ရေမချိုးသား

  • Home
  • ရေမချိုးသား

ရေမချိုးသား War Media

15/10/2022
15/10/2022

တော်လှန်ရေး မဟုတ်တဲ့ လူသတ်မှု

စစ်တပ်ထောက်ခံသူတွေနဲ့ ကြံခိုင်ရေးပါတီထောက်ခံသူတွေကို သတ်လိုက်လို့ ဒီမိုကရေစီ ရသွားကြရောလား
စစ်တပ်ဘက်မှာ အင်အားနည်းသွားကြရောလား
စာမတတ် ပေမတတ်နဲ့ သမိုင်းလဲ သေချာ မသင်ခဲ့ရဘူး ထင်ပါ့
မင်းတို့ကို သမိုင်းမှာ အကြမ်းသမားတွေအဖြစ် ပုံရိပ်ကျန်ခဲ့အောင် ပုံစံသွင်းနေကြတာ သတိမှ မထားမိကြတာနော်
မင်းတို့သတ်ခဲ့တဲ့ လူသတ်မှုတွေက ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရလက်ထက်ရောက်လဲ ပျောက်ကွယ် သွားမှာ မဟုတ်ဘူး
လူသတ်ကောင်တွေအဖြစ် ဆက်လက် အရေးယူခံရမှာပါပဲ
လက်နက်မဲ့ ပြည်သူတွေကိုသတ်တာက တော်လှန်ရေး မဟုတ်ဘူး
အစိုးရအစဥ်အဆက် အရေးယူခံရမယ့်
လူသတ်မှုတွေဖြစ်တာကို နားလည်သဘောပေါက်သင့်တယ်
Crd

15/10/2022

အစကတွေးမိရင်ကောင်းမယ်
အေးချမ်းလည်း မင်းက ဝရမ်းပြေးပါပဲ...ပြန်လာဖို့စိတ်ကူးတောင်ယဉ်လို့မရတဲ့ ဝရမ်းပြေးဘဝနဲ့ပဲ နောက်ဆုံးနေဝင်ချိန်ကို နှုတ်ဆက်ဖို့ ရင်တထိတ်ထိတ်နဲ့သာ ကျန်ရစ်စွာစောင့်နေပေတော့...စဉ်းစားတတ်တဲ့အရွယ်မှာ အစွန်းတဖက်ရောက်ခဲ့ရင် ပြုတ်ကျမယ့်အနက်ရဲ့ထိခိုက်မှုကိုလည်း စဉ်းစားတတ်ရမှာပေါ့ ... အခုတော့ အနာဂတ်မဲ့ဘဝပျက်စီးမှ အတိတ်ကောင်းကို ပြန်မရချင်ပါနဲ့ ဆောရီးပါပဲ...
Signal ဦးဦးပိုင်ဦး

15/10/2022

မိမော်ကုန်း ဇာတ်နာပြခန်း စပြီ
ရန်အောင်က မင်းမော်ကွန်းကို Child Abused လုပ်ခဲ့ဖူးတယ်တဲ့။ child abuse ဆိုတာ သာမန်လူသိများတာကတော့ အသက်မပြည့်တဲ့ ကလေးကို လိင်လိုအင်ဆန္ဒအတွက် ထိကပါးရိကပါးလုပ်တာ၊ နောက်ဆုံးအဆင့် စော်ကားတာတွေ ပါတာပေါ့။ ဒါပေမယ့် Child Abusedဆိုတာ လိင်စော်ကားတာတခုတည်း မဟုတ်ဘဲ ကလေးကို စိတ်ဆိုးအောင် အမျိုးမျိုးစတာ ကိုယ်ထိလက်ရောက်စော်ကားတာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် စော်ကားတာတွေလဲ child abuse ပါပဲ. ။ ခက်တာက ရန်အောင်ဆိုတဲ့ လူမျိုးက မင်းမော်ကွန်းလို ချာတိတ်ကို လိင်ပိုင်းဆိုင်ရာ လုပ်ခဲ့တာလား၊ ဆူခဲ့ဖူး၊ အော်ခဲ့ဖူးတာလား ဆိုတာကတော့ ကာယကံရှင်တွေ သာ အသိဆုံးဖြစ်မှာ။ စိတ်မကောင်းစရာတစ်ခုက မင်းမော်ကွန်းလို အသက်၄၀ ကျော် ဝါရင့် ရုပ်ရှင်သရုပ်ဆောင်က ခုမှပြန်ပြီးထုတ်ပြောတာက တသက်လုံး ကျေနပ်လာခဲ့ပြီး ခုမှ မကျေနပ်ဘဲ ဝမ်းနည်းလို့လား၊ သတိရလို့လားဆိုတာတော့ ဘိုချုပ်ကြီးပဲ ဖြေနိုင်မှာပဲ။ 😎😎😎 #ဖိုးစီ

15/10/2022

တော်လှန်ရေးဆိုပြီး တောထဲဝင်သွားတဲ့သူတွေ တောထဲရောက်တဲ့အချိန်မှာ ခေါင်းစဉ်မျိုးစုံတပ်ပြီး အကြောင်းမဲ့ သတ်ဖြတ်ခံနေကြရတယ်...တရားမရှိ၊ ဥပဒေ
မရှိတဲ့သူတွေရဲ့ အင်အားများတဲ့ဘက်က သတ်တဲ့ပွဲပဲ... အမှန်တရားဘယ်မှာလဲ...? လျှောက်လဲတင်ပြခွင့်ဘယ်မှာလဲ....? မကျေနပ်တာနဲ့ စစ်ဆေး မေးမြန်းမှုမရှိ အသတ်ခံရတဲ့ဘဝတွေ... မင်းတို့ မုန်းတဲ့တပ်က...အဖမ်းခံရရင်တောင် တရားဥပဒေနဲ့အညီစီရင်တာပါညီ လေးတို့...နောက်ဆုံး ပစ်မှုထင်ရှားလို့ သေဒဏ်ချမှတ်ခံရရင်တောင် မသေခင်မိသားစုနဲ့ တွေ့ခွင့်ရမယ်... ဆွမ်းကပ်အမျှဝေပေးလို့ရသေးတယ်... အခုတော့ လူမသိသူမသိ ဘာမှပြောခွင့် လုပ်ခွင့်မရှိဘဲ မကျေနပ်တာနဲ့ အသတ်ခံရမယ့်ဘဝတွေဖြစ်နေကြပြီ...အမြင်မှန်ရသင့်ပြီထင်ပါတယ်....
Crd

15/10/2022

ဝေဝေနုပြောပြီ
*************
လူ့အခွင့်အရေးနှင့် ဘင်အရေးဆောင်ရွက်နေသည့်
ဝေဝေနုမှ ၎င်း၏ဦးလေး လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး
မနေ့က Fb Live လွှင့်ပြီး တရားဝင်ပြောလိုက်ပါတယ် -

* အောက်တိုဘာ ၈ ရက်နေ့က ဂူတာပြင်ရွာနေ
ဦးရှေကူလ်ဆိုသူအား AA အဖွဲ့မှ လုပ်ကြံပစ်ခတ်ခဲ့ပြီး
၎င်းကိစ္စကို AA က တာဝန်ခံမှုမရှိဘဲ ငြင်းဆိုနေတယ်

* လက်နက်ကိုင်တော်လှန်ရေးလုပ်ပါတယ်ဆိုပြီး
အပြစ်မဲ့အရပ်သားများကို tတ်ဖြတ်ချင်တိုင်း tတ်
ဖြတ်လို့ မရဘူး

* လုပ်ကြံခံရတဲ့နစ်နာသူဟာ ကိုယ့်လူမျိုးမဟုတ်လို့၊
မစာမနာပြောဆိုတာ၊ လူမျိုးရေးအမုန်းတရားဖြန့်
ချိတာ တွေ မလုပ်သင့်ဘူး

* AA အဖွဲ့ကတော့ သူတို့လုပ်တာမဟုတ်ဘူး။
အဲ့အချိန် ရွာထဲမှာ စစ်တပ်ပဲရှိတယ်လို့ ငြင်းထားတယ်

* ဒါပေမယ့် မျက်မြင်ရွာသားတွေပြောကြားချက်အရ
ရွာထဲမှာစစ်တပ်ကရှိနေပြီးတော့ ရွာရဲ့တစ်ဖက်ခြမ်း
တောင်တန်းမှာ AA အဖွဲ့ရှိတယ်။ လုပ်ကြံခံရသူက
ရွာကိုလာပြီးတော့မှ သူနေတဲ့ စစ်ဘေးရှောင်ရွာကို
ပြန်တဲ့အချိန် ရွာအပြန်လမ်းမှာ တစ်ဖက်တောင်တန်း
ကနေ သေချာချိန်ပြီး ပစ်ခတ်တာလို့ ပြောတယ်။
တစ်ဖက်တောင်တန်းမှာ AA အဖွဲ့ပဲရှိတာဖြစ်တယ်

* ဒီလိုအစွပ်စွဲခံလာရပြီဆိုရင် AA တာဝန်ရှိသူတွေ
အနေနဲ့ အမှုမှန်ပေါ်ပေါက်အောင် ပွင့်လင်းမြင်သာမှု
ရှိရှိ ဖြေရှင်းဆောင်ရွက်သင့်တယ်

* ပြီးရင် AA အဖွဲ့က ရွာသားတွေကို ဖမ်းဆီးနှိပ်စက်
တာတွေ၊ လမ်းတွေမှာ မိုင်းထောင်တာတွေကလည်း
စစ်ပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတာပဲ
ဖြစ်တယ်

* AA အဖွဲ့က ကျူးလွန်သူတွေကို အမှန်အတိုင်း
အပြစ်ပေးသင့်တယ်
-
လုပ်ကြံခံရသူ ရှေကူလ်ဆိုသူမှာ ၎င်းနေထိုင်ရာ
ဂူတာပြင်ရွာသို့ပြန်ခဲ့ပြီး စစ်ဘေးရှောင်နေရာသို့ပြန်စဉ်
AA အဖွဲ့မှ ဘင်များအပေါ် အမျိုးမျိုးအနိုင်ကျင့်tတ်ဖြတ်
နေမှု သတင်းမှန်အား နိုင်ငံတကာရှိ ဘင်ခေါင်းဆောင်
များထံ ပေးပို့နေလို့ဟုဆိုကာ AA အဖွဲ့မှ စနိုက်ပါဖြင့်
ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ပါတယ်။
-
ပြီးခဲ့တဲ့လအတွင်းကလည်း AA အဖွဲ့ဟာ
ဒုက္ခသည်စခန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို
လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေရှိခဲ့ပြီး ၂ နိုင်ငံကြား
ပြဿနာဖြစ်ပွားအောင် ဖန်းတီးခဲ့ပါသေးတယ်။။။

(ဝေဝေနု ပြောကြားချက်များမှ ကောက်နုတ်ပါသည်)

15/10/2022

တပ်မတော်က သူဟာသူ လေ့ကျင့်ရေးလုပ်နေတာ
မင်းတို့ အလှူခံကောင်းအောင် လုပ်နေတာမဟုတ်ဘူး

အလှူခံစားတဲ့ကောင်တွေလည်း တစ်နေ့တစ်မျိုး
မရိုးရဘူး အကြောင်းအမျိုးမျိုးပြ အလှူခံနေကြတာ

တိုးတက်လာတဲ့ခေတ်မှာ ခေတ်သစ်စီးပွားရေးက
သူဖုန်းစားလုပ်ငန်း ဖြစ်လိမ့်မယ်ဆိုတာ လုံးဝ
မထင်ထားမိခဲ့ဘူး

သိပ်မကြာခင် ခင်များတို့ နီပိတ်အချင်းချင်း
သူတောင်းစားတော်လှန်ရေး ပြန်လုပ်ရတော့မယ်
ထင်တယ်

15/10/2022

CRPH/NUG/PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်း ဖွံဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးများ ပျက်ပြားစေရန် ရည်ရွယ်ပြီး လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခဲ့မှု (၇၃၂) ကြိမ်ရှိခဲ့...👇👇

14/10/2022
14/10/2022

ကျိုက်ထီးရိုး ကင်ပွန်းချောင်
တောင်တက်ကားလမ်းရှိ ဗုဒ္ဓဘာသာဝင်
ဘုရားဖူးပြည်သူများအား အကြမ်းဖက်
တိုက်ခိုက်ခဲ့သည့် KNU / KNLA /NUG /
CRPH / PDF များ၏ လုပ်ရပ်အားဆန့်ကျင်
ရှုတ်ချပြီး အသက်ဆုံးရှုးခဲ့ရတဲ့ ပြည်သူများအတွက်
မေတ္တာပိုအမျှဝေအခမ်းအနားအား မန္တလေးရှိ
ရဟန်းသံဃာများဦးဆောင်၍ ယနေ့မနက်ပိုင်းက
တန်ခိုးကြီးဘုရားများတွင် ပြုလုပ်ခဲ့ကြသည် ။။။

14.10.2022

14/10/2022

AA အပေါ်ထုတ်ပြန်ချက်
**********************
ရခိုင်ပြည်သူတွေရဲ့ဘဝက
အမျိုးကောင်းစားရေးအတွက်လို့ ကြွေးကြော်ပြီးမှ
ရခိုင်မြေထဲ ခြေချလာတဲ့ AA အဖွဲ့၊ အခု ပြည်သူ
တွေက နေရာလေးပေးလာတော့ ပြည်သူကို
လုပ်ချင်တိုင်း ပြန်လုပ်နေပြီ ...
-
သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လုပ်ရပ်တွေကို
ဝေဖန်တဲ့သူဆို ရခိုင့်လမ်းစဉ်ကို နှောက်ယှက်သူ
ဆိုပြီး ဖမ်းဆီးနှိပ်စက်တယ် ...
-
အစတည်းက ရခိုင်လူထုကို အကြောက်တရားနဲ့
မိတ်ဆက်ပေးထားတဲ့ AA ကို မျိုးချစ်လို့ ထောက်ခံ
တဲ့သူ ရှိသလို မထောက်ခံရင် သစ္စာဖောက်လို့ စွပ်စွဲ
ခံရမှာကြောက်လို့ ထောက်ခံနေရသူတွေလည်း
ရှိတယ် ...
-
အခုတော့
ရခိုင်လူမျိုးကောင်းစားရေးလို့ ကြွေးကြော်နေတဲ့
AA အဖွဲ့ဆီကို ရခိုင်ပြည်သူထဲက ပြည်သူဖြစ်တဲ့
လွတ်တော်အမတ်ဟောင်းကို လွှတ်ပေးဖို့တောင်
စာထုတ်နေရတဲ့ ဘဝရောက်နေပြီ ။။။


14/10/2022

မီဒီညာကြောင့်ဗိုက်တောင်အောင့်တယ် ရီရတာ…..
-
ယနေ့ နံနက်စောစောပိုင်းက ခွေးသစ်မီဒီညာက
မဟုတ်မမှန်လုပ်ကြံသတင်းတစ်ပုဒ် တင်လိုက် ပြန်ပီ…
-
မနေ့က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊
ဇီးတောကျေးရွာတွင် တပ်မတော်စစ်ကြောင်းများမှ
ဝင်ရောက်ပြီး လူနေအိမ် ၁၁ လုံးအား မီးရှို့သွားသတဲ့…
ပြီးတော့ ဆိတ်အကောင် ၃၀ ကိုပါ မီးရှို့သတ်ဖြတ်
သွားတယ်ဆိုပဲဗျ…
-
အဲဒါနဲ့အကြောင်းစုံသိရအောင်
မြေပြင်ကိုလှမ်းစုံစမ်းကြည့်တော့
ဘာစစ်တပ်မှလည်း မလာဘူးတဲ့…
ဘာမီးမှလည်းမလောင်ဘူးတဲ့ဗျာ…
အဲခွေးသစ်ကရေးစရာမရှိလျှောက်ရေးတာ
ယုံမနေနဲ့တဲ့…
ရှက်တတ်မယ်ဆို ရှက်ပီးသေသင့်နေပါပီဗျာ…
-
ခွေးသစ်တို့ကတော့ မြေပြင်လည်းဆင်းမလေ့လာ
မီဒီယာကျင့်ဝတ်လည်းမသိ လော်ရရင်ပီးရောဆိုပီး
လော်နေတာကို ယုံတဲ့နီပိန်းတွေကလည်းယုံ…
-
တစ်ခုပဲပြောချင်တယ်ဗျာ
ရိုးသားတဲ့ပြည်သူတွေကို မီဒီယာနဲ့ အဆိပ်မခတ်နဲ့ဗျ...
ပြည်သူတွေက မအဘူး… အခုမအလို့လည်း
ဒေသခံတွေကအမှန်တွေကို ပြန်ပြန်ပြောပြနေတာ
ခွေးသစ်ရေ ..
-
စားစရာမရှိလို့ ရေးမယ်ဆိုလည်း
မြေပြင်ကိုမေးပြီးမှရေးဗျာ…
ရီရတာဗိုက်တောင်အောင့်တယ် ဟားဟားဟား…..🤣

13/10/2022

Fact Check
^^^^^^^^^^^^
#စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များအကြား ကိုးရက် ဆက်တိုက်တိုက်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု များပြားကာ စစ်ကောင်စီတပ်မှလက်နက်ပစ္စည်းများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရတယ်လို့ DVB TV News Page ကတင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#တိုက်ပွဲဖြစ်စဉ်ရှိပါတယ်။
#စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ စကစတပ်များနှင့် PDF များ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ၁ ကြိမ်၊ ၁၁ ရက်နေ့တွင် ၁ ကြိမ်၊ ၆ ရက်နေ့တွင် ၁ ကြိမ် နှင့် ၅ ရက်နေ့တို့တွင် ၁ ကြိမ် စုစုပေါင်း ၄ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၁၃ ဦး သေဆုံးပြီး သေနတ် ၈ လက်၊ ကျည်ဆံအမြောက်အမြား၊ လက်ပစ်ဗုံးအချို့နှင့် မိုင်းများအား စကစတပ်များမှ သိမ်းဆည်းရရှိခဲ့ပြီး စကစစစ်သား ၄ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းနှင့် ၅ ရက်နေ့ တိုက်ပွဲတွင် PDF များမှ ကျောက်အိုင်ကျေးရွာအား မီးရှို့ ထွက်ပြေးခဲ့သောကြောင့် ပြည်သူပိုင် အိမ် ၃၀ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။

13/10/2022

အသိပေးမယ်… တာဆီးမယ်…
ဂိမ်းမှာအဓိက နိုင်နိုင်ရှုံးရှုံး အသစ်ပြန်ဆော့တဲ့အခါမှာတော့ ဂိမ်းမှာဖန်တီးထားတဲ့ အရာအားလုံးက အရန်သင့်ပြန်ရှိနေပါတယ်။ ဂိမ်းကစားသူတွေကတော့ စိတ်အပန်းပြေပေမယ့် နိုင်နိုင်ရှုံးရှုံး ဆော့သလောက် ဖုန်းဘေလ်ကုန်တာပါပဲ၊ အတိုင်းထက်အလွန်ဂိမ်းဆွဲသွားပြီဆို အခြား အလုပ်အမှုကိစ္စတွေ ပျက်စီးပြီး ကျန်းမာရေးပါထိခိုက်တော့တာပါပဲ။ ဒါကိုထိန်းသိမ်းနိုင်တဲ့သူ အသိပေးနိုင်တဲ့သူရှိမှ အချိန်မီတားဆီးနိုင်မှာပါ။ ဒီလိုကိစ္စက တစ်ဦးချင်းနဲ့သာ သက်ဆိုင်ပါတယ်။ ပြောချင်တာက အများနဲ့သက်ဆိုင်နေတဲ့ ကိစ္စတွေကိုပါ။
အပြင်မှာတော့ ဂိမ်းထဲမှာလို ပျက်စီးတဲ့အရာတိုင်း အရန်သင့်ပြန်မဖြစ်ပါဘူး။ အပြင်မှာ ပျက်စီးမှုများလေ နိုင်ငံနေအများပြည်သူများအတွက် ဒုက္ခရောက်ရလေပါပဲ။ ပျက်စီးအောင်လုပ်တဲ့သူတွေ ရှိလို့ ပျက်စီးတာက အမှန်တရားပါ ဒါကိုငြင်းလို့မရပါဘူး။ အဲတော့ မြေပြင်မှာပျက်စီးအောင်လို့ ဖျက်စီးနေသူတွေက ဘယ်သူတွေပါလဲ၊ ပြန်လည်ပြုပြင်တည်ဆောက်နေသူတွေက ဘယ်သူတွေ ပါလဲ။ ဖျက်စီးသူတွေကြောင့် ပြည်သူတွေဒုက္ခရောက်ရတယ် ပြုပြင်တည်ဆောက်သူတွေကြောင့် ပြည်သူတွေကောင်းကျိုးခံစားရတယ်။ ဘာအကြောင်းကိုပဲပြပြ ဖျက်စီးလို့ ပျက်စီးပါစေ လက်တွေ့ လူမှုဘဝမှာ ဒုက္ခရောက်နေတာ ပြည်သူလူထုပါပဲ။ ပြည်သူများရဲ့ အကျိုးစီးပွားအပေါ် သက်ရောက်တဲ့ အရာမှန်သမျှကိုဖျက်စီးနေတာဟာ အကြမ်းဖက်လုပ်ရပ်ပါပဲ။ အဲတော့ ဘုန်းကြီးကျောင်း/ စာသင်ကျောင်း/ လျှပ်စစ်တာဝါတိုင်/ဖုန်းတာဝါတိုင်/လမ်းတံတား/ဘုရားစေတီပုထိုး စတဲ့ အများနဲ့သက်ဆိုင်တဲ့ အရာတွေကို အကြမ်းဖက်ပြီးပျက်စီးအောင်လုပ်တာက ဘယ်လိုခံယူချက်နဲ့ရှိရှိ ဘယ်လို အကြောင်းပြပြ ပြည်သူအတွက်မစဉ်းစားလို့ပါပဲ။
ဂိမ်းမှာဖန်တီးထားသမျှ အရန်သင့်ပြန်စလို့ရပေမယ့် အပြင်လောကမှာ အများအတွက် တည်ဆောက်ထားသမျှဟာ ပျက်စီးသွားရင် အရန်သင့်ပြန်စဖို့ အတော်ခဲယဉ်းပါတယ်။ ပြုပြင်ချိန် ကာလမှာ ယခင်ရှိပြီးသားအကျိုးခံစားမှုနဲ့သက်ဆိုင်သော ပြည်သူများသာလျင် ဒုက္ခခံစားရသာ ဖြစ်ပါတယ်။ စကားလှလှတွေပြော အကြောင်းပြချက်မျိုးစုံပေးပြီး ပြည်သူအပေါ် အကြမ်းဖက် လုပ်နေသည့် လုပ်ရပ်များမှာ စေခိုင်းသူ ပြုလုပ်သူ ထောက်ပံ့သူ ရှိနေလို့သာ ဖြစ်ပါတယ်။
အကြမ်းဖက်လုပ်ရပ်ချုပ်ငြိမ်းဖို့က အမြန်အသိပေးခြင်းကသာ ထိရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ဒါမှသာ အများနဲ့သက်ဆိုင်တဲ့အရာမှန်သမျှ ပျက်စီးမှုကိုအချိန်မီ တားဆီးနိုင်မှာဖြစ်ပြီး ယခင်ရှိပြီးသားကောင်းကျိုးများဟာ မပျောက်ပျက်မှာဖြစ်ပါကြောင်း……….
Signal ဦးဦးပိုင်ဦး

13/10/2022

အကြမ်းဖက်ခံရသူ မိသားစုများ ဝမ်းသာလော့(၄)
******************************************
(13-10-2022)
-
(၁)
မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်၍
မြောက်ဥက္ကလာပမြို့နယ်၊ ပ.က.ဖ ထောက်ပို့
တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း၊
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်
လက်လုပ်သေနတ် ၂ လက်နှင့် ကျည်ဆံများအား
ဝယ်ယူ၍ နေအိမ်တွင် သိမ်းဆည်းခဲ့ခြင်း၊ မြောက်
ဥက္ကလာပမြို့နယ်အတွင်းရှိ ခြောက်ကွေ့မီးပွိုင့်၊
ကန်သာယာမီးပွိုင့်၊ ခေမာသီလမ်းရှိ ဂိတ်ဟောင်း
ကွေ့မှတ်တိုင်တို့အား ဖောက်ခွဲရန်တွက် အခကြေး
ငွေပေး၍ ခိုင်းစေခဲ့ခြင်း၊ တာမွေ မြို့နယ်၊ ကျားကွက်
သစ်ရပ်ကွက်ရှိ စီမံအုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်
ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်းများဖြစ်သည့်
အကြမ်းဖက် ဖောက်ခွဲဖျက်စီးရေးလုပ်ရပ်များ
ဆောင်ရွက်ခဲ့သူ -
* တရားခံ မျိုးမြင့် (ခ) ကိုမျိုးအား
အကဖ-၅၀(ဈ) အရ ထောင်ဒဏ်တစ်သက် ချမှတ်
လိုက်ကြောင်း။
-
-
(၂)
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်
တွင်နေထိုင်၍ အကြမ်းဖက်သမားများထံ ငွေကြေး
များ သွားရောက်ပို့ဆောင်ပေးခဲ့သူ -
* တရားခံ ဖြိုးကျော်ကျော်(ခ) ကိုဖြိုးအား
အကဖ-၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၇)နှစ် ချမှတ်လိုက်ကြောင်း ။
-
-
(၃)
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် နေထိုင်၍
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ
တောတွင်းတစ်နေရာတွင် အကြမ်းဖက် စစ်
သင်တန်းအား (၁)ပတ်ခန့် တက်ရောက်ခဲ့သူ -
* တရားခံ အောင်ကိုဦး (ခ) အောင်ကိုအား
အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၇)နှစ် ချမှတ်လိုက်ကြောင်း။
-
-
(၄)
ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်၍ အကြမ်းဖက်
တိုက်ခိုက်မှုများတွင် အားပေးပါဝင်ကူညီခြင်း၊
လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေး ပစ္စည်း
များအား သယ်ယူပို့ဆောင်၍ နေအိမ်၌ သိမ်းဆည်း
ထားပေးခဲ့သည့် တရားခံများဖြစ်ကြသော
* ဝေယံဖြိုး(ခ) ယံယံ၊
* ရှုမောင် မောင်အောင် (ခ) မောင်မောင်ဇာ
တို့ ၂ ဦးအား အကဖ-၅၁(ဂ)အရ အလုပ်ကြမ်းနှင့်
ထောင်ဒဏ်(၁၀)နှစ် ချမှတ်လိုက်ကြောင်း။
-
-
(၅)
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နေထိုင်၍
အကြမ်းဖက်ဆူပူ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း၊
ဆူပူဆန္ဒပြသူများအား လိုက်လံ စည်းရုံးခြင်းများ
ဆောင်ရွက်ခဲ့သူ
* တရားခံ အောင်ကျော်မြင့်(ခ) ကိုဒီ (ခ) ကိုအောင်အား
ရာဇသတ်ကြီးပုဒ်မ၅၀၅-(က)အရ အလုပ်ကြမ်း နှင့်
ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်ကြောင်း။
-
-
(၆)
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်နေထိုင်၍
အကြမ်းဖက်သမားတစ်ဦးထံမှ ၉မမ ကျည်ဆံ
များနှင့် လက်ပစ်ဗုံးတို့အား သွားရောက် ယူ
ဆောင်ပေးခဲ့သူ
* တရားခံ ဒေါ်ရီရီဝင်းအား
အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၇)နှစ် ချမှတ်လိုက်ကြောင်း။
-
-
(၇)
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် နေထိုင်၍
ကရင်ပြည်နယ် တောတွင်းတစ်နေရာတွင်
အကြမ်းဖက်စစ်သင်တန်းအား ၂၇ ရက် ကြာ
တက်ရောက်ခဲ့သူ
* တရားခံ လျှံဖြိုးအောင်အား
အကဖ-၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၇)နှစ် ချမှတ်လိုက်ကြောင်း။
-
-
(၈)
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်၍
အကြမ်းဖက်သမားများ နှင့် ချိတ်ဆက်၍
ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ တောတွင်း
တစ်နေရာတွင် အကြမ်းဖက်စစ်သင်တန်းအား
၁၀ ရက်ကြာ တက်ရောက်ခဲ့သူ
* တရားခံ အောင်ကိုကို(ခ) အောင်ကိုအား
အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်
(၇)နှစ် ချမှတ်လိုက်ကြောင်း။
-
-
(၉)
မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်၍
အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်
ပစ္စတိုသေနတ် ၁ လက်အား သယ်ယူပို့ဆောင်
ပေးခဲ့သူ
* တရားခံ အောင်ကိုထွေး(ခ) ဗျတ္တအား
အကဖ-၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၇) နှစ် ချမှတ်လိုက်ကြောင်း။
-
-
(၁၀)
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်၍
နတ်မောက် PDF အကြမ်းဖက်အဖွဲ့အတွက်
အခကြေးငွေယူ၍ လိုအပ်သည့် ငွေကြေး
များအား ပို့ဆောင်ပေးခဲ့ခြင်းနှင့် အကြမ်းဖက်
လုပ်ရပ်များ ဆောင်ရွက်ရန် အတွက် ပစ္စတို
သေနတ် ၁ လက်အား သယ်ယူပို့ဆောင်ပေးခဲ့သူ
* တရားခံ ချမ်းငြိမ်း(ခ) ဗိုလ်ချမ်းအား
အကဖ-၅၂ (က)အရ အလုပ်ကြမ်း နှင့်ထောင်ဒဏ်
(၇) နှစ် ချမှတ်လိုက်ကြောင်း ။။။

(စစ်တရားရုံးရှိတဲ့နေ့တိုင်း တင်ပေးပါမည်)

13/10/2022

နိုင်ငံပျောက်နေတဲ့ အဆဲမင်းသား
********

ဩဇီကို အလည်အပတ် ဗီဇာနဲ့ ထွက်ပြေးနေရတဲ့ အဆဲသန် မင်းသားတစ်ယောက်တော့ အလည်အပတ်ဗီဇာ ရက်ပေါင်း ၆၀ သက်တမ်းကုန်လို့ အသနားခံစာတင်ပြီး နောက်ထပ် ရက်ပေါင်း ၃၀ နေထိုင်ခွင့် ထပ်ရသွားတယ်လို့ သိရပါတယ်..

စကစအနေနဲ့ အဆဲမင်းသားကို အကြမ်းဖက်သမားအဖြစ် ဝရမ်းထုတ်ပြီး ဩဇီရဲတပ်ဖွဲ့နဲ့ ဩဇီအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ကို အကြောင်းကြားထားပေမဲ့ ဩဇီအစိုးရကတော့ သူ့နိုင်ငံရဲ့ ဥပဒေအရ ဖမ်းဆီးခြင်းမပြုဘဲ လဝကဥပဒေအရသာ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်..

ဒါပေမဲ့လည်း ဩဇီနိုင်ငံအတွင်းရှိနေစဉ် အကြမ်းဖက်အားပေးလှုပ်ရှားမှုတွေ မပြုလုပ်ဖို့ သတိပေး တားမြစ်စောင့်ကြည့်နေပြီး ဒီတစ်ခါအလည်အပတ်ဗီဇာသက်တမ်းကုန်ရင်တော့ နိုင်ငံအတွင်းက ထွက်ခွာသွားဖို့ မောင်းထုတ်ခံထားရကြောင်း သိရပါတယ်…

တော်လှန်ရေးသူရဲကောင်းဆိုပြီး ဟန်မပျက် KNU နယ်မြေကို ပြန်လာမယ်လို့ လေသံပစ်ထားပေမဲ့ မော်ဒယ်ဟန်လေးပြဿနာကြောင့် ထိုင်းနိုင်ငံကိုလဲ ပြန်မလာရဲပဲ ဘယ်နိုင်ငံ၊ ဘယ်ဒေသကို ထွက် ပြေးရမလဲ ဒုက္ခကြုံတွေ့နေရတာ သနားစရာကောင်းပါတယ်…

တောင်ကိုရီးယားက ဒေါ်ရွှေမိုးက သူ့ဆီလာဖို့ဖိတ်ခေါ်နေပေမဲ့ အတိုင်အတောထူတဲ့ စကစရဲ့ တိုင်ကြားစာတွေကြောင့် Inter Pol ကပါ စောင့်ကြည့်ခံနေရလို့ အဖမ်းမခံရဖို့ သေချာတဲ့ နိုင်ငံကို ရွေးချယ်နေကြောင်း သိရပါတယ်..

သေချာတာကတော့ နောက်ထပ်ရက်ပေါင်း ၃၀ ထပ်တိုးဗီဇာသက်တမ်းကုန်ရင် မိသားစု တကွဲတပြားနဲ့ ဘယ်ကိုပြေးပြီး တော်လှန်ရေးကို ဘယ်လို ဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်…

#ခင်ညိုချော

13/10/2022

ဘုရားဖူးဂိတ်အား ပစ်ခတ်ခဲ့သူများအား
ပြင်းထန်စွာရှုတ်ချကြောင်း
ဘူးသီးတောင်မောင်တောဒေသဖွံဖြိုးရေးအသင်းမှ
သဘောထားထုတ်ပြန် ။။။
-
ဒီလိုလုပ်ရပ်မျိုးကို ဘယ်နေရာ၊ ဘယ်ဒေသက
ဗုဒ္ဓဘာသာဝင်မှန်သမျှ လက်မခံကြပါ ။
-
ဘာသာတရားကိုင်းရှိုင်းတဲ့
မွန်နဲ့ ရခိုင်လူမျိုးတွေကြားမှာ ပိုမိုတွေ့နိုင်တယ် ။။။
Crd

12/10/2022

တိုက်ပွဲသတင်း
************
အောက်တိုဘာ ၁၁ ရက်၊ ဗန်းမောက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ အထက်တောင်လွှဲ(ရွာဟောင်း)၊ ကံ့ကော်နှင့် နားမော်ကုန်း တစ်ဝိုက် အကြမ်းဖက်သူ ၃၀၀ ဦးခန့် ဖြန့်ခွဲခိုအောင်းနေကြောင်း ပြည်သူများ၏ လျှို့ဝှက်သတင်း ပေးမှုအရ စကစတပ်များက သွားရောက်ရှင်းလင်းရာ ပေါက်နက်ကုန်းရွာအနီးသို့အရောက် KIA နှင့် PDFပူးပေါင်းအဖွဲ့ ၃၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA ပူးပေါင်းအဖွဲ့များ ဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်း သိရပါတယ်…

ဆုတ်ခွာထွက်ပြေးသွားတဲ့ KIA ၊ PDF ပူးပေါင်းအဖွဲ့များနောက် စကစတပ်များက လိုက်လံရှင်းလင်းခဲ့ရာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး-

KIAနှင့် PDF ပူးပေါင်းအဖွဲ့………….၁၁ လောင်း
ကေအေသေနတ်………………၅ လက်
၄၀ မမ လက်လုပ်သေနတ်……..၁ လက်
လက်လုပ်တစ်တောင့်ထိုးသေနတ်………၁ လက်
လက်လုပ်သေနတ်…………….၁ လက်
ကျည်အိမ်………..၅ ခု
ကျည်…………၁၅၀ တောင့်
လက်ပစ်ဗုံး………၁ လုံး သိမ်းဆည်းရမိခဲ့ပြီး စကစဘက်က စစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်..

#ခင်ညိုချော

12/10/2022

လိပ်ရနယ်ခြားစောင့်စခန်းဖြစ်စဉ်အမှန်
===========================
လိပ်ရနယ်ခြားစောင့်စခန်း AA တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်မှု သတင်းအမှားတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်..

ဖြစ်စဉ်အမှန်ကတော့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူထားတဲ့ မောင်တောမြို့နယ် နံသာတောင်နဲ့ ငခူရကြားမှာရှိတဲ့ လိပ်ရနယ်ခြားစောင့်စခန်း ကို AA နဲ့ ARSA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအင်အား ၁၀၀ ကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်…

အင်အားမမျှတတဲ့အတွက် လိပ်ရစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ စခန်းက ဆုတ်ခွာခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး၊ လဝက ဝန်ထမ်း ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပျောက်ဆုံးလျက်ရှိပါတယ်..

လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေမှာတော့ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် ၃၀ ယောက် ကျဆုံးပြီး ၁၄ ယောက် အဖမ်းခံရတယ်လို့ ဆိုပါတယ်..နယ်ခြားစောင့် ရဲကင်းစခန်းဖြစ်လို့ စစ်တပ်က ကျဆုံးတဲ့ သတင်းတွေက ယုတ္တိမရှိပဲ သတင်းအမှားတွေသာဖြစ်ပါတယ်..

ဒါ့အပြင် ဖမ်းဆီးရမိသူ ၃ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ပုံနှင့်တကွ ဖော်ပြရာမှာလည်း ဖမ်းဆီးခံရသူတွေဟာ စစ်သားတွေမဟုတ်ဘဲ လဝကဝန်ထမ်းတွေဖြစ်နိုင်ပြီး နယ်ခြားစောင့် စခန်း တွေမှာ မထားရှိတဲ့လက်နက်နဲ့ ဗုံးသီးတွေကိုလည်း မြင်တွေ့ရပါတယ်..

ဒီလိုကင်းစခန်းငယ်မျိုးမှာ ဒီလောက်များပြားတဲ့ လက်နက်ကြီးကျည်ဆံမျိုး မထားရှိတဲ့အတွက် AA နဲ့ မီဒီယာများပူးပေါင်းပြီး သတင်းအမှားတွေ လုပ်ကြံလွှင့်တင်ထားတာ ဖြစ်မယ်ထင်ပါတယ်..

ဒီလိုဖြစ်ရခြင်းဟာ AA တပ်ဖွဲ့အနေနဲ့ ARSA နဲ့ ပေါင်းပြီး ရဲကင်းစခန်းတစ်ခုကို သာလွန်အင်အားနဲ့ တိုက်ခိုက်နိုင်တာကို ဖုံးကွယ်ချင်လို့ ပုံကြီးချဲ့ သတင်းတွေ ထုတ်လွှင့်နေတယ်လို့ ဆိုပါတယ်..

အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ အဆိုပါရဲကင်းစခန်းကို နယ်မြေခံစစ်ကြောင်းတွေက ပြန်လည် ထိန်းချုပ်ထားတယ်လို့ သိရပါတယ်..

ရခိုင်ပြည်နယ်အတွင်း တစ်ဖက်နိုင်ငံက ခိုးဝင်ဘင်္ဂါလီများ တားဆီးရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ ဒီလို နယ်ခြားစောင့်ရဲကင်းစခန်းကို ARSA နဲ့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တဲ့ AA ရဲ့ လုပ်ရပ်ကတော့ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးများအတွက် အန္တရာယ်ကြီးမားတဲ့ လုပ်ရပ်ဖြစ် တယ်လို့ ထင်မြင်ယူဆမိပါတယ်..

#ခင်ညိုချော

12/10/2022

သမိုင်းရိုင်းခဲ့လေသလား?
**********************
များအကြာမီက nug က စစ်ကြောင်း (၆)
ကြောင်းနဲ့ ထိုးစစ်ကိုအရှိန်မြှင့်ပြီး ၂၀၂၃ မှာ
စကစကို အပြီးတိုက်မယ်လို့ ကြေညာတယ် ..
-
ဘယ်ပြည်သူကမှ သူတို့စကားကို
အရေးမလုပ်လို့ ကမ္ဘာကျော်ဟာသတစ်ခု
အနေနဲ့သာ ဖြစ်ခဲ့တယ် ..
-
သီတင်းကျွတ်မှာ ဘုရားတွေနဲ့ အပန်းဖြေစရာ
အထင်ကရနေရာတွေမှာ ပြည်သူတွေ
ကြိတ်ကြိတ်တိုး၊ ကြက်ပျံ မကျ စည်းကားခဲ့တယ် ..
-
Nug pdf က အရှိတရားကို လက်မခံနိုင်ဘူး ..
သူတို့ကို အရှက်ခွဲတယ်ဆိုပြီး ပြည်သူကို အငြိုး
ထားလာတယ် .. ပြည်သူရဲ့ထောက်ခံမှုကျဆင်း
လာတယ်ဆိုတဲ့ အမှန်တရားက သူတို့အတွက်
နားခါးလှတယ် ..
-
Nug က စစ်ရှိန်မြှင့်တဲ့အနေနဲ့ ဘာသာခြားတွေဖြစ်တဲ့
knu နဲ့ ပဒက်တွေပေါင်းပြီး ကျိုက်ထီးရိုးဘုရားက
ကင်မွန်းချောင်တောင်တက်ကားဂိတ်ကို ၄၀ မမ၊
လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်စေပြီး ဗုဒ္ဓဘာသာဝင်တို့၏
နှလုံးသားကို ဆားသိပ်၍ အမုန်းတရားကို ထုတ်ဖော်ပြ
လိုက်တာပါပဲ ..
-
ခင်ဗျားတို့သိအောင်ပြောပြရရင်
သေဆုံး/ဒဏ်ရာရတဲ့ ဘုရားဖူးထဲမှာ nld ပါတီဝင်
ရဲရဲတောက်တွေလည်းပါတယ် ဆိုတာ သိဖို့ပါ ..
ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဟာ
ဗုဒ္ဓဘာသာဝင်ပါပဲ ..
-
ဒါကြောင့်
ဒီနေ့ ၁၂-၁၀-၂၀၂၂ ရက် ဗုဒ္ဓဟူးနေ့အား
Nug knu pdf တို့ပေါင်းပြီး ဗုဒ္ဓဘာသာကို
အကြမ်းဖက်လိုက်သောနေ့ (သို့) မြန်မာနိုင်ငံတော်ကြီး
အကြမ်းဖက်ခံရသောနေ့အဖြစ် မှတ်တမ်းတင်လိုက်
ပါတယ် ။။။ 😔

12/10/2022

Khit Thit က တင်တဲ့
မြောက်ဉက္ကလာရှိ Pilot ဒုမှူးကြီး ကျော်ကျော်ထွန်း
နေအိမ် ဗုံးခွဲခံရတယ်ဆိုတဲ့ သတင်းက သတင်းအမှား
တစ်ခုသာဖြစ်ပါတယ် ..
-
မြောက်ဉက္ကလာမှာ မနေ့က
ဗုံးကွဲဖြစ်စဉ်လည်း မရှိပါဘူး ..
-
ပြီးတော့
ဒုမှူးကြီး ကျော်ကျော်ထွန်း ကလည်း
မြောက်ဉက္ကလာမှာနေတာ မဟုတ်ပါဘူး
တပ်ထဲမှာပဲနေတာဖြစ်ပါတယ် ..
-
ပြည်သူတွေအနေနဲ့
Khit Thit ကတင်တဲ့ သတင်းအမှားတွေကို
သတိထားဖို့လိုပါမယ် .. အဆိုပါ မီဒီယာက
တင်တဲ့ သတင်းများ၏ ၉၉ % က အမှားတွေပါ။

မနေ့ညက စစ်ပြေးတင်လင်အောင်စခန်းလေယာဉ်တွေ ဗုံးမိုးရွာလိုက်တာအတော်အထိနာသွားကြတယ်
20/04/2022

မနေ့ညက စစ်ပြေးတင်လင်အောင်စခန်း
လေယာဉ်တွေ ဗုံးမိုးရွာလိုက်တာ
အတော်အထိနာသွားကြတယ်

စဉ့်ကိုင်မြို့နယ်အတွင်းရဲယောင်ဆောင်စစ်သားယောင်ဆောင်ပြီးဓားပြတိုက်တဲ့အဖွဲ့ဖမ်းဆီးရမိဧပြီ ၂၀မန္တလေးတိုင်းဒေသကြီးစဉ်ကိုင်မြ...
20/04/2022

စဉ့်ကိုင်မြို့နယ်အတွင်းရဲယောင်ဆောင်စစ်သားယောင်ဆောင်ပြီးဓားပြတိုက်တဲ့အဖွဲ့ဖမ်းဆီးရမိ

ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီးစဉ်ကိုင်မြို့နယ်အတွင်း
EPC လျှစ်စစ်ရုံးအားဓားပြတိုက်တဲ့အဖွဲ့ဖမ်းဆီးရမိ
တပ်မတော်အသုံးအဆောင်များနှင့်ရဲယူနီဖောင်းများ
လက်လုပ်သေနတ်များနှင့် စိန်ပြောင်းဆက်စပ်
ပစ္စည်းများ ဓားပြတိုက်ရာတွင်အသုံးပြုသော
2G 5093 Nissan march ခဲရောင်နှင့်အတူ
တရားခံများဖြစ်ကြတဲ့ ချမ်းငြိမ်းဆွေ၊ထွန်းမင်းလတ်
ဝေယံမောင်၊ပြည့်ဖြိုးအောင်၊ထွန်းရာဇာအောင်တို့အား
ဓားပြတိုက်ရာတွင်အသုံးပြုသော လက်နက်များနှင့်
ငွေသားများ အားပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။https://t.me/mdytharlay413

TNLA အဖွဲ့မှ စီးပွားရေးလုပ်ငန်းရှင်များအား ဖုန်းဖြင့်ဆက်သွယ်ဆက်ကြေးကောက်ဧပြီ ၁၈TNLA အကြမ်းဖက်အဖွဲ့ဆက်ကြေတာဝန်ခံတစ်ဦးမှ09...
18/04/2022

TNLA အဖွဲ့မှ စီးပွားရေးလုပ်ငန်းရှင်များအား ဖုန်းဖြင့်ဆက်သွယ်ဆက်ကြေးကောက်

ဧပြီ ၁၈
TNLA အကြမ်းဖက်အဖွဲ့ဆက်ကြေတာဝန်ခံတစ်ဦးမှ09262980897 MPT နံပါတ်ဖြင့်စီးပွားရေးလုပ်ငန်းရှင်များအား ဖုန်းဆက်ကာ
လာရောက်ညှိနှိုင်းအခွန်ဆောင်ဖို့အတွက် အကြောင်းကြာနေသည်ဟုသိရပါတယ် လာရောက်တွေ့ဆုံရမယ့်နေရာကကျောက်မဲမြို့ဖြစ်ပြီး
ကျောက်မဲမြို့သို့ရောက်ရှိပါက
သူတို့အစီစဉ်နဲ့ ခေါ်ဆောင်သွားမယ်လို့ဖုန်းဆက်အကြောင်းကြားလာပါတယ်လို့သိရပါတယ် လာရောက်ညှိနှိုင်းခြင်းမရှိပါကအထက်က
ဘယ်လိုစီစဉ်မလဲဆိုတာကိုပါ
ပြောကြားသွားတယ်လို့ သတင်းရရှိပါတယ်။
https://t.me/mdytharlay413

အကြမ်းဖက်ဆန္ဒပြသူများအား လုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်း====================== ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက် ယနေ့ နံ...
17/04/2022

အကြမ်းဖက်ဆန္ဒပြသူများအား လုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်း
======================
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်
ယနေ့ နံနက် ၈ နာရီခန့်တွင် မုံရွာ-မန္တလေးကားလမ်းအနောက်ဘက် မြေနဲရွာ နှင့်ကူတောပလ္လင်ရွာအကြားတွင် လက်နက်များကိုင်ဆောင်၍ အကြမ်းဖက်ဆူပူဆန္ဒပြ သည့်အဖွဲ့အား လုံခြုံရေးပူးပေါင်းအဖွဲ့မှသွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား ၅ လောင်းနှင့် kia ထုတ် M-22 သေနတ် ၁ လက်၊ မှန်ပြောင်း ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံများ၊ ဖုန်း ၁ လုံး၊ မိုင်းရီမုခလုတ် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ပုံတွေကြည့်ရန်👇👇👇👇👇👇
https://t.me/kyawwinmaung413/2633?

Address


Website

Alerts

Be the first to know and let us send you an email when ေရမခ်ိဳးသား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share