Peaceful Mind with Buddha and Dhamma တရားသည်သာ အေးချမ်းရာ

  • Home
  • Peaceful Mind with Buddha and Dhamma တရားသည်သာ အေးချမ်းရာ

Peaceful Mind with Buddha and Dhamma တရားသည်သာ အေးချမ်းရာ About Buddha and Dhamma Videos, Photos, Quotes.

ဘုရား၊ တရား ဆိုင်ရ?

11/10/2020

" ဘာပဲလုပ်လုပ် တန်အောင်လုပ် " တရားတော်
#ရွှေပါရမီတောရဆရာတော်
#အရှင်ဆန္ဒဓိက

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

11/10/2020

" ခင်ပွန်းကြီး ( ၁၀ ) ပါး ကန်တော့နည်း "

ဗုဒ္ဓ ပစ္စေက ဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာဝက။
မာတာပိတု ဂုရုသတ္တာ ၊ ဓမ္မဒေသကာ စဒါယကာ။
ဣမေ တေစ မဟာဂုဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ။
မိမိတို့ဘဝတွင် ကံဆိုး၍ ဘဝလမ်းပျောက်နေသူများ မည်သည့်အရာလုပ်လုပ်
အဆင်မပြေသူများ ဤ ပူဇော်မှုကိုလုပ်သင့်ပေ၏ ရံဖန်ရံခါ အပြစ်များအားခြေသင့်လေသည်။
ထိုမှသာ မိမိတို့အတွက် အပြစ်များပျောက်ကင်း၍
ကံစွမ်း ဉာဏ်စွမ်းရှိသလိုခံစားစံစားနိုင်လေသည်။
ဤသို့မှမဟုတ် ခင်ပွန်းကြီး ၁၀ပါး အားမသိလိုက်မသိခင်
ကံတပါးပါးဖြင့် ပြစ်မှားမိပါက စိပ်သောပုတီး ရွတ်သောဂါထာ
ထောင်ချီလုပ်ဆောင်လဲ အာနိသင်အကျိုးမခံစားရ လုပ်လိုက်သော
ယတြာ နှင့်အဆောင်များလဲ မစွမ်းနိုင်ချေ။
မိမိဘဝသည် ဘဝ၏ အနာဂတ်အတွက် အမြဲပူလောင်သောက
ဒုက္ခရောက်နေပြီး တခါတခါ အလိုမကျ သောအခါ မိမိကိုယ်ကို
အားမရ ငါကံမကောင်းပါလားဟု သတ်သေချင်စိတ်
စိတ်ဓါတ်ကျစိတ်ပေါ်ပေါက်လာမည်ဖြစ်၏ လမ်းပေါ်လျှောက်ရင်း လမ်းပျောက်နေမည်။

ပျော်ရွှင်မှုစိတ်သုန်းနေမည်ဖြစ်သည်။ ထို့သို့ဖြစ်သော် စိတ်ဓါတ်မကျပါနှင့်
ရတနာသုံးပါးသည် ထိုသူများအတွက် ကိုးကွယ်ရာ ဖြစ်ပါပေ၏ ---

ထို့ကြောင့် ခင်ပွန်းကြီး ၁၀ ပါးအား ကန်တော့ခြင်း အမှုပြုပြီးမှသာ
မိမိတို့ ဘဝကံကောင်းအောင် ပြင်ဆင်ရာ ပုတီး ဂါထာ ယတြာအဆောင်များ
လုပ်ကိုင်ခြင်းဖြင့် အစွမ်းအာနိသင်လွန်စွာထူး၍
အတိတ်က အကျိုးပေးမကောင်းသည်ထားဦးတော့ ယခုဘဝတွင်
လုံ့လဝီရိယ မိမိလုပ်ဆောင်မှု အကျိုး မုချခံစားရ၍ ဘဝတွင် အေးချမ်းသာယာစွာ
နေထိုင်ရမည်ဖြစ်လေသည်။

Credit - သရဏဂုံ ဂုဏ်တော် page

[unicode]

ခင်ပွန်းကြီး ( ၁၀ ) ပါး ကန်တော့နည်း

ဗုဒ္ဓ ပစ္စေက ဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာဝက။
မာတာပိတု ဂုရုသတ်တာ ၊ ဓမ်မဒသေကာ စဒါယကာ။
ဣမေ တေစ မဟာဂုဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ။
မိမိတို့ဘဝတွင် ကံဆိုး၍ ဘဝလမ်းပျောက်နေသူများ မည်သည့်အရာလုပ်လုပ်
အဆင်မပြေသူများ ဤ ပူဇော်မှုကိုလုပ်သင့်ပေ၏ ရံဖန်ရံခါ အပြစ်များအားခြေသင့်လေသည်။
ထိုမှသာ မိမိတို့အတွက် အပြစ်များပျောက်ကင်း၍
ကံစွမ်း ဉာဏ်စွမ်းရှိသလိုခံစားစံစားနိုင်လေသည်။
ဤသို့မှမဟုတ် ခင်ပွန်းကြီး ၁၀ပါး အားမသိလိုက်မသိခင်
ကံတပါးပါးဖြင့် ပြစ်မှားမိပါက စိပ်သောပုတီး ရွတ်သောဂါထာ
ထောင်ချီလုပ်ဆောင်လဲ အာနိသင်အကျိုးမခံစားရ လုပ်လိုက်သော
ယတြာ နှင့်အဆောင်များလဲ မစွမ်းနိုင်ချေ။
မိမိဘဝသည် ဘဝ၏ အနာဂတ်အတွက် အမြဲပူလောင်သောက
ဒုက္ခရောက်နေပြီး တခါတခါ အလိုမကျ သောအခါ မိမိကိုယ်ကို
အားမရ ငါကံမကောင်းပါလားဟု သတ်သေချင်စိတ်
စိတ်ဓါတ်ကျစိတ်ပေါ်ပေါက်လာမည်ဖြစ်၏ လမ်းပေါ်လျှောက်ရင်း လမ်းပျောက်နေမည်။

ပျော်ရွှင်မှုစိတ်သုန်းနေမည်ဖြစ်သည်။ ထို့သို့ဖြစ်သော် စိတ်ဓါတ်မကျပါနှင့်
ရတနာသုံးပါးသည် ထိုသူများအတွက် ကိုးကွယ်ရာ ဖြစ်ပါပေ၏ ---

ထို့ကြောင့် ခင်ပွန်းကြီး ၁၀ ပါးအား ကန်တော့ခြင်း အမှုပြုပြီးမှသာ
မိမိတို့ ဘဝကံကောင်းအောင် ပြင်ဆင်ရာ ပုတီး ဂါထာ ယတြာအဆောင်များ
လုပ်ကိုင်ခြင်းဖြင့် အစွမ်းအာနိသင်လွန်စွာထူး၍
အတိတ်က အကျိုးပေးမကောင်းသည်ထားဦးတော့ ယခုဘဝတွင်
လုံ့လဝီရိယ မိမိလုပ်ဆောင်မှု အကျိုး မုချခံစားရ၍ ဘဝတွင် အေးချမ်းသာယာစွာ
နေထိုင်ရမည်ဖြစ်လေသည်။

Credit - သရဏဂုံ ဂုဏ်တော်


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

11/10/2020

" ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက
ပြောပြတဲ့ အမေစုအကြောင်း "

Credit to RFA


#အရှင်ဆန္ဒာဓိက
#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

မြတ်ဗုဒ္ဓဟောကြား မေတ္တာတရားမိခင်သည် တစ်ယောက်ထဲသောသားကိုအသက်နှင့်လဲ၍ စောင့်ရှောက်သကဲ့သို့သတ္တဝါအားလုံးအပေါ်၌ အပိုင်းအခြား...
11/10/2020

မြတ်ဗုဒ္ဓဟောကြား မေတ္တာတရား


မိခင်သည် တစ်ယောက်ထဲသောသားကို
အသက်နှင့်လဲ၍ စောင့်ရှောက်သကဲ့သို့
သတ္တဝါအားလုံးအပေါ်၌
အပိုင်းအခြားမရှိသော
မေတ္တာစိတ်ကို ပွားကြရမည်။

#မြတ်ဗုဒ္ဓ

လုံးစုံများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

အပ္ပမာဒေန သမ္မာဒေထ

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

🙏🙏🙏 #အောက်စဖို့ဒ်ဆရာတော်  #ဘုရား #တရား #ဗုဒ္ဓ #ဓမ္မ
09/10/2020

🙏🙏🙏

#အောက်စဖို့ဒ်ဆရာတော်

#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

09/10/2020

" အဖြေရှာကြည့်ပြီး အေးအောင်နေမယ် "🙏
ကြာချိန် - ၆ မိနစ်
#အရှင်သုစိတ္တ(မော်ကျွန်း)


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

လောကဓံကို ဒေါမကန်နဲ့***************************(စိတ်ညစ်တဲ့အခါ ခဏခဏပြန်ဖတ်ဖို့ မိမိဖုန်းထဲမှာ သိမ်းထားနော်)ငါခံစားနေရတဲ့ ...
09/10/2020

လောကဓံကို ဒေါမကန်နဲ့

***************************

(စိတ်ညစ်တဲ့အခါ ခဏခဏပြန်ဖတ်ဖို့
မိမိဖုန်းထဲမှာ သိမ်းထားနော်)

ငါခံစားနေရတဲ့
အပူတွေ များလှချည်လား ။

ငါ့လောက်ပူလောင်တဲ့သူ
ရှိကော ရှိပါဦးမလား ။

ငါ့ကျမှပဲ ဒီလိုအဆိုးတွေချည်း
တွေ့နေရပါလား ။

ဒီကမ္ဘာပေါ်မှာ ငါ့အပူက
အပူဆုံးပါလား သူများတွေ
ငါ့လောက် ပူမယ် မထင်ဘူး ။

ဒီလိုအတွေးတွေနဲ့
စိတ်ပမ်း လူနွမ်း ဖြစ်နေခဲ့တာ ။

စိတ်ညစ်တာတွေ ပြေအောင်
တရားစာအုပ်တွေ လိုက်ဖတ်လိုက်တယ် ။

ဟာ -
ဘုရားရှင်လည်း အဆဲခံရတာပါပဲလား ။

ဘုရားရှင်လည်း လူတောထဲမှာ
အရှက်ခွဲခံရ တာပဲလား ။

ဘုရားရှင်လည်း တံတွေးနဲ့
ထွေးတာ ခံရတာ ပဲလား ။

ဘုရားရှင်လည်းဝေဠုဝရွာမှာ
တစ်ဝါတွင်းလုံး ဆွမ်းမစားရလို့
ဂျုံနဲ့ပဲ ဆွမ်းကိစ္စပြီးတာပါပဲလား ။

ဘုရားရှင်လည်း
လူသေအလောင်းက အဝတ်ကို
ခွါပြီးဝတ်ရုံရတာပါပဲလား ။

ဘုရားရှင်လည်း ဒေဝဒတ်
ရန်ရှာတာကို ခံရတာပါပဲလား ။

နောက်ထပ် တရားစာအုပ်တစ်အုပ်ကို
ထပ်ပြီးဖတ်ကြည့်လိုက်တယ် ။

ငါပူတယ် ဆိုတဲ့ အပူက
ပဋာစာရီ ရဲ့ ခြေဖျားတောင် မမှီပါလား ။

အနာထပိဏ်သူဋ္ဌေးကြီးလည်း
ဆင်းရဲသွားလို့ မိန်းမကို မြတ်ရိတ်ပြီး
ကျွေးဖူးတယ် တဲ့လား ။

တစ်ရာ့တစ်ပါးသော ပြည့်ရှင်မင်းကြီး
တစ်နိုင်ငံလုံး ကုန်အောင်လှူမယ်ဆိုတဲ့
ပဒေသရာဇ်မင်းကြီးလည်း
ဆင်းရဲသွားလိုက်တာ
သေခါနီးတော့ ဇီးဖြူသီး တစ်ခြမ်းပဲ
လှူ စရာရှိတော့တယ် တဲ့ ။

သြော်....
ငါ့ကိုယ်ငါ
ပူလောင်လှချည်ရဲ့ဆိုပြီး
နှလုံးသွင်းထားတာ ။

`ရှက်ဖို့ကောင်း လိုက်တာကွာ´

ဇာတ်တော်တွေထဲက
တရားထူးရသွားသူတွေဟာ
အကြီးစား ဒုက္ခသည်တွေ ချည်းပါလား ။

ဒုက္ခအကြောင်း မသိဘဲ
တရားထူးရတဲ့သူ
တစ်ယောက်မှ မတွေ့မိဘူး ။

အင်း ………………

အရင်းစစ်လိုက်တော့ ခန္ဓာ ရထားလို့ကိုး ။

ခန္ဓာရသူတိုင်း
မကင်းနိုင်တဲ့ ဒုက္ခတွေပါလား ။

အသိတစ်ခု လင်းလက်သွားပြီ

လာခဲ့စမ်း လောကဓံ
လောကဓံ ကို ဒေါကန်မနေတော့ဘူး။

ဒုက္ခဆိုတာ
တရားထူးရမဲ့သူတွေရဲ့
အရင်း အနှီးဆိုတာ
ကောင်းကောင်း သိလိုက်ပြီ ။

ဒုက္ခသစ္စာကို
သံဝေဂ ဥာဏ် နဲ့ပေါင်းပြီး
မဂ္ဂသစ္စာ ဆိုက်အောင်လုပ်ပြကြရမယ် ။

__________________________

credit to မှတ်စုကြမ်း၊ ရွှေမြိုင်


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

" စိတ်ပါလက်ပါ လုပ်ပါ "~~~~~~~~~~~~~~ဘဝမှာ ကောင်းတဲ့အလုပ်တွေဆိုရင် စိတ်ပါလက်ပါ လုပ်ပါ။ # မေတ္တာပို့ရင်လည်း စိတ်ပါလက်ပါ ပိ...
09/10/2020

" စိတ်ပါလက်ပါ လုပ်ပါ "
~~~~~~~~~~~~~~
ဘဝမှာ ကောင်းတဲ့အလုပ်တွေဆိုရင် စိတ်ပါလက်ပါ လုပ်ပါ။

# မေတ္တာပို့ရင်လည်း စိတ်ပါလက်ပါ ပို့ပါ။
အာရုံမပြုစိတ်မရောက်ဘဲ အသံကျယ်ကြီးနဲ့ စွတ်အော်နေတာမျိုး မဖြစ်ပါစေနဲ့။

# သာဓုခေါ်ရင်လည်း စိတ်ပါလက်ပါ ခေါ်ပါ။
ဝတ်ကျေတန်းကျေ ရွဲ့သလိုစောင်းသလို မခေါ်ပါနဲ့။

# အမျှဝေရင်လည်း စိတ်ပါလက်ပါ ဝေပါ။
စိတ်မရောက်ဘဲ ပြီးပြီးရော ဆိုတာမျိုး မဖြစ်ပါစေနဲ့။

# ဘုရားရှိခိုးရင်လည်း စိတ်ပါလက်ပါ ရှိခိုးပါ။
လူအထင်ကြီးအောင် ဟန်ဆောင်တာမျိုး မဖြစ်ပါစေနဲ့။

# တရားနာရင်လည်း စိတ်ပါလက်ပါ နာပါ။
တရားကကျယ်ပြီး နားကငယ်တာမျိုး မဖြစ်စေနဲ့။

# ဒါနလုပ်ရင်လည်း စိတ်ပါလက်ပါလုပ်၊
သီလဆောက်တည်းလည်း စိတ်ပါလက်ပါ ဆောက်တည်၊
ဘဝနာပွားရင်လည်း စိတ်ပါလက်ပါ ပွား
အားလုံးဟာ ကုသိုလ်အားတွေပဲ မဟုတ်လား။

# အဲ မကောင်းတဲ့ အလုပ်တွေမှာတော့ စိတ်လည်း မပါစေနဲ့၊ လက်လည်း မပါစေနဲ့။ စိတ်ကပါနေလည်း လက်ကပါမသွားမိစေနဲ့၊ လက်ကပါနေလည်း စိတ်ကပါမသွားမိစေနဲ့။ စေတနာ အားရှိရင် အကုသိုလ်ဆိုတာ အကျိုးပေးတဲ့အခါ တအားထိစေတယ်လေ။

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

Credit to -
#မနာပ ဒါယီ ကိုရီးယား ဆရာတော် အရှင်ဝိစိတ္တ 🙏


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

တန်ဖိုးရှိလှတဲ့ စကားလေးတစ်ခွန်း...Credit to Original Uploader  #ဘုရား #တရား #ဗုဒ္ဓ #ဓမ္မ
06/10/2020

တန်ဖိုးရှိလှတဲ့ စကားလေးတစ်ခွန်း...

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

 #ပါချုပ်ဆရာတော်  #ဘုရား #တရား #ဗုဒ္ဓ #ဓမ္မ
06/10/2020

#ပါချုပ်ဆရာတော်

#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

 #အောက်စဖို့ဒ်ဆရာတော်  #ဘုရား #တရား #ဗုဒ္ဓ #ဓမ္မ
06/10/2020

#အောက်စဖို့ဒ်ဆရာတော်

#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

  #ဘုရား #တရား #ဗုဒ္ဓ #ဓမ္မ
06/10/2020


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

Credit to Original Uploader  #ဘုရား #တရား #ဗုဒ္ဓ #ဓမ္မ
06/10/2020

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

" နှုတ်ပြစ်မှု ကျူးလွန်သူ "▄▄▄▄▄▄▄▄▄▄▄▄▄▄ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းသူနှင့်ချီးမွမ်းထိုက်သူကို ကဲ့ရဲ့သူ၊ဤနှစ်ဦးသည်နှုတ်ပြ...
06/10/2020

" နှုတ်ပြစ်မှု ကျူးလွန်သူ "
▄▄▄▄▄▄▄▄▄▄▄▄▄▄

ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းသူနှင့်
ချီးမွမ်းထိုက်သူကို ကဲ့ရဲ့သူ၊

ဤနှစ်ဦးသည်
နှုတ်ပြစ်ကျူးလွန်သူများဖြစ်၍
ဆိုးကျိုးကိုခံစားရမည်။

အမှန်မသိပဲ ကဲ့ရဲ့ခြင်း / ချီးမွမ်းခြင်းကို
မပြုမိအောင် သတိထားသင့်သည်။ (အင်္ဂုတ္တရ)
———————————
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ၁၅ ဩဂုတ်၂၀၂၀ အဆုံးအမဩဝါဒ
“နှုတ်ပြစ်မှု ကျူးလွန်သူ"

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

" တရားထိုင်ခြင်း၏ အကျိုးအမြတ်များ "Credit to Original Uploader  #ဘုရား #တရား #ဗုဒ္ဓ #ဓမ္မ #တရားထိုင်
06/10/2020

" တရားထိုင်ခြင်း၏ အကျိုးအမြတ်များ "

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ
#တရားထိုင်

Credit to Original Uploader  #ဘုရား #တရား #ဗုဒ္ဓ #ဓမ္မ #သရဏဂုံ
06/10/2020

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ
#သရဏဂုံ

" ကိုယ်စောင့်နတ်က လူကို စောင့်ရှောက်ပုံ "*****************************************မေး > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလာ...
06/10/2020

" ကိုယ်စောင့်နတ်က လူကို စောင့်ရှောက်ပုံ "
*****************************************

မေး > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား၊
ဖြေ > ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်၊

မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပတမဦးဆုံးသိ၏ ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ထိုနောက်သူတပါး၏ စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့" ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ "အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ်၊

မေး > လူကို ဘယ်လိုစောင့်ရှောက်ပါသလည်း

ဘုန်းကံကြီးမားတဲ့ လူကို စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ကြပါတယ် ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ်ပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှား လေးတွေက စောင့်ရှောက်ကြပါတယ်၊

တန်းခိုးအင်အားကြီးမားလေ လုပ်နိုင်တဲ့
အရာတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ပမာဏ သူလုပ်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက် ပေးကြပါတယ်၊

ရှေးက ဗရာဏသီမင်းဟာ ကောသလမင်းကို သတ်ပြီး တိုင်းပြည်ကိုသိမ်းပိုက်၊ ကောသလမင်းရဲ့ မိဖုရားကိုလည်း သူမိဖုရားအဖြစ် သိမ်းပိုက်ခဲ့ပါတယ်၊

အဲဒီမိဖုရားကြီးမှာ သွားလေသူ ကောသလမင်းကြီးနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်ခဲ့ပါတယ်၊ အချိန်တန်တော့ သားယောကျာ်းလေး မွေးဖွားခဲ့တယ်၊ အရွယ်ရောက်လာချိန်မှာ အခြားမိဖုရားနဲ့ ရထားတဲ့ ကုဂုင်္ဂဒေဝီဆိုတဲ့ မင်းသမီးလေးနဲ့ ချစ်ကြိုက်သွားကြတယ်၊

ဒါကို ဗရာဏသီမင်းကြီးကသိလို့ မင်းသားကိုသတ်ဘို့ လုပ်တယ်၊ အဲဒါကို မင်းသားလေးကို သေဘေးကလွတ်အောင် ကယ်တင်ပေးခဲ့တယ်၊ ကယ်တင်ပေးသူက မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲ ဖြစ်ပါတယ်၊ နတ်က သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ အားလျှော်စွာ လုပ်ကိုင်စောင့်ရှောက် ပေးတယ်လို့ မှတ်သားစေခြင်ပါတယ်၊

မေး> နတ်က လူ့ကိုယ့်ထဲမှာ နေသလား
အပြင်မှာ နေသလားဆိုတဲ့မေးခွန်းပါ၊

လူကိုယ်ထဲမှာ မနေပါဘူး အပြင်ဘက်မှာနေပါတယ်၊ ကိုယ်စောင့်နတ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိတဲ့ နတ်တွေပါ၊
လူ့ ကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူမျိုးကို တချို့က စုန်းလို့သတ်မှတ်ကြပါတယ်၊

မေး> လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား
ဆိုတဲ့မေးခွန်းပါ၊

လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်၊
အထက်မှာဆိုထားသလို ဘုန်းကံကြီးမားတဲ့လူကို စိတ်ဓာတ်အင်အား ခိုင်မာ တောင့်တင်းတဲ့ သူတော်ကောင်းနတ်များက စောက်ရှောက်ပြီး ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ် စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်၊
ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့အလိုကို လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်၊

များသောအားဖြင့် တန်ခို့သေးနုပ်ပြီး စိတ်ဓါတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့၊ ဒီလိုနတ်တွေက သူစောင့်ရှောက်တဲ့ လူကကောင်းရင် သူလည်း လိုက်ကောင်းပြီး သူစောင့်ရှောက်တဲ့သူက ဆိုးရင် သူလည်း လိုက်ပြီးဆိုးသွားတတ်ပါတယ်၊

တန်ခိုးကြီးမားပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ နတ်များကတော့ သူတို့မကြိုက်တာလုပ်ရင် အဲဒီလူကို စွန့်ပယ်ပြီး ထွက်သွားတတ်ကြပါတယ်၊ လူပြောင်းတိုင်းလည်း သူကလိုက်ပြီး မပြောင်းလွဲတတ်ပါဘူး၊

ဥပမာအားဖြင့်...စေတိယမင်းကို တန်ခိုးကြီးတဲ့ နတ်သားလေးပါး စောင့်ရှောက်ပါတယ်၊ စေတိယမင်း မုသားပြောတော့ နတ်သားလေးပါးက စေတိယမင်းကို တခါထဲ စွန့်ပြစ်ထွက်သွားကြပါတယ်၊

ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်ကိုယ်စောင့်နတ် ရှိကြသော်လည်း ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပြစ်ခြင်း ခံကြရလို့ ကိုယ်စောင့်နတ် မရှိတဲ့ လူမျိုးတွေလည်းရှိကြပါတယ်၊

မေး> ကိုယ်စောင့်နတ်တွေရဲ့ စောင့်ရှောက်မှုကို ခံယူရရှိစေမယ့်အချက်တွေကို ရှင်းပြစေချင်ပါတယ်

၁။ ကံကောင်းလို့ အရင်ဘဝမှ ဆွေမျိုးတစ်ယောက်က အခု နတ်ဖြစ်ရင် ဒကာ ဒကာမတို့ရဲ့ ကိုယ့်စောင့်နတ်ဖြစ်နိုင်ပါတယ်။ ဥပမာဆိုပါတော့ ရန်ကုန်မှ ဆရာကြီး ဦးရှိန်ဟာ လူတွေရဲ့ အပမှီတဲ့ရောဂါ ( သရဲစီးတဲ့ရောဂါ) တွေကို (အရင်ဘဝက သူ့အမေ) အခု ဒီဘဝမှာ သူ့ကိုယ်စောင့်နတ်ဖြစ်သူရဲ့ စွမ်းအားနဲ့ ကုသပေးပါတယ်။ (ကုသမှု မှန်ကန်လို့ PhDဆုလည်း ရပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားပါပြီ။) ဗုဒ္ဓဘာသာကျမ်းဂန်မှပြောမယ်ဆိုရင် ဥဒါန ဗာဟိယသုတ်မှာဆိုတော့ ဗာဟိယ ဒါရုစီရိယ အရင်ဘဝမှ ဆွေမျိုး ဒီဘဝမှာ နတ်ဖြစ်တဲ့ နတ်တစ်ပါးဟာ ဗာဟိယဆီလာပြီး ဓမ္မမဟုတ်တဲ့အကျင့်ကို ပြောပြပြီး၊ မြတ်စွာဘုရားနဲ့ တွေဖို့ နှိုးဆော်ပေးပါတယ်။ ဒါဆို ဒီလို ကံကောင်းလို့ ကိုယ့်စောင့်နတ်တစ်ဦး ရနိုင်ပါတယ်။ ဒါ ပထမနည်း။

၂။ ပရိတ် ရွတ်တဲ့အခါ နတ်တွေက လာစောင့်ရှောက်တတ်ကြပါတယ်။ အထူးသဖြင့် (သက်သတ်လွတ်စားပြီး) မဟာသမယသုတ်ကို နေ့တိုင်း နေ့တိုင်း မနက် ၁ နာရီ တစ်ခါ မနက် ၃ နာရီတစ်ခါ ရွတ်လိုက်ရင် ၃ လလောက်ကြာပြီး နတ်တွေက လာစောင့်ရှောက်မယ် ကိုယ့်ကြိုက်တာတွေ လုပ်ပေးမယ် ဆောင်ရွက်ပေးမယ်။ (သက်သတ်လွတ်စားရတာ နတ်တွေက အသားအနံ့ မကြိုက်လို့ သူတို့ကို ကိုယ့်အနီးလာစေချင်တယ်ဆိုရင် သက်သတ်လွတ်စားရပါတယ်။)

၃။ သီလကို ဆောက်တည်တယ်ဆိုလို့ရှိရင် နတ်တွေက စောင့်ရှောက်လိမ့်မယ်။ အထူးသဖြင့် သကြားမင်းက စောင့်ရှောက်ပေးပါတယ် - ရှိခိုးတောင် ရှိခိုးပါတယ်။ သံယုတ်နိကာယ် ဂဟဋ္ဌဝန္ဒနာသုတ်မှာ သိကြားမင်းက မိန့်တယ် - ဗြာဟ္မဏပုဏ္ဏား၊ ခတ္တိယာ၊ မဟာရဇ်၊ နတ်ကြီး ၃၀ကလည်း သိကြားမင်းကို ရှိခိုးကြပါတယ်။ သို့သော် သိကြားမင်းက သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်များတို့ကို ရှိခိုးတယ်လို့ ပြောထားပါတယ်။

၄။ လှူဒါန်းပြီး နတ်တွေကို အနုမောဒနာ (ဝမ်းသာဖို့) သာဓုခေါ်ဖို့ ဖိတ်ခေါ်တယ်ဆိုရင်လည်း နတ်တွေက ကာကွယ်ကြမယ်။ သီရိလင်္ကာမှာ အိမ်က ဆွမ်းကပ်ပြီး ဆွေမျိုးညာတိတွေကို အမျှဝေလိုက်ရင်တော့ "ကိုယ့်ပြုလုပ်ထားတဲ့ ကုသိုလ်မှ ဝမ်းသာပြီး ကာကွယ်ပါစေ"လို့ ဖိတ်ခေါ်ဆုတောင်းကြပါတယ် -

၅။ မေတ္တာဘာဝနာ ပွားရင်လည်း ကိုယ်စောင့်နတ်တွေက လာပြီး ကာကွယ်မယ်လို့ အင်္ဂုတ္တိုရ်နိကာယ် ၁၁ မေတ္တာနိသံသသုတ် မှာ မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။ မေတ္တာဘာဝနာ အားထုတ်ရင် ကောင်းကျိုး ၁၁ မျိုးရပါတယ်။ အဲဒီ ကောင်းကျိုး ၁၁ မျိုးမှာ တစ်မျိုးက "ဒေဝတာ ရက္ခန္တိ" (နတ်များ ကာကွယ်ကြမည်) လို့ ဖြစ်ပါတယ်။ ပိလိန္ဒဝစ္ဆမထေရ်ကြီးရဲ့ မေတ္တာစွမ်းအားက အင်မတန်မှ ကြီးမားပါတယ်။ အင်္ဂုတ္တိုရ်နိကာယ.......

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

လူသားတွေအနေနဲ့ ဘဝမှာရှိတဲ့ရက်က သုံးရက်ပဲရှိပါတယ်အဲဒီသုံးရက်ထဲမှာ ကိုယ်ပိုင်ဆိုင်တာတစ်ရက်ပဲ ပိုင်ဆိုင်တယ်။သုံးရက်ဆိုတာ......
05/10/2020

လူသားတွေအနေနဲ့
ဘဝမှာရှိတဲ့ရက်က သုံးရက်ပဲရှိပါတယ်
အဲဒီသုံးရက်ထဲမှာ ကိုယ်ပိုင်ဆိုင်တာ
တစ်ရက်ပဲ ပိုင်ဆိုင်တယ်။

သုံးရက်ဆိုတာ...
မနေ့ကရယ် ဒီနေ့ရယ် မနက်ဖြန်ရယ်
Yesterday Today Tomorrow
မနက်ဖြန်ဆိုတာ သူက ဘယ်တော့မှရောက်မလာဘူး
မနေ့ကဆိုတာလည်း ဘယ်တော့မှ သူ့ကို
ပြန်ပြီးတော့ဖမ်းဆွဲလို့မရတော့ဘူး။

အဲဒါကြောင့် တကယ်ရှိတာက
အခုလက်ရှိ ပစ္စုပ္ပန်အခြေအနေပဲ။

ပစ္စုပ္ပန်အခြေအနေကို
ထိထိမိမိအသုံးပြုနိုင်တဲ့ပုဂ္ဂိုလ်က
ကမ္ဘာကျော်သွားတာပဲ။

အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
(၁၈.၁၂.၂၀၁၉) (ရန်ကုန်)

(မိနစ်တိုင်းမှာဘဝတန်ဖိုးများစေဖို့ တရား‌တော်မှ)

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

မေတ္တာဆိုတာ“သတ္တာနံ မနာပဘာဝ ဒဿနပဒဋ္ဌာနာ” တဲ့။ လူတွေရဲ့ ကောင်းတဲ့အရာတွေကို မြင်တတ်တာတဲ့။ တနည်းအားဖြင့်ပြောမယ်ဆိုရင် အကောင...
05/10/2020

မေတ္တာဆိုတာ
“သတ္တာနံ မနာပဘာဝ ဒဿနပဒဋ္ဌာနာ” တဲ့။

လူတွေရဲ့ ကောင်းတဲ့အရာတွေကို
မြင်တတ်တာတဲ့။

တနည်းအားဖြင့်ပြောမယ်ဆိုရင်
အကောင်းမြင်ဝါဒကို
“မေတ္တာ” လို့ခေါ်တာ။

အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
(၁၈.၁၂.၂၀၂၀) (ရန်ကုန်)

(မိနစ်တိုင်းမှာဘဝတန်ဖိုးများစေဖို့ တရား‌တော်မှ)

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

အကောင်းမြင်ဝါဒ ရှိတယ်မရှိဘူးဆိုတာက ဘဝရဲ့တန်ဖိုး ရှိတယ်မရှိဘူးဆိုတဲ့ဟာကို ဆုံးဖြတ်ပေးတယ်။ဒါကြောင့် နေမကောင်းနေတဲ့အချိန်မှ...
05/10/2020

အကောင်းမြင်ဝါဒ
ရှိတယ်မရှိဘူးဆိုတာက
ဘဝရဲ့တန်ဖိုး
ရှိတယ်မရှိဘူးဆိုတဲ့ဟာကို
ဆုံးဖြတ်ပေးတယ်။

ဒါကြောင့်
နေမကောင်းနေတဲ့အချိန်မှာတောင်မှ
အကောင်းမြင်ဝါဒ
ကိုယ့်လက်ထဲမှာရှိနေသေးတယ်ဆိုရင်
ဘဝရဲ့တန်ဖိုးက
နေ့တိုင်းနေ့တိုင်း ဒီထက်ပိုပြီး
တိုးတက်စေဖို့ပဲရှိတယ်။

အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
(၁၈.၁၂.၂၀၂၀) (ရန်ကုန်)

(မိနစ်တိုင်းမှာဘဝတန်ဖိုးများစေဖို့ တရား‌တော်မှ)

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

လူမှာအရှိန်ဓါတ်ဆိုတာ ရှိကြပါတယ်။တနည်းအားဖြင့်ဘုန်းရှိန် ကံရှိန်ပေါ့…သူတစ်ပါးကိုသွားပုပ်လေလွင့်ပြောတတ်တဲ့သူဟာ ကိုယ်ရောင်က...
05/10/2020

လူမှာ
အရှိန်ဓါတ်ဆိုတာ ရှိကြပါတယ်။
တနည်းအားဖြင့်
ဘုန်းရှိန် ကံရှိန်ပေါ့…

သူတစ်ပါးကို
သွားပုပ်လေလွင့်ပြောတတ်တဲ့သူဟာ
ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန်သွားတယ်။

သူတစ်ပါးကို ဂုဏ်သတင်းမှေးမှိန်အောင်
သိက္ခာကျသွားအောင်
လုပ်ချင်တဲ့ စေတနာဇောတွေကြောင့်
ကိုယ့်မှာလည်း
ကံရှိန်တွေ သေးသိမ်မှေးမှိန်စေခြင်းပါ။

သူများမကောင်းကြောင်း ပြောလွန်းသူဟာ
ကိုယ်အရှိန်တွေ ဆုတ်ယုတ်နေပါတယ်။

သူများမကောင်းကြောင်းပြောတတ်သူတွေရဲ့
မျက်နှာ
ကိုယ်အမူအရာတွေကို
သတိထားပြီး ကြည့်ကြည့်ရင်
သိပ်သိသာပါတယ်။

ချမ်းသာမှန်သမျှ လိုချင်ရင်
သူများအတင်း မပြောနဲ့ တဲ့။

ဘုရားရှင်က ဒီလို ဆုံးမထားတာနော်။

သူများအတင်း သူများအကြောင်းထက်
အကုသိုလ် ကင်းလား မကင်းလားဆိုတာ
ကိုယ့်ကိုယ်ကိုကြည့်ပြီး
ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး ဝေဖန်နေတာ
အကောင်းဆုံးပဲ။

သူတစ်ပါးတို့ရဲ့ မလျော်သော အပြစ်
အနာအဆာတို့ကို ကြည့်မနေပါနဲ့။
သူ ကောင်းတာ လုပ်သလား
မကောင်းတာတွေ လုပ်နေတာလားဆိုတာ
လိုက်လံ ကြည့်ရှုမနေပါနဲ့။
ကိုယ် ကောင်းတာလုပ် မလုပ်ကိုပဲ
အမြဲမပြတ် ကြည့်ပါ၊
ကိုယ့်စိတ်ကိုသာ အမြဲ စစ်ဆေးနေပါ တဲ့။

ပြီးရင်
အတင်းပြောဝါသနာပါသူကိုလည်း ရှောင်ပါ။

အတင်းအဖျင်းပြောတတ်တဲ့
အသိုင်းအဝန်းမှလည်း
တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။

ဒီ gossip
အတင်းအဖျင်း ပြောနေတဲ့အချိန်
ဒီ အဆင့်အတန်းနိမ့်တဲ့စိတ်ကို
ပြန်ကြည့်ကြည့်ပါ။

အေးချမ်း ကြည်လင်နေသလားလို့

ကိုယ်အတင်းပြောချိန်ဟာ
တစ်ဖက်လူ ဂုဏ်တော်ပွားနေချိန်တို့
မေတ္တာပွားနေချိန်တို့
တရားနာချိန်တို့
ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေချိန်တို့
ကောင်းမှုကုသိုလ်လုပ်နေချိန်နဲ့ တိုးတယ်ဆိုရင်
ကိုယ့်မှာ ပို ကြောက်စရာကောင်းပါတယ်။

ပါချုပ်ဆရာတော်ကြီး

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

"သီတဂူဆရာတော်ဘုရားကြီး၏အဖိုးတန်စကားများ"Credit to Original Uploader  #ဘုရား #တရား #ဗုဒ္ဓ #ဓမ္မ
05/10/2020

"သီတဂူဆရာတော်ဘုရားကြီး၏
အဖိုးတန်စကားများ"

Credit to Original Uploader

#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

မှားနေတဲ့သူက မှန်နေတဲ့သူကိုမုန်းပြီးမှန်နေတဲ့သူက မှားနေတဲ့သူကိုသနားတယ် တဲ့။သူက အမှားလုပ်ပြီး ဘာကြောင့်မုန်းရလဲတကယ်က သူ့သ...
05/10/2020

မှားနေတဲ့သူက မှန်နေတဲ့သူကိုမုန်းပြီး
မှန်နေတဲ့သူက မှားနေတဲ့သူကိုသနားတယ် တဲ့။

သူက အမှားလုပ်ပြီး ဘာကြောင့်မုန်းရလဲ
တကယ်က သူ့သိက္ခာအတွက် သူ လိပ်ပြာမလုံလို့။

သူရဲ့ ကိုယ့်အပေါ်ထားတဲ့ အမုန်းတရားတွေကိုကြည့်ပြီး
ကိုယ်က ဘာကြောင့် သူ့အပေါ် သနားနေရတာလဲ
တကယ်က သူ့အမှားတွေအတွက် သူပြန်ပေးဆပ်ရမယ့်
ဝဋ်ကြွေးတွေကို ကိုယ်က ကြိုပြီး ခံစားသိမြင်နေရလို့ပါ။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။🙏

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

05/10/2020

ကရုဏာစိတ် နောက်ပြီးတော့ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ ဒီဂုဏ်တော်တွေပွားများလို့ ရရှိလာတဲ့ ကုသိုလ်ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး၊ ကမ္ဘာသူကမ္ဘာသားများအားလုံး တွေ့ကြုံနေရတဲ့ ကပ်ရောဂါကြီး မြန်မြန်ကျော်လွှားနိုင်ပါစေ။

လူတိုင်းလူတိုင်း ကံကောင်းကြပါစေ။

ကျန်းမာကြပါစေ။

အခက်အခဲများကို ကျော်လွှားနိုင်ကြပါစေ။

ယံကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ခယံ ဝိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
န တနေ ဓမ်မနေ သမတ်ထိ ကိဉ်စိ၊
ဣဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယံ ဗုဒ္ဓသေဌော ပရိဝဏ္ဏယီ သုစိံ၊
သမာဓိ မာနန်တရိကညမာဟု
သမာဓိနာ တေန သမော န ဝဇ္ဇတိ၊
ဣဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္တာ၊
စတ္တာရိ ဧတာရိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတသေု ဒိန်နာနိ မဟပ်ဖလာနိ။
ဣဒမ်ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယခုဆိုအပ်သော ဗုဒ္ဓ ဓမ္မ သံဃာ ပေါ်မှာသစ္စာဆို၍ ပြုအပ်သော အဓိဋ္ဌာန်ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကြုံတွေ့ဆဲ ကြုံတွေ့မယ့် ဘေးရန်အန္တရာယ်များကိုလည်းပဲ အခက်အခဲများကိုလည်းပဲ စုပေါင်းအင်အားနဲ့ ကရုဏာစိတ်နဲ့ ကျော်လွှားနိုင်ကြပါစေ။
..

လူတိုင်းလူတိုင်း အသက်တစ်ရာ သက်ရှည်ကျန်းမာစွာဖြင့် မိမိကောင်းကျိုး သူတစ်ပါးကောင်းကျိုး တိုင်းပြည်ကောင်းကျိုး လောကကောင်းကျိုး တိုး၍တိုး၍ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။

ကမ္ဘာသူ ကမ္ဘာသားအားလုံး ငြိမ်းချမ်းကြပါစေ၊ ကျန်းမာကြပါစေ။ စုပေါင်းပြီးတော့ စိတ်ဓါတ်အင်အား စီးပွားရေးအင်အား ခန္ဓာကိုယ်အင်အား လူမူရေးအင်အား မေတ္တာတရားနဲ့ ကရုဏာတရားနဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပြီးသကာလ အားလုံးကြီးပွားကြပါစေ။

သာဓု၊ သာဓု၊ သာဓု။

အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

စိတ်အေးချမ်းလိုလျှင် မြင်တွေ့သမျှ ကြားသိသမျှကိုအလွယ်မခံစားပါနဲ့။အရာရာကိုအကောင်းဘက်က ရှုမြင်ပေးလိုက်ပါ။အရှင်စန္ဒသီရိ (သာဝ...
05/10/2020

စိတ်အေးချမ်းလိုလျှင်
မြင်တွေ့သမျှ ကြားသိသမျှကို
အလွယ်မခံစားပါနဲ့။

အရာရာကို
အကောင်းဘက်က ရှုမြင်ပေးလိုက်ပါ။

အရှင်စန္ဒသီရိ (သာဝ)

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

“ဝစီဒုစရိုက် ၄ ပါး ”•••••••••••••••••ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းကြောင့်...~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“ မှီ...
05/10/2020

“ဝစီဒုစရိုက် ၄ ပါး ”
•••••••••••••••••
ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းကြောင့်...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော
ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းသည်
ငရဲ၌ ဖြစ်စေတတ်၏၊
တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊
ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊
ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၏
အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား
မနှစ်သက်ဖွယ်သော အသံကို ဖြစ်စေတတ်၏။ ”

ကုန်းတိုက် စကားကို ပြောဆိုခြင်းကြောင့်...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော
ကုန်းတိုက် စကားပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊
တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊
ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊
ကုန်းတိုက်စကား ပြောကြားခြင်း၏
အပေါ့ဆုံး အကျိုးသည် လူဖြစ်သောသူအား
အဆွေခင်ပွန်းတို့နှင့် ကွဲပြားခြင်းကို ဖြစ်စေတတ်၏။ ”

မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းကြောင့်...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ မှီဝဲအပ်ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော
မဟုတ်မမှန် စကားကို ပြောခြင်းသည်
ငရဲ၌ဖြစ်စေတတ်၏၊
တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊
ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊
မဟုတ်မမှန်သော စကားကို ပြောခြင်း၏
အပေါ့ဆုံး အကျိုးသည် လူဖြစ်သောသူအား
မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲခံရခြင်းကို ဖြစ်စေတတ်၏။ ”

#သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းကြောင့်...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ
ပုအပ်သော သိမ်ဖျင်းသော စကားကို ပြောခြင်းသည်
ငရဲ၌ ဖြစ်စေတတ်၏၊
တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊
ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊
သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း၏
အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား
သူတစ်ပါးတို့ မနာယူအပ်သော စကားရှိသည်ကို ဖြစ်စေတတ်၏။

(၁ဝ - ဒုစ္စရိတဝိပါကသုတ်၊ ဒါနဝဂ်၊
အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

နှုတ်ပြစ်မှု ကျူးလွန်သူ▄▄▄▄▄▄▄▄▄▄▄▄▄▄ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းသူနှင့်ချီးမွမ်းထိုက်သူကို ကဲ့ရဲ့သူ၊ဤနှစ်ဦးသည်နှုတ်ပြစ်ကျ...
05/10/2020

နှုတ်ပြစ်မှု ကျူးလွန်သူ
▄▄▄▄▄▄▄▄▄▄▄▄▄▄

ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းသူနှင့်
ချီးမွမ်းထိုက်သူကို ကဲ့ရဲ့သူ၊

ဤနှစ်ဦးသည်
နှုတ်ပြစ်ကျူးလွန်သူများဖြစ်၍
ဆိုးကျိုးကိုခံစားရမည်။

အမှန်မသိပဲ ကဲ့ရဲ့ခြင်း / ချီးမွမ်းခြင်းကို
မပြုမိအောင် သတိထားသင့်သည်။ (အင်္ဂုတ္တရ)
———————————
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ၁၅ ဩဂုတ်၂၀၂၀ အဆုံးအမဩဝါဒ
“နှုတ်ပြစ်မှု ကျူးလွန်သူ"

Credit to အမှတ်တရ ဓမ္မဒါန -> DhammaThuTa


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

"အဆိုးထဲမှာ အကောင်းရှာခြင်း"ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေလို့ အခြေအနေဆိုးတဲ့အခါစိတ်ဓါတ်ကျမယ်၊ မကျေမနပ်ဖြစ်နေမယ်၊မူးယစ်ဆေးဝါး...
04/10/2020

"အဆိုးထဲမှာ အကောင်းရှာခြင်း"

ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေလို့ အခြေအနေဆိုးတဲ့အခါ
စိတ်ဓါတ်ကျမယ်၊ မကျေမနပ်ဖြစ်နေမယ်၊
မူးယစ်ဆေးဝါးဖြင့် မေ့ဖို့ကြိုးစားမယ်၊
အပျော်အပါးဖြင့် အချိန်ကို ကုန်လွန်စေမယ်ဆိုရင်
အဆိုးကို ပိုဆိုးစေမှာသာ ဖြစ်ပါလိမ့်မယ်။

အဆိုးထဲမှ သင့်စိတ်ကို ရုန်းထွက်နိုင်အောင်
ကြိုးစားလိုက်ပါ။

ယခင်က အလုပ်မအားလို့ မလုပ်နိုင်ခဲ့တဲ့
မိမိနေအိမ် သန့်ရှင်းခြင်း၊ ဘုရားရှိခိုးခြင်း၊
တရားနာခြင်း၊ တရားစာဖတ်ခြင်း၊ တရားစာသင်ခြင်း၊
တရားထိုင်ခြင်းတို့ကို အချိန်ပြည့်ကြိုးစားကြည့်ပါ။

ကုသိုလ်စွမ်းအား တိုးပွားလာလေ
သင်ကံကောင်းလာလေ ဖြစ်ပါလိမ့်မယ်။

ဘယ်အရာမှအခုလုပ်အခုမရနိုင်ပါ။
အချိန်တစ်ခုတော့ စောင့်ရပါမည်။
ကြိုးစားကြည့်ပါ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
(01 Oct, 2020)

(မိတ်ဆွေများအား ပြန်လည်မျှဝေကာ
ကုသိုလ်ယူနိုင်ပါသည်ခင်ဗျာ။)

Credit to Original Uploader


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ်မ

04/10/2020

အိမ်တွင်းသာယာမှု
(အရှင်သုစိတ္တ မော်ကျွန်း)
ကြာချိန် - ၇ မိနစ်


#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ်မ

01/10/2020

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော် 🙏

အန္တရာယ်ကင်းစေနိုင်ရန်အတွက် ပဋ္ဌာန်းတော်ကို
ရွတ်ဖတ်ပူဇော်ရန် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

စီးပွားဥစ္စာများ ဒီရေအလား ပေါကြွယ်ဝကြပါစေ။

Credit to သုတရသဟာသမျက်ဝန်း



#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ
#ပဋ္ဌာန်း

01/10/2020

မမျှော်လင့်ရင် ငြိမ်းချမ်းမယ်
(အရှင်သုစိတ္တ မော်ကျွန်း)
ကြာချိန် - ၅ မိနစ်



#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

" စကား မများပါနှင့် " 🙏🙏🙏မိမိစကားကြောင့် မိမိ ဒုက္ခမရောက်ရအောင်မလိုအပ်ဘဲ စကားတွေပြောတာကို ရှောင်ဖို့လိုပါတယ်။စကားများတာဟ...
28/09/2020

" စကား မများပါနှင့် " 🙏🙏🙏

မိမိစကားကြောင့် မိမိ ဒုက္ခ
မရောက်ရအောင်မလိုအပ်ဘဲ
စကားတွေပြောတာကို ရှောင်ဖို့လိုပါတယ်။

စကားများတာဟာ မကောင်းပါဘူး။
စကားများရင်အမှားများတတ်တယ်။

ဗဟုဘာဏိသုတ် (အင်္ဂုတ္တိုရ်)မှာ
စကားများခြင်းအပြစ်ကို ငါးမျိုးတောင်
ဟောထားတယ်။

၁။ မဟုတ်မမှန်တာကို ပြောမိတတ်တယ်။
(ပြောပါများတော့ အပိုအလိုတွေ ပါကုန်)

၂။ ကုန်းစကားကို ပြောမိတတ်တယ်။
(ငါကမင်းကို ပိုခင်ပါတယ်ဆိုတာ
သိစေချင်တော့ သူများရဲ့
မကောင်းကြောင်း ပြောရင်း

“သူတို့က မင်းအပေါ် ကောင်းတာ
မဟုတ်ဘူး”စသဖြင့်ကုန်းစကား
ဖြစ်မှန်းမသိ ဖြစ်သွားတတ်တယ်)

၃။ ကြမ်းတမ်းသော စကားကို
ပြောမိတတ်တယ်။
(ပြောရင်းပြောရင်းနှင့် စိတ်ပါသွားပြီး
စိတ်လိုက်မာန်ပါဖြစ်ကာ စကားကြမ်းတွေ
ပြောမိတတ်တယ်)

၄။ ပြိန်ဖျင်းသောစကားကို ပြောမိတတ်တယ်။
(စကားများပြီ ဆိုမှတော့ ပြိန်ဖျင်းတာက
ပါတာပဲ များတယ်။)

၅။ သေပြီးနောက် အပါယ်ငရဲကို
ကျတတ်တယ်။
(စကားကမှားရင် မှားသလောက်
သူတစ်ပါးကိုထိခိုက်ရင် ထိခိုက်
သလောက် ပေးဆပ်ရတတ်တယ်။)

ဒါကြောင့် ကိုယ့်စကားကြောင့်
ကိုယ် ဒုက္ခမရောက်ရအောင်

စကားပြောမယ်ဆိုရင် သတိထားပြီး
ထိန်းထိန်းသိမ်းသိမ်း ပြောသင့်တယ်။

🙏 သစ္စာရွှေစည်ဆရာတော်🙏

Credit to Original Uploader




#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

25/09/2020

"မေတ္တာမှတစ်ပါး အခြားရွေးစရာမရှိပြီ"

Credit to အောက်စဖို့ဒ်ဆရာတော်
ဘဒ္ဒန္တ ပါမောက္ခ ဒေါက်တာဓမ္မသာမိ 🙏🙏🙏


#ဗုဒ္ဓ
#ဓမ္မ
#ဘုရား
#တရား

ကျန်းမာရေးကအကောင်းဆုံးဝင်ငွေပဲ။အောက်စဖို့ဒ်ဆရာတော်ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ(၁၃.၉.၂၀၂၀) (ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်) ...
25/09/2020

ကျန်းမာရေးက
အကောင်းဆုံး
ဝင်ငွေပဲ။
အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
(၁၃.၉.၂၀၂၀) (ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်)
(Leadership in the Challenging Times တရားတော်မှ)

Credit to အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ




#ဘုရား
#တရား
#ဗုဒ္ဓ
#ဓမ္မ

Address


Website

Alerts

Be the first to know and let us send you an email when Peaceful Mind with Buddha and Dhamma တရားသည်သာ အေးချမ်းရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share