Thet hnin phyu

  • Home
  • Thet hnin phyu

Thet hnin phyu ดู อยู่ ใช่ ไหม
ถ้า ดู อยู่
อยาก บอก ให้รู้
ว่าคิดถึง❤️‍🩹🥀

19/12/2023

ဘာမှရေးမနေတော့ဘူး🥀
စာသားတိုင်းထိရှ💔❤️‍🩹

19/12/2023

ချစ်လာအောင်သာ မဆွဲဆောင်တတ်တာ

စောက်မြင်ကပ်အောင် လုပ်တဲ့
နေရာမှာတော့Another Levelပဲ😁

ပြန်ယူစရာလားဟယ်😂
19/12/2023

ပြန်ယူစရာလားဟယ်😂

သကြား မှတ်လို့ ...  ကိုယ်ကြိုက်တဲ့ ကော်ဖီထဲ ထည့်ခဲ့တာ ...ဆား မှန်း သိပြီးမှတော့ ... ကျိတ်မှိတ် မြိုချနေမဲ့အစား ... သွန်ပ...
17/12/2023

သကြား မှတ်လို့ ... ကိုယ်ကြိုက်တဲ့
ကော်ဖီထဲ ထည့်ခဲ့တာ ...

ဆား မှန်း သိပြီးမှတော့ ... ကျိတ်မှိတ်
မြိုချနေမဲ့အစား ... သွန်ပစ်လိုက်တာ
ပိုကောင်းပါတယ် ...

ကော်ဖီ ... အသစ်တစ်ခွက် ...
ထပ်သောက်မယ် ..
ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း
ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် ....

မသင်ယူတတ်ခဲ့တုန်းကတော့ ....
ဒဏ်ရာ လို့ထင်တယ်
သင်ယူတတ်သွားတော့ ...
သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ...

သကြားယောင်ဆောင်သော ... ဆားတွေနဲ့ ...
ဝေးပါစေ။

Crd 🥀

17/12/2023

ဒီနှစ်ထဲတအားရိုင်းခဲ့တော့
နောက်နှစ်ထဲရောက်ရင်

ယု'တ်မာဖို့ပါ စိတ်ကူးထားတယ်:🥵🥵🥵

16/12/2023

❤️

16/12/2023

ကျွန်တော်မရင့်ကျက်သေးဘူးထင်ပါရဲ့
ကျောခိုင်းသွားတဲ့လူတစ်ယောက်ကို
မကြာခဏ လှည့်ကြည့်နေမိတယ်။

🥀🥀

ဖြစ်နိုင်ရင်မနက်ဖြန်တွေအကြောင်းအများကြီးမတွေးချင်ဘူးစိတ်ပင်ပန်းလေးလံစေမယ့်အရာတွေကိုလဲဘဝထဲသယ်ဆောင်မသွားချင်ဘူးလက်ရှိရှူရှ...
16/12/2023

ဖြစ်နိုင်ရင်
မနက်ဖြန်တွေအကြောင်းအများကြီးမတွေးချင်ဘူး
စိတ်ပင်ပန်းလေးလံစေမယ့်အရာတွေကိုလဲ
ဘဝထဲသယ်ဆောင်မသွားချင်ဘူး

လက်ရှိရှူရှိုက်နေတဲ့အသက်ရှူသံလေးထဲမှာဘဲ
ကျွန်တော့်ပစ္စုပ္ပန်တွေကို ထားထားလို့မရဘူးလား

ဆုံးရှူံးစရာတွေများခဲ့ရင်တောင်
ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့နေနိုင်တာ

နာကျင်စရာတွေပြည့်နှက်နေရင်တောင်
ပျော်နေသလိုဟန်ပန်မျိုးနဲ့နေနိုင်တာ

ပင်ပန်းစရာတွေနဲ့ရုန်းကန်နေရရင်တောင်
အဆင်ပြေနေတဲ့ပုံစံမျိုးနဲ့နေနိုင်တယ်ဆိုတာလဲ
ကိုယ့်အရည်အချင်းပဲမဟုတ်ဘူးလား

ကြေကွဲမှုကို
မိုးရေတွေအဖြစ်ပုံစံပြောင်းပြီး
ရွာချတော့မယ့်တိမ်တွေကိုလဲ
မပြိုကွဲပါနဲ့လို့ ဆုမတောင်းချင်ဘူး

မတည်မြဲမှု့ကို
ကြွေလွင့်ခြင်းအဖြစ်ပြောင်းမယ့်သစ်ရွက်တွေကိုလဲ
မူလသစ်ကိုင်းလေးကိုစွန့်ပြီး
ပစ်မသွားပါနဲ့လို့ ဟန့်မတားလိုဘူး

အရာရာဟာ
ဖြစ်ရိုးဖြစ်စဥ်တရားဓမ္မအတိုင်းပဲမို့

တွေ့ဆုံဖို့ကျန်သေးတဲ့ရေစက်တွေဆိုလဲ
အပြုံးမပျက်နှုတ်ဆက်လိုက်မယ်

လည်ဖို့ကျန်နေသေးတဲ့ဝဋ်ကြွေးတွေဆိုလဲ
ကျေကျေနပ်နပ်ကြီးပေးဆပ်လိုက်မယ်

ဘယ်သူ့ဆီကမှ
ဘယ်အရာတွေကိုမှတော့
ထွေထွေထူးထူးကြီး မျှော်လင့်မထားဘူး ။

🥀

16/12/2023

ကျွန်တော်တို့က ...
အမြဲတမ်း ဝေးဖို့ ခဏလေး နီးခဲ့ကြရုံပါ ...

အဲ့တာကို
အိပ်မက်တွေ အများကြီး
မက်ခဲ့မိတယ်
မျှော်လင့်ချက်တွေ အများကြီး
ထားခဲ့မိတယ် ။

ဘယ်တော့မှ
မဝေးတော့သလိုမျိုး
ယုံကြည်ခဲ့ဖူးတယ် ...

မမြဲခြင်းတရားတွေကို မေ့ပြီး
မင်းမှ မရှိရင်
ကိုယ့်ကိုယ်ကိုယ် မချစ်ချင်တော့လောက်အောင်
ရူးခဲ့ရုံပါ ...

ကျွန်တော်တို့က
အဝေးကြီး ဝေးကြဖို့
ခဏ နီးခဲ့ကြရုံပါ ...

🥀

15/12/2023

စချစ်ခဲ့ရတဲ့ရက်တွေကိုသဘောကျတယ်
မင်းအပြုံးလေးကို ​ခိုးကြည့်ပြီး
တိတ်တခိုးလေးငေးရရင် လုံလောက်ခဲ့တယ်
ပိုင်ဆိုင်ချင်တဲ့အထိ ချစ်မိသွားတာကိုကမှားခဲ့ပုံပါပဲ
တကယ်ဆို စချစ်ရုံနဲ့ရပ်ခဲ့သင့်ပါတယ်

မင်းကိုယ့်ကို အားနာစိတ်နဲ့
မကြည့်တော့ဘူးပေါ့ကွယ်

🥀🥀

09/12/2023

အခုနောက်ပိုင်း
ကိုယ့်ဘ၀ထဲကို ၀င်လာပြီး
ပြန်ထွက်မသွားစေချင်တာဆိုလို့
ပိုက်ဆံတွေပဲ‌ရှိ‌ေတာ့တယ်.... 🤗

တကယ်လို့တစ်နေ့နေ့မှာ မင်းတစ်ခြားတစ်ယောက်ကို တကယ်ချစ်သွားတဲ့အခါ'' ငါအာမခံတယ်မင်းကိုမြက်မြက်နိုးနိုးချစ်တဲ့လူပဲဖြစ်လိမ့်မယ...
08/12/2023

တကယ်လို့တစ်နေ့နေ့မှာ မင်းတစ်ခြားတစ်ယောက်ကို တကယ်ချစ်သွားတဲ့အခါ'' ငါအာမခံတယ်
မင်းကိုမြက်မြက်နိုးနိုးချစ်တဲ့လူပဲဖြစ်လိမ့်မယ်
🥀
T.H.P✍️

08/12/2023

အမျိုးတို့ရေ့ ပြောင်းလဲမှုတစ်ခုအသိပေးခြင်း
သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် TDCC(မဟာချိုင်)ရုံးပိတ်ရက်ပြောင်းလဲသတ်မှတ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများသိရှိစေရန်အသိပေးကြေညာပါသည်။
လို့ကြေညာထားတာတွေ့ရပါတယ်။
SurachaiMintun(SRC)

07/12/2023

ဘ၀ ပေးချစ်ခဲ့တဲ့ မိန်းကလေးကိုတန်းဖိုးထားတက်ပါစေ❤️

ဟုတ်မှာပါလေ
06/12/2023

ဟုတ်မှာပါလေ

' ဝေးပြီးတဲ့နောက်မှာ  'သူပျော်နေတယ်လို့ စိတ်ထဲမှာယုံထားလိုက်တယ်နောက်ထပ် ဘာမှမသိရ မတွေ့ရ မကြားရအောင် နေတယ်ကိုယ့်စိတ်ကို ပ...
06/12/2023

' ဝေးပြီးတဲ့နောက်မှာ '

သူပျော်နေတယ်လို့ စိတ်ထဲမှာ
ယုံထားလိုက်တယ်

နောက်ထပ် ဘာမှမသိရ မတွေ့ရ
မကြားရအောင် နေတယ်

ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်

တတ်နိုင်တဲ့အခါ ရယ်တယ်
မတတ်နိုင်တဲ့အခါ ငိုတယ်

မနေ့ကထက် ဒီနေ့ပိုလှအောင် ပြုံးတယ်
သတိရတဲ့အခါ ကြယ်တွေကို ငေးတယ်

အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း
ကြိုးစားလက်ခံလိုက်တယ်

မထိုက်တန်လို့ ဆုံးရှုံးခဲ့ရတာတွေအတွက်
ပိုင်ဆိုင်ခွင့်ရတဲ့သူကို မုဒိတာပွားတယ်

ကိုယ်ရခဲ့ဖူးတဲ့ တစ်ရာသီစာကို

တစ်သံသရာစာအတွက်
ကျေနပ်ရောင့်ရဲလိုက်တယ်

အမှတ်တရတချို့ ပြန်တွေ့ရရင်
ကိုယ့်memoryထဲမှာပဲ

ဘယ်သူမှ မမြင်အောင်
တိတ်တိတ်ကလေး သိမ်းထားတယ်

ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံး
အဖြစ်နဲ့ ကဗျာထဲမှာ သုံးရုံလောက်ပဲ

အာရုံရှိတော့တယ်

ဖြတ်မျဉ်းတစ်ကြောင်းလို
ကိုယ့်ဆီမှာ ခဏတာ

ရေစက်လာဆုံပေးတဲ့အတွက်လည်း
တစ်သက်စာ ကျေးဇူးတင်တယ်

ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့် တခမ်းတနားတော့ တိတ်ဆိတ်ပြချင်တယ်

Crd

ငါလဲ  ငါ့နည်းငါ့ဟန်နဲ့ ငါတတ်သလောက်ကြိုးစားပြီး ချစ်ခြင်းမေတ္တာကို ပြခဲ့ပါသေးတယ်မင်းပဲမမြင်သွားတာလား ဒါမှမဟုတ် ငါဆိုလိုတဲ...
28/11/2023

ငါလဲ ငါ့နည်းငါ့ဟန်နဲ့ ငါတတ်သလောက်
ကြိုးစားပြီး ချစ်ခြင်းမေတ္တာကို ပြခဲ့ပါသေးတယ်
မင်းပဲမမြင်သွားတာလား ဒါမှမဟုတ်
ငါဆိုလိုတဲ့အဓိပ္ပါယ်တွေကပဲ မင်းဆီမရောက်ခဲ့တာလားဆိုတာ
ငါ့ကိုယ်ငါလည်း နားမလည်တော့ဘူး
သေချာတာကတော့ မင်းဆီလာဖို့ငါအားထုတ်ခဲ့တယ်
မင်းနဲ့နီးဖို့ ငါသေသေရှာရှာရောက်လာခဲ့ဖူးတယ်ဆိုတာပါပဲ

ဒီလိုပါပဲ မဆုံဖို့ကံပါလာရင်
ချစ်ခြင်းတရားဟာလွဲကိုလွဲရပါတယ် ။

လပြည့်နေတောင် သူများဖုန်းခေါ်ပြောမှသိတယ်😂
28/11/2023

လပြည့်နေတောင် သူများဖုန်းခေါ်ပြောမှသိတယ်😂

သူများ‌တွေလပြည့်နေ့ မိမိ လပြည့်နေ့

27/11/2023

ပံ့သကူ ...

ထုတ်ပိုးစရာ
အလွမ်းတွေပဲ
ရှိတာမို့ ...

ကိုယ့်မှာ စနစ်တကျ
ပြန်သိမ်းထားရတယ်

ကောက်ယူမိတဲ့သူ
ငိုမှာစိုးလို့ ။

27/11/2023

‎တစ်ချက်လေးမှပြန်လှည့်မကြည့်ခဲ့လို့
မင်းကိုကျေးဇူးတင်ပါတယ် မဟုတ်ရင်
ချစ်လျက်နဲ့ ဝေးရတယ်လို့ ထင်မိအုံးမှာ 💔🥀

27/11/2023

ဆိုနေတဲ့ကောင်မလေးကိုLOVE🤘❤️🙂

24/11/2023

အချိန်တန်ရင်တော့ မင်းကို မေ့မှာပါ ...

အရင်ကဆို
သတိရတယ်ဆိုတာနဲ့
မင်းအသံလေး ကြားချင်လို့ဆိုတဲ့
အကြောင်းပြချက်တွေနဲ့
မင်းကို ဖုန်းဆက်ဖို့ ကြိုးစားမိတယ်

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
မအားသေးပါရှင်ဆိုတဲ့ စကားလုံးမှာပဲ
ကိုယ်ရှုံးရတာလေ

အရင်ကဆို
မင်း အဆင်ပြေရဲ့လားဆိုပြီး
တွေးမိရုံနဲ့
မင်းနဲ့ သိမယ့်လူတွေဆီ
အကျိုးအကြောင်းတွေ လှမ်းမေးဖြစ်တယ်

ပြီးတော့ ..
မင်း ဘာတွေလုပ်နေမလဲဆိုပြီး
ပြေးလဲ ပြေးကြည့်မိတယ်

ဒါပေမယ့်
အခုနောက်ပိုင်းတော့
အဲ့လိုတွေ မလုပ်ဖြစ်တော့ပါဘူး

မင်းကို လွမ်းတဲ့အခါ
သီချင်းလေးတစ်ပုဒ်နားထောင်ပြီး
မျက်ရည်တွေ ကျရုံပါပဲ

မင်းနဲ့ တွေ့ချင်တဲ့အခါ
မင်းနဲ့အတူရှိခဲ့ဖူးပါလားဆိုတဲ့
အတိတ်ကို ပြန်အမှတ်ရမိရုံပါပဲ

မင်း အသံလေး ကြားချင်တဲ့အခါ
အနှောင့်အယှက်ဖြစ်ပါလိမ့်မယ်ဆိုပြီး
ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်ရုံပါပဲ

အချိန်တန်ရင်တော့ မင်းကို မေ့မှာပါ ။

🥀

24/11/2023

နာကျင်ပြီး သွားတဲ့ခါ
အဲ့လူဟာ အရင်လို
ဘယ်တော့မှပြန်ဖြစ် မလာနိုင်တော့ဘူး ။

23/11/2023

အဆင်ပြေပါတယ်ပြောဖို့
တစ်ခါတစ်လေကျတော့လည်း
အဆင်မပြေတာတွေအားလုံးကို
မြိုချပစ်ခဲ့ရတာ ….

#သျှင်ယွန်း

ပျော်ရွှင်စေချင်ပါတယ်ဘယ်လိုရာသီဥတုမှာမဆိုခလုတ်မထိ ဆူးမငြိဘဲစိတ်ပင်ပန်းခြင်းတွေ ကင်းစေချင်ပါတယ်။ပြီးတော့သိပ်ချစ်တာကိုလည်း...
23/11/2023

ပျော်ရွှင်စေချင်ပါတယ်
ဘယ်လိုရာသီဥတုမှာမဆို
ခလုတ်မထိ ဆူးမငြိဘဲ
စိတ်ပင်ပန်းခြင်းတွေ ကင်းစေချင်ပါတယ်။

ပြီးတော့
သိပ်ချစ်တာကိုလည်း
သိစေချင်ပါတယ်...။

Crd 🥀

21/11/2023

ငါ့ကို မလိုတော့ဘူးဆိုတာသိပါတယ်
ငါလည်းမင်းကို မနှောက်ယှက်တော့ပါဘူး
တခုပဲ .....ကိုယ့်ကိုယ်ကိုတော့ ဂရုစိုက်ကွာ ။
🥀🥺

ကိုယ်မရှိလည်း ဖြစ်တယ်ဆိုတာသိလာခဲ့ပြီးနောက်ပိုင်းဘယ်သူ့အတွက်နဲ့မှ အရေးပါဖို့မကြိုးစားဖြစ်တော့ဘူးတစ်ယောက်တည်းလည်းနေတတ်လာတယ...
21/11/2023

ကိုယ်မရှိလည်း ဖြစ်တယ်ဆိုတာ
သိလာခဲ့ပြီးနောက်ပိုင်း
ဘယ်သူ့အတွက်နဲ့မှ အရေးပါဖို့
မကြိုးစားဖြစ်တော့ဘူး
တစ်ယောက်တည်းလည်းနေတတ်လာတယ်။

လောကကြီးကိုအပြစ်ဖို့ပြီး
ငိုကြွေးနေလို့မရဘူး...
ကိုယ်ရှင်သန်ရာ ကိုယ့်ဘဝမှာ
ကိုယ်သာလျှင် ပဲ့ကိုင်ရှင်ပဲ
ကိုယ်ထူ ကိုယ်ထနဲ့
ဒုက္ခပြဿနာ အမောတွေကြားမှာ
ဘဝကရိုးအီသွားတာပါပဲ။

ကိုယ်အနားမှာ ရှိနေဖို့
အတင်းကြီးတွဲ မထားတော့သလို့
ကိုယ့်အနားက ထွက်သွားမှာ ကြောက်လို့လည်း
ဆွဲမထားတော့ဘူး။

လူတိုင်းကပိုင်ဆိုင်ခွင့်ရရင်ကိုပဲ
ပြည့်စုံတယ်ထင်တတ်ကြတာ
တစ်ကယ်တော့ဘဝမှာ
ဘယ်အရာကမှ တစ်ကယ်မရှိပါဘူး
အရာအားလုံးက ခဏလေးပါပဲ။
နေရတဲ့ အခိုက်အတန့်မှာ
ကျေနပ်နေဖို့ပါပဲ။ ။

🥀

19/11/2023

နေချင်သောType ❤️

19/11/2023

ပြန်တွေးရင် ပြုံးမိတယ်
အတိတ်မှာ ကျွန်တော်တို့နှစ်ယောက်
အတော်လေးချစ်ခဲ့ကြတာပဲ။

16/11/2023
05/11/2023

အဆင်ပြေအောင်နေမယ်...
မဖြစ်နိုင်တာတွေကို မမျှော်လင့်တော့ဘူး။

ခင်ဗျားကိုလည်း မချစ်တော့ဘူး။

🍁💌

စိတ်ဆင်းရဲ မခံနိုင် ' စိတ်ရှုပ်မခံနိုင်ရင် တစ်ယောက်တည်းနေတာ အကောင်းဆုံးပဲ တခါတစ်လေတော့ အထီးကျန်ရလိမ့်မယ်ဒါပေမဲ့ မပူလောင်...
22/07/2023

စိတ်ဆင်းရဲ မခံနိုင် ' စိတ်ရှုပ်မခံနိုင်ရင်
တစ်ယောက်တည်းနေတာ အကောင်းဆုံးပဲ

တခါတစ်လေတော့ အထီးကျန်ရလိမ့်မယ်
ဒါပေမဲ့ မပူလောင်ဘူး အာရုံမနောက်ဘူး

နောက်ပြီး သေချာတာတစ်ခုကလည်း
ကိုယ့်ကို ဘယ်သူမှပျော်အောင်မထားနိုင်ဘူး
ကိုယ့်ဘာသာပဲ ပျော်အောင်နေတတ်ရမယ်
🍂

အရာအားလုံးဟာ ကိုယ့်အလိုကျကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ဖြစ်နေတာမှ မဟုတ်တာ ။ဒီလိုလေး နားလည်ထားရင် စိတ်သက်သာရာ ရနိုင်တယ် ။🤍...
22/07/2023

အရာအားလုံးဟာ ကိုယ့်အလိုကျ
ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း
ဖြစ်နေတာမှ မဟုတ်တာ ။

ဒီလိုလေး နားလည်ထားရင်
စိတ်သက်သာရာ ရနိုင်တယ် ။
🤍🌻

ရှင်သန်နေ့တဲ့တစ်ရက်တော့ ဘယ်သူ့ကိုမှစိတ်မဆိုးပဲနေချင်တယ်ဘယ်အရာကိုမှမဖက်တွယ်သလိုဘယ်အရာကိုမှလည်းဖမ်းယူဆုပ်ကိုင်ထားနိူင်ဖို့...
22/07/2023

ရှင်သန်နေ့တဲ့တစ်ရက်တော့ ဘယ်သူ့ကိုမှ
စိတ်မဆိုးပဲနေချင်တယ်
ဘယ်အရာကိုမှမဖက်တွယ်သလို
ဘယ်အရာကိုမှလည်းဖမ်းယူဆုပ်ကိုင်ထားနိူင်ဖို့
မမျှော်လင့်တော့ဘူး။

ဘယ်အရာကိုမှလည်းကြိုပြီးမျှော်လင့်မထားပါနဲ့
ဖြစ်မလာတဲ့အခါအရမ်းပင်ပန်းတယ်။

အခုနောက်ပိုင်းကိုပျော်ရွှင်စရာလေးတွေပိုလုပ်ဖြစ်တယ်
စိတ်ချမ်းသာအောင်ပဲနေဖြစ်တယ်။

စိတ်ချမ်းသာလာတဲ့အခါအပြုံးတွေဟာ
ပိုဝေဆာလာတယ်ပိုလန်းဆန်းလာတယ်။

အပြုံးတွေပိုဝေဆာလာပြီဆိုရင်
စိတ်နေစိတ်ထားတွေကလည်းပြောင်းလဲလာပါလိမ့်မယ်။

ဒါကြောင့်မို့အရာအားလုံးအပေါ်မှာလွတ်ချတတ်ပါစေ
အတတ်နိူင်ဆုံးသောကနည်းပါစေ
ပူလောင်မှုနည်းပြီး
ချစ်ခြင်းမေတ္တာအပေါ်မှာသက်ဝင်ပါစေ။

ချစ်ခြင်းမေတ္တာတွေသာသယ်ဆောင်လာပါ
အရာအားလုံးအေးချမ်းပါတယ်။
21.7.2023
Crd... 🥀

တနေ့တော့ ကျ‌ေနာ်တို့လဲတစ်စုံတစ်ယောက်ရဲ့ ကမ္ဘာကြီးဖြစ်လာအုံးမှာပါ❤️🥀
18/07/2023

တနေ့တော့ ကျ‌ေနာ်တို့လဲ
တစ်စုံတစ်ယောက်ရဲ့ ကမ္ဘာကြီးဖြစ်လာအုံးမှာပါ❤️🥀

❤️🥀
18/07/2023

❤️🥀

18/07/2023

🥀

Address


Website

Alerts

Be the first to know and let us send you an email when Thet hnin phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share