The Art Hive

The Art Hive ပျားများသည် ပျံဝဲလျှက်ရှိကြကုန်၏။
သင်၏နှလုံးသားကို ပျားများနှင့်အတူ ပျံသန်းကြည့်ဖူးပါသလား။
(1)

ကော်ဖီ တော်ပြီ မပြောရ ... ။
15/06/2024

ကော်ဖီ
တော်ပြီ မပြောရ ... ။

မအိပ်သေးရင် နားဆင်လို့ ရပါပြီ။ ကောင်းသောညပါ ခင်ဗျာ 😁😁
13/06/2024

မအိပ်သေးရင် နားဆင်လို့ ရပါပြီ။
ကောင်းသောညပါ ခင်ဗျာ 😁😁

မနက်ခင်းကို လိုက်ဖက်စေတဲ့အရာ ဘဝမှာ များများစားစားမရှိ ကောင်းကင်တိမ် အနားထိ။
13/06/2024

မနက်ခင်းကို လိုက်ဖက်စေတဲ့အရာ
ဘဝမှာ များများစားစားမရှိ
ကောင်းကင်တိမ် အနားထိ။

12/06/2024

မင်းတစ်ယောက်တည်း မဟုတ်ဘူး - လှသန်း

မဝေးတော့တဲ့နွေဦးအတွက် စုဗူးကိုဖောက်လိုက်ပါတော့
မင်းတစ်ယောက်တည်း မဟုတ်ဘူး။

11/06/2024

" ငါသေလျှင်
ဝက်သစ်ချပင်ခြေရင်းတွင် မြှုပ်နှံ၍
အုတ်ဂူပေါ်မှာ အဝါရောင်ပန်းစည်းတစ်စည်း
ချလှည့်ပါဟုမှာကြားသူနှင့်
ကျွန်ုပ်သဘောချင်းမတိုက်ဆိုင်ပါ။
သံသရာတစ်ဖက်ကမ်းသို့ ကူးပြောင်းရန်
လှေခကြီးလွန်းလှသည်။
နောက်ဘဝရှိသည်ဆိုပါလျှင်
သူနှင့်ကျွန်ုပ် ထပ်မံမတွေ့ဆုံချင်ပါ။
ယခုဘဝမှာပင်
ပိုင်ဆိုင်မှုကိုလည်းကောင်း၊
လိင်မှုကိစ္စကို လည်းကောင်း
သူ့ထံမှ တောင်းခံမည်မဟုတ်ပါ။
တောင်းခံရန်အကြောင်းမရှိပါ။
ကျွန်ုပ်သည် ပိုင်ဆိုင်သူမဟုတ်ပါ။
ချစ်၍နေသူသာ ဖြစ်ပါသည် ။

- ဇော်ဇော်အောင် -
(မကြည်ပြာနှင့်ယုဇနမခင်ပျို/မှ)

မှာ Audio Book Link ရှိပါတယ် ။

TeddyGreyOnStuff ဆိုတဲ့ YouTuber ကိုတချို့တလေကတော့ သိကြမယ်လို့ထင်ပါတယ် တလောက ချင်းလူငယ် Vannex ရဲ့ Foo Foo သီချင်းကို Re...
11/06/2024

TeddyGreyOnStuff ဆိုတဲ့ YouTuber ကိုတချို့တလေကတော့ သိကြမယ်လို့ထင်ပါတယ်
တလောက ချင်းလူငယ် Vannex ရဲ့ Foo Foo သီချင်းကို Reaction လုပ်ပြီး Hype ပြခဲ့သေးတဲ့သူပေါ့ ပုံမှန်အားဖြင့် အနောက်နိုင်ငံကလူတွေဟာ မြန်မာပြည်ကအနုပညာကို သိပ်အထင်ကြီးလေ့မရှိပါဘူး ၊ ခုတခေါက်လည်း မြန်မာပြည်ကသီချင်းတပ်ပုဒ်ကို Reaction ထပ်လုပ်ထားပါသေးတယ်... ။
CHINLUNG CHUAK ARTIST က Cover ဆိုထားတဲ့ We Are The World သီချင်းကို Reaction ထပ်လုပ်ထားတာပါ ။ Myanmar Need Help ဆိုတဲ့ Caption နဲ့ပါ လုပ်ပြထားတာမို့ View လေးတွေပေးပြီး Video ပျံ့သွားအောင် လုပ်ကြရအောင်နော် .... Donate လုပ်လို့ရအောင်ပါလုပ်ထားတာမို့ များများမြင်လေ ကောင်းလေ လေနော် ....

are missing out on EXCLUSIVE reactions over on Patreon! ⬇️ https://www.patreon.com/TeddyGreyOn...

11/06/2024

ရေပွက်ပမာ - ပါပီယွန်
Reader - Mysterio 11

အလွမ်းအဆွေး အကြမ်းအရမ်းများနဲ့ ရင်သပ်ရှုမောဖွယ် လူငယ်ကြိုက် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ထုတ်နှုတ်တင်ဆက်လိုက်ရပါတယ်။ နားဆင်အားပေးကြပါဦး ရွှေပွဲလာ 😁..

Mysterio 19 ဖတ်ပြထားတဲ့ 'မင်းမှုထမ်း' ကို အပိုင်း ၉ အဖြစ် နားဆင်နိုင်ပါပြီ။ ဒိုင်ယာနာ၊ အဲလိဇဘတ်ဘုရင်မကြီး စသူတို့နဲ့ အနီ...
11/06/2024

Mysterio 19 ဖတ်ပြထားတဲ့ 'မင်းမှုထမ်း' ကို အပိုင်း ၉ အဖြစ် နားဆင်နိုင်ပါပြီ။ ဒိုင်ယာနာ၊ အဲလိဇဘတ်ဘုရင်မကြီး စသူတို့နဲ့ အနီးကပ်နေခဲ့ရတဲ့ မင်းမှုထမ်းတစ်ယောက်က ပြန်ရေးပြထားတဲ့ စာအုပ်ပါ။
ဆရာဝင်းငြိမ်း ရဲ့ ဘာသာပြန်လက်ရာ ဖြစ်ပါတယ်။

အသည်းကွဲလူငယ်လေးတွေနှစ်ခြိုက်ကြတဲ့ ပါပီယွန် ရဲ့ 'ရေပွက်ပမာ' ဝတ္ထုတိုကို ည ကိုးခွဲမှာ နားဆင်နိုင်ပါပြီ။ ယူတုချန်နယ်လေးမှာ...
10/06/2024

အသည်းကွဲလူငယ်လေးတွေနှစ်ခြိုက်ကြတဲ့ ပါပီယွန် ရဲ့ 'ရေပွက်ပမာ' ဝတ္ထုတိုကို ည ကိုးခွဲမှာ နားဆင်နိုင်ပါပြီ။
ယူတုချန်နယ်လေးမှာ ကြည့်ရှုနိုင်မှာပါပါနော်။ အသည်းကွဲစာတွေအဖတ်ကောင်းကို Mysterio 11 က ဖတ်ပြပေးထားပါတယ်။
မင်မင်လည်း အသံနဲ့အရုပ်နဲ့ ကပ်ရင်း အသည်းကွဲပြီးလို့ အိပ်ယာထဲ လှဲနေပါပြီ။ အရက်ဒဏ် .. မှားလို့ .. အချစ်ဒဏ်က ပြင်းထန်ပါပေတယ်။ အထူးဂရုစိုက်ကြပါ ခင်ဗျား။

09/06/2024

မိုးရေ နဲ့ မယ်ဇလီ
သင်းကြည်အေးမြ
အရောင်ဝါ စိုလို့မှိုင်းတယ်
လှရေးကြွယ်စ။

07/06/2024

မိုးရွာတိုင်း ကဗျာတင်ရတဲ့အထိ ပေါက်မြောက်ခဲ့တဲ့ ဆရာအောင်ခင်မြင့် ရဲ့ ကဗျာဖြစ်ပါတယ်။
နားဆင်ပေးကြပါဦးနော်။

အဆင်ပြေမယ်ဆို ဝန်းဝိုင်းပေးကြပါဦးခင်ဗျာ💌💌ကျွန်တော်တို့ရဲ့ချန်နယ် မှာ ဝတ္ထုရှည်သုံးပုဒ်ကို အပိုင်းဆက်တွေအနေနဲ့ တင်ဆက်ပေးန...
06/06/2024

အဆင်ပြေမယ်ဆို ဝန်းဝိုင်းပေးကြပါဦးခင်ဗျာ💌💌
ကျွန်တော်တို့ရဲ့ချန်နယ် မှာ ဝတ္ထုရှည်သုံးပုဒ်ကို အပိုင်းဆက်တွေအနေနဲ့ တင်ဆက်ပေးနေပါတယ်။
ဟိုတုန်းက ကိုရီးယားကား ကြည့်သလိုပေါ့လေ။ ဇာတ်လမ်းသုံးခုကို တစ်ပတ်နှစ်ရက်ဆီ လွှင့်ပေးတာမျိုးပေါ့။

အပိုင်းဆက်တွေကြားမှာလည်း အီသွားတာမျိုးမဖြစ်ရအောင် ကဗျာတွေ၊ ဝတ္ထုတိုတွေနဲ့ တင်ဆက်နေပါတယ်။ အလုပ်များတဲ့နေ့တွေမှာတော့ နေ့ခင်းမှာ ဘာမှမတင်နိုင်တာမျိုးလည်း ရှိလေရဲ့။
လောလောဆယ်တော့ View တွေကျနေလို့ ရထားတဲ့ကြော်ငြာလေး ပြန်ပိတ်သွားမှာတော့ စိုးမိပါတယ်။ အရင်က ၃၀၀ ဝန်းကျင်ကနေ အခု ၂၀၀ ဝန်းကျင်လောက်ထိ ကြည့်တဲ့သူက ကျသွားတယ်။ ၃၀၀ ဝန်းကျင်လောက်ဆို ဖြေးဖြေးမှန်မှန်နဲ့ အဆင်ပြေပါတယ်။

ဖတ်စေချင်တာတွေ ရှိရင်လည်း စာဖတ်သူတွေကို မေတ္တာရပ်ခံပေးပါ့မယ်။

💌The Art Hive ၏ သဘောထား နှင့် ရည်မှန်းချက်💌TAH YouTube Channel ဟာ တစ်နှစ်နီးပါးအကြာမှာတော့ Monitization အောင်ခဲ့ပြီပဲဖြစ...
05/06/2024

💌The Art Hive ၏ သဘောထား နှင့် ရည်မှန်းချက်💌

TAH YouTube Channel ဟာ တစ်နှစ်နီးပါးအကြာမှာတော့ Monitization အောင်ခဲ့ပြီပဲဖြစ်ပါတယ်။ ကြော်ငြာဝင်တာ တစ်လဝန်းကျင်ခန့်ရှိပြီ ဖြစ်ပြီး ၅၅ ဒေါ်လာလောက်လည်း ဝင်ထားပါတယ်။ ကြည့်တဲ့သူလည်း နည်းနေသေးတာမို့ ဝင်ငွေလည်း နည်းတဲ့သဘောပါ။ ရှေ့ဆက်တိုးလာဦးမယ်လို့ မျှော်လင့်ပါတယ်။

ဒီထိရောက်အောင် အဖက်ဖက်က ကူညီပေးခဲ့ကြတဲ့ Reader များ၊ Editor များ၊ Clicker များ၊ ချန်နယ်များ၊ ပေ့ချ်များ နှင့် လူပုဂ္ဂိုလ်တစ်ဉီးတစ်ယောက်ချင်းစီအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။
The Art Hive YouTube Channel လေးကို စလုပ်ဖို့ ဇူလိုင် ၂၀၂၃လောက်မှာ တိုင်ပင်ခဲ့ကြပြီး ယူကျူ့ချန်နယ်၊ ဖေ့ဘုတ်ပေ့ချ် တွေကိုလည်း ဇူလိုင်လထဲမှာပဲ စတင်ခဲ့တယ်။ မွေးနေ့အဖြစ်ကိုတော့ 7 July ကို ပေးထားပါတယ်။ အောက်မှာဖော်ပြထားတဲ့ ကျွန်တော်တို့ ချန်နယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆက်ဖတ်ပေးပါဦးနော်။

💌ဘယ်လိုရည်ရွယ်ချက်နဲ့လဲ
လက်ရှိတိုင်းပြည်အတွင်းကြုံတွေ့နေရတဲ့ အခြေအနေအခက်အခဲဆိုးကြီးထဲမှာ အာဏာရှင်ကို တွန်းလှန်ကြသူများနဲ့ အပြစ်မဲ့အနိုင်ကျင့်ခံ ပြည်သူများကို ကူညီနိုင်ဖို့ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက လက်ရှိအခြေအနေ အကြပ်အတည်းများလွန်မြောက်ပြီးတဲ့အခါ ပြုလုပ်ကြမယ့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွေမှာလည်း ပါဝင် ကူညီပံ့ပိုးနိုင်ဖို့ဖြစ်ပါတယ်။ ဝင်ငွေလက်ထဲစရောက်တဲ့အချိန်ကစပြီး လူသားချင်းစာနာထောက်ထားမှု ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျွန်တော်တို့ပါဝင်သွားမှာပါ။
(ဒါကြောင့်လည်း စတင်လုပ်ဆောင်စဉ်ကတည်းက ဝင်ငွေရဖို့အထိ စိတ်ရှည်ရှည်နဲ့သွားဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်)

💌တာဝန်ယူမှု၊တာဝန်ခံမှု ဘယ်လိုပြုလုပ်မလဲ
ချန်နယ်လေးကနေ ငွေမဝင်ခင်ကာလမှာတော့ ကျွန်တော်တို့ရဲ့တာဝန်ခံမှုဟာ ကောက်ရိုးမီးမဟုတ်ဘူး ဆိုတာပဲရှိပါတယ်။ အခုတော့ ဝင်ငွေအနည်းငယ်ရရှိလာပြီဖြစ်လို့ ကျွန်တော်တို့ တာဝန်ယူ/ခံစရာတွေ ပိုလာခဲ့ပါပြီ။
၁) ငွေဝင်တဲ့အခါ လစဉ်ဝင်ငွေရရှိမှုကို စာရင်းပြပေးမယ်။
၂) ယူကျူ့မှာ ပြထားတဲ့ ငွေကိုလည်း ပြပါမယ်။
၃) လက်ထဲကို ရောက်ရှိလာတဲ့ ငွေကိုလည်း စာရင်းဇယားနဲ့တကွ ပြပေးပါမယ်။
၄) သက်ဆိုင်ရာနေရာတွေဆီ ဘာတွေပို့လိုက်လဲ၊ ဘာတွေရောက်သွားလဲ ဆိုတာကိုလည်း တင်ပြသွားပါမယ်။

လောလောဆယ်တော့ ဝင်ငွေကလည်း သေးငယ်တဲ့ပမာဏပဲ ဖြစ်မှာမို့ နေရာအများကြီးတော့ ရောက်မယ်မထင်ပါဘူးခင်ဗျာ။ (အသေးစိတ်ကိစ္စတွေ၊ ကျွန်တော်တို့လုံခြုံရေးကို ထိခိုက်နိုင်တဲ့ ကိစ္စတွေကိုတော့ ဖော်ပြမပေးတဲ့အခါ နားလည်ပေးဖို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။)
နောက်ပြီး ယူကျူ့က ရတဲ့ ဝင်ငွေတွေကို ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အခြားကိစ္စတွေအတွက် အလွဲသုံးစားလုပ်မှာ မဟုတ်ပါဘူး။ အခုကတော့ အပြောပဲ ရှိသေးတာမို့ ကျွန်တော်တို့ အလုပ်နဲ့ပဲ သက်သေပြပါ့မယ်။ ချန်နယ် နာမည်နဲ့လည်း အပြင်ကနေ အလှူခံတာတွေ ပြုလုပ်မည် မဟုတ်ပါ။
(ကျွန်တော်တို့ရဲ့ပုဂ္ဂလိကဘဝနေထိုင်မှုနဲ့ ချန်နယ်ကိစ္စဆောင်ရွက်သူဘဝ ကိုတော့ သပ်သပ်စီခွဲထားပါတယ်)

💌ချန်နယ်ကစာတွေက ခွင့်ပြုချက်နဲ့ဖတ်တာလား
ဒါက အတော်လေးစဉ်းစားရခက်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့သဘောအရတော့ အားလုံးဆီခွင့်တောင်းချင်ပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းနေ စာရေဆရာတွေဆီ ခွင့်တောင်းတဲ့အခါ၊ သူတို့အတွက် ခွင့်ပြုတာပဲဖြစ်ဖြစ် မပြုတာပဲဖြစ်ဖြစ် ဖြေရခက်လှပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဘယ်သူ့ဆီမှခွင့်မတောင်းတော့ဘူး ဆိုတဲ့ မူကို ဆွဲကိုင်လိုက်ပါတယ်။ နောက်ပြီး တော်လှန်ရေးအတွက် အကျိုးရှိမယ်ဆို အသုံးပြုသင့်တယ်လို့လည်း ယူဆပါတယ်။ ဒီနည်းလမ်းကို အလုံးစုံမှန်ကုန်မှုမရှိမှန်းလည်း သိပါတယ်။ လေလောဆယ်အခြေအနေအရ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။ ပြန်လည်ထူထောင်ရေးကာလရောက်တဲ့အခါမှာတော့ မူရင်းဖန်တီးသူတွေကို လေးစားစွာနဲ့ ခွင့်ပြုချက် ရယူသွားမှာပဲ ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့တကွ လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။ (အဲ့ဒါကတော့ ပြန်လည်ထူထောင်ရေးဖြစ်စဉ်ဖြစ်တဲ့အခါမှာ ပြန်လည်ပြင်ဆင်သတ်မှတ်သွားမှာဖြစ်ပါတယ်) တင်ပြီးသား အပုဒ်တွေကိုလည်း ဖြုတ်ချပေးပါဆိုရင် ဖြုတ်ချပေးသွားပါမှာပါ။ လောလောဆယ်တော့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင် စာ၊ကဗျာ တွေ တင်ဆက်နိုင်မှုကလည်း အတော် အားနည်းနေပါသေးတယ်။

💌TAH Team ရဲ့ နောက်ခံ နဲ့ ခံယူချက်
ကျွန်တော်တို့အဖွဲ့မှာ ယူကျူ့၊ဖေ့စ်ဘုတ် စတာတွေကို ကိုင်ပေးတဲ့သူတွေရှိတယ်။ အကြံဉာဏ်အားဖြင့် ဝိုင်းကူတာ၊ လုပ်အားဝိုင်းကူတာ၊ အသံဖိုင်တွေ တောင်းပေးတာ၊ ဖတ်ပေးတာ စတဲ့ သူတွေလည်း ရှိပါတယ်။
အတိုချုပ်ပြောရရင်ဗျာ။ ကိုယ်တတ်တာလေးတွေစုပြီး လုပ်ရင်း လှူရင်းကနေ ကျွန်တော်တို့လုပ်အားနဲ့ ဝင်ငွေရနိုင်တဲ့ ယူကျူ့ချန်နယ်ကို စလုပ်ဖြစ်တယ်ပေါ့။ ကျွန်တော်တို့ ခံယူချက်ကတော့ ရိုးရှင်းပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု (သို့မဟုတ်) မြန်မာလူမျိုးစုအာလုံးရည်မှန်းတဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အထိ၊ ဖက်ဆစ်စစ်တပ်အမြစ်ပြတ်တဲ့အထိ နိုင်တဲ့နေရာက ပါဝင်သွားဖို့ပါပဲ။ ဒီစိတ် ဒီနှလုံးသားနဲ့ပဲ ကျွန်တော်တို့ နိုင်တဲ့အလုပ်လေးတွေ လုပ်နေတာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာတွေ၊ ခံပြင်းစရာတွေ၊ စိတ်ဆင်းရဲစရာတွေကြားကနေပဲ ကျွန်တော်တို့ ရှေ့ဆက်သွားကြပါမယ် ခင်ဗျာ။
ဒါကတော့ နောက်ဆုံးစာပိုဒ်ဖြစ်ပါတယ်ခင်ဗျာ။ ဒီထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

💌ချယ်နယ်ကို ဘယ်လိုကူညီလို့ရပါသလဲ။
ဒီစာမျက်နှာအကြောင်းပဲ ဖြစ်ဖြစ် TAH YouTube Channel သူငယ်ချင်းတွေကို ပြောပြပေးပါ။ ဘာစာအုပ်ဖတ်ပေးစေချင်သလဲဆိုတာကို ပြောပြပေးပါ။​ ဖတ်စေချင်တဲ့စာအုပ်တွေရဲ့ PDF file ရှိရင်လည်း ဒီကိုပို့ပေးလို့ရပါတယ်။ (Comment မှာ ပြီးရင် လာပေးထားပါမယ်) ပြီးတော့ ခဏခဏ ထပ်ခါ ထပ်ခါ ဝင်ကြည့်ပေးပါခင်ဗျာ။

ဤခရီး မဝေတော့ပြီ။

03/06/2024

မိုးက ချမ်းချမ်းမြမြအေးလှတော့ အဆွေးမုဒ်လေးတွေ ရောက်လာတယ်
ဆုန်သင်းပါရ် နဲ့ ဂျပန်ချယ်ရီတွေရဲ့ တွဲဖက်မှုလေးကို နားဆင်ပေးကြပါဦး။

ကြယ်တွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးကြတဲ့ ကဗျာဆရာတွေဟာအသက် ၉၀ ကျော်ထိ နေသွားရတယ်ကြယ်တွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးကြတဲ့ ကဗျာဆရာတ...
02/06/2024

ကြယ်တွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးကြတဲ့ ကဗျာဆရာတွေဟာ
အသက် ၉၀ ကျော်ထိ နေသွားရတယ်

ကြယ်တွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးကြတဲ့ ကဗျာဆရာတွေဟာ
အသက် ၉၀ ကျော်ထိနေသွားရတယ်
ဟိုမှာတွေ့လား အဝေးကကြယ်တွေဟာ ငါတို့ကံကြမ္မာ
ကိုခြယ်လှယ်နေကြတယ်လို့ တချို့ယုံကြည်ကြတာ
အော်လ်တာမကျဘူးလား
မင်းလည်းကြယ်တွေကို ဖွဲ့နွဲ့လို့နေလိုက်ပါ
ကြယ်တွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးကြတဲ့ ကဗျာဆရာတွေဟာ
အသက် ၉၀ ကျော်ထိနေသွားရတယ်

လားမားတွေက တောင်တစ်လုံးရဲ့တစ်နေရာမှာ
အိပ်စက်နေခဲ့ပြီး
တိုးရစ်တစ်ယောက်ကကြတော့ ဘန်ကောက်
ဟိုတယ် တစ်ခုကနေ ပြန်နိုးထလာခဲ့တယ်
ကြယ်စုံညတစ်ခုမှာ ဟစ်တလာဟာ နပိုလီယံ
အုတ်ဂူကို ဂါရဝသွားပြုနေခဲ့ပါတယ်
ညကြီးမင်းကြီး ချိန်းတွေ့တဲ့ စုံတွဲတွေကို
စွန့်ပစ်ခံထားရတဲ့ ကြောင်တွေတောင်
တခွီးခွီးလုပ်ကြတယ်
ဒဂုန်တာရာကွယ်လွန်ပြီဆိုပေမယ့် သူ့လျှာက
သက်တန့်တစ်ခုလို ကွေးညွတ်နေတယ်
အရက်နဲ့အချိုမုန့်ဟာ မလိုက်ဘူးဆိုလည်း
ငါတို့လျှာပေါ်မှာ ဆိတ်တွေ ၊ နွားတွေ ၊ ဝက်တွေ
နေနေကြတာပေါ့
ငါးတွေ အလုအယက် ကူးခတ်နေကြတာပေါ့
အဘညိုနတ်ဝင်သူဟာ အမဲသားနဲ့နယ်ထားတဲ့ ထမင်းကိုအားရပါးရစားနေပါတယ် ဟိုရာဇဝင်စာအုပ်ထဲမှာပါတဲ့ခွေးနဲ့မှားမိတဲ့ မိဖုရားကြတော့ ဘုရင်ကို
လုပ်ကြံဖို့ကြံစည်နေတယ်
ငါဟာကြယ်စုံညတစ်ခုမှာ တွေဝေနေခဲ့မိတယ်
ငယ်ငယ်တုန်းကတော့မင်းလည်း
စနေမောင်မောင်ဖြစ်ချင်ခဲ့ဖူးမှာပဲ
ကီလီမန်ဂျာရိုးတောင်ပေါ်မှာလား ဟိုတခါပြောတဲ့
ဒီတခါလည်း
ဘယ်သူချိတ်ထားမှန်းမသိတဲ့ စက္ကူငှက်တွေ

မသောက်
၂၀၁၉

photo form Google

“You say you love rain, but you use an umbrella to walk under it. You say you love sun, but you seek shelter when it is ...
01/06/2024

“You say you love rain, but you use an umbrella to walk under it. You say you love sun, but you seek shelter when it is shining. You say you love wind, but when it comes you close your windows. So that's why I'm scared when you say you love me.”
― Bob Marely



ဒီည ၉-၃၀ မှာတော့ ဆရာကြီးမင်းသုဝဏ် ရဲ့ လက်ရာ 'ဘကြီးအောင်ညာတယ်' ကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဖတ်ပြပေးထားသူက ပြည့် ပါတဲ့ဗျား။...
31/05/2024

ဒီည ၉-၃၀ မှာတော့ ဆရာကြီးမင်းသုဝဏ် ရဲ့ လက်ရာ 'ဘကြီးအောင်ညာတယ်' ကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဖတ်ပြပေးထားသူက ပြည့် ပါတဲ့ဗျား။ ဂူဂူမှာ ရှာကြည့်တော့ ဆရာဦးဘကြည် ရဲ့ ပန်းချီလက်ရာတွေ့တာနဲ့ အဲ့ဒါလေးကိုပဲ ကာဗာအဖြစ် ယူထားပါတယ်။

မပျော်ရွှင်ခြင်း အင်္ဂတေဗုဒ္ဓက ငါ့ကိုမမြင်ပေ  ငါကသာ သူ့ကိုဆီမီးအလင်းအောက် ငေးမောစွာကြည့်နေ။ - အေဖန့်ဖန့်photo from      ...
31/05/2024

မပျော်ရွှင်ခြင်း

အင်္ဂတေဗုဒ္ဓက ငါ့ကိုမမြင်ပေ
ငါကသာ သူ့ကိုဆီမီးအလင်းအောက်
ငေးမောစွာကြည့်နေ။

- အေဖန့်ဖန့်

photo from

ဒီည ၉း၀၀ နာရီမှာ နားဆင်နိုင်မယ့် မင်းမှုထမ်း - အပိုင်း ၅ ပါ။ ဆရာဝင်းငြိမ်း ရဲ့ ဘာသာပြန်လက်ရာဖြစ်ပြီး Mysterio 19 က ဖတ်ပြ...
30/05/2024

ဒီည ၉း၀၀ နာရီမှာ နားဆင်နိုင်မယ့် မင်းမှုထမ်း - အပိုင်း ၅ ပါ။
ဆရာဝင်းငြိမ်း ရဲ့ ဘာသာပြန်လက်ရာဖြစ်ပြီး Mysterio 19 က ဖတ်ပြထားပါတယ်။
ကွန်မန့်မှာ ကျွန်တော်တို့ ယူတုချန်နယ်လင့်ခ်လေး ရှိပါတယ်။ ဝင်ကြည့်ပေးပါဦးနော်။

29/05/2024

မရှိနာရီ
__________

တချိန်ချိန်တော့ ငါ ပြန်လာဦးမှာပါပေါ့
တကယ်တော့ ပြန်လာတယ်ဆိုတာ ငါ ဆက်သွားဦးမှာ ဆိုတဲ့ သဘောပဲလား
ရှေးဆန်အောင် အလိုအလျောက် မင်း ပြုမူမှုပုံစံ
ကိုယ့်မှာ အချိန်ကြည့်စရာ နာရီတောင် မရှိဘူး၊
ကိုယ် နာရီ မပတ်လို့ ဘယ်အချိန်ရှိပြီလဲ
ကိုယ် မသိဘူး ဒါကြောင့် ဘယ်အချိန်ရှိသွားလဲ
သိချင်တိုင်း မင်းကို မေးရတယ်
မင်းက အချိန်ကို အောက်ခြေလူတန်းစားဘဝလောက် နီးနီး သိတယ်
ကမ္ဘာကြီးပေါ်က ဘယ်အရာကိုမှ အလကား ငါ
မရခဲ့ဘူးလို့ မစ္စကီက ပြောတယ်
သူ့အချစ်သာလျှင် သူ့အပိုင်ပဲလို့ ပြောတယ်
ငါကတော့ အစွမ်းကုန် တောက်ပခွင့်ရဖို့
ရှင်သန်မှုကို ခံစားမိတဲ့ နေရာမှန်သမျှ
နေနေခဲ့တာပဲ
ဟုတ်ပ၊ ငါဟာ အတ္တကြီးစွာ ပင်လယ်ဓားပြပေါ့
အမြင်အာရုံပေါ် ထိတွေ့သမျှဟာ
အရောင်သက်သက်ကလွဲလို့
ငါ့ကိုယ်ငါ ပြန်ကြည့်ရင်တောင် အခြား ငါ မမြင်ရတော့အောင်
မင်းစာနာမှုက ငါ့ခြေလက်တွေကို ကြည့်ပြီး
ငါ့စာနာမှုက မင့်နဖူးပြင်က အရေးအကြောင်းတွေကို ကြည့်တယ်
ထိုင်းဆန်တဲ့၊ အဲ့ဒီမွှေးပျံ့မှုကို ငါ အစဥ်အမြဲ
အမှတ်ရမိမယ် ဆိုပေမဲ့
ငါ့မရင့်ကျက်နိုင်မှုအတွက် ငါ ပြန်ဝမ်းနည်းရဦးတော့မှာပဲ
ဒါဟာ ဆန်ရေဆေးရသလိုပဲ ထင်ပါရဲ့လေ
ပုံမှန်ဆို နှစ်ရည် သုံးရည်၊
တခါတလေတော့လဲ
ဖြူတဲ့အရောင်ရသွားဖို့ လေးငါးခြောက်ရည်
အဆုံးမှာတော့ ထမင်းစားရဖို့။

မင်းမင်းဦး

(ချန်ခင်ကြီးရှီဝူ၏ တောင်ခန်းဝါကဗျာ-၂)မိုးအောက်မြေပြင်အနှံ့ လှည့်လည်ခဲ့ပေမယ့် မည်သည့်နေရာမှ မတွေ့ခဲ့၊ ကံအားလျော်စွာ ဒီမြိ...
28/05/2024

(ချန်ခင်ကြီးရှီဝူ၏ တောင်ခန်းဝါကဗျာ-၂)

မိုးအောက်မြေပြင်အနှံ့ လှည့်လည်ခဲ့ပေမယ့်
မည်သည့်နေရာမှ မတွေ့ခဲ့၊
ကံအားလျော်စွာ ဒီမြိုင်လွှမ်းတောင်ထွတ်ကို
ရှာတွေ့ခဲ့ပေါ့၊
သက်ငယ်တဲလေးက စိမ်းပြာရောင်ကောင်းကင်ထဲ ထိုးထိုးထောင်ထောင်နဲ့ရယ်၊
ရေညှိတက်နေတဲ့ လမ်းလေးက
ဝါးတောထဲ ခပ်ရွှေရွှေလေးဖြတ်သွားရဲ့၊
စည်းစိမ်း ဂုဏ်သိန်နောက် လိုက်သူတို့ကတော့
မျက်နှာသာရလိုမှု အရှက်တကွဲအကျိုနည်းမှုတို့နဲ့ပတ်သက်ပြီး စိုးရိမ်သောက ပွားနေကြပေါ့၊
ငါကတော့ ဇင်ကြောင့် ဖြစ်ပေါ်လာတဲ့ ငြိမ်းအေးမှုထဲ အချိန်တွေကို ကုန်လွန်စေခဲ့ပေါ့၊
စိမ်းမြထင်းရှူးပင်တွေ ထူးခြားဆန်းကြယ်တဲ့ ကျောက်ဆောင်တွေကို လူတွေ မသိရှိကြ၊
(အကြင်သူတို့ကတော့) စိတ်ကို စိတ်နဲ့ ရှာဖွေနေတုန်းပ။

ချန်ခင်ကြီး ရှီဝူ ချင်းဟုန်
(石屋清洪 ၁၂၇၂-၁၃၅၂)

ချန်ဆရာသခင် ရှီဝူ ချင်းဟုန်၏ကထာမှတ်တမ်း၊
အတွဲ ၂ (ရှီဝူ ချင်းဟုန် ချန်းရှီး ယွီလု 石屋清洪禪師語錄)၊ တောင်ခန်းဝါကဗျာများ (山居詩)၊X70n1399.0667b02.

( လှိုင်ထွန်းနိုင် ၏ ဘာသာပြန်ဆိုမှုကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

27/05/2024

မိုးဖွဲများ ညများ
လမ်းမီးတိုင်အောက် ငါထိုင်တယ်
ပရိတ်ရေတွေဖျန်းထားတယ်
အဆုံးဟာ မဝေးတော့ပါ
စောင်းသံဟာ နားထဲမှာ တာရာ။

သစ်ငုတ်တိုပေါ်က စာကလေးတစ်ကောင် စာရေးသူ - မြင့်သန်း ဒီည ကိုးခွဲ သိပ်မကြာခင်မှာ အသစ်တတ်ပါမယ် ...
22/05/2024

သစ်ငုတ်တိုပေါ်က စာကလေးတစ်ကောင်
စာရေးသူ - မြင့်သန်း

ဒီည ကိုးခွဲ သိပ်မကြာခင်မှာ အသစ်တတ်ပါမယ် ...

22/05/2024

အစာမကြေသူ
____________

လိုင်းကားစောင့်နေတဲ့အချိန်မှာ ဘေးကအမျိုးသမီးကို သတိထားမိတယ်။ သူ့ပုံစံက ပျို့အန်ချင်ပေမယ့် အန်လိုမရတဲ့ပုံစံမျိုး။ ကြည့်မိတော့ သူ အန်ချင်နေတာ အန်မရတဲ့အကြောင်းပြောလာတယ်။ ခေါင်းလည်းကိုက်သလိုပဲခံစားနေရသတဲ့။ ဪ ဆိုတဲ့အနေအထားနဲ့ ကျနော်ခေါင်းညိမ့်ပြလိုက်တယ်။ ဆက်ပြောတယ်။ သူ့အနေနဲ့ တနေကုန် လက်ညိုးထိုးပြီးအန်လည်းမရကြောင်း။ လမ်းပေါ်က ခွေးချီးတွေ၊ ရုပ်ဆိုးဆိုးဂေးတွေ ကြည့်ပြီး အန်လည်းမရကြောင်းပြောလာတယ်။ ကျနော်လည်း ဘာပြောရမှန်းမသိဘူး။ဒါပေမယ့် ကျနော်ကူညီနိုင်တာ တစ်ခုကိုပြောပြတော့ သူ လက်ခံတယ်။ အဲဒီလိုနဲ့ လူရှင်းပြီးမမြင်ကွယ်ရာကို ကျနော်တို့လိုက်ရှာကြတယ်။ တွေ့တယ်ပဲဆိုပါတော့။ အဲဒီအချိန်မှာ သူက ကျနော့်ရဲ့ ကာမဓါတ်ချောင်းကို အာငွေ့ စ ပေးတယ်။ မိနစ်အနည်းငယ်ကြာတဲ့အခါ သူ့ရဲ့အာခေါင်ကို အနွေးဓါတ် ကျနော်ပေးလိုက်တယ်။ အဲဒီအခါ သူ စ အန်တော့တာပဲ။ မနည်းမနောကိုအန်တာ။ ဟော့ပေါ့ဘူဖေလ်း သုံးရက်လောက် စားထားသလိုကိုအန်တာ။ ပြီးတဲ့နောက်မှာတော့ သူ သက်သာသွားသလိုပုံစံနဲ့ ကျနော့်ကို ကျေးဇူးတင်ကြောင်းပြောတယ်။ သူ တော်တော်လန်းဆန်းသွားတာ။ခေါင်းကိုက်လည်း ပျောက်သွားပြီပြောတယ်။ အဲဒီလိုနဲ့ ကားဂိတ်ကို အတူတူလျှောက်ပြန်လာခဲ့တယ်။ YBS 86 လာတော့ သူတက်သွားတယ်။ ကျနော်လည်း နောက်ထပ် အစာမကြေတဲ့သူ ရောက်လာမလားဆိုပြီး ကားဆက်စောင့်နေမိတယ်။

အမ်ဂျီသာယာ
Oct,2023

20/05/2024

ဒီနေဝင်တာ နောက်ထပ်ကြုံဦးမယ်
အချိန်တန်လာရင်နှုတ်ဆက်ရမယ် ... (အယ်ဖြူ)

''မနက်ခင်းတစ်စ''အားလုံးကိုငါ'မ'ကြည့်ပြီးပြီမျက်ရည်ဟာအလေးလံဆုံးပဲမိုးရေထဲတဖြည်းဖြည်းပျောက်ဆုံးကိုယ့်ကိုယ်ကိုယ် လုံးလုံးရှ...
17/05/2024

''မနက်ခင်းတစ်စ''

အားလုံးကိုငါ'မ'ကြည့်ပြီးပြီ
မျက်ရည်ဟာအလေးလံဆုံးပဲ
မိုးရေထဲ
တဖြည်းဖြည်းပျောက်ဆုံး
ကိုယ့်ကိုယ်ကိုယ် လုံးလုံးရှာမတွေ့တော့။ ။

#သားဦး

ကဗျာဆရာသားဦး ဟာ ဒီနေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
ကောင်းရာသုဂတိလားပါစေ ကဗျာဆရာ။

❝ အသည်းကွဲခြင်း ❞ ____________________၀င်းမြင့်မင်း မရှိတော့ငါဟာ လူမိုက်မင်း ရှိတော့ငါဟာ လူညံ့မင်းဟာ ငါ့ဘေးနား ရှိတုန်းက...
17/05/2024

❝ အသည်းကွဲခြင်း ❞
____________________၀င်းမြင့်

မင်း မရှိတော့
ငါဟာ လူမိုက်
မင်း ရှိတော့
ငါဟာ လူညံ့
မင်းဟာ ငါ့ဘေးနား ရှိတုန်းက
ငါ ကြည့်မရဆုံး မိန်းမ
အခု ငါ့ဘေးနား မင်း မရှိတော့
ငါအချစ်ဆုံး မိန်းမတစ်ယောက်
ဒီလို ကြောက်မက်ဖွယ်အာရုံနဲ့
ငါ ကြေကွဲလို့
မင်းမရှိတော့ တံတားပျက်တယ်
လမ်းပိတ်တယ်
မကောင်းတဲ့ အိပ်မက်တွေလည်း မက်တယ်။

ငါ့အိပ်ရာပေါ်က
မင်းထားခဲ့တဲ့ စောင်
မင်းဝတ်ခဲ့တဲ့ အဝတ်အစား
ငါ့မှာ ပြာကျစိတ်နဲ့ မီးလောင်လို့
မကောင်းဘူး။
မင်းတို့နှစ်ယောက်
သဘောတူပါတယ် ပြောလိုက်ရပေမယ့်
ငါ သဘောမတူဘူး
အချစ်မှာ ငါက
တိုက်ပွဲ ခဏခဏ ကျတဲ့ရန်သူ
အချစ်မှာ ငါက
ခွင့်ပြုချက်မရသေးပဲ
ဆေးရုံက ဆင်းပြေးတဲ့ လူနာ။

ရန်ကုန်ဟာ ကျဉ်းပါတယ်၊
ဒါပေမဲ့ မဆုံနိုင်တော့ဘူး။

ဘဝဟာ
❝ ကျွန်မ မရှိမှ သိမယ် ❞
ဒီစကားဟာ မှန်ပါတယ်။
သံပန်းတွေဟာ
လှပေမယ့် မာကျောမှန်း ငါသိပါတယ်။

မင်းနှုတ်ခမ်းတွေဟာ
ခုနှစ်ရက်အတွင်း အရည်ပျော်လို့
ငါ့အော်သံဟာ
လုံခြုံရေးမရှိ ပွင့်ထွက်လို့
ပိန်သွားတယ်။
ငါဟာ ရူးသွပ်နေတဲ့ မျက်နှာကျက်
ငါဟာ ကပ်စေးနဲတဲ့ ယောင်္ကျား။
ငါဟာ မင်းရှိတော့လည်း
တစ်ယောက်တည်း
မင်း မရှိတော့လည်း
တစ်ယောက်တည်းသမား။
နောက်ဆုံးနေ့
တို့ တွေ့မယ်
❝ ၁ဝနာရီခွဲ ❞ တဲ့။
မိန်းမတစ်ယောက်ရဲ့ အလိုဆန္ဒ
အဲဒီအထိ ငါ့အလုပ်က လွဲပြီး
ကျန်တာ ငါဘာမှ မငဲ့သူ
ညနေ ၆ နာရီ
မင်းမရှိတော့ဘူး။
မင်းမရှိတော့ဘူး။
မင်းအဒေါ်တွေက မဲ့လို့
မင်းအခန်းလွတ်က ထစ်ချုန်းလို့။ ။

#၀င်းမြင့်
#အသည်းကွဲခြင်း


လက်ရှိအသစ်ထွက်ထားတဲ့ AI ကတော့ကြမ်းချက်ပါပဲ ။ ကျွန်တော်တို့ချန်နယ်ဟာ သူများချန်နယ်တွေလောက်နာမည်မကြီးသော်လည်းပဲ လက်ရှိကျနေ...
16/05/2024

လက်ရှိအသစ်ထွက်ထားတဲ့ AI ကတော့ကြမ်းချက်ပါပဲ ။ ကျွန်တော်တို့ချန်နယ်ဟာ သူများချန်နယ်တွေလောက်နာမည်မကြီးသော်လည်းပဲ လက်ရှိကျနော်သုံးထားတဲ့ Copilot ကတော့ဘာတွေတင်တယ် ဘာတွေတင်ထားတယ် သွားကြည့်ချင်ရင် ရော့ လင့်ခ်ဆိုတာမျိုးပါလုပ်ပြထားတာပါ ..
ဆိုတော့ Video တွေများများကြည့်ပေးပါအုံးနော် View နည်းနေလို့ပါ ..
နောက်တစ်ခုက ဒီပိုစ့်လေးကိုလည်း Share ပေးသွားပါအုံး ....

16/05/2024

ကြည်လင်အေးမြစွာ
နိုးထနံနက်ခါ
ပျော်ရွှင်ခြင်းဝေဖြာ 🌾🌾🌾

ဘယ်တော့မှမမေ့ဘူး  _____________________လှသန်းမမေ့ဘူးဘယ်တော့မှ မမေ့ဘူးခဏလောက် ခေါ်သွားပါရစေစစ်ဆေးပြီးရင် ပြန်ပို့ပေးမယ် ....
15/05/2024

ဘယ်တော့မှမမေ့ဘူး
_____________________လှသန်း

မမေ့ဘူး
ဘယ်တော့မှ မမေ့ဘူး
ခဏလောက် ခေါ်သွားပါရစေ
စစ်ဆေးပြီးရင် ပြန်ပို့ပေးမယ် . . .
အဲဒီညကို
ဘယ်တော့မှ မမေ့ဘူး
ညို့သကျည်းကို
မျဉ်းလုံးနဲ့ လှိမ့်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး
ပလတ်စတစ်အိတ်ကြီး စွပ်ပြီး
ဘယ်ပြန်ညာပြန် ပါးရိုက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး
အိမ်သာထဲမှာ ဘီယာဘူးခွံ စုတ်လေးနဲ့
အိမ်သာသုံးရေကို ခိုးသောက်ခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး
စားထားတဲ့ ထမင်း
အတောင့်လိုက် အန်ထွက်လာအောင်
ရင်ဝ ဖနောင့်နဲ့ ပေါက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး
သမံတလင်းပေါ်မှာ
တိရစ္ဆာန်တကောင်လို နေခဲ့ရတဲ့
ငရဲခန်းကာလ ၁၇ ရက်ကို
ဘယ်တော့မှ မမေ့ဘူး
အဖေ ခံစားခဲ့ရတဲ့ စိတ်သောက ဒုက္ခတွေကို
ဘယ်တော့မှ မမေ့ဘူး
အမေ ကျခဲ့ရတဲ့ မျက်ရည်ပေါက် ကြီးငယ်တွေကို
ဘယ်တော့မှ မမေ့ဘူး
ဖရိုဖရဲဖြစ်ခဲ့ရတဲ့ ငါ့ရဲ့ မိသားစုဘဝကို
ဘယ်တော့မှ မမေ့ဘူး
နေ့စဉ်နဲ့အမျှ
လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့
နှစ်ကာလများကို
ဘယ်တော့မှ မမေ့ဘူး ။ ။

#လှသန်း

Address


Website

Alerts

Be the first to know and let us send you an email when The Art Hive posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share