Art For Burma Democracy

  • Home
  • Art For Burma Democracy

Art For Burma Democracy BURMA DEMOCRACY online TV channel

နွေမိုးဆောင်း မရွေးဘူး အာဏာရှင်ကို အမြစ်ပျက်သည်အထိ တိုက်မှာ 🌧️❄️🌞  #တော်လှန်ရေး
07/01/2024

နွေမိုးဆောင်း မရွေးဘူး အာဏာရှင်ကို အမြစ်ပျက်သည်အထိ တိုက်မှာ 🌧️❄️🌞


#တော်လှန်ရေး

နွေဦးကစခဲ့တဲ့ တော်လှန်ရေး မနိုင်မချင်း တိုက်မှာ 💪
07/01/2024

နွေဦးကစခဲ့တဲ့ တော်လှန်ရေး မနိုင်မချင်း တိုက်မှာ 💪

နေသာလဲ မင်းအောင်လိူင်က မအလ ပဲမိုးရွာလဲ မင်းအောင်လိူင်က မအလပဲနှင်းကျလဲ မင်းအောင်လိူင်က မအလ ပဲ ရာသီမရွေး ဥတုမရွေး တော်လှန်...
07/01/2024

နေသာလဲ မင်းအောင်လိူင်က မအလ ပဲ
မိုးရွာလဲ မင်းအောင်လိူင်က မအလပဲ
နှင်းကျလဲ မင်းအောင်လိူင်က မအလ ပဲ

ရာသီမရွေး ဥတုမရွေး တော်လှန်သွားမယ် ရှင်းလား 💪

နိုင်ငံရေးမှာ ပထဝီနိုင်ငံရေးဆိုတာရှိတယ် အဲ့ဒါကို မေ့ထားလို့မရဘူးဥပမာတစ်ခုပြောပြမယ်ယူကရိန်း နဲ့ ရုရှားစစ်ဖြစ်နေတယ်နော် ယူ...
02/01/2024

နိုင်ငံရေးမှာ ပထဝီနိုင်ငံရေးဆိုတာရှိတယ်
အဲ့ဒါကို မေ့ထားလို့မရဘူး
ဥပမာတစ်ခုပြောပြမယ်
ယူကရိန်း နဲ့ ရုရှားစစ်ဖြစ်နေတယ်နော်
ယူကရိန်း နိုင်ငံထဲမှာ ရုရှားရဲ့ ရေနံပိုက်လိုင်းတွေ ဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သွားနေတာဟာ နိုင်ငံရေး နဲ့ စစ်ရေးမှာ အရမ်းအရေးပါနေတယ်
မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးမှာ China နဲ့ India ကို မေ့ထားလို့ကို မရဘူး အိမ်နီးချင်းဖြစ်တာရော အင်အားကြီးနိုင်ငံဖြစ်တာရောကြောင့် ထည့်ကို တွက်မှရမယ်

ခုဖြစ်နေတဲ့ မြောက်ပိုင်းကိစ္စကို ကြည့်ရင် ပိုသိသာပါတယ်

နိုင်ငံရေးမှာ သတ္တိရှိယုံနဲ့မရဘူး ပါးနပ်ဖို့လဲလိုတယ်

11/12/2023

World Human Rights Day မှာ NEW YORK က မြန်မာတွေဟာ မိုးထဲလေထဲမှာ တိုင်းပြည်တာဝန်ကျေခဲ့ကြပါတယ်

မကြာခင် အာဏာရှင်စနစ် အမြစ်ပျက်တော့မှာမို့ ပြည်သူအားလုံး အားတင်းထားကြပါ
ဘယ်နိုင်ငံ ဘယ်ဒေသရောက်ရောက် မြန်မာတွေပဲမို့
စည်းစည်းလုံးလုံး နဲ့ အောင်ပွဲကို အရောက်သွားကြပါစို့





21/11/2023
22/10/2023

တော်လှန်ရေးရန်ပုံငွေတိုင်းဟာ အာဏာရှင်ကို ပစ်မဲ့ ကျည်ဆန်တွေဖြစ်ပါတယ်
ပြည်ပရောက်မြန်မာတွေရဲ့ လုပ်အားတွေ ငွေအားတွေဟာလဲ ဒီတော်လှန်ရေးမှာ အရမ်းအရေးပါပါတယ် ,
NEW YORK မှာ ကျင်းပခဲ့တဲ့ ဒီပွဲမှာ အာဏာရှင် မျက်ခွက်တွေကို ဘောလုံးနဲ့ပေါက်တဲ့ GAME တွေ တော့ရတာ အားအရဆုံးပဲ
ပါဝင်အားဖြည့်ပေးကြတဲ့ ပြည်ပရောက် မြန်မာများအားလုံး လေးစားပါတယ်

ဒါနောက်ဆုံးတိုက်ပွဲ အောင်ပွဲနဲ့အတူ အိမ်ပြန်ကြမယ် ..

Art For Burma Democracy

သူများတွေ iphone ဝယ်ဖို့ တန်းစီနေချိန်မှာ မြန်မာနိုင်ငံသားတွေ ဆန်ဆီ ဝေလို့ တန်းစီနေရအောင် လုပ်ခဲ့ကြတဲ့ စစ်အာဏာရှင် စနစ်ဆ...
13/09/2023

သူများတွေ iphone ဝယ်ဖို့ တန်းစီနေချိန်မှာ မြန်မာနိုင်ငံသားတွေ ဆန်ဆီ ဝေလို့ တန်းစီနေရအောင် လုပ်ခဲ့ကြတဲ့ စစ်အာဏာရှင် စနစ်ဆိုးကို အမြစ်ဖြတ်ကြမယ် 💪

08/09/2023

ဖန်တီးထားတာရေလည်မိုက်တယ် ဖန်တီးသူကို လေးစားပါတယ်
တော်တော်အချိန်ပေးလုပ်ထားရမှာပဲ

The Lady ❤️ သူမရဲ့ ပုံရိပ်တွေက ဘယ်လိုဖြစ်ဖြစ်ယုံကြည်ချက်အပြည့်ပဲအမေစုကို သတိရလို့ အလွမ်းပြေဆွဲထားတဲ့ပုံလေးတွေပါ 😌အမေစု အ...
08/09/2023

The Lady ❤️
သူမရဲ့ ပုံရိပ်တွေက ဘယ်လိုဖြစ်ဖြစ်
ယုံကြည်ချက်အပြည့်ပဲ

အမေစုကို သတိရလို့ အလွမ်းပြေဆွဲထားတဲ့ပုံလေးတွေပါ 😌
အမေစု အမြန်ဆုံး လွှတ်မြောက်ပါစေ 🙏

Art For Burma Democracy

ရေနံကို ဖင်ခုထိုင်ထားတဲ့ နိုင်ငံတွေက ရေနံကို အားကိုးပြီးစီးပွါးရှာတာကို လျော့ချပြီး အခြားသောစီးပွါးရေး လုပ်ငန်းတွေနဲ့ တိ...
01/09/2023

ရေနံကို ဖင်ခုထိုင်ထားတဲ့ နိုင်ငံတွေက ရေနံကို အားကိုးပြီးစီးပွါးရှာတာကို လျော့ချပြီး အခြားသောစီးပွါးရေး လုပ်ငန်းတွေနဲ့ တိုင်းပြည်ဝင်ငွေ ရအောင် အစွမ်းကုန်ကြိုးစားနေကြတဲ့ အချိန်မှာ

" စီးပွါးရေးပိတ်စို့တာ တို့မမှုပါ သယံဇာတတွေ ပေါတဲ့မြေ " လို့ သီချင်းထဆိုနေတဲ့ နိုင်ငံကရှိသေး 😖

လျှပ်စစ်မီး မရသေးတဲ့ ရွာတွေအများကြီးရှိတဲ့ နိုင်ငံမှာ
ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံပြီး ဘုရားထတည်ကတည်းက ဒီခေါင်းဆောင်ရဲ့ စေတနာကို သဘောပေါက်လိုက်တော့

တော်တာတွေ ညံ့တာတွေ မပြောဘူးနော်
တိုင်းပြည်အပေါ် စေတနာလေး တစ်စက်လောက်ရှိရင်ကို
ကျေနပ်ပြီ
ခုဟာက ငါ့အတွက်ကလွဲရင် ကျန်တာဘာမှမကြည့်တဲ့ စစ်အာဏာရှင်

ကိုဗစ်အလွန် စီးပွါးရေး Plan တွေ ဆွဲရမဲ့အစား
ကိုဗစ်အလွန် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်မဲ့ Plan ကို ကြိတ်ဆွဲခဲ့တာ ရက်စက်လွန်းတယ်

ဒါတကယ့်နောက်ဆုံးပွဲဗျာ
ဒီစောက်ခွက်တွေကို မြင်ရတာ ငါတို့မျိုးဆက်နောက်ဆုံးဖြစ်စေရမယ် 💪

Art For Burma Democracy

AI ကိုလျော့မတွက်နဲ့နော် 😎 လူပုံတွေကို AI နဲ့ပြန်ဆွဲခိုင်းတာခေတ်စားနေလို့ မင်းအောင်လိူင်ပုံကို ပြပြီး AI နဲ့ ဆွဲခိုင်းလို...
24/08/2023

AI ကိုလျော့မတွက်နဲ့နော် 😎 လူပုံတွေကို AI နဲ့ပြန်ဆွဲခိုင်းတာခေတ်စားနေလို့ မင်းအောင်လိူင်ပုံကို ပြပြီး AI နဲ့ ဆွဲခိုင်းလိုက်တာ အခုလိုဆွဲပေးတယ် 😛 မင်းအောင်လိူင်အကြောင်း AI တောင်သိနေပြီ 😂

AI သည် စောက်ချဥ်မဟုတ် 🖕

03/08/2023

လာမည့် August 19th, New York မြို့၊ Queens Theater ၌ပြုလုပ်ကျင်းပမယ့် ဂီတရန်ပုံငွေပွဲလေး
အမိမြေအတွက် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းရံရင်း ဖြစ်တည်လာတဲ့ သမိုင်းဝင်ပွဲလေး တစ်ပွဲမို့ အားလုံး လာရောက်အားပေးကြဖို့ ထပ်မံဖိတ်ခေါ်ပါရစေနော်။
ဦးရာလူစနစ်နဲ့ ရောင်းချပေးတာ ဖြစ်တဲ့အတွက် လက်မှတ်များလည်း ကုန်သလောက်နီးပါး ရှိနေပြီမို့ မြန်မြန်ဝယ်ထားမှ စိတ်ချရမှာဖြစ်တဲ့အကြောင်း ကြိုပြီး အသိပေးလိုက်ပါရစေနော်…
လက်မှတ်မဝယ်ရသေးဘူးဆိုရင်လည်း အောက်ပါ contact persons တွေဆီမှာ အမြန်ဆုံး
ဝယ်လိုက်ကြရအောင်...👇🏻👇🏻👇🏻
Nay Tin Myint (347-944-7341)
Pho Kwar (917-349-2169)
Min Han (917-963-1380)
Zack (347-644-4297)
Saw Soe (646-469-9417)
Aye Mon Win (347-447-2946)
Su Myat (646-431-1370)
August 19 (Saturday) မှာတို့တွေ ဆုံကြပါစို့ ညီအကိုမောင်နှမတို့ရေ 🙏🏻🙏🏻🙏🏻
လိပ်စာ
👇🏻👇🏻👇🏻
“Queens Theater “
“Flushing Meadows Corona Park “
14 United Nations Ave S, Queens 11368 Flushing
SUBWAY လမ်းညွှန်
👇🏻👇🏻👇🏻
(7) Train Met-Willets Point station တွင်ဆင်းပါ။
Queens Theatre အ​ရောက် လမ်းလျှောက်ရန်ကြာမြင့်ချိန် ၁၀-၁၂ မိနစ် ခန့်သာ ကြာမြင့်မှာ ဖြစ်ပါတယ်

ထောင်ထဲမှာအကြာကြီးနေလာတဲ့လူတစ်ယောက်ကထောင်ကလွတ်လာပြီး အပြင်လောကလဲရောက်ရောသေးပေါက်ချင်တဲ့အခါ ခွင့်မတောင်းပဲ သေးပေါက်ရင် သေ...
27/06/2023

ထောင်ထဲမှာအကြာကြီးနေလာတဲ့လူတစ်ယောက်က
ထောင်ကလွတ်လာပြီး အပြင်လောကလဲရောက်ရော
သေးပေါက်ချင်တဲ့အခါ ခွင့်မတောင်းပဲ သေးပေါက်ရင်
သေးတစ်စက်တောင်မထွက်တော့ဘူးတဲ့
အဲ့စကားလေးကို ရုပ်ရှင်ထဲမှာကြားလိုက်တယ်
သိပ်မှန်တယ်ဗျ လူ့သဘာဝက ကြာလာရင် အကျင့်ပါတတ်တယ် နေသားကျတတ်တယ်

ထောင်ထဲမှာနှစ်ပေါင်းများစွာ သေးပေါက်ဖို့ခွင့်တောင်းပြီးမှ ပေါက်ခဲ့ရတဲ့ လူတစ်ယောက်က ထောင်ပြင်လဲရောက်ရော အကျင့်က လွယ်လွယ်နဲ့ ဖျောက်မရတော့ဘူး

ကြမ်းပြင်ပေါ်ပဲ အိပ်တတ်တယ် မွေ့ယာပေါ်မအိပ်တတ်တော့ဘူးဆိုတဲ့ ထောင်ထွက်တစ်ယောက်လဲ မြင်ဖူးတယ်

ပြည်သူတွေကိုခု အာဏာရှင်စစ်တပ်က လုပ်နေတာတွေဟာ ဒီသဘောပဲ
မယုံမရှိနဲ့ ကြာလာရင် ကျနော်တို့ မီးပျက်တာ နေသားကျလာမယ် VPN လေးနဲ့ သုံးရတာနေသားကျလာမယ်
နိုင်ငံရေးကို တိုးတိုးလေးပြောရတာ နေသားကျလာမယ်

ကျနော်တို့ ပြည်သူတွေကို သေးပေါက်ဖို့ ခွင့်တောင်းမှ သေးထွက်တဲ့လူမျိုးတွေဖြစ်လာအောင် ရိုက်သွင်းနေတာ
ကျနော်တို့ ကြာလို့မဖြစ်ဘူး နေသားကျသွားလို့မဖြစ်ဘူး အကျင့်ပါသွားလို့မဖြစ်ဘူး

လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေကို ကျနော်တို့ ဆုံးရူံးလိုက်ရလိမ့်မယ်

တိုင်းပြည်ကို ထောင်ကြီးတစ်ခုလို ထိမ်းချုပ်ပြီး ဘာပြစ်မူမှမရှိတဲ့ ပြည်သူတွေကို အကျဥ်းချထားဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်ကို ဖြုတ်ချပြီး ရပိုင်ခွင်တွေ လုပ်ပိုင်ခွင့်တွေကို ရအောင်ယူကြမယ်

ပြည်သူတွေဟာ အကျဥ်းသားတွေမဟုတ်ဘူး
တရားစီရင်မဲ့ တရားသူကြီးတွေပဲ 👍

19/06/2023

အာဏာရူးတွေ အမေစုအပေါ် ပြည်သူအပေါ် ရက်စက်ခဲ့တာ ယခုအချိန်အထိပဲ

ငယ်ရွယ်နုပျိုစဥ်ကတည်းက တိုင်းပြည်အတွက်ပဲလုပ်လာတာ ခုဆို ၇၈ နှစ်အရွယ် အဖွားအိုတစ်ယောက်ဖြစ်တဲ့အထိ တိုင်းပြည်အတွက် အကျဥ်းထော...
19/06/2023

ငယ်ရွယ်နုပျိုစဥ်ကတည်းက တိုင်းပြည်အတွက်ပဲလုပ်လာတာ ခုဆို ၇၈ နှစ်အရွယ် အဖွားအိုတစ်ယောက်ဖြစ်တဲ့အထိ တိုင်းပြည်အတွက် အကျဥ်းထောင်ကျဥ်းကျဥ်းလေးထဲ ဒုက္ခတွေ ပြုံးပြုံးကြီးခံနေတုန်း အမေစု
Happy Birthday ပါ အမေအောင်ဆန်းစုကြည်
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အာဏာရစစ်တပ်ကရွေးကောက်ပွဲလုပ်ပြည်သူကမဲထည့်စစ်တပ်ရူံးအာဏာသိမ်းနိုင်တဲ့ပါတီထောင်ထဲဝင်ပြည်သူကဆန္ဒပြပြည်သူပါထောင်ထဲထပ်ဝင်စစ်တ...
13/05/2023

အာဏာရစစ်တပ်က
ရွေးကောက်ပွဲလုပ်
ပြည်သူကမဲထည့်
စစ်တပ်ရူံး
အာဏာသိမ်း
နိုင်တဲ့ပါတီထောင်ထဲဝင်
ပြည်သူကဆန္ဒပြ
ပြည်သူပါထောင်ထဲထပ်ဝင်
စစ်တပ်ကအာဏာဆက်ယူ
အစီအစဥ်သစ်တွေဆွဲ
ရွေးကောက်ပွဲပြန်လုပ်
ပြည်သူကမဲထည့်
စစ်တပ်ထပ်ရူံး
အာဏာထပ်သိမ်း
နိုင်တဲ့ပါတီထောင်ထဲထပ်ဝင်
ပြည်သူကဆန္ဒထပ်ပြ
ပြည်သူပါထောင်ထဲထပ်ဝင်
စစ်တပ်ကအာဏာဆက်ယူ
အဲ့ဒါကို နိုင်ငံရေးသမားတချို့က
နိုင်ငံရေးလမ်းစဥ်ပဲသွားမယ်
လက်နက်ကိုင်တော်လှန်ရေး
လုံးဝမသွားဘူးဆိုတော့
ကဲ........
သွားမဲ့နိုင်ငံရေးလမ်းစဥ်
နံမည်လေးပေးလိုက်ချင်တယ်
" အကြမ်းမဖက် အရမ်းစပ် ဆီစွတ် နိုင်ငံရေး "

Art For Burma Democracy

ကျနော်တို့နိုင်ငံမှာ အလှူလုပ်လို့ထွက်တဲ့ မီးခိုးပဲမြင်ချင်တယ်ဗျာ 😢မီးခိုးတိတ်တစ်ရွာလုံး လာစားကြတဲ့ အလှူဓလေ့မျိုးက ချစ်စရ...
08/05/2023

ကျနော်တို့နိုင်ငံမှာ အလှူလုပ်လို့ထွက်တဲ့ မီးခိုးပဲမြင်ချင်တယ်ဗျာ 😢
မီးခိုးတိတ်တစ်ရွာလုံး လာစားကြတဲ့ အလှူဓလေ့မျိုးက ချစ်စရာမြန်မာ့ဓလေ့တွေပါ
အဲ့လိုချစ်စရာကောင်းတဲ့ကျေးလက်တွေမှာ အလှူချက်တဲ့ မီးခိုးတွေအစား မီးလောင်တိုက်သွင်းခံရလို့ထွက်တဲ့ မီးခိုးငွေ့တွေအခုလို အူထွက်နေတာ မြင်ရတာ ရင်ကွဲမတတ်ခံစားရပါတယ် 😭

စစ်မီးတွေအမြန်ငြိမ်းပါတော့
အာဏာရှင် ခိုင်းသမျှ အမှားအမှန်မသိ
လိုက်လုပ်နေတဲ့
စစ်ကျွန် စစ်သားတွေလဲ အမြန်ကျဆုံးပါစေ

မေ ၇ ရက်က ထီးလင်းမြို့နယ်၊ အကြည်ဘန်းရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့သည့် မြင်ကွင်းများ

ဒီမြင်ကွင်းတွေက အစစ်အမှန်တွေ ဘယ်လိုမှငြင်းမရဘူး
မျက်စိနဲ့မြင်
နှလုံးသားနဲ့ခံစား
ဦးနှောက်နဲ့တော်လှန်ကြပါစို့

06/05/2023

(ယူကရန်းအလံကို ဆွဲဖြုတ်သွားတဲ့ ရုရှားအရာရှိကို ယူကရိန်းထထိုး)
နိုင်ငံရေးမှာ လိုတာထပ်ပို အောက်တန်းကျလာပြီဆိုရင် အဲ့လိုပဲ ရှင်းရတယ်
တွေ့ဆုံဆွေးနွေးရေးက မထိရောက်တော့ဘူး ထထိုးလိုက်မှပဲ နောက်မလုပ်ရဲမှာ 👊
မြန်မာ့နိုင်ငံရေးကလဲ အဲ့လိုပဲ ကျနော်တို့ ထထိုးမှ ပြီးမဲ့ပွဲ

30/04/2023

NEW YORK မြို့မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ ထောက်ပို့တော်လှန်သင်္ကြန် နှင့် ရန်ပုံငွေပဲ
မိုးတွေအရမ်းရွာတဲ့နေ့ဖြစ်ပေမဲ့ လူတွေအများကြီးလာခဲ့တယ် အလှူငွေတွေအများကြီးရခဲ့တယ် လေလံတွေအများကြီးအောင်ခဲ့တယ် အမေရိကန်ဒေါ်လာ ၃ သောင်းကျော်ရရှိခဲ့တယ်
ဘာလို့လဲ အဖြေကရှင်းပါတယ် .....
ကျနော်တို့ နိုင်ချင်လို့ပေါ့ .........
ရောက်တဲ့အရပ်ကနေ တတ်နိုင်တဲ့ဖက်က ပါဝင်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူများအားလုံးကိုဒီ Video Clip လေးနဲ့ ဂုဏ်ပြုပါတယ်

အနုပညာရဲ့ soft power ကိုယုံကြည်တဲ့
Art For Burma Democracy
online TV channel

19/04/2023

မြန်မာ့နိုင်ငံရေးက
အကောင်ပြနေပြီ
တချို့က ခုထိ အရိပ်ရှာနေတုန်း

သမိုင်းသိစရာမလိုအောင်ကို
၈၈ မှီစရာမလိုအောင်ကို
စစ်တပ်ရဲ့ ယုတ်မာရက်စက်မူကို
လက်တွေ့မျက်ဝါးထင်ထင်
အကောင်လိုက်ကြီးမြင်လိုက်ရပြီးပြီ

မြန်မာ့နိုင်ငံရေးဟာ
ပုစ္ဆာမဟုတ်လို့
ကျနော်တို့အဖြေရှာမရာတောင်မလိုဘူး
ရက်စက်ယုတ်မာတဲ့
အာဏာရှင်စစ်တပ်ကို အမြစ်ဖြတ်ဖို့က
အဖြေထွက်ပြီးသား

လျှောက်တဲ့လမ်းမတူကြပေမဲ့
သွားတဲ့ခရီးမတူကြပေမဲ့
ပန်းတိုင်ကတစ်ခုထဲ
အဲ့မှာ ငါတို့အားလုံးစုံမယ်
သွေးမကွဲကြေး 🤝

Art For Burma Democracy

19/04/2023

ကျနော်တို့လုပ်နေတာ
ကျန်ခဲ့မဲ့လူတွေအတွက်
ကျန်ခဲ့မဲ့လူတွေဆိုတာဘယ်သူတွေလဲ
ကလေးတွေပေါ့
နောက် နှစ် ၃၀ နေရင် အဲ့ကလေးတွေလက်ထဲကို
မြန်မာနိုင်ငံကို ထည့်လိုက်ရမှာ
သူတို့လက်ထဲကို ခုဖြစ်နေတဲ့မြန်မာနိုင်ငံပုံစံကြီးအတိုင်း
ထည့်မပေးလိုက်နိုင်ဘူး
ကျနော်တို့ဟာ ဒီလို အာဏာရှင်ပေးတဲ့ ဒုက္ခတွေကို
နောက်ဆုံးခံရတဲ့ မျိုးဆက်ဖြစ်ချင်တယ်
ကောင်းမွန်တဲ့ပညာရေးနဲ အေးချမ်းတည်ငြိမ်တဲ့
နိုင်ငံအသစ်တစ်ခုကို သူတို့ကိုပေးခဲ့ချင်တယ်

ဒီအတိုင်းဆက်သွားရင် ဒီတိုင်းပြည်ကြီးအတိုင်း
ပေးခဲ့ရမှာ
ကလေးတွေကို မပေးရက်ဘူး
နောက်အနှစ် ၃၀ မှာသူတို့ ထပ်ပြီးပြေးရလွှားရ အသတ်ခံရတွေ ထပ်မဖြစ်ဘူးလို့မပြောနိုင်ဘူး
စစ်အာဏာရှင်ကို ဖြုတ်ချပြီး တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည်တစ်ခုကိုပဲ ပေးခဲ့ရအောင်

ကျနော်တို့သားသမီးတွေအတွက်
သင်တို့သားသမီးတွေအတွက်
မြန်မာနိုင်ငံသားအားလုံးရဲ့
သားသမီးတွေအတွက်
နောင်လာမဲ့ မျိုးဆက်သစ်ကလေးတွေအတွက်
ကျနော်တို့ အာဏာရှင်ကို ဖြုတ်ကိုဖြုတ်ချရမယ်

Art For Burma Democracy.

14/04/2023

ကန့်ဘလူ ၊ ပဇီကြီးရွာ ကိုရက်စက်စွာ လေယာဥ်ဖြင့်ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်ခဲ့မှုအပေါ် ရှုံ့ချ ဆန္ဒ ဖော်ထုတ်ပွဲကို အမေရိကန်နိုင်ငံ NEW YORK မြို့တွင် NYCBC မှ ဦးစီးပြီး ကျင်းပခဲ့တဲ့အကြောင်းကို Art For Burma Democracy ချန်နယ်မှ သွားရောက်ပူးပေါင်း ရိုက်ကူးတင်ဆက်ပေးထားပါတယ်

အရေးတော်ပုံ‌အောင်ရမည်

#ကန့်ဘလူ

Address


Website

Alerts

Be the first to know and let us send you an email when Art For Burma Democracy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share