The Chindwin voice

  • Home
  • The Chindwin voice

The Chindwin voice The Chindwin Voiceသတင်းပေ့ခ်ျသည်အမှန်တရားဘက်‌ကအမြဲရပ်တည်၍ဘက်မလိုက်သောပေ့ခ်ျတစ်ခုအဖြစ်ရပ်တည်သွားပါမည်

ကျောက်မျက်တောင် စစ်တပ် စခန်းကို PDF များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး၊ ဒရုန်း...
20/02/2023

ကျောက်မျက်တောင် စစ်တပ် စခန်းကို PDF များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး၊ ဒရုန်းပစ်ချသည့် လက်နက် နှင့် မိုင်းအလုံး ၁၀၀ ကျော် သိမ်းဆည်းရမိ

February, 20,2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ် ကျောက်မျက်တောင်ပေါ်၌ တပ်စွဲထားသော စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီ ကျော်ကြာဖြစ်ပွားကာ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး PDF ရဲဘော် ၁ ဦးကျဆုံးကာ စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းငယ်အတွင်းမှ M-14 နင်းမိုင်း အလုံး ၄၀ စနစ်တံပါ၊ MG-1 ပလတ်စတစ် လက်ပစ်ဗုံး အလုံး ၃၀ ၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀ နှင့် ဒရုန်းပစ်ချသည့် Anti Drone Gun တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

" အဲ့စခန်းက စစ်ခွေး အင်အား ၂၀ ကျော်လောက်ပဲရှိတာ စစ်ခွေး ၁၀ ကောင် အထက်သေတယ်။ ကျန်တဲ့ ခွေးတွေကတော့ ထွက်ပြေးသွားတယ်။ စခန်းထဲက မိုင်းအမျိုးမျိုး ၁၀၀ ကျော်နဲ့ Anti Drone Gun တစ်လက် သိမ်းနိုင်ခဲ့တယ်" ဟု KLG PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KLG တပ်မဟာနှင့်အတူ နဂါးညီနောင် (DBTF)၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဋ္ဌုန်ရာဇာ၊ Yinmarbin Local PDF၊ B 21 PDF၊ Double K တပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Yinmarbin PDA၊ Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့ ၊ယင်းမာပင်၊ဆားလင်းကြီး၊ကနီ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသ ည်။

ကနီမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ အတူကင်းစောင့်နေတဲ့ စစ်သားအချင်းချင်း ပစ်သတ်ခဲ့တဲ့ တပ်သားမျိုးမြင့် KLG PDF ဆီ လက...
18/02/2023

ကနီမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ အတူကင်းစောင့်နေတဲ့ စစ်သားအချင်းချင်း ပစ်သတ်ခဲ့တဲ့ တပ်သားမျိုးမြင့် KLG PDF ဆီ လက်နက်နဲ့တကွ အလင်းဝင်
++++++++++++++
ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့ပေါ်မှာ အတူကင်းစောင့်နေတဲ့ စစ်‌ကောင်စီ တပ်သားကို သေနတ်နဲ့ ပစ်သတ်ကာ ထွက်ပြေးလာတဲ့ တပ်သားမျိုးမြင့်ဆိုသူမှာ ကျောက်လုံးကြီး KLG တပ်မဟာဆီ မနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းက လုံခြုံစွာရောက်ရှိခဲ့ကြောင်း သိရပါတယ်။

မုံရွာမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ (၉၂၉) ထောက်ပို့တပ်ရင်းက တပ်သား မျိုးမြင့် ကိုယ်ပိုင်အမှတ် တ(၅၇၀၄၅၇) ဟာ MA-1 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆံ ၂၈ ဝောာင့်နဲ့အတူ KLG တပ်မဟာထံ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

"သူက ကနီမြို့ပေါ်မှာတာဝန်ကျတာ ၁ နှစ်ကျော်ပြီ။ ကနီမြို့ပေါ်မှာ အတူကင်းစောင့် နေတဲ့တပ်သားကို သေနတ်နဲ့ပစ်သတ်ပြီး‌ထွက်ပြေးခဲ့တာ။ ပစ်ပြီးပြီးချင်း နောက်က လိုက်လာကြလို့ သေနတ်ကကတော့ သူ့ကိုယ်ပိုင် သေနတ်ပဲယူခဲ့နိုင်တယ်။ မနေ့က ကျွန်ဝောာ်တို့ဆီရောက်တယ်" လို့ KLGတပ်မဟာ တာဝန်ရှိသူက ပြောကြောင်း ဧရာဝတီတိုင်းမ်မှာ ဖော်ပြထားပါတယ်။

CDM ပြုလုပ်လာသူ တပ်သားကို ဆုကြေးငွေပေးအပ်မယ့် အခမ်းအနား လုပ်‌ဆောင်သွားဖို့ စီစဉ်ထားပြီး ဆုကြေးငွေမည်မျှ‌ ပေးအပ်မယ်ဆိုတာကို သိရှိရခြင်းမရှိပါဘူး။

ကျောက်လုံးကြီး KLG ကို အလင်းဝင်ကာ CDM ပြုလုပ်လာတဲ့ တပ်သားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကနီမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ အတူ ကင်းစောင့်နေတဲ့စစ်သားကို ပစ်သတ်ကာ ထွက်ပြေးလာသူဖြစ်ပြီး သူ့ကို ကနီရှိ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ပိတ်ဆို့ရှာဖွေခဲ့ကြောင်း သိရပါတယ်။

13/02/2023

ယင်းမာပင်မြို့နယ် ရဲတပ်ရင်း(၂၈)ရှေ့တွင် ညနေ၆နာရီ၌ လမ်းကြောကိုစတင်ပိတ်၍ မာရှယ်လောကိုစတင်အသက်သွင်း

13.2.2023

ယနေ့ယင်းမာပင်မြို့နယ် အကျိုးကုန်း(အောင်ဇေယျတပ်ကုန်း)အနီးရှိ ရဲတပ်ရင်း၂၈၏ ရှေ့၌ရှိသော ပုသိပ်-မုံရွာလမ်းပိုင်းအား ညနေ၆နာရီတိတိတွင် မာရှယ်လောကိုစတင်အသက်သွင်းကာ ဖြတ်သန်းသွားလာခွင့်ကိုပိတ်သိမ်းထားကြောင်း သိရှိရပါသည်။
ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ယခုလိုလမ်းကြောပိတ်ဆို့မှုတွေ စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။

်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး

ပုလဲ - ဆားလင်းကြီးအစပ်မှာ ကာကွယ်ရေးအဖွဲ့ဝင် ၇ဦးပစ်ခတ်ခံရပြီး သေဆုံး မနေ့ ဖေဖော်ဝါရီ ၁၂ရက် မနက် ၁၀နာရီဝန်းကျင်တုန်းက စစ်က...
13/02/2023

ပုလဲ - ဆားလင်းကြီးအစပ်မှာ ကာကွယ်ရေးအဖွဲ့ဝင် ၇ဦးပစ်ခတ်ခံရပြီး သေဆုံး

မနေ့ ဖေဖော်ဝါရီ ၁၂ရက် မနက် ၁၀နာရီဝန်းကျင်တုန်းက စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ဆားလင်းကြီးမြို့နယ်အစပ်မှာရှိတဲ့ လမ်းပေါ်ကို ဖြတ်သန်းမောင်းနှင်လာတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ကား ၃စီးနဲ့ ဆိုင်ကယ် ၁စီးကို အသင့်စောင့်ဆိုင်းနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။

ရုတ်တရက် ပစ်ခတ်ခံရတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ထဲက ၅ဦး နေရာမှာတင် သေဆုံးခဲ့ပြီး နှစ်ဦးကိုတော့ အနီးလယ်ကွင်းပြင်ထဲမှာ ခုတ်ထစ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

"စစ်ကောင်စီတပ်က ဆားလင်းကြီး ကျားတက်ရွာထဲကို ဝင်သွားပြီလို့ သတင်းရတာနဲ့ ကျွန်တော်တို့အဖွဲ့တွေဘက်က ၃၅ဦးက ကား ၃စီး၊ ဆိုင်ကယ် ၁စီးနဲ့ လမ်းမအတိုင်းလွတ်လွတ်လပ်လပ်ထွက်လာကြတာပါ။ သူတို့ အယောက် ၆၀ လောက်က သျှိုတွေထဲ ပစောက်ပုံစံအသင့်စောင့်နေပြီး ကျွန်တော်တို့အဖွဲ့တွေ ရောက်တာနဲ့ တန်းပစ်တာပါ။ ကျွန်တော်တို့ဘက်က ကင်းထောက်လှမ်းမှုလျော့သွားခဲ့တာပါ" လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

ပုံစာ - ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ နေရာမြင်ကွင်း။
#စစ်ကိုင်းတိုင်း #ပုလဲ #ဆားလင်းကြီး #ကာကွယ်ရေးအဖွဲ့

ထန်တလန်မြို့ရဲစခန်းကိုချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိ........F...
09/02/2023

ထန်တလန်မြို့ရဲစခန်းကိုချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိ........

February ,9,2023

ချင်းပြည်နယ် ၊ ထန်တလန်မြို့ရှိ ရဲစခန်းကို CNA နှင့်CDF တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ရာ စခန်းကိုသိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အဆိုပါရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ကို ယနေ့ နံနက်အစောပိုင်း၌သိရခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်းတွင်လည်း စစ်ကောင်စီတပ်ကလေကြောင်းမှ ထန်တလန်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CDF တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက သံလွင်ခက်ကို ပြောသည်။

ထန်တလန်မြို့ရဲစခန်းအား ချင်းအမျိုးသားတပ်ဦး CNF/A နှင့် CDF-Thantlang တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်များဖြင့် ထန်တလန်မြို့တွင်းနှင့် ထန်တလန်မြို့နယ်တစ်ဝိုက်ကို ယမ်းသမ်း၍ ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နံနက် ၈နာရီကျော်အချိန်တွင်ပြောသည်။

ပြီးခဲ့သောလတွင် ထန်တလန်မြို့နယ်ရှိ CNF/A ဌာနချုပ်ကို စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့် နှစ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA ရဲဘော် ၅ ဦးကျဆုံးခဲ့ရသည်။

ထို့ပြင် ထန်တလန်မြို့သည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ တစ်နိုင်ငံလုံးတွင် မြို့ပေါ်အဆောက်အဥဦးအများဆုံး မီးရှို့ဖျက်ဆီးခံထားရသောမြို့ဖြစ်ပြီး ဘာသာရေးအဆောက်အဦးနှင့်နေအိမ် ၁၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရသည်။

09/02/2023

update New
5:28PM
9.2.2023
ကနီမြို့နယ် သပြေတောကျေးရွာကို မီးရှို့ခဲ့သော စစ်အကြမ်းဖက်အုပ်စုဟာ နတ်လာပို့ကျေးရွာနှင့်အုန်းပင်ဆိပ်ကျေးရွာရှိပြည်သူ့နေအိမ်များကို မီးရှို့ဖျက်စီးကာ ယခုအခါဒေါင်းခြံကျေးရွာကိုရောက်ရှိနေပြီဖြစ်​ကြောင်းသိရှိရပါသည်။

်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်သားနဲ့ ပျူတွေပါတဲ့ ကား ၂ စီး တိုက်ခိုက်ခံရလို့ ၁၀ ဦး သေဆုံးပြီး ကား ၁ စီးနဲ့ လက်နက်အချို့ PDF ရရှိFebruary, 7,2023မကွ...
07/02/2023

စစ်သားနဲ့ ပျူတွေပါတဲ့ ကား ၂ စီး တိုက်ခိုက်ခံရလို့ ၁၀ ဦး သေဆုံးပြီး ကား ၁ စီးနဲ့ လက်နက်အချို့ PDF ရရှိ

February, 7,2023

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ကားလမ်းပေါ်မှာ စစ်သားနဲ့ ပျူတွေစီးလာတဲ့ ကား ၂ စီးကို PDF တွေက တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ကားတစီးနဲ့ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကား ၂ စီးဟာ ရေစကြိုမြို့နယ်မှာရှိတဲ့ ခလရ ၂၅၇ က ပြန်လာတဲ့ အင်အား ၁၄ ဦးပါတဲ့ ကား၂ စီးဖြစ်ကာ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက ပခုက္ကူ - ရေစကြိုလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"အင်အား ၁၄ ယောက်ကို ၁ ယောက် လွတ်သွားပြီးတော့ ၁၃ ယောက်မှာ ၁၀ ယောက် သေပြီး ၃ ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်" လို့ ပြောပါတယ်။

ပစ်ခတ်ချိန် ၅ မိနစ် နီးပါးသာ ကြာမြင့်ခဲ့ကာ Super Custom ကားတစီး ကျန်နေခဲ့ပြီး ဒဏ်ရာရ ၃ ယောက်နဲ့ နောက်ထပ်ကားတစီးဖြစ်တဲ့ CR-V ကားမောင်းသူတို့ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ဟင်္သာကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုတဲ့ အောင်နိုင်မိုးနဲ့ တပ်မ ၁၀၁၊ ခလရ ၂၅၈ စစ်သား ၁၀ ဦး သေဆုံးခဲ့သလို ဒဏ်ရာတွေနဲ့ လွတ်သွားတဲ့ ၃ ဦးကိုတော့ ပခုက္ကူဆေးရုံမှာ ဆေးကုနေတယ်လို့ သိရပါတယ်။

မုံရွာတွင်  စစ်တပ်က ပြည်သူတစ်ဦးကို ဦးခေါင်းဖြတ်၍ သတ်ဖြတ်February,7,2023စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆူးလေကုန်းကျေးရွ...
07/02/2023

မုံရွာတွင် စစ်တပ်က ပြည်သူတစ်ဦးကို ဦးခေါင်းဖြတ်၍ သတ်ဖြတ်

February,7,2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆူးလေကုန်းကျေးရွာနှင့် ရန်နိုင်ကျွန်းကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ်က အမျိုးသားတစ်ဦးကို ဦးခေါင်း ဖြတ်သတ်ထားခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်း မှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် ည ၁၁ နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်အနီးရှိ အလုံ မင်းဒေါင့်ဆိပ်ကမ်းမှ သင်္ဘောတစ်စီးဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော အကြမ်း ဖက်စစ်သား ၇၀ ခန့်သည် မုံရွာမြို့အနီး ညောင်ပင်ဇောက်ရပ်ကွက် အနောက်ဘက် ဆားပေါက် ကုန်း တာဝန်တိုင်အနီးတွင် ဆိုက်ကပ်ခဲ့ကြောင်း၊ ယင်း​နောက်ပြည်သူ ၁ ဦးကို ​ခေါင်းဖြတ်သတ်သွားခြင်းဖြစ်​ကြောင်း သိရသည်။

“စစ်ကြောင်းထွက်သွားပြီးတော့ ရွာသူရွာသားတွေက ပြန်ဝင်တဲ့အချိန်မှာ ခေါင်းဖြတ်အသတ်ခံထားရတဲ့ အလောင်းတစ်လောင်းတွေ့ခဲ့တာ၊ ခေါင်းဖြတ်သတ်ခံထားရတော့ ဘယ်သူ၊ ဘယ်ဝါဆိုတာ မသိရသေး ဘူး၊ ဒီနယ်ကတော့ မဟုတ်ဖို့များတယ်၊ ကျေးရွာတွေထဲကို ဝင်ပေမယ့် အိမ်တွေဝင်မွှေတာမျိုး၊ မီးရှို့ သွားတာမျိုးတော့ မရှိဘူး” ဟု မုံရွာ- အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့နောက် အဆိုပါအကြမ်းဖက်စစ်သားများသည် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၄ နာရီခန့်တွင် ထန်းလေးပင်ရွာ၊ ဆူလေးကန်းရွာတို့ဘက်သို့ စတင်ဝင်ရောက်ခဲ့ပြီး တံခွန်တိုင်ရွာ၊ မြင်သာရွာအနီး တဝိုက်ချောင်းရိုးများအကြားတွင် ကင်းပုန်းဝပ်ခဲ့ကာ အပြစ်မဲ့ပြည်သူအချို့ကို ဓားစာခံဖမ်းဆီးခဲ့ ကြောင်း၊ ထို့နောက် လာရာလမ်းအတိုင်း ပြန်ဆုတ်သွားပြီး ထန်းလေးပင်ကျေးရွာမှတဆင့် စက်လှေ ၅ စီးဖြင့် မုံရွာမြို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က ညတွင်းချင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် ဒေသခံပြည်သူများအများ အ ပြားထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ပျောက်ဆုံးနေသော ရွာသူ၊ရွာသားများလည်းရှိ ကြောင်း၊ ဓားစာခံဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရလို့ ဗိုလ်တဦးအပါ ၂၂ ဦးသေဆုံးFebruary, 6,2023စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစ...
06/02/2023

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရလို့ ဗိုလ်တဦးအပါ ၂၂ ဦးသေဆုံး

February, 6,2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ဖေဖော်ဝါရီ ၅ ရက် မနေ့က မနက်ပိုင်း တိုက်ခိုက်ခံရတာကြောင့် ဗိုလ်ကြီး တဦး၊ တပ်ကြပ်ကြီး တဦးနဲ့ ဒုတပ်ကြပ် တဦး အပါအဝင် ၂၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နမခဌာနချုပ်ကို ကာကွယ်ရေး(၆)ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ မနက် ၃ နာရီမှာ တကြိမ်၊ ၉ နာရီမှာ တကြိမ် စုစုပေါင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Chindwin Attack Force မှ သတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"နမခထဲကို ရှော့တိုက်ဒုံး ၄ လုံး ပစ်သွင်းတာမှာ ၃ လုံး ကွဲတယ်။ ၁ လုံးကတော့ မကွဲလိုက်ဘူး။ ဂိုဒေါင်တွေ၊ ဂိတ်တွေပျက်စီးသွားတယ်။ ၉ နာရီမှာ ပစ်ခတ်တဲ့အခါကျတော့ စကစတွေ တန်းစီနေကြတဲ့အချိန်မှာဖြစ်လို့ တော်တော်များများ ကျဆုံးသွားတာ။ ၃ နာရီမှာ တိုက်တာကျတော့ အဆောက်အဦတွေ ပျက်စီးတာများတယ်။ အထိအခိုက်တော့ နည်းတယ်ပေါ့" လို့ ဆိုပါတယ်။

မီးလောင်ပျက်စီးသွားခဲ့တာတွေကတော့ လစရ-၆ မှ ကားဂိုဒေါင်တလုံး၊ ကင်းဂိတ်တခု၊ ဆလရတပ်တွင်းက အဆောက်အဦ ၃ လုံးတို့ဖြစ်ပြီး၊ အခုလို စစ်သားတွေ သေဆုံးပြီး အဆောက်အဦးတွေ ပျက်စီးသွားတာတွေကို ယုံကြည်စိတ်ချရတဲ့အတွင်းဖရဲသီးတွေရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

"ကျနော်တို့ တိုက်ခိုက်နေတဲ့အခါမှာ စကစတွေ ဘက်ကလည်း ၆၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တွေ အထိအခိုက်လုံးဝမရှိပဲ ပြန်ဆုတ်နိုင်ခဲ့တယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ နမခဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့ ၇ ဖွဲ့က လုံခြုံရေးယူထားရပြီး ရှေ့တန်းကိုပို့ထားတဲ့ တပ်ဖွဲ့တွေကိုလည်း နောက်ပြန်ဆုတ်လာဖို့ ပြန်လည်ခေါ်ယူထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၃၊ တပ်ရင်း - ၄၊ မုံရွာခရိုင် အမှတ် - ၅ တပ်ရင်း (Aung San Force -ASF) ၊ Alpha Special Force- ASF၊ Shadow Ranger တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

#မုံရွာ
#နမခ
#ရှော့တိုက်ဒုံး

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က မီးဘေးသင့် အိမ်ထောင်စု(၁၆၂)စုကို ထောက်ပံ့မှုများပေးအပ်++++++++++++++++February,6,2023စစ်ကိ...
06/02/2023

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က မီးဘေးသင့် အိမ်ထောင်စု(၁၆၂)စုကို ထောက်ပံ့မှုများပေးအပ်
++++++++++++++++
February,6,2023

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က မီးဘေးသင့် အိမ်ထောင်စု(၁၆၂)စုကို ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း ဖေဖော်ဝါရီ၅ရက်နေ့မှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဖော်ပြပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကမ်းလက်မေတ္တာအဖွဲ့မှ လှူဒါန်းသော သိန်း(၃၅,၆၃၀,၄၀၀)ကျပ် တန်ဖိုးရှိ‌ပစ္စည်းများကို စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ သရက်ကန်၊ညောင်ရင်းကုန်၊တောင်ရွာသစ်၊သရက်လှ၊သပြေအေး၊ကိုးပင်၊ကြောင်ဝန်ဒူးရွာ အိမ်ထောင်စု(၁၆၂)စု မီးရှို့ဒဏ်ခံပြည်သူများကို သွားရောက် ထောက်ပံ့ပေးခဲ့ပါတယ်။အိမ်ထောင်စု(၁)စုလျှင် ပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။

ဒါ့အပြင် မီးရှို့ဒဏ်ခံ(၇)ရွာအတွက် NUG၊ လူသားခြင်း စာနာထောက်ထားချင်းနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့တဲ့ (၂၁)သိန်းကျပ်ကိုလည်း ပုလဲမြို့နယ်လူသားစာနာတာဝန်ခံက သက်ဆိုင်ရာ ကျေးရွာ ပအဖ များထံ ပေးအပ်ခဲ့ပါတယ်။

လုံခြုံရေးအတွက် ပုလဲအခြေစိုက်၊ယင်းမာပင်ခရိုင် တပ်ရင်းများက ကာကွယ်ရေးယူပေးခဲ့တယ်လို့ သိရပါတယ်။
#ပုလဲမြို့နယ်

မြင်းမူမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ အခြေစိုက်စခန်းအား ပကဖ မဟာမိတ်တပ်များ သိမ်းပိုက် February, 4,2023စစ်ကိုင်းတိုင်း၊ မြင်...
04/02/2023

မြင်းမူမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ အခြေစိုက်စခန်းအား ပကဖ မဟာမိတ်တပ်များ သိမ်းပိုက်
February, 4,2023

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ၊ထီးဆောင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါ၀င်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်ရင်း လေးရင်း ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲအဖြစ် ယနေ့ဖေဖော်ဝါရီ ၄ ရက် နံနက် ၁ နာရီခန့်မှစတင်ကာ နှစ်နာရီကြာ အပြန်အလှန်တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နံနက် ၁ နာရီအချိန်မှစတင်၍၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာတွင် အခိုင်အမာတည်ဆောက်ထားသော စခ(စစ်ကောင်စီတပ်ဖွဲ့) အခြေစိုက်စခန်းအား စတင်၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက် ၃ နာရီအချိန်တွင် လုံး၀သိမ်းပိုက်နိုင်ခဲ့ပြီး၊ ရန်သူ့ဘက်မှ ၁၅ ကောင်သေဆုံးပြီး၊ ဒဏ်ရာများစွာရရှိကာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြသည်။ ရန်သူ့ စခန်းမှ MA3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၁၈ တောင့်၊ Carbine တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကာဘိုင်ကျည် ၁၀၄ တောင့်၊ 9 Ball (ကိုးလုံးကျည်) ၇၆ တောင့်၊ Jumper စက် နှစ်လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်၊ စစ်ယူနီဖောင်း နှစ်စုံ၊ စစ်ဖိနပ် သုံးရံနှင့် စစ်ဦးထုပ် သုံးလုံးတို့အား သိမ်းဆည်းရခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပြောက်ကျားတပ်ဖွဲ့များဘက်မှ နှစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့‌ကြောင်း သိရှိရကာ နောက်ဆက်တွဲ အခြေအနေကို Zero ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအား Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(၇)မြင်းခြံခရိုင်၊ တပ်ရင်း(၁၉)ရွှေဘိုခရိုင်၊ တပ်ရင်း(၂)စစ်ကိုင်းခရိုင်၊ တပ်ခွဲ(၂) GTR(မြင်းမူ)နှင့် တပ်ရင်း(၁)ကျောက်ဆည်ခရိုင်၊ နဂါးနီ(ကျောက်ဆည်)တို့က ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#စစ်ကိုင်းတိုင်း
#မြင်းမူမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုလဲမြို့နယ်အတွင်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့(M.R.D.A)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိ++...
03/02/2023

ပုလဲမြို့နယ်အတွင်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့(M.R.D.A)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိ
++++++++++++++++
February 3

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက် ကျဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို (M.R.D.A)က တိုက်ခိုက်ဖို့ ဇန်နဝါရီ(၃၀)ရက်နေ့ကတည်းက စတင်ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက် ဇန်နဝါရီ(၃၁)ရက် မနက်ပိုင်းက ပုလဲမြို့နယ်၊ ညောင်ပင်သာကျေးရွာ အရှေ့တောင်ဘက်မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း (M.R.D.A)ဘက်က ရဲဘော်(၆)ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အနည်းဆုံး(၅)ဦးသေဆုံးခဲ့ကာ (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ (M.R.D.A)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ(၁)ရက်နေ့ကလည်း ပုလဲမြို့၊ မင်းတိုင်ပင်ရွာက စစ်ကောင်စီစစ်ကြောင်းအထွက်ကို မြန်မာ့တော်ဝင်နဂါးတပ်တော်က တိုက်ခိုက်ဖို့ ထပ်မံချဉ်းကပ်ခဲ့ပေမယ့် အဲ့ဒီစစ်ကြောင်းဟာ ပုလဲမြို့နယ်အတွင်းကို အမြန်ပြန်ဝင်သွားခဲ့တယ်လို့ သိရပါတယ်။ထိတွေ့တိုက်ပွဲမဖြစ်ပွားခဲ့ပေမဲ့ ပြည်သူတွေရဲ့ နေအိမ်တွေမီးရှို့ခံရမယ့်ဘေးက လွတ်ကင်းခဲ့တယ်လို့လည်း M.R.D.Aက အသိပေးထားပါတယ်။

03/02/2023
မြေလတ်ဒေသ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းထဲက မြို့နယ် ၂၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာမြေလတ်အသံ၊ ဖေဖေါ်ဝါရီ ၂၊ ၂၀၂၃။...
02/02/2023

မြေလတ်ဒေသ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းထဲက မြို့နယ် ၂၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာ

မြေလတ်အသံ၊ ဖေဖေါ်ဝါရီ ၂၊ ၂၀၂၃။

စစ်တပ်ကအာဏသိမ်းပြီး ၂ နှစ်ပြည့်ပြီးနောက် သူတို့ထိန်းချုပ်မနိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး မြို့နယ်တွေအဖြစ် ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ ခု၊ မကွေးတိုင်းက မြို့နယ် ၅ ခုနဲ့ ပဲခူးတိုင်းမှာရှိတဲ့ မြို့နယ် ၅ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးဒေသတွေအဖြစ် သတ်မှတ်တယ်လို့ ကြေငြာလိုက်တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဗူး၊ မြောင်၊ ဆာလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေ ပါဝင်ကာ၊ မကွေးတိုင်းထဲက ဆော၊ ထီးလင်း၊ ဂန့်ဂေါ၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေပါဝင်ပြီး ပဲခူးတိုင်းမှာတော့ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်း စတဲ့မြို့နယ်တွေ ပါဝင်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) စစ်တိုင်းမှူးတွေကို စစ်အုပ်ချုပ်ရေးနဲ့ တာဝန်ပေး အုပ်ချုပ်စေခိုင်းမှာဖြစ်ပြီး စစ်အုပ်ချုပ်ရေးအဖြစ်ကြေငြာထားတဲ့မြို့နယ်တွေမှာ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အာဏာတွေကို ကျင့်သုံးခွင့်ရဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားတယ်လို့ သိရပါတယ်။

လက်ရှိ အဲ့ဒီနေရာဒေသတွေဟာ တော်လှန်ရေးအင် အားစုတွေ ကြီးစိုးလှုပ်ရှားမှုအားကောင်းနေတဲ့ နေရာဒေသတွေဖြစ်ပြီး စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေငြာပြီး အခုထက်ပိုပြီးတော့ ထိမ်းချုပ်နိုင်ဖို့ ပြင်ဆင်လာတာလို့ CDM တပ်မတော်သားအရာရှိတဦးက သုံးသပ်ပါတယ်။

"ဒီဒေသတွေဟာ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေစိုးမိုးမှုကောင်းမွန်နေတဲ့ ဒေသတွေဖြစ်တယ်။ စစ်ကောင်စီဘက်က ၆ လ သက်တမ်းတိုးထားတော့ အဲ့ဒီကာလအတွင်းမှာ စစ်အုပ်ချုပ်ရေးကြေငြာ ပြီးထိမ်းချုပ်နိုင်ဖို့ ပြင်ဆင်လာတယ်လို့ ယူဆတယ်။ အမှန်တကယ်ဆိုရင် မကွေး ၅ မြို့နယ်က (နမခ) ကွပ်ကဲမှုဒေသတွေဖြစ်တယ်။ အဲ့တာကို (နမခ)နယ်မြေထဲကနေ ခွဲထုတ်ပြီးတော့ (လပခ) ကွပ်ကဲမှုအောက်ကိုဆွဲသွင်းပြီးတော့ ကွပ်ကဲခိုင်းတာဟာ ပိုမိုလွယ်ကူစွာနဲ့ ထိမ်းချုပ်နိုင်မယ်လို့ ယူဆလို့ ခွဲထုတ်လိုက်တာဖြစ်တယ်။ ရှေ့လျောက် ဒီဒေသတွေမှာ စစ်ကောင်စီဘက်က လူသတ်မီးရှို့မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်" လို့ CDM တပ်မတော်သား အရာရှိတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး‌ ကြေငြာလိုက်တဲ့ ဒေသတွေဟာ စစ်တပ်ထောက်တိုင်တွေဖြစ်တဲ့ စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းတွေ၊ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်း ရုံးဌာနဆိုင်ရာတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရတဲ့ ဒေသတွေဖြစ်ကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မကြာခဏဆိုသလို ပစ်သတ်ခံနေရတဲ့ မြို့နယ်တွေဖြစ်ပါတယ်။

အလားတူ ကရင်နီ(ကယား) ပြည်နယ်ထဲက မြို့နယ် ၄ မြို့နယ်ကိုလည်းစစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းထဲက အချို့မြို့နယ်တွေမှာတော့ စစ်အာဏာစတင်သိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတလည်း စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့တဲ့ မြို့နယ်အချို့လည်းရှိနေပါတယ်။

သတင်း - ဝေလင်း

ြေလတ်အသံ

CDM ဝန်ထမ်းများ၏ လစာငွေများအား တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဟု NUG အသိပေး ဝေဟင်စိုး မဇ္ဈိမ။   ။ စစ်တပ် အာဏာသိမ်း...
02/02/2023

CDM ဝန်ထမ်းများ၏ လစာငွေများအား တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဟု NUG အသိပေး

ဝေဟင်စိုး

မဇ္ဈိမ။ ။ စစ်တပ် အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှစ၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်းမရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများ အားလုံးကို တော်လှန်ရေး အလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က အသိပေး ကြေညာသည်။

ယင်းသည် အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုအား နှစ်နှစ်တိတိ ရဲဝံ့ခိုင်မာသောစိတ်ဖြင့် လုပ်ဆောင်လျက်ရှိသော ပြည်သူ့သူရဲကောင်းများနှင့် နိုင်ငံ့သူရဲကောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အသိပေးကြေညာချက်ကို ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်၌ ကြေညာချက်အမှတ် (၃/၂၀၂၃)ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့ထက်တိုင် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုများဖြင့် တော်လှန်ရေးတွင် ပါဝင်လျက်ရှိသော ပြည်သူ့သူရဲကောင်း၊ နိုင်ငံ့သူရဲကောင်း CDM ဝန်ထမ်းများအားလုံးက်ို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များလည်း ချီးမြှင့်ပေးအပ်မည်ဖြစ်‌သည်။

အလားတူ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများအနေဖြင့် အာဏာသိမ်းခြင်းနေ့ရက် မတိုင်ခင်အချိန်ထိ ထမ်းဆောင်ခဲ့သော ရာထူးတာဝန်များမှနေ၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမည် ဖြစ်ပြီး၊ အဆိုပါ ရာထူးတိုးမြှင့်ခြင်းအမိန့်သည် ယခု ကြေညာချက် ထုတ်ပြန်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ထပ်မံ၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်)ကို ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ် မှစတင်ကာ အမြဲတမ်းဝန်ထမ်းများ အဖြစ် အတည်ပြုခန့်ထားလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အသိပေးထုတ်ပြန်ထားသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်လာသည့် နိုင်ငံ့ဝန်ထမ်း ၄၀,၀၀၀ နီးပါးကို ၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာကျပ်ငွေ စုစုပေါင်း သိန်းပေါင်း ၁၂,၀၀၀ ကျော် ထောက်ပံ့ထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယခင် ထုတ်ပြန်ချက်များအရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံ့ဝန်ထမ်းယန္တရားအသီးသီးမှ ဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး CDM တွင်ပါဝင်လာသည့် နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁၈၅,၀၀၀ ခန့်ရှိနေကြောင်း NUG ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#နိုင်ငံ့ဝန်ထမ်း


#လစာငွေ
voice

လူသူကင်းရှင်းနေတဲ့ ရန်ကုန်မြို့လယ်မှာ လူတစ်စုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်အာဏာသိမ်း ၂နှစ်ပြည့် ကြိုဆိုပွဲပြုလုပ်++++++...
01/02/2023

လူသူကင်းရှင်းနေတဲ့ ရန်ကုန်မြို့လယ်မှာ လူတစ်စုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်အာဏာသိမ်း ၂နှစ်ပြည့် ကြိုဆိုပွဲပြုလုပ်
+++++++++++++++
February 1,2023

စစ်တပ်က အာဏာသိမ်းတာ ၂နှစ်ပြည့်မြောက်တဲ့ ဒီကနေ့ (ဖေဖော်ဝါရီလ ၁ရက်)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို တန်ပြန်တဲ့အနေနဲ့ ရန်ကုန်မြို့လယ်ခေါင် လူသူကင်းရှင်းနေတဲ့လမ်းမတွေပေါ်မှာ စစ်တပ်ထောက်ခံသူလူတစ်စုနဲ့ လက်နက်ကိုင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်အာဏာသိမ်း ၂နှစ်ပြည့် ကြိုဆိုပွဲပြုလုပ်ခဲ့ကြပါတယ်။

စစ်သားများ ပြည်သူနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆိုးအား ဖယ်ရှားကြရန် CDM စစ်သားများက ထပ်မံတိုက်တွန်း ===============...
01/02/2023

စစ်သားများ ပြည်သူနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆိုးအား ဖယ်ရှားကြရန် CDM စစ်သားများက ထပ်မံတိုက်တွန်း
=========================

February 1.2023

စစ်ကောင်စီတပ်သားများ ပြည်သူနှင့်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆိုးအား ဖယ်ရှားကြရန် CDM စစ်သားများက စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ထပ်မံ တိုက်တွန်းချက် ထုတ်ပြန်သည်။

တပ်မတော်သားများ၏ မူလတာဝန်သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွား၊ အသက်အိုးအိမ် စည်းစိမ်များအား အကာအကွယ်ပေးရန်ဖြစ်ပြီး၊ ယနေ့ နိုင်ငံတော်တွင် ကြုံတွေ့နေရသည့် နိုင်ငံရေးပြဿနာများအား အမြန်ဆုံးကုစားနိုင်ရန်အတွက် အဓိကစွမ်းဆောင်နိုင်သူများဖြစ်ပြီး ပြည်သူလူထု၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးလိုသည့် တပ်မတော်သားများအနေဖြင့် စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက်သို့အချိန်မီ ကူးပြောင်းရပ်တည်ကြရန် လိုအပ်သည်ဟု ဆိုသည်။

ထို့ကြောင့် ရဲဝံ့စွန့်လွှတ်သည့်စိတ်ဖြင့် အမှန်တရားကိုချစ်မြတ်နိုးသည့် တပ်မတော်သားများအနေဖြင့် နွေဦးတော်လှန်ရေးကြီးတွင် ပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ဖယ်ရှားကာ "တပ်မတော်၏ပုံရိပ်နှင့် ဂုဏ်သိက္ခာ" ကို ပြန်လည်ရယူဆယ်တင်ကြရန် အလေးအနက်ထား တိုက်တွန်းအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့ နိုင်ငံအဝှမ်းတွင် တွေ့ကြုံရင်ဆိုင် ခံစားနေရသည့် နိုင်ငံရေးပြဿနာများအားလုံး၏ ပင်မအကြောင်းရင်းခံ တာဝန်ရှိသူများသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းပါ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးများသာ ဖြစ်ပြီး နိုင်ငံအနှံ့စစ်တပ်၏ စစ်ရာဇဝတ် ကျူးလွန်နေမှုများတွင် ပါဝင်ပတ်သက်နေသည့် လက်အောက်ခံတပ်မှူး တပ်သားများသည်လည်း တော်လှန်ရေးအလွန် ပြည်သူ့တရားစီရင်ရေးတွင် မလွဲမသွေ အပြစ်ပေးအရေးယူ ခံရမည်ဖြစ်ကြောင်း CDM စစ်သားများက သတိပေးထားသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းပါစစ်ဗိုလ်ချုပ်ကြီးများသည် မဲမသမာမှုဟု အကြောင်းပြကာ လက်နက်အားကိုးဖြင့် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအဖွဲ့အား ဖမ်းဆီးထိန်းသိမ်းပြီး စစ်အာဏာသိမ်းမှု ကျူးလွန်ခဲ့ကြသည်။

စစ်ခေါင်းဆောင်များသည် အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ပြည်သူလူထုကို မတရား ဖိနှိပ်ရက်စက်၊ ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်စေခြင်းများ ပြင်းပြင်းထန်ထန် ကျူးလွန်ရက်စက်ခဲ့ကြသည့်အတွက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာခဲ့ပြီး တိုးတက်ခါစ နိုင်ငံတော်ဟာ အဘက်ဘက်မှ ဆုတ်ယုတ်ကျဆင်းပျက်စီးခဲ့ရသည်ဟု CDM စစ်သားများက ဆိုသည်။

မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းစစ်ခေါင်းဆောင်များသည် ၎င်းတို့၏ အာဏာအကျိုးစီးပွားအတွက် စစ်တပ်ကိုအသုံးချကာ နေ့စဉ်နှင့်အမျှ ပြည်သူလူထုအား ဖမ်းဆီးသတ်ဖြတ် နှိပ်စက်မှုများကြောင့် တပ်မတော်၏ဂုဏ်သိက္ခာနှင့် အနာဂတ်ပျောက်ဆုံးခဲ့ရသလို၊ ပြည်သူလူထုက ရွံရှာမုန်းတီး စက်ဆုပ်သည့် အကြမ်းဖက်စစ်တပ်အဖြစ် ကျဆင်းခဲ့ရကြောင်း CDM စစ်သားများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

MizzimaTv
#အာဏာသိမ်း၂နှစ်ပြည့်

voice

မင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးJanuary 31,1,2023မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ န...
31/01/2023

မင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

January 31,1,2023

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာနဲ့ မန္တလေး-မတ္တရာသွားကားလမ်းကြားမှာ မင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်ဒီမနက် ၁၁ နာရီခန့်မှာ နန္ဒာတောင်ကျေးရွာ မင်္ဂလာဆောင်ကနေ အမျိုးသမီးငယ် ၂ ဦးဟာ ဆိုင်ကယ်နဲ့ ပြန်လာချိန် လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်ခတ်သွားတယ်လို့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကောင်မလေးတွေက သူတို့သူငယ်ချင်း မင်္ဂလာဆောင်ကနေ ပြန်လာတာ။ အဲ့ဒါကို အနောက်ကနေ လိုက်လာပြီးပစ်သွားတာ။ ဆိုင်ကယ်အနောက်က လိုက်စီးလာတဲ့ကောင်မလေးက သေနတ်ဒဏ်ရာနဲ့ နေရာမှာဘဲ ဆုံးသွားတယ်" လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရသူတွေဟာ ကျွဲရေကုန်းကျေးရွာနေ မမျိုးမဌေး ၁၉ နှစ်နဲ့ မဖြူဇင်သန့် ၂၁ နှစ်ဆိုသူတွေဖြစ်ပြီး သေနတ်နဲ့ပစ်ခံရလို့ မဖြူဇင်သန့်မှာ ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်သူတွေက ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးသလို မဖြူဇင်သန့်ရဲ့ အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်း အကူအညီနဲ့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး အခင်းဖြစ်တဲ့နေရာတဝိုက်ကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်က ၅ ရွာကို စစ်တပ်က မီးရှို့တဲ့အပြင် ရွာသားတစ်ဦးကိုပါ သတ်သွား+++++++++++++++January,24စစ်ကိုင်းတိုင်း၊ ယင်းမာပင်...
24/01/2023

ယင်းမာပင်က ၅ ရွာကို စစ်တပ်က မီးရှို့တဲ့အပြင် ရွာသားတစ်ဦးကိုပါ သတ်သွား
+++++++++++++++
January,24

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီလ ၂၃ ရက်မနေ့ကနေ့လယ်ပိုင်းမှာ ဆက်တိုက်မီးရှို့ခဲ့တဲ့အပြင် ရွာသားတစ်ဦးကိုလည်း သတ်သွားတယ်လို့ သိရပါတယ်။

ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာ၊ အင်းဖက်ရွာ၊ ကြက်လျှာနဲ့ ပန်းတိမ်ပြင်ရွာတွေက နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး သံပရာပင်ရိုးတဲတိုက်က အသက် ၃၀ နှစ်အရွယ် ကိုနေထွန်းဆိုသူကိုပါ သတ်ကာ ဦးခေါင်းနဲ့လက်တစ်ဖက်ကို ဖြတ်သွားတယ်လို့ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကိုနေထွန်းကို ဇန်နဝါရီ ၂၃ ရက်မနေ့က သတ်သွားတာပါ။ အလောင်းကိုတော့ အင်ဖျားရွာမှာ တွေ့တာ။ ဒီနေ့ပဲ သဂြိုလ်ပြီးပါပြီ။ မီးလောင်တဲ့အိမ်ခြေစာရင်းတော့ မသိရသေးဘူး။ ရွာသားတွေလည်း ရွာထဲအကုန်မဝင်ကြသေးဘူး" လို့ ပြောပါတယ်။

ဒါ့အပြင် အင်းဖျားရွာက အမျိုးသား ၂ ဦးနဲ့ စုန်းချောင်းရွာက အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီစစ်အုပ်စုဟာ ဇန်နဝါရီလ ၁၉ ရက်ကတည်းက ချင်းတွင်းမြစ်ကြောင်းတလျှောက် စုန်ဆင်းလာကာ ကျောက်မှော်ရွာမှာ ၄ ရက်ကြာ တပ်စွဲခဲ့တာဖြစ်ပြီး၊ လက်ရှိမှာ စစ်ကြောင်းဘယ်ကို ဦးတည်နေတယ်ဆိုတာ မသိရှိရသေးပဲ မြစ်ကမ်းဘေးတလျောက်မှာရှိတဲ့ သံဘို၊ ကျောက်မှော်နဲ့ စေသူရွာ ဒေသခံတွေကတော့ ပုန်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးပစ်သတ်နိုင်ခဲ့တဲ့ စနိုက်ပါရဲဘော်နွေဦးကို ဘတ် ၅ သိန်းတန် စနိုက်ပါ ချီးမြှင့်+++++...
24/01/2023

တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးပစ်သတ်နိုင်ခဲ့တဲ့ စနိုက်ပါရဲဘော်နွေဦးကို ဘတ် ၅ သိန်းတန် စနိုက်ပါ ချီးမြှင့်
++++++++++++++
January,24

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးကို ပစ်သတ်နိုင်ခဲ့တဲ့ ရဲဘော်နွေဦး(ခေါ်) ဖိုးလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ဘတ် ၅ သိန်းတန် စနိုက်ပါ r***r 338 တစ်လက် ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဆုလက်ခံယူမှုအစီစဉ်ကို ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဦးလွင်ကိုလတ်ကိုယ်စား တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ ၃၅၀၂ တပ်ရင်းမှူးက ပေးအပ်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း မြေလတ်အသံမှာ ဖော်ပြထားပါတယ်။

"နွေဦးက လေ့ကျင့်မှုကောင်းတယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကြားမှာ လက်စွမ်းပြသနိုင်တယ်။ သူ့ကို မှီတဲ့သူမရှိဘူး။ တစ်နှစ်မှာတောင် လေ့ကျင့်ချိန်နေတဲ့အချိန်တွေပါသေးတယ်။ အရင်ကလည်း KNU ကလည်း စနိုက်ပါအသေးတစ်လက် ဆုချီးမြှင့်သေးတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ ၃၅၀၂ တပ်ခွဲ ၁ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရဲဘော်နွေဦးဟာ ၂၀၂၂ ခုနှစ် ၂ လပိုင်းကစတင်ကာ ၂၀၂၃ ခုနှစ် ၁ လပိုင်းအထိ စစ်ကောင်စီက ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်ခွဲမှူး ရဲဘော်များ စုစုပေါင်း ၅၇ ဦးကို ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ ရွှေတောင်မေတ္တာ ပရဟိတဆေးခန်းနဲ့ ရွှေတောင်တော်ဝင်ဆေးရုံကို စစ်ကောင်စီဝင်စီး စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကူတို့ကုန...
24/01/2023

မုံရွာ ရွှေတောင်မေတ္တာ ပရဟိတဆေးခန်းနဲ့ ရွှေတောင်တော်ဝင်ဆေးရုံကို စစ်ကောင်စီဝင်စီး

စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကူတို့ကုန်းရပ်၊ ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ ရွှေတောင်မေတ္တာ ပရဟိတဆေးခန်းနဲ့ ဒေါနခြံရပ်ကွက် ၊ ပြည်ထောင်စုလမ်း၊ သာစည်လမ်းမီးပွိုင့်နားက ရွှေတော်ဝင်ဆေးရုံတို့ကို ဇန်နဝါရီ ၂၂ ရက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ မုံရွာ- အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်သည်။

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်သည့် မြောင်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကတော် အပါအဝင် ထွေ/အုပ်ဝန်ထမ်...
15/01/2023

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်သည့် မြောင်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကတော် အပါအဝင် ထွေ/အုပ်ဝန်ထမ်း ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိ

January 15

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၏ ဇနီးဖြစ်သူ အပါအဝင် ထွေ/အုပ်ဝန်ထမ်း ၄ ဦးကို PDF တပ်များက ဖမ်းဆီးလိုက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒဖြင့် တရားစွဲမည်ဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ အပါအဝင် ရုံးဝန်ထမ်း ၄ ယောက်သည် လူဦးရေသန်းခေါင်စာရင်းများ ကောက်ယူနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ညွှန်ကြားချက်အတိုင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူမှု ရွေးကောက်ပွဲ တစ်ခုတည်းအတွက် မဟုတ်ဘဲ  PDF များကို ဖော်ထုတ်ရန်နှင့် သတင်းရယူစုဆောင်း...
15/01/2023

လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူမှု ရွေးကောက်ပွဲ တစ်ခုတည်းအတွက် မဟုတ်ဘဲ PDF များကို ဖော်ထုတ်ရန်နှင့် သတင်းရယူစုဆောင်းရေးအတွက်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ညွှန်ကြား

January 15

အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ လူဦးရေနှင့်သန်းခေါင်းစာရင်းများ ကောက်ယူနေရာတွင် ယင်းကောက်မှုသည် ရွေးကောက်ပွဲ အတွက် တစ်ခုတည်းမဟုတ်ဘဲ PDF များကို ဖော်ထုတ်ရန်နှင့် သတင်းရယူစုဆောင်းရန်ဟု ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောဆိုညွှန်ကြားခဲ့သည်။

နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရိန္နမာ ခန်းမတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ လျှို့ဝှက်ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်း အဝေး အမှတ် ၁ / ၂၀၂၂ တွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ထိုသို့ ပြောဆိုညွှန်ကြားခဲ့ခြင်းဖြစ်သည်။

"လူဦးရေစာရင်းများ ကောက်ယူရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း လိုက်ပါရမည်ဖြစ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်တိုင် စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တပ်ဖွဲ့အမျိုးမျိုးရှိကြောင်း၊ အားလုံးကို တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များက ကွပ်ကဲမှု ရယူပြီး ချက်ချင်း စီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း၊ အလိုရှိနေသူများ၏ ပုံများကို သက်ဆိုင်ရာနေရာများသို့ ပေးပို့ထားရန် လိုအပ်ကြောင်း" ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောဆိုခဲ့သည်။

ထပ်မံ၍ စိုးထွဋ်က လူဦးရေ စာရင်းကောက်ယူမှုများနှင့်ပတ်သက်၍ စာဖြင့် ညွှန်ကြားရာတွင် "ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူဦးရေ ၊ မဲစာရင်း၊ တစ်အိမ်တက်ဆင်း စစ်ဆေးမှုများတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အကြမ်းဖက်သမားများကို စုံစမ်းဖော်ထုတ်သည့် ရဲလုပ်ငန်းစဉ်များကိုပါ တစ်ပါတည်း ဆောင်ရွက်နိုင်ရေး စံလုပ်ငန်းတစ်ရပ် ရေးဆွဲ သတ်မှတ် ဆောင်ရွက်ရန်" ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်။

အမေရိကန်ကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး ၊ NUG ၊ NUCC နှင့် CRPH ကို ထောက်ခံ အားပေးရန်၊ PDF နှင့် EA...
24/12/2022

အမေရိကန်ကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး ၊ NUG ၊ NUCC နှင့် CRPH ကို ထောက်ခံ အားပေးရန်၊ PDF နှင့် EAO များကို အကူအညီပေးရန် ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ

ဒီဇင်ဘာ ၂၄

၂၀၂၃ ခုနှစ် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပြီး ဥပဒေတွင် ပါဝင်သည့် မြန်မာ့အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်သော NUG ၊ NUCC နှင့် CRPH တို့ကို ထောက်ခံရန်နှင့် PDF နှင့် EAO များကို နည်းပညာအကူအညီပေးရန် ပြဋ္ဌာန်းချက်များမှာ စတင် အသက်ဝင်နေပြီဖြစ်သည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၄ ရက်နေ့)တွင် အဆိုပါ ဥပဒေကို လက်မှတ် ရေးထိုး အတည် ပြုခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် လူသတ် စစ်ကောင်စီ ၏ အာဏာသိမ်းမှုအရေးကို ​ဖြေရှင်းရန် အမေရိကန်က အမျိုးသား ကာကွယ်ရေး ဥပဒေ (NDAA) ၏ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းထားသည်။

အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေတွင် စာမျက်နှာ ၄၄၀၈ မျက်နှာ ပါဝင် ပြီး မြန်မာ့အရေး ကိုင်တွယ်ရန် စာ မျက်နှာ ၂၅ မျက်နှာ ပြဋ္ဌာန်းထားကာ အမေရိကန်ပြည်ထောင်စု၏ မြန်မာ့အရေး မူဝါဒ အဖြစ် အချက် ၈ ချက်ပါဝင်သည်။

၁-မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တိုက်ပွဲဝင် နေမှုကို ဆက်လက် ထောက်ခံ အားပေးရန်။

၂- စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်အာဏာရှင် အဆုံးသတ်ရေး တိုက်ပွဲဝင် နေသော မြန်မာနိုင်ငံ အတွင်းနှင့် မြန်မာနိုင်ငံ ပြင်ပမှ NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့ အစည်း များ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်။

၃- လူထုရွေးကောက်ထားသော အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ စစ်တပ်သည် အရပ် သားအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ထိုအရပ်သား အုပ်ချုပ်မှုသည် ဖက်ဒရယ် ပြည်ထောင်စု စနစ်နှင့် လူနည်းတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်း လဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်။

၄-အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူအခွင့် အရေး ချိုးဖောက်မှုများ၊ တိုင်းရင်းသားများအပေါ်ကျူးလွန်သော လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများ ကို တာဝန်ခံမှုရှိစေရေး ဆောင် ရွက်ရန်။

၅-စစ်တပ်ကို ထောက်ခံနေသော တရုတ်နှင့်ရုရှားကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်။

၆-စစ်တပ်၏ ကျူးလွန်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာ ပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက် ပေးရန်။

၇-နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်။

၈-ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ မြန်မာပြည် တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ် သန်း ခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန် တို့ပါဝင်သည်။

စစ်တပ်၊ စစ်ဗိုလ်ချုပ်များ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူခြင်း
=====================================

အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ အတည်ပြုပြီးသည်နှင့် မြန်မာ စစ်တပ်ဗိုလ်ချုပ်များ၊ စီးပွားရေးကုမ္ပဏီများ၊ ဆက်နွယ်နေသော ပြည်ပ ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များ၊ စစ်တပ်အတွက် ငွေရှာပေးနေသည့် မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စီးပွားရေးများ၊ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများကို အမေရိကန်က အရေးယူရန် ဖော်ပြထားသည်။

ဒဏ်ခတ်အရေးယူမှုများသည် ၈ နှစ်တာကာလအထိ တည်ရှိနေမည်ဖြစ်ပြီး ယင်းအရေးယူမှုများကို ရပ်ဆိုင်းလိုပါက သမ္မတက ကွန်ကရက်ကို တင်ပြ၍ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို လုံး၀ ပိတ်ဆို့အရေးယူရန် ကုလ သမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ရှုတ်ချခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပါဝင်သည်။

PDF နှင့် EAOများကို အမေရိကန်က နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီပေးမည်
===========================================

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ(EAO)၊ People’s Defense Forces (PDF) များ၊ ဒီမိုကရေစီရေး လှုပ်ရှား နေကြ သည့် အဖွဲ့ အ စည်း များအတွက် ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနှင့် ပူး ပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာ စေရန် နည်းပညာနှင့် လက် နက် မဟုတ်သော အထောက်အပံ့များပေးရန်ဥပဒေတွင် ပါဝင်သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေး ပြန်ထူ ထောင်ရန်အားပေးသော မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်း များနှင့် ပတ် သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင် ရွက်မှု များကို ကူညီရန်လည်း ပါဝင်သည်။

ဖက်ဒရယ်စနစ်အားကောင်းစေရေး အမေရိကန်ကထောက်ပံ့အကူအညီပေးရေး၊ စစ်တပ်၏ လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုများကို စုံစမ်းဖော်ထုတ်သည့် CSO များကို အကူအညီပေးရေး၊ နိုင်ငံရေး အ ကျဉ်းသားများကို ကူညီနေသည့် CSO များ၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေသည့် CSO များကို ကူညီရန်လည်း ပါဝင်သည်။

အဆိုပါအကူအညီများသည် လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် ဘဏ္ဍာရေး နှစ် အလိုက် ဆောင်ရွက် ရန်ဖြစ်ကြောင်း သိရှိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when The Chindwin voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share