The Diplomat's Desk

  • Home
  • The Diplomat's Desk

The Diplomat's Desk Dedicated to fostering understanding of international relations, international law, and human rights.

အားလုံးပဲမင်္ဂလာ ညချမ်းပါ။ သတင်းဦး သတင်းထူးတွေထဲမှာတော့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြားက အပစ်အခတ်ရပ်ဆဲရေး ကိစ္စက ထိပ်ဆုံးက...
02/05/2024

အားလုံးပဲမင်္ဂလာ ညချမ်းပါ။

သတင်းဦး သတင်းထူးတွေထဲမှာတော့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြားက အပစ်အခတ်ရပ်ဆဲရေး ကိစ္စက ထိပ်ဆုံးက ရှိနေဦးပါမယ်။ အစ္စရေးပြည်တွင်းက လက်ယာစွန်းတချို့ကတော့ နေတန်ယာဟုကို အပစ်အခတ်ရပ်ဆဲရေး မလုပ်ဖို့ တိုက်တွန်းနေကြလေရဲ့။ အစ္စရေးပြည်တွင်း မှာလည်း အစွန်းရောက် အမျိုးသားရေးဝါဒီတွေရှိသလို အစ္စသမိုင်းမှာ ငြိမ်းချမ်းရေးနဲ့ နှစ်ပြည်ထောင်မူ ကို လိုလားခဲ့တဲ့ ခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ ဖူးပါတယ်။ ဒီတစ်ခေါက် အပစ်အခတ်ရပ် ဆဲရေးကတော့ အမေရိကန်ရဲ့ ဖိအားကြောင့်လို့ ယူဆလို့ ရပါတယ်။ အစ္စရေးရဲ့ ဂါဇာဒေသတွင်းက လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတကာ မျက်နှာစာမှာ အစ္စရေးကို အကာအကွယ်ပေးနေတဲ့ အမေရိကန်အနေနဲ့ အတော်လေးကို ဖိအားများနေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်ကတော့ အပစ်အခတ်ရပ်ဆဲနိုင်ရေးအတွက် အရှေ့အလယ်ပိုင်းဒေသတလျောက် ခရီးစဉ်တွေ ဆက်နေခဲ့တာပါ။ ဆော်ဒီ၊ ဂါဇာနဲ့ အစ္စရေးတို့ကိုပါ။ ဟိုတစ်ရက်က ဟားမတ်စ်တွေ ဓားစာခံတွေ ထုတ်ပြလာတဲ့ သတင်းမှာလည်း ကျွန်တော်ပြောခဲ့ပါတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင် တယ်ဆိုတာမရှိပါ။ Ref : BBC

ဒေသတွင်းမှာတော့ မိမိတို့ရဲ့ အာဆီယံမိတ်ဖက် အင်ဒိုနီးရှားဘက်မှာတော့ မြောက်ပိုင်း ဆူလာဝေဆီဒေသဘက်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က မီးတောင်ပေါက်ကွဲမှုဖြစ်လို့ လူပေါင်း ၁၂,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ Ref: CNN

ထူးခြားဖြစ်စဉ်တစ်ရပ်အနေနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၎င်းတို့ရဲ့ အာရှဒေသတွင် မဟာဗျူဟာမြောက် မိတ်ဖက် ဂျပန်နိုင်ငံဟာ နိုင်ငံခြားသား ကြောက်ရွံ့မှုတွေကြောင့် စီးပွားရေး ကျဆင်းနေရတာ ဖြစ်တယ်ဆိုပြီး တရုတ်၊ ရုရှားတို့နဲ့တန်းတူထား ဝေဖန်ခဲ့ပါတယ်။ ဘာလို့ အဲ့လိုထိပြောလဲဆိုတာ မသိနိုင်သေးပေးမယ့် ဂျပန်ငွေစျေးကတော့ အမှန်တကယ်ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ ခုဆိုတစ်ဒေါ်လာကို ဂျပန်ယန်း ၁၅၀ ကျော်သွားခဲ့ပါပြီ။ ယန်းစျေးဆက်ကျဖို့လည်း အလားအလာရှိနိုင်ပါတယ်။ အဓိကကတော့ အမေရိကန်ဗဟိုဘဏ်က ငွေကြေးဖောင်းပွတာတွေကို ကာကွယ်ဖို့ အတိုးနှုန်းကို မြှင့်လိုက်တဲ့အနေအထားမှာ ဂျပန်က အတိုးနှုန်းလိုက်မြှင့်တာမျိုး မရှိတော့ ကြားထဲမှာ ကွာဟချက်တွေများပြီး ငွေစျေးကျတာ ဖြစ်ပါတယ်။ အတိုးနှုန်းလိုက်မြှင့်ရင်လည်း ပြည်တွင်းစီးပွားရေးနဲ့ ချေးငွေကိစ္စတွေကို ရိုက်ခတ်မှုများနိုင်ပါတယ်။ Ref: CNN
ဒီနေ့တော့ ဒီလောက်ပါပဲ။
#တော်လှန်ရေးတွင်ပါဝင်ပါ။ #လူ့အခွင့်အရေးကိုလေးစားလိုက်နာပါ။
၂-၅-၂၀၂၄

အားလုံးပဲမင်္ဂလာ မနက်ခင်းပါ။ အရင်နေ့က ကျွန်တော်ဆွေးနွေးခဲ့တဲ့ အမေရိကန်တက္ကသိုလ် ပရဝုဏ်တွေအတွင်းက ဆန္ဒပြပွဲတွေဟာ ခုဆိုတစ်...
27/04/2024

အားလုံးပဲမင်္ဂလာ မနက်ခင်းပါ။

အရင်နေ့က ကျွန်တော်ဆွေးနွေးခဲ့တဲ့ အမေရိကန်တက္ကသိုလ် ပရဝုဏ်တွေအတွင်းက ဆန္ဒပြပွဲတွေဟာ ခုဆိုတစ်နိုင်ငံလုံးကို ပြန့်နှံ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု West Coast ဘက်မှာရှိတဲ့ Califonia ပြည်နယ်ထဲက တက္ကသိုလ်တစ်ချို့အပါအဝင် Taxas နဲ့ တစ်ချို့ပြည်နယ်တွေက တက္ကသိုလ်တွေကိုပါ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆန္ဒထုတ်ဖော်မှုတွေက ဂျူးလူမျိုးတွေကြီးစိုးတဲ့ အမေရိကန်နိုင်ငံရေးလောကကို ဘယ်လောက်ထိလှုပ်ခတ်မှု ပေးနိုင်မလဲ ဆက်စောင့်ကြည့်ကြတာပေါ့။
Ref: CNN

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ဖမ်းဆီးခံခဲ့ရတဲ့အထဲက ၂ ဦးရဲ့ ဗီဒီရိုဖိုင်တွေကို ဟားမတ်စ်အဖွဲ့က ထုတ်ပြန်လာခဲ့ပါတယ်။ ဗီဒီရိုထဲမှာ ပါဝင်တဲ့ နှစ်ဦးက အသက် ၆၄ နှစ်အရွယ် Keith Siegel နဲ့ အသက် ၄၇ နှစ်အရွယ် Omri Miran တို့ ဖြစ်ကြပြီး၊ နှစ်ဦးစလုံးကတော့ အစ္စရေးနိုင်ငံသားများ ဖြစ်ကြပါတယ်။ ကျွန်တော့်အထင်တော့ နိုင်ငံရေးအရ leverage လုပ်စရာရှိ လာလို့ ထုတ်ပြလာတယ်လို့ မြင်ပါတယ်။ ဒီ ဓားစာခံတွေကို တည်ပြီး ကစားတာမျိုး၊ ဆွေးနွေးညှိနှိုင်းတာမျိုး၊ တောင်းဆိုတာမျိုး ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေကတော့ စာမျက်နှာတွေပေါ် ပါလာမှာ မဟုတ်ပါဘူး။ Ref: USNewsToday

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတရှီကျင်းပင်ကတော့ တရုတ်နဲ့ အမေရိကန်ဟာ ပြိုင်ဘက်တွေ မဟုတ်ဘဲ မိတ်ဖက်တွေ ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါဟာ တရုတ်ဟာ အမေရိကန်နဲ့ ထိုက်တိုက်တွေ့လိုတဲ့ ဆန္ဒမရှိသေးဘဲ စီးပွားရေးအင်အားကောင်းအောင် ဆက်လက်တည်ဆောက် သွားချင်တဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ တောင်တရုတ် ပင်လယ်အရေး၊ TikTok၊ ထိုင်ဝမ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲစတဲ့ကိစ္စတွေမှာတော့ တကွေ့မဟုတ်တ‌‌ကွေ့မှာတော့ ပွတ်တိုက်မှုတွေ ရှိပါလိမ့်ဦးမယ်။
Ref: BBC Burmese

ဒီလောက်ဆို လုံလောက်ပါပြီ။ အားလုံးပဲ သာယာတဲ့ နေ့လေးဖြစ်ကြပါစေ။
#လူသားချင်းစာနာထောက်ထားသောအခြေခံအသိစိတ်ဖြင့်စစ်ဘေးရှောင်များကိုကူညီပါ။

Photo: China MOFA

၂၇-၄-၂၀၂၄
၁၈:၁၀ နာရီ

ဒီနေ့ကစပြီး တတ်နိုင်သမျှ နေ့တိုင်း မနက်ခင်း မှတ်စုတိုလေးတွေ တင်သွားပေးဖို့ ရှိပါမယ်။ နိုင်ငံတကာ အရေးအခင်းတွေအကြောင်းပေါ့...
26/04/2024

ဒီနေ့ကစပြီး တတ်နိုင်သမျှ နေ့တိုင်း မနက်ခင်း မှတ်စုတိုလေးတွေ တင်သွားပေးဖို့ ရှိပါမယ်။ နိုင်ငံတကာ အရေးအခင်းတွေအကြောင်းပေါ့။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ ထူးခြားဖြစ်စဉ်အနေနဲ့ ကိုလံဘီယာ၊ ယေးနဲ့ ဟားဗက်တက္ကသိုလ် ပရဝုဏ်တွေအတွင်းမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့တာပါ။ ပြဿနာရဲ့အစက ကိုလံဘီယာ တက္ကသိုလ်မှာ ပါလစ္စတိုင်းထောက်ခံသူတွေကို ရဲခေါ်တားဆီးခဲ့တာကနေ စခဲ့ပြီး ယေးတို့ဟားဗက်တို့တို့ထိပါ ကူးစက်ကုန်တာ ဖြစ်ပါတယ်။ ကိုလံဘီယာတက္ကသိုလ်ကတော့ Physical အတန်းတချို့ကို ပိတ်လိုက်ပြီး လက်ကျန်စာသင်နှစ်ကို Hybrid နဲ့ပဲသင်ကြားသွားမယ်လို့ ထုတ်ပြန် ပါတယ်။

တကယ်တော့ ဒီလိုဖြစ်ရပ်တွေဟာ အမေရိကန်ရဲ့ အစ္စရေး-ပါလစ္စတိုင်း မူဝါဒနဲ့လည်း အများကြီး သက်ဆိုင်တယ်ပြောရမယ်။ ပြီးခဲ့တဲ့အပတ်က လုံခြုံရေးကောင်စီမှာ ပါလစ္စတိုင်းရဲ့ တင်းပြည့်အဖွဲ့ဝင် အဖြစ် ဝင်ရောက်ဖို့ လျှောက်ထားတာကို အမေရိကန်က ဗီတိုသုံးပြီး ပယ်ချခဲ့ပါတယ်။ ဒီကြားထဲလည်း ဂါဇာနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကို ပြောင်ပြောင်တင်းတင်းပဲ အစ္စရေးဘက်က ရပ်တည်ပေးခဲ့တာပါ။ ဘာပဲပြောပြော ဒီအကျိုးဆက်တွေလည်း ပါပါတယ်။ ဒါကတော့ ကမ္ဘာ့အရေးအခင်းကနေ ရိုက်ခတ်လာတဲ့ အမေရိကန် ပြည်တွင်းရေးပေါ့။

တဖက်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တရုတ်ပြည်ရောက်နေပါတယ်။ အဓိကကတော့ ရုရှားကို တရုတ်က ထောက်ပံ့နေတာလျှော့ဖို့ပေါ့။ မြန်မာကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးကြဖို့ မျှော်လင့်မိပါတယ်။

ဒီအပတ်ထဲ ကျွန်တော်တို့ အရှေ့တောင် အာရှမှာ စံချိန်တင်ပူဖို့ရှိမယ်ဆိုတော့ အားလုံးပဲ ဂရုစိုက် ကြပါ။

၂၆-၄-၂၀၂၄
၁၀း၄၆ နာရီ

Photo: CNN

ဂါဇာအပစ်အခတ်ရပ်ဆဲရေးအတွက် လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေ...
26/03/2024

ဂါဇာအပစ်အခတ်ရပ်ဆဲရေးအတွက် လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီး ရာမဒန် ဥပုသ်ဝါတွင်းကာလ အတွင်း အပစ်အခတ်ရပ်ဆဲဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၄ မဲ၊ ကြားနေမဲ ၁ မဲနဲ့ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့ အဓိကမဟာမိတ် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီတစ်ကြိမ်မှာတော့ ဗီတိုအာဏာအသုံးပြုခဲ့ခြင်းမရှိဘဲ ကြားနေဖို့ ဆုံးဖြတ်ခဲ့ တာကို တွေ့ရှိခဲ့ရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ စပ်လျဉ်းလို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Katz က ၎င်းရဲ့ လူမှုကွန်ယက် X မှာ “လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာ မဟုတ်ဘဲ ဟားမတ်စ်တွေကို ဆက်လက်ချေမှုန်းသွားမှာဖြစ်တယ်” လို့ရေးသား ခဲ့ပါတယ်။ နိုင်ငံတကာ ဥပဒေအရတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်း အရ စည်းနှောင်မှုရှိပါတယ်။ တဆက်တည်းမှာပဲ အကျိုးဆက် အနေနဲ့ အစ္စရေးဘက်က ၎င်းတို့ရဲ့ အမျိုးသား လုံခြုံရေးအကြံပေး Tzachi Hanegbi ရဲ့ ဝါရှင်တန်ပြည်ထောင်စု ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာကို တွေ့ရှိရပါတယ်။

လတ်တလော အစ္စရေးနဲ့ ဟားမတ်စ်ကြားက ပဋိပက္ခတွေဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှာ ပေါ်ပေါက်ခဲ့တဲ့ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုတွေကနေတဖန် ပြန်လည်စတင်လာတာဖြစ်ပြီး၊ ပါလစ္စတိုင်းဘက်က အရပ်သားပြည်သူများအပါအဝင် လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးခဲ့သလို အစ္စရေးဘက်ကလည်း လူပေါင်း ၁,၀၀၀ ကျော်သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

Photo: DailyMail

#စစ်အာဏာရှင်များကိုရရာနည်းလမ်းဖြင့်ဆန့်ကျင်ပါ။

28/03/2023
27/04/2022

Address


Website

Alerts

Be the first to know and let us send you an email when The Diplomat's Desk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share