Dawna TV

Dawna TV For Education and Entertainment
(1)

ဒါလေးကလေ 💃🏼 မြေပြင်မှာလည်း မြန််မာ့သဘင် ဖျော်ဖြေပွဲ လုပ်မယ်(Free Entry)📺 Online Live လည်း လွှင့်မယ် (Free Show)🥇🥈🥉 SDB ရ...
18/01/2024

ဒါလေးကလေ

💃🏼 မြေပြင်မှာလည်း မြန််မာ့သဘင် ဖျော်ဖြေပွဲ လုပ်မယ်
(Free Entry)

📺 Online Live လည်း လွှင့်မယ် (Free Show)

🥇🥈🥉 SDB ရွှေသား ၆ ကျပ်သား လည်း
ပွဲမှာ တခါတည်း မဲဖောက်မယ်
(ဒါတော့ ကံစမ်းမဲ လက်မှတ်လေးတွေ ဝယ်ပေးကြပါ)

✅ ရလာမှာတွေကို ဘယ်ကို စီးဆင်းမှာလဲ
မေးစရာ မလို၊ သိတယ်ဟုတ်.??

ကံစမ်းမဲလက်မှတ်လေးတွေကို ဝယ်ယူနိုင်မယ့် နိုင်ငံအလိုက် Links တွေကို ဒို့ကမ်ပိန်း Page ကတဆင့် ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်နော်...

https://www.facebook.com/dohcampaign.2.0?mibextid=LQQJ4d

မေး မေး၊ မမေး မေးတစေ့တစောင်း လေး ပြောပြချင်ပါတယ်===========================အချိန်မရှိလို့ အတိုချုပ် ဖတ်ချင်ရင် -⚠️ မြန်မ...
18/01/2024

မေး မေး၊ မမေး မေး
တစေ့တစောင်း လေး ပြောပြချင်ပါတယ်
===========================

အချိန်မရှိလို့ အတိုချုပ် ဖတ်ချင်ရင် -
⚠️ မြန်မာ့ သဘင် အနုပညာဖျော်ဖြေပွဲ +
ကံစမ်းမဲ အစီအစဉ်

⚠️ ဖျော်ဖြေပွဲ က မြေပြင်မှာလည်း တကယ် ကမယ်၊
Online ကနေလည်း တခါတည်း live ပြမယ်
(၂ ခုလုံး က Free Show)

⚠️ ကံစမ်းမဲ အစီအစဉ် အဖြစ်
(ကျပ်ငွေ သိန်း ၂၄၀ ခန့် တန်ဖိုးရှိ)
SDB ရွှေသားတွေ နဲ့ အထူးဆုတွေကို
ဖျော်ဖြေပွဲ အတွင်းမှာ live မဲနှိုက်ရွေးချယ်မယ်
(တကယ် ပေးမှာ၊ ဘုရား လည်း ပြန်မတည်ခိုင်းဘူး၊
အလှူလည်း ပြန််မခံဘူး စိတ်ချ 👌)

⚠️ ကံစမ်းမဲ လက်မှတ်တွေကို
နိုင်ငံတကာက အရောင်းကိုယ်စားလှယ်တွေဆီမှာ
ဝယ်ယူလို့ ရပါတယ်

⚠️ ရလာသမျှကို နေရာဒေသ အစုံအလင်က
စိစစ်ပြီးသား မြေပြင်အဖွဲ့အစည်းအသီးသီး ကို
တိုက်ရိုက် ပေးပို့ပါမယ်
(တစ်ပြားတစ်ချပ်မကျန် စာရင်းပြန်လည် တင်ပြပါမယ်)

⚠️ ဘက်ပေါင်းစုံကနေ အကျိုးရှိစေမယ့်
အစီအစဉ်ပေါင်းချုပ်ကြီး တစ်ခုပါ

===============================

အချိန်ရလို့ ခပ်ရှည်ရှည် ဖတ်ချင်ရင်……

❓ရောင်နီဖျိုးဖျ အလင်္ကာည ဆိုတာ ဘာလဲ.?
✅ မောပန်းကြရတဲ့ ဒီ ၃ နှစ်တာ ကာလမှာ
အားလုံးရဲ့အမောတွေလည်း
ခဏတာ ဖြစ်ဖြစ် ပြေပျောက်ရအောင်၊
မြန်မာ့ သဘင် အနုပညာအစစ်အမှန် ကိုလည်း
ခံစား သက်ဝင် ကြည့်ရှုလို့ရအောင်၊
ရှေ့ဆက်ရမယ့် ခရီးကြမ်းအတွက်လည်း
အထောက်အပံ့ကောင်းတွေ ရရှိအောင်
ခုလို ရောင်နီ စတင် မြင်နေရတဲ့ အချိန်မှာ
စီစဉ်တင်ဆက်လိုက်တဲ့
အနုပညာဖျော်ဖြေပွဲ + ကံစမ်းမဲအစီအစဉ် ဖြစ်ပါတယ်။

❓အနုပညာစျေးဗန်း ဆိုတာကရော.?
✅ စစ်မှန်တဲ့ မြန်မာ့အနုပညာ တွေကို စျေးဗန်းထဲမှာလို
စုံစုံလင်လင် မြင်ရမှာက တပိုင်း၊
ဒီ အနုပညာပွဲကနေရမယ့် အထောက်အပံ့တွေက
ရှေ့ဆက်ရမယ့် ခရီးကြမ်းအတွက်
နေရာဒေသ အဖွဲ့အစည်း အစစ်အမှန်တွေ ထံသို့ တိုက်ရိုက် စုံလင်အောင် ပံ့ပိုးပေးနိုင်မှာမို့
အနုပညာအား က ထမ်းရွက်မယ့် စျေးဗန်း အဖြစ်
တင်စားလိုက်ရခြင်း ဖြစ်ပါတယ်။

❓ဘယ်လိုတွေ စီစဉ်ထားပါသလဲ.?
✅ လွတ်မြောက်ဒေသ မြေပြင်မှာ
မြန်မာ့ သဘင် အနုပညာဖျော်ဖြေပွဲ ကျင်းပပါမယ်။
တစ်ကမ္ဘာလုံးကို Live လွှင့်ပါမယ်။
ဒါတွေ အားလုံးကို Free Show အဖြစ် ပြသမှာပါ။

❓ဒါဆိုရင် ဘယ်ကနေ ဘယ်လို ရမှာလဲ.?
✅ ဘာမေးချင်တာလဲ သိပါတယ်၊
ပွဲနေ့မှာ သိန်း ၂၄၀ ဖိုး ခန့်ရှိတဲ့
SDB ရွှေဆုတွေကို ကံစမ်းမဲဖောက်ပေးပါမယ်၊
အဲ့ဒီအတွက် ကံစမ်းမဲ လက်မှတ်တွေ ရောင်းပါမယ်။
အဲ့တော့ ရွှေဆု ၃ ဆု အမှန်တကယ် ရစေမယ့်
ကံစမ်းမဲလက်မှတ်တွေကို နိုင်ငံတကာအသီးသီးက
အရောင်းကိုယ်စားလှယ်များ (ဖန်ရေဇာများ) ဆီမှာ ဝယ်ယူအားပေးကြပါ။

❓ရလာတဲ့ အထောက်အပံ့တွေကို
အလေအလွင့်မရှိအောင် ဘယ်လိုအသုံးချမှာလဲ.?
✅ နိုင်ငံတကာက အရောင်းကိုယ်စားလှယ်များ
(ဖန်ရေဇာများ) က သေချာစိစစ်ထားတဲ့
နေရာဒေသအသီးသီးက အဖွဲ့အစည်းအသီးသီးထံ
တိုက်ရိုက်(တိုက်ရိုက်) ပေးပို့သွားမှာပါ။
ဘယ်တွေ ဘယ်လို ပို့တယ်ဆိုတာ
အတိအကျ ပြန်လည်တင်ပြသွားမှာပါ။

❓စုံလင်လှချည်လား၊ မိုက်လှချည်လား.?
✅ စီစဉ်တဲ့ အဖွဲ့တွေ၊ ပူးပေါင်းပါဝင်တဲ့ အဖွဲ့တွေ၊
ပံ့ပိုးကူညီတွေ အဖွဲ့တွေကိုလည်း
တချက်ရှိူးလိုက်ဦးလေ ကိုယ့်လူ။ 😎

အောက်ပါ link မှတစ်ဆင့် နိုင်ငံအလိုက် လက်မှတ်များ ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ

https://www.facebook.com/dohcampaign.2.0?mibextid=ZbWKwL

18/01/2024

စစ်ခေါင်းဆောင်ကို ရာထူးကဆင်းခိုင်း မဘသ ပေါက်ကိုယ်တော်ပြောဆိုတဲ့ရုပ်သံဗီဒီယိုကို ကြည်ရူ့နိုင်ပါပြီ။

ဒီဗီဒီယိုကို ပေါက်ကိုယ်တော် ဇန်နဝါရီလ ၁၆ ရက်နေ့ ကပြင်ဦးလွင်မှာပြောခဲ့တာပါ။

Video Credit: Hlaing Info

ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ (၂၈၉)၊ စကခ (၁၉) တို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်...
18/01/2024

ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ (၂၈၉)၊ စကခ (၁၉) တို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ

(သတင်းဓာတ်ပုံအချို့)

14/01/2024

“နဂါးမယ်တော်က ကိုယ်အဖမ်းခံရမှာ ကြိုမသိဘူးလား”

နဂါးမယ်တော်လို့လူသိများတဲ့ သရုပ်ဆောင်အေမီစျာန်နဲ့ Sexy မော်ဒယ်တို့ဟာမနေ့ညက မလေးရှားနိုင်ငံမှာအဖမ်းခံခဲ့ရပါတယ်။

သရုပ်ဆောင်အေမီစျာန်အဖမ်းခံရတာနဲ့ပတ်သက်လို့

“နဂါးမယ်တော်က ကိုယ်အဖမ်းခံရမှာ ကြိုမသိဘူးလား” ဆိုတဲ့မေးခွန်းထုတ်သူတွေလဲများနေပါတယ်။

13/01/2024

ပြည်သူ့မုဒြာ အဖွဲ့ ဝင် မင်းသား သားအောင်ဆက် ရဲ့ကပြဖျော်ဖြေမူ့ကိုကြည့်ရူ့နိုင်ပါပြီ။

13/01/2024

စားပွဲထိုး

ဆောင်းမြရာဇာလင်းအဖြစ် ဆောင်းဝတီ
ဗိုလ်မှူးကြီးဝိုင်းဥက္ကာအဖြစ် ဝိုင်းကျော်
ဗိုလ်ချုပ်ကြီးရွက်တု အဖြစ် CDM ဗိုလ်မှူးတင်လင်းအောင်
စောပိုးထိုး အဖြစ် ကိုပိုးလေး
စားပွဲတိုးအဖြစ် ကိုတိုးကျော်
ဒါရိုက်တာ - စောနေတိုး
ဇာတ်လမ်းဇာတ်ညွန်း - AK ( အမှန်တရား )
ရိုက်ကူး၊ တည်းဖြတ် WPA Production

“Haigeng Agreement” ဟိုင်ဂင်သဘောတူညီမှု ဆွေးနွေးပွဲ၏ နောက်ဆက်တွဲရလဒ်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ ည (၉) နာရီ (၃၀) ...
12/01/2024

“Haigeng Agreement” ဟိုင်ဂင်သဘောတူညီမှု ဆွေးနွေးပွဲ၏ နောက်ဆက်တွဲရလဒ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ ည (၉) နာရီ (၃၀) မိနစ်အချိန်တွင် ထုတ်ပြန်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နှင့် (၁၁) ရက်နေ့များတွင် " ဟိုင်ဂင်သဘောတူညီမှုများ" ကို နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဤတွေ့ဆုံမှုသည် တတိယအကြိမ်ဆွေးနွေးပွဲဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် -

(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊

(၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး

စသည့်အချက်များအပေါ် သဘောတူညီမှုများရရှိခဲ့ကြပါသည်။

ထိုသို့သဘောတူညီမှုရရှိစေရန်အတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ မိမိတို့၏ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်။

ထို့အတူ နှစ်ဘက်အဖွဲ့အစည်းမှ တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန် သဘောတူညီခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူခဲ့ကြသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

12/01/2024

စစ်ရှုံးလာတဲ့အခါ သူတို့ရဲ့ထွက်ပေါက်ဟာ ဘာသာရေးလှည့်ကွက်ပဲ

ဆရာတော်မင်းသုည ( ဗုဒ္ဓတက္ကသိုလ် )

စစ်ရှုံးလာတဲ့အခါ သူတို့ရဲ့ထွက်ပေါက်ဟာ ဘာသာရေးလှည့်ကွက်ပဲသူတို့အတွက်ရှိပါတော့တယ် ဆရာတော်မင်းသုည ( ဗုဒ္ဓတက္ကသိုလ် )
11/01/2024

စစ်ရှုံးလာတဲ့အခါ သူတို့ရဲ့ထွက်ပေါက်ဟာ ဘာသာရေးလှည့်ကွက်ပဲသူတို့အတွက်ရှိပါတော့တယ်

ဆရာတော်မင်းသုည ( ဗုဒ္ဓတက္ကသိုလ် )

စကစ က ဘာသာရေးကို လူမျိုးရေးကို အသုံးချလာတာကိုသတိထားဖို့ဆရာတော်မင်းသုည သတိပေး #မအလ #စကစ #ဆရာတော်မင်းသုည #မဘသ #

10/01/2024

မိုးယံမှသည် ချစ်သူဆီသို့

ပြည်သူ့ဖက်ရပ်တည်နေတဲ့တေးသံရှင်ရွှေရုပ်စိုးက သီဆိုထားတာပါ။

ဂျပုခေတ်မှ တပ်ပျက်ပြီပေါ့ဟာသလူရွှင်တော်ကိုတိုးကျော် ( ဟားငါးကောင်) နဲ့CDM တပ်ကြပ်ကြီးကိုဇေယျတို့ဆွေးနွေးထားတဲ့ ဂျပုခေတ်မ...
10/01/2024

ဂျပုခေတ်မှ တပ်ပျက်ပြီပေါ့
ဟာသလူရွှင်တော်ကိုတိုးကျော် ( ဟားငါးကောင်) နဲ့CDM တပ်ကြပ်ကြီးကိုဇေယျတို့ဆွေးနွေးထားတဲ့ ဂျပုခေတ်မှတပ်ပျက်ပြီပေါ့ ရုပ်သံဗီဒီယိုကိုအောက်ကလင့်မှာကြည့်ရူ့နိုင်ပါပြီ။

ကြည့်ရူ့နိုင်သော လင့်:

ဟာသလူရွှင်တော် ကိုတိုးကြီးနဲ့ CDM တပ်ကြပ်ကြီး ကိုဇေယျတိုရဲ့ဆွေးနွေးခန်း #စစ်တပ် #မအလ #ဟားငါးကောင် #

09/01/2024

အဝေးရောက် ဧရာဝတီအသင်း( OIA) ရဲ့အကြီးအကဲတဦးဖြစ်တဲ့ ကိုဖိုးသင်္ကြန် သီဆိုထားတဲ့မှုန်ရွှေရီသီချင်းကိုနားဆင်နိုင်ပါပြီ။

အဝေးရောက်ဧရာဝတီအသင်းဟာ စစ်အာဏာသိမ်းမူ့ကြောင့် မဲဆောက်ကိုတိမ်းရှောင်လာကြရတဲ့ မြန်မာနိုင်ငံသားတွေကို စားနပ်ရိက္ခာနဲ့နေထိုင်စရာ ကူညီပေးနေတဲ့ အသင်းတခုဖြစ်ပါတယ်။

09/01/2024

မိမိတို့ တန်ဖိုးထားရသူများကို စစ်ကောင်စီအတွက် အသက်ဆုံးရှုံးမခံပါနဲ့

စစ်ကောင်စီ၏ အနီးကပ်စောင့်ကြည့်ထောက်လှမ်းခံနေရသော ကွန်ရက်ပြင်ပတွင်ရှိနေသည့် ပြည်သူလူထုများအနေဖြင့် စစ်သား/ရဲတပ်ဖွဲ့ဝင်များတွင် မိမိတို့တန်ဖိုးထားရသည့် သားသမီး၊ ချစ်သူခင်ပွန်း၊ သူငယ်ချင်းနှင့် ဆွေမျိုးများရှိနေပါက ၎င်းတို့ကိုယ်စား ပြည်သူ့ရင်ခွင်၏ Telegram- ၊ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်များ၊ PDF တပ်ရင်းများနှင် ပကဖတို့ကို ကိုယ်စားဆက်သွယ်တိုင်ပင်၍ ပြည်သူ့ရင်ခွင်ခိုလှုံနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ပြည်တွင်းပြည်ပရှိ ပြည်သူလူထုများအား လေးစားစွာ အသိပေးကြေငြာအပ်ပါသည်၊၊

ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီ

ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး သည် သူနေထိုင်ရာအမေရိကန်နိုင်ငံဖိုဝိန်းမြို့နေအိမ်တွင် ဇန်နဝါရီလ ၈ ရက်နေ့မနက်အစောပိုင်းကက...
09/01/2024

ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး သည် သူနေထိုင်ရာအမေရိကန်နိုင်ငံဖိုဝိန်းမြို့နေအိမ်တွင် ဇန်နဝါရီလ ၈ ရက်နေ့မနက်အစောပိုင်းကကွယ်လွန်သွားခဲ့ကြောင်းသတင်းရရှိသည်။

ကွယ်လွန်ချိန်မှာတော့ ဒေါ်မာမာအေးဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပါတယ်။

08/01/2024

အဝေးရောက်ဧရာဝတီအသင်းအတွက် ဒေါက်တာဝင်းမြတ်အေးရဲ့အမှတ်တရစကား

မဲဆောက်မြို့အခြေစိုက် အဝေးရောက်ဧရာဝတီအသင်း ( OIA ) ရဲ့ ၁၉ နှစ်မြောက်နှစ်ပတ်လည်အခန်းအနားမှာ NUG အစိုးရအဖွဲ့မှ ဝန်ကြီးဒါက်တာဝင်းမြတ်အေး ( လူသားစာနာ ဝန်ကြီးဌါန ) က ဗီဒီယိုမှတဆင့် အမှတ်တရစကားပြောခဲ့ပါတယ်။

အဝေးရောက်ဧရာဝတီအသင်း ( OIA ) ဟာ အာဏာသိမ်းမူ့နောက်ပိုင်း မဲဆောက်ကို တိမ်းရှောင်လာရတဲ့မြန်မာနိုင်ငံသားများအတွက် စာနပ်ရိက္ခာနဲ့နေထိုင်စရာ စီစဉ်ပေးနေတဲ့မဲဆောက်အခြေစိုက် အသင်းအဖွဲ့တခုဖြစ်ပါတယ်။

07/01/2024

မဲဆောက်မြို့အခြေစိုက် အဝေးရောက် ဧရာဝတီအသင်း ( OIA ) ရဲ့ ၁၉ နှစ်မြောက်အခမ်းအနားမှာကပြဖျော်ဖြေခဲ့တဲ့ ပြည်သူ့ မုဒြာအကအဖွဲ့ ရဲ့ဆီမီးခွက်အက ကိုကြည့်ရူ့နိုင်ပါပြီ။

အဝေးရောက်ဧရာဝတီအသင်း ( OIA) ဟာ အာဏာသိမ်းမူ့ကြောင့် တိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို စာနပ်ရိက္ခာနဲ့ နေစရာကူညီပေးတဲ့ အသင်းတခုပါ။

07/01/2024

ဘယ်သူတွေရူးသလဲ

မင်းသမီးဝါဝါလှိုင်( ဟားငါးကောင်) သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ သီချင်းကိုနားဆင်ကြည့်ရူ့ခံစားနိုင်ပါပြီ။

လောက်ကိုင်တွင် စကစ တပ်မှလက်နက်ချ အလင်းဝင်သူ ဗိုလ်မှူးချုပ် ၆ ဦးအပါအဝင် စုစုပေါင်း ၂၃၈၉ ဦးရှိ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရ...
06/01/2024

လောက်ကိုင်တွင် စကစ တပ်မှလက်နက်ချ အလင်းဝင်သူ ဗိုလ်မှူးချုပ် ၆ ဦးအပါအဝင် စုစုပေါင်း ၂၃၈၉ ဦးရှိ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၊ ည (၁၁:၄၀) အချိန်တွင် ထုတ်ပြန်သည်။

ယနေ့ လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) အား စစ်ကူပေးရန်ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံ့ရှိ တပ်မ၊ တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန်ပါဝင်ခဲ့သည်။ ၎င်းတို့ပြောကြားချက်အရ မိမိတို့ထံ လက်နက်ချအညံ့ခံသူများအားလုံးထဲတွင် အရာရှိ (၂၂၈) ဦးပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆) ဦးပါဝင်ကာ ရဲဘော်မှ အခြားအဆင့်ရှိသူ (၁၈၉၅) ဦး ပါဝင်ကြောင်း သိရှိရသည်။ ထို့အတူ ၎င်းတို့၏ မိသားစုဝင်အားလုံး စုစုပေါင်း (၁၆၀၁) ဦး လည်း ပါဝင်ခဲ့သည်။ မိမိတို့အနေဖြင့် ၎င်းတို့အားလုံးကို ၎င်းတို့သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို့ ပို့ဆောင်ထားခဲ့ပြီလည်း ဖြစ်သည်။

နောက်ဆက်တွဲအနေဖြင့် ပွိုင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆) ဦးတို့သည်လည်း မိမိတို့ထံ နောက်ဆုံးအသုတ်အနေဖြင့် လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂၃၈၉) ယောက်အထိရှိခဲ့ပြီး ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်သည်။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲ့ဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတို့မှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်သည်။ ဤမြင်ကွင်းမှာ “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်သည်။

ဤကဲ့သို့သော လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ဆက်လက်၍လည်း ဤကဲ့သို့ သူများနည်းတူ မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာ၌မဆို မိမိတို့ထံ လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုံလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ထို့ကြောင့် ဤစစ်ဆင်ရေးကာလအတွင်းတွင် တပ်ရင်းအလိုက် လက်နက်ချအညံ့ခံကြသောဖြစ်ရပ်များ ရှိခဲ့သကဲ့သို့ တပ်ရင်းအလိုက် ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

စစ်ဆင်ရေးကာလအတွင်း မိမိတို့သည် သဘောထားကြီးစွာဖြင့် လက်နက်ချအညံ့ခံသော မြန်မာ့တပ်မတော်သားများကို ကောင်းစွာကြိုဆိုလက်ခံပြီး ၎င်းတို့၏ဆန္ဒအတိုင်း စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့သည်။ ထို့ကြောင့် မိမိတို့နှင့် ထိတွေ့ဆက်ဆံဖူးသော စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းသည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏စေတနာကို ကောင်းစွာ သိရှိနားလည်ပြီး "ပြောလျှင်ပြောသည့်အတိုင်း လုပ်တတ်သည့် အစုအဖွဲ့" ဖြစ်ကြောင်း သိရှိထားကြသည်။

လက်နက်ချ အလင်းဝင်သော စကစ တပ်မှ ဗိုလ်မှူးချုပ်များ အား ထမင်းစားနေပုံ

Photo- Supply

05/01/2024

" Mission 804 " ကမ်ပိန်း မိတ်ဆက်ခြင်း စကားဝိုင်း

NAY PYI TAW PDF-Battalion 804 က ပြုလုပ်တဲ့ Mission 804 Campaign ကို ဇန်နဝါရီလ ၅ ရက်နေ့မှ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်ပြီး နေပြည်တော်အတွင်း တိုက်ခိုက်မှုများ ပိုမိုဖော်ဆောင်နိုင်ရန် ရည်ရွယ်ထားတယ်လို့ သိရပါသည်။

ယခု Zoom Live အစီအစဉ်တွင် ဦးမောင်မောင်ဆွေ ( ဒု-အတွင်းဝန်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ) ၊ ဒေါက်တာ ဖြိုးသီဟ( Author/Trainer )၊ CDM ဗိုလ်ကြီး ညီသုတ၊ ရဲဘော်နွေဦးအောင် (နေပြည်တော်တပ်ရင်း ၈၀၄၊ ဘဏ္ဍာရေးတာဝန်ခံ)၊ မနော်ထိုက် (Travel Blogger) တို့ ပါဝင်မှာဖြစ်ပြီး စောဟန်နွေဦး (LGBT-စာရေးဆရာမ) က Moderator အဖြစ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

05/01/2024

စျေးရောင်းနေတဲ့ CDM လေသူရဲ

CDM ဗိုလ်ကြီးဇေသူအောင်ဟာ ၂၀၂၂ ခုနှစ်ဆန်းပိုင်းကစလို့ပြည်သူ့ဖက်ရပ်တည်ကာ CDM ပြုလုပ်လာတဲ့ တဦးတည်းသောလေသူရဲပါ။

CDM ပြုလုပ်ပြီးဘဝကို ရိုးရှင်းစွာဖြတ်သန်းနေသူလဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံထွက်ပစ္စည်းတွေကိုရောင်းချပေးနေပါပြီ။

ဝယ်ယူအားပေးမဲ့သူများအနေနဲ့ CDM ဗိုလ်ကြီးဇေသူအောင်ရဲ့ဖေစ်ဘွတ်မှာသွားရောက်အားပေးနိုင်ပါတယ်။

03/01/2024

KIA ကဒီကနေ့ နေ့လည်က ပစ်ချလိုက်တယ်ဆိုတဲ့ရဟတ်ယဉ်ပျက်ကျတဲ့ရုပ်သံ

Video: Lahtaw Zau Seng fb

မြဝတီမြို့နေလုပ်ငန်းရှင်တဦးထံမှ ခြိမ်းခြောက်ငွေတောင်းမူ့သည် ပြည်သူလူထုက KNU အပေါ် အထင်အမြင်မှားပြီး နိုင်ငံရေးဂုဏ်သိက္ခာ...
03/01/2024

မြဝတီမြို့နေလုပ်ငန်းရှင်တဦးထံမှ ခြိမ်းခြောက်ငွေတောင်းမူ့သည် ပြည်သူလူထုက KNU အပေါ် အထင်အမြင်မှားပြီး နိုင်ငံရေးဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်သည်ဟု KNU ယူဆကြောင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် လူတစုသည် KNU/KNLA ယူနီဖေါင်းအား အတုအပပြုလုပ်ခါ မြဝတီမြို့နေလုပ်ငန်းရှင် တဦးထံ အတင်းအဓမ္မခြိမ်းခြောက်၍ ငွေတောင်းရန်ကြိုးစားခဲ့သည်။

01/01/2024

စကစ အတွက် KNU ရဲ့ရာဇသံ

နယ်စပ်က ဒုစရိုက်လုပ်ငန်းတွေနှိမ်နှင်းဖို့ ထိုင်းနိုင်ငံ တရုတ်နိုင်ငံတို့ပူးပေါင်းဖို့အသင့်ရှိနေ

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးပြောကြားတဲ့ နှစ်သစ် သတင်းစကားရုပ်
သံမှကောက်နှုတ်ချက်များ။

01/01/2024

၂၀၂၄ နှစ်ဦးတရား

ဆရာတော်မင်းသုည ( ဗုဒ္ဓတက္ကသိုလ် ) ဟောကြားထားသော နှစ်ဦးတရားတော်ကိုနာကြားနိုင်ပါပြီ။

31/12/2023

ဆရာတော် ဦးဝါယမ ဟောကြားသော နှစ်ဦးတရားတော်ကို နာကြားနိုင်ပါပြီ။

ဒီဇင်ဘာ ၃၁ ရက်နေ့မနက်တွင်နှစ်သစ်ကူးရုံးပိတ်ရက်အတွက် မြဝတီမြို့မှ ထိုင်းနိုင်ငံမဲဆောက်မြို့ကိုလာရန် အမှတ် ၁ တံတားတွင်တန်း...
31/12/2023

ဒီဇင်ဘာ ၃၁ ရက်နေ့မနက်တွင်
နှစ်သစ်ကူးရုံးပိတ်ရက်အတွက် မြဝတီမြို့မှ ထိုင်းနိုင်ငံမဲဆောက်မြို့ကိုလာရန် အမှတ် ၁ တံတားတွင်တန်းစီနေကျသူများအားမြင်ရစဉ်။

T Thi Han ဖေစ်ဘွတ်မှကူးယူဖော်ပြသည်။

AA  ကထပ်မံသိမ်းပိုက်သောစခန်း ၃ ခု၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်း...
30/12/2023

AA ကထပ်မံသိမ်းပိုက်သောစခန်း ၃ ခု

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်းအား လည်းကောင်း---

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၆) နာရီ (၁၀) မိနစ်အချိန်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းအား လည်းကောင်း---

ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီ (၂၀) မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ရန်သူ့အခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအားလည်းကောင်း---

ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူထားနိုင်ခဲ့သည်ဟုထုတ်ပြန်ချက်တွင်ရေးသားထားသည်။

28/12/2023

မဲဆောက်မှာ လက်ထပ်စာချုပ် ချုပ်ဆိုပေးနေသော CDM တရားသူကြီး

အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌါန ( MOJ) မှ လက်ထပ်ကျမဲ့စုံတွဲတွေအတွက် လက်ထပ်စာချုပ် ချုပ်ဆိုပေးတဲ့လုပ်ငန်းကို ဆောင်ရွက်ပေးနေပါပြီ။

လက်ထပ်စာချုပ် ချုပ်ဆိုဖို့အတွက်ဘာတွေလိုအပ်ပါသလဲ ဘယ်လိုဆောင်ရွက်ပေးနေလဲဆိုတာကို CDM တရားသူကြီး ဒေါ်သဉ္ဇာမြ ကအခုလိုရှင်းပြထားပါတယ်။

Address


Alerts

Be the first to know and let us send you an email when Dawna TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share