Ayeyarwaddy News

  • Home
  • Ayeyarwaddy News

Ayeyarwaddy News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyarwaddy News, News & Media Website, .

30/10/2020

ONE Championship returns on Friday, 30 October, LIVE at 8:30pm Singapore time for its biggest event of the year. Headlined by four Mixed Martial Arts World T...

29/10/2020

စိန်ခေါ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ မြန်မာစပါးအုံးမြွေ အောင်လအန်ဆန်း 👊🏻👊🏻👊🏻

ပရိတ်သတ်များအနေနဲ့လည်း အားပေးဖို့
အသင့်ဖြစ်နေပြီဆို Likeကလေးနှိပ်ပြီး Shareသွားဖို့ မမေ့နဲ့နော် …

29/10/2020
အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်မဲ ပေးကြပြီဧရာဝတီ၊ အောက်တိုဘာ ၂၉ ၊ ၂၀၂၀နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀...
29/10/2020

အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်မဲ ပေးကြပြီ

ဧရာဝတီ၊ အောက်တိုဘာ ၂၉ ၊ ၂၀၂၀

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့မှစတင်ကာ ပေးနိုင်ပြီ ဖြစ်သည်။

ယနေ့တွင် သက်ဆိုင်ရာ ရပ်ကွက်များအတွင်းရှိ မဲရုံများ၌ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ဆန္ဒမဲများ စတင်ပေးကြခြင်းဖြစ်ကာ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်မည် ဖြစ်သည်။

ကိုဗစ်ရောဂါဖြစ်ပွားမှုများပြီး လူဦးရေထူထပ်သည့် ရန်ကုန်နှင့်မန္တလေးရှိ ၃၄ မြို့နယ်အပြင် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားသော မြို့နယ်များမှ အသက်အရွယ်ကြီးရင့်သူများ အတွက် ယခုကဲ့သို့စီစဉ်ထားခြင်း ဖြစ်သည်။

ထို့အပြင် မဲရုံများသို့ လာရောက်ကာ ဆန္ဒမဲမထည့်နိုင်သည့် သက်ကြီးရွယ်အိုများ မဲထည့်နိုင်ရန်အတွက်လည်း ရွေ့လျားမဲရံစနစ်ဖြင့် အိမ်တိုင်ရာရောက် လှည့်လည်ကာ ဆန္ဒမဲများ ကောက်ခံလျက် ရှိသည်။

ဓာတ်ပုံ - ထက်ဝေ/ ဧရာဝတီ

🛑 မနက်ဖြန် အောင်လအန်ဆန်းပွဲကို MNTV မှ တိုက်ရိုက် ထုတ်လွှင့်မည်။ 🛑အောက်တိုဘာလ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံမှာကျင်းပပြုလုပ...
29/10/2020

🛑 မနက်ဖြန် အောင်လအန်ဆန်းပွဲကို MNTV မှ တိုက်ရိုက် ထုတ်လွှင့်မည်။ 🛑

အောက်တိုဘာလ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံမှာကျင်းပပြုလုပ်မယ့် One Championship ပြိုင်ပွဲကြီးအတွက် ပါဝင်မယ့် ပွဲကောင်း (၂) ပွဲ ဖြစ်တဲ့ Aung La N Sang Vs Reinier De Ridder ပွဲနဲ့ Christian Lee Vs Iuri Lapicus ပွဲတို့ကို MNTV Channel မှတိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

28/10/2020
26/10/2020


တူတူပုန်းတမ်း ကစားရင်း တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၄ နှစ်သမီးလေးကို ပြန်တွေ့ပြီ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ...

24/10/2020
24/10/2020
23/10/2020
23/10/2020

ဆီဆိုင်တွင် ပါတီဝန်းရံသည့်ယာဉ်မတော်တဆဖြစ်၊ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်
ဒီဗွီဘီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ဆေးရုံရှေ့မှာ အောက်တိုဘာ ၂၂ ရက် ညနေ ၆ နာရီ ဝန်းကျင်လောက်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ မဲဆွယ်စည်းရုံးဝန်းရံတဲ့ ယာဉ်မတော်တဆ ဖြစ်ပွားပြီး ယာဉ်ပေါ်ပါလာသူ ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

http://burmese.dvb.no/archives/418686
#မဲဆွယ်စည်းရုံးဝန်းရံ #ယာဉ်မတော်တဆ #ဆီဆိုင်မြို့နယ်

21/10/2020

အဆိုတော်၊သရုပ်ဆောင် ဦးရန်ပိုင်စိုး ယနေ့မနက် ၁၁:၁၁ အချိန်ကွယ်လွန်သွားပြီလို့သိရပါတယ်

Photo -crd

ဝေဘာဂီက ဆရာဝန်ကြီး ပြောပြီ--------------------------------------------------အင်အားပြပြီးနောက်ဆက်တွဲ ကိုဗစ်ဖြစ်ကြရင် အိမ်...
20/10/2020

ဝေဘာဂီက ဆရာဝန်ကြီး ပြောပြီ
--------------------------------------------------

အင်အားပြပြီးနောက်ဆက်တွဲ ကိုဗစ်ဖြစ်ကြရင် အိမ်မှာပဲသေကြပါ။

ကားပေါ်မှပြုတ်ကျရင် လမ်းမှာပဲသေကြပါ။

သွားလာရင်းဓာတ်လိုက်သေလျှင်တခါတည်းမြှုပ်ကြပါ။

ကားပေါ်မှ မီးစက်မီးလောင်လျှင် တခါတည်း အရိုးကောက်ကြပါ။

အနီ နဲ့အစိမ်းရန်ဖြစ်ကြလျှင် တခါတည်း များများသေအောင် ခုတ်ကြပါ။

ဆေးရုံဝန်ထမ်းများနှင့် volunteers များ.,အလှူရှင်များမှာ ကိုဗစ်တခုတည်းနဲ့အလုပ်ရှုပ် ပင်ပန်းလှပါပြီ။

သက်ဆိုင်ရာ အထက်လူကြီးများ၏
လုံးစုံကန်းနေသော မျက်လုံးများနှင့် ပင်းနေသော နားများမှာလည်း အများရယ်စရာဖြစ်နေပါပြီ
နေရာအနှံဖွင့်ထားသော center များကိုသွားရသည့် ကျန်းမာရေး ဝန်ထမ်းများလည်း စက်ရုပ်များမဟုတ်ကြပါ။ အချိန်ကြာလာတာနဲ့ အမျှ လက်ပန်းကျသွားပါလိမ့်မည်။

အင်အားပြခြင်းများကို ဂုဏ်ယူစွာshare နေသော ငပိန်းများလည်း တွေ့ရပါသည်။

မှတ်ချက်။ ။

ပင်ပန်းလွန်း၍ ရေးမိပါသည်။
ကမဝ ဝန်ထမ်းများမှာလည်း ကိုယ်တိုင်သိမှကိုယ်ချင်းစာတတ်ပါမည်။
PPE ဝတ်၍ ၃နာရီလောက် icu ထဲ နေကြည့်ကြပါ။

-
-
-
#ဒေါက်တာမေသန်း (ဝေဘာဂီ)
) photos.
မျှဝေပါသည်
TND #

20/10/2020

-“ရခိုင်ပြည်နယ်အရေးနှင့် ပတ်သတ်၍ အစိုးရ၏ ဆောင်ရွက်ချက်များအား ပိုမိုဆိုးရွားအောင် ဆောင်ရွက်နေသူများရှိ၍ သတိထားရန်လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံဆို "
-ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းမြင့်နေ၍ နေအိမ်တွင်ထားရှိ ကုသမည့်အစီအစဉ် ဆုံးဖြတ်ရန်မလွယ်သေးဟုပြော
-ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများရှိ တိုင်းရင်းသားများ အခွင့်အရေး ပြန်လည်သုံးသပ်သင့်ဟုဆို
-နိုင်ငံငါးနိုင်ငံ၌ ကြိုတင်မဲပေးခြင်းပြီးဆုံး ကိုဗစ်ကြောင့် ရွှေ့ပြောင်းလုပ်သားအများစု မဲပေးခွင့်ဆုံးရှုံး
-ပါတီအနေဖြင့် တိုင်းပြည်အား စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်တင်ပေးလိုဟု ဦးသန်းဌေး ပြော
-ပြည်သူများအနေဖြင့် စီးပွားရေးနှင့်ပတ်သက်၍ ရုန်းကန်နေရမှုကိုသိရပြီး အစိုးရအနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးမည်ဟု ဆို
-စည်းကမ်းဖောက်ဖျက်သည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ၅၁ ဆိုင်အား အရေးယူနိုင်ရန်တိုင်းအစိုးရသို့ တင်ပြထား
-မြစ်သားမြို့၌ ပါတီကြီးနှစ်ခုအား ထောက်ခံသူများက လူအင်အားများစွာဖြင့် လှည့်လည်စည်းရုံးမှုများအပေါ် ဒေသခံများစိုးရိမ်နေကြ
-ယခုဘဏ္ဍာနှစ် ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့နိုင်ရန် ရည်မှန်း
စတဲ့သတင်းများအပြင် ပြည်တွင်း၊ပြည်ပ သတင်းထူးများ၊ကလောင်ရှင်များ၏ စိတ်ဝင်စားဖွယ် ဆောင်းပါးများအပြင် သုတ၊ရသ စုံလင်စွာပါဝင်သည့် အောက်တိုဘာလ ၁၈ ရက်ထုတ် မြန်မာတိုင်းမ်နေ့စဉ် သတင်းစာကို ဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။
မြန်မာတိုင်းမ်နေ့စဉ် သတင်းစာကို PDF Version အဖြစ်လည်း Subscribe လုပ်ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သတင်းဦး၊သတင်းထူးတွေ သိရဖို့ ယခုပဲ Subscribe လုပ်လိုက်ကြရအောင်....။
မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာလုံးအတွက် PDF e-Newspaper တွေကို လူကြီးမင်းတို့ရဲ့ အီးမေးလ် ၊ Viber စသည်တို့ကို တိုက်ရိုက်ပို့ပေးမှာဖြစ်ပါတယ်။
သတင်းစာကိုထိုင်ရာကနေမထဘဲ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။ Myanmar Times ရဲ့ e-Newspaper PDF ဖိုင်ကို Subscribe လုပ်ဖို့ [email protected] နဲ့ ဖုန်း ၀၉ ၅၅၀၂၅၃၉ ကိုဆက်သွယ်လိုက်ပါ။

19-10-2020 ရက်နေ့  လက်ပံတန်းမြို့နယ်အပိုင် မှော်အင်းအုပ်စု ကမ်းပြိုကြီးကျေးရွာအုပ်ဆောင်းတိုက်အိမ်စု(သဲကောဆည်ဘောင်အနီး)တွ...
19/10/2020

19-10-2020 ရက်နေ့ လက်ပံတန်းမြို့နယ်အပိုင် မှော်အင်းအုပ်စု ကမ်းပြိုကြီးကျေးရွာအုပ်ဆောင်းတိုက်အိမ်စု(သဲကောဆည်ဘောင်အနီး)တွင် ကလေးငယ်တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေကြောင်း လက်ပံတန်းမြို့နယ်..မြို့နယ်ရဲတပ်ဖွဲ့သို့သတင်းပေးတိုင်ကြားလာမှု့ကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းဇော်ဦး ၊ခေတ္တယာယီစခန်းမှူး ဒုရဲအုပ် ရာဇာမျိုးဦး တို့ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာအုပ်ဆောင်းတိုက်အိမ်စုနေ ဦးထွန်းနိုင် ၄၁နှစ် (ဘ) ဦးမြင့်မောင် ၏ သမီး မ.... အသက် ၄ နှစ် နှင့်၉လအရွယ် သမီးငယ်မှာ နေအိမ်နှင့်ပေခြောက်ဆယ်ခန့်အကွာခြုံအတွင်း ခန္ဓာကိုယ်အောက်ပိုင်းဘောင်းဘီချွတ်လျက်လည်ပင်းနှင့်နံဘေးဝဲယာတွင်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်းတွေ့ရှိခဲ့ရပါသည်။
ထို့ကြောင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ မှတ်တမ်းဓာတ်ပုံရယူခြင်း၊မြေပုံကြမ်းရေးဆွဲခြင်းများပြုလုပ်ပြီးလိုအပ်သောစစ်ဆေးဆောင်ရွက်မှု့များကို အချိန်နှင့်တပြေးညီလုပ်ဆောင်နိုင်ခဲ့သောကြောင့်
တစ်ရွာတည်းနေ ထက်ဝေအောင် အသက် ၁၅ နှစ် (ဘ) ဦးအေးနိုင် အားအချိန်တိုအတွင်းဖမ်းဆီးနိုင်ခဲ့ပြီးအမှု့မှန်ပေါ်ပေါက်ရေးနှင့်ဥပဒေအရ အရေးယူနိုင်ရေးတို့အတွက် လိုအပ်သော စစ်ဆေးမှု့များကို ဆက်လက်လုပ်ဆောင်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

အဖြူရောင်ဂရု
#မောင်ညိုမှိုင်း

ကျုံပျော်မြို့နယ်ပြည်သူ့ဆေးရုံတွင်ကုသပေးနေသည့်ဒယ်ကွင်းကျေးရွာမှ(၇ )လအရွယ်COVID ကလေးငယ်၁၉,၁၀,၂၀၂၀Myo Gyi
19/10/2020

ကျုံပျော်မြို့နယ်ပြည်သူ့ဆေးရုံတွင်ကုသပေးနေသည့်
ဒယ်ကွင်းကျေးရွာမှ(၇ )လအရွယ်

COVID ကလေးငယ်
၁၉,၁၀,၂၀၂၀

Myo Gyi

19/10/2020

လက်ရှိတွင် UDP ကိုယ်စားလှယ်လောင်းများ ပါဝင်နေသည့် မဲလက်မှတ်များမှာလည်း ပြည်တွင်းရှိ ကော်မ ရှင် အဖွဲ့ခွဲများ....

အစိမ်းသမားကို အနီက မဲဆွယ်ရင်အနီ ဖြစ်မလာသလိုအနီသမားကို အစိမ်းသမားးက မဲဆွယ်လဲ အစိမ်းဖြစ်မလာပါဘူးးးးကိုယ်ယုံကြည်ရာ ကိုပဲ မဲ...
19/10/2020

အစိမ်းသမားကို အနီက မဲဆွယ်ရင်
အနီ ဖြစ်မလာသလို
အနီသမားကို အစိမ်းသမားးက မဲဆွယ်လဲ အစိမ်းဖြစ်မလာပါဘူးးးး
ကိုယ်ယုံကြည်ရာ ကိုပဲ မဲဆန္ဒ ပေးမှာပါ
🙏🙏အင်အားပြပြီး နောက်ဆက်တွဲကိုဗစ်ဖြစ်ကြရင်
အိမ်မှာပဲသေကြပါ

ကားပေါ်မှပြုတ်ကျရင်
လမ်းမှာပဲသေကြပါ

သွားလာရင်းဓာတ်လိုက်သေလျှင်
တစ်ခါတည်းမြှုပ်ကြပါ

ကားပေါ်မှမီးစက်မီးလောင်လျှင်
တစ်ခါတည်း အရိုးကောက်ကြပါ

အနီနဲ့အစိမ်းရန်ဖြစ်ကြလျှင်
တစ်ခါတည်း များများသေအောင် ခုတ်ကြပါ

ဆေးရုံဝန်ထမ်းများနှင့် volunteers များ.
အလှူရှင်များမှာ ကိုဗစ်တစ်ခုတည်းနဲ့
အလုပ်ရှုပ်ပင်ပန်းလှပါပြီ

သက်ဆိုင်ရာအထက်လူကြီးများ၏
လုံးစုံကန်းနေသောမျက်လုံးများနှင့်
ပင်းနေသောနားများမှာလည်း
အများရယ်စရာဖြစ်နေပါပြီ
နေရာအနှံဖွင့်ထားသော center များကိုသွားရသည့်
ကျန်းမာရေးဝန်ထမ်းများလည်း စက်ရုပ်များမဟုတ်ကြပါ
အချိန်ကြာလာတာနဲ့အမျှ လက်ပန်းကျသွားပါလိမ့်မည်

အင်အားပြခြင်းများကို ဂုဏ်ယူစွာshare နေသော
ငပိန်းများလည်း တွေ့ရပါသည်

မှတ်ချက်။ ပင်ပန်းလွန်း၍ ရေးမိပါသည်
ကမဝ ဝန်ထမ်းများမှာလည်း
ကိုယ်တိုင်သိမှ ကိုယ်ချင်းစာတတ်ပါမည်
PPE ဝတ်၍ ၃နာရီလောက် icu ထဲ နေကြည့်ကြပါ

- ဒေါက်တာမေသန်း (ဝေဘာဂီ)

Credit:
# # # # #
ကျွန်မ ကျန်းမာ ရေးဝန်ထမ်း မဟုတ်ပါ

ပင်ပန်းမှုဒဏ်မခံနိုင်တော့တဲ့အဆုံး ခြေပစ်လက်ပစ်လဲချလိုက်ကြတဲ့ သူရဲကောင်းများ😪အရမ်းကိုပင်ပန်းနေကြတဲ့ သူရဲကောင်းတွေအတွက် အာ...
19/10/2020

ပင်ပန်းမှုဒဏ်မခံနိုင်တော့တဲ့အဆုံး ခြေပစ်လက်ပစ်လဲချလိုက်ကြတဲ့ သူရဲကောင်းများ😪

အရမ်းကိုပင်ပန်းနေကြတဲ့ သူရဲကောင်းတွေအတွက် အားပေးစကားလေးပြောပေးခဲ့ကြပါအုံးနော်

ကျုံပျော်မြို့တွင် NLD မဲဆွယ်ယာဉ်တန်းလိုက်ပါလာသည့်ကားဖြင့် ကြိတ်မိသည့်အတွက် ပါတီထောက်ခံသူအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေ...
19/10/2020

ကျုံပျော်မြို့တွင် NLD မဲဆွယ်ယာဉ်တန်းလိုက်ပါလာသည့်ကားဖြင့် ကြိတ်မိသည့်အတွက် ပါတီထောက်ခံသူအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
……………………………………………

ဧရာဝတီတိုင်းမ်
(ကျုံပျော်) အောက်တိုဘာ ၁၈ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ မဲဆွယ်ယာဉ်တန်းလိုက်ပါလာသည့်ကားဖြင့် ကြိတ်မိသည့်အတွက်
NLD ပါတီ ထောက်ခံသူအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးမှု ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ယနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အသုတ်၊ ရေကြည်နှင့် ကျုံပျော်မြို့တို့တွင် NLD ပါတီ အောင်နိုင်ရေးအတွက် အင်အားပြလှည့်လည်သည့် ယာဉ်တန်းတွင် လိုက်ပါလာသူ အသုတ်မြို့နေ မခင်မျိုးသက် (အသက် ၃၈) နှစ်မှာ အသုတ် - ကျုံပျော် ကားလမ်း၊ သပြေကွင်းအုပ်စု၊ ကိုင်းတောကျေးရွာအနီးတွင် ယာဉ်မတော်တဆမှုဖြစ်ကာ ယာဉ်တန်းတွင် လိုက်ပါလာသည့် ကံထူးအောင် မီနီဘတ်စ်ကားမှ ကြိတ်မိသဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျုံပျော်မြို့မရဲစခန်းထံမှ သိရသည်။

“မဲဆွယ်စည်းရုံးရေးလှည့်ရာမှာ အဲဒီအမျိုးသမီးက ဆိုင်ကယ်နဲ့ ကားကို ကျော်တက်တယ်။ အဲ့လို ကျော်တက်ချိန်မှာ ကားနဲ့ ဆိုင်ကယ်ဘက်မှန်နဲ့ ချိတ်မိတော့ ဆိုင်ကယ်ကလဲသွားပြီး လူပါလဲကျ သွားတယ်။ အဲဒီအချိန်မှာ ကားနောက်ဘီးက အမျိုးသမီးကို ကြိတ်မိသွားတာ”ဟု ကျုံပျော်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ခိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မခင်မျိုးသက် သေဆုံးမှုနှင့်ပတ်သတ်၍ ကံထူးအောင် မီနီဘတ်စ်ကား မောင်းနှင်သူ ယာဉ်မောင်း စိုးလင်းထက်အား ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် ကျုံပျော်မြို့မရဲစခန်းက ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - ဦးရဲစိုးအောင်
#ကျုံပျော် #ယာဉ်တိုက်မှု #မဲဆွယ်လှည့်လည် #ပွဲချင်းပြီးသေဆုံး

"Project K အဖွဲ့ရဲ့ ဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါပြီ"
19/10/2020

"Project K အဖွဲ့ရဲ့ ဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါပြီ"

Project K အဖွဲ့ဖျော်ဖြေမှု စေတနာဆိုး မပါသဖြင့် အကုသိုလ် မဖြစ်ဟု သာသနာရေးဝန်ကြီးဌာန ထုတ်ပြန် “ရွှေတိဂုံစေတီတော်ပ....

မြန်မာ့အရက်‌ရောဆုံး သူဌေးကြီး ဦးဇော်ဇော် ကိုဗစ်တိုက်ဖျက်ရေးအတွက် သိန်းကိုးသောင်း လှူဒါန်း
19/10/2020

မြန်မာ့အရက်‌ရောဆုံး သူဌေးကြီး ဦးဇော်ဇော် ကိုဗစ်တိုက်ဖျက်ရေးအတွက် သိန်းကိုးသောင်း လှူဒါန်း

မြန်မာ့အရက်‌ရောဆုံး သူဌေးကြီး ဦးဇော်ဇော် ကိုဗစ်တိုက်ဖျက်ရေးအတွက် လှူဒါန်းမှု သိန်းကိုးသောင်းအထိရှိ ကိုဗ...

ကိုယ့် ကိုယ်ကိုယ် သံသယဖြစ်ပီဆိုရင် ဒါလေးတွေ ကျိန်းသေလုပ်ပါ*ခေါင်းတွေ ထိုးကိုက်ပါတယ် ပေါက်ကွဲမတတ် (day 1 )*လည်ချောင်းမှာ ...
19/10/2020

ကိုယ့် ကိုယ်ကိုယ် သံသယဖြစ်ပီဆိုရင် ဒါလေးတွေ ကျိန်းသေလုပ်ပါ

*ခေါင်းတွေ ထိုးကိုက်ပါတယ် ပေါက်ကွဲမတတ် (day 1 )

*လည်ချောင်းမှာ ယားပီးချောင်းခြောက်ဆိုးချင်လာပါတယ်(day 2)

*အနံ့တဖြေးဖြေးလွင့်လာပါတယ် လုံးဝမပျောက်သွားသေးပါဘူး(day3)

*ကိုယ်စားတဲ့အစားအစာတွေ အနံ့စပျောက်လာပီ အိမ်သာ အနံ့ဟင်းချက်တဲ့အနံ့ဘေးပတိဝန်းကျင်အနံ့လုံးဝ အရှင်းပျောက်သွားပါပီ (day4)

စိတ်အေးအေးထားပါ စိတ်ကိုတင်းထားပါ စိတ်ကိုခိုင်ခိုင်ထားပါ ဘာသောကမှ မရောက်ပါနဲ့...

ဒီရောဂါသည် ကိုယ်ခံအားလျော့တဲ့အချိန်ဝင်လာတတ်ပီး ကိုယ်ခံအား ပြန်ပြည့်တဲ့အခါ သူ့အလိုလို ပြန်ထွက်သွားမှာပါ....

မိမိလုပ်ရမှာက ရောဂါအခံ ဆီးချို သွေးချိုသွေးတိုး ရှိလားအရင်စစ်ပါ..

Ok မရှိဘူးဆို စိတ်တမျိုးအေးရပါတယ် အဲ့ဒီတော့ ကိုယ်ခံအားကောင်းအောင် စစားပါမယ်

*ကြက်ဥ တနေ့၂လုံး
*နံနက်စာ ပေါင်မုန့်နို့ဂျုံပြောင်း ဆန်အကုန်စားပါ....နံနက်စာ စားပီးတာနဲ့ ( သေချာတာတစ်ခုက အနံ့ပျောက်နေတဲ့အတွက်အစားအသောက်တွေသည် အရသာရှိမှာ စားချင်မှာ မဟုတ်ပါဘူး )
မစားချင်ဘူး ဆိုပီး မစားပဲမနေပါနဲ့ကိုယ်ခံအားကောင်းအောင်စားရမှာပါ)ပီးရင်
Civit bbi 100 ကို ၂လုံးသောက်ပါ.....
*ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ
*ရေနွေးကြမ်း အဖန်ရည်သောက်ပါ ဂျင်းနဲ့ထန်းညက် ပြုတ်ထားတာသောက်ပါ....
*ငယ်ငယ်က လုပ်သလို အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
*နေပူနေရင် မနက်နေကို မိနစ် ၂၀လောက်လုံပါ
*နေ့ခင်းဘက်လည်း ထမင်းစားပါ အသီးအရွက်တွေစားပါ ကြက်သား ငါးစားပါ
*ပီးရင် ရေနွေးနဲ့သံပုရာရည် ဖျော်သောက်ပါ သံပုရာသီးကို နှစ်ပီးများများထည့်သောက်ပါ
*နေ့ခင်း ၂နာရီလောက် အနည်းဆုံး ပြန်အိပ်ပါ
*နိုးတာနဲ့စားဖို့လုပ်ပါ အားရှိတာစားပါ
*ညဘက်လည်း ထမင်းစားပါ
*Civit 2လုံးထပ်သောက်ပါ
*အိပ်ခါနီး ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ
*ညဘက်စောစော အိပ်ပါ🙏

တနေ့ကို ဆားရည် ၂ခါကျင်း
ကွကျဥ၂လုံးစား
ထမင်း၂နပ်
အစာပြေ ၂နပ်
ကြက်သွန်ဖြူ ကြက်သွန်နီ နေ့တိုင်းစားပါ
Civit ၄လုံး
ကိုယ်ခံအားကောင်းအောင် စားပီးအိပ် အိပ်ပီးစားပါ
အအေးမခံပါနဲ့နွေးနွေးထွေးထွေးနေပါ
ရေနွေးသောက်ပါ
ပူပူလောလော ထမင်း ဟင်းစားပါ
သေးခဏခဏပေါက်ပါ
ချွေးထွက်အောင်နေပါ
အအေးတွေ သောက်မယ့်အစား Royal D လိုဓာတ်ဆားများများသောက်ပေးပါ....

*သုံးရက်မြောက်နေ့ဆို အနံ့အနည်းအကျငိးပြန်ရလာပါလိမ့်မယ်
*တစ်ပတ် ဆယ်ရက်ဆို ပြန်ကောင်းသွားမှာပါ

*အိမ်မှာပဲ stay home ပါ

ဘယ်မှ မထွက်ပါနဲ့ကိုယ့်အိမ်မှာ ကလေးလူကြီးရှိနေရင် ကလေးအတွက် civit တိုက်ထားပါ မနက်၁ည၁
လူကြီးအတွက်လည်း မနက်၁ည၁တိုက်ပီး ကာကွယ်လို့ရပါတယ်....

အဲဒီကြားထဲ မှာမှ ချောင်းအရမ်းဆိုးတာ အသက်ရှူကြပ်တာ ဝမ်းသွားတာ မောဟိုက်လိုက်တာ အဖျားတတ်လာတာဆို ဆေးရုံသွားပီး ဆေးကုသမှူ့ခံယူပါ

လိ မ္မော်လေးက ကလေး civit ပါ
အဖြူကတော့ BBI 100 ပါ လူကြီး civit ပါ
ကာကွယ်မယ်ဆို တနေ့၂လုံးပါ
ကုသမယ်ဆို ၄လုံးမှ ၅လုံးအထိ ဆေးညွှန်းပါပါတယ်...
အ့ထက် ပိုသေချာချင်ရင် ဆရာဝန်နဲ့တိုင်ပင်ပီးသောက်ပါ။

Crd. #ခရီးသည်

လိုအပ်ရင် အသုံးခြနိုင်စေဖို့ ကူးယူဖော်ပြခြင်း
ဖြစ်ပါသည် ကိုယ်ပတ်ဝန်းကျင်မှာလဲ အနီရောင်တွေ လွမ်းနေသည်မို့ လန့်နေမိတယ် 😰

ပိုစ့်တင်ပိုင်ရှင်အား Card ပေးပါသည်
အများသိစေရန် လွတ်လက်စွာ share ပေးပါ။

19/10/2020

-“ကိုဗစ်ဘေးနှင့် ဆန္ဒပြမှုများကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားသောင်းနှင့်ချီ ကြိုတင်မဲပေး ခွင့်ဆုံးရှုံး"ဆိုသည့် သတင်း
-မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့်ပြုပြင်ပြောင်းလဲရေး စီမံချက်အသစ် အစိုးရရေးဆွဲနေ
-နယ်မြေအချို့၌ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စိုးရိမ်ဖွယ်ဖြစ်၍ သုံးသပ်ပေးရန်လိုဟုဆို
-မြန်မာ-ထိုင်းနယ်စပ် အမှတ်(၂)တံတားအား အောက်တိုဘာ ၂၅ ရက်အထိ ကုန်သွယ်မှုပိတ်
-ရွှေသံလွင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများနှင့် ဝန်ထမ်း၊ မိသားစုဝင်များတွင် COVID-19 ရောဂါပိုးတွေ့ရ
-ဘုန်းကြီးကျောင်းတိုက်နှင့် ပြည်သူအချို့၏ မြေစွန့်လွှတ်လှူဒါန်းမှုကြောင့် မန္တလေး၌ မဟာဗျူဟာမြောက် လမ်းသစ်များ ထွက်ပေါ်
-မင်းဘူးခရိုင်အတွင်းရှိ မဲရုံပေါင်း ၇၀ဝ ကျော်တွင် ပညာရေးဝန်ထမ်း ၅၉၀ဝ ကျော်က တာဝန်ယူဆောင်ရွက် မည်
-ပြီးခဲ့သည့် ဘဏ္ဍာနှစ် ငါးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကျော် ရရှိခဲ့
-အင်းယားစင်တာ၌ တက်ရောက်ကုသမှုခံယူ နေသူများအနက် ၃၀၈ ဦးခန့် ဆင်းခွင့်ရပြီဖြစ်
စတဲ့သတင်းများအပြင် ပြည်တွင်း၊ပြည်ပ သတင်းထူးများ၊ကလောင်ရှင်များ၏ စိတ်ဝင်စားဖွယ် ဆောင်းပါးများအပြင် သုတ၊ရသ စုံလင်စွာပါဝင်သည့် အောက်တိုဘာလ ၁၈ ရက်ထုတ် မြန်မာတိုင်းမ်နေ့စဉ် သတင်းစာကို ဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။
မြန်မာတိုင်းမ်နေ့စဉ် သတင်းစာကို PDF Version အဖြစ်လည်း Subscribe လုပ်ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သတင်းဦး၊သတင်းထူးတွေ သိရဖို့ ယခုပဲ Subscribe လုပ်လိုက်ကြရအောင်....။
မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာလုံးအတွက် PDF e-Newspaper တွေကို လူကြီးမင်းတို့ရဲ့ အီးမေးလ် ၊ Viber စသည်တို့ကို တိုက်ရိုက်ပို့ပေးမှာဖြစ်ပါတယ်။
သတင်းစာကိုထိုင်ရာကနေမထဘဲ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။ Myanmar Times ရဲ့ e-Newspaper PDF ဖိုင်ကို Subscribe လုပ်ဖို့ [email protected] နဲ့ ဖုန်း ၀၉ ၅၅၀၂၅၃၉ ကိုဆက်သွယ်လိုက်ပါ။

19/10/2020
18/10/2020

Address


Website

Alerts

Be the first to know and let us send you an email when Ayeyarwaddy News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share