Tamwe News

Tamwe News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tamwe News, Media/News Company, .

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၈-၉-၂၀၂၀)  ရက်နေ့၊  နံနက် (၈:၀၀) နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
08/09/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ (၇-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၂၆,၉)ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ဓာတ်ခွဲနမူနာ (၅၂) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊မူဆယ် မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု နှင့်
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၅၂၇)ခု အား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၂) ဦး တွေ့ရှိရပါသည်။
၂။ (၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၆၁၀) ဦးရှိပါသည်။
၃။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၈) ဦး ရှိပါသည်။
၄။ (၇-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁,၉၂၅)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၃၉) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ဓာတ်ခွဲနမူနာ (၂၂၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၅၂) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု နှင့်
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၆၉၇)ခု အား စစ်ဆေးခဲ့ပါသည်။
၅။ ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

07/09/2020
07/09/2020

သတင်းပို့ရန် ပျက်ကွက်သည့် ရခိုင်ပြန် ၄၅၀၀ ကျော် လိပ်စာနှင့်တကွ ထပ်မံကြေညာပြီး အကြောင်းမကြားလျှင် ရက်ပိုင်းအတွင်း အရေးယူမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၇

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ လေကြောင်းခရီးစဉ်ဖြင့် လာပြီးသတင်းပို့ရန် ပျက်ကွက်နေသူများကို လိပ်စာနှင့်တကွ ထပ်မံအစိုးရပိုင် မီဒီယာများမှတစ်ဆင့်ထပ်မံ ကြေညာမည်ဖြစ်ပြီး သက်ဆိုင်ရာသို့ အကြောင်းမကြားလျှင် ရက်ပိုင်းအတွင်း အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

"စစ်တွေကနေ ရန်ကုန်ကို ပြန်လာတဲ့ ကျမတို့ ပြည်သူတွေ နာမည်တွေလည်း သတင်းစာထဲမှာ ထည့်ပြီးပါပြီ။ အဲဒါတွေကို ဆက်သွယ်ပါ။ သက်ဆိုင်ရာ ဌာနတွေကို အသိပေးပါဆိုတာ တစ်ဝက်လောက်က အခုထက်ထိ မဆက်သွယ်ဘူး။ မဆက်သွယ်တဲ့အခါကျတော့ ကျမတို့ ထပ်ပြီး ထည့်ပါ့မယ်။ ထည့်ပြီးတော့ လိပ်စာတွေပါ ထည့်ပါ့မယ်။ ဒါမှ ဘေးက အိမ်နီးနား ချင်းတွေ မိတ်ဆွေတွေကနေ ပြီးတော့ ဘယ်သူတွေလဲဆိုတာ သိရအောင်လို့။ ဒီကိစ္စကျတော့ လွှတ်ထားလို့ မရဘူး။ အချိန်အတိုင်းအတာတစ်ခုအထိ ပေးပါ့မယ်။ အများကြီးလည်း မဟုတ်ဘူး ရက်ပိုင်းပေးမယ်။ အဲဒီအချိန်အတိုင်းအတာအတွင်းမှ ကိုယ့်သဘော ဆန္ဒအရ မဆက်သွယ်ဘဲနဲ့ နောက်မှ ပါမှန်းသိရင် ကျမတို့ အရေးယူရမယ်။ အရေးယူတယ်ဆိုတာလည်း ဒဏ်ပေးချင်တဲ့ စိတ်မဟုတ်ဘူး။ သတိပေးချင်တဲ့ စိတ်နဲ့။ ဒီလိုမလုပ်လို့ကတော့ ရန်ကုန်လို နေရာမျိုးမှာ အမြန်ကြီးပြန့်သွားမယ်" ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် လတ်တလော အခြေအနေသည် ကိုဗစ်ရောဂါ ပြန့်ပွားမှုကို ထိန်းသိမ်းထားနိုင်သည်ဟု ခန့်မှန်းရကြောင်း ၎င်းက ဆိုသည်။

"ရခိုင်မှာဆိုလို့ရှိရင် အခုအချိန်မှာ ထိန်းလို့ရပြီလို့ မှန်းရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ကဖြစ်နေတဲ့ Case တွေက တက်နေတာ မရှိဘူးပေါ့။ အခု တည်ငြိမ်သွားတဲ့သဘောရှိတာပေါ့။ ရန်ကုန်မှာတော့အများကြီးပွားနေတယ်။ ရန်ကုန်က လူဦးရေ များသလောက် စည်းကမ်းမရှိဘူးလို့ပဲ ပြောရမှာပဲ" ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းကျန်းမာရေးမှူး ဒေါက်တာချစ်ကိုဟန်ကမူ ရခိုင်မှ ရန်ကုန်သို့ လေကြောင်းဖြင့် ပြန်လာပြီး သတင်းမပို့သူ ၄၅၀၀ ကျော်ရှိကြောင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြခဲ့သည်။

Source: Khit thit media

07/09/2020

Address


Website

Alerts

Be the first to know and let us send you an email when Tamwe News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share