17/09/2023
တစ်ယောက်ယောက်ငါ့ကိုထားသွားတိုင်း
ဘယ်တုန်းကမှအပြစ်မတင်ခဲ့သလို
မုန်းလို့လည်းမရခဲ့ဘူး ရင်းနှီးခဲ့ဖူးတဲ့လူဆီက
သစ္စာဖောက်ခံရတယ်ဆိုရင်တောင်
ငါကတော့ဒေါသထွက်ရမယ့်အစား
မျက်ရည်ဘဲကျမိပြီး "လုပ်ရက်လိုက်တာ" ဆိုတဲ့
တုန်တုန်ရီရီစကားကလွဲပြီး ဘာမှထပ်ထွက်ကျ
လာမှာမဟုတ်ဘူး သံယောဇဉ်ကြီးပြီး
ဝမ်းနည်းအားငယ်တတ်လွန်းတဲ့ငါ့ပုံစံကို
နားမလည်ခဲ့လို့ မသနားတတ်တာလို့ဘဲတွေးပြီး
ဝမ်းနည်းကျန်နေခဲ့တာဘဲရှိပါတယ်။