်ပိုင်း ရန်ကုန်မှာ အအေးပ...
17/12/2023

လာမယ့် ဒီဇင်ဘာ (၂၀)ရက်နေ့ နောက်ပိုင်း ရန်ကုန်မှာ အအေးပိုနိုင်
▪▪▪▪▪

လာမယ့် ဒီဇင်ဘာ (၂၀)ရက်နေ့ နောက်ပိုင်း ရန်ကုန်မှာ အအေးပိုလာမယ်လို့ မိုးလေဝသ ပညာရှင် စုစုစံက ပြောပါတယ်။

စုစုစံက “တရုတ်နိုင်ငံက အအေးလှိုင်းကြောင့် ဒီဇင်ဘာ (၂၀)ရက်နေ့ နောက်ပိုင်း ရန်ကုန်မှာ အအေးပိုလာမယ်” လို့ ဆိုပါတယ်။

မော်လူးမြို့ကို KIA၊ ABSDF ၊PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်(ဒီဇင်ဘာ ၁၃၊ ၂၀၂၃)စစ်ကိုင်းတိုင်း၊ မော်လူးမြို့ရှိ စစ်ကေ...
13/12/2023

မော်လူးမြို့ကို KIA၊ ABSDF ၊PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်

(ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ မော်လူးမြို့ရှိ စစ်ကောင်စီ စခန်းများကို KIA၊ ABSDF ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းအများအပြားနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။

မော်လူးမြို့ရှိ စစ်ကောင်စီ စခန်းများကို KIA၊ ABSDF၊PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) နံနက် (၂)နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီး နံနက်(၅)နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများကို မတိုက်ခိုက်မီ အလင်းဝင်ရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အသိပေးခဲ့သော်လည်း လက်မခံ၍ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့(ဒီဇင်ဘာ ၃ ၊၂၀၂၃)ပဲခူး...
03/12/2023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့

(ဒီဇင်ဘာ ၃ ၊၂၀၂၃)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို KNLAနဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက ယနေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ ခမရ- ၅၉၉ တုံးတော တပ်ရင်း၊ ခမရ- ၅၉၀ ရေအိုးစဉ်တပ်ရင်း၊ မုန်း ရဲစခန်း၊ မုန်း သံတံတားတို့ကို သိမ်းပိုက်ရရှိခဲ့တဲ့အပြင် မုန်းမြို့တမြို့လုံးကိုပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တိုင်းရင်းသားတပ်ဖွဲ့များနဲ့ PDF တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားသော မြို့ပေါင်း စုစုပေါင်း (၂၁)မြို့အထိ ရှိလာပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင် ယနေ့ညပိုင်း ငလျင်လှုပ်ခတ်(စက်တင်ဘာ ၂၃ ၊ ၂၀၂၃)ရန်ကုန်မြို့တွင် ယနေ့ည (၈း၅၅)အချိန်က ငလျင်လှုပ်ခတ်သွားပြီး...
23/09/2023

ရန်ကုန်မြို့တွင် ယနေ့ညပိုင်း ငလျင်လှုပ်ခတ်

(စက်တင်ဘာ ၂၃ ၊ ၂၀၂၃)

ရန်ကုန်မြို့တွင် ယနေ့ည (၈း၅၅)အချိန်က ငလျင်လှုပ်ခတ်သွားပြီး အထပ်မြင့်တိုက်များ အပါအဝင် လူနေအိမ်အများစု ငလျင်လှုပ်ခတ်မှုကို သိသာစွာ ခံစားရကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ဆိုပါတယ်။

ယနေ့ ညနေ (၅း၃၃)ဝန်းကျင်အချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၏ အနောက်ဘက် (၂၁)မိုင်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး (၃ . ၇)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ညပိုင်း (၈း၅၅)မိနစ်တွင် ပိုမိုပြင်းထန်တဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်သွားခဲ့သည်။

ယနေ့ည (၈း၅၅)အချိန်က လှုပ်ခတ်ခဲ့သော ဒုတိယ ငလျင်သည် ပဲခူးမြို့၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်ဖြစ်ကြောင်း မိုး/ဇလ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်၁၀ခုမှာ လာမယ့်ရက်ပိုင်း အချိန်အခါမဟုတ်မိုးရွာမည်▪▪▪ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင...
10/03/2023

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်၁၀ခုမှာ လာမယ့်ရက်ပိုင်း အချိန်အခါမဟုတ်မိုးရွာမည်
▪▪▪

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခုမှာ မတ် (၁၃) ရက်မှ (၁၅) ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။

မတ်လ (၁၃)ရက်မှ (၁၅)ရက်အတွင်း အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်၊ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေအေးတွေတွေ့ဆုံမှုတို့ကြောင့် အချိန်ခါမဟုတ် မိုးရွာသွန်းနိုင်တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သိရှိရပါတယ်။

အမြန်လမ်းမှာ ယာဥ်တိမ်းမှောက်မှုကြောင့် ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်း ရွှေဓူဝံ ကွယ်လွန်◾◾◾◾◾◾◾ရန်ကုန် - မန္တလေး အမြန်လမ်းမ...
04/03/2023

အမြန်လမ်းမှာ ယာဥ်တိမ်းမှောက်မှုကြောင့် ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်း ရွှေဓူဝံ ကွယ်လွန်
◾◾◾◾◾◾◾

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၆၇ မိုင် ၄ဖာလုံ နဲ့ ၁၆၇ မိုင် ၅ဖာလုံ အကြားမှာ ယနေ့ (မတ်လ ၄ရက်)က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ သေဆုံးသွားသူ( ၃ )ဦးထဲ ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်း ရွှေဓူဝံလည်း ပါဝင်သွားတယ်လို့ သိရှိရပါတယ်။

ယနေ့ (မတ်လ ၄ ရက်)၊ နံနက် (၅)နာရီခွဲ ဝန်းကျင်အချိန်က ဒို့ညီနောင် ခရီးသည်တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကာရံထားတဲ့ တန်းတွေကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဖေဖော်ဝါရီလ (၂၄)ရက်နေ့ကစပြီး နိုင်ငံကူးလက်မှတ် (Passport) ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်
22/02/2023

ဖေဖော်ဝါရီလ (၂၄)ရက်နေ့ကစပြီး နိုင်ငံကူးလက်မှတ် (Passport) ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်

ရန်ကုန်မှာ ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်)၊ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများပါ ကြွေကျသည့်  မြင်ကွင်းများ....
17/02/2023

ရန်ကုန်မှာ ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်)၊ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများပါ ကြွေကျသည့် မြင်ကွင်းများ...

[ဓာတ်ပုံ-CJ]

BREAKING‼ ဟုမ္မလင်းတွင် စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ပျက်ကျအောင် ပစ်ချနိုင်ခဲ့ကြောင်း NUG ထုတ်ပြန်(ဖေဖော်ဝါရီ ၃ ၊၂၀၂၃...
03/02/2023

BREAKING‼ ဟုမ္မလင်းတွင် စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ပျက်ကျအောင် ပစ်ချနိုင်ခဲ့ကြောင်း NUG ထုတ်ပြန်

(ဖေဖော်ဝါရီ ၃ ၊၂၀၂၃)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မွန်းလွဲ (၃း၄၅)အချိန် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို PDF ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနှင့် မဟာမိတ်တပ်ပေါင်းစုများက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန (NUG)က သတင်းထုတ်ပြန်ခဲ့သည်။

[ဓာတ်ပုံ-စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စီး]

ယနေ့ အသံတိတ်သပိတ် ဆင်နွှဲချိန် တိတ်ဆိတ်ငြိမ်သက်နေသည့် ရန်ကုန်မြို့မြင်ကွင်းများ.[Photo- CJ]
01/02/2023

ယနေ့ အသံတိတ်သပိတ် ဆင်နွှဲချိန် တိတ်ဆိတ်ငြိမ်သက်နေသည့် ရန်ကုန်မြို့မြင်ကွင်းများ.

[Photo- CJ]

ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို အသွင်ယူထောင်ဖမ်းခဲ့သည့် စစ်ကြောရေးတာဝန်ခံနဲ့အဖွဲ့ကို PDFရှင်းလင်း(ဇန်နဝါရီ ၂၃၊ ၂၀၂၃)ဇန်...
23/01/2023

ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို အသွင်ယူထောင်ဖမ်းခဲ့သည့် စစ်ကြောရေးတာဝန်ခံနဲ့အဖွဲ့ကို PDFရှင်းလင်း

(ဇန်နဝါရီ ၂၃၊ ၂၀၂၃)

ဇန်နဝါရီ ၂၂ ရက်နေ့၊ နေ့လယ် (၂)နာရီဝန်းကျင်မှာ ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၆၁) အနီးမှာ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် နဲ့ တပ်ကြပ်ကြီး မြင့်အောင်အပါအဝင် ၄ ဦးကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

ပစ်ခတ်ဖမ်းဆီးချိန်မှာ ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီးတို့ ၂ ဦးဟာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး သူတို့နဲ့အတူ ပါလာသူ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို အရှင်ဖမ်းဆီးရခဲ့ပေမယ့် ခုခံထွက်ပြေးလို့ ပ စ်ခ တ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူ ၄ ဦးလုံးဟာ ရန်ကုန် UG အဖွဲ့ဝင်များအဖြစ် အသွင်ယူကာ နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးနေတဲ့ ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point - Ocean စင်တာ အနီးက အမှတ်(၁) စစ်ဘက်​ရေးရာ လုံခြုံ​ရေးအကူ တပ်စစ်ကြောရေးတာဝန်ခံ စရက (၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းတို့ ၄ ဦး စီးနင်းလာတဲ့ ယာဉ်ဟာ ရန်ကုန် - မန္တလေး အမြန်လမ်းကို ထွက်လာပြီလို့ သတင်းရတဲ့အတွက် ကင်းပုန်းဝပ်ကာ စောင့်ဖမ်းခဲ့ကြတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဆီက ၉ မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ယာဥ်လိုင်စင်နဲ့ စာရွက်စာတမ်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့အချစ်တော် နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ် ပြန်လည် လွတ်မြောက်▫▫▫▫▫ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံကျော်ဇာတ်မင်...
13/01/2023

ပြည်သူ့အချစ်တော် နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ် ပြန်လည် လွတ်မြောက်
▫▫▫▫▫

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံကျော်ဇာတ်မင်းသားတစ်ဦးဖြစ်သည့် ဖိုးချစ်သည် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။

ဖိုးချစ်သည် နိုဝင်ဘာလ(၃၀)ရက်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ(၃၀)ရက်နေ့က ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Grand Royal စက်ရုံ၊ မီးလောင်ကျွမ်းဆဲဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် အပါအဝင် ဆယ်ဦးခန့် ဒဏ်ရာရရှိGrand Royal ...
13/01/2023

Grand Royal စက်ရုံ၊ မီးလောင်ကျွမ်းဆဲဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် အပါအဝင် ဆယ်ဦးခန့် ဒဏ်ရာရရှိ

Grand Royal စက်ရုံတွင် ယနေ့(ဇန်နဝါရီ ၁၃ ရက်)၊ မွန်းလွဲ( ၃ )နာရီကျော်က စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်မှုမှာ ယခုည( ၈ )နာရီအထိ ဆက်လက်လောင်ကျွမ်းလျှက်ရှိကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်နှင့် ပရဟိတအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။

ရန်ကုန်ရှိ Grand Royal အရက်စက်ရုံ မီးလောင်နေမှု မထိန်းနိုင်သေး (ဇန်နဝါရီ ၁၃၊ ၂၀၂၃) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ်...
13/01/2023

ရန်ကုန်ရှိ Grand Royal အရက်စက်ရုံ မီးလောင်နေမှု မထိန်းနိုင်သေး

(ဇန်နဝါရီ ၁၃၊ ၂၀၂၃)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမကြီးပေါ်ရှိ Grand Royal အရက်စက်ရုံ မီးလောင်နေမှုမှာ မီးထိန်းမနိုင်သေးကြောင်း သိရသည်။

ယနေ့ (ဇန်နဝါရီလ ၁၃ ရက်နေ့)၊ ညနေ ၃ နာရီခွဲ အချိန်မှစတင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးမှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်နေကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုကို ယခု ညနေ ၅ နာရီလောက်အထိကို ငြိမ်းနေကြရပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိကာ စက်ရုံအနီးအနားမှ ပြည်သူများ ပြေးနေကြရကြောင်းလည်း သိရှိရသည်။

လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားယိုစိမ့်မှုဖြစ်ပွားပြီး ရပ်ကွက်နေပြည်သူများ မူးမေ့လဲကျမှုမျ...
12/01/2023

လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားယိုစိမ့်မှုဖြစ်ပွားပြီး ရပ်ကွက်နေပြည်သူများ မူးမေ့လဲကျမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဇန်နဝါရီ (၁၂)ရက်နေ့၊ ည ကိုးနာရီကျော်မှာ အဆိုပါ ရတနာစုကုမ္ပဏီပိုင် ရေခဲစက်ကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး အုတ်ကျင်းတဝိုက်မှ ပြည်သူများ ပြေးလွှားနေရကြောင်း၊ နီးစပ်ရာကို ရှောင်တိမ်းကြရင်း ကားအစီး (၁၀၀)နီးပါးရှိနေပြီး အုတ်ကျင်းတ၀ိုက် အပြည့်ဖြစ်နေကြောင်း၊ ခပ်လှမ်းလှမ်းမှာနေသူတွေပါ အာခေါင်စပ်၊ မွှန်တာတွေဖြစ်နေတယ်လို့ သိရှိရပါတယ်။

ဓာတ်ငွေ့ကိုရှုရှိုက်မိတဲ့ စက်ရုံအနီးတဝိုက်က ပြည်သူအချို့ သတိမေ့တာ၊ အသက်ရှုကြပ်တဲ့ ဝေဒနာများကို ခံစားရတာတွေရှိပြီး အဆိုပါနေရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပရဟိတအဖွဲ့များရောက်ရှိကာ ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးတိုက်ပွဲအတွင်း တက္ကသိုလ် ဒုတိယနှစ်ဘူမိဗေဒကျောင်းသား မောင်ထက်မြတ်အောင် ကျဆုံး(ကိုထက်မြတ်အောင်သည် မိခင်တပ်ဖ...
07/01/2023

ကြာအင်းဆိပ်ကြီးတိုက်ပွဲအတွင်း တက္ကသိုလ် ဒုတိယနှစ်ဘူမိဗေဒကျောင်းသား မောင်ထက်မြတ်အောင် ကျဆုံး

(ကိုထက်မြတ်အောင်သည် မိခင်တပ်ဖွဲ့ National Revolutionary Guards (NRG-PDF/ Saliingyi) မှတဆင့် KNU တပ်မဟာ(၆)၊ နဂါးနီစစ်ကြောင်း တပ်ခွဲ(၃) နှင့် ပူးပေါင်းပြီး ကြာအင်းဆိပ်ကြီး စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ပွဲဝင်ရင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။)

NLDအစိုးရ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြန်လည်လွတ်မြောက်(ဇန်နဝါရီ ၄၊ ၂၀၂၃)ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ NLD အစိုးရ သ...
03/01/2023

NLDအစိုးရ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြန်လည်လွတ်မြောက်

(ဇန်နဝါရီ ၄၊ ၂၀၂၃)

ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ NLD အစိုးရ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ မနေ့ညပိုင်းက အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ယနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ဖမ်းဆီးခံထားရသူတချို့ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

(၅)ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ (၅)နှစ်သား မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်လျက် တိုက်ခန်းမှာ ပြန်တွေ့(ဒီဇင်ဘာ ၁၆၊ ၂၀၂၂)မန...
16/12/2022

(၅)ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ (၅)နှစ်သား မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်လျက် တိုက်ခန်းမှာ ပြန်တွေ့

(ဒီဇင်ဘာ ၁၆၊ ၂၀၂၂)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ အသက် (၅)နှစ်အရွယ် ဇွဲဝေယံထွန်းကို ဒီနေ့မနက်က ဘေးချင်းကပ်လျက် တိုက်ခန်းမှာ ပြန်တွေခဲ့တယ်လို့ သိရပါတယ်။

"အဲ့ဒီနေ့ နေ့လယ်က ကလေးက အိမ်ရှေ့မှာ ဆော့နေတာ ပျောက်သွားတာနဲ့ အိမ်အနီးနား ပတ်ဝန်းကျင်က CCTV တွေကို ကြည့်တော့ ကလေးက အဲ့ဒီအိမ်ရှေ့က သစ်ပင်နားတင်ပျောက်သွားတာ။ ဒီကနေ့မနက် ဘေးအိမ်က တယောက်က ဖုန်းဆက်လာတယ်။ မသင်္ကာလို့ ဒီအိမ်ထဲဝင်ရှာကြည့်ပါအုံးဆိုလို့ ဝင်ရှာတာ အပေါ်ထပ်က အခန်းထဲမှာ ကလေးကို စောင်ခြုံထားတဲ့ အနေအထားနဲ့ တွေ့တာပါ"လို့ မိသားစုဝင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဇွဲဝေယံထွန်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့၊ ၇၁ လမ်း ၃၀×၃၁ လမ်းကြားက နေအိမ်ရှေ့မှာ ဆော့ကစားနေစဥ် ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဘေးချင်းကပ်လျက်တိုက်ခန်းမှာ ဒီနေ့မနက်က ပြန်လည်တွေ့ရှိခဲ့ပြီး အမှတ် ၃ နယ်မြေ ရဲစခန်းမှာ အမှုဖွင့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြန်မာ့ကောင်းကင်ပြင်တွင် ထူးဆန်းသော အလင်းတန်းတစ်ခုရွေ့လျားသွား(ဒီဇင်ဘာ ၁၅ ၊၂၀၂၂)ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့၊ ညနေ ၆နာရီ ၃၀မိနစ...
15/12/2022

မြန်မာ့ကောင်းကင်ပြင်တွင် ထူးဆန်းသော အလင်းတန်းတစ်ခုရွေ့လျားသွား

(ဒီဇင်ဘာ ၁၅ ၊၂၀၂၂)

ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့၊ ညနေ ၆နာရီ ၃၀မိနစ်နှင့် ၇ နာရီ ဝန်းကျင်လောက်တွင် ထူးဆန်းသည့် အလင်းတန်းတစ်ခုကို မြန်မာပြည်ဒေသအချို့မှ မြင်တွေ့ခဲ့ရသည်။

အဆိုပါ ထူးဆန်းသည့် အလင်းတန်းကို ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အပါအဝင် ပြည်နယ်၊ တိုင်းတချို့မှ တွေ့မြင်ရကြောင်း သိရသည်။

ယခုကဲ့သို့ အလင်းတန်းဖြစ်ပေါ်မူကို နိုင်ငံတဝန်းမှ ပြည်သူ အများအပြား မြင်တွေ့ခဲ့ကြသည်။

အဆိုပါအလင်းတန်းမှာ မြောက်ဖက်မှ တောင်ဖက်သို့ဦးတည်သွားခြင်းဖြစ်ပြီး မည်သည့်အရာတစ်ခု ဖြတ်သန်းသွားသည်ကိုမူ မသိရှိရသေးပေ။

အလင်းတန်းပုံသဏ္ဍန်မှာ ကတော့ပုံအနေအထားရှိပြီး အဆိုပါအလင်းတန်း ဖြတ်သန်းသွားသည့်နေရာတွင် အလင်းရောင်များ ပြန့်ကြဲကျန်ခဲ့သည့် အနေအထားမျိုးတွေ့ရသည်။

မန္တလေးငလျင်ကြောင့် စစ်ကိုင်း၊ မင်းကွန်းနှင့် အင်း၀ဒေသရှိ ရှေးဟောင်းသာသနိက အဆောက်အဦးအချို့ ပျက်စီးမန္တလေးမြို့တွင် ယနေ့ ...
15/12/2022

မန္တလေးငလျင်ကြောင့် စစ်ကိုင်း၊ မင်းကွန်းနှင့် အင်း၀ဒေသရှိ ရှေးဟောင်းသာသနိက အဆောက်အဦးအချို့ ပျက်စီး

မန္တလေးမြို့တွင် ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်)၊ နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် အင်း၀ဒေသမှ ရှေးဟောင်းသာသနိကအဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသမှ ပုထိုးတော်ကြီး၏အက်ကွဲရာမှာလည်း ပိုမိုအက်ကွဲ သွားပြီး ဧရာဝတီမြစ်ကမ်းဘက်ကိုမျက်နှာမူထားသည့် ခြင်္သေ့ရုပ်ထုလည်း လက်တစ်ဖက်ပြိုကျခဲ့သည်။

မန္တလေးမြို့နှင့် ခုနစ်မိုင်အကွာ၊ တံတားဦးမြို့ အရှေ့ဘက် လေးမိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ကြောင့် တံတားဦးမြို့နယ် အင်း၀မြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမှ မယ်နုအုတ်ကျောင်းလည်း အထိအခိုက်အချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှ မဏိရတနာကျောင်း၀င်းအတွင်းရှိ စေတီတော်၏ စိန်ဖူးတော် လည်း မြေခခဲ့ပြီး ဘုန်းကြီးကျောင်းအချို့နှင့်နေအိမ်အချို့လည်း မျက်နှာကျက်များ ကွာကျပျက်စီးခဲ့သည်။

TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၅၀) ဝန်းကျင် သေဆုံးပြီး (၂၇)ဦး အရှင်ဖမ်းဆီးခံရ (ဒီဇင်ဘာ ၁၄၊ ၂၀၂၂)ရှမ်းပြည်နယ်...
14/12/2022

TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၅၀) ဝန်းကျင် သေဆုံးပြီး (၂၇)ဦး အရှင်ဖမ်းဆီးခံရ

(ဒီဇင်ဘာ ၁၄၊ ၂၀၂၂)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း) ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၅၀) ဝန်းကျင်သေဆုံးပြီး (၂၇)ဦး အရှင်ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်က အင်အားအများအပြားနှင့် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အပါအဝင် ကုန်းသာကျေးရွာ ဝန်းကျင်မှာ TNLA နှင့် ဒီဇင်ဘာ (၇) ရက်နေ့ နေ့လည်မှစတင်ကာ ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေအချို့ကို PDFနှင့် တော်လှန်ရေး တပ်များ ပြန်လည်ထိန်းချုပ်(ဒီဇင်ဘာ ၂၊ ၂၀၂၂)ကရင်နီ ပြည်၊ ဒီမေ...
02/12/2022

စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေအချို့ကို PDFနှင့် တော်လှန်ရေး တပ်များ ပြန်လည်ထိန်းချုပ်

(ဒီဇင်ဘာ ၂၊ ၂၀၂၂)

ကရင်နီ ပြည်၊ ဒီမော့ဆိုမြို့၊ ကုန်းသာကျေးရွာ အတွင်း စစ်ကောင်စီတပ်များ တပ်စွဲအထိုင်ချနေသည့် ထိန်းချုပ်နယ်မြေအား ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဟု သိရှိရသည်။

ဒီမော့ဆိုမြို့ ၊ကုန်းသာကျေးရွာ အတွင်း နယ်မြေပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်း လင်းရေးများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု(KRU) က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် သေးဆူးလဲ ကျေးရွာ နယ်မြေကိုလည်း KNDF၊ KA၊ KGZ၊ PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု သိရှိရသည်။

အောင်လ နိုင်ပြီ 👊စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဝမ်းချန်ပီယံရှစ်ရဲ့ One– 163 ပြိုင်ပွဲမှာ မြန်မာMMA ဖိုက်တာ အောင်လအန်ဆန်းက...
19/11/2022

အောင်လ နိုင်ပြီ 👊

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဝမ်းချန်ပီယံရှစ်ရဲ့ One– 163 ပြိုင်ပွဲမှာ မြန်မာMMA ဖိုက်တာ အောင်လအန်ဆန်းက ဂျပန်ဖိုက်တာ ယူရှင်အိုကာမီကို ပထမအချီ ၂ မိနစ်အတွင်းမှာပဲ အလဲထိုးပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။

ကိုမြအေး၊ မောင်သာချို၊ ရွှေညဝါဆရာတော်နှင့် NLD တာဝန်ရှိသူ အချို့ ပြန်လွတ်၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်...
17/11/2022

ကိုမြအေး၊ မောင်သာချို၊ ရွှေညဝါဆရာတော်နှင့် NLD တာဝန်ရှိသူ အချို့ ပြန်လွတ်

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသူများထဲမှ ထင်ရှားကျော်ကြားသူ အချို့ ယနေ့ ပြန်လွတ်လာသည်။

ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ နိုဝင်ဘာ ၁၇ ရက် ပြန်လွတ်သူများထဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါဆရာတော် ဆရာတော် ဦးပညာသီဟ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့လည်း ပါဝင်လာသည်။

"မြန်မာပြည်သူများနှင့် အမြဲတမ်းအတူရှိနေပါမယ်"ဟု အကျဉ်းထောင်မှ အထွက်တွင် ကိုမြအေးက ပြောခဲ့သည်။

စာရေးဆရာ အကြည်တော်၏ ဈာပန ရေဝေး၌ ပြုလုပ်(နိုဝင်ဘာ ၁၁၊ ၂၀၂၂)‌ပြီးခဲ့သည့် ၉ ရက်နေ့က ကွယ်လွန်ခဲ့သည့် စာရေးဆရာအကြည်တော်၏ ဈာပန...
11/11/2022

စာရေးဆရာ အကြည်တော်၏ ဈာပန ရေဝေး၌ ပြုလုပ်

(နိုဝင်ဘာ ၁၁၊ ၂၀၂၂)

‌ပြီးခဲ့သည့် ၉ ရက်နေ့က ကွယ်လွန်ခဲ့သည့် စာရေးဆရာအကြည်တော်၏ ဈာပနကို ယနေ့ မွန်းလွဲ ၃ နာရီက ရေဝေးသုဿန်၌ ပြုလုပ်ခဲ့သည်။

စာရေးဆရာ အကြည်တော်အား ချစ်ခင်ကြသူ ပရိသတ်များ အများအပြား လိုက်လံပို့ဆောင်ခဲ့ကြသည် ။

စာရေးဆရာ အကြည်တော်သည် နိုဝင်ဘာလ ၉ ရက်နေ့၊ ည ၈နာရီ ၂၃ မိနစ်ခန့်တွင် အစာအိမ် ရေမျိုကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် (၅၁)နှစ် ရှိပြီ ဖြစ်သည်။

စာရေးဆရာအကြည်တော် ကွယ်လွန် ပင်လုံဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရတဲ့ စာရေးဆရာအကြည်တော်ဟာ ယနေ့ (နိုဝင်ဘာ၉ရက်)၊ ညပိုင်း ၈န...
09/11/2022

စာရေးဆရာအကြည်တော် ကွယ်လွန်

ပင်လုံဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရတဲ့ စာရေးဆရာအကြည်တော်ဟာ ယနေ့ (နိုဝင်ဘာ၉ရက်)၊ ညပိုင်း ၈နာရီခွဲအချိန်က ကွယ်လွန်သွားပြီလို့ သိရပါတယ်။

စာရေးဆရာအကြည်တော်ဟာ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ နောက်ဆုံးပတ်မှာ ဘန်ကောက်မြို့မှာ သွားရောက် ဆေးကုသမှု ခံယူခဲ့ပြီး မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လက ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပင်လုံဆေးရုံမှာ ရက်ရှည် တက်ရောက် ဆေးကုသမှု ခံယူပြီးတဲ့‌နောက်မှာ ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။

ယနေ့ နိုဝင်ဘာလ(၈)နေ့ ညမှာ တွေ့မြင်ရတဲ့ ရန်ကုန်မြို့က လကြတ်တဲ့ မြင်ကွင်းများ📷: PRT / RZA
08/11/2022

ယနေ့ နိုဝင်ဘာလ(၈)နေ့ ညမှာ တွေ့မြင်ရတဲ့ ရန်ကုန်မြို့က လကြတ်တဲ့ မြင်ကွင်းများ

📷: PRT / RZA

အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်အား လုပ်ကြံသည့် PDFရဲဘော်အချို့ ဖမ်းဆီးခံရ(အောက်တိုဘာ ၃၁၊ ၂၀၂၂)အာဏာသိမ်း ဒုတိယ ...
31/10/2022

အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်အား လုပ်ကြံသည့် PDFရဲဘော်အချို့ ဖမ်းဆီးခံရ

(အောက်တိုဘာ ၃၁၊ ၂၀၂၂)

အာဏာသိမ်း ဒုတိယ စစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာရင်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်အား လုပ်ကြံခဲ့သည့် Inya Urban Force (IUF) အဖွဲ့ဝင် (၁၀)ဦးအား ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန် ပြောက်ကျားအဖွဲ့ တခုဖြစ်သည့် IUF အနေဖြင့် ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နှင့် သားမက်ဖြစ်သူတို့အား စက်တင်ဘာ၂၄ ရက်က လှိုင်မြို့နယ်၊ ၁၂ ရပ် ကွက်ရှိ ၎င်းတို့၏ နေအိမ်ရှေ့တွင်ပင် သေနတ်ဖြင့် ပ_စ် ခ_တ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် IUF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသည်မှာ မှန် ကန်ကြောင်းနှင့် ၎င်းတို့၏ အသက်အန္တရာယ် စိုးရိမ်ရပြီး သတင်းအချက်အလက်များ ပေါက်ကြားမှုရှိကြောင်း မှတ်ယူထားသည့်အတွက် ၎င်းတို့နှင့် ဆက်စပ်သော ကွင်းဆက်များ လွတ်မြောက်နယ်မြေများသို့ အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ကြောင်း IUF က ယနေ့ ထုတ်ပြန်ထား သည်။

ယခုကဲ့သို့ အဖွဲ့ဝင်များ ဖမ်းဆီးခံရသော်လည်း IUF အနေဖြင့် ရန်ကုန်တွင် ပြောက်ကျား စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းတို့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Update News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share