Revo Info

Revo Info တော်လှန်ရေး သတင်း သက်သက်တာ တင်ပြပါမ?

🙏🏻🙏🏻🙏🏻
23/05/2023

🙏🏻🙏🏻🙏🏻

ခင်ဦးမြို့ရှိ ကျေးရွာ ၇၄ ရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီးထား၊ ပြည်သူသုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေ

စစ်ကိုင်း၊ မေ ၂၃
လူငယ့်ခေတ်


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ ကျေးရွာ ၇၄ ရွာကို စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကာ အိုးမဲ့အိမ် မဲ့ဖြစ်သွားသည့် ပြည်သူ (၃၀၀၀၀) ကျော်ထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


"ကူညီထောက်ပံ့ပေးဖို့ တကယ်လိုအပ်နေတာပါ။ စားဝတ်နေရေးအခက်အခဲဖြစ်နေကြတယ်။ အမကိုယ်တိုင်လည်း မီးဘေးဒုက္ခသည်ဖြစ် နေတယ် " ဟု စစ်ဘေးဒုက္ခသည်ပြည်သူများကို ကူညီပေးနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ ၇၄ ရွာတွင် အိမ်ခြေ ၅၀၀၀ ကျော်မှာ ပြာကျပျက်စီးခဲ့ခြင်းကြောင့် လူဦးရေ ၃၀၀၀၀ ကျော်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းဖြစ်သည်။


ပြီးခဲ့သည့် မေလပိုင်းကလည်း ခင်ဦးမြို့နယ်ရှိ အိမ်ခြေ (၅၀၀ ) ကျော်ရှိသည့် ကံသစ်ကျေးရွာကို စစ်ကောင်စီမှ နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ ကာ အိမ်ခြေ (၁၃၀၀) ကျော်အထိ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

"အခု ရွာထဲဝင်မယ် စစ်ကြောင်းထိုးမယ် ပြီးရင်အိမ်တွေကိုမီးရှို့မယ် ဒါဘဲ တစိုက်မတ်မတ်လုပ်နေတာ " ဟု ဒေသခံအမျိုးသားတစ်ဦးက လည်း လူငယ့်ခေတ်သို့ ပြောသည်။

၂၀၁၄ခုနှစ် က ကောက်ခံထားသည့် သန်းခေါင်စာရင်းများအရ ခင်ဦးမြို့နယ်တွင် လူဦးရေ တစ်သိန်းလေးသောင်းကျော်နေထိုင်ပြီး လက်ရှိသုံးသောင်းကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေကာ အရေးပေါ်အကူညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။


26/05/2022
26/05/2022
26/05/2022
26/05/2022
16/05/2022

💪🏻💪🏻💪🏻

😢
16/05/2022

😢

15/05/2022
14/05/2022
13/05/2022

🚨 ⚠️ စစ်ကောင်စီက ပြည်သူများ၏ မိုဘိုင်းလ်ဖုန်း ဟန်းဆက်အားလုံးကို အခွန်ကောက်၊ IMEI နံပါတ်များကို မှတ်ပုံတင်ခိုင်းပြီး မိုဘိုင်းဆက်သွယ်မှု အလုံးစုံကို ထိန်းချုပ်မည်။

တရားမဝင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများ၏ ဖုန်းဟန်းဆက်အားလုံးကို တစ်လုံးလျှင် အမေရိကန် ၃ ဒေါ်လာ (၆၀၀၀ ကျပ် ဝန်းကျင်) ဖြင့် မှတ်ပုံတင်စေမှာဖြစ်ပြီး ပြည်သူအားလုံးကို ခြေရာခံထိန်းချုပ်ရန်နှင့် ၄င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအတွက် ဝင်ငွေလမ်းကြောင်းတစ်ရပ် ရှာဖွေနိုင်ရန် စီစဥ်နေကြောင်း သိရသည်။

အဆိုပါစနစ်ကို ရက်ပေါင်း ၁၂၀ အတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ပြီး ပညာပေးကာလဖြစ်သည့် ရက်ပေါင်း ၆၀ အတွင်း ဟန်းဆက်များ၏ IMEI နံပါတ်များကို မှတ်ပုံတင်စေမည်ဖြစ်သည်။၊ မှတ်ပုံမတင်သော ဟန်းဆက်များကို အသုံးမပြုနိုင်အောင် ပိတ်ပင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီးက ပြောကြားခဲ့သည်။

မေလ ၁၁ ရက်နေ့ နေပြည်တော်၌ ကျင်းပခဲ့သော မိုဘိုင်းဖုန်းဟန်းဆက်များ အခွန်ငွေကောက်ခံရေး အစည်းအဝေးတွင် ဟန်းဆက်များ မှတ်ပုံတင်နိုင်ရေးအတွက် အဓိက လုပ်ငန်းလုပ်ကိုင်လိုသူ Solutions Hub Company က အထက်ပါအကြောင်းများအပြင် ရက်ပေါင်း ၆၀ ကျော်လွန်ချိန်ထိ မှတ်ပုံမတင်ထားသော ဟန်းဆက်များကို ဆက်သွယ်ရေးစနစ်မှ ပယ်ထုတ်နိုင်သည့် နည်းလမ်းများအကြောင်းကိုပါ ထည့်သွင်းဆွေးနွေးတင်ပြခဲ့ကြောင်း နေပြည်တော် ဆက်သွယ်ရေး သတင်းရင်းမြစ်ကအရ ခေတ်သစ်မီဒီယာမှ ထုတ်ဖော်ထားပါသည်။ 👉🏽 https://bit.ly/3PhkkuA

Solutions Hub Company သည် မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု Easy Pay ၏ အစိတ်အပိုင်းဖြစ်ကြောင်းကို Justice For Myanmar ၏ စုံစမ်းစစ်ဆေးမှု “အကျင့်ပျက်ခြစားမှု ဆက်ထုံးများ၊ အလွဲသုံးစားပြုမှု လမ်းကြောင်းများ”တွင်လည်း အသေးစိတ်ဖော်ပြပြီးဖြစ်သည်။ 👉🏽 https://bit.ly/3zCAYgl

❗အကြမ်းဖက် စစ်ကောင်စီအား ပံ့ပိုးနေမှုသည် ၎င်းတို့ကျူးလွန်နေသည့် ရာဇဝတ်များတွင် ကြံရာပါ ပါဝင်ပတ်သတ်ခြင်းပင် ဖြစ်သည်။​ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများအားလုံး ချက်ချင်း ရပ်တန့်ဖို့ ကုမ္ပဏီများကို ကျွနု်ပ်တို့ ထပ်မံ တောင်းဆိုသည်။

စစ်ရာဇဝတ်ဂိုဏ်း လုံးဝ ကျရှုံးရမည်။

12/05/2022

ယနေ့အချိန်ထိ အဆုံးထိ ရပ်တည်ပေးကြသော cdm ကျောင်းသား/သူ များကို
'' Revo Info ''မှ အလေးပြုပါသည်

#အရေးတော်ပုံ_အောင်ရမည်

😞
12/05/2022

😞

💪🏻💪🏻💪🏻
12/05/2022

💪🏻💪🏻💪🏻

First Day Of Uni

11/05/2022

FYI

11/05/2022
11/05/2022
11/05/2022

အာဏာသိမ်းမြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေး အရေးယူပိတ်ဆို့မှုများဆက်လက်လုပ် ဆောင်မည်ဟု အမေရိကန်ပြော

●ကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ စစ်ခေါင်းဆောင်တက်ရောက်ခွင့်မရှိဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်ကို ဖိတ်ကြား

နွေဦးဝေ/People’s Spring

အာဏာသိမ်းစစ်တပ်ကို တာဝန်ခံမှုရှိစေရေး ထပ်မံအရေးယူလုပ်ဆောင်မှုများချမှတ်ရန် နည်းလမ်းရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ပြောသည်။

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်၌ မေ ၁၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် မြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်ရှိမည်မဟုတ်ဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်ကိုသာ ဖိတ်ကြားထားသည်ဟု ဆိုသည်။

စစ်ကောင်စီသည် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိ၍ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်(non-political representative)ကို ဖိတ်ကြားသော အာဆီယံ၏ထုံးတမ်းကို အမေရိကန်က ထောက်ခံအားပေးပြီး ယခု ထိပ်သီးဆွေးနွေးပွဲကိုလည်း ယင်း အတိုင်းကျင့်သုံးသည်ဟု Ned Price က ရှင်းလင်းသည်။

အိမ်ဖြူတော်၌ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ဧည့်ခံကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် အာဆီယံခေါင်းဆောင်များက ဝါရှင်တန်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

“မြန်မာပြည်သူတွေကို ပေးထားတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး တရားမျှတမှုရှိဖို့နဲ့ အဓိပ္ပာယ် ရှိတဲ့ အကျပ်အတည်းဖြေရှင်းဖို့ ကျွန်တော်တို့ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေး နည်းလမ်းရှာဖွေနေပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့မှု သို့မဟုတ် နောက်ထပ်လုပ်ဆောင်မည်ခြေလှမ်းများကို ကြိုတင်ကြေညာရန်မရှိကြောင်း Ned Price က ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အမြန်ဆုံးနှင့် ပြည့်ပြည့်၀၀ အကောင်အထည်ဖော်ရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ခံကြောင်းနှင့် ဒီမိုကရေစီမြှင့်တင်ရေးလှုပ်ရှားမှုအဖွဲ့ ကိုယ်စားလှယ်များအပါအဝင် ဘက်အားလုံးနှင့်တွေ့ဆုံဆွေး နွေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်၏ အဓိပ္ပာယ်ရှိသော မြန်မာနိုင်ငံခရီးစဉ်အမြန်ဆုံဖြစ်ပေါ် ရေးတို့ကို အားပေးကြောင်း ၎င်းက ပြောသည်။

(အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီးဌာန ​ပြော​ရေးဆိုခွင့်ရှိသူNed Price ။ ။ဓါတ်ပုံ-File Photo)

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့သည် 19 Jun 1945 ဖြစ်သည်။ကျွန်တော်တို့မမေ့သင့်ပါ
11/05/2022

ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့သည် 19 Jun 1945 ဖြစ်သည်။

ကျွန်တော်တို့မမေ့သင့်ပါ

11/05/2022

KBZ Deputy CEO Nang Lang Kham ရန်ကုန် လေဆိပ်မှာတားဆီး ခံရတာမှန်သော်လည်း အခု ပြန်လည် အဆင်ပြေ Bangkok ရောက်သွားပြီ ဖြစ်သည်။

လောင်းလုံးတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသား ပြည်သူများ ချီတက် ဆန္ဒပြရန်ကုန်၊ မေ ၁၁ လောင်းလုံးမြို့နယ်အတွ...
11/05/2022

လောင်းလုံးတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသား ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၁၁

လောင်းလုံးမြို့နယ်အတွင်း ကျောင်းသား ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photo - လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အကသ သပိတ်ကော်မတီ

crd Khit thit media

Address


Website

Alerts

Be the first to know and let us send you an email when Revo Info posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share