The Punisher PDF

  • Home
  • The Punisher PDF

The Punisher PDF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Punisher PDF, Digital creator, .

28/09/2023

ရွှေပြည်စိုးက မန်းလေးကို ဝိုင်းရံနေပြီဆို.....🤔🤔🤔

တောင်သမန်မှာ အောင်လံစိုက်မလို့ဆို..... 🤔🤔🤔

ဟုတ်ပါတယ် စစ်သည်တွေ အောင်လံထူကြဖို့ပါ😎😎😎

လေးဖက်မကပဲ အရပ်ရှစ်မျက်နာမှာပါ ဝိုင်းထားပြီဆို...🤔🤔🤔

ဒီထက်မကသေးပါဘူး ဝေဟင်ကလဲ လာအုံးမှာ ကိုယ့်လူရေ..........🚀🚀🚀🎉🎉🎉📌📌📌

ကျုံးတော်ပတ်လည် နန်းမြို့ရိုးဆို..😳😳😳

တကယ်က ကြုံးတော်မူကြမှာပါ 😬😬😬

😊😊😊ပြုံးတော်လဲမူကြပါအုံး😊😊😊

😊😊 အလှူငွေလဲထည့်ကြပါအုံး😊😊😊
ကျွန်တော်တို့ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း Pageမှနေလဲ ပါဝင်ကူညီလို့ရနေပါပြီနော်


#ရွှေပြည်စိုး
#အောင်စည်ရွှန်းမည်မန်းရွှေပြည်
#ရွှေပြည်စိုးမယ့်ရဲဘော်တွေ
#မန္တလေးခရိုင်တပ်ရင်း၃
#မန္တလေးခရိုင်တပ်ရင်း၄
#မန္တလေးခရိုင်တပ်ရင်း၅
#မန္တလေးခရိုင်တပ်ရင်း၆
#ပိတောက်ဖူး

27/09/2023

Myanmar🇲🇲

ရွှေပြည်စိုး - https://www.facebook.com/shwepyisoepdf?mibextid=LQQJ4d
MMK, DMMK, SGD, THB, SDB Bank

နွေဦးရောင်ခြည်အဖွဲ့ - https://www.facebook.com/nwayooyaungchisg
https://m.me/springrayruby2021
https://m.me/moemoethein.thein.9
https://m.me/saw.yu.5
SGD, DMMK, MMK

မန္တလေးခရိုင် တပ်ရင်း ၃ -https://www.facebook.com/mandalaypdf2021?mibextid=LQQJ4d
DMMK, MMK

မန္တလေးခရိုင် တပ်ရင်း ၄ -https://www.facebook.com/SpecialAttackingForce?mibextid=LQQJ4d
DMMK, MMK

မန္တလေးခရိုင် တပ်ရင်း ၅ - https://www.facebook.com/mandalaydistrictno.5battalion?mibextid=LQQJ4d
DMMK, MMK

မန္တလေးခရိုင် တပ်ရင်း ၆ -https://www.facebook.com/pdfmdy6
DMMK, MMK

Lucky2PDF - https://www.facebook.com/lucky2pdf?mibextid=LQQJ4d
MMK, DMMK, SGD, THB, SDB Bank

ပြည်သူ့ဂုဏ်ရည် - ​နွေဦးစုဗူး - https://www.facebook.com/nwayoosubuu
MMK, DMMK

We Care About You - https://www.facebook.com/people/We-Care-about-You/100069616658639/?mibextid=ZbWKwL
MMK, DMMK

Stella - fb : m.me/stellaJapanFR
JPY, DMMK, MMK

Moon King - https://www.facebook.com/crphofficialfundraiser?mibextid=LQQJ4d
MMK, DMMK, SGD, USD, SDB, Crypto

Ko Phyo - m.me/KoPhyoOFP
USD, SGD, DMMK

27/09/2023
27/09/2023
27/09/2023

မန္တလေး မန္တလေး ငါတို့ရဲ့ သမိုင်းဝင်မြို့တော် 💪
ငါတို့ရဲ့ ထီးခေတ်နန်းခေတ်ရဲ့ နောက်ဆုံးမင်းဆက်ရဲ့ သမိုင်းဝင် နန်းတော်💪
ငါတို့ခေတ်ရဲ့ အထင်ကရ အရေးကြီးဆုံး ငါတို့နိုင်ငံရဲ့ဒုတိယမြို့တော်💪
ငါတို့ကိုယ်တိုင်ဝိုင်းရုန်းမှ ပြန်ပိုင်နိုင်မဲ့မြို့တော်💪
ဟုတ်တယ် မန္တလေး သွေးမအေးတဲ့မန္တလေး
ရွှေပြည်ကိုပြန်လည်မိုးဖို့ ရွှေပြည်စိုးမှာပါဝင်ကြပါစို့💪

🥰ရွှေပြည်စိုးကမ်ပိန်းလေးတွက် မန္တလေးခရိုင် တပ်ရင်း၆ ရဲ့ ပထမဦးဆုံးအလှူရှင်ဖြစ်တဲ့
Red Peacock News Media Viewers မှ မြန်မာငွေ၅သောင်းကျပ်တိတိပါဝင်အားဖြည့်ပေးထားပါတယ်။
အခုလိုပါဝင်ပေးတဲ့ Red Peacock ကိုလဲကျေးဇူးအထူးတင်ရှိပြီး စစ်အာဏာရှင်ချုပ်ငြိမ်းသည့်အထိ တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုပါသည်။

#ရွှေပြည်စိုး
#အောင်စည်ရွန်းမည်မန်းရွှေပြည်
#ရွှေပြည်စိုးမယ့်ရဲဘော်တွေ
#မန္တလေးခရိုင်တပ်ရင်း၃
#မန္တလေးခရိုင်တပ်ရင်း၄
#မန္တလေးခရိုင်တပ်ရင်း၅
#မန္တလေးခရိုင်တပ်ရင်း၆
#ပိတောက်ဖူး

27/09/2023
09/08/2023

ရေလယ်ကျွန်း PDF စခန်းများအားလုံးကိုစကစ(ကြည်၊ရေ၊လေ)
စစ်ကြောင်းများပူးပေါင်းကာ အမြစ်ပျတ်ခြေမုန်းတော့မည်ဟုလျှို့ဝှက်ဖရဲသီး သတင်းပို့လာ

မကွေးတိုင်း ရေစကြိုမြို့နယ် မကွေးတိုင်း စစ်ကိုင်းတိုင်း မန္တလေးတိုင်း တိုင်း ၃ တိုင်း ဆုံချက် ရေလယ်ကျွန်းဒေသ ရွာများတွင် အခြေပြု PDF
စခန်းများအားလုံးအား
တိုင်း ၃ တိုင်း ပူးပေါင်း၍
စကစ(ကြည်၊ရေ၊လေ)
စစ်ကြောင်းများနှင့် အတူ
ပျူစောထီးများဖြင့်ပါ
ပိတ်ဆို့ကာ PDF စခန်းများအားလုံးကို တစ်ပြိုင်ထဲ
တစ်ချိန်ထဲ အမြစ်ပျတ်
စစ်ကြောင်းထိုး ခြေမုန်းသွားတော့မည်ဖြစ်ကြောင်း
ကာကွယ်ရေးဦးစီးချုပ်ရုံမှ လျှို့ဝှက် အမိန့်ပေးထားပြီ
ဖြစ်ကြောင်း အထူးလျှို့ဝှက် ဖရဲသီးက
သတင်းပေးပို့လာပါသည်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်း
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလုံး)
လုံခြုံရေးအထူးသတိပြုနိုင်ကြပါရန်။
ဟုတ်သော်ရှိမဟုတ်သော်ရှိကြိုတင်သတိပြုနိုင်ကြပါရန်
တင်ပေးလိုက်ရပါသည်။
#အာဏာရှင်ကိုသုတ်သင်အပြစ်ပေးသူ

#နွေဦးလူငယ်အင်အားစု

27/07/2023

လမ်းဖောက်တော့ သူ မပါ
လမ်းပြင်လည်း သူ မရောက်
ဖြူးဖြောင့်စွာ လမ်းပြေချောတော့
ကျော့ကျော့လေးလျှောက်။

ကန်တူးရာ သူ မပါ
ကန်ဆည်ရာ သူ မရောက်
မြကန်သာ ရေကြည်သန့်မှ
ခန့်ခန့်လေးသောက်။

ပန်းစိုက်ရာ သူ မပါ
ပေါင်းသင်ရာ သူ မရှိ
ပန်းပေါင်းစုံ သင်းကြူမွှေးတော့
ရွေးပန်ချင်၏။

ရပ်ရွာရေး ဆွေးနွေးရာ
ဖယ်ရှောင်ခွာ သူ မရော
သူထင်ရာ မြင်အတွေးနှင့်
ဘေးထိုင်ဘုပြော။

လူ့ဘဝ ခဏတာ
မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့
လူပီစွာ ကိုယ့်အမျိုးအတွက်
ကြိုးလိုက်စမ်းပါ။

သိလျက်နဲ့ သွေရှောင်ခွာ
ဝေဖန်ကာ အမြင်စောင်း
မူမမှန် တယူသန်အတွေးတွေနှင့်
ကလေးလို အရေးဆိုကြမ်းတာတော့
ဝမ်းနည်းပါကြောင်း။

#ဝမ်းနည်းပါကြောင်း

#မင်းသုဝဏ်
ထိုင်းကျေးလက်မြင်ကွင်း ပန်းချီ - Cheat Sakda

မအလ ပိုက်ဆံ မရှိတော့ဘူဆိုတာ သိသာလာတယ်။ မကြားဖူးပေါင် ဗေဒင်ဟောဖို့အတွက် လိုင်စင်လုပ်ရမယ်တဲ့ 😆😆😆
24/07/2023

မအလ ပိုက်ဆံ မရှိတော့ဘူဆိုတာ သိသာလာတယ်။ မကြားဖူးပေါင် ဗေဒင်ဟောဖို့အတွက် လိုင်စင်လုပ်ရမယ်တဲ့ 😆😆😆

" အာဆီယံကို ကူးစက်လာသော ဒီမိုကရေစီ ကျဆုံးမှု "+++++++++++++++++++++++++ဆောင်းပါးရှင် -မောင်ကောင်းအရှေ့တောင် အာရှနိုင်ငံတ...
22/07/2023

" အာဆီယံကို ကူးစက်လာသော ဒီမိုကရေစီ ကျဆုံးမှု "
+++++++++++++++++++++++++
ဆောင်းပါးရှင် -မောင်ကောင်း

အရှေ့တောင် အာရှနိုင်ငံတချို့တွင် ဒီမိုကရေစီ စနစ်နှင့် ပြည်သူရွှေးချယ် တင်မြောက်သည့် အစိုးရများ ကျဆုံးခန်းရောက်နေပြီလား ဟု မေးစရာရှိလာနေပြီ ဖြစ်သည်။

တရုတ်၏ ဩဇာ လွမ်းမီုးမှု ကြီးမားလာသည်နှင့်အမျှ အာရှနိုင်ငံများတွင် ဒီမိုကရေစီစနစ်နှင့် အရပ်သားအစိုးရများအစား စစ်တပ်နှင့် အပေါင်းအပါ အာဏာရှင်များက ပို၍ နေရာယူလာနေကြပြီ ဖြစ်သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မြန်မာ ပြည်သူတို့ ရွှေးချယ်တင်မြောက်သည့် အစိုးရကို မဲမသမာမှုဟု ဆိုကာ စစ်တပ်က အာဏာသိမ်းခဲ့သည်။

အစိုးရသစ်တရပ် ပေါ်ထွက်လာရန် လွှတ်တော်တွင် စုရုံးရန် ပြင်ဆင်နေကြစဉ် မြန်မာစစ်တပ်သည် မနက်စောစော အာဏာသိမ်းကာ အရပ်သားအစီုးရကို ဖြုတ်ချခဲ့သည်။

၂၀၂၃ ခုနှစ် ထိုင်းရွှေးကောက်ပွဲတွင်လည်း ထိုင်းပြည်သူတို့ ရွှေးချယ်ထားသည့် မဲအများဆုံးရသည့် Move Forward ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် ရာထူးမရရှိစေရေးအတွက် ထိုင်းစစ်တပ်နှင့် ဘုရင့်တော်ဝင်စစ်တပ်တို့က ဖန်တီးခဲ့ကြပြန်သည်။

ဇူလိုင်လ(၁၃)ရက်နေ့ ဝန်ကြီးချုပ်ရွှေးချယ်ရာတွင် ထိုင်းစစ်တပ်မှ ခွင့်ထူးခံအမတ်(၂၅၀)က မဲအပြည့်အဝ မရရှိရေးအတွက် ကန့်သတ်ခဲ့သလို ဇူလိုင်လ(၁၉)ရက်နေ့တွင်လည်း ထပ်မံ ပယ်ချခဲ့ရာ Move Forward ပါတီခေါင်းဆောင် ဖိထာ၏ ဝန်ကြီးချုပ်ဖြစ်ရေး အဆိုမှာ ရှုံးနှိမ့်သွားခဲ့ပြီ ဖြစ်သည်။

Move forward ပါတီသည် ထိုင်း ပြည်သူအများစုက မဲအများဆုံးပေး ရွှေးချယ်ခဲ့ကြသည့် ပါတီဖြစ်သော်လည်း အစိုးရတစ်ရပ်အဖြစ် ဦးဆောင်ခွင့် မရခဲ့သလို ထိုင်း ရွှေးကောက်ပွဲကော်မရှင် တင်ပြချက်ကြောင့် ထိုင်း အခြေခံဥပဒေခုံရုံးက ခေါင်းဆောင်ဖိထာကို လွှတ်တော်အမတ် အဖြစ်မှ ဝန်ကြီးချုပ်နေရာ ရွေးချယ်ခံနေချိန်တွင် ဖယ်ရှားသည့်အထိ တေ့ဖြုတ်ခဲ့ပြန်သည်။

ထိုအချက်အရ မြန်မာနိုင်ငံနှင့် လူမျိုးရေး၊ဘာသာရေး သဘောတရားချင်းတူသည့် ထိုင်းနိုင်ငံတွင် စစ်တပ် ပါဝင်ထိန်းချုပ်ကြီးစိုးမှု မြင့်မားနေပြီး ၎င်းတို့ စိတ်တိုင်းကျ အစိုးရတစ်ရပ် ဖန်တီးရန် ပြင်ဆင်နေသည်။

ထိုအခြေအနေများက ထိုင်းကော မြန်မာပြည်သူများသည် ၎င်းတို့ မဲပေးရွှေးချယ်တင်မြောက်ခဲ့သည့် ပါတီကို အစီုးရတရပ် မဖြစ်လာစေရန် စစ်တပ်တို့က ၎င်းတို့ စိတ်တိုင်းကျပြင်ဆင်ရေးဆွဲထားသည့် အခြေခံဥပဒေ နှင့် လွှတ်တော်အတွင်း အမတ်နေရာများ ရယူကာ ကန့်သတ်ထားသည်ကို တွေ့နိုင်သည်။

ထိုင်းနိုင်ငံနည်းတူ မြန်မာစစ်တပ်သည်လည်း အခြေခံဥပဒေ နှင့် ရွှေးကောက်ပွဲဆိုင်ရာ အချက်အလတ်များကို စိတ်တိုင်းကျ ပြင်ဆင်ကာ ၎င်းတို့ စိတ်တိုင်းကျ အစီုးရတရပ်ပေါ်ပေါက်လာစေရန် ပြင်ဆင်နေသည်။

အာဏာကို ကိုင်ဆုပ်ထားပြီးလျှင် ရာသက်ပန်ကိုင်ဆွဲထားလိုသည့် အာရှစိတ်သည် ဒီမိုကရေစီအရေးပေါ် အကြီးအကျယ်ချိန်းခြောက်လာနေမှု ဟုဆိုနိုင်သည်။

တရုတ်နိုင်ငံမှ အစပြု၍ ရာသက်ပန်အာဏာဆွဲကိုင်လိုမှုသည် ဒီမိုကရေစီနိုင်ငံများအထိ ကျယ်ပြန့်လာနေပြီး အိန္ဒိယကဲ့သို့ ဒီမိုကရေစီနိုင်ငံသည်ပင် တစ်ဦး၊တပါတီတည်းကသာ အာဏာဆွဲကိုင်နိုင်ရန် အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ကာ ကြိုးပမ်းနေသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် (၃)ကြိမ်ဆက်အထိ သမ္မတနှင့် အာဏာ ရယူခွင့် မရှိသော ဥပဒေကို ပြင်ဆင်ကာ ရာသက်ပန် အုပ်ချုပ်သွားနိုင်မည့် ရာထူး၊အုပ်ချုပ်မှုကို ဖန်တီးသွားခဲ့သည်။

ထိုအခြေအနေသည် အာဆီယံကဲ့သို့ ဒီမိုကရေစီ မကျတကျ နိုင်ငံများ၊အာဏာရှင် နိုင်ငံများအတွက် စွဲဆောင်မှု ဖြစ်လာနေပြီး စစ်တပ်အားကိုးဖြင့် ပြည်သူတို့၏ သဘောထားဆန္ဒကို ဖြိုချခံနေရသည်။

တရုတ်သည် ၎င်းအနီးပါက်ဝန်းကျင်တွင် အမေရိကန်ဩဇာမလွမ်းမိုးလာရေးအတွက် ဒီမိုကရေစီစနစ်နှင့် ပြည်သူတင်မြောက်သည့် စနစ်ကို ဖိအားပေးနေသည်။

လက်ရှိ မြန်မာ့အရေးအပါအဝင် အာဆီယံအတွင်း အပြိုအလဲ အခြေအနေများသည် တရုတ်ပါဝင်ပါက်သက်မှု ရှိသည်ဟု မီဒီယာများက ဖော်ပြထားခဲ့ကြပြီး ဖြစ်သည်။

တခြားနိုင်ငံ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဟု ဆိုသော်လည်း တရုတ်သည် မြန်မာ့အရေးတွင် စစ်ကောင်စီကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာခဲ့သလို အထောက်အပံပေးနေသည့်အပြင် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ဖိအားပေးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံရေးတွင်လည်း အမေရိကန်နှင့် ဆက်ဆံရေးတိုးမြင့်ရန် ပြင်ဆင်ခြင်း၊ Burma Act ကဲ့သို့ အစီအစဉ်များကို လက်ခံလိုသည့် ထိုင်းပြည်သူရွှေးကောက်တင်မြောက်သည့် ပါတီကို မလိုလားသည့် အခြေအနေများကို တွေ့မြင်ခဲ့ရသည်။

လက်ရှိ ထိုင်းနိုင်ငံရေးသည်ပင် မြန်မာ့အရေးကြောင့် ယခုကဲ့သို့ မဲအများဆုံးရရှိနေသည့် ပါတီ ဝန်ကြီးချုပ်ဖြစ်ရအဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေရခြင်း ဟု ဆိုနိုင်သည်။

ထိုင်းနိုင်ငံမှ တဆင့် အမေရိကန်က မြန်မာ့အရေးကို ကူညီလာမည့် အခြေအနေကို တရုတ်က မနှစ်သက်သလို စစ်ကောင်စီကလည်း သဘောကျမှု မရှိချေ။

ထိုကြောင့် ၂၀၁၄ ခုနှစ်ကတည်း အာဏာသိမ်းယူထားပြီး ထိုင်းကို အုပ်ချုပ်နေသည့် ဝန်ကြီးချုပ် ပရာရွှက် အစီုးရသည် အမေရိကန်နှင့် ဆက်ဆံရေးသိပ်မပြေလည်ပဲ တရုတ်နှင့် ပို၍ နီးကပ်သည့် ဆက်ဆံရေးရှိခဲ့သည်။

မြန်မာ့အရေးနှင့် ပါက်သက်၍ အမေရိကန်၏ အကူအညီပေးရေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုသည်မှာလည်း တရုတ်နှင့် ဆက်ဆံရေးပိုကောင်းမွန်နေပြီး အိန္ဒိယသည်လည်း ၎င်းအကျိုးစီးပွားအတွက် မြန်မာ့အရေးကို အသုံးချရန်သာ ပြင်ဆင်နေသည်။

လာအိုကဲ့သို့ ကုန်းတွင်းပိတ် နိုင်ငံမှာလည်း တရုတ်ကြွေးမြီ ထောင်ချောက်တွင် ရောက်ရှိနေကာ တရုတ် ဩဇာကြီးထွားနေသည့် နိုင်ငံဖြစ်သည်။

ထိုကြောင့် နယ်နမိက်ချင်းထိစပ်မှု ရှည်လျှားသည့် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် လိုပြီး အရပ်သားအစိုးရနှင့် ထိတွေ့ရန် လိုသည်။

ထိုအခြေအနေကို တရုတ်က ကြိုတင်ကာကွယ်သည့် အနေနှင့် ထိုင်းလက်ရှိ အိမ်စောင့် အစိုးရကို ဖိအားပေးသလို အာဆီယံအတွင်းမှာပင် ထိုင်းသည် စစ်ကောင်စီကို နေရာပေးလာခဲ့ပြန်သည်။

မြန်မာနှင့် ဆက်စပ်၍ အမေရိကန်နှင့် ဆက်ဆံရေးပြေလည်သည့် အာဆီယံနိုင်ငံမှာ စင်္ကာပူသာ ရှိနေပြီး လက်ရှိတွင် စစ်ကောင်စီ အကျိုးစီးပွားများကို ဟန့်တားနိုင်ရန် လုပ်ဆောင်နေသည်။

လက်ရှိ ထိုင်းနိုင်ငံရေးတွင် ပြည်သူ ရွှေးချယ်ထားသည့် မဲအများဆုံးရရှိသည့် ပါတီ ရှုံးနိမ့် ခြင်းသည် အရှေ့တောင် အာရှဒေသအတွင်း ဒီမိုကရေစီအရေး ရှုံးနိမ့်မှုပင် ဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံအရေးသည် ထိုင်းစစ်တပ်နှင့် တော်ဝင်မိသားစုတို့က အခြေခံ ဥပဒေဖြင့်ကော၊လွှတ်တော် နေရာတွင်ပါ နေရာရယူကာ အမျိုးမျိုး ကန့်ကွက်နေမှုမှာ အရှက်ရဖွယ်ကိစ္စ ဖြစ်နေသည်။

သို့သော်လည်း အာဏာရှင်စနစ်နှင့် စစ်တပ်တို့ ထုံးစံအတိုင်း အာဏာရရှိရေးအတွက် မည်သည့်ကိစ္စမဆို လုပ်ဆောင်မည့် သဘောမှာ မြန်မာတွင် စစ်ကောင်စီ၏ လုပ်ဆောင်မှု နှင့် အတူတူပင် ဖြစ်သည်။

ထိုအပြင် လာမည့် ဇူလိုင်လ(၂၄)ရက်နေ့တွင်လည်း အာဆီယံအတွင်း နောက်ထပ် အာဏာရှင် နိုင်ငံဖြစ်သည့် ကမ္ဘောဒီယားတွင် ရွှေးကောက်ပွဲ ကျင်းပရန် ရှိနေသည်။ ထိုရွှေးကောက်ပွဲသည်လည်း အတိုက်အခံများကို ဖိနှိပ်ဖမ်းဆီးထားပြီး ပြိုင်ဖက်မရှိ ရွှေးချယ်ခံရရန် လုပ်ဆောင်ထားသည့် ဟွန်ဆန်၏ ပါတီသာ အနိုင်ရမည် ဟု ဆိုသည်။

ထိုကြောင့် ဒီမိုကရေစီစနစ်သည် ဒေသအတွင်း ကျယ်ပြန့်စွာ ကူးစတ်နိုင်သလို အာဏာရှင်စနစ်နှင့် စစ်တပ်အာဏာသိမ်းယူမှုသည်လည်း နိုင်ငံများအပေါ် ကူးစတ်ချိန်းခြောက်လာနိုင်သည်။

လက်ရှိ အရှေ့တောင်အာရှဒေသရှိ နိုင်ငံများအတွင်း ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးအတွက် မြန်မာ့အရေးသည် ရှေ့တန်းက အရေးပါလာနေပြီ ဖြစ်သည်။

မြန်မာတွင် စစ်‌တပ်မှ အာဏာသိမ်းသည့် ဖြစ်စဉ်ကြောင့် ဒိုမီနိုအဖက်ကဲ့သို့ တောမီးပမာ အာဏာရှင်စနစ်ရှင်သန်လာနေခြင်း ဖြစ်သည်။

အာဏာရှင်စနစ်ကို အထောက်အပံ့ ပြုပေးနေသော တရုတ်၏ နောက်ကွယ်က လျှင်မြန်သည့် လက်မည်းကြောင့် ဒေသအတွင်း ရာသက်ပန်အုပ်ချုပ်နိင်ရေးအားကောင်းနေပြီး ဒီမိုကရေစီနိုင်ငံများ၏ ကူညီပေးမှု နှိမ့်ကျမှုကြောင့် မြန်မာအပါအဝင် နိုင်ငံများတွင် ပြည်သူရွှေးချယ်မဲပေးမှုကို ပျက်စီးလေလေ ဖြစ်နေသည်။

မြန်မာအရေးသည်လည်း ဒီမို‌ကရေစီနိုင်ငံများ၏ အကူအညီပေးမှု လက်နှေးမှုကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးကာ ကျရှုံးနိုင်ငံ ဖြစ်လာနေသော်လည်း အာဏာရှင်အသိုင်းအဝိုင်းနှင့် တရုတ် အကျိုးစီးပွားတို့မှာ ပိုခိုင်မာအားကောင်းလာနေသည်။

မြန်မာ့အရေးတွင် ဒီမိုကရေစီပြန်ရှင်သန်လာခြင်း နှင့် ပြည်သူတို့ အနိုင်ပြန်ယူနိုင်ခြင်းက အရှေ့တောင်အာရှ နိုင်ငံများနှင့် ကမ္ဘာ့တွင် ဒီမိုကရေစီစနစ်ပြန်အားကောင်းလာစေမည် ဖြစ်သည်။

မြန်မာပြည်သူတို့ ကျရှုံးလေလေ ကမ္ဘာတွင် အာဏာရှင်စနစ်အားကောင်းလာလေလေ အခြေအနေဖြစ်ကာ ထိုင်ဝမ်အရေးသည်ပင် အပြောင်းအလဲ ဖြစ်လာနိုင်သည်။

အာဏာရှင်နိုင်ငံများ စည်းလုံးကာ ဒီမိုကရေစီစနစ်ကို တိုက်ဖျက်နေကြချိန် ဒီမိုကရေစီနိုင်ငံများက မြန်မာ့အရေးတွင် နှာပိက်နေခြင်းကလည်း ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲနှင့် ချိန်ခွင်ကို အတက်အကျ ဖြစ်လာနေစေပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့တွင် ပြည်သူတို့၏ သဘောထားဆန္ဒနှင့် မဲပေးရွှေးချယ်သည့် ဒီမိုကရေစီစနစ် ကျဆုံးလာနေပြီး စစ်တပ်နှင့် အာဏာရှင်အသိုင်းအဝိုင်းက အာဏာကို ပိုထိန်းချုပ်လာနေသည့် အခြေအနေမျိုးကို မြင်တွေ့နေရပြီ ဖြစ်သည်။

နိုင်ငံရေးစနစ်သည် ကမ္ဘာ့နိုင်ငံအသီးသီးက စောင့်ကြည့်ကာ လုပ်ဆောင်နေရသည် ဖြစ်ရာ အရှေ့တောင်အာရှအတွင်း ဒီမီုကရေစီစနစ်ကျဆုံးခန်းသည် တောမီးပမာ ကူးစတ်ပျံ့နှံနိုင်သည်ကို သတိပြုမိရတော့မည် ဖြစ်သည်။

19/07/2023

Address


Website

Alerts

Be the first to know and let us send you an email when The Punisher PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share