ရွှေဘို ငလျင်မှတ်တမ်း
  • Home
  • ရွှေဘို ငလျင်မှတ်တမ်း
ရွှေဘို ငလျင်မှတ်တမ်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ ဖြစ်ပ? ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ရွှေဘိုငလျင်မှတ်တမ်းဖြစ်ပါသည်။
16/12/2022
မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၂၈)မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (အမရပူရမြို့၏ အနောက်တောင်ဘက် (၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၃)ဒီဂရီ၊ အနက် (၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
15/12/2022
မန္တလေးငလျင်
15/12/2022
မန္တလေးငလျင်
မန္တလေးမှာ ငလျင်လှုပ်
ဒီဇင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၀၃)နာရီ၊ (၁၆)မိနစ်၊ (၃၅)စက္ကန့် အချိန်မှာ မန္တလေးမြေငလျင်စခန်းရဲ့ တောင်-အနောက်တောင်ဘက် (၁၅)မိုင် ခန့်အကွာ တံတားဦးမြို့ အရှေ့ဘက် (၄)မိုင်ခန့်အကွာ ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ငလျင်ဒဏ်ကို မန္တလေးမြို့ပေါ် နေထိုင်သူတွေ သိသိသာသာခံစားခဲ့ရကြောင်း နဲ့ အိပ်ပျော်နေသူ အချို့လန့်နိုးလာခဲ့ကြကြောင်းလည်း မန္တ‌လေးမြို့ခံတွေက ပြောပါတယ်။
နံရံကပ်တပ်ထားတဲ့ ညအိပ် မီးအိမ်လေး တစ်ပတ်လည်ပြီး ဇောက်ထိုးပြုတ်ကျသွားခဲ့တယ်လို့ မန္တ‌လေးမြို့ခံ တစ်ဦးက သူကြုံတွေရတဲ့ အတွေ့အကြုံကို ဘီဘီစီကို ပြောပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကို မသိရသေးကြောင်းနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့အချို့ကတော့ အကူအညီလိုရင် အကြောင်းကြားကြဖို့ လူမှုကွန်ရက်မှာ အသိပေးထားတာတွေ့ရကြောင်း သူက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မိုးဇလ
22/11/2022
အင်ဒိုနီးရှားမှာ နှစ်ရက်ဆက်တိုင် ငလျင်တွေလှုပ်နေပါတယ်။
21/07/2022
မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၃၇)မိနစ်၊ (၂၆)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် (၁၈)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့ဘက် (၁၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၈၆)ဒီဂရီ၊ အနက် (၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
21/07/2022
ကျိုင်းတုံနှင့် တာချီလိတ်အကြား သိသိသာသာ ငလျင်လှုပ်ခတ်သွား
https://t.me/TachileikNewsAgency/27667
* * * * *
ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း ကျိုင်းတုံနှင့် တာချီလိတ်အကြားတွင် ယနေ့ ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့ ည(၁၁)နာရီ (၁၀)မိနစ် (၈)စက္ကန့် အချိန်က ငလျင်အဆင့် ရစ်ချ်စတာ စကေး(၅.၁)ရှိ ငလျင် သိသိသာသာ လှုပ်ခတ်သွားသည်။
( ပုံတွင် ပြထားသည့်အချိန်မှာ ထိုင်းစံတော်ချိန်ဖြစ်သည် )
08/07/2022
စစ်ကိုင်းပြတ်ရွေ့ကြောဒေသတွေ ငလျင်ဘေးဒဏ်ကို အထူးဂရုပြုကြဖို့ မိုးဇလပညာရှင်တွေ သတိပေး
မော်လမြိုင် ၊ ဇူလိုင်(၇)
နိုင်ငံတဝန်းမှာ အခုရက်ပိုင်းအတွင်း ငလျင်ငယ်တွေ ခပ်စိပ်စိပ် လှုပ်ခတ်လာတာကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောရှိ ဒေသတွေအနေနဲ့ ငလျင်ဘေးဒဏ်ကို အထူးဂရုပြုကြဖို့ မိုးဇလပညာရှင်တွေက သတိပေးလိုက်ပါတယ်။
ငလျင်ငယ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကနေ ၇ ရက်နေ့ထိ ၃ ရက်အတွင်း ၆ ကြိမ် ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ မိုဇလက ထုတ်ပြန်ထားပါတယ်။
အဲဒီငလျင်ငယ်တွေဟာ ရန်ကုန်၊ နေပြည်တော် အပါအဝင် ရှမ်းပြည်နယ် နမ့်စန်နဲ့လင်းခေး မြို့တို့မှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်ငယ်တွေ လှုပ်ခတ်ခဲ့တာပါ။
အခုလို ငလျင်ငယ်တွေ ခပ်စိပ်စိပ် လှုပ်ခတ်မှုဟာ ငလျင်ကြီးတွေရဲ့ ရှေ့ပြေး ဖြစ်တာကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောရှိ ဒေသတွေအနေနဲ့ ငလျင်သဘာဝဘေးအန္တရာယ်ကို အထူးဂရုပြုကြဖို့ မိုးလေဝသပညာရှင် တစ်ဦး ဖြစ်တဲ့ ဦးဝင်းနိုင်(Green Way )က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါကြောင့် ငလျင်ဘေးအန္တရာယ်ဟာ ကြိုတင်သတိပေးချက် မရှိဘဲ ရုတ်တရက် ကျရောက်နိုင်ပြီး အပျက်အစီး အသေအပျောက်လည်း များနိုင်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှု စတင် လုပ်ဆောင်ဖို့ တိုက်တွန်းထားတာပါ။
မြန်မာနိုင်ငံမှာတော့ စစ်ကိုင်းပြတ်ရွေ့ကြောထဲမှာ ရန်ကုန်၊နေပြည်တော်၊ စစ်ကိုင်း၊ တကောင်း၊ ဝန်းသို၊မြစ်ကြီးနား၊ စဉ့်ကူး၊မန္တလေး၊ ဝမ်းတွင်း၊ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ပဲခူးနဲ့သုံးခွ မြို့တို့ ပါဝင်နေတာ ဖြစ်ပါတယ်။
သတင်း - သံလွင်တိုင်းမ်
05/07/2022
#မြန်မာ့ငလျင်သတင်း
၅.၇.၂၀၂၂ - ပဲခူးတိုင်းဒေသကြီး
ယနေ့ညမြန်မာစံတော်ချိန် ၁၁:၀၂ နာရီအချိန်က မြန်မာနိုင်ငံပြည်တွင်း ရခိုင်ပြည်နယ်သံတွဲမြို့အရှေ့ဘက်၊ ပဲခူးတိုင်းဒေသကြီးမြောက်ဘက်ပိုင်း ပြည်ခရိုင် ပြည်မြို့အနောက်တောင် ၂၄ မိုင်ခန့်ဝေးသည့်ဒေသကိုဗဟိုပြုပြီး မဂ္ဂနီကျု ၄.၃ အဆင့်ငလျင်ငယ် မြေအောက်အနက် ၇ မိုင်ခန့်မှ လှုပ်ရှားသွားခဲ့သည်။
ငလျင်ကြီးသတိပြုပါ
05/07/2022
ငလျင်ကြီးသတိပြုပါ
I would prepare now if I was Myanmar, Andaman and Nicobar Islands and Sumatra. Have your go bags ready just in case. We are seeing a huge collision of the India and Burma Plates. Stay alert!
05/07/2022
မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၉)မိနစ်၊ (၀၃) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရန်ကုန်မြို့(လှိုင်မြို့နယ်))၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
05/06/2022
တပတ်အတွင်း‌ မြန်မာပြည်တွင်းနေရာအချို့မှာမြေငလျင်လှုပ်မှုတွေဆက်တိုက်ဖြစ်
ဒီကနေ့ ဇွန် ၅ရက် မနက်အစောပိုင်း ၁၂နာရီကျော်အချိန် မှာ ဧရာဝတီတိုင်း ၊ညောင်တုန်းမြို့ရဲ့ အ‌ရှေ့ ၊အ‌‌‌‌ရှေ့မြောက်ဘက် ၉မိုင်ခန့်အကွာ အနက် ၈၃ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၄ ဒသမ ၂အဆင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခဲ့ပါတယ်။
မနက်၁နာရီကျော်အချိန်မှာတော့ ရှမ်းမြောက် ၊မိုင်းပြင်းမြို့ အရှေ့မြောက်ဘက် မိုင်၂၀ ခန့်အကွာ အနက် ၁၀ကီလိုမီတာ ကိုဗဟိုပြုပြီး အင်အား ရစ်ခ်တာစကေး ၃ ဒသမ ၈အဆင့်ရှိ အင်အားအနည်းငယ်ရှိမြေငလျင်တွေလှုပ်သွားခဲ့တာပါ။
ဒီအချက်အလက်တွေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဘက်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ တပတ်အတွင်း မြေငလျင်လှုပ်ခတ်ခဲ့မှုတွေကို ပြန်ကြည့်ချက်အရဆိုရင် မေ ၂၉ရက်ကနေ ဇွန် ၅ရက် ဒီကနေ့အထိ မြန်မာပြည်တွင်းနေရာအချို့မှာ မြေငလျင်လှုပ်မှုတွေ ဆက်တိုက်ရှိနေတာကိုတွေ့ရပါတယ်။
စစ်အာဏာသိမ်းမှုကြားမတည်မငြိမ်ဖြစ်တဲ့ဒေသတွေများနေချိန်မှာ ငလျင်တွေနဲ့ပတ်သက်လို့ မှန်မှန်ကန်ကန် ခန့်မှန်းဖို့ ၊ ပြတ်ရွေ့တွေကိုဆက်လေ့လာဖို့ နဲ့ အသိပညာပေးတာတွေဆက်လုပ်ဖို့ အကန့်အသတ်တွေ ရှိနေလို့ ပြင်ပငလျင်ပညာရှင်တစ်ဦးက ထောက်ပြပါတယ်။
တပတ်အတွင်း ဘယ်ဒေသတွေကနေ ဗဟိုပြုပြီး အင်အားဘယ်လောက်တွေနဲ့ လှုပ်ခတ်ခဲ့လဲ။မြန်မာနိုင်ငံရဲ့ စိုးရိမ်ရတဲ့ငလျင်ကြောတွေက ဘယ်နေရာမှာရှိနေလဲ။
ဓာတ်ပုံ - Getty Images
ပုံစာ - ၂၀၁၆ ခုနှစ်က ပုဂံငလျင်လှုပ်ခတ်ခဲ့မှု(ပုံဟောင်း)
ဒီသတင်းအပြည့်အစုံနဲ့ ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-61580209
01/06/2022
ပုသိမ်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ရစ်ချက်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
ရန်ကုန်၊ ဇွန် ၁
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အနောက်မြောက်ဘက် ၉၁ ကီလိုမီတာ(မိုင်အားဖြင့် ၅၇ ဒသမ ၁ မိုင် ) အကွာအဝေးရှိ ပင်လယ်ပြင်ကို ဗဟိုပြု၍ မြန်မာစံတော်ချိန် ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီ ၁၄ မိနစ်အချိန်တွင် ရစ်ချက်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန် USGS ( United States Geological Survey) က သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ခံအများစုက ငလျင်လှုပ်မှုကို သိသိသာသာ ခံစားလိုက်ရပြီး ပုသိမ်မြို့ခံများကလည်း ငလျင်လှုပ်မှုကို သိသာစွာ ခံစားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"တိုက်ကြီးလှုပ်နေတယ်ထင်တာ။ ခေါင်းများမူးလို့လားပေါ့။ ပြီးမှ ဖေ့ဘုတ်စ်ပေါ်တက်ကြည့်မှ ငလျင်လှုပ်မှန်းသိတာ။ နည်းနည်းကြာတယ်။ ၁ မိနစ်လောက်တော့ ယိမ်းထိုးနေတာပဲ။ သိသာတယ်" ဟု ရန်ကုန်မြို့ အထပ်မြင့် တိုက်တာတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။
ပုသိမ်မြို့ခံတစ်ဦးကလည်း ငလျင်လှုပ်မှုကို သိသာစွာ ခံစားရကြောင်း ပြောဆိုသည်။
USGS၏ အဆိုအရ ငလျင်သည် အနက် ၁၀ ကီလိုမီတာ ရှိကြောင်း သိရှိရသည်။
17/03/2022
10/08/2021
မြေငလျင်သတင်း
၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၄၈)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၃၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (စဥ့်ကူးမြို့၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၄၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၂)ဒီဂရီ၊ အနက် (၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။
08/01/2021
မြန်မာနိုင်ငံအတွင်းရှိ ငလျင်ကြောတစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ကြောဖြတ်သန်းရာ ပဲခူးဒေသအနီး ဝန်းကျင်တွင.....
21/12/2020
မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉) နာရီ၊ (၃၀) မိနစ်၊ (၀၀) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (စစ်ကိုင်းမြို့၏ အရှေ့-အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၉၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
မိုး/ဇလ
17/12/2020
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့တွင် ရစ်ချ်တာစကေး ၇ နှင့်အထက် ငလျင်ကြီးများလှုပ်ခတ်နိုင်၊ မြွေကြီးများ မကြာခဏတွေ့ရှိခြင်းနှင့် ငလျင်အန္တရာယ် ဆက်စပ်ကောက်ချက်ဆွဲရန် ခက်ခဲဟုဆို
------ ------ ------ ----- -----
မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး စသည့် မြို့ကြီးများ ပါဝင်သည့် စစ်ကိုင်းပြတ်ရွေ့ကြော တလျှောက် အင်အားရစ်ချ်စတာစကေး အနိမ့်ဆုံး ၇ နှင့်အထက် ငလျင်များလှုပ်ခတ်ရန် အချိန်ပိုမိုနီးကပ်လာကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောသည်။
အဆိုပါပြတ်ရွေ့ကြောတွင် လှုပ်ခတ်ခဲ့သည့် နောက်ဆုံးငလျင်ပင်လျှင် နှစ်ပေါင်း ၅ဝ ကျော်ရှိပြီဖြစ်သောကြောင့် ငလျင်များ၏သဘောသဘာဝအရ အချိန်ကာလကြာမြင့်လေ ပြန်လည်လှုပ်ခတ်ရန် နီးစပ်လာလေဖြစ်ကြောင်း ၎င်းက ပြောသည်။
''ငလျင်ကတော့ ခန့်မှန်းရခက်တာကိုး၊ ဘယ်အချိန်လှုပ်မယ်၊ ဘယ်နေရာလှုပ်မယ်ဆိုတာ ခန့်မှန်းဖို့ခက်တာပေါ့။ နေရာရယ်၊ အချိန်ရယ် ပြင်းအားရယ် အတိအကျပြောဖို့ ခက်ခဲတယ်။ Short time မဟုတ်ဘဲနဲ့ Long time ပေါ့။ ကာလပိုင်းခြားပြီးတော့ ခန့်မှန်းနိုင်တာက ဘာလဲဆိုတော့ မြို့ကြီးတွေအနေနဲ့ ပြောမယ်ဆိုရင် စစ်ကိုင်းပြတ်ရွေ့က မြို့ကြီးတွေအများစုပေါ့။ အနီးနားကသော်လည်းကောင်း၊ တည့်တည့်သော်လည်းကောင်း ဖြတ်သွားတာပေါ့။ စစ်ကိုင်းပြတ်ရွေ့လို့ပြောရင် ၂ဝ၁၂ ခုနှစ် သပိတ်ကျင်းငလျင်ကလွဲလို့ ကျန်တဲ့အပိုင်းတွေကတော့ ငလျင်ပြန်လည်လှုပ်ခတ်ရန်အတွက် နီးကပ်လာတာပေါ့။ ဥပမာပြောရရင် ရန်ကုန်၊ ပဲခူးနားမှာရှိတဲ့ ၁၉၃ဝ ပဲခူးငလျင်တို့၊ ဆွာငလျင်တို့၊ ဖြူးငလျင်တို့ ဆက်တိုက်လှုပ်တဲ့အပိုင်းတွေက မလှုပ်တာ နှစ်ပေါင်း ၉ဝ ရှိပြီ။ ၇ အထက် ပြင်းအားငလျင်လှုပ်ဖို့ဆိုရင် တော်တော်လေးကို အခွင့်အလမ်းက များလာတာပေါ့။ အဲဒီကနေပြီးတော့ မြောက်ဘက်တက်လာရင် နေပြည်တော် ပျဉ်းမနားလိုအပိုင်းတွေမှာ နောက်ဆုံးလှုပ်တာက ၁၈၉၃ ခုနှစ်ဖြစ်တဲ့အတွက် နှစ်ပေါင်း ၁၅ဝ ကျော် ပတ်ဝန်းကျင် မလှုပ်ခတ်ခဲ့တာပေါ့။ သူ လည်းပဲ ၇ အထက်လှုပ်ဖို့ ဖြစ်နိုင်ခြေများတယ်။ နောက်ဘက်တက်မယ်ဆိုရင် စစ်ကိုင်း၊ အင်းဝ၊ မန္တလေး ဒီဘက်အပိုင်းတွေကလည်း ၁၉၅၆ စစ်ကိုင်းငလျင်လှုပ်ခဲ့တဲ့အပိုင်းဆိုတော့ နှစ်ပေါင်း ၆ဝ ကျော်ပေါ့။ အဲဒါတွေအရ တွက်ကြည့်မယ် ဆိုရင် ၇ ပတ်ချာလည်နဲ့အထက် စစ်ကိုင်းပြတ်ရွေ့ကနေ ငလျင်တွေလှုပ်ဖို့ရာ ပိုပိုပြီးတော့ နီးလာတဲ့သဘောလို့ ကောက်ချက်ဆွဲလို့ရတယ်''ဟု ဦးမျိုးသန့်က ပြောသည်။
မြန်မာနိုင်ငံတွင် ငလျင်လှုပ်နိုင်ခြေ အဓိကရင်းမြစ်ပျမ်းမျှအားဖြင့် ၅ ခုရှိပြီး ပထမတခုသည် မြန်မာနိုင်ငံ အနောက် ဘက် အိန္ဒိယမြေထုချပ်မှ မြန်မာမြေထုချပ်အောက်သို့ထိုးဆင်းဝင်နေသည့် ဘူမိဗေဒဖြစ်စဉ်ကြောင့် ကမ်းလွန်ဒေသများတွင် ဆူနာမီဖြစ်နိုင်သည့် ငလျင်များလှုပ်နိုင်သည့် ရင်းမြစ်၊ ဒုတိယရင်းမြစ်မှာ စစ်ကိုင်းပြတ်ရွေ့တွင် ပြင်းအား ၇ အထက် လှုပ်နိုင်သည့်အနေအထားရှိသည့် ရင်းမြစ်၊ တတိယရင်းမြစ်မှာ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ရှမ်းကုန်မြေမြင့်ဒေသရှိ တောင်မြောက်သွယ်တန်းနေသည့် ပြတ်ရွေ့များဖြစ်ကြသည့် ကျောက်ကြမ်း၊ နန်း ပွန်ပြတ်ရွေ့၊ ရှေ့နောက်သွယ်တန်းနေသည့် ရွှေလီပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ ကျောက်မဲပြတ်ရွေ့၊ ဘုရားသုံးဆူ ပြတ်ရွေ့၊ စတုတ္ထရင်းမြစ်မှာ ကဘော်ပြတ်ရွေ့မှ လှုပ်နိုင်သည့် ရင်းမြစ်၊ ပဥ္စမရင်းမြစ်မှာ အဒမန်ပင်လယ်ကွေ့တွင် လှုပ်နိုင်သည့်ရင်းမြစ်တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တွင်းအောင်းစပါးကြီးမြွေများ မကြာခဏတွေ့ရှိနေသောကြောင့် ငလျင်များလှုပ် နိုင်ခြေရှိသည်ဟု ပြောဆိုနေမှုများနှင့်ပတ်သက်၍လည်း ငလျင်မလှုပ်ခင် တွင်းအောင်းသတ္တဝါမဟုတ်သည့် မြင်း၊ ခွေး စသည့် သတ္တဝါများပင်လျှင် မူမှန်မဟုတ်သည့်အပြုအမူများဖြစ်ပေါ်သည်ကို ကြားဖူးပြီး မြွေအပါအဝင် တွင်းအောင်းသတ္တဝါများ အချိန်အခါမဟုတ် တွင်းမှထွက်ခြင်းမှာလည်း ရှေ့ပြေးနိမိတ်တွေထဲတွင်ပါသော်လည်း ယင်းအရာများနှင့် ပတ်သက်ပြီး သိပ္ပွံပညာသုတေသနရလဒ်နှင့် တိတိကျကျ တူညီသည့်ရလဒ်မျိုး မထွက်လာသေးကြောင်း၊ ယခု ရန်ကုန်တွင်ထွက်လာသည့် မြွေများမှာလည်း အများကြီးမဟုတ်သလို၊ အခြား တွင်းအောင်းသတ္တဝါများ ထွက်လာခြင်းလည်း မဟုတ်သည့်အတွက် ယင်းဖြစ်စဉ်တခုတည်းဖြင့် ငလျင်လှုပ်မည်ဟု ကောက်ချက်ဆွဲခြင်းမျိုးပြုလုပ်ရန် ခဲယဉ်းကြောင်း ငလျင်ကော်မတီဥက္ကဋ္ဌဦးမျိုးသန့်က ပြောသည်။
TCM
25/11/2020
သီဟ | DMG
နိုဝင်ဘာ ၂၅ ၊ စစ်တွေ
ပြီးခဲ့သော ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုနှင့် ရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခုဆက်တိုက်ဆိုသကဲ့သို့ လှုပ်ခတ်မှုများ ရှိခဲ့သည်။
{Unicode}
ရခိုင်တွင် အင်အားပြင်းငလျင် လှုပ်ခတ်လာပါက ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်နိုင်
သီဟ | DMG
နိုဝင်ဘာ ၂၅ ၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် ငလျင်ပြတ်ရွေ့ကြော သုံးခုနှင့်အထက် တည်ရှိနေပြီး ပြတ်ရွေ့ကြောများကြောင့် ဆူနာမီ ရေလှိုင်းများကို ဖြစ်ပေါ်စေနိုင်သည့် အင်အားကြီးငလျင်များ ပေါ်ပေါက်လာနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က သတိပေးပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်တွင် မြောက်ဦးပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့နှင့် သူဌေးချောင်းပြတ်ရွေ့တို့အပြင် ရခိုင်ကမ်းလွန် ပင်လယ်ပြင်တွင် အိန္ဒိယမြေထုချပ်မှ မြန်မာမြေထုချပ်ထဲသို့ တိုးဝင်နေသည့် ဖြစ်စဉ်တစ်ခု ပါရှိနေသည့်အတွက် ငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း သူကဆိုသည်။
“ရခိုင်ကမ်းလွန်ပင်လယ်ပြင်ထဲမှာ ဖြစ်နေတဲ့ အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်ထဲကို စိုက်ဝင်နေတဲ့ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့တို့ ၊ ကဘော်ပြတ်ရွေ့တို့ဖြစ်လာရတာ။ မြေထုချပ်က တစ်နှစ်ကို ၄၆ မီလီမီတာနှုန်းနဲ့ စိုက်ဝင်နေတယ်။ သူ့ဆီကသာ ငလျင်ဖြစ်မယ်ဆိုရင်တော့ ရစ်ချ်တာစကေး ၉ အထက်ရှိမှာ ဖြစ်တယ်။ ဒါ့ကြောင့် ရခိုင်ဆိုရင် ဆူနာမီဖြစ်နိုင်တဲ့ ငလျင်တွေတောင် စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်လို့ ပြောလို့ရတယ်” ဟု ဒေါက်တာမျိုးသန့်က ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ပြတ်ရွေ့ကြောများရှိနေသော်လည်း လက်ရှိအချိန်အထိ ပြတ်ရွေ့ကြောများအကြောင်းကို အသေးစိတ်မလေ့လာနိုင်သေးသည့်အတွက် ငလျင်လှုပ်နိုင်စွမ်းအသေးစိတ်ကို အတိအကျပြောရန် ခက်ခဲကြောင်း သူကဆိုသည်။
“၁၇၆၂ ခုနှစ်မှာ ရခိုင်မှာလှုပ်ခဲ့တဲ့ငလျင်ဟာ ပြင်းအားရစ်ချ်တာစကေး ၈ အထက်ရှိမယ်လို့ သုတေသန စာတမ်းတွေအရသိရတယ်။ ရခိုင်ကမ်းလွန်ဒေသမှာ စူနာမီဖြစ်သွားခဲ့တဲ့ အထောက်အထားတွေ တွေ့ရတယ်။ အခုဆိုရင် ငလျင်မလှုပ်တာ နှစ်ပေါင်း ၂၅၀ ကျော်ပြီဆိုတော့ ငလျင်ရဲ့သဘောတရားအရ မလှုပ်တာကြာလေလေ လှုပ်ဖို့အခွင့်အလမ်းများလေပဲလေ။ နောက်ပြီး ပြင်းအားကလည်း ၇ အထက်ဖြစ်ဖို့များတယ် ” ဟု ဒေါက်တာမျိုးသန့်က ပြောသည်။
ရခိုင်ပြည်နယ်ရှိ ငလျင်ကြောများအကြောင်းနှင့် ငလျင်အထောက်အထားများသိရှိနိုင်ရန် ရခိုင်ပြည်နယ်တွင် ငလျင်တိုင်းတာစက် ခြောက်လုံးတပ်ဆင်ကာ လေ့လာမှုများပြုလုပ်နေပြီဖြစ်ပြီး လာမည့် နှစ်နှစ်ခန့်တွင် အဖြေကို သိရှိလာနိုင်မည်ဖြစ်ကြောင်း သူကဆိုသည်။
“ရခိုင်ပြည်နယ်မှာ ဒေသခံအများစုက ငလျင်အန္တရာယ်ထက် အခြားမကြာခဏဖြစ်တက်တဲ့ သဘာဝ ဘေးအန္တရာယ်ကို ပိုပြီးဂရုစိုက်နေကြတာကို ကျွန်တော်တွေ့ခဲ့ရတယ်။ ပြောချင်တာက ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ လုပ်တာပဲဖြစ်ဖြစ်၊ ပြည်သူလူထု သဘာဝဘေးအန္တရာယ် လျော့နည်းဖို့ရာ စဉ်းစားတဲ့အခါမှာပဲဖြစ်ဖြစ် ဒီငလျင်အန္တရာယ်ကိုလည်း အဓိကအခန်းကဏ္ဍကနေ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်” ဟု ဒေါက်တာမျိုးသန့်က ဆိုသည်။
ငလျင်နှင့်ပတ်သက်၍ သီးသန့်အသိပညာပေးမှုများထက် အခြေခံဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းများ၊ ဆက်တိုက်လေ့ကျင့်ခန်းများနှင့် ဟောပြောပွဲများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာများကို ထည့်သွင်းပြောကြားခြင်းတို့ကိုသာ လုပ်ဆောင်မှုများရှိကြောင်း ရခိုင်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးကဆိုသည်။
“အရင်တုန်းက တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းတွေကို လုပ်လေ့ရှိပေမယ့် ကျနော် ဒီဌာနကိုရောက်ပြီးနောက်ပိုင်းမှာ တစ်ကြိမ်စ၊ နှစ်ကြိမ်စလုပ်တာတော့ရှိတယ်။ လက်ရှိမှာတော့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် လူစုလူဝေးမဖြစ်အောင်လို့ ဒီသင်တန်းတွေကို ရပ်နားထားပါတယ်” ဟု သူကဆိုသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်တွင် ရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုနှင့် ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခုဆက်တိုက်ဆိုသကဲ့သို့ လှုပ်ခတ်မှုများ ရှိခဲ့သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြေငလျင်သတင်းထုတ်ပြန်ချက်များအရ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံကုန်းတွင်းပိုင်း၌ မြေငလျင် ၆၉ ကြိမ်၊ အက်ဒမန်ပင်လယ်အတွင်းတွင် တစ်ကြိမ်၊ စုစုပေါင်း အကြိမ် ၇၀ လှုပ်ခတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင် အကြိမ်ရေ ၁၆၅ ကြိမ်အထိ လှုပ်ခတ်မှုများ ရှိခဲ့သည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/earthquake.html
06/03/2020
စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ မနေ့ညက အင်အား ၃.၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြ.....
03/03/2020
ရခိုင်ပြည်နယ်၊ ဂွမြို့အနီးမှာ ဒီကနေ့မွန်းလွဲပိုင်းက အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိ....
20/02/2020
အခုနှစ်ကစပြီး မြန်မာပြည်မှာ ငလျင်အန္တရာယ် အရင်ထက်ပိုလာနိုင်တယ်လို့ ငလျင်ပညာရှင်တွေက တွက်ချက်ထားပါတယ်။ ဇာ...
10/02/2020
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၀၇)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၈)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်ဘက် (၂၆)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၈၆) ဒီဂရီ၊ အနက် (၁၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။
10/02/2020
မကွေးတိုင်း၊ စေတုတ္တရာမြို့ရဲ အနောက်မြောက်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၇ အဆင့်ရှိ မြေငလျင် လှု.....
05/02/2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့အနီးမှာ ပြင်းအား အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြ....
12/12/2019
နေပြည်တော်၊ ဥတ္တရသီရိမြို့မှာ ဒီနေ့မနက်ပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီ.....
26/11/2019
၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၃၅)မိနစ်၊ (၅၇)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက်(၈၇) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (သရက်မြို့၏ အနောက်တောင်ဘက် (၁၇)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၉၅)ဒီဂရီ၊ အနက်(၄၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၅.၇)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာ ရရှိပါသည်။
12/11/2019
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၅၄)မိနစ်၊ (၃၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင်(၃၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်တောင်ဘက် (၁၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၁၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၃)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
17/10/2019
Lead Story သတင်း သဘာဝပတ်ဝန်းကျင်/ရာသီဥတု ကလေးမြို့တွင် အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ မြေငလျင်လှုပ် By DVB 17 October 2019 Print Email Twe...
18/03/2019
မန္တလေးနှင့် အနီးနားရှိမြို့နယ်များမှာ ငလျင်ငယ်တစ်ခုလှုပ်ခတ်သွားပါတယ်။
28/01/2019
၂၀၁၉ ဇန္နဝါရီ ၂၈ နက်ပိုင်း ၁၀နာရီ၊ ၂၂မိနစ်၊ ၄၀စက္ကန့်။
ဖြူးမြို့ အနောက်တောင်ဖက် ပဲခူးရိုးမအတွင်းမှာ အင်အားပမာဏ ၄.၅ ရှိသော ငလျင်တခု လှုပ်ကြောင်း သိရပါတယ်။ ၂၀၁၈ ဇန္နဝါရီက လှုပ်ခဲ့သော ပမာဏ ၆.၀ရှိ ပဲခူးရိုးမငလျင် လှုပ်ခဲ့သောအရပ်ဖြစ်ပြီး ၁နှစ်အလွန်၊ ၂၀၁၉ ဇန္နဝါရီမှာ ထပ်မံလှုပ်တဲ့ ငလျင် ဖြစ်ပါတယ်။
Address
Website
Alerts
Be the first to know and let us send you an email when ရွှေဘို ငလျင်မှတ်တမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Shortcuts
  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?
Share