Nothen Shan State News

  • Home
  • Nothen Shan State News

Nothen Shan State News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nothen Shan State News, Media/News Company, .

စကစရဲ့ သတင်းအမှောင်ချမှုကို Starlink နဲ့ အလင်းကိုထိုးဖောက်စို့================👮 တောထဲမှာ ခက်ခက်ခဲခဲနဲ့ရုန်းကန်နေရတဲ့ ကာက...
12/10/2024

စကစရဲ့ သတင်းအမှောင်ချမှုကို Starlink နဲ့ အလင်းကိုထိုးဖောက်စို့
================

👮 တောထဲမှာ ခက်ခက်ခဲခဲနဲ့ရုန်းကန်နေရတဲ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့

💂 စကစတပ်က ဆက်သွယ်ရေးလိုင်းပိတ်ပြီး သတင်းအမှောင်ချထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ

👨‍💻📱 ဆင်းကဒ်မလို မြေပြင်မှာ ဗန်းလေးချထားရုံနဲ့ အဆင်ပြေပြေ အွန်လိုင်းအသုံးပြုနိုင်ဖို့ အဖွဲ့တိုင်းနဲ့ အနီးစပ်ဆုံးနေရာကို Starlink (gen-3)တွေ သယ်ဆောင်လာပါပြီ။

တော်လှန်ရေးတပ်ဖွဲ့တွေ အဆင်ပြေစေကြောင်း ရည်ရွယ်ပြီး အားလုံးသုံးနိုင်တဲ့စျေးနဲ့ ပြန်လည်ရောင်းချပေးနေပါပြီ။

ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါကြောင်း အာမခံပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ နမ့်ဆန်မြို့နယ်မှာ လာရောက် ကြည့်ရှု့စစ်ဆေးပြီး စိတ်တိုင်းကျမှ ဝယ်ယူနိုင်ပါတယ်ခဗျာ။

(မှတ်ချက် - စီးပွားဖြစ်ရောင်းချခြင်းမဟုတ်ပါ)

စျေးနှုန်းနဲ့ သိလိုသည်များကို chat box မှာ မေးမြန်နိုင်ပါတယ်ဗျ။

12/10/2024

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲလို့ ပြည်သူတစ်ဦးသေဆုံးခဲ့ပါတယ်

ဒါအပြင် သီပေါအကျဥ်းထောင်ဝန်းထဲကိုလည်း ဗုံးကြဲလို့ ထောင်အဆောက်အဦးတွေ ပျက်စီးခဲ့ပါတယ်။

Breaking Newsယနေ့ည နမ့်ဆန်မြို့ ဗုံးကြဲခံရတအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ (၁၂)ရ...
12/08/2024

Breaking News
ယနေ့ည နမ့်ဆန်မြို့ ဗုံးကြဲခံရ

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ (၁၂)ရက်နေ့ ည (၁၁း၄၁)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၄၅)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၅၁)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ် လာရောက်ပြီး ဂျက်လေယာဥ်ဖြင့် ဗုံး (၆)လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေများအား ထပ်မံဖော်ပြသွားမည်ဖြစ်သည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

06/08/2024

ကျောက်မမြို့ကို TNLA

သိမ်းပိုက်ရရှိ

အောင်မြင်မှု သရဖူဆောင်းပြီး ပြန်လာကြတဲ့ PSLF/TNLAတပ်မတော်သားများအား ကျောက်မဲပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆို  SPM
06/08/2024

အောင်မြင်မှု သရဖူဆောင်းပြီး ပြန်လာကြတဲ့ PSLF/TNLA
တပ်မတော်သားများအား ကျောက်မဲပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆို

SPM

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကြီးကို သိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်။ဆက်လက်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ စ...
25/07/2024

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကြီးကို သိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်။

ဆက်လက်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးနေပြီး လားရှိုးတမြို့လုံးကို ထိန်းချုပ်လိုက်တာပါ။

အကာအကွယ်စက်တွေအပါအဝင် လက်နက်ခဲယမ်းတွေ အမြောက်အများသိမ်းဆည်းရမိခဲ့ပါတယ်။

စစ်သုံ့ပန်းတွေလည်းအများကြီးရမိထားပြီးတော့ လားရှိုးထောင်က နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့နယ် အရှေ့ပိုင်းကို ဇူလိုင်လ ၂၄ ရက်နေ့တွင်  အပြီးသတ်သိမ်းပိုက်ပြီးနောက် မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNLA က ...
24/07/2024

မိုးကုတ်မြို့နယ် အရှေ့ပိုင်းကို ဇူလိုင်လ ၂၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNLA က ထိန်းချုပ် သိမ်းပိုက်၊ TNLA တပ်များကို မိုးကုတ်ပြည်သူများက သောင်းသောင်းဖျဖျကြိုဆို

TNLA သိမ်းလိုက်တဲ့ နောင်ချို ဖြစ်စဥ် အကျဥ်း++++++++++++++++++++နောင်ချိုမြို့ဟာ စစ်ကောင်စီရဲ့ ခမရ-၁၁၄၊ ခမရ-၁၁၅၊ ဒုံးတပ်ရ...
11/07/2024

TNLA သိမ်းလိုက်တဲ့ နောင်ချို ဖြစ်စဥ် အကျဥ်း
++++++++++++++++++++

နောင်ချိုမြို့ဟာ စစ်ကောင်စီရဲ့ ခမရ-၁၁၄၊ ခမရ-၁၁၅၊ ဒုံးတပ်ရင် - ၆၀၆ တို့က အဓိကစခန်းချနေထိုင်တဲ့ မြို့ဖြစ်တယ်။

နောင်ချိုမြို့က TNLA နဲ့ MDY ပူးပေါင်းတပ်တို့က ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့နဲ့အတူ 1027 စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ စစ်ဆင်နေတဲ့မြို့ဖြစ်တယ်။

စစ်ဆင်ရေး ဒုတိယလှိုင်းမှာ နောင်ချိုမြို့ဟာ ပထဆုံးသိမ်းပိုက်ထားတဲ့မြို့ဖြစ်လာပါတယ်။

#စစ်ဆင်သိမ်းပိုက်တဲ့ စကစ တပ်စခန်း

နောင်ချိုမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများဖြစ်ကြတဲ့ ခမရ-၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတရ - ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံ သီတင်းပတ် (၂)ပတ်အကြာ သိမ်းပိုက်ရရှိခဲ့တာပါ။

#စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူ

နောင်ချိုမြို့သိမ်းတိုက်ပွဲအတွင်း စကစဘက်က Jet Fighter (၆၀)ကြိမ်၊ Y12 လေယာဥ် (၄၂)ကြိမ်၊ Mi35 (၅)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၃၈) ကြိမ်၊ အတွဲလိုက်ဒုံး (၃၁)လုံး၊ ပေါင် ၅၀၀ ဗုံး (၂)လုံး နှင့် အဆိပ်ငွေ့ဗုံး (၄)လုံး အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။

#စကစထံ ရရှိထားတဲ့ လက်နက်ခဲယမ်းများ

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လေယာဉ်ပစ်လက်နက် (၂)လက်၊ Radar စက် (၁)လုံး၊ လက်နက်မျိုးစုံ (၁၃၉)လက်၊ 60 MM (၁၅)လက်၊ 80 MM (၂)လက်၊ ဆလက် (၁၇) လက်၊ ဒုံးပစ်ကျည် (၁၀)သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများအပြင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၆၀၀) ကျော် သိမ်းဆည်းရမိခဲ့တယ်။

#စကစ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှု

စစ်ကောင်စီ နောင်ချိုတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နောင်ချိုဒေသခံ (၁၀)ဦး သေဆုံးခဲ့ပြီး၊ (၉) ဦီး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၉) လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ပထမဆုံး သိမ်းပိုက်ရရှိသည့် မြို့အဖြစ် နောင်ချိုမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

/TNLA

04/07/2024

နောင်ချိုမှာ PSLF/TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်မှုအခြေအနေ

/TNLA

နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ (၁၁၅)တပ်စခန်းတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်ခဲယမ်း (၃၈၀)ကျော်သိမ်းဆည်းရမိဇွန်...
28/06/2024

နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ (၁၁၅)တပ်စခန်းတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်ခဲယမ်း (၃၈၀)ကျော်သိမ်းဆည်းရမိ

ဇွန်လ ၂၈ ရက်

သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ
MA-1(၂၄)လက်၊ MA-2(၁၃)လက်၊ MA-3(၃၆)လက်၊ MA-4(၃)လက်၊ M22(၁)လက်၊ G3(၁၀)လက်၊
ရိုင်ဖယ်သေနတ် (၁၀၃)လက်၊ ကာဘိုင်သေနတ် (၁၅၉)လက် (စသည့်ချေမှုန်းရေးလက်နက် စုစုပေါင်း = ၃၄၉ လက်)

စက်လက်အသေး(၁၁)လက်၊ MA-15(ငါးဂျင်းမီး) (၁)လက်၊ 0.5 (၁)လက်၊ M79 (၁)လက်၊ (၈၁)မမ(၁)လက်၊ (၈၁)မမ(နောက်ပွင့်)(၂)လက်၊ RPG-7 (၄)လက်၊ (၆၀)မမ (၂)လက်၊ ပြောင်းသေး(၆၀)မမ (၁၀)လက်

လက်နက်ငယ် ကျည်အမျိုးမျိုး ၅၀,၀၀၀ ကျော်
RPG, 60/80 mm ကျည်အမျိုးမျိုး ၅၀၀ ကျော်
ဗုံးသီး၊ မိုင်းနှင့် စကားပြောစက်များ သိမ်းဆည်းရမိသည်။

/TNLA

#1027

နောင်ချိုမြို့တွင်း မြို့မရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် မူးယစ်းဆေးဝါးအများအပြားဖမ်းဆီးရမိနောင်ချို၊ ဇွန်လ (၂၇)ရက...
27/06/2024

နောင်ချိုမြို့တွင်း မြို့မရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် မူးယစ်းဆေးဝါးအများအပြားဖမ်းဆီးရမိ

နောင်ချို၊ ဇွန်လ (၂၇)ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့တွင် ဇွန်လ (၂၇)ရက်နေ့ မြို့တွင်းစစ်ကောင်စီလက်အောက်အစိုးရရုံးများ တိုက်ခိုက်သိမ်းပိုက်ရာတွင် မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါးပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိထားသည်။ မြိုအတွင်းသို့ ဇွန်လ (၂၆)ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ဇွန်လ (၂၇)ရက်တွင် ဌာနဆိုင်ရာရုံးများအား လိုက်လံစစ်ဆေးကာ မြို့မရဲစခန်းတွင် အဆိုပါ မူးယစ်ဆေးဝါးများ ရှာဖွေ သိမ်းဆည်းရမိသည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

ဒီနေ့ တိုက်ပွဲအချုပ် (17.6.2024)ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ မိုးကုတ် ရဲစခန်း နဲ့ အုမ္မခါးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်...
27/06/2024

ဒီနေ့ တိုက်ပွဲအချုပ် (17.6.2024)

ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ မိုးကုတ် ရဲစခန်း နဲ့ အုမ္မခါးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း (၂)ခုကို တအာင်းတပ် TNLAနဲ့ ပူးပေါင်းတပ်တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့နယ် အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၁၄၈တပ်စခန်းကို TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး

ကျောက်မဲမြို့မှာ တအာင်းတပ် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ်၊ စည်ပင်၊ ဘုန်းတော်ကြီးကျောင်းနှင့် နောင်ပြစ်စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒီနေ့မှာ အရပ်သာ ၃ ဦး သေဆုံးပြီးတော့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

/ TNLA
NSSNews

 #ဒီမနက် သတင်းအချုပ် (၂၇.၆.၂၀၂၄)ဒီနေ့မနက် (၅း၄၀)နာရီအချိန်မှာ ကျောက်မဲမြို့ မြို့တွင်းနဲ့ စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၅၀၁)...
27/06/2024

#ဒီမနက် သတင်းအချုပ် (၂၇.၆.၂၀၂၄)

ဒီနေ့မနက် (၅း၄၀)နာရီအချိန်မှာ ကျောက်မဲမြို့ မြို့တွင်းနဲ့ စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ်ကို လည်ကောင်း

မနက် ၈း၃၀ အချိန်မှာ မိုးကုတ်မြို့နယ် အေးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တပ်မ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၂၄၈တပ်စခန်းကို လည်ကောင်း

မနက် (၁၀း၀၀)မှာ နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ - ၁၁၅ တပ်စခန်းကိုလည်းကောင်း PSLF/TNLA နဲ့ ပူးပေါင်းတပ်တို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

#သိမ်းပိုက်တဲ့စခန်းနဲ့ လက်နက်ခဲယမ်း

ဒီနေ့မနက် ၁၀ နာရီအချိန်မှာ အုမ္မခါးရွာမှာတပ်စွဲခါးတဲ့ စစ်ကောင်စီတပ်စခန်းကို လည်ကောင်း

နောင်ချိုမြို့ ကျောက်ကြမ်းရွာရှိ စစ်ကောင်စီ တပ်မ(၃၃) တပ်ခန်းကိုလည်ကောင်း TNLA နဲ့ ပူးပေါင်းတပ်တို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

#လက်နက်ခဲမယမ်းနဲ့ အလင်းဝင်မှုအခြေအနေ

ကျောက်မဲမြို့နယ်မှာ ယမန်နေ့ကစပြီး တအာင်းတပ်ထံ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၇)နှင့်အတူ ၆၀မမ ( ၂) လက်၊ စလတ် (၆)လက်၊ RPG-7 (၂)လက်၊ စနိုက်ဘာ (၁) လက်၊ ပစ္စတို(၅)လက်၊ မိုင်း(၅)လုံး၊ ၆၀မမ ဗုံးသီးနှင့် RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၅၉)မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပါတယ်။

#လေကြောင်းတိုကအခိုက်မှု
TNLA နဲ့ပူးပေါင်းတပ်တို့ သိမ်းပိုက်ထားတဲ့ နောင်ချိုက ၁၁၅ တပ်စခန်း၊ မိုးကုတ်မြို့က ဆလောင်းတောင်တပ်ခန်းနဲ့ အုပ်ဆောင်းတောင် တပ်စခန်းတို့မှာ စသ်ကောင်စီတပ်က Y-Y12 နဲ့ ဗုံးသုံးလုံး၊ ဂျက်လေယာသင်နဲ့ နှစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

#အရပ်သားထိခိုက်သေဆုံးမှုနဲ့ စစ်ဘေးရှောင်

1027 စစ်ဆင်ရေး ၃ ရက်တာကာလအတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လူဦးရေ ၉၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။

/TNLA

ယနေ့ ဇွန်လ ၂၆ ရက် တိုက်ပွဲအချုပ်စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိယနေ့ ဇ...
26/06/2024

ယနေ့ ဇွန်လ ၂၆ ရက် တိုက်ပွဲအချုပ်

စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ယနေ့ ဇွန်လ (၂၆)ရက်နေ့တွင် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲဖော်ဆောင်ရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ စစ်ကောင်စီတပ်စခန်း (၂၄)ခု တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်း (၁၇)ဦး ဖမ်းဆီးရမိခဲ့သည်။

ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများ

နောင်ချိုမြို့နယ်ရှိ ရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများ

မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်း တို့အား သိမ်းပိုက်နိင်ခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ (၅၁)လက်၊ RPG – 7 (၁)လက်၊ ၆၀ မမ (၁)လက်၊ စက်လတ် (၁)လက်၊ ကား (၂)စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိထားသည်။

ထို့အပြင် ရန်သူ့အလောင်း (၂၀)နှင့် လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား (၁၇)ဦးကို ဖမ်းဆီးရမိခဲ့သည်။

/TNLA
#

26/06/2024

ဒီည ကျောက်မဲနဲ့ နောင်ချို အပြီးသိမ်းမယ်လို့ TNLA ဆို

26/06/2024

နောင်ချို ကျောက်မဲ သိမ်းပြီးရင် MDY PDF က မန်းလေးထိဆင်း
PSLF/TNLA က လားရှိုး မူဆယ်သိမ်းမယ်တဲ့

26/06/2024

Breaking News

ကျောက်မဲ အခြေစိုက် စကခ(၁)လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၇)ဦး တအာင်းတပ်မတော် -PSLF/TNLA ထံ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက် ညနေ (၁၆း၀၀) နာရီခန့်အချိန်တွင် လက်နက်ချအညံ့ခံခဲ့သည်။

/TNLA

26/06/2024

ကျောက်မဲမြို့

TNLA သိမ်းပိုက်

Address


Website

Alerts

Be the first to know and let us send you an email when Nothen Shan State News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share