Hlakyaw

Hlakyaw Hlakyaw

21/04/2021
တပ်ထိပ်ပိုင်းခေါင်းဆောင် (၁၁) ဦးကို ထိန်းသိမ်းထားခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဂျပန်သတင်းဌာနကို ပြောကြားဧရာ...
21/04/2021

တပ်ထိပ်ပိုင်းခေါင်းဆောင် (၁၁) ဦးကို ထိန်းသိမ်းထားခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန်သတင်းဌာနကို ပြောကြား

ဧရာ၀တီတိုင်းမ်
ဧပြီ ၂၁ ရက်။

ဗိုလ်ချုပ်ကြီးရာပြည့်နှင့် စစ်တိုင်းမှုးအချို့အပါအ၀င် အာဏာသိမ်းစစ်တပ် ထိပ်ပိုင်းခေါင်းဆောင် ၁၁ ဦးမှာ ထိန်းသိမ်းထားခြင်းမရှိပဲ နေပြည်တော်တွင် အလုပ်များ နေခြင်းသာဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဂျပန်သတင်းဌာန Nikkei Asia သို့ ယနေ့(ဧပြီ ၂၁ ရက်)ကပြောကြားသည်။

ဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် တပ်မတော်ခေါင်းဆောင် (၁၁) ဦးကို တပ်တွင်းပုန်ကန်မှုဖြင့် အကျယ်ချုပ်ထိန်းသိမ်းထားပြီး မိသားစုဝင်များ၊ ကိုယ်ရေးအရာရှိ၊ ဒရိုင်ဘာများကိုပါ ပြင်ပနှင့်အဆက်အသွယ်ဖြတ်ထားသည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ ကောလဟလများသာဖြစ်သည်ဟု ၎င်းကပြောသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံအာဏာသိမ်းလိုက်သဖြင့် အာဏာသိမ်းမှု လက်မခံသည့် ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုအား လက်နက်ဖြင့် အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းခြင်းပြုလုပ်နေရာ အာဏာသိမ်းအဖွဲ့လက်အောက်တွင် ဆက်လက်လုပ်ကိုင်လိုခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်မှ တပ်ဖွဲ့ဝင်များ CDM ပြုလုပ်လာကြသည်ကို တွေ့နေရခြင်းဖြစ်သည်။


Ref; Nikkei Asia

ဂျပန်မှာမွေးတဲ့မြန်မာကလေးလေးတွေချစ်ဖို့ကောင်းချက်သားတို့လိုကျောင်းမတက်ရတဲ့မြန်မာကလေးတွေ အသတ်ခံရတာတွေလဲရှိနေတယ်တဲ့ကယ်ပေးပ...
19/04/2021

ဂျပန်မှာမွေးတဲ့မြန်မာကလေးလေးတွေချစ်ဖို့ကောင်းချက်
သားတို့လိုကျောင်းမတက်ရတဲ့မြန်မာကလေးတွေ အသတ်ခံရတာတွေလဲရှိနေတယ်တဲ့ကယ်ပေးပါဆိုပီးဆန္ဒပြပေးနေတာပါ ❤️❤️❤️

Crd

မိတ်ဆွေများ မှတ်ထားကြပါဒါဟာ ကျွန်ပ်တို့အနာဂါတ်အတွက်မြန်တပ်မတော်ဖြစ်ပါတယ်အားပေးကြစို့.
18/04/2021

မိတ်ဆွေများ မှတ်ထားကြပါ
ဒါဟာ ကျွန်ပ်တို့အနာဂါတ်အတွက်
မြန်တပ်မတော်ဖြစ်ပါတယ်
အားပေးကြစို့.

ဒီလိုတွေ ဖြစ်ကုန်ပါပြီဗျာ************************UN ကားကြီးတွေ...စလုံးဆိပ်ကမ်းမှာလာချနေတာကို...တွေ့လို့....လာပြောတဲ့ဟာကိ...
18/04/2021

ဒီလိုတွေ ဖြစ်ကုန်ပါပြီဗျာ
************************
UN ကားကြီးတွေ...စလုံးဆိပ်ကမ်းမှာ
လာချနေတာကို...တွေ့လို့....လာပြောတဲ့ဟာကို...
ဂျင်းလို့...လာပြောကြပြန်တော့...
ဆိပ်ကမ်းသွားပြီး ဓာတ်ပုံထပ်ရိုက်ပြ
ရပြန်ရောဗျာ.....
(ဆရာဇော်ဝေစိုးကလည်း အတည်ပြု
ပေးထားတယ်လို့ ပို့စ်တင်ထားတဲ့သူတွေရှိ)...

ဒါတင်ပဲလားဆိုတော့....မကသေးပြန်ပါဘူး...

ပြီးခဲ့တဲ့လကမှ...ထိုင်းမှာရှိတဲ့...
သူရဲ့စစ်စခန်းကိုလက်နက် ရိက္ခာ...
လေယာဥ်အကြီးကြီးတွေနဲ့ လာချသွားခဲ့ပြီး...
အပြန်မှာ မြန်မာပြည်ကိုတောင်
တစင်းလာပြီး...လူပြန်ကြိုသွားသေးတယ်လေ...

အင်း အခုအဲ့ စခန်းကို
ညနေထပ်ရောက်လာမှာက...
US က သင်္ဘော်ကြီးတွေနဲ့ တင်ဆောင်လာတဲ့...
တင့်ကားကြီးနဲ့.....🚀🚀💣 တွေပါတဲ့....

ကျနော်က...ဘာမှ သိလို့​ တော့မဟုတ်ရပါဘူး....
ဟိုအစ်ကိုကြီး တွေက....လာ..လာ...
ပြောပြလို့သိတာပါ.....
(ညီလေး ပို့စ်မတင်နဲ့နော်တဲ့....)

ခင်ဗျားတို့တွေက...မေးကြအုန်းမယ်...
အဲ့နိုင်ငံတွေမှာ...အဲ့တာတွေက..
ဘာလုပ်ဖို့လာကြလည်းလို့.....

ဟုတ်ကဲ့...ကိစ္စမရှိပဲနဲ့တော့...ဒါကြီးတွေကို
အာရှက...ကျုပ်တို့နဲ့ အနီးဆုံးနေရာကို...
စရိတ်ကုန်ခံပြီး ဘယ်သူကမှ...
လာမပို့ထားဘူးထင်ပါ့ရဲ့...ဗျာ...

စစ်ရေးတွေရှိလာနိုင်လို့...
မြန်မာသံရုံးက ကျန်ရှိနေသေးတဲ့..
USရဲ့သံဝန်တွေ...မနေ့က တိတ်တဆိတ်
ပြန်သွားခဲ့တာက...ဒီကိစ္စတွေနဲ့
စပ်ဆက်မှု ရှိနေလို့လား...

ကျုပ်ပဲ...
အကျယ်ချဲ့တွေးတက်လို့လားဆိုတာကတော့....
ရက်ပိုင်းဆို..အဖြေ သိရနိုင်ပါလိမ့်မယ်....

တရုတ်ကြီးကိုပါ...စစ်ရေးအရ...ဖိအားပေးဖို့
အိမ်ဖြူတော်မှာ သဘောတူညီမှု
ယူခဲ့လိုက်ပြီးဆိုတော့...

QUAD အဖွဲ့ကြီးရဲ့....တရုတ်နဲ့ရုရှားကို....
ဂရုစိုက်နေမှာမဟုတ်ပဲ...
မြန်မာစစ်သူပုန်ကို စစ်ရေးအရသာ...
အရေး ယူမယ်ဆိုတဲ့ စကားအတွက်......

99.9% အထိ သေချာသွားစေခဲ့ပါပြီ.....
မင်းက ဒီလိုတွေ လျှောက်ပြောနေတော့...
တဖက်အုပ်စုက....သိသွားကုန်တော့မှာပေါ့
ဆိုလာခဲ့သူများကိုတော့....

ဟုတ်ကဲ့ပါ....
အာဏာသိမ်းလိုက်ကတည်းက....
မအလအတွက်က...သေလမ်းပဲ
ရှိတော့တာပါလို့ ပြောရင်းနဲ့....

ကျုပ်တို့သည် လက်ဗလာနဲ့
တိုက်ပွဲဝင်နေရသူမို့....
ရန်သူကို....ဉာဏ်မီသလောက်နဲ့.....
ဗျူဟာခင် တော်လှန်နေခြင်းဖြစ်လို့...
အားရှိစရာများ သုံးသပ်ပေးနေခြင်းမျှပါ......

အမှားတာရှိရင်..ဝတ္တာမိပါဗျာ.....
စတိုက်ကတည်းက...အနိုင်ရအောင်
တိုက်ခဲ့တာပါ....

မှတ်ချက်...
သူ့ဘေးလွတ်အောင် ထိုးကျွေးတော့ မလား...
(SAC ကို မအလ တက်ရောက်မည်တဲ့)
🇲🇲K.K.S

ဒီနေ့မင်အောင်လှိုင်တို့ရဲ့ ကျင်ပတ်သော သင်္ကြန် လူမပြောနဲ့ သာမန်နွေရာသီလေးတောင် ပုံမှန်မရှိဘူးမဲခိုတယ်လို့စွတ်စွဲချက်ဟာ ရ...
14/04/2021

ဒီနေ့မင်အောင်လှိုင်တို့ရဲ့ ကျင်ပတ်သော သင်္ကြန် လူမပြောနဲ့ သာမန်နွေရာသီလေးတောင် ပုံမှန်မရှိဘူး
မဲခိုတယ်လို့စွတ်စွဲချက်ဟာ ရင်နာလွန်လို့ပါ 14 :4 :2021

အမေစုယနေ့ရုံးထုတ်တဲ့ပုံဆိုပြီးပျံ့နေပါတယ်‼️ပုံအမှားပါ‼️Fact Check🚨-အဲ့တာက ကော့မှူးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းလ...
13/04/2021

အမေစုယနေ့ရုံးထုတ်တဲ့ပုံဆိုပြီးပျံ့နေပါတယ်‼️ပုံအမှားပါ‼️

Fact Check🚨
-အဲ့တာက ကော့မှူးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းလာတင်သွင်းတုန်းကပုံပါဗျာ
-အခုကvideo conferencingနဲ့သာရှေ့နေနဲ့တွေ့ခွင့်ရတာပါ အပြင်ခေါ်လာခွင့်မရသေးပါဘူး
အပုံအမှားတွေနဲ့မဖြန့်ဝေပါနဲ့

အခုချိန်မှာသတင်းအမှား​တွေကအဆိပ်အပင်များဖြစ်ပြီးသတင်းအမှားကိုတင်​သောသူသည်အဆိပ်ပင်ကို​ရေ​လောင်း​သောသူများဖြစ်သည်

RIP ပါဦးလေးရေ 😭3.4.2021
04/04/2021

RIP ပါဦးလေးရေ 😭
3.4.2021

Federal Army  ဖွဲ့စ ည်းပြီးကြောင်း CRPH က မကြာခင် ကြေငြာပါတော့မည်Federal Army အတွက်ကျောင်းသား ၆သိန်းကျော်ချင်းပြည်နယ်မှ ...
04/04/2021

Federal Army ဖွဲ့စ ည်းပြီးကြောင်း CRPH က မကြာခင် ကြေငြာပါတော့မည်
Federal Army အတွက်
ကျောင်းသား ၆သိန်းကျော်
ချင်းပြည်နယ်မှ လူငယ် ၁သိန်းကျော်နဲ့
ပြည်နယ်နဲ့တိုင်းအသီးသီးမှ လူငယ်များ
ပြည်ပမှ လူငယ်များနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်မည် ခန့်မှန်းခြေအရ
Federal Army အတွက် စစ်သည်အင်အားမှာ
သိန်း ၅၀ ကျော်အထက် ရှိလာနိုင်ပြီး
အာရှမှာ အင်အားအကြီးဆုံး
မြန်မာ့ Federal Army တပ်မတော် ဖြစ်လာနိုင်သည်

.Sa Sa

လုံချည်ကွင်းထဲက ခ လေးလေးနဲ့ပါလား ကြည့်ရင်းနဲ့အသက်ရူကြပ်လာတယ် -
02/04/2021

လုံချည်ကွင်းထဲက ခ လေးလေး
နဲ့ပါလား ကြည့်ရင်းနဲ့အသက်ရူကြပ်လာတယ်

-

01/04/2021

ကြေညာချက် အမှတ် ( ၂၀/၂၀၂၁ )
၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
မတ်လ (၃၁)ရက်၊ ၂၀၂၁ခုနှစ်။
================
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခြင်း။

၁။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ ခိုင်မာသော လိုလားတောင့်တချက်မှာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု တည်းဟူသော လောကပါလတရားတို့ကို အခြေခံသည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက် ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး ဖြစ်သည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် စစ်အာဏာရှင်ဝါဒ သက်ဇိုးရှည်စေရန် ရည်ရွယ်ရေးသား ထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်သည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျက်ပြယ်ခဲ့ပြီး ဖြစ်သည်။

၄။ အာဏာရှင်စနစ် ပပျောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်ဒီမို ကရေစီအင်အားစုများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် အတည်ပြုပြဋ္ဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် သည်လည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။

၅။ သို့ပါ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။

01/04/2021
27/03/2021
27/03/2021
24/03/2021
20/03/2021
20/03/2021

မြဝတီစျေးသပိတ်တွင် ပါဝင်သူများအား ရပ်ကွက်နေအိမ်အထိ ရှာဖွေဖမ်းဆီးမှုပြုလုပ်၊
လူ ၄၀ ဝန်းကျင်ခန့် အဖမ်းခံထားရ။

မတ်လ ၂၀ ရက် ၂၀၂၁ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၁ ရပ်ကွက် မိုးကုတ်စျေးတွင် ယနေ့ မနက် ၈ နာရီခန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာတွင် ပါဝင်သူများအား ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်တွင်းနေအိမ်ထိ ရှာဖွေဖမ်းဆီးလျက်ရှိပြီး ဖမ်းဆီးခံရသူ လူ ၄၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ယနေ့ မတ်လ ၂၀ ရက် နံနက် ၈ နာရီအချိန်ခန့်က မိုးကုတ်စျေးအတွင်း စျေးရောင်းစျေးဝယ်သူ တစ်ချို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် လက်သုံးချောင်းထောင်ကာ ၁၀မိနစ်ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် လူစုခွဲခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်မှုကြောင့် ပါဝင်သူများကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်တွင်း နေအိမ်များထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ယနေ့ မွန်းလွဲ၁ နာရီထိနောက်ဆုံးသတင်းအရ လူ ၄၀ ဝန်းကျင်ခန့် ဖမ်းဆီးခံထားရပြီး ယင်းတို့၏ အမှုကိစ္စနှင့်ပတ်သက်၍ မြဝတီမြို့ပြည်သူ့ရှေ့နေ အဖွဲ့မှ အခမဲ့ အမှုလိုက်ပါဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

. ကရင်သတင်းစဉ်
ဓာတ်ပုံ. ယနေ့ မြဝတီမြို့ မိုးကုတ်စျေးအတွင်း ဆန္ဒဖော်ထုတ်မှု။

19/03/2021
18/03/2021
18/03/2021
18/03/2021
18/03/2021

ခွေးသတောင်းစားတွေ လက်နက်အားနဲ့
အနှိင်ကျင့်နေတယ်

18/03/2021
11/01/2021
14/10/2020
22/05/2020

I'm live on Android thanks to the Streamlabs app!

Address


Website

Alerts

Be the first to know and let us send you an email when Hlakyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share