South Dagon Information -SDG

  • Home
  • South Dagon Information -SDG

South Dagon Information -SDG Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from South Dagon Information -SDG, News & Media Website, .

16/07/2024

တောင်ဒဂုံ

Samanea Yangon Market
အတွင်းမှာရန်ကုန်တိုင်းမှူးသားနှင့်အဖွဲ့ ညတိုင်းနီးပါး ပြိုင်ကားမောင်းပြိုင်ပွဲကျင်းပနေကြောင်းသိရှိရပြီ စစ်တပ်မှ လုံခြုံရေးချထားပေး။

နှိပ်ရန် - https://t.me/SouthDagon/3365

သတင်းပေးလိုပါက -https://t.me/SDG_informer ()

7.7.62 Don't Forget ===============လွန်ခဲ့သော ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားမျာ...
07/07/2024

7.7.62 Don't Forget
===============

လွန်ခဲ့သော ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများစွာကို ပစ်သတ်ပြီး သမဂ္ဂအဆောက်အအုံအား ဒိုင်းနမိုက်ဖြင့် ရက်စက်စွာဖျက်ဆီး ခဲ့ကြသည့် အာဏာရှင်များ ၏ ရက်စက်မှုနှင့် သမိုင်းတို့အား မမေ့ကြရန် ရန်ကုန်မြို့ လုံခြုံရေးကြပ်တည်းသည့် နေရာများတွင် ကျွန်တော်တို့ AJAY ရဲဘော်များမှ ဓာတ်ပုံရိုက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

စစ်အာဏာရှင်တို့၏ ဆိုးဝါးရက်စက်မှုသည် မိမိတို့ နိုင်ငံတွင် နှစ်ပေါင်းများစွာ ကြာမြင့်နေသည်ကို သတိပြုမိရန်လိုအပ်ပြီး ထိုစနစ်ဆိုးအား အခွင့်ခါကြုံခိုက်တွင် အမိအရ အမြစ်ဖြတ်ရန်အတွက် တော်လှန်ရေးအား တတ်နိုင်သည့်ဘက်မှ အားစိုက်ပါဝင်ကြပါရန်လည်း မိမိတို့မှ ပြည်သူများအား တစ်ပါတည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု ( AJAY )

ေ့ကြနဲ့

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

#တော်လှန်သွေးမကုန်တောင်ဒဂုံသပိတ်အင်အားစု

04/07/2024

ထမင်းစားတိုင်း လူမဖြစ်နိုင်ဘူးဆိုတာ
အဲ့ဒါကိုပြောတာ

28/06/2024

တောင်ဒဂုံဧည့်စစ်သတင်း

၁၉ ရပ်ကွက် ဂိတ်ဟောင်းမှတ်တိုင်အနီး ယနေ့ည 10:30 Pm ဝန်းကျင် ခန့်က ဂိတ်ဝေါင်းမှတ်တိုင်အနီး သန်းကြွယ်လက်ဖက်ဆိုင်မှ ဆိုင်ဝန်ထမ်းများအား အပြင်ထွက် မတ်တပ်ရပ်ခိုင်းထားကြောင်း တောင်ဒဂုံ အတွင်းနေ ပြည်သူတစ်ဦးထံမှ သတင်းရရှိခဲ့ပါသည်။
သီရိမွန် စတိုးနား အစစ်အဆေးကြမ်းနေ၊ ကားပေါ်ကလူတွေကို အောက်ဆင်းခိုင်းပြီး ဖုန်းတွေကိုပါ ရှာဖွေစစ်ဆေးခဲ့ကြောင်း ထပ်မံသိရှိရ။

နှိပ်ရန် - https://t.me/SouthDagon/3365

သတင်းပေးလိုပါက -https://t.me/SDG_informer ()

တိုက်ရင်းသေမလား ငတ်ရင်သေမလား စစ်မျက်နှာပေါင်းစုံမှာ အရှက်တကွဲ ရှုံးနိမ့်နေတဲ့ စစ်အုပ်စုဟာ ခေါင်းမာမာနဲ့ နောက်ဆုံးအချိန်ထ...
18/06/2024

တိုက်ရင်းသေမလား ငတ်ရင်သေမလား

စစ်မျက်နှာပေါင်းစုံမှာ အရှက်တကွဲ ရှုံးနိမ့်နေတဲ့ စစ်အုပ်စုဟာ ခေါင်းမာမာနဲ့ နောက်ဆုံးအချိန်ထိ အာဏာကို ဖက်တွယ်ထားနိုင်ဖို့အတွက် လူထုအပေါ် အကြီးအကျယ်ဖိနှိပ်နေပါတယ်။ လူထုရဲ့ နေ့စဥ်ဘဝတွေသည် ပုံစံပေါင်းစုံနဲ့ ဖိနှိပ်ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ တနေ့ထက် တနေ့ ပိုတိုးလာနေပါတယ်။

ဒါ့အပြင် တနေ့ချင်းဆီ တက်နေတဲ့ ကုန်စျေးနှုန်းတွေကြောင့် စျေးသွားတိုင်း သွေးတက်ရတဲ့ အခြေအနေ၊ တနေ့ ထမင်းတနပ် စားဖို့ တောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ အခြေအနေတွေ ကို မြို့ပြအပါအဝင် တိုင်းပြည်ရဲ့ နေရာဒေသပေါင်းစုံမှာ ဖြစ်နေပါပြီ။

စီးပွားရေးပျက်ကပ်ကို ငွေရိုက်ထုတ်ပြီး ဖြေရှင်း၊ စစ်ပွဲရဲ့ အရှုံးကို စစ်မှုထမ်း စနစ်နဲ့ စစ်သား ရိုက်ထုတ် ပြီး ဖြေရှင်းနေတဲ့ စစ်အုပ်စုကြောင့် လူထု ရဲ့ ဘဝတွေဟာ စုတ်ပြတ်သပ်နေမှုကို ဆက်ပြီး သည်းခံနေရမယ့် အချိန်မဟုတ်..
လူထုရဲ့ ဒေါသသံတွေကို ကြွေးကြော်သံ၊ ရုန်းကန်သံတွေအဖြစ် ပြောင်းလဲ​တိုက်ပွဲဝင်ကြရမယ့် အချိန် ဖြစ်ပါတယ်..။

ဒီရည်ရွယ်ချက်နဲ့ AJAY သပိတ်ရဲဘော်များဟာ ဒီကနေ့ ဇွန် ၁၈ ရက်နေ့ရဲ့ ရန်ကုန်မိုးရေစက်တွေကြား မှာ ပြောက်ကျား သပိတ်တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြပါတယ်။

“ တိုက်ရင်းသေးမလား ငတ်ရင်သေမလား

“ ဆီတစ်ပိဿာ တစ်သောင်းကျပ် မင်းအောင်လှိုင် ခေါင်းကိုဖြတ်”

စာသားတွေကို ကြွေးကြော် ကိုင်ဆောင်ခဲ့ကြပြီး ဇွန် ၁၉ ရက် ပန်းသပိတ်မှာ ပါဝင်ကြဖို့နဲ့ စစ်အုပ်စု ကပ်ပါးကောင်တွေကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ပွဲဝင် ဆန့်ကျင်ကြဖို့ကို လှုံံဆော် ခဲ့ကြပါတယ်။

“ သေမြေကြီး ရှင်ရွှေထီး”

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု

18/05/2024

တောင်ဒဂုံမြို့နယ် စက်မှုဇုန်အတွင်းရှိ မှ အထည်ချုပ်စက်ရုံတစ်ခုတွင် ၂ရက်တိတိ သရဲများဝင်ပူးနေကြောင်းသိရ။

တောင်ဒဂုံအတွင်းက သိန်းဝ ဆိုတဲ့ အထည်ချုပ်စက်ရုံမှာ 17.5.2024 မနက်ပိုင်း သရဲတွေဝင်ပူးလို့ အလုပ်သမားတွေကို ပြန်လွှတ်လိုက်တယ်လို့သိရတယ်။
ပူးတဲ့ထဲမှာ ယောက်ျားလေးတွေလည်းပါတယ် တစ်ရုံလုံးလည်း အော်ဟစ်သောင်းကျန်းနေလို့ ကြောက်တဲ့သူကကြောက် သတိလစ်တဲ့သူကလစ် ငိုတဲ့သူက ငိုနဲ့ တော်တော်လေး အခြေနေဆိုးဝါးလာလို့ အလုပ်သမားတွေကိုပြန်လွှတ်လိုက်တယ်။
ဒီနေ့မနက် 18.5.2024 အလုပ်ထဲရောက်တာနဲ့ အကုန်ထပ်ဝင်ပူးလို့ အလုပ်သမားတွေက ပြန်လွတ်ဖို့တောင်းဆိုကြပေမယ့် အလုပ်ရှင်သူဌေးမက ဘယ်သူမ မပြန်ကြနဲ့ ပြန်တာနဲ့ အကုန် လစာဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ အလုပ်သမားတွေ ဘယ်သူမှမပြန်ရဲ အာ့အလုပ်ရုံထဲမှာပဲ ရှိနေသေးတယ်။ နောက်ဆုံးသိရတာတော့ ကောင်မလေးတစ်ယောက် သတိလစ်ပြီး သတိပြန်မလည်လာပဲ သွေးမလျှောက်တော့လို့ ဆေးရုံတင်လိုက်ရတယ်
အခုချိန်ထိတော့ အသက်ရှင်လား သေလား မသိရသေးဘူး။ မနိုင်တော့တဲ့အဆုံးမှ အလုပ်ရှင်သူဌေးမက ဘုန်းကြီးတရားနာပြီး အကုန်ပြန်လွှတ်မယ်လို့ ပြောပါတယ်"

ဟု ထိုစက်ရုံမှအလုပ်သမားတစ်ချို့ဆီက သိရပါတယ်။

13/05/2024

တော်လှန်ရေးပြီးရင် အခုရပ်ကွက်ထဲက ဒလန်တွေကို ဘာလုပ်ဖို့ စဥ်းစားထားကြလဲဗျို့။

လမ်းကြုံဝင်ကူပေးသွားလိုက်ကြပါအုန်းဗျို့
29/04/2024

လမ်းကြုံဝင်ကူပေးသွားလိုက်ကြပါအုန်းဗျို့

မြေပြင်သပိတ်တိုက်ပွဲတွေတော်လှန်ရေးကာလ၃နှစ်ပြည့်အထိဘာကြောင့်ရှိနေသေးတာလဲ?

မြေပြင်သပိတ်တိုက်ပွဲတွေဟာ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အသံကို ကိုယ်စားပြုကာ တစ်ကမ္ဘာလုံးသိနိုင်မြင်နိုင်ကြားနိုင်အောင် ထုတ်​ဖော်ပြသနိုင်ခြင်းဖြစ်သလို ၊ မတရားမှုကို လက်ကိုင်ဆွဲထားသော အာဏာရှင်လူတစ်စု၏ လုပ်ရပ်တွေကို ကွဲကွဲပြားပြား ဖော်ထုတ်ပြသခြင်း ဖြစ်သည့်အတွက် မြေပြင်သပိတ်တိုက်ပွဲများသည် ယနေ့တော်လှန်ရေးကာလ၃နှစ်ကျော်သည့်အထိ ဆက်လက်တည်ရှိနေရုံသာမက တော်လှန်ရေးလွန်ကာလများတွင် မတရားမှုမှန်သမျှ ပျက်သုဉ်းရေးအတွက် ဆက်လက်ရှိနေအုန်းမည်ဖြစ်ပါတယ်။

#မြေပြင်သပိတ်ရဲဘော်များ #အလံမလိပ်အသံမတိတ်

10/04/2024

သင်္ကြန်ပျော်ရမလား မပျော်ရမလား ဝေခွဲမရဖြစ်နေရင် ပျော်ပါ ပျော်လိုက်ကြပါ
ကိုယ့်အိမ်ရှေ့ ကိုယ့်ခြံဝန်းထဲနှင့် ရပ်ကွက်အတွင်းမှာသာပျော်ကြပါ
စကစ နဲ့ ပတ်သတ်တဲ့ မဏ္ဍပ်တွေအရှေ့မှာ သွားမပျော်ပါနဲ့ လမ်းမကြီးတွေပေါ် တက်မဆော့ကြပါနဲ့ ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ပျော်ကြပါ။
🔴လူသူထူထပ်နေတဲ့နေရာတွေအသွားအလာဆင်ခြင်ပါ

22/03/2024

တောင်ဒဂုံ

၇၂ ရပ်ကွက် ဒလန် ပျုစောထီး များ၏ အချက်အလက်များအား အောက်ပါ Link တိုင်းဝင်ရောက်ကြည့်ရှုနိူင်ပါသည်။

👇👇
https://t.me/SouthDagon/3928?single

ထိုကဲ့သိုအချက်အလက်များပေးပို့လိုပါက ကျွန်တော်တို့ South Dagon Information -SDG ထံသို့ ပေးပို့နိုင်ပါသည်။

နှိပ်ရန် - https://t.me/SouthDagon/3365

သတင်းပေးလိုပါက -https://t.me/SDG_informer ()

21/03/2024

စစ်မှုထမ်းစာရင်းများအား ပြည်သူ့ဆန္ဒမပါပဲ အတင်းအဓ္ဓမကောက်ခံနေသော ရပ်ကျေးအုပ်ရေးမှူး၊ ပျုစောထီး ၊ ဒလန် များ၏ အချက်အလက်များ သတင်းပေးပို့နိုင်

တောင်ဒဂုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးအချိန်မှစ၍ စစ်မှုထမ်းရန် လူငယ်များ၏ အချက်အလက်များအတင်းအ​​ကြပ်ကောက်ခံကာ မဲများရွေးချယ်၍
ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် နောက်လိုက် ပျု၊ဒလန် များသည် ပြည်သူများအား စစ်မှုမထမ်းလိုပါက ခြိမ်းခြောက်အကြပ်ကိုင်ငွေညှစ်မှုများပြုလုပ်လျက်ရှိသည်။

ရပ်ကျေးဥက္ကဌများ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများ ၊ ပျုစောထီး နှင့် ဒလန်များ၏
အမည်
လိပ်စာ
ဓာတ်ပုံများအား အတိအကျ ကျွန်တော်တို့ South Dagon Information -SDG ထံသို့ ပေးပို့နိုင်ပါသည်။
ပြည်သူများအား နေ့စဥ်နှင့်အမျှ စိတ်ဒုက္ခပေးနေသော ထိုသူများ၏ အချက်အလက်အများ ကျွန်တော်တို့လက်ထဲ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အရေးယူမှူများ ပြုလုပ်သွားပါမည်။

နှိပ်ရန် - https://t.me/SouthDagon/3365

သတင်းပေးလိုပါက -https://t.me/SDG_informer ()

05/03/2024

ပြန်သုံးလို့ရရင်လည်း စောက်ပေါက်ပိတ်ထားကြ မျက်စိနောက်တယ်။

25/02/2024

🔴 တောင်ဒဂုံမြို့နယ်တွင် တစ်ပတ်တာအတွင်းပြည်သူ ၁၁ ဦးအား အကြောင်းမဲ့ဖမ်းဆီးငွေညှစ်

​ဖေဖော်ဝါရီလ ၁၈ရက်နေ့ ယနေ့လည် ၃ နာရီ ၂၈ မိနစ်ဝန်းကျင်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၅၃ ရပ်ကွက်၊ လွိုင်ကော်လမ်း၊ ဘောလုံးကွင်းအရှေ့၌ အကြမ်းဖက်သိန်းငှက်အဖွဲ့မှ အပြစ်မဲ့ပြည်သူ လူငယ် ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က ၁၉ စျေးနားမှာ လူငယ် ၂ ဦးနဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကားတစ်စီးမှ ဖမ်းခေါ်သွားပြီး လူ ၃ ဦးကို ၅ သိန်း နဲ့ ရွေးခဲ့ရကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၁၉ ရပ်ကွက် မာလာမြိုင် ၄လမ်းတွင် စခနဲ့ရခများ လူငယ်၄ဦးအားဖမ်းသွားကြောင်းသိရှိရ။

ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် 70 ရပ်ကွက် နဝဒေးလမ်းနှင့် ရာဇသင်္ကြန်လမ်းထောင့် တွင် နေ့လည်3နာရီကျော်ခန့်က လမ်းအုတ်ခုံတွင် ဘီယာသောက်နေသော လူ ၂ဦးအား သိမ်းဌက်အဖွဲ့မှ ဖမ်းဆိးသွားပြီးတစ်ဦးလျှင် ငွေ5သောင်းဖြင့်ပြန်ရွေးရကြောင်း သတင်းရရှိ။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ့ပိုင်းတွင် တောင်ဒဂုံမြို့နယ်၊ ၁၇ ရပ်ကွက်၊ ကြက်ဒိုင်အနီး၌ အကြမ်းဖက် တပ်သားများနှင့် လက်အောက်ခံ အဖွဲ့ဝင်များမှ အလုပ်မှ ပြန်လာသော လူငယ် ၂ ဦးအား အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

နှိပ်ရန် - https://t.me/SouthDagon/3365

သတင်းပေးလိုပါက -https://t.me/SDG_informer ()

တောင်ဒဂုံတွင် စစ်ကောင်စီမှ လက်ကမ်းစာစောင်များဝေကာ ဝါဒဖြန့်နေ။အမျိုးသမီးများအား စစ်မှုထမ်းမခေါ်ယူဘူး ဟု ပြောနေသော်လည်း အမ...
24/02/2024

တောင်ဒဂုံတွင် စစ်ကောင်စီမှ လက်ကမ်းစာစောင်များဝေကာ ဝါဒဖြန့်နေ။
အမျိုးသမီးများအား စစ်မှုထမ်းမခေါ်ယူဘူး ဟု ပြောနေသော်လည်း အမှတ်စဥ် (၅) တွင် အသက် ၁၈ နှစ်မှ ၂၇ အတွင်း ကျွမ်းကျင်သူအမျိုးသမီးတစ်ဦး အသက် ၁၈ မှ ၃၅ နှစ်အတွင်း ခေါ်ယူမှာဖြစ်ကြောင်းရေးသားထား။
စစ်မှုထမ်းဥပဒေကြေညာပြီးသည့်အချိန်မှစ၍ ပျောက်ဆုံးနေသော လူငယ်များထဲတွင်လည်း အမျိုးသမီးငယ်များပါဝင်နေ။

14/02/2024

တောင်ဒဂုံ

၂၄ ရပ်ကွက် ဧည့်စစ်ဝင်မည် ဟု ပြောသွားကြောင်းသတင်းရရှိ။

source - SDS

14/02/2024

ည ၉နာရီ ကျော်လျှင် လမ်းမကြီးပေါ်တွေမှာ သွားလာခြင်းမပြုကြပါနဲ့ခင်ဗျ။

နေအိမ် မှ ပြင်ပသို့ ည၉နာရီကျော်လျှင် လုံးဝအပြင်မထွက်ပါနဲ့ခင်ဗျ။

14/02/2024

‼️‼️တောင်ဒဂုံသတင်းပေးဖိတ်ခေါ်ခြင်း

တောင်ဒဂုံမြို့နယ်တွင်းရှိ သတင်းများပေးပို့လို့ပါက https://t.me/SouthDagon/3365 သို့ပေးပို့နိုင်ပါတယ်ခင်ဗျာ။

တောင်ဒဂုံမြို့နယ်သတင်းများဖတ်ရှုလိုပါက - https://t.me/SouthDagon channelကိုsubscribe လုပ်ပေးထားပါခင်ဗျာ။

တောင်ဒဂုံမြို့နယ် သတင်းအကြောင်းအရာများအားဆွေးနွေးလိုပါက https://t.me/Nway_Oo_South_Dagon Discussion Groupတွင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

ယခုကျွန်တော်တို့တော်လှန်ရေးကာလမှာ အရှိန်အဟုန်ကောင်းစွာဖြင့် အတူတကွ ပူပေါင်း၍ တိုက်ပွဲဝင်နေသောကာလ ဖြစ်ပါသည်။
မိဘပြည်သူများအနေဖြင့် ကျွန်တော်တို့ဆီကို စခ ရခ သတင်းများ‌၊ဒလန်သတင်းများ၊ ထူးခြားဖစ်စဉ်များအား သတင်းပေးပို့၍ ကျွန်တော်တို့၏ တော်လှန်ရေးအစိတ်အပိုင်းတစ်ခုဖြင့် ပူပေါင်းပါဝင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။မိဘပြည်သူနှင့် ကျွန်တော်တို့တော်လှန်ရေးမိသားစုကြီး တစ်သားတည်းရပ်တည်ပြီး
စစ်အာဏာရှင်ကို အမြတ်ဖြတ် တော်လှန်‌ကြရအောင်။ကျွန်တော်တို့ရဲ့ ဘဝကို
ကျွန်တော်တို့သာပိုင်ပါတယ်။မတရားအုပ်ချုပ်မှု အလိုမရှိပါ။

#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ

13/02/2024

တောင်ဒဂုံမြို့နယ်

ယနေ့ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် ၂၊ တော်ဝင် အရည်ကြိုဆိုင်ရှေ့၌ အကြမ်းဖက်တပ်သားများမှ လူငယ် ၁၅ ဦးအား အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။

Source - RSN

13/02/2024

တောင်ဒဂုံ

၆၃ ရပ်ကွက်ရုံး ခွေးများရောက်နေ

#အသွားအလာဂရုစိုက်ကြပါခင်ဗျာ

နှိပ်ရန် - https://t.me/SouthDagon/3365

သတင်းပေးလိုပါက -https://t.me/SDG_informer ()

13/02/2024

တောင်ဒဂုံ

စခ DC 2 စီး
၁၉ တံတားထိပ် ဇေယျာမြိုင်မှ ၅၄ ဘက်သို့တက်သွား။

#အသွားအလာဂရုစိုက်ကြပါခင်ဗျာ

နှိပ်ရန် - https://t.me/SouthDagon/3365

သတင်းပေးလိုပါက -https://t.me/SDG_informer ()

12/02/2024

ဒီည တောင်ဒဂုံ ၂၂ ရပ်ကွက် ဧည့်စစ်နိုင်ချေရှိကြောင်း သတင်းရရှိ။

နှိပ်ရန် - https://t.me/SouthDagon/3365

သတင်းပေးလိုပါက -https://t.me/SDG_informer ()

12/02/2024

တောင်ဒဂုံ ( 12.2.2024)

ယနေ့ည ၇နာရီ ၃၀ မိနစ်ခန့်တွင် ၇၁ ရုံးရှေ့တွင် အိမ်စီးကားတစ်စီး DC ၁ စီး ရပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရ။

#အသွားအလာဂရုစိုက်ကြပါခင်ဗျာ

နှိပ်ရန် - https://t.me/SouthDagon/3365
သတင်းပေးလိုပါက -https://t.me/SDG_informer ()

12/02/2024

တောင်ဒဂုံမြို့နယ်

ညနေ ၅ နာရီလောက်က စက်မူဇုန် ၁ ပေါ်ပြူလာ ပလတ်စတစ်စက်ရုံရှေ့၌ လူငယ်အမျိုးသား ၁၇ ဦးကို စစ်ခွေးတွေ ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းက အတည်လားဗျ အဲ့နေရာမှာနေတဲ့သူများ အတည်ပြုပေးကြပါအုန်းဗျ။


#အသွားအလာဂရုစိုက်ကြပါခင်ဗျာ

11/02/2024

အခုအချိန် တောင်ဒဂုံ မောင်းမကန်လမ်းမ နှင့် ဘုန်းကြီးကျောင်းကွေ့ ထိပ်မှာ စစ်ခွေး ပျု ခွေးဘဲဥ အင်အားအများအပြားရှိနေ။

#အသွားအလာဂရုစိုက်ကြပါခင်ဗျာ

နှိပ်ရန် - https://t.me/SouthDagon/3365

သတင်းပေးလိုပါက -https://t.me/SDG_informer ()

အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်းကို စစ်မှု မထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပြီး ပြည်သူတိုင်းကို စစ်မှုထမ်းရန် ဆင့် ခေါ်...
10/02/2024

အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်းကို စစ်မှု မထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပြီး ပြည်သူတိုင်းကို စစ်မှုထမ်းရန် ဆင့် ခေါ်ခွင့်ရှိသည့် အာဏာကို စတင်ကျင့်သုံးကြောင်း ယနေ့ ညတွင် ကြေညာသည်။

ယခင် စစ်အာဏာရှင် နအဖ က ပြဋ္ဌာန်းခဲ့သည့် ဥပဒေအမှတ် ၂၇၊ ၂၀၂၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းထားသော အဆိုပါ ဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း စစ်မှုထမ်းရန် အကြမ်းဖက် စစ်ကောင်စီက ဆင့်ခေါ်မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းရန်ကာလကို (က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ (ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်သည်ဟု ဥပဒေက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း သေဆုံးမှုများပြီး စစ်သားရှားပါးလာသဖြင့် နောက်ဆုံးတွင် စစ်မှုမထမ်းမနေရ ဥပဒေကို အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

crd khit thit

08/02/2024

ကိုယ့်ရဲဘော် ကိုယ့်သား ကိုယ့်သမီး ကိုယ့်မိသားစု ကိုယ့်သူငယ်ချင်းတွေ
တစ်နေ့တစ်နေ့ရင်းပြီး တိုက်နေရတဲ့တော်လှန်ရေးဟာ
စစ်အာဏာရှင်စနစ်အမြစ်ပြတ်မှသာ ရင်းရတာ တန်ပါမည်။

#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#ဖက်ဆစ်ဝါဒအမြစ်ဖြတ်ကြ
#အရေးတော်ပုံအောင်ရမည်

၁၀ နာရီထိုးတော့မယ်နော် ညီစေနော် ကိုယ့်လူတို့
01/02/2024

၁၀ နာရီထိုးတော့မယ်နော် ညီစေနော် ကိုယ့်လူတို့


ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် မကြာမီမှာ...
28/01/2024

ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် မကြာမီမှာ (၃) နှစ် ပြည့်ချေတော့မည်။

အခုနှစ် (၂၀၂၄ ခုနှစ်) ကတော့ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံးအနေနဲ့ တော်လှန်တိုက််ပွဲမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ရမယ့် နှစ်ပဲ။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံး “အဆုံးသတ်တိုက်ပွဲ” ကို နွှဲဆင်ရမယ့်ကာလပဲလို့ အပြည့်အဝ ခံယူထားကြပါတယ်။

ဒီတော်လှန်ရေးက “ပြည်သူ့တော်လှန်ရေး” ပါ။ ကျွန်ုပ်တို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို “ထောက်ခံပါတယ်” ဆိုတာထက် ပိုတဲ့ “လက်တွေ့ပူးပေါင်းပါဝင်မှု” များနဲ့ သက်သေပြရမယ့်အချိန်ပါ။

စစ်ရေးအရှိန်၊ လက်နက်ကိုင်တိုက်ပွဲ (Armed Resistance) ကတော့ အားလုံးသိကြတဲ့အတိုင်း တလှိုင်းပြီး တလှိုင်းဆိုသလို မြှင့်သထက် မြင့်၊ တက်သထက် တက်လာဖို့ပါပဲ။ ဒီအချိန်မှာ ကျွန်ုပ်တို့အနေနဲ့လည်း ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ မဖြစ်မနေ လိုအပ်ပါမယ်။ ဒီပြည်သူ့တော်လှန်ရေးကြီးမှာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု (Civil Resistance) သည် အဓိကတိုက်ပွဲမဏ္ဍိုင်ကြီးတရပ်အဖြစ် ရှိနေတာကို ပြည်သူများ သဘောပေါက်၊ နားလည်ထားကြပြီးလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ (၂) ရပ်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီ ပေါင်းစပ်ဆင်နွှဲကြတဲ့ (Total Resistance) အားဖြင့်ပဲ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ဖော်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်၊ အခု တော်လှန်ရေးကြီး (၃) နှစ်ပြည့်တဲ့ (၂၀၂၄) ခု၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြတဲ့ အောက်ပါလူထုတိုက်ပွဲလှုပ်ရှားမှုများကို ဖော်ဆောင်ကြပါမယ်ခင်ဗျား။

❐ အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike)

(ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း)

Silent Strike (အပြင်မထွက်၊ အသံတိတ်သပိတ်) ဟေ့ဆိုရင် ပြည်သူအားလုံး ရင်းနှီးကျွမ်းဝင်ကြပြီးသားပါပဲ။ နေရာဒေသမရွေး လူထုအားလုံး ပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာကြီးဖြစ်သလို စစ်အာဏာရူးတွေ ဒူးတုန်အောင်ကြောက်တဲ့ သပိတ်ကြီးပါ။ မြန်မာလူထုရဲ့ တော်လှန်စိတ်၊ ဇွဲသတ္တိနဲ့ စုစည်းညီညွတ်မှုကို တကမ္ဘာလုံးက အသိအမှတ်ပြု၊ အံ့ဩကြရတဲ့ တိုက်ပွဲနည်းနာကြီးလည်း ဖြစ်ပါတယ်။ ဒီနည်းနာက အသံတိတ်ပေမယ့် အလံလိပ်တာ လုံးဝ မဟုတ်ပါဘူး။ ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်ဆိုတာ ပြည်သူ့သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ။

ဒီ Silent Strike ရဲ့ ဆိုလိုရင်းက အဲ့ဒီရက်၊ အဲ့ဒီအချိန်တွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့ပဲ။ ပြည်သူတွေက အပြင်ကို မထွက်ကြဖို့ပဲ။ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြဖို့ပါပဲ။ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင် ဆင်နွှဲကြမယ်နော်။

❐ အဖြူရောင် လှုပ်ရှားမှု (White Campaign)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်လှုပ်ရှားမှုကို (၂၀၀၇) ရွှေဝါရောင််တော်လှန်ရေးမတိုင်ခင် ကာလများကတည်းက ဖော်ဆောင်ခဲ့ကြဖူးပါတယ်။ လူထုနဲ့ မစိမ်းလှပါဘူး။ အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြတဲ့ လှုပ်ရှားမှုပါ။

အခု ပြည်တွင်းပြည်ပ လူထုတရပ်လုံး ပူးပေါင်းဖော်ဆောင်ကြမယ့် အဖြူရောင်လှုပ်ရှားမှုကနေ အဓိက ရည်ရွယ်တောင်းဆိုချက် (၃) ခု ရှိပါတယ်-

(၁) အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ရပ်တန်းက ရပ်ကြဖို့၊

(၂) အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ကောက်ခံနေတဲ့ “သွေးစွန်းအခွန်အခ” တွေ လုံးဝ မပေးဆောင်ကြဖို့၊

(၃) အာဏာသိမ်းစစ်အုပ်စုရဲ့ အစတေးခံ၊ ထိုးကျွေးခံ ဘဝ ရောက်နေပြီဖြစ်တဲ့ မြေပြင်တပ်မှူးတပ်သားများအနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့၊ အလင်းဝင်ကြဖို့၊ “အလံဖြူ” ထောင်ကြဖို့။

White Campaign ကိုတော့ တော်လှန်ရေး (၃) နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနလ်ာနေ့တိုင်း ဖော်ဆောင်သွားကြဖို့ပါ။ အထူးသဖြင့် နိုင်ငံတကာရောက် ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း White Campaign ကို ပြည်ပမှာ အစွမ်းကုန် ဆင်နွှဲကြဖို့ အားခဲပြင်ဆင်နေကြပါတယ်။ ပြည်တွင်းပြည်ပ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။

ကျွန်ုပ်တို့ ပြည်သူတရပ်လုံး မျှော်ရည်တဲ့ အဆုံးသတ်အောင်ပွဲဆီကို လူထုတော်လှန်လှိုင်းလုံးကြီးတွေနဲ့အတူ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ချီတက်ကြပါစို့။

#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ







#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#ဖက်ဆစ်ဝါဒအမြစ်ဖြတ်ကြ။

#အရေးတော်ပုံအောင်ရမည်။

12/01/2024

၁၂.၁.၂၀၂၄ ရက်နေ့၊ ၂၂ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၇ရပ်ကွက်၊ ဂရုဏာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိပါသည်။

MFSD

01/01/2024

တော်လှန်နှစ်သစ်ပါဗျ။

Address


Website

Alerts

Be the first to know and let us send you an email when South Dagon Information -SDG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share