Myanmar News Reporter Gen Z

  • Home
  • Myanmar News Reporter Gen Z

Myanmar News Reporter Gen Z SPP

ကနီတွင် ၁၄ နှစ်အရွယ် ကလေးအပါအဝင် ပြည်သူ ၁၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်၊ ပထမအကြိမ် ပြည်သူ ၁၅ ဦး၊ ဒုတိယ ပြည်သူ ၁၁ ဦးနှင့် ယခ...
01/08/2021

ကနီတွင် ၁၄ နှစ်အရွယ် ကလေးအပါအဝင် ပြည်သူ ၁၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်၊ ပထမအကြိမ် ပြည်သူ ၁၅ ဦး၊ ဒုတိယ ပြည်သူ ၁၁ ဦးနှင့် ယခုတတိယအကြိမ် ပြည်သူ ၁၂ ဦးကို စစ်တပ်ကသတ်ဖြတ်

ရန်ကုန်၊ ဩဂုတ် ၁

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ ကျေးရွာများမှ ဖမ်းဆီးသွားသော အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၂ ဦးကို ကနီမြို့နယ် တောင်ပေါက်အရှေ့ရွာ အနီးရှိ တောထဲတွင်အစုအပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့ အလောင်းများ ရှာဖွေတွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားသော ပြည်သူ ၁၂ ဦးမှာ ကနီမြို့မှ အမျိုးသား ၃ ဦး ၊ ခိုတွင်းရွာမှ အမျိုးသား ၂ ဦး ၊ သရက်တောရွာမှ အမျိုး သား၇ ဦး ဖြစ်ကြောင်း၊ ကနီမြို့မှ အမျိုး သား ၃ ဦးမှာ ကိုအောင်မြင့်သူ (၃၂) နှစ်၊ ချင်းတွင်းမောင် (၂၅) နှစ်၊ ဖြိုးကျော်အောင် (၁၈) နှစ်တို့ဖြစ်ကြောင်း၊ သရက်တောရွာမှ အမျိုးသား ၇ ဦးတွင် အသက်(၁၄)နှစ်ခန့် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း သိရှိပါသည်။

အလောင်းများကို စိစစ်ချက်အရ အမျိုးသား(၃)ဦးသည် ရိုက်နှက် သတ်ဖြတ် ပစ်သတ်ခံရခြင်းဖြစ်ပြီး မျက်နှာ နှင့် ခန္ဓာကိုယ် အနှံ့တွင် ညိုမဲဒဏ်ရာများ၊ ဦးခေါင်းနှင့် ရင်ဘတ်တွင် သေနတ် ဒဏ်ရာများနှင့် ပုပ်ပွ သေဆုံးလျက်ရှိကြောင်း သိရသည်။

အခြားအလောင်းများကိုလည်း မီးရှို့ထားသည့် ထန်းလက်တဲ ကြီးအတွင်း နှင့် ပတ်ချာလည် ပျဉ်ပုံများပတ်လည်တွင် တွေ့ရှိရသည့် အနေအထားဖြစ်ပြီး အလောင်းများကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

ပထမအကြိမ် ပြည်သူ ၁၅ ဦးကို အစုလိုက် အပြုုံလိုက် သတ်ဖြတ်မှု
====================================================

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ယင်းကျေးရွာအုပ်စု ၊ ယင်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၁၄ ဦး၊ ကုန်းသာကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၁ ဦး စုစုပေါင်း ၁၅ ဦးတို့ကို စစ်တပ်က အစုလိုက် အပြုံလိုက် တောနင်းရှာဖွေ သတ်ဖြတ်သွားခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့တွင် အလောင်းများ တွေ့ရှိခဲ့ရသည်။

ဇူလိုင် ၈ ရက်နေ့တွင် ကနီမြို့နယ်၊ ယင်းကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်အင်အား ၁၀၀ နှင့် ၂၀၀ အကြား အင်အားအလုံးအရင်းဖြင့် တောနင်းပြီး စစ်ဘေးရှောင်ပြည်သူများကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသူများသည် တောရွာများမှ ထွက်ပြေးလာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း မဟုတ်ကြောင်း၊ ငွေနှင့် ရွှေများကိုလည်း လုယူသွာခဲ့ကြောင်း သိရှိရသည်။

ဒုတိယအကြိမ် ပြည်သူ ၁၁ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
===========================================================

စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ဇီးပင်တွင်းရွာ အနောက်ဘက်ရှိ တောတိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်ပြည်သူ ၁၁ ဦးထက်မနည်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မြေမြုပ်ထားကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် ဒေသခံများက တွေ့ရှိခဲ့ရသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် ဒေသခံရွာသူ/ရွာသားများ၏ ရှာဖွေတွေ့ရှိမှုအရ ကျင်းများအတွင်းမြှုပ်ထားသော အမျိုးသား အလောင်း ၄ လောင်း၊ ဇီးပင်တွင် ကြိုးဆွဲ၍ အသတ်ခံရသော အသက်(၆၀)အရွယ် အမျိုးသားတစ်ဦး၏အလာင်းတို့ကို တွေ့ရှိထားပြီးဖြစ်ကြောင်း ၊ အလောင်းများမှာ လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးသတ်ဖြတ် ရိုက်နှက်ခြင်း ၊ သေနက်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းများမှာ အများဆုံးဖြစ်ကြောင်း ၊အခြားမြေမြှုပ်ထားသော ကျင်းပေါင်း(၅)ကျင်းခန့်ရှိနေပြီး မိုင်းများလည်း ထောင်ထားခဲ့ကြောင်း သိရှိရသည်။

01/08/2021

Breaking Today Bago New 🚨
ပဲခူးဆေးရုံကြီး အောက်ဆီဂျင်စက်ရုံက အောက်ဆီဂျင်များကို ဆီဘောက်စာကားကြီးနဲ လာသယ်သွားဆိုင်ကယ်သမားတယောက်က တွေ့လို့ ဓာတ်ပုံရိုက်တာကို သေနတ်နဲ့လှမ်းပစ်တာ ထိမသွားဘူးလို့သိရ
ဆေးရုံဟောင်းလမ်းကိုတော့ ယာယီလမ်းပိတ်ထားတယ်လို့သိရ

7:00
August1

01/08/2021

မင်းတို့ ဖူးပွင့်ခိုင် ရဲ့ liveမှာ ေ့ပျာ်နေချိန်

ကနီမှာ❗လူမျိုးတုန်း သတ်ဖြတ်ခံနေရ

၄၀ နီးပါး အသတ်ခံရပီးပြီ

ရွာ ၇ရွာကျော်ထွက်ပြေးနေရ

01/08/2021

ပျော်ဘွယ် ကြံ့ဖွတ်အမတ်လောင်း

၃ကြိမ်တိတိဝင်ပြိုင်တဲ့ မြင့်စိုး

ငဗစ်ကိုက်ပြီးမသာပေါ်

01/08/2021

ကမာရွတ် မြအုပ်စုတွင်
အဆောင်ဝင်စီး❗❗
ပြည်သူ ၄ဦးအဖမ်းခံရ‼😿😿

01/08/2021

မြိုင်-ဗဟင်းသတင်းဘာကြားကြသေးလည်း PDFတစ်ယောက်ကျတယ်ကြားနေရတယ် 😢

01/08/2021

ဖူးပွင့်ခိုင်ရဲ့ liveက.
သင့်ကို ၃နာရီထက်ပိုပြီး.
မပျော်ရွင်စေပါဘူး
Pdfရဲ့ အောင်ပွဲကတော့
နာရီပေါင်းများစွာ သင်ကို
ပျော်ရွင်စေပါလိမ့်မယ်.

တကယ်ပျော်ချင်ရင် pdfကို လှူ💗

01/08/2021

ပဲခူး❗❗

အင်းဝင်(၇)လမ်းထိပ်
အင်အားအများပြားတပ်စွဲထား
ဒီညပဲခူးမှာထူးမည် ယူဆရ

(7:47pm)
သြဂုတ်လ ၁ ရက်

01/08/2021

အင်းတိုင်းတော‼️ တစ်ရွာလုံး

စစ်ကောင်စီတပ်များက ဝင်ရောက်
ရှာဖွေ ဖျက်ဆီးး💔

01/08/2021

Ppk liveကြည့်နေတဲ့သူတွေကိုပြောချင်တယ်

မူဆယ်မှာ တိုက်ပွဲဖြစ်နေတယ်၊
မင်းတပ်ဘက်ကို စစ်ကားတွေသွားနေကြတယ်၊
မန္တလေးမြောက်ပြင်ကို စစ်ကားခြောက်စီး လူအပြည့်နဲ့၀င်သွားတယ်၊ သေနတ်သံကြားရတယ်။
MRTVက ပြောက်ကျားတပ်သား30ကျော်ဖမ်းမိပါတယ် ဆိုပြီးကြေငြာလာတယ်၊ အကုန်ဖူးယောင်နေတာပဲ ရိုက်ခံထားရတာ။
ငါးဇွန်မှာ မီးသင်္ဂြိုလ်ပေးတဲ့လူတွေ အဖမ်းခံရတယ်။

19/05/2021

NLD ကိုချစ်တာမဟုတ်ဘူး
ဒီမိုကရေစီကိုချစ်တာ
USDP ကိုမုန်းတာမဟုတ်ဘူး
မတရားမှုကိုမုန်းတာ
လူကိုချစ်တာ မဟုတ်ဘူး
မူကိုချစ်တာ
စစ်တပ်ကိုတော်လှန်နေတာ မဟုတ်ဖူး
အာဏာရှင်ရဲ့ ရက်စက်မှုကို ရွံလို့ တွန်းလှန်နေတာ
အားလုံးခွဲခြား သိတတ်ကြပါစေ
MMRGZ

မုံရွာကို စစ်ကြေညာလိုက်ပါပြီ :3
27/02/2021

မုံရွာကို စစ်ကြေညာလိုက်ပါပြီ :3

လူသတ်ရဲ ... ကမကလ .... RFA interview မှာတည်းက ကြမ်းတမ်းနေတာ ..ငလမသား မင်း ဝဋ်မလညိပါစေနဲ့ မန်းလေးသားတွေ သွေးကြွေးပြန်ဆပ်လိ...
20/02/2021

လူသတ်ရဲ ... ကမကလ .... RFA interview မှာတည်းက ကြမ်းတမ်းနေတာ ..ငလမသား မင်း ဝဋ်မလညိပါစေနဲ့

မန်းလေးသားတွေ သွေးကြွေးပြန်ဆပ်လို့ရအောင်
ဒီနေ့ ရက်စွဲနဲ့ ဒီလူတွေကို မှတ်ထားကြ

ကြည်း၂၆၁၀၉
ဗိုလ်မှူးကြီးကျော်ကျော်မင်း
မန္တလေးတိုင်းဒေသကြီးကောင်စီဝင်

ဦးမောင်ကို
စစ်ကောင်စီဥက္ကဌ
(ထာဝရသတ္တုတူးဖော်ရေးကုမ္ပဏီ၇၈လမ်းရွှေဖြူပလာဇာအနီးမှာသူ့ရုံးခန်းရှိ)

မန္တလေးကို ကိုင်တဲ့ ကစထမှူးက ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်

လပခ တိုင်းမှုးက ဗိုလ်ချုပ်ကိုကိုဦး

ရဲမှူးကြီးမောင်မောင်အေး (စကားပြောတာက အစ မိုက်ရိုင်းရိုင်းစိုင်းပြီး ပစ်​မိန့်​​ပေးတဲ့​ကောင်​)နေအိမ်က ၆၅ လမ်း ၂၉ လမ်းဒေါင့်တဲ့။
Fb acc>https://www.facebook.com/mgmg.aye.750

ဒီတံဆိပ်​​​တွေတွေ့ရင်​​ရှောင်​ကြလောက်ကိုင် ရွှေဝါရောင်တော်လှန်ရေးရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်တဲ့နေရာတွေမှာ သုံးခဲ့တဲ့ ကော...
20/02/2021

ဒီတံဆိပ်​​​တွေတွေ့ရင်​​ရှောင်​ကြ
လောက်ကိုင် ရွှေဝါရောင်တော်လှန်ရေး
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်တဲ့နေရာတွေမှာ
သုံးခဲ့တဲ့ ကောင်တွေ

အင်းစိန်မှာကားနဲ့တိုက်ပြီးထွက်ပြေးနှစ်ယောက်သေတယ်တဲ့ဆုံးသွားပါပြီ အိတ်စွပ်ပြီး ပြန်ခေါ်လာပါတယ်၈:၄၅
20/02/2021

အင်းစိန်မှာကားနဲ့တိုက်ပြီး
ထွက်ပြေး
နှစ်ယောက်သေတယ်တဲ့
ဆုံးသွားပါပြီ အိတ်စွပ်ပြီး ပြန်ခေါ်လာပါတယ်
၈:၄၅

မြစ်ကြီးနားမြို့မီဒီယာတွေလဲဖမ်းဆရာတွေလဲဖမ်းဓာတ်ပုံရိုက်ရင်လည်းဖမ်းphလာလို့ flashမီးလင်းတာကိုဓာတ်ပုံရိုက်ပါတယ်ဆိုပြီဖမ်းပ...
20/02/2021

မြစ်ကြီးနားမြို့
မီဒီယာတွေလဲဖမ်း
ဆရာတွေလဲဖမ်း
ဓာတ်ပုံရိုက်ရင်လည်းဖမ်း
phလာလို့ flashမီးလင်းတာကို
ဓာတ်ပုံရိုက်ပါတယ်ဆိုပြီဖမ်းပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when Myanmar News Reporter Gen Z posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share