29/12/2021
Chicken Police
ဒီရက်ပိုင်းဆော့သမျှဂိမ်းတွေထဲ Review ရေးပြီးညွန်းရလောက်အောင်စိတ်ဝင်စားမှုပေးတဲ့ Story rich ဖြစ်ခဲ့ဂိမ်းမတွေ့မိပေမယ့် အခုGame လေးကတော့ စဆော့မိထဲက အဆုံးအထိစိတ်ညို့ယူထားခံရသလိုမျောမိသွားတဲ့ Chicken Police ဆိုတဲ့ Game အကြောင်းညွန်းပြရစေဗျာ
ဒီဂိမ်းဟာ Mobile device တွေအပြင် Pc Nintendo switch ps4 X Box တွေမှာဆော့ကစားနိုင်ပါတယ်
ဒီဂိမ်းမှာအဓိကပြောချင်တာက သူ့ရဲ့ Act style ပါပဲအခုလို 21 ရာစုခေတ်မှာ အရင် Classic ခေတ်တွေရဲ့အရသာကိုပြန်ခံစားချင်တဲ့ L.A Noire လို vibe မျိုးလိုချင်တဲ့သူတွေအတွက်ကွက်တိပါပဲ ဒီမှာမတူတာက လူသားတစ်ယောက်အနေနဲ့ဆော့ရတာမျိုးမဟုတ်ပဲ Zootopia အမေရိကန် အန်နီမေးရှင်းထဲကလို တိရစ္ဆာန်တွေဘဲနေတဲ့ Universe မှာအခြေခံထားပြီး Sonny Feeatherland ဆိုတဲ့ ကြက်ဖကြီးနဲ့ သူ့ရဲ့ဘော်တာ Marty MacChicken ဆိုတဲ့ နှစ်ယောက်နေရာကနေကစားရမှာဖြစ်ပါတယ်
ဇာတ်လမ်းအစကို လွှတ်ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ဦး Sonny Feeatheeland ရဲ့ office ကိုရောက်လာပြီးသူမရဲ့အလုပ်ရှင် အတွက် Blackmailလုပ်တာခံနေရတဲ့အမှုတစ်ခုလာအပ်ရင်းဇာတ်လမ်းကိုစတင်ထားပါတယ်
Sonny ကအမှုကိုလက်ခံလိုက်ပေမယ့်ဒီအမှုဟာသူတစ်ယောက်တည်းလှုပ်ခြားရမယ့်အမှုမဟုတ်တာကြောင့်သူ့ရဲ့သူငယ်ချင်းကြီး MartyacChicken ကိုအကူအညီတောင်းပြီးအတူတူအမှုလိုက်ကြပါတယ်
ဒီဂိမ်းရဲ့အားသာချက်က စကားပြောတာတွေကအရမ်းစိတ်ဝင်စားဖို့ကောင်းပြီး Old Classic Black and white Movie တစ်ခုကြည့်နေရသလိုပါပဲ
ဂိမ်းထဲက သူတို့နှစ်ဦးပြောတဲ့ စာသားတစ်ခုဆို
Marty - ဟေး Sonny တစ်ချိန်ကငါတို့လိုက်ခဲ့တဲ့အမှုကိုသတိရသား ယုန်နဲ့လိပ်အမှုလေ
Sonny- Marty မင်းဘာလို့ အဲ့အကြောင်းအရာတွေမှတ်မိနေသေးတာလဲကွာ
Marty - ငါ့မှတ်ညာဏ်ကအဆုံးအစမရှိဘူးလေကွာ ဘာတဲ့ အဲ့ယုန်က အပြေးသမားမလား နောက်ပြီးအဲ့လိပ်ကသူ့ရဲ့ Buddy မလား
Sonny - တကယ်တော့သူ့ရဲ့ Dealer ပါ
Marty - ဟုတ်သား အဲ့ယုန်ကို river နားမှာ ခြေထောက်တစ်ဖက်ပျက်ပြီးသေနေတာကိုတွေ့တယ်လေ
Sonny - တကယ်တော့နှစ်ဖက်စလုံးပါ
Marty - နောက်ဆုံးအဲ့လိပ်ဘာဖြစ်သွားလဲ
Sonny - အဲ့လိပ်တွေးခဲ့တာက သူဟာယုန်ရဲ့ခြေထောက်ကိုစားရင်ပိုအပြေးမြန်မယ်လို့ဆိုပြီး သတ်စားခဲ့တာလို့နှုတ်ထွက်ခဲ့တယ်လေ
အဲ့လိုစကားပြောခန်းတွေအပြင်
Jazz Music တွေ နားထောင်ရင်း Bar တစ်ခုမှာ Whiskey တစ်ခွက်ကို ဆေးပြင်းလိပ်နဲ့ထိုင်သောက်နေတဲ့ ခံစားမှုမျိုးပေးနိုင်ခဲ့ဂိမ်းတစ်ခုပါ
ဒီဂိမ်းက Action ဆန်ဆန် ဆော့ကစားရတဲ့ဂိမ်းမဟုတ်ဘဲ Point and Click စာများများဖတ်ပြီးအမှုတွေစစ်မေးရတဲ့ဂိမ်းမျိုးဖြစ်တာကြောင့် English လိုစာတွေဖတ်ရတာကြိုက်တဲ့သူတွေအနေနဲ့တော့ဆော့ဖို့အကြံမပေးချင်ပါဘူးခဗျ
အားလုံးခြုံပြီး ကျတော့် တစ်ဦးတည်းအမြင် Review rate ကတော့ 9.5/10 ပါ