Loyal News-Burma

  • Home
  • Loyal News-Burma

Loyal News-Burma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Loyal News-Burma, Media/News Company, .

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)၏အဖွဲ့ဝင်များဖြစ်ကြသော-အထက(၂)မရမ်းကုန်းအခြေခံပညာကျောင်းသားလူငယ်များအစည်း...
25/12/2021

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)၏အဖွဲ့ဝင်များဖြစ်ကြသော

-အထက(၂)မရမ်းကုန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
-အထက(၂)စမ်းချောင်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
-အထက(၁)သက်န်းကျွန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး တို့မှ
မရမ်းကုန်းမြို့နယ်တွင် "ရဲရဲတောက် စိတ်ဓာတ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်ကြ" စာတန်းပါ
စာရွက်များအား အများပြည်သူထံသို့ဖြန့်ဝေခြင်းဖြင့်
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

#သတင်းနှင့်ပြန်ကြားရေး

24/12/2021


🌐တိုက်လေယာဉ်ဖြင့် လေးကေ့ကော်ကို ယခုညနေပိုင်း ပစ်ခတ်တိုက်ခိုက်။

🌐သာစည်မြို့နယ်လျှပ်စစ်မှ လူတစ်စုကို မိတ္ထီလာခရိုင်တော်လှန်ရေးအင်အားစု သတိပေး။

🌐မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်။

🌐ဒီပဲယင်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ပြည်သူများ ချီတက် ဆန္ဒပြ ။

🌐စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်သဖြင့် ဒေသခံများ ထိုင်းဘက်တိမ်းရှောင်ရပြန်။

🌐မိုးညှင်းတွင် ၉တန်းကျောင်းသူ မနန်းမွန်ရီကို စစ်တပ်က PDFအဖွဲ့ဝင်ဟု စွတ်စွဲကာ ဖမ်းဆီးပြီး စစ်ကြောရေးတွင် ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ကာ ၂လကျော်ကြာသည်အထိ မိသားစုနှင့် တွေ့ခွင့်မရ။

🌐အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းမှစတင်ပြီး လေးကေ့ကော်ဒေသကို စစ်တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

🌐စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ပုံဟောင်းအသုံးပြုကာ အထိမနာကြောင်း ဝါဒဖြန့်။

🌐မကွေးမြို့တွင် မျှဝေခြင်းအစီစဉ်က ထမင်းအဝစား ၅၀၀ ကျပ်ဖြင့် ရောင်းချ။

🌐မူးယစ်ဆေးဝါးထွက်ဝယ်သည့်စစ်ကောင်စီတပ်သားတစ်ဦး ချိုမိုင်မိုင်ယင်းမာပင်ကနီမဟာမိတ်တပ်ပေါင်းစုမှ သက်သေခံပစ္စည်းများနှင့်လက်ကိုင်ဖုန်းအတွင်းကဓာတ်ပုံများနှင့်အတူ ဖမ်းဆီးရမိ။

🌐သာစည်မြိုနယ်လျှပ်စစ်မှ လူတစ်စုကို မိတ္ထီလာခရိုင်တော်လှန်ရေးအင်အားစု သတိပေး။

🌐No Fly Zone သတ်မှတ်ပေးဖို့ ကုလကို KNU ထပ်မံတောင်းဆို။

🌐ဖားကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ရေမဆေးကျောက်ရှာဖွေနေသည့် ပြည်သူ ၇ဦးထိခိုက်ဒဏ်ရာရ၊ ၄ဦး ဒဏ်ရာပြင်းထန်။

🌐​​စစ်​ကောင်စီတပ်သားများ ကန်ပက်လက်မြို့တွင်း နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးနေ။

🌐​​တောင်ကြီးမြို့မှ ဖမ်းဆီးခံ သတင်းထောက်ဟောင်း သံလွင်သူ မိသားစုနှင့် အဆက်သွယ်ပြတ်နေ။

🌐လေးကေ့ကော်မြို့သစ်‌ပေါ်သို့ စစ်ကောင်စီ လေယာဉ်ဖြင့် ယနေ့ ညနေ (၃:၅၀)ချိန်တွင် ဗုံး (၂)လုံးပစ်ချသွားခဲ့မှု မြင်ကွင်း။

🌐မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထိုင်းရွာသားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး။

🌐ပုသိမ်မြို့ မြန်မာ့မီးရထားဌာနပိုင်မြေတွင် နေထိုင်သူ ၃၀၀၀ ကျော်အားဇန်နဝါရီလကုန်တွင် အပြီးဖယ်ရှားပေးရန် သတိပေးစာထုတ်

🌐ချင်းကာကွယ်ရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့် အရက်သေစာ ရောင်းချမှု တားမြစ်မိန့် ထုတ်ပြန်

🌐ဝန်သိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှချောင်းများ၌ရွှေတူးဖော်မှုများအားသတိပေး

🌐မုံရွာ အလုံမင်းဒေါင့်ဆိပ်ကမ်းမှစခဖလက်မော်တော်၃စီးဆန်တက်ရန်ပြင်ဆင်နေ၊စခများချင်းတွင်းတစ်ကြောခြေရှုပ်

🌐အင်းစိန်အနီးအနားတွင်ဗုံးပေါက်ကွဲ

🌐ဆိုင်းတောင်ရှိစစ်ကောင်စီ၏ဗျူဟာကုန်းအနီးတိုက်ပွဲဖြစ်ပွားနေ

🌐စစ်ကောင်စီတပ်စခန်းနှစ်ခုကိုKIAသိမ်းပိုက်၊လက်နက်အချို့သိမ်းဆည်းရမိ

🌐လေ့ကေကော်မြို့သစ်အနီးလေယာဉ်နဲ့ထပ်မံဗုံးကြဲ၊ဒေသခံပြည်သူတွေထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေရ

🌐မြန်မာအလုပ်သမားများတရားဝင်စေလွှတ်ရေးထိုင်း-မြန်မာညှိနှိုင်းဆဲဟုအေဂျင်စီများပြော

🌐မုံရွာတွင်လင်မယားနှစ်ဦးကိုစစ်ကောင်စီတပ်သားများမှနေအိမ်အတွင်းထိဝင်ရောက်ဖမ်းဆီး၊အမျိုးသမီးဝတ်များပါရှိပြီးမုံရွာမြို့တွင်ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေ

21.12.2021မနက်၁၀နါရီမှနေ့လည်၁၂နာရီအထိသတင်းတိုများပေါင်းချုပ်ဒီဇင်ဘာ၂၁ရက်🌐ကလေးမြို့နယ်တွင်စစ်အာဏာရှင် ဖြုတ်ချရေး ကလေးမြို...
21/12/2021

21.12.2021
မနက်၁၀နါရီမှနေ့လည်၁၂နာရီအထိသတင်းတိုများပေါင်းချုပ်

ဒီဇင်ဘာ၂၁ရက်

🌐ကလေးမြို့နယ်တွင်စစ်အာဏာရှင် ဖြုတ်ချရေး ကလေးမြို့တွင် ၃၁၇ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြ

🌐မြန်မာဒုက္ခသည်တွေဆီသွားရောက်ခွင့်ကုလတောင်းခံ

🌐မောင်းသူမဲ့ အိုရီအွန်ယာဉ် ပစ်မှတ်မှန်အောင် ပစ်ခတ်ပုံဗွီဒီယို ရုရှားထုတ်ပြန် (ရုပ်သံ)

🌐တူရကီနိုင်ငံတွင်နှင်းထူထပ်စွာကျဆင်းပြီးလမ်းပိတ်နေသဖြင့်ယာဥ်မောင်းများသောင်တင်

🌐UNအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကအသိအမှတ်ပြုခြင်းမခံရသည့်​စစ်ကောင်စီကနေပြည်တော်၌UNမြန်မာအထူးကိုယ်စားလှယ်ရုံးကိုသက်တမ်းကုန်၍ဟုအကြောင်းပြကာဆက်လက်မထားရန်ဆုံးဖြတ်ဟုဆို

🌐လေး​ကေ့ကော်တွင်စစ်ရှောင်အရေအတွက်တစ်သောင်းနီးပါးထိရှိလာ၊မြန်မာဘက်ကစစ်ရှောင်တွေမှာအစားစာ၊ဆေးဝါး၊သောက်ရေတို့အခက်ခဲရှိနေကြ

🌐​​စစ်ကောင်စီက ဦးစီး၍ မြစ်ကြီးနားမြို့ မနောင်ကွင်းတွင် ခရစ္စမတ်ပွဲကျင်းပခဲ့ခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူငယ်နှင့် ကျောင်းသား အသင်းအဖွဲ့များ သဘောထားထုတ်ပြန်

🌐ကော့ကရိတ်တိုက်ပွဲတွင်စစ်ကောင်စီတပ်မှဒုတပ်ရင်းမှူးအပါအဝင်၂ဦးသေ၊၂ဦးဒဏ်ရာရ

🌐ပြင်သစ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်၊ ဆေးရုံများ၌ လူနာများ ပြည့်လျှံနေ

🌐အိမ်တွင်းအကြမ်းဖက်မှုကိုပုပ်ရဟန်းမင်းပြင်းထန်စွာရှုန့်ချ

🌐နေပြည်တော်၊လက်ဖက်တောင် ရွာအနီးစစ်ကောင်စီကား၂စီးမိုင်းခွဲတိုက်ခိုက်ခံရပြီးစစ်သား၁၂ဦးသေဆုံး

🌐မြောင်မြို့နယ်မှစကစလက်ပါးစေဒလန်တစ်ဦးအားအမျိုးသမီးပျောက်ကြားစစ်သည်တော်များအဖွဲ့မှနယ်နှင်ဒဏ်ပေး

🌐ခေါင်တိုင်ပြင်ရွာကိုစစ်ကောင်စီတပ်တွေအလုံးအရင်းနဲ့ထိုးစစ်ဆင်၊နှစ်ဖက်အပြန်လှန်ပစ်ခတ်နေ

🌐မိုညိုမှာဆိုင်ကယ်ရပ်မပေးသည့်လူငယ်တစ်ဦးပျူစောထီးတပ်ဖွဲ့မှသေနတ်နဲ့ပစ်လို့သေဆုံး

🌐မွန်ရေးရာကိစ္စဆောင်ရွက်ဖို့စစ်ကောင်စီဆီကထောက်ပံ့ငွေယူသည့်အပေါ်မွန်လူငယ်တွေဝေဖန်

🌐သေနတ်ထောက်ပြီးရေမဆေးကျောက်သိမ်းယူခဲ့သည့်KIAတပ်ဖွဲ့များစီးနင်းလာသောကားနှစ်စီးမီးရှို့ဖျက်ဆီးခံရ

🌐နံနက်(၁၁)နာရီကစ၍ မုံရွာ-မန္တလေး လမ်းပိုင်းပေါ်တွင်သွားလာလှုပ်ရှားခြင်း လုံးဝလုံးဝမပြုလုပ်ကြပါရန်

🌐အာဏာသိမ်းတပ်ဖွဲ့ကလေကြောင်းမှဝင်ပစ်ပြီးနောက်ဂန့်ဂေါမြို့နယ်အတွင်းနယ်မြေရှင်းလင်းမည်ဟုသတင်းထွက်နေ

🌐ရန်ကုန်လေဆိပ်အနီးမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့

🌐သောင်ရင်းမြစ်ကမ်းအနီးဖလူးလေးဒုက္ခသည်စခန်းသို့စစ်ဘေးရှောင်များတိုးလာ

🌐နေပြည်တော်တွင် စစ်ကောင်စီကားကို PDF မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီဘက်က ၁၂ဦး သေဆုံးကြောင်း PDF ထုတ်ပြန်

🌐KNUတပ်မဟာ၅နယ်မြေအတွင်းစစ်ကောင်စီတပ်နှင့်KNLAအကြားယမန်နေ့တွင်တိုက်ပွဲနှစ်ကြိမ်းဖြစ်ပွား၊စစ်သား၉ဦးသေဆုံး၊၄ဦးဒဏ်ရာရ

🌐မြောက်ဦးမြို့နယ်တွင်လယ်သမားတစ်ဦးပိုင်နွားငါးကောင်ဓားဖြင့်အခုတ်ခံရ

🌐၂၇ကြိမ်မြောက်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်နေ့အခမ်းအနားကိုအကျဥ်းချုန်းပြုလုပ်

🌐ပုသိမ်တွင်ရဲတပ်ဖွဲ့ကသမက်ဖြစ်သူကိုဖန်းဆီးပြီးယောက္ခမဖြစ်သူကိုပစ်သတ်

🌐ခေါင်တိုင်ပြင်ကျေးရွာကိုစစ်ကောင်စီတပ်တွေအင်အားအလုံးရင်းနဲ့ထိုးစစ်စင်၊နှစ်ဖက်အပြန်လှန်ပစ်ခတ်နေ

🌐 ချောင်းသာတောအတွင်းနေထိုင်တဲ့ပြည်သူတွေကိုစစ်အုပ်စုကနှင်ထုတ်

Shareခြင်းဖြင့်ကူညီကြပါ။

17.12.2021မနက်၁၀နါရီမှနေ့လည်၁၂နာရီအထိသတင်းတိုများပေါင်းချုပ်ဒီဇင်ဘာ၁၇ရက်🌐ဒီဇင်ဘာ ၁၆ရက် နေ့လည်က မင်းဘူးမြို့မှ ကျောင်းသား...
17/12/2021

17.12.2021
မနက်၁၀နါရီမှနေ့လည်၁၂နာရီအထိသတင်းတိုများပေါင်းချုပ်

ဒီဇင်ဘာ၁၇ရက်

🌐ဒီဇင်ဘာ ၁၆ရက် နေ့လည်က မင်းဘူးမြို့မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ဦး နှင့် ဒီဇင်ဘာ ၁၅ရက်က ဆောမြို့က ပြည်သူ ၄ဦးတို့ အကြမ်းဖက်စကစက၏ အဖမ်းခံရဟု NUG ကြေညာချက်တွင် ဖော်ပြ

🌐လက်နှက်မဲ့ပြည်သူများအပေါ်စာနာငဲ့ညှာကြရန်လက်နှက်ကိုင်ဆောင်သူများအားပဒိုစောရွှေမောင်းမေတ္တာရပ်ခံ

🌐မြစ်ကြီးနားတွင်လုံခြုံရေးတင်းကြပ်နေပြီးစစ်တပ်ကကားတစ်စီးကိုပစ်ခတ်

🌐တီးတိန်မြို့နယ်တွင်ZRAနှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွား

🌐မြစ်ကြီးနားတွင်လုံခြုံရေးတင်းကြပ်နေပြီးစစ်တပ်ကကားတစ်စီးကိုပစ်ခတ်

🌐မြန်မာစစ်တပ်၏အကြမ်းဖက်လုပ်ရက်များကိုချက်ချင်းအရေးယူရန်ITUCတောင်းဆို

🌐ထိုင်းစစ်တပ်ကမြောက်ဘက်ခြမ်းလေးကေ့ကော်ရှိစစ်ကောက်စီအမြှောက်ကုန်းကိုလက်နှက်ကြီးဖြင့်ပစ်ခတ်

🌐 ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိရဲ​ဝန်ထမ်းလိုင်းခန်းကိုACPLEအဖွဲ့ကမိုင်းခွဲတိုက်ခိုက်

🌐အင်းစိန်ထောင်အသံတိတ်သပိတ်တွင်ပါဝင်ခဲ့သူ၈၉ဦးအမှုထပ်ဖွင့်ခံရနိုင်တယ်လို့ရှေ့နေပြော

🌐ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းမြို့နယ်မြောက်ခြမ်းရွာပေါင်းစုံ သပိတ်၂၈၂ ရက် မြောက်နေ့အဖြစ် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ကို ဆန္ဒပြ

🌐အာရှလမ်းပေါ်ထိတွေ့ပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သား၇ဦးသေဆုံး

🌐 သထုံမြို့နယ်တွင်ညဘက်သွားလာခြင်းမပြုရန်KNUသတိပေးထုတ်ပြန်

🌐ပြည်သူများအတွက်အကူညီနဲ့ဆေးဝါးထောက်ပံ့မှုများကိုမြန်မာစစ်တပ်ကနှောင့်ယှက်တားမြစ်နေဟုအပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ထုတ်ပြန်

🌐DSTA မှ CDM စစ်သားများ ဦးဆောင်ပြီး ထုတ်လုပ်ထားသည့် ရှေ့ထွက်မိုင်းနှင့် ကားမိုင်းများကို စစ်မြေပြင်တွင် စတင် အသုံးပြု

🌐KNU၊ KNLA နှင့် PDF အောင်ပွဲရစေရေး နှင့် ပြည်သူများ ဘေးကင်းရေး မြန်မာနိုင်ငံအနှံမှ နားမကြားသူများက ဆုတောင်း သပိတ်လုပ်ဆောင်

သတင်းဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။

15.12.2021မနက် ၁၀နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများ ပေါင်းချုပ်🌐 မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတက...
15/12/2021

15.12.2021
မနက် ၁၀နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများ ပေါင်းချုပ်

🌐 မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာအဝန်းအဝိုင်းက သတ်မှတ်ကြဖို့ တိုက်တွန်း

🌐 မြန်မာ-ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ဆန္ဒပြ၊ ထိုင်းလုံခြုံရေးက သေနတ်ပစ်ဖောက်

🌐 တောင်တွင်းကြီးတွင် ၁၂ နှစ်အရွယ် မိန်းကလေးအပါအဝင် မိသားစုဝင် ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး

🌐 စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာကသတ်မှတ်ကြရန် ကုလအရာရှိဟောင်းများ တိုက်တွန်း

🌐 ၂ ကြိမ်ထိုးရသည့် ကိုဗစ်ကာကွယ်ဆေး အိုမီခရွန်မျိုးကွဲသစ်ကို ကာကွယ်နိုင်ခြေနည်းကြောင်း တွေ့ရှိရ

🌐 ရွာလုံးကျွတ် မီးရှို့ခံခဲ့ရသည့် ကဲဘာကျေးရွာ စစ်ဘေးရှောင်များ စားဝတ်နေရေးခက်ခဲ

🌐 လေးကေ့ကော်မြို့သစ်တွင် ခိုလှုံသူ ၆၀ ကျော်ကို စစ်တပ်က ဖမ်းဆီး၊ စစ်ရေးအခြေအနေ တင်းမာနေ

🌐 မြောင်မြို့နယ်ဆေးရုံဝင်းအတွင်း ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၆ ဦးကို စစ်တပ်က ရိုက်နှက်

🌐 နျူကလီးယားဒုံးကျည်များ ချထားမှု ရုရှားစွပ်စွဲချက် နေတိုးအဖွဲ့ပယ်ချ

🌐 ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့မနက် လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားနေ

🌐 ကန့်ဘလူမြို့နယ်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ် ၁ စီး မိုင်းဆွဲခံရ၊ ၁ဦးသေဆုံး

🌐 ဗဟန်းရဲစခန်းတွင် သေနတ်ရှင်းရာမှ ကျည်ထွက် ဟုဆို

🌐 ထားဝယ် အကျဉ်းထောင်အတွင်း အမျိုးသမီး တစ်ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ်ချ

🌐 ကန်ချနဘူရီတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား ၄၃ ဦး ထပ်မံ အဖမ်းခံရ

🌐 လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် KNU တပ်များ တိုက်ပွဲစတင်ဖြစ်ပွား၊ စစ်တပ်ဘက်က လက်နက်ကြီးများဖြင့်ပစ်

13.12.2021မနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများပေါင်းချုပ်🌐 သရက်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက...
13/12/2021

13.12.2021
မနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများပေါင်းချုပ်

🌐 သရက်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ

🌐 မုံရွာအခြေစိုက် သတင်းထောက် ကိုမင်းသိုက်ထွန်းအပါအဝင် လူငယ် ၁၂ ဦး ဖမ်းဆီးခံရ

🌐 မြိုင်မြို့နယ်၊ ကြောင်ကန်ကျေးရွာက ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခံရ

🌐 စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရသဖြင့် ၇၀ ကျော်သေဆုံး

🌐 Art against Tyranny အမည်ရှိ ပန်းချီပြပွဲ နယူးယောက်မြို့မှာ ပြုလုပ်

🌐 မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈၀ တွေ့ရှိပြီး ၆ ဦး သေဆုံး

🌐 ဒီဗွီဘီ သတင်းထောက် ကိုအောင်ဆန်းလင်းကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

🌐 တောင်ကိုရီးယားသမ္မတနှင့် ဩစတြေးလျဝန်ကြီးချုပ်တို့ တွေ့ဆုံ

🌐 ယူကရိန်းကို အကာအကွယ်ပေးရန် ဂျာမာန်အဓိပတိသစ် ကတိပြု

🌐 လက်ဝဲယိမ်းများအတွက် တိုက်ပွဲဝင်သွားမည်ဟု ပြင်သစ်သမ္မတလောင်းကိုယ်စားလှယ်ပြော

🌐 မန္တလေးတိုင်း မီးရထားအိမ်ရာက ဝန်ထမ်းများကို စစ်ကောင်စီက ဖိအားပေးနှင်ထုတ်

🌐 ဖရူဆိုမြို့နယ် ခမရ ၄၂၈ ကို ကရင်နီပူးပေါင်းတပ် ဝင်တိုက်၊ ဒေသခံများ တိမ်းရှောင်နေရ

🌐 ကိုရီးယားရောက် မြန်မာများ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒဖော်ထုတ်

🌐 မန္တလေး သူနာပြု ဇနီးမောင်နှံ သတ်ဖြတ်ခံရမှု ၎င်းတို့လက်ချက် မဟုတ်ဟု PDF ထုတ်ပြန်

🌐 မန္တေလးမြို့တွင် ဈေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PGC-MDY က ပစ်ခတ်ရာ စစ်သား ၁ ဦး သေဆုံး

🌐 ချင်းတွင်းမြစ်အတွင်း မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီရေယာဉ် ၁ စီး မဲဒင်ကျေးရွာအနီး ရေလယ်ကျွန်းခုံအနီး နစ်မြုပ်နေ

🌐 နွားခြုံကြီးကုန်းကျေးရွာရှိ Mytel တာဝါတိုင်အား PDF နှစ်ဖွဲ့မှမိုးခွဲဖျက်ဆီးခဲ့

🌐 မန္တလေးတိုင်း မီးရထားအိမ်ရာက ဝန်ထမ်းများကို စစ်ကောင်စီက ဖိအားပေးနှင်ထုတ်

12.12.2021မနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများ ပေါင်းချုပ်🌐 အမေရိကန်၊ ကန်တက်ကီပြည်နယ်တွင် လေဆင်နှာမောင်းကြော...
12/12/2021

12.12.2021
မနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများ ပေါင်းချုပ်

🌐 အမေရိကန်၊ ကန်တက်ကီပြည်နယ်တွင် လေဆင်နှာမောင်းကြောင့် ၇၀ ခန့်သေဆုံး

🌐 စစ်ကောင်စီက Silent Strike တွင် ပါဝင်သည့် ပဲခူးမြို့ရှိဆိုင်များကို ၇ ရက် ဖွင့်ခွင့်မပြု

🌐 G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဗြိတိန်က အိမ်ရှင်အဖြစ်ကျင်းပ

🌐 ရုရှားသမ္မတပူတင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေး

🌐 လှိုင်သာယာတွင် ပစ်ခတ်မှုများဖြစ်ပွား

🌐ရေစကြိုမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး PDF ၃ ဦးကျဆုံး

🌐 ယင်းမာပင်မြို့နယ်၌ စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရ

🌐 ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်း မီးတောင်ပေါင်း ၇၀ ပေါက်ကွဲမှုဖြစ်ခဲ့

🌐 ဩစတြီးယားတွင် ကိုဗစ်စည်းကမ်း မလိုက်နာလိုသူများ ဆန္ဒပြ

🌐 ပါရီမြို့တွင် ခရစ္စမတ်အတွက် မီးရောင်စုံများ အလှပြင်ဆင်

🌐 မင်းကင်းမြိုနယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ တွေ့ရှိ

🌐 လောင်းလုံးရွာသားအချို့အား စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ အမျိုးသမီးတစ်ဦး၏ဆံပင်ကို ကတ်ကြေးဖြင့် ညှပ်ပစ်

🌐 အသက်ကယ်သူကို မိုင်ထောင်ချီခရီးနှင်ပြီး ရှာတွေ့ခဲ့သည့် ကိုရီးယားစစ်ပြန် တရုတ်စစ်မှုထမ်း ဟောင်းကြီး

🌐 စပိန်ဂန္ထဝင်တင်းနစ်ကစားသမား မန်နူရယ် ဆန်တားနား ကွယ်လွန်

🌐 စစ်တပ်ရိက္ခာနှင့် စစ်သားများ တင်လာသည့် ၁၂ ဘီးယာဉ်တစ်စီး မုံရွာမြို့အနီးမိုင်းဆွဲခံရ

🌐 စဉ့်ကိုင်မြို့ EPC ရုံး ဗုံးခွဲ သတိပေးခံရ

🌐 သရက်မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့က ဖောက်ခွဲတိုက်ခိုက်

🌐 လှိုင်သာယာတွင် စစ်ကောင်စီတပ်များ ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများနိုင်ဟုဆို

🌐 လောင်းလုံးမြို့နယ် ကညုံကျွန်းနှင့် ဂေါ့အင်းရွာတွင် သံဃာတော် ၁ ပါး အပါအဝင် ၁၂ ဦး ဖမ်းခံရ

🌐 တောင်ကိုရီးယားနိုင်ငံ ချန်ဝမ်မြို့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကျဆုံးရေးဆန္ဒထုတ်ဖော်

🌐 ဖရူဆိုမြို့နယ်တွင် ခမရ ၄၂၈ တပ်နှင့် မြို့နယ်ရဲစခန်းကို ကရင်နီတပ်မတော်နှင့် KNDF ပူးပေါင်း ဝင်ပစ်၊ စစ်သား ၃ ဦးသေဆုံး

🌐 ရွှေဘိုမြို့နယ် မြင်းစီးရွာတွင် ပျူစောထီးဌေးအောင်နှင့် အဖွဲ့က ဆိုင်ကယ်မရပ်ပေးဟုဆိုကာ မောင်မိုးကောင်းနှင့် မောင်ရာဇာမင်းထွန်းတို့ နှစ်ဦးကို ပစ်သတ်

🌐 ရေလယ်ကျွန်းကျေးရွာက စစ်ရှောင်နှင့် မီးဘေးသင့်ပြည်သူများ စားဝတ်နေရေး အခက်အခဲဖြစ်

🌐 ရေဖြူရွာတွင် ဆိုင်ကယ်အမြောက်အများ အသိမ်းခံရပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

11.12.2021ညနေ 6 နာရီမှ 7 နာရီ အတွင်းသတင်းအတိုပေါင်းချုပ်..🌐အိမ်မွေးတိရစ္ဆာန်များကိုအစကျွေးရန်ရွာသို့ပြန်လာသည့်စစ်ဘေးရှောင...
11/12/2021

11.12.2021
ညနေ 6 နာရီမှ 7 နာရီ အတွင်းသတင်းအတိုပေါင်းချုပ်..

🌐အိမ်မွေးတိရစ္ဆာန်များကိုအစကျွေးရန်ရွာသို့ပြန်လာသည့်စစ်ဘေးရှောင်များကိုစစ်တပ်ကပစ်ခတ်

🌐မုံရွာတွင် မြို့ပြပျောက်ကျားနှစ်ဖွဲ့က စည်ပင်ဝန်ထမ်းများ ရှင်းလင်းမည်ဟု သတိပေးပြီးနောက် ဈေးများ ပြန်ဖွင့်ရန် မုံရွာစည်ပင်က လော်စပီကာဖြင့်လိုက်အော်

🌐ကနီတွင်စစ်ကောင်စီတပ်ဖွဲ့များမိုင်းခွဲတိုက်ခိုက်ခံရကာ၁၀ဦးထက်မနည်းသေဆုံး

🌐နယ်မြေမလုံခြုံသဖြင့်ဆားလင်းကြီးမြို့နယ်ရှိထန်းမြစ်တောင်သူများအရှုံးပေါ်

🌐 တောတွင်းတစ်နေရာက ပြည်သူ့ကာကွယ်ရေး တပ်မတော်-ရှမ်းတောင် (SSPDF)ရဲ့ မြို့ပြပျောက်ကျားတပ်ဖွဲ့မှ ရဲဘော်အချို့ ပါဝင်ခဲ့ကြတဲ့ “ဆိတ်သုန်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” လှုပ်ရှားမှုပြုလုပ်

🌐ကချင်ပြည် ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်

🌐အမေရိကန်နိုင်ငံကိုဗစ်ရောဂါကာကွယ်ရေးအစီစဉ်များတိုးမြှင့်

🌐AAနှင့်စစ်ကောင်စီစစ်ရေးတင်းမာမှုကိုရခိုင်ဆံတော်ရှင်ကျွန်းကဒေသခံတွေစိုးရိမ်၊ဈေးသည်တစ်ချို့အိမ်ပြန်

🌐ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (PDF-DMO)၊ တပ်ရင်း ( i ) က တပ်ဖွဲ့ဝင်ရဲဘော်တွေဟာ စစ်ရေးဆိုင်ရာလေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်

🌐ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ Silent Strike သပိတ်နေ့က ပိတ်ထားတဲ့ဈေးဆိုင်တွေ ပြန်လည်ဖွင့်လှစ်ခြင်းမပြုဖို့ စစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ မနက် ၉ နာရီလောက်က မြို့ထဲလှည့်လည်ပြီး ဆိုင်တွေကို အဓမ္မခြိမ်းခြောက် ပိတ်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြော

🌐စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နဲ့ မုံရွာမြို့တို့က ငြိမ်းသက်ခြင်းသပိတ် (Silent Strike) မှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ဈေးဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ ဖျက်ဆီးခံရသလို ညနေပိုင်း ဈေးဆိုင်လာဖွင့်သူတွေကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်ပြန်လွှတ်ခဲ့တယ်လို့ သိရ

🌐ထားဝယ်ထောင်ရှိနိုင်ငံရေးအကျဉ်းသားအမျိုးသမီးတစ်ဦးကျန်းမာရေးအခြေနေစိုးရိမ်ရ

🌐အင်ဂပူမြို့တွင်လောင်းကစားပစ္စည်းများနှင့်အတူဖမ်းမိသူအားစစ်ကောင်စီမှ

🌐ပုသိမ်ကြီးမြို့နယ်ကဒလန်ဆိုသူတစ်ဦးသေနတ်ဖြင့်အနီးကပ်ပစ်သတ်ခံရ

🌐ကန့်ဘလူမြို့နယ်တွင်ပျူစောထီးဆိုသူ အသတ်ခံရပြီးနောက် ရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရ

🌐ရှမ်းပြည်နယ်အတွင်းသတင်းသမားများအားအမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းအပေါ်MASSကသဘောထားထုတ်ပြန်

🌐ခရမ်းမြို့နယ်၊တမန်ကြီးကျေးရွာ၊ဒလန်မြင့်ဇော်နိုင်ညနေ၆နာရီတွင်သေနတ်ဖြင့်ပစ်သတ်ခံရ

11.12.2021ညနေ၃နာရီမှညနေ၆နာရီအထိသတင်းတိုများပေါင်းချုပ်ဒီဇင်ဘာ၁၁ရက်Loyal News🌐မန္တလေး၌ သပိတ်စုရပ်သို့ လာချိန် စစ်ကားဖြင့်...
11/12/2021

11.12.2021
ညနေ၃နာရီမှညနေ၆နာရီအထိသတင်းတိုများပေါင်းချုပ်

ဒီဇင်ဘာ၁၁ရက်
Loyal News

🌐မန္တလေး၌ သပိတ်စုရပ်သို့ လာချိန် စစ်ကားဖြင့် တိုက်ဖမ်းခံရသော မခိုင်ဇင်ဖူးထံမှ ရာချီသော လက်လုပ်မိုင်းများ၊ ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိဟု စစ်အုပ်စု ထုတ်ပြန်၊

🌐မက္ကဆီကိုတွင် ယာဉ်မတော်တဆမှုဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမား ၅၄ ဦး သေဆုံး

🌐မန်မာပြည်သူတို့ရဲ့ တိတ်ဆိတ်ခြင်းအောင်ပွဲကို ကုလသမဂ္ဂချီးကျူး

🌐ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

🌐ရေးချောင်းဖျားဒေသရှိ PDF များကို စစ်ကောင်စီတပ်က တောနင်းရှာမည်

🌐မန္တလေးနှင့်ပဲခူးတိုင်းဝန်ကြီးချုပ်များ အပါအဝင် စကစဝန်ကြီး ၄ ဦးနှင့် စစ်တပ်လက်အောက်ခံအဖွဲ့စည်းများကို US, UK နှင့် ကနေဒါမှ စီးပွါးရေးပိတ်ဆို့အရေးယူ

🌐ရေးချောင်းဖျားဒေသရှိ PDF များကို စစ်ကောင်စီတပ်က တောနင်းရှာမည်

🌐ထားဝယ်မှာ ကျောင်းသားလူငယ် ကိုးဦး အဖမ်းခံထားရ

🌐မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက အိမ်ဖောက်တွင်းကာ ပစ္စည်းများကို ခိုးယူတင်ဆောင်မှု ဖြစ်ပွား

🌐ကျောင်းဖွင့်ပြီး တစ်လကျော်အထိ အထက်တန်းပြ မလုံလောက်လို့ သင်ကြားရေး အခက်တွေ့

🌐ကညုံကျွန်းရွာမှာ အဖမ်းခံခဲ့ရသူအားလုံးဟာ သာမန်အရပ်သားတြွေဖစ်တယ်လို့ ရွာသားတွေပြော

🌐 မြိုင်မြို့က စစ်အုပ်စုဝင်တွေနေထိုင်ရာ စက်မှု(၂)ကို ရေပို့နေတဲ့ ရေစက်တွေ ဖျက်ဆီးခံရ

🌐PDF အဖြစ်စွပ်စွဲခံရသူရဲ့ မိဘပိုင် စားသောက်ဆိုင်နဲ့ တိုက်ကို စစ်ကောင်စီ ဖျက်ဆီးချိတ်ပိတ်။

🌐သလဲဘာပျူများနှင့် စစ်ကောင်စီတပ်များက ဝက်လက်၊ကျောက်ကုန်းရွာမှ ပြည်သူ့နေအိမ်များကို မီးရှို့။

🌐မုံရွာမြို့မှ ကျောင်းသားလူငယ်များက စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒပြ။

🌐ရှမ်းပြည်နယ် (မြောက်ပိုင်း ) ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်၊ မြောက်ကုန်းရပ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက် နံနက်ကျောက်မဲပညာရေးမှူးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းပေါ်ဆိုင်ကယ်စီးသွားသည့်လူငယ် ၂ ဦးကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ပစ်ခတ်ဖမ်းဆီး။

🌐ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာတွင် လူနေအိမ်များ မီးရှို့ခံရ။

🌐မုံရွာမြို့ စည်ပင်သာယာအရာရှိများနှင့် ဝန်ထမ်းများ(နေ့စားပါမကျန်)သုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်း Monywa Nightkingနှင့် Monywa Ninjaအဖွဲ့မှ ထုတ်ပြန်ကြေညာ။

🌐စစ်ကောင်စီကို မလိုက်လျောဖို့ ကမ္ဘောဒီးယားကို အမေရိကန် သတိပေး။

🌐ပုလောတွင်စစ်ကောင်စီကရွာသားများကိုလူသားဒိုင်းအဖြစ်အသုံးချဟုဆို

🌐ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦးဖမ်းဆီးခံရပြီးနောက်မိသားစုနှင့်အဆက်သွယ်ပြတ်တောက်နေ

🌐NUGစီမံရေး၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ
USD Tether (USDT) ကိုပြည်တွင်းသုံးစွဲမှုအတွက် တရားဝင်အသိအမှတ်ပြုကြောင်းကြော်ငြာ

🌐ရေစကြိုတွင်ကျေးရွာများကိုစစ်တပ်မှပစ်ခတ်သဖြင့်ရွာသားများထွက်ပြေး၊လူငယ်တစ်ဦးပစ်ခတ်ခံရ

🌐 မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်းရဲ့မိဘအိမ်ချိတ်ပိတ်ခံရ

🌐မုံရွာတွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြ

🌐မြိုင်မှာ စစ်ကောင်စီနဲ့ MVRF တို့တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်

🌐မြန်မာ့အရေးရင်ကြားစေ့နည်းလမ်းသုံးဖို့ကမ္ဘောဒီးယားသံရုံးထုတ်ပြန်

🌐အသံတိတ်သပိတ်နေ့ စျေးဆိုင်တွေ ဖွင့်ကြဖို့ လိုက်လံဆော်ဩတဲ့ မူဆယ် စည်ပင်ရုံး ဖောက်ခွဲခံရမှု အမျိုးသမီးဝန်ထမ်း ၂ ဦး ဒဏ်ရာရ

🌐မကွေးမြို့ စစ်ဘောမဒလန်အကြီးစား အောင်မင်းခန့် နေအိမ် heart cafe ဆိုင်အား MDA နဂါးတပ်ဖွဲ့ နှင့် ဗိဿနိုး PDF တပ်ဖွဲ့ဝင်များပူးပေါင်း ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ဖက်သို့ ရပ်တည်မှု မရှိသော ဘောမများအားသတိပေး

သတင်းများအားအချိန်နှင့်တစ်ပြေးညီဖတ်ရှုရန်အတွက်Telegram LinkလေးကိုJoinပေးထားကြပါဗျ။
သတင်းနှင့်C2Dအဖြာဖြာ
https://t.me/loyalteam5

11.12.2021နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ သတင်းတိုများ ပေါင်းချုပ်🌐 သံလွင်မြစ်အတွင်း  ထိုင်း လှေ ၃ စင်းကို မြန်မာစစ်တပ်က ...
11/12/2021

11.12.2021
နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ သတင်းတိုများ ပေါင်းချုပ်

🌐 သံလွင်မြစ်အတွင်း ထိုင်း လှေ ၃ စင်းကို မြန်မာစစ်တပ်က ပစ်ခတ်

🌐 မုံရွာမြို့ရှိ အန်အယ်လ်ဒီပါတီ တိုင်းရုံးကို စစ်ကောင်စီတပ်က ဗုံးခွဲ

🌐 ဒီးမော့ဆို PDF ရဲဘော်များ ခုခံစစ်ဆင်နွှဲနိုင်ဖို့ ပြင်းပြင်းထန်ထန်စစ်ရေးလေ့ကျင့်

🌐 Milk Tea Alliance မီးထွန်းဆုတောင်းပွဲ နယူးယောက်မြို့မှာ ပြုလုပ်

🌐 စျေးဆိုင်များပြန်မဖွင့်ရန် စစ်ကောင်စီတပ်က အဓမ္မ ခြိမ်းခြောက်

🌐 ထားဝယ်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်စီချ

🌐 အင်းတော်မြို့အနီးတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် PDF တိုက်ပွဲဖြစ်၊ အရပ်သား ၁ ဦးသေဆုံး

🌐မြန်မာသံအမတ်ကြီး လုပ်ကြံရန်အမှုမှာပါဝင်တဲ့ ရဲဟိန်းဇော်က အပြစ်ရှိကြောင်းဝန်ခံထွက်ဆို

🌐အမေရိကန်အစိုးရရဲ့ ပိတ်ပင်ခံရပြီးနောက် အမေရိကန်လက်နက်တွေ ဖျက်ဆီးပစ်ဖို့ ကမ္ဘောဒီးယးဝန်ကြီးချုပ် ဟွန်ဆန်အမိန့်ပေး

🌐DMO-PDFက စစ်ဘေးရှောင်စခန်းတွေကိုသွားရောက်ပြီး အဝတ်မထည်တွေလှူဒါန်း

🌐ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို မတရားအမှုဖွင့်မည်ဆိုပါက လက်ရှိစစ်ကောင်စီလက်အောက်မှ ဝန်ထမ်းများကိုပါ အမှုဖွင့်ရမည်ဖြစ်ကြောင်း CDM ဝန်ထမ်းများ ထောက်ပြ

🌐ဒီပဲယင်း ၊ နဂါးတွင်းကျေးရွာတွင် စစ်တပ်က ဦးသန်းထွေး၊ ဦးကျော်ဝင်း၊ ကိုမိုး၊ ဦးကံညွှန့်၊ ကိုတိုးနှင့် ဦးဇော်ဝင်းတို့ကို ရက်စက်စွာ သတ်ဖြတ်ပြီး ရွာကို ဖျက်ဆီးသွား

🌐ရန်ကုန်မြို့လယ်ခေါင်၊ အနော်ရထားလမ်းပေါ်တွင် "ငါတို့ဟာ သတ်လို့ မသေတဲ့ တော်လှန်ပန်းပွင့်တွေ" စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်း ချီတက်

🌐ကွတ်ခိုင်မြို့မှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့်စစ်သားကို ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်

🌐အမေရိကန်အစိုးရရဲ့ ပိတ်ပင်ခံရပြီးနောက် အမေရိကန်လက်နက်တွေ ဖျက်ဆီးပစ်ဖို့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်အမိန့်ပေး

🌐DMO-PDFက စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ပြီး အဝတ်အထည်တွေ လှူဒါန်း

🌐မန်မာသံအမတ်ကြီး လုပ်ကြံရန်အမှုမှာပါဝင်တဲ့ ရဲဟိန်းဇော်က အပြစ်ရှိကြောင်းဝန်ခံထွက်ဆို

🌐ရောင်းချမှု ခေတ္တရပ်ဆိုင်းထားသော နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်များ ပြည်တွင်း၊ ပြည်ပတွင် မကြာမီပြန်လည် ဝယ်ယူနိုင်တော့မည်

🌐စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ပအိုဝ်းတမျိုးသားလုံး အတူလက်တွဲ ဖော်ဆောင်ပေးကြရန် PNLO/PNLA က အသိပေး တိုက်တွန်း

🌐မကွေးတက္ကသိုလ်က CDM တွဲဖက်ပါမောက္ခတစ်ဦး အဖမ်းခံရ

🌐မကွေးတိုင်းဝန်ကြီးချုပ် ရာထူးရှိစဉ်ကပင် အဆောင်အယောင်များအပေါ် သာယာမှုမရှိသည့် လူပျိုကြီးဟု နာမည်ကြီးသည့် ဒေါက်တာအောင်မိုးညိုကို အဂတိမှု ၆ ခုဖြင့် စစ်ကောင်စီက စွပ်စွဲသည်။

🌐ဗိုလ်ချုပ်ရုပ်ရှင် သရုပ်ဆောင် နန့်ဇာခြည်လင်း၏ ဈာပန မနက်ဖြန် ကျင်းပမည်

🌐နတ်တလင်းမြို့က တိတ်ဆိတ်ခြင်းသပိတ်ကို ဒရုန်းဖြင့်မှတ်တမ်းတင်သူ ဖမ်းဆီးပစ်ခတ်ခံရ

🌐ဖားကန့်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

🌐တနိုင် - ရှင်ဗွေယန်လမ်းမကြီးပေါ်တွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေ

🌐အရပ်သား ၁၁ ယောက်ကို မြန်မာစစ်သားများ အရှင်လတ်လတ်မီးရှိခဲ့သည့်ဖြစ်ရပ်ကြောင့် အမျက်ထွက်မိကြောင်း အမေရိကန်ပြော

🌐ဂျပန်ဘီယာကုမ္ပဏီ၏ ဖက်စပ်လုပ်ငန်းဖျက်သိမ်းရေး တရားဥပဒေအရ အဆုံးသတ်မည်ဟု စစ်တပ်၏ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးပြော

🌐ကုလအေဂျင်စီများ၏လုပ်ရပ် မြန်မာစစ်တပ်ကို တရားဝင်အောင်လုပ်သလို ဖြစ်နေဟု အရပ်ဘက်အဖွဲ့များ ဝေဖန်

🌐နတ္တလင်းမြို့ Silent Strike ကို ဒရုန်းဖြင့်မှတ်တမ်းတင်သူကို စစ်တပ်က ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်ခတ်

🌐မန်မာသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိရေး အခက်အခဲများစွာ ကြုံနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

🌐မြန်မာစစ်တပ်ထံ လက်နက်မရောင်းဖို့ အိန္ဒိယအစိုးရကို တောင်းဆို

🌐ဆွစ်ဇာလန်ပိုင် Harry Winston က မြန်မာ့ကျောက်မျက်ဝယ်ယူမှု ရပ်တန့်

11.12.2021မနက် ၁၀ နာရီခွဲများ နေ့လည် ၁၂ နာရီအထိသတင်းတိုများ ပေါင်းချုပ်🌐 မင်းကင်းမြို့နယ်တွင် PDF ပူးပေါင်းအဖွဲ့၏ တိုက်ခ...
11/12/2021

11.12.2021
မနက် ၁၀ နာရီခွဲများ နေ့လည် ၁၂ နာရီအထိသတင်းတိုများ ပေါင်းချုပ်

🌐 မင်းကင်းမြို့နယ်တွင် PDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အသေအလွန်များ၊ နှစ်ရက်အတွင်း ၆၀ သေဆုံးဟုဆို

🌐 ပုလောတွင် စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား၊ ကနဦးသတင်းအရ စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

🌐 ဆားလင်းကြီးမြို့နယ်တွက် အကြမ်းဖက် စစ်ကောင်စီကား ၃ စီးကို OSTF နှင့် မဟာမိတ်ညီနောင်များ မိုင်းဆွဲတိုက်ခိုက် ၊ စစ်ကောင်စီတပ်သားများ ထိခိုက် ကျဆုံးမှု များ

🌐 လွှတ်တော်အဆောက်အုံတိုက်ခိုက်ခံရမှုမှတ်တမ်း ထိမ်ချန်ရန် ထရမ့်၏တောင်းဆိုမှု တရားရုံး ပယ်ချ

🌐 မုံရွာမြို့ရှိ NLD ပါတီ တိုင်းရုံးကို စစ်ကောင်စီတပ်က ဗုံးခွဲ

🌐 ပလိပ်အင်းသို့ ဆောင်းခိုငှက် လာရောက်မှု ယခင်နှစ်ထက်စောပြီး အကောင်ရေ နည်းပါး

🌐 အတိုင်ပင်ခံပုဂ္ဂိုလ် တခြားအဂတိအမှုတွေကို ဆက်လက်စစ်ဆေးဖို့ ရုံးချိန်းပေး

🌐 Silent Strike သပိတ် အကြောင်းကို ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ဝေဝေဆာဆာ ဖော်ပြထား

🌐 တောင်တွင်းကြီးတွင် ဗုံး ၂ လုံးကွဲ၊ ပြည်သူ ၁ ဦးဒဏ်ရာရ

🌐 ဝက်လက်တွင် မိုင်းမတော်တဆမှုကြောင့် တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံး

🌐 ဒီးမော့ဆို PDF ရဲဘော်များ ခုခံစစ်ဆင်နွှဲနိုင်ဖို့ ပြင်းပြင်းထန်ထန်စစ်ရေးလေ့ကျင့်နေ

🌐 KNU နယ်မြေတွင် ကလေးသူငယ် ကျန်းမာရေးစောင့်ရှောက်မှုပညာပေး

🌐 ကမ္ဘာတဝန်း သတင်းမီဒီယာသမား ၂၉၃ ဦး အကျဉ်းကျခံနေရ

🌐 တပ်မဟာ ၆ တွင် စစ်ကောင်စီတပ်က ဒေသခံနေအိမ် ၃ လုံးအား မီးရှို့ ဖျက်စီး

🌐 ရနောင်းမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ

🌐 မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကုလ စိတ်ပျက်၊ အမေရိကန် ဒေါသထွက်

🌐 စစ်ကောင်စီက ဒီပဲယင်းတွင် အရပ်သား ၄ ဦးကို သတ်ဖြတ်

🌐 ဝီကီလိခ်တည်ထောင်သူတရားခံကို လွှဲပြောင်းပေးရေး ပိတ်ပင်တားဆီးမှုအပေါ် အမေရိကန်အစိုးရ အယူခံဝင်ခဲ့

🌐 ရွှေ့ပြောင်းလုပ်သားတွေလိုက်ပါလာတဲ့ထရပ်ကားတိမ်းမှောက်မှုမှာ သေဆုံးသူ ၅၄ ဦးထိရှိလာ

🌐 လစ်သီယမ်သတ္တုတွင်းဟာ ဆားဘီးယားမှာ မငြိမ်မသက်ဖြစ်စေ

🌐 စပိန်နိုင်ငံမြောက်ပိုင်းမှာ မိုးကြီးရေလျှံမှုကြောင့် လမ်းတွေ ကားတွေ နစ်မြုပ်

🌐 မြန်မာကာကွယ်ရေးပစ္စည်းစက်ရုံများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့

🌐 တွံတေးတွင် ဈေးဆိုင်များ မဖွင့်ရန် စစ်တပ်က ဖိအားပေး ခြိမ်းခြောက်

🌐 ပုလော ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

🌐 မုံရွာမြို့ပေါ်ရှိစျေးများကို စစ်ကောင်စီတပ်သားတွေက အကြမ်းဖက် ပိတ်သိမ်းခိုင်းနေ

🌐 အမေရိကန်နှင့် အပေါင်းအပါများက မြန်မာစစ်တပ်ကို ထပ်မံဒဏ်ခတ်အရေးယူ

🌐 ခရမ်းမြို့ တမံကြီးကျေးရွာတွင် မီတာခများလိုက်လံကောက်ခံနေ၊ မဆောင်လျင် မီတာပုံးဖြုက်မည်ဟု ခြိမ်းခြောက်

8.12.2021မနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများ ပေါင်းချုပ်🌐 သိန္နီ-ပန်လော့တိုးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ...
08/12/2021

8.12.2021
မနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများ ပေါင်းချုပ်

🌐 သိန္နီ-ပန်လော့တိုးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၃ ဦး ဒဏ်ရာရ

🌐 မြစ်ကြီးနား Mytel တာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရ၊ မုံရွာ Mytel ရုံးအနီး ဗုံးပေါက်ကွဲ

🌐 နေပြည်တော် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက တပ်ကြပ်ကြီး ၁ ဦး ပြည်သူ့ရင်ခွင် ဝင်ရောက်

🌐 “အာဏာရှင်ကိုအမြစ်ဖြတ်ဖို့ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့” ကြွေးကြော်သံဖြင့် လောင်းလုံးမြို့နယ်တွင် ဆန္ဒပြ

🌐 ချဲလ်ဆီးနောက်ခံလူ ရူဒီဂါ ရီးယဲလ်မက်ဒရစ်ကိုပြောင်းဖို့ အကြိုသဘောတူညီမှုရရှိ

🌐 အီရတ်နိုင်ငံတွင် ပေါက်ကွဲမှုကြောင့် ၄ ဦးသေဆုံး၊ ၂၀ ခန့် ဒဏ်ရာရ

🌐 ချန်ပီယံလိဂ်ဗိုလ်စွဲနိုင်သည့် အသင်းများတွင် ဂျူဗီ မပါဝင်တော့ဟု နည်းပြ အယ်လီဂရီဝန်ခံ

🌐 ဘူရွန်ဒီနိုင်ငံ မြို့တော်ဂီတေဂါက အကျဉ်းထောင်မီးလောင်မှုကြောင့် ၃၈ ဦးထက်မနည်း သေဆုံး

🌐 ဒီဇင်ဘာလ ၈ ရက်၊ နံနက်ခင်း ၁၁ နာရီအထိနောက်ဆုံးရသတင်းများ

🌐 စစ်ကောင်စီ ရေယာဉ် ၂ စင်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်

🌐 ထားဝယ်တွင် အမျိုးသား ၁ ဦး အဝတ်ဝယ်နေစဉ် ဖမ်းဆီးခံရ

🌐 ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ် ကင်းပုန်းကို PDF ဝင်တိုက်၊ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ဟုဆို

🌐 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၂၀၀၀ ကျော် တိမ်းရှောင်နေရ

🌐 သထုံမြို့ရှိ အာဏာသိမ်း စစ်ကောင်စီပိုင် Mytel ရုံးနှင့် ရဲကား ၁ စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု MTHSF

🌐 ရွှေတောင်ဦးကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဒုံးတောအတွက် လက်တုံ့ပြန်ခြင်းဟုဆို

🌐 ရန်ကုန်လမ်းမတော်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းအဖွဲ့မှ ဒေါ်ခင်မျိုး ပစ်ခတ်သတ်ဖြတ်ခံရ၊ ပျူစောထီးများ လက်ချက်ဟု ဒေသခံများဆို

🌐 ရန်ကုန် လှိုင်သာယာ၊ တိုက်ကြီး၊ မရမ်းကုန်း၊ အရှေ့ဒဂုံ၊ သာကေသတ၊ မြောက်ဥက္ကလာတို့တွင် PDFက စစ်တပ်နှင့်ရဲများကိုမိုင်းခွဲတိုက်ခိုက်၊ စစ်သား ၈ ဦး သေပြီး ဒဏ်ရာရသူများပြား၊ ‎တောင်ငူတွင် ဗုံးပေါက်

🌐 ကလေးမြို့ပြည်သူများ Silent Strike တွင် ပါဝင်ကြရန် ပင်မသပိတ်အင်အားစုက လှုံဆော်စာများ ဖြန့်ဝေ

7.12.2021မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများ ပေါင်းချုပ်🌐 NUG အစိုးရကို အိုဆာကာအခြေစိုက် သမဝါယမအသင်းများက ကျပ်...
07/12/2021

7.12.2021
မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ သတင်းတိုများ ပေါင်းချုပ်

🌐 NUG အစိုးရကို အိုဆာကာအခြေစိုက် သမဝါယမအသင်းများက ကျပ်သိန်း ၁၀၀၀ ခန့်လှူဒါန်း

🌐 ကြည့်မြင်တိုင်ဆန္ဒပြပွဲ အကြမ်းဖက်မှု ကုလ အတွင်းရေးမှူးချုပ် အပြင်းထန်ဆုံး ပြစ်တင် ရှုံ့ချ

🌐 KNU နယ်မြေထဲ စစ်ရေးဆက်တိုက်လှုပ်ရှားသလို ထိုးစစ်တွေပိုဆင်နိုင်ဖို့အတွက် ပြင်ဆင်နေ

🌐 နိုင်ငံ့ခေါင်းဆောင်တွေကို ထောင်ဒဏ်ချမှု စစ်တပ်နဲ့ ပြည်သူ ရန်ငါ စည်းပြတ်သွားပြီလို့ သုံးသပ်

🌐 ဂဠုန်တပ်တော်က ရဲဘော်သုံးဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

🌐 အမ်ဘာပေနှင့် ဗင်နီဆီးယက်စ် တိုက်စစ်အတွဲ အဆင်ပြေနိုင်ဟု ကတ်စမဲရိုး မှတ်ချက်ပေး

🌐 ဒိုင်လူကြီးရဲ့ လုပ်ပွဲရာဇဝင်အကြောင်းပြောသည့် ဘာလင်ဂမ်ကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

🌐 မြန်မာအတွက် ကိုယ်စားပြုမှု ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက် ကုလအထွေထွေညီလာခံ အတည်ပြု

🌐 ချမ်းမြသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ၊ စစ်တပ်ပစ်ခတ်မှုကြောင့် ကလေး ၁ ဦး သေဆုံး

🌐 NUG အစိုးရကို အိုဆာကာအခြေစိုက် သမဝါယမအသင်းများက ကျပ်သိန်း ၁၀၀၀ ခန့်လှူဒါန်း

🌐 ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက ရဟတ်ယာဉ်သုံး ပစ်ခတ်

🌐 တစ်တောင့်ထိုးရိုင်ဖယ်သေနတ် ပြည်သူ့တော်လှန်ရေးအဖွဲ့ ထုတ်လုပ်အောင်မြင်

6.12.2021မနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိသတင်းတိုများ ပေါင်းချုပ်🌐 အင်တာနက်ဖြတ်တောက်ထားသည့် ဖားကန့်တွက် MPT ဖုန်းလိုင...
06/12/2021

6.12.2021
မနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိသတင်းတိုများ ပေါင်းချုပ်

🌐 အင်တာနက်ဖြတ်တောက်ထားသည့် ဖားကန့်တွက် MPT ဖုန်းလိုင်းပြတ်

🌐 ကြည့်မြင်တိုင်လူထုသပိတ် ဖြိုခွင်းခံရမှုဖြစ်ရပ်အပေါ် အမေရိကန်ရောက်မြန်မာတွေ ကန့်ကွက်ဆန္ဒပြ

🌐 ကာကွယ်ဆေး ထိုးပြီပါက ရောဂါကင်းကြောင်း ဆေးစစ်ရန်မလိုဘဲ မြစ်ကြီးနားလေဆိပ်မှ ခရီးသွားနိုင်ပြီ

🌐 အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ အမေရိကန်သံရုံးက ထုတ်ပြန်

🌐 ရန်ကုန်မြို့နယ်တချို့မှာ သံပုံးတီး လှုပ်ရှားမှုတခု ပြန်လည် ပြုလုပ်

🌐 ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈၅ ယောက် နဲ့ ၆ ယောက် ထပ်မံသေဆုံး

🌐 ကြို့ပင်ကောက်မြို့နယ်တွင် လင်မယား ၂ ဦး ပစ်သတ်ခံရ

🌐 သပိတ်ကျင်းမြို့အနီး မြေငလျင်လှုပ်

🌐 ၂၀၂၃ ရွေးကောက်ပွဲပြီးပါက နိုင်ငံရေးကထွက်မည်ဟု ဆူဒန်ဗိုလ်ချုပ်ကြီး ပြော

🌐 အီရန်စစ်တပ် ဒုံးကျည်ပစ်လွှတ်လေ့ကျင့်

🌐 မူဆည် ၁၀၅ မိုင်မှ တရုတ်ဘက်ပို့မည့် ဖရဲသီးများ ပျက်ဆီး

🌐 CNN နာမည်ကြီး သတင်းကြေညာသူ ခရစ်ကွာမိုတို အလုပ်ထုတ်ခံရ

🌐 မာလီတွင် ခရီးသည်တင် ဘတ်စ်ကားပစ်ခတ်ခံရပြီး ၃၁ ဦး ထက်မနည်းသေဆုံး

🌐 ဩစတြီးယားတွင် နှင်းထုပြိုကျပြီး နှင်းလျောစီးသူ ၅ ဦးသေဆုံး

🌐 CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service ရဲအဖွဲ့ကို စတင်ဖွဲ့စည်း

🌐 အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အမေရိကန်သံရုံးကထုတ်ပြန်

🌐 ပေါက်မြို့နယ်နှင် ကန်ပက်လက်တွင် တိုက်ပွဲဖြစ် ၊ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

🌐 မက္ကဆီကိုနိုင်ငံအလယ်ပိုင်းသို့ မာနာခ်လိပ်ပြာအကောင်ရေ သန်းချီ ရောက်လာ

🌐 ဘရာဇီးတွင် အိုမီခရွန်ကူးစက်ခံ လူနာတွေ့ရှိ၊ နှစ်သစ်ကူးအကြိုညပွဲ ဖျက်သိမ်း

🌐 ပခုက္ကူမြို့တွင် လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးတို့ ဗုံးပစ်သတိပေးခံရ

🌐 ကြည့်မြင်တိုင်သပိတ် ကားတိုက်မှု "စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေ လုပ်ရပ် " ဟု AA စစ်ဦးစီးချုပ်ပြော

🌐 CDM ဝန်ထမ်းများနှင့် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲမှုဖြင့် လူ ၅ ဦး အဖမ်းခံရ

🌐 ကြည့်မြင်တိုင်မှ စစ်တပ်၏ လူမဆန်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် စမ်းချောင်း ရဲစခန်း၊ ခရမ်းမြို့မရဲစခန်းအပါအဝင် ရန်ကုန်မြို့ နေရာတချို့ကို တိုက်ခိုက်ခဲ့ဟု ရန်ကုန်တိုင်း PDF ထုတ်ပြန်

🌐 စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိပြီး တောင်ယာမှပြန်လာသူ မိခင်ဖြစ်သူသေဆုံး၊ ၂ နှစ်အရွယ်သမီးငယ် ခြေထောက်ပြတ်

🌐 ကြည့်မြင်တိုင် အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် MPA သတင်းထောက် ၂ ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရ

🌐 ဒဂုံဆိပ်ကမ်းမြို့နယ် YBS 99 ညအိပ်ရပ်သည့် နေရာတွင် ပေါက်ကွဲမှုဖြစ်ပွား

🌐 ရန်ကုန်က မြို့နယ်တချို့တွင် သံပုံးတီးသပိတ် ပြန်လည်ဆင်နွှဲ

🌐 ဝက်လက်မြို့နယ်၌ တက်ကြွလှုပ်ရှားသူ ၁ ဦး၏ နေအိမ်ချိပ်ပိတ်ခံရ၊ ရွာသား ၁ ဦးကို ဖမ်းဆီး

🌐 အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှု သေဆုံးသူဦးရေမြင့်တက်လာ

🌐 ကိုယ်ဝန်ဖျက်ချမှုမှာ ကမ္ဘာ့နိုင်ငံများနဲ့ ကွဲပြားစွာဥပဒေပြုလာတဲ့ အမေရိကန်

CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service ရဲအဖွဲ့ကို စတင်ဖွဲ့စည်းရန်ကုန်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွ...
06/12/2021

CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service ရဲအဖွဲ့ကို စတင်ဖွဲ့စည်း

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service ရဲအဖွဲ့ကို တည် ထောင်လိုက်ကြောင်း ကလေးပြည်သူ့ရဲလုပ်ငန်းဝန်ဆောင်မှုက ကြေညာချက်ထုတ်ပြန်သည်။

Kalay Police Service ရဲအဖွဲ့ကို ဒေသတွင်း လိုအပ်ချက်အရ ကလေးဒေသအခြေပြု CDM ရဲတပ်ဖွဲ့ဝင်များဖြင့် စတင်ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါရဲအဖွဲ့သည် ပြည်သူလူထု၏ တောင်းဆိုချက်အရ PDF Kalay နှင့်ပူးပေါင်း၍ ဒေသတွင်းရဲလုပ်ငန်းများကို လူ့အခွင့်အရေးများအား လေးစားလိုက်နာမှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်တ်လပ်မှု၊ တရားမျှတမှုတို့နှင့်အညီ ဆောင်ရွက်မည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

Kalay Police Service ရဲအဖွဲ့သည် ဒေသခံ လူငယ်များအား ရဲလုပ်ငန်းဆိုင်ရာများ သင်ကြားပြီး လူ့အခွင့်အရေးများကို တန်ဖိုးထား လေးစားသည့် ပြည် သူလူထု အားထားရသော ရဲအဖွဲ့ဝင်များကို မွေးထုတ်ကာ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရသည်။

Khit Thit Media မှကူးယူဖော်ပြသည်။

ကြည့်မြင်တိုင်သပိတ် ကားဖြင့်တိုက်မှု “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ်ပြော========...
06/12/2021

ကြည့်မြင်တိုင်သပိတ် ကားဖြင့်တိုက်မှု “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ်ပြော
===============
မဇ္ဈိမ

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် လမ်းလျှောက်ချီတက်နေသော စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်ကားဖြင့် အနောက်မှ ဝင်ရောက် တိုက်သတ်ဖမ်းဆီးမှုကို ရည်ရွယ်ပြီး “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယမန်နေ့ ညပိုင်းက ၎င်း၏ တွင်တာစာမျက်နှာတွင် ရေးသားထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေသူများကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့်အရှိန်ပြင်းပြင်း ဝင်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ဆန္ဒပြလူငယ် ၁၁ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ဆန္ဒပြပွဲ သတင်းယူနေသည့် Myanmar Pressphoto Agency သတင်းထောက် နှစ်ဦးလည်း ပြင်းထန်သည့် ဒဏ်ရာများဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ကားဖြင့်ဝင်တိုက်မှုသည် “လူ့အသက်ကို ပဓာနမထားဘဲ တမင်တကာ လုပ်ဆောင်သည့် လုံးဝမတရားတဲ့ လုပ်ရပ်ဘဲ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွင်တာစာမျက်နှာတွင် ရေးသားထားသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ အကြမ်းဖက် ဖြိုခွင်းသည့် လုပ်ရပ်အပေါ် “ထိတ်လန့်တုန်လှုပ်မိပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
================

Mizzima - News in Burmese မှကူးယူဖော်ပြသည်။

Address


Website

Alerts

Be the first to know and let us send you an email when Loyal News-Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share