Tangyan Ta'ang

  • Home
  • Tangyan Ta'ang

Tangyan Ta'ang Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tangyan Ta'ang, TV Channel, .

11/05/2023

ရှမ်းမြောက် တန့်ယန်းဘက် တအာင်းရှင်လောင်းပွဲနဲ့အတူပျော်မယ်
(10.5.2023)

🟢မိုင်းကိုင်မြို့နယ်က ရာနဲ့ချီတဲ့ တအာင်း(ရူစိင်း) သံဃာတော်တို့ရဲ့ စာပြန်ပွဲတော်ကြီး (သတင်းဓာတ်ပုံ)မိုင်းအနိုင်၊ ရွှေဖီမြ...
26/04/2023

🟢မိုင်းကိုင်မြို့နယ်က ရာနဲ့ချီတဲ့ တအာင်း(ရူစိင်း) သံဃာတော်တို့ရဲ့ စာပြန်ပွဲတော်ကြီး
(သတင်းဓာတ်ပုံ)

မိုင်းအနိုင်၊ ရွှေဖီမြေ၊ ဧပြီ ၂၆ရက်၊ မိုင်းကိုင်

နှစ်စဉ်ကျင်းပနေတဲ့ တအာင်းလူမျိုး ရူစိင်းမျိုးနွယ်ဝင် သံဃာတော်တို့ရဲ့ စာပြန်ပွဲတော်ကြီးကို မနေ့ ဧပြီလ ၂၄ရက်နဲ့ ၂၅ရက်နေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အဲဒီစာပြန်ပွဲတော်မှာ အာဂုံဆောင်သံဃာတော် ၃၀၁ပါး စာဖြေ သံဃာတော် ၁၄၀ပါးရှိပြီး ဒီနှစ်ဟာ ၄၈နှစ်မြောက်ကျင်းပနေတဲ့ စာပြန်ပွဲတော်ကြီးဖြစ်ပါတယ်။

တောင်ပိုင်းတအာင်းသံဃာ့နာယကဆရာတော် အရှင်ကောဏ္ဍဥာက “အဓိက ဦးဇင်းတို့ရဲ့ စာပေမပျောက်စေဖို့ ရည်ရွယ်ချက်နဲ့လုပ်တာပါ။ ပါဝင်ဖြေဆိုတဲ့ သံဃာတော် ကိုရင်တွေကတော့ တအာင်းစာပြုထားတဲ့ ပရိတ်ကြီး ၁၁သုတ်တို့ တအာင်းလိုရေးထားတဲ့ ဘုရားစာတွေကို အဓိက ဝင်ပြိုင်ရတာ။ ပါဝင်ယဉ်ပြိုင်တဲ့အဆင့်ဆင့်ကနေ ဆုပေးတာတွေ လုပ်သွားမယ်”လို့ မိန့်ကြားပါတယ်။

လာရောက်ဖြေဆိုကြတဲ့ သံဃာတော်တွေဟာ ရှမ်းပြည်တောင်ပိုင်းတစ်ခွင် ရူစိင်းမျိုးနွယ်ဝင်တွေအများစုဖြစ်ပြီး ရှမ်းမြောက်ကလည်း အနည်းငယ်ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီစာပြန်ပွဲတော်ကို အနယ်နယ်ရပ်ရပ်က သံဃာတော်တွေလည်း လာရောက်တက်ရောက်ကြပြီး စုစုပေါင်း သံဃာအပါး ၄၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

နှစ်စဉ်အလိုက် လာရောက်ဖြေဆိုကြတဲ့ တအာင်းသံဃာတော်တွေ ရာနဲ့ချီရှိနေပြီး ဒီစာပေကနေတစ်ဆင့် ပြည်မတွေမှာ သွားရောက်ပြီး ပါဠိစာတွေကို သွားရောက်ပညာသင်ယူနေကြတဲ့ တအာင်းသံဃာတော်တွေ အမြောက်အများရှိတယ်လို့ ဆိုပါတယ်။

ဒီစာပြန်ပွဲတော်ကို ကျေးရွာသီးသီးက ရာနဲ့ချီတဲ့ တအာင်းလူထုတွေလည်း လာရောက်ပြီး ကုသိုလ်ယူကြပါတယ်။

#စာပြန်ပွဲတော် #သံဃာတော် #တအာင်း #ရူစိင်း #မိုင်းကိုင်

ᨠᩕ᩠ᨠᩫ᩵ᨣᩬ ᩭᨣᨲ᩵ᨦᨸᨿᩣ᩠ᨾᩢᨲᩬ᩼ᨡ᩠ᨯᩢᩱᨧᩬᩢᩱᨾᩢᨴᩧ᩵ ᩮᩈ᩵ᩱᨾᩢᩯᨲᩬᩧᨲᩧᨳ᩠ᨾᩫᨠᩕ᩠ᨠᩫ᩵ᨣᩬ ᩭᨣᨲ᩵ᨦᨸ ᨠᩕ᩠ᨠᩫ᩵ᨹ᩠ᨿᩣ᩠ᨠᩢᨻ᩠ᨯᩧᩃᩛᩣᨿᩛᩫᩢ ᩠ᨠᩱᨾᩢᨴᩧ᩵ᨾᩦ ᩋᩦᨴ᩠ᨿ᩺ᨻᩧᩯᨠᩬᩥ᩵ᩱ...
23/04/2023

ᨠᩕ᩠ᨠᩫ᩵ᨣᩬ ᩭᨣᨲ᩵ᨦᨸ

ᨿᩣ᩠ᨾᩢᨲᩬ᩼ᨡ᩠ᨯᩢᩱᨧᩬᩢᩱᨾᩢᨴᩧ᩵ ᩮᩈ᩵ᩱᨾᩢᩯᨲᩬᩧᨲᩧᨳ᩠ᨾᩫ
ᨠᩕ᩠ᨠᩫ᩵ᨣᩬ ᩭᨣᨲ᩵ᨦᨸ ᨠᩕ᩠ᨠᩫ᩵ᨹ᩠ᨿᩣ᩠ᨠᩢᨻ᩠ᨯᩧᩃᩛᩣᨿᩛᩫᩢ ᩠ᨠᩱᨾᩢᨴᩧ᩵ᨾᩦ ᩋᩦᨴ᩠ᨿ᩺ᨻᩧᩯᨠᩬᩥ᩵ᩱᨾᩢᨲᩧᩉᩣ᩠ᩅᨧ᩠ᨾᩢ
ᩋ᩠ᨶᩢᨴᩪᨶ᩠ᨷᩢᨲᩧᨣᩱᨲ᩠ᨿ

ᨿᩣ᩠ᨾᩢᨲᩬ᩼ᩁ᩠ᨶ᩵ᩱᨾᩢᨲᩧᨠᩣ᩠ᨶᩢᨴᩧ᩵ ᩮᩈ᩵ᩱᨾᩢᩯᨲᩬᩧᨲᩧᨳ᩠ᨾᩫ ᨻᩧᨣ᩠ᩃᩣ᩠ᨦᩢᩋᩧ᩵ᩮᩉᩣᩢ
ᨠᩣ᩠ᨶᩢᨻᩧᩁ᩠ᨶ᩵ᩱᨾᩢᨴᩧ᩵ ᩯᨾᩬᩧᨶᩬᩢᩈᩧᩁ᩠ᨶ᩵ᨾᩦᩋᩣ᩠ᩅᨾᩩ᩵

ᨿᩣ᩠ᨾᩢᨲᩬ᩼ᨣᨩᩩᩱᨾᩢᨲᩧᩁ᩠ᨶ᩵ᨴᩧ᩵ ᩱᨾᩢᩮᨣᩢᩯᨲᩬᩧᩮᩃ᩠ᨯᩢ
ᨲᩧᨳ᩠ᨾᩫᨠᩕᩫ᩵ ᩠ᨠᩋᩧ᩵ᩮᩉᩣᩢ ᩈ᩠ᨷᩥᩁ᩠ᨶ᩵ᨠᩣ᩠ᨶᩢᩱᨾᩢᨴᩧ᩵ ᩮᨣᩢᨲᩯᩬᩧᨠᩕᩫ᩵ ᩠ᨠᨣ᩠ᩃᩣ᩠ᨦᩢᩋᩧ᩵ᩃ᩠ᨷᩦ᩵ᨿᩛᩫᩢ ᩠ᨠᩱᨾᩢ

ᩋᩦᨴ᩠ᨿᩦᩱᨶᩢ ᩋᩦᨴ᩠ᨿᩦᨹ᩠ᨿᩣ᩠ᨠᩢ
ᨣᩬ ᩭᨲᩧᩮᨾ᩠ᩅᩥᨯᩋᩧ᩵ᨣᩬ ᩭᨲ᩠ᨯᩥᩢᩮᩋ

ᩋᩦᨴ᩠ᨿᩦᩋᩬᨦᩢᨾᩛᩣ᩠ᨶᩢ ᩋᩦᨴ᩠ᨿᩦᨾᩩ᩵ ᨣᩬ ᩭᨲᩧᩁ᩠ᨶ᩵ᩮᩋ
ᩋᩦᨴ᩠ᨿᩦᨲ᩠ᩅᩣᨲᩧᨨ᩠ᨾᩦ᩵ ᨣᩬ ᩭᨲᩧᨶᩬᩢᩮᩋ
ᩮᨣᩢᨳ᩠ᨾᩫᩯᨲᩬᩥ᩵ᨠᩕᩫ᩵ ᩠ᨠᨣᩬ ᩭᨡᩕ᩠ᨯᩥᩢᩮᩋ ᩮᨣᩢᨳ᩠ᨾᩫᩯᨿᩬᩥ᩵
ᨠᩕᩫ᩵ ᩠ᨠᩋᩧ᩵ᨣᩬ ᩭᨶᩣᩣᨻ᩠ᨶᩢᩮᩯ
ᨡ᩠ᨯᩢᩱᨧᩬᩢᩮᩃ᩠ᨯᩱᨴ᩠ᨠᩢᩮᨷ᩠ᨶᩢᨷᩩᩁᩢᨲᩣᩱᨾᩢᨲᩋᩣᩭ᩵
ᨿ᩠ᩅᩫ᩵ᨣᩬ ᩭᨡᩕ ᩠ᨦᩦ᩵ᩃᩛ ᩠ᩅᩥᩋᩧ᩵ᨶᩣᩣᨻ᩠ᨶᩢᩱᨾᩢᩮᨠᨴᩧ᩵ᩱᩋ᩠ᨠᩢ᪩

#ᩮᨲ᩠ᨾᩢ ᨡᩕ᩠ᩅᩥᩈᨦᩤ ᨠᩮ᩠ᨦᩥᨠᩣ

21/04/2023

၁၉,၄.၂၀၂၃
ရှမ်းမြောက် တန့်ယန်းမြို့ မန်ကောင်းမူးအုပ်စု
ဘုရားကြီးကျောင်း
ဓမ္မာနုဂ္ဂဟ ပရိယတ္တိ တအာင်းဘာသာစာပြန်တော်
(၆)ကြိမ်မြောက်
စာပြန်နေသောသာမဏေများ
အပါးပေါင်း(၇၇)ပါး

Address


Website

Alerts

Be the first to know and let us send you an email when Tangyan Ta'ang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share