Burma Image 24

  • Home
  • Burma Image 24

Burma Image 24 A page of News, Entertainment, Sports, and Knowledge

June 12, 2022Singapore    275မှာ ဘယ်သူတွေ ယှဥ်ပြိုင်ကြမလဲ ပွဲအကြိုခန့်မှန်းမှု မကြာမီလာမည် Light Heavyweight Title အတွက်...
29/05/2022

June 12, 2022
Singapore

275
မှာ ဘယ်သူတွေ ယှဥ်ပြိုင်ကြမလဲ

ပွဲအကြိုခန့်မှန်းမှု
မကြာမီလာမည်

Light Heavyweight Title အတွက်ယှဥ်ပြိုင်မည့်
Glover Teixeira (33-7) vs. Jiří "BJP" Procházka (28-3-1)

Women's Flyweight Title အတွက် ယှဥ်ပြိုင်မည့်
Valentina Shevchenko (22-3) vs. Taila Santos (19-1)
တို့၏အဓိကတွဲဆိုင်းများနှင့်အတူ

Weili Zhang (21-3) vs. Joanna Jedrzejczyk (16-4)

Silvana Gomez Juarez (10-4) vs. Na Liang (16-6)

Brendan "All In" Allen (18-5) vs. Jacob Malkoun (6-1)

Joselyne Edwards (10-4) vs. Ramona Pascual (6-3)

Orion "Galaxy" Cosce (7-1) vs. Blood Diamond (3-1)

Maheshate (6-1) vs. Steve "Mean Machine" Garcia (12-4)

Seung Woo Choi (10-4) vs. Joshua Culibao (9-1-1)

Kyung Ho Kang (17-9) vs. Batgerel Danaa (12-3)

တို့၏ပွဲစဥ်များ ပါဝင်မည်

Image 24

ဖဝေါကုန်းဘောင်မင်းနှင့် တရုတ်မင်း ခင်း(Qing Dynasty) တို့သည် ၁၇၇၄တွင် စစ်ပြေငြိမ်းကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်အရှေ့...
10/05/2022

ဖဝေါ

ကုန်းဘောင်မင်းနှင့် တရုတ်မင်း ခင်း(Qing Dynasty) တို့သည် ၁၇၇၄တွင် စစ်ပြေငြိမ်းကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်အရှေ့ဘက်တိုင်းဒေသများမှနယ်စားများက ဘုရင်ခံ သတိုးမင်းထင်အုပ်ချုပ်ရေးစနစ်၏နှိပ်ကွပ်မှုကိုမခံနိုင်ကြတော့သဖြင့် ဆန့်ကျင်တော်လှန်ကြပြီး စီယမ်မင်းသစ်အဖြစ်ခံယူသော တပ်ဘုရင်နှင့်ပူးပေါင်းလိုက်ကြသည်။ ထိုဒေသများကို လန်နာဟုခေါ်သည်။ ထိုကာလမှစပြီး ယနေ့တိုင်ထိုင်းနိုင်ငံအပိုင်အဖြစ်ကျရောက်သည်။ တပ်ဘုရင်သည် တရုပ်ပြည်နန်ချိုမှ ဆင်းသက်လာသည့် ကုန်သည်မျိုးရိုးဖြစ်သည်။ အယုဒ္ဓယ မြို့ပျက်ပြီးနောက် ကုန်းဘောင်မင်းဆက်များ၏ ထိုးစစ်များစွာကို လူစုခုခံတိုက်ခိုက်အောင်မြင်လာရာမှ တပ်ဘုရင်အဖြင့်တင်မြှောက်ခံရသူဖြစ်သည်။

၁၇၇၄ခုတွင် ဆင်ဖြူရှင်မင်းက ယိုးဒယား (စီယမ်) ပြည်ကိုတိုက်ရန်ကန်ချနဘူရီဘုရားသုံးဆူဘက်မှ စစ်ကြောင်းတကြောင်းနှင့် ယခုအခါ မဲဆောက်ဟုခေါ်သောမယ်လမောက်တောင်ကြားလမ်းမှ စစ်ကြောင်းတကြောင်းတို့ဖြင့် ချီတက်လာသည်။ တပ်ဘုရင်က မြောက်ပိုင်းက နယ်စားများနှင့်ပေါင်းခါ သတိုးမင်းထင်တပ်များကို လိုက်လံချေမှုန်းတိုက်ထုတ်နေသည့်အချိန်ဖြစ်သဖြင့် မဲဆောက်(မယ်လမောက်) လမ်းကြောင်းမှ ထိုးစစ်ဆင်လာသော ဆင်ဖြူရှင်မင်း၏ တပ်များကို နယ်စပ်မြို့စောင့် ကရင်စစ်သူကြီး ဖဝေါကဆီးကြိုခြေမှုန်းသည်။

စစ်သူကြီးဖါးဝေါ် ခေါ် ဖဝေါသည်လည်း ကျဆုံးခဲ့သည်။ ထိုအချိန်မှစ၍ထိုဒေသတွင်မှီတင်းနေထိုင်သော ရှမ်း (စီယမ်)ပြည်သူများက နယ်ခြားမှလာသောရန်သူများကိုကြောက်ရွံ့စိတ်ကင်းစေရန် ကျဆုံးစစ်သူကြီးဖါးဝေါ်အား ကယ်တင်ရှင် သူရဲခေါင်းတဦးအဖြစ်မျှသာမက သူတို့ကို ထာဝရကာကွယ်စောင့်ရှောက်သည့် နတ်ကောင်းနတ်မြတ်အဖြစ်တည်ထားကိုးကွယ်လာခဲ့ကြသည်။

(အထက်ပါသမိုင်းသည် ယိုးဒယားဘက်ကရေးသော အတိုင်းသာဖေါ်ပြခြင်းဖြစ်သည်)

ထိုင်းတွေလည်းသူတို့နိုင်ငံကို ကရင်အရိုးနဲ့ပဲတည်ဆောက်ခဲ့တယ်။ နော်မူ့ယယ်ဖဲကိုလည်း သတ်ပြီးယဇ်ပူဇော်တယ်။ ကရင်စစ်သူကြီး ဖဝေါ ကထိုင်းအတွက်စစ်တိုက်ပေးပြီးစစ်အောင်နိုင်တော့ ထိုင်းတွေက ကရင်ဘုရင်ဖြစ်လာမှာစိုးလို့ ဖဝေါ ကိုဗမာတွေပဲသတ်သလိုလို ဘာလိုလိုနဲ့ သူတို့ပဲသတ်လိုက်တယ်။ ငါတို့ကရင်တွေလည်း အသုံးချခံဘဝကနေဘယ်တော့ကျွတ်မလဲ

(အထက်ပါစာပိုဒ်ကို We want Kawthoolei ဖေ့စ်ဘွတ်ပေ့ဂျ်မှ ရေးသားခြင်းဖြစ်သည်။ ထိုရေးသားချက်မှန်သည် မှားသည်ကို ခိုင်လုံသည့်ပညာရပ်ဆိုင်ရာအထောက်အထားမတွေ့ရသေးသော်လည်း မမှန်ပါဟု ယတိပြတ်ငြင်းဆိုရန်လည်း အထောက်အထားပြနိုင်ရပါဦးမည်။ ၎င်းတို့တင်ထားသောလင့် https://web.facebook.com/102461821983203/videos/476117886982445 )

ထိုင်းတို့သည် မြန်မာတို့ကတိုက်သည်ကိုသာ လူသိအောင်လုပ်သည်။ နန္ဒဘုရင်လက်ထက် ပဲခူးဟံသာဝတီအထိ သိမ်းပိုက်ရန်အကြံဖြင့် ပဲခူးမြစ်ထဲအလောင်းများပြည့်ကျပ်နေသည်အထိ မြန်မာများကိုသတ်ခဲ့သည်များ တနင်္သာရီ မုတ္တမသားတို့ကို ခေတ်အဆက်ဆက်အကြိမ်ကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်များကိုမူ အသံမထွက်ပေ။
ရှင်းရှင်းဆိုရလျှင် ဖဝေါဟူသည် မြန်မာကိုတိုက်ခိုက်ရင်း အစိမ်းသေ သေခဲ့ရသူသာဖြစ်သည်။ ကိုးကွယ်ဆည်းကပ်ရမည့်သူ မဟုတ်။

Image 24

Eu နိုင်ငံသားနှစ်ယောက်၏ အဓိကတွဲဆိုင်းပွဲအကြို ခန့်မှန်းခြင်းမင်္ဂလာပါမေ ၁၅ မှာတော့ ပိုလန်နိုင်ငံသားJan Błachowicz [28 - ...
09/05/2022

Eu နိုင်ငံသားနှစ်ယောက်၏ အဓိကတွဲဆိုင်းပွဲအကြို ခန့်မှန်းခြင်း

မင်္ဂလာပါ
မေ ၁၅ မှာတော့ ပိုလန်နိုင်ငံသား
Jan Błachowicz [28 - 9 - 0] နဲ့

Austria နိုင်ငံသား
Aleksandar Rakić [4 - 2 - 0]
တို့ UFC ရဲ့ Las Vegas အဌဂံဝိုင်းထဲမှာ တွေ့ကြပါလိမ့်မယ်

၂၀၂၂ မေလ ပထမပတ်အကုန်မှာထိုးခဲ့တဲ့ Oliveira vs Gaethje တို့ပွဲကိုတော့ Burma Image 24 ကခန့်မှန်းပေးခဲ့တဲ့အတိုင်း Oliveria နိုင်သွားတာကို တွေ့ရမှာပါ။
အခု အကိုကြီးနဲ့ ညီလေးလောက်အသက်ကွာကြတဲ့ သူတို့နှစ်ဦးပွဲကိုလည်း ခန့်မှန်းကြည့်ရအောင်

============================

Jan Maciej Błachowicz
ဟာ BJJ ခါးစည်းနက်ဖြစ်ပြီး မွေထိုင်းစတိုင်နဲ့ ထိုးသတ်ပါတယ်။ လက်ရှိ UFC ရဲ့ Light Heavyweight တန်းမှာထိုးနေသလို UFC Light Heavyweight Champion လည်းဟုတ်ပါတယ်။

၂၀၀၇ တည်းက ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်သလို KSW မှာလည်း ပြိုင်ခဲ့ဖူးပြီး KSW Light Heavyweight Champion လည်းဟုတ်ပါတယ်။ သူက Joanna Jędrzejczyk ပြီးရင် UFC သမိုင်းမှာ ဒုတိယမြောက် ပိုလန်ချန်ပီယံဖြစ်သလို အမျိုးသားအနေနဲ့ဆိုရင်တော့ ပထမဆုံးသော ပိုလန်ချန်ပီယံပါ။ ၂၀၂၁ နိုဝင်ဘာ ၂ ရက်အထိ UFC Light Heavyweight တန်းအတွက် အဆင့် ၁ ပါ။

KSW
KSWs အဖွင့် (209 lb) ပြိုင်ပွဲ KSW 9 ဝင်ခဲ့တာ တစ်ညတည်းမှာပဲ ပြိုင်ဘက် ၃ ဦးကို အနိုင်ယူပြီး သရဖူကို ရခဲ့ပါတယ်။ ပထမဆုံးပြိုင်ဘက် Martin Zawada ကိုဒိုင်အားလုံး အဆုံးအဖြတ်နဲ့ နိုင်ခဲ့ပြီး ကျော်ကြားတဲ့ပြိုင်ဘက် Antoni Chmielewski အပါအဝင် နောက်ထပ်ပြိုင်ဘက်ကို armbar နဲ့အနိုင်ယူခဲ့တာပါ။

MMA ပွဲပေါင်း ၃၇ ပွဲထိုးထားပြီး
အလဲထိုး ၈ပွဲ ချုပ်ကွက် ၉ ပွဲ ဒိုင်အဆုံးဖြတ် ၁၁ ပွဲနဲ့ စုစုပေါင်း ၂၈ ပွဲနိုင်ထားတာပါ
အလဲထိုး ၂ ပွဲ ချုပ်ကွက် ၂ ပွဲ ဒိုင်အဆုံးအဖြတ် ၅ပွဲနဲ့ စုစုပေါင်း ၉ ပွဲရှုံးထားပါတယ်

သူက ဂျူလိုင်လမှာ ပြင်းပြင်းထန်ထန်ဒူးဒဏ်ရာရသွားပေမဲ့ ဆက်လေ့ကျင့်ခဲ့ရာမှာ သုံးပတ်အကြာမှာတော့ ပြိုင်ဘက်ကိုလှဲချတဲ့လေ့ကျင့်ခန်းလုပ်နေရင်း ညာဒူးရှေ့အရွတ်တွေပျက်ဆီးသွားပြီး ကုနေရပါတယ်။

တဘက်မှာတော့ သူ့ထက် ငယ်ရွယ်တဲ့
Aleksandar Rakić ဟာ
MMA ၁၆ ပွဲထိုးဖူးတဲ့အနက်
အလဲထိုး ၉ပွဲ ချုပ်ကွက် ၁ ပွဲ ဒိုင်အဆုံးအဖြတ် ၄ ပွဲနဲ့
စုစုပေါင်း ၁၄ ပွဲနိုင်ထားပြီး

ဒိုင်အဆုံးအဖြတ်နဲ့ ၁ ပွဲ ချုပ်ကွက်နဲ့ ၁ပွဲပဲ ရှုံးဖူးသေးတာမို့
မှတ်တမ်းကောင်းပါ။
MMA ပွဲအရေအတွက်နဲ့ နိုင်ပွဲကိုအချိုးချကြည့်ရင်လည်း သူကပိုသာနေပါတယ်။
၂၀၂၁ မေလ ၄ ရက်နေ့အထိ UFC လိုက်ဟဲဗီးဝိတ်တန်းမှာ နံပါတ် ၃ အဆင့်ပါ။

Rakić ကို သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ဆာ့ဘ်မိသားစုကနေ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ ငယ်ငယ်က ဘောလုံးကစားခဲ့တဲ့ ဆာ့ဘ်လူမျိုး Rakić ဟာအသင်းမှ ထုတ်ခံရတဲ့အထိ ပြင်းပြင်းထန်ထန် ကစားခဲ့သူပါ။ အဲဒီကနေသူ့ရဲ့ ပိုလျှံနေတဲ့ စွမ်းအင်တွေကို ဖြုန်းတီးဖို့ နည်းလမ်းတခုအနေနဲ့ သူ့အသက်၁၃ နှစ်မှာ kickboxing နဲ့ အနောက်တိုင်းလက်ဝှေ့ပွဲတွေ စပြိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အသက် ၁၉ အရွယ် MMA ကိုမကူးခင်ပွဲပေါင်း ၄၀ ကျော် ထိုးခဲ့ပြီး သူ့ရဲ့တိုက်ခိုက်မှုစွမ်းရည်မှာ grappling နဲ့ နပမ်းလုံးပညာကို ထပ်ဖြည့်ချင်ခဲ့ပါတယ်။

ခုထိ BJJ မှာ ခါးစည်းအညိုအဆင့်ပဲရှိသေးတဲ့သူဟာ
ပွဲပေါင်း ၃၂ ထိုးဖူးပြီး အလဲထိုး ၁၅ ပွဲ ချုပ်ကွက် ၁ ပွဲ ဒိုင်အဆုံးအဖြတ် ၆ ပွဲနဲ့ အနိုင်ပွဲ ၂၂ ပွဲထိုးထားဖူးတဲ့ Thiago Santos ကို ၂၀၂၁ မတ်လမှာ ဒိုင်အားလုံးဆုံးဖြတ်ချက်နဲ့ နိုင်ခဲ့တာကတော့ အထင်ကြီးစရာပါ။
Santos ဟာ မွေထိုင်းခါးစည်းနက် BJJ ခါးစည်းနက်နဲ့ Capoeira မှာအစိမ်းရောင်အဆင့်ရထားတဲ့သူမို့ပါ။

တကယ်တော့
Jan Błachowicz vs Aleksandar Rakić
ပွဲကို မတ်လတည်းကထိုးဖို့စီစဉ်ထားပေမဲ့ Jan နှောင်းပိုင်းတည်းက Błachowicz ဟာ ဒူးအခြေအနေဆိုးလာလို့ မေလ ၁၅ ရက်မှာ ပွဲထပ်တည်တာပါ။

ကြိုတင်ခန့်မှန်းခြင်း

နိုင်ငံတကာမှာတော့ Jan Blachowicz +140 ဆိုပြီးရှုံးနိုင်ခြေရှိသူအဖြစ်ဖော်ပြထားသလို Rakić ကိုတော့ အနှုတ် ၁၆၀ [-160] ဆိုပြီး နိုင်ခြေရှိသူအဖြစ်ကြေးဖွင့်ထားပါတယ်။
မေ ၈ ရက် Betting Insider Journal မှာဖော်ပြထားတဲ့ BetMGM Sportsbook အရ ကိုးကားပြီးပြောတာပါ။
UFC ကတော့ Jan Blachowicz +135 vs Aleksandar Rakić-155 ဆိုပြီး လောင်းကြေးဖွင့်ထားပါတယ်။
သူတို့ဆီကစောင့်ကြည့်ကျွမ်းကျင်သူတွေကလည်း ထိုးသားတွေရဲ့ အရည်အချင်းတွေ ဒဏ်ရာရမှုတွေ ကိုကြည့်ပြီး စနစ်တကျသုံးသပ်ခန့်မှန်းကြတာပါ။
ဒီနေရာမှာ ဗဟုသုတပြောလိုတာက အပေါင်းလက္ခဏာဟာ ရှုံးနိုင်ခြေရှိသူဖြစ်ပြီး အနှုတ်လက္ခဏာဟာ နိုင်ခြေရှိသူကိုပြတာပါ။

Burma Image 24 အနေနဲ့
သူတို့နှစ်ယောက်ရဲ့နောက်ခံနဲ့ အခြေအနေအရပ်ရပ်ကို ခြုံငုံလေ့လာလိုက်တဲ့အခါ
ပိုလန်နိုင်ငံသားက အသက် ၄၀ လောက်ဖြစ်နေပေမဲ့ Rakić ကတော့ အရွယ်ကောင်းမှာမို့ သက်လုံနဲ့ ခွန်အားက Błachowicz ကိုတပန်းရှုံးနေစေပါတယ်။
အဲဒါထက်ဆိုးတာက သူ့ဒူးဟာ နာတာရှည်ဒဏ်ဖြစ်နေတာမို့ ထပ်ပြီး နှစ်ပန်းရှုံးစေပါတယ်။

Rakić ကပိုအရပ်မြင့်ပေမဲ့ လက်တံအရှည်ချင်းကတော့ အားချင်းမျှနေပါတယ်။

မှန်မှန်လေးမသိမသာတက်လာတဲ့ လူငယ် Rakić ရဲ့အလဲထိုးနိုင်စွမ်းကို အချိုးချကြည့်ရင် Błachowicz ရဲ့အလဲထိုးနိုင်စွမ်းထက် သာနေပါတယ်။

ဒီတော့ တည်ထိုးနေတာ၊ ပွဲကိုရှေ့ပိုင်းအချီတွေမှာ မဖြတ်နိုင်ဘဲဖြစ်နေတာမျိုးဆိုရင် နောက်ပိုင်းမှာ Błachowicz ဟာ သက်လုံကျလာပြီး ခွန်အားပါကျလာပါလိမ့်မယ်။

သို့သော်
ချုပ်ကွက်နဲ့အနိုင်ယူတာ ပိုများတဲ့ Błachowicz ဟာ Rakić ကို မထင်မှတ်တဲ့ တချက်ကောင်းထိုးချက်နဲ့ အလဲထိုးမရရင်တောင် MMA ပွဲအရေအတွက်တွေပိုများပြီး ပရိယာယ်တွေပြည့်နေတာမို့ ရိုးရှင်းတဲ့ Rakić ရဲ့ explosive stand-up style အတွက် ခွန်အားကိုချွေထိုးပြီး ဂါမဏိချပ်ဝတ်တန်ဆာအဟကို မိမိရရအသုံးချလိုက်နိုင်တဲ့ တချက်ကောင်း striking လို သို့မဟုတ် Rakić ထက်ပိုကျွမ်းကျင်တဲ့ submission နည်းစနစ်ကိုအသုံးပြုပြီး အနိုင်ယူသွားနိုင်မယ်လို့ ခန့်မှန်းမိပါတယ်။ MMA စည်းမျဉ်းအတော်များများကလည်း ပြီးခဲ့တဲ့ Oliveira vs Gaethje ခန့်မှန်းမှုတုန်းကရေးပြထားသလို ချုပ်တဲ့သူကို အခွင့်အရေးသာအောင်လုပ်ပေးထားသလို ဖြစ်နေတာမဟုတ်လား။

နောင်တင်ဆက်မဲ့ သတင်း ဖျော်ဖြေရေး အားကစားနဲ့ သုတ အကြောင်းအရာတွေအတွက်
page ကို like & share လုပ်ထားဖို့ မမေ့နဲ့နော

Charles Oliveira vs Justin Gaethje--------------------------------------------မင်္ဂလာပါအခု MMA ဝါသနာရှင်တွေအတွက်ချားလ်စ်...
02/05/2022

Charles Oliveira vs Justin Gaethje
--------------------------------------------

မင်္ဂလာပါ

အခု MMA ဝါသနာရှင်တွေအတွက်

ချားလ်စ်အော်လစ်ဗေရာ နဲ့ ဂျပ်စ်တင်ဂဲသဂျီ တို့ရဲ့ ၂၀၂၂ မေ ၈ ရက်ပွဲအကြိုခန့်မှန်းချက်လေး တင်ပြချင်ပါတယ်။

MMA လို့ပြောလိုက်ရင် ထိပ်ဆုံးကပြေးမြင်မိတာ UFC ပါ သူ့နောက်ကမှ (ဘဲလေထော်) Bellator တို့ PFL တို့ ကို ဆက်မြင်လေ့ရှိကြပါတယ်။

၂၀၂၂ ရဲ့မေလထဲမှာ UFC ပွဲပေါင်း လေးပွဲရှိတဲ့အနက် လူစိတ်ဝင်စားမှုအမြင့်ဆုံး ပွဲကတော့ မေ ၈ ရက် အဲရစ်ဇိုးနားပြည်နယ် ဖီးနစ်ခ်စ်မြို့မှာထိုးမယ့်
ချားလ်စ်အော်လစ်ဗေရာ နဲ့ ဂျပ်စ်တင်ဂဲသဂျီ တို့ရဲ့ပွဲပါ။

Gaethje ရဲ့စရိုက်ကို အရင်သုံးသပ်ကြည့်ရအောင်

USA နိုင်ငံသား အဲရစ်ဇိုးနားပြည်နယ်က ဂဲသ်ဂျီဟာ ဖျော်ဖြေရေးထိုးသတ်ပွဲတွေမှာ ပေါက်ကွဲလွယ်တဲ့ စရိုက်ရှိသလို အသည်းမာတဲ့ စရိုက်လည်းရှိပါတယ်။
သူ့ရဲ့ MMA record ကိုကြည့်ရင် စုစုပေါင်း ၂၆ ပွဲထိုးထားတဲ့ အနက် ၂၃ ပွဲနိုင်ဆိုတဲ့ ပုံရိပ်ကောင်းကိုတွေ့ရပြီး အနိုင်ပွဲတွေမှာ အလဲထိုးနဲ့ ၁၉ ပွဲ ချုပ်ကွက်နဲ့ ၁ ပွဲမို့ နပမ်းအခြေခံ ကိုယ်ခံပညာသမားလို့ ဆိုပေမဲ့ striking ပိုင်း အားသန်တဲ့ ကစားသမားလို့ ပြောရပါမယ်။

ဒါ့အပြင် အပျော်တမ်း MMA ပွဲတွေထိုးခဲ့စဉ်တုန်းကဆိုရင်လည်း ၇ ပွဲထိုး ၇ပွဲနိုင်နဲ့ ၆ပွဲကိုအလဲထိုးနဲ့ နိုင်လာတာပါ။
ဒါကြောင့်လည်း သူဟာ ၂၀၂၁ ဒီဇင်ဘာ ၁၃ ရက်မှာ UFC lightweight တန်းရဲ့ နံပါတ် ၁ ranking နေရာကို ရလာခဲ့တာပါ။

အထက်တန်းကျောင်းသားဘဝမှာ နပမ်းချန်ပီယံနှစ်ကြိမ် UFC's lightweight division မှာလည်း အကောင်းဆုံးနပမ်းသမားဖြစ်ခဲ့ပေမဲ့ stand-up fighting style ကိုပဲပိုကြိုက်သူပါ။ ဒါကြောင့် ပြင်းထန်တဲ့အောက်ပိုင်းကန်ချက်တွေနဲ့ အလဲထိုးလက်သီးချက်တွေကြောင့် နာမည်ကျော်လာခဲ့ပါတယ်။ ၂၀၁၈ ဧပြီလမှာ ပေါ်ရီအာကို ရှုံးသွားတော့ ဘာကြောင့် ပြိုင်ပွဲမှာ ကိုယ့်ရဲ့နပမ်းပညာကို အသုံးမချသလဲလို့ မေးကြည့်တဲ့အခါ
"ကျွန်တော် တသက်လုံး နပန်းလုံးလာခဲ့ရတာ၊ ကျွန်တော်သူ့ကို နှစ်ကြိမ် လှဲချနိုင်ခွင့်ရခဲ့သားပဲ။ အကြောင်းကြောင်းကြောင့် ကျွန်တော့်စိတ်က ဒီလိုလုပ်ဖို့ခွင့်မပြုဘူး။ ဒါ နပမ်းပွဲသက်သက်မဟုတ်ဘူးလေ။ ကျွန်တော်အရမ်းပင်ပမ်းလာတယ် ကျွန်တော်နပမ်းလုံးဖို့ထက် ထိုးရတာပိုကြိုက်တယ်။ ဒီစခန်းသွင်းလေ့ကျင့်ရုံမှာ cardio တွေအများကြီးလုပ်ခဲ့ပြီးပြီ နပမ်းပွဲတစ်ပွဲအဖြစ် ပြောင်းလိုက်ဖို့က ပြဿနာမဟုတ်ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး၊ ကျွန်တော့်အတွက် ပျော်စရာကောင်းမှာ မဟုတ်ဘူး"
လို့ ပြန်ဖြေခဲ့ပါတယ်။
ဒီလို ခံယူချက်ကြောင့်လည်း ထိုးဖို့ထက် အတင်းလုံးအတင်းချုပ်နဲ့အနိုင်ယူဖို့အားသန်တဲ့ ခါဘီ Khabib Nurmagomedov ကို ချုပ်ကွက်ပဲဖြစ်တဲ့ triangle choke နဲ့ ၂၀၂၀ အောက်တိုဘာမှာအရှုံးပေးလိုက်ရပါတယ်။
၂၀၂၀ ESPN အင်တာဗျူးတစ်ခုမှာလည်း နပမ်းကနေ MMA ကိုပြောင်းလာပြီးတဲ့နောက်မှာ ပွဲအနိုင်ရရေးက အရေးကြီးပေမဲ့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်တဲ့ Strike ပိုင်းဟာ သူ့အတွက် ဝင်ငွေပိုကောင်းစေတယ်လို့ ထုတ်ပြောသွားပါတယ်။

Oliveira ကို လေ့လာကြည့်မယ်ဆိုရင်

ဘရာဇစ်လ်ပရော်ဖက်ရှင်နယ် MMA နဲ့ BJJ သမားဖြစ်တဲ့ အော်လစ်ဗေရာဟာ လက်ရှိ UFC Lightweight Champion ဖြစ်သလို UFC မှတ်တမ်းများစွာကို ပိုင်ဆိုင်ထားပါတယ်။ အဖွဲ့အစည်းရဲ့သမိုင်းတလျောက် ချုပ်ကွက်နဲ့ အများဆုံးအနိုင်ရထားတဲ့ စံချိန်တင်သူပါ။ ၂၀၂၁ ဒီဇင်ဘာ ၁၃ မှာ UFC အမျိုးသား ကျွမ်းကျင်မှုအဆင့် နံပါတ် ၅ ရတဲ့သူပါ။
BJJ မှာလည်း ခါးစည်းနက်ကို 1st ဒီဂရီအဆင့်တင်မဟုတ်ဘဲ 3rd ဒီဂရီအထိရထားသူပါ။
သူက MMA ပြိုင်ပွဲတမျိုးတည်းမှာတင် ပွဲပေါင်း ၄၁ ပွဲထိုးတာမို့ နည်းတဲ့အတွေ့အကြုံမဟုတ်ပါဘူး။ စုစုပေါင်း အနိုင် ၃၂ မှာ ချုပ်ကွက်နဲ့နိုင်တာက ပွဲ ၂၀ ပါ အလဲထိုးက ၉ပွဲပဲရှိပြီး ဒိုင်အဆုံးဖြတ်နဲ့နိုင်တာ ၃ ပွဲပါ။

ရှုံးပွဲ ၈ ပွဲမှာ အလဲထိုး ၄ ပွဲ ဒိုင်အဆုံးအဖြတ် ၁ ပွဲ နဲ့ ချုပ်ကွက်နဲ့အရှုံးပေးလိုက်ရတာ ၃ ပွဲပဲရှိတာမို့ သူ့ရဲ့ BJJ ကျွမ်းကျင်မှုဟာ နည်းနည်းနောနောအဆင့်မဟုတ်ပါဘူး။

သူထိုးထားတဲ့ နောက်ဆုံး ၂ ပွဲကလည်း ပြတ်ပြတ်သားသားနိုင်ထားတဲ့ ပွဲတွေပါ။

အော်လစ်ဗေရာဟာ ချန်ပီယံဟောင်း ခါဘီ Khabib Nurmagomedov အနားယူသွားလို့ လစ်လပ်နေတဲ့ UFC လိုက်ဝိတ်ချန်ပီယံအတွက် ၃ ကြိမ်မြောက်ချန်ပီယံဖြစ်ခဲ့တဲ့ Bellator Lightweight ချန်ပီယံဟောင်း မိုက်ကယ်လ်ချန်ဒလာ Michael Chandler နဲ့ ၂၀၂၁ မေ ၁၅ မှာ အဓိကပွဲစဉ်အဖြစ်ထိုးခဲ့ပါတယ်။ ချန်ဒလာဟာ ပထမအချီမှာ အသာစီးယူထိုးနိုင်ခဲ့ပေမဲ့ ဒုတိယအချီမှာ မျက်စိရှင်ရှင်နဲ့ အခွင့်အရေးကိုအမိအရယူလိုက်နိုင်တဲ့ အော်လစ်ဗေရာရဲ့ ဗယ်ဝိုက်လက်သီးနားထင်ကိုမိသွားပြီး ဒိုင်ပွဲရပ်နဲ့ ချန်ပီယံဆုကို ပြတ်ပြတ်သားသားလက်လွှတ်လိုက်ရပါတယ်။ ဒါဟာ အော်လစ်ဗေရာအတွက် UFC သမိုင်းမှာ ပွဲသိမ်းအများဆုံးစံချိန်ကိုလည်း ရသွားစေတာပါ။

၂၀၂၁ ဒီဇင်ဘာလ ၁၁ မှာတော့ ပထမဆုံးချန်ပီယံကာကွယ်ပွဲကိုထိုးခဲ့ရတာ လက်သီးတွဲလုံးတွေနဲ့ နာမည်ကျော်တဲ့ လိုက်ဝိတ်တန်းကြားဖြတ်ချန်ပီယံဟောင်း ဒပ်စ်တင်ပေါ်ရီအာ Dustin Poirier လိုလူမျိုးဖြစ်နေလို့
ပထမအချီမှာလဲသွားအောင် အထိုးခံလိုက်ရပေမဲ့ တတိယအချီရဲ့ တစ်မိနစ်မှာပဲ ပေါ်ရီအာရဲ့နောက်ကျောပေါ် ရပ်လျက်အနေအထားကတက်ခွပြီး လည်တိုင်ကိုချုပ်ကွက်နဲ့အနိုင်ယူနိုင်ခဲ့လို့ ပရိသတ်တွေ အံ့အားသင့်ခဲ့ရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။

ပေါ်ရီအာဟာ လက်သီးသက်သက်ပဲအားသာချက်ရှိပေမဲ့ ခြေကန်ချက်တွေ တံတောင်တွေပါသုံးနိုင်တဲ့ ဂဲသဂျီကို ၂၀၁၈ ဧပြီက ဒိုင်ပွဲရပ်နဲ့အနိုင်ယူထိုးထားနိုင်တဲ့သူပါ။

ဒီတော့ ခန့်မှန်းကြည့်ရရင်
ဂဲသဂျီဟာ အနိုင်ရရင်ပြီးရော ခွင့်ပြုသမျှ နည်းစနစ်တွေကို အသုံးချပြီး ပြိုင်မယ်ဆိုတာထက် နင်ပဲနင်မို့စွမ်းလေသလား ငါပဲငါမို့စွမ်းလေသလားဆိုပြီး တည်ထိုးချင်တဲ့သူပါ

အော်လစ်ဗေရာကတော့ အနိုင်ရဖို့ကို ဦးတည်ပြီး စည်းမျဉ်းတွေ သတ်မှတ်ချက်တွေကိုအသုံးချထိုးတဲ့သူပါ

ဒီတော့ လုံးဖို့အကွက်ရှာတဲ့သူနဲ့ ထိုးဖို့ကြိုးစားတဲ့သူတွေ့တဲ့အခါ street fight ဆိုရင် ဂဲသဂျီလို မြန်မာ့ရိုးရာလက်ဝှေ့သမားစိတ်ဓါတ်နဲ့လူက နိုင်ဖို့ရာခိုင်နှုန်းများပေမဲ့

တချို့သော MMA ဥပဒေသတွေက ထိုးမယ့်သူထက် လုံးမယ့်သူအတွက် ပိုအခွင့်အလမ်းရနေစေပါတယ်။

ဥပမာ
ခြေနှစ်ချောင်းကို ပြေးဖက်တဲ့ bjj သမားကို ဒူးနဲ့ပင့်တိုက်ဖို့ တိုက်မင်ကိုက်အခွင့်ရေးမရနိုင်ခဲ့ရင် ဘာဆက်လုပ်မလဲ။ Street fight မှာဆိုရင်တော့ နောက်စေ့ကို တံတောင်နဲ့အားရပါးရထောင်းပစ်လိုက်မှာပေါ့၊ အထောင်းခံရလို့ လှုပ်နိုင်မှာတောင် မဟုတ်တော့ပါဘူး။

သို့သော် MMA မှာတော့ နောက်စေ့ကို တိုက်ခိုက်ခွင့်မရှိပါဘူး Rabbit punch ထိုးခွင့်မရှိပါဘူး 12-6 elbow လည်းထောင်းခွင့်မရှိပါဘူး။

ဒီတော့ ပွဲတွေ့တွေများပြီး ပရိယာယ်ကြွယ်တဲ့ bjj သမားတယောက်လည်းဖြစ် ပြိုင်ဘက်ကိုမှောက်သွားအောင်တည်ထိုးဖို့ထက် စည်းမျဉ်းအရအနိုင်ရအောင် ထိုးမယ့်သူတယောက်လည်းဖြစ်တဲ့ အော်လစ်ဗေရာကိုနိုင်ဖို့ဆိုတာ သူသေကိုယ်သေစုတ်ပြတ်သတ်သွားအောင် ပရိသတ်အကြိုက်ထိုးမယ်ဆိုတဲ့ သူ့ရဲ့ရပ်တည်ချက်ကို ပြင်ပြီး ထိုးသင့်တဲ့အခါထိုး ချုပ်သင့်တဲ့အခါချုပ် အချုပ်ခံရတဲ့အခါ ရုန်းထွက် ဖြည်ထွက်ဖို့ ကြိုလေ့ကျင့်သင့်တာကျင့်နဲ့လုပ်မှ နိုင်နိုင်မှာမို့

နှစ်ယောက်လုံး အရင်ပုံစံတွေအတိုင်း သွားကြရင် မိုက်ကယ်လ်ချန်ဒလာလို လူမျိုးကို လုံးဖို့တခုတည်းတွေးမထားဘဲ လိုအပ်လာတဲ့အခါ ဗယ်ဝိုက်လက်သီးပစ်သွင်းပြီး အနိုင်ထိုးထားခဲ့တဲ့ အော်လစ်ဗေရာ ကသာ နိုင်ခြေရှိတယ်လို့ ခန့်မှန်းမိပါတယ်ခင်ဗျား။

နောင်တင်ဆက်မဲ့ သတင်း ဖျော်ဖြေရေး အားကစားနဲ့ သုတ အကြောင်းအရာတွေအတွက်
Page ကို like & share လုပ်ထားဖို့ မမေ့နဲ့နော

Burma Image 24

အိန္ဒိယသည် တတိယမြောက် စစ်အသုံးစရိတ် အများဆုံးနိုင်ငံဖြစ်ပြီး ကာကွယ်ရေး တင်ပို့မှု ၅၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသို့ ...
26/04/2022

အိန္ဒိယသည် တတိယမြောက် စစ်အသုံးစရိတ် အများဆုံးနိုင်ငံဖြစ်ပြီး ကာကွယ်ရေး တင်ပို့မှု ၅၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသို့ ဖြစ်ကြောင်း SIPRI မှ အချက်အလက်များက ဖော်ပြနေ

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန Stockholm International Peace Research Institute (SIPRI) က အိန္ဒိယ၏ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ တွင် 0.9% အထိ တက်လာသည်ဟု ဆိုသည်။ နယ်စပ်တင်းမာမှုများနှင့် ‘Make in India’ ဟူသည့်မူဝါဒတို့၏ တွန်းအားပေးမှုတို့ကြောင့် ဖြစ်သည်။

နယူးဒေလီ-
၂၀၂၁ ခုနှစ်တွင် အိန္ဒိယ၏ စစ်အသုံးစရိတ်သည် ရူပီး ကုဋေ ၅ ဒသမ ၈၇ သန်း သို့မဟုတ် ဒေါ်လာ ၇၆ ဒဿမ ၆ ဘီလီယံဖြင့် ကမ္ဘာ့တတိယမြောက် အမြင့်ဆုံးဖြစ်လာသည်—အမေရိကန်နှင့် တရုတ်တို့နောက်တွင် ဗြိတိန်နှင့် ရုရှားတို့ထက် သာလွန်သည်ဟု တနင်္လာနေ့က SIPRI ကထုတ်ပြန်လိုက်သည်။

SIPRI သည် ပဋိပက္ခ၊ လက်နက်တပ်ဆင်ရေး၊ လက်နက်ထိန်းချုပ်ရေးနှင့် လက်နက်ဖျက်သိမ်းရေးတို့ကို အာရုံစိုက်သည့် လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည်။

နယ်စပ်တင်းမာမှုများနှင့် အိန္ဒိယတွင်ထုတ်လုပ်ပါ မူဝါဒ
SIPRI ၏ အဆိုအရ အိန္ဒိယ၏ နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၂၀ တွင် 0.9% နှင့် ၂၀၁၂ ခုနှစ်မှ 33% အထိ တက်လာသည် - အိန္ဒိယ၏ ပြည်တွင်းထုတ်လက်နက်များ ပိုမိုထုတ်လုပ်ရန်အပြင် တရုတ် ပါကစ္စတန်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အခြေအနေများကလည်း တွန်းအားပေးနေသည့် လက္ခဏာဖြစ်နေသည်။

“ရံဖန်ရံခါ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ကြတဲ့ တရုတ် ပါကစ္စတန်တို့နဲ့ နယ်နိမိတ် အငြင်းပွားမှုတွေ တင်းမာမှုတွေ ကြားမှာ အိန္ဒိယဟာ သူ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ခေတ်မီအောင် ဦးစားပေး လုပ်ဆောင်နေပြီး လက်နက်ထုတ်လုပ်ရေးမှာလည်း ကိုယ့်ကိုယ်ကို မှီခိုအားထားမှုကို ဦးစားပေး လုပ်ဆောင်နေပါတယ်။ ပြည်တွင်းထုတ်လက်နက်လုပ်ငန်းကို အားကောင်းလာစေဖို့ တွန်းအားပေးမှုအနေနဲ့ ၂၀၂၁ ခုနှစ် အိန္ဒိယစစ်ဘက်ဘတ်ဂျက် သုံးစွဲမှုရဲ့ ၆၄ ရာခိုင်နှုန်းကို ပြည်တွင်းထုတ် လက်နက်တွေဝယ်ဖို့ လျာထားခဲ့ပါတယ်" ဟု SIPRI မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ တင်ပို့ခြင်း
ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သော SIPRI အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံက ယခုနှစ်တွင် ချုပ်ဆိုခဲ့သော အမြင့်မားဆုံးသော ပို့ကုန်သဘောတူညီချက်များထဲမှ တစ်ခုသည် အသံထက်မြန်သော BrahMos ဒုံးကျည် တင်ပို့ရန်အတွက် ဖိလစ်ပီနှင့် ဒေါ်လာ ၃၇၅ သန်း (သို့မဟုတ် ရူပီး ၂၈၇၂ ကုဋေ) သဘောတူညီချက်ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သောငါးနှစ်အတွင်း အိန္ဒိယ ကာကွယ်ရေး တင်ပို့မှု၏ အကြီးမားဆုံး အကျိုးခံစားခွင့်မှာ မြန်မာနိုင်ငံမှဖြစ်သည်။

မြန်မာအတွက် တရုတ် ၃၆ ရာခိုင်နှုန်း ရုရှား ၂၇ ရာခိုင်နှုန်းနှင့် အိန္ဒိယသည် တတိယအကြီးဆုံး ရောင်းချသူဖြစ်ပြီး ၁၇ ရာခိုင်နှုန်းရှိကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

SIPRI ၏ နိုင်ငံတကာ လက်နက်လွှဲပြောင်းရေး လမ်းကြောင်းများဆိုင်ရာ အချက်အလက်များအရ အိန္ဒိယ၏ ကာကွယ်ရေး တင်ပို့မှု၏ ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖျင်း ၅၀ ရာခိုင်နှုန်းသည် ၎င်း၏ အိမ်နီးချင်း မြန်မာသို့ ၊ ထို့နောက်တွင် သီရိလင်္ကာသို့ ၂၅ ရာခိုင်နှုန်းနှင့် Armenia သို့ ၁၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ThePrint
တွင်ဖော်ပြထားသော
RAGHAV BIKHCHANDANI
26 April, 2022 07:30 am IST
၏ဆောင်းပါးကို ကောက်နှုတ်ဖော်ပြပါသည်

Image 24

မြဝတီ ချစ်ကြည်ရေးတံတားအနီး ဗုံးပေါက်၂၀၂၂ ဧပြီလ ၂၄၂၀၂၂ ဧပြီလ ၂၃ မြန်မာစံတော်ချိန် ည ၁၀:၂၀ က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်...
24/04/2022

မြဝတီ ချစ်ကြည်ရေးတံတားအနီး ဗုံးပေါက်

၂၀၂၂ ဧပြီလ ၂၄

၂၀၂၂ ဧပြီလ ၂၃ မြန်မာစံတော်ချိန် ည ၁၀:၂၀ က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအနီးကားဂိုထောင်တစ်ခုတွင် ဗုံးပေါက်ကွဲသဖြင့် အပျက်အစီးကြီးမားကြောင်းသိရှိရသည်။
အဆောက်အဦးနှင့် ကားများပျက်ဆီးခဲ့သော ဗုံးပေါက်သံကို သောင်ရင်းမြစ်မှ ၄ မိုင်ကျော်ကွာဝေးသော ထိုင်းနိုင်ငံ မဲဆောက်မြို့လယ်အတွင်းမှပင် အလွန်ကျယ်လောင်စွာ ကြားသိရသည်ဟု သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် တံတားထိပ်ရှိဂိတ်လည်း မီးလောင်သွားသလို ရဲ ၂ ဦးဒဏ်ရာရကြောင်းသိရသည်။
လတ်တလောအချိန်အထိ ဤပေါက်ကွဲမှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်ကြောင်း ကြေငြာခြင်းမရှိသေးပါ။

ဓါတ်ပုံ CJ

#မြဝတီ #ချစ်ကြည်ရေးတံတား #ဗုံးပေါက်ကွဲ

A bomb explodes near the Myawaddy Friendship Bridge

April 24, 2022

April 23, 2022, 10:20 pm Myanmar Standard Time, Karen State.
A garage bomb exploded at a Thai-Burmese Friendship Bridge in Myawaddy, causing severe damage.
The explosion can be heard clearly in the center of Mae Sot, Thailand, more than four miles from Myawaddy.
A mine explosion also set fire to a gate at the bridge entrance and injured two policemen.
To date, no group has claimed responsibility for the blast.

Photo CJ

Bridge Explosion

Address


Website

Alerts

Be the first to know and let us send you an email when Burma Image 24 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share