အာဆင်နယ်သတင်းစုံ

  • Home
  • အာဆင်နယ်သတင်းစုံ

အာဆင်နယ်သတင်းစုံ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အာဆင်နယ်သတင်းစုံ, Publisher, .

NLD ပွဲမှာ အဓိကစောင့်ကြည့်သွားရမဲ့ ကစားသမားတွေကတော့ ဆွန်း နဲ့ တိုမီ တို့ပဲဖြစ်ပါတယ် ပြိုင်ဆိုင်မှု ပြင်းထန်နဲ့ အသင်းနှစ်...
25/09/2021

NLD ပွဲမှာ အဓိကစောင့်ကြည့်သွားရမဲ့ ကစားသမားတွေကတော့ ဆွန်း နဲ့ တိုမီ တို့ပဲဖြစ်ပါတယ် ပြိုင်ဆိုင်မှု ပြင်းထန်နဲ့ အသင်းနှစ်သင်းမှာ ပြိုင်ဆိုင်ရမှာဖြစ်သလို သမိုင်းကြောင်းအရလဲ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဂျပန်သားနဲ့ ကိုရီးယားသားကို တွေ့ရအုံးမှာပါ

25/09/2021

စပါးကို အနိုင်ယူဖို့ ပြင်ဆင်နေကြတဲ့ အချစ်တော်များ

"ကျနော် ပြန်ကစားနိုင်တော့မှာပါ"  #မာတင်နယ်လီလေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တစ်ဦးနဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာပြင်းထန်စွာ ရခဲ...
12/10/2020

"ကျနော် ပြန်ကစားနိုင်တော့မှာပါ" #မာတင်နယ်လီ

လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တစ်ဦးနဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာပြင်းထန်စွာ ရခဲ့တဲ့ ကျနော်တို့ရဲ့ ကောင်လေး မာတင်နယ်လီ ကတော့ မကြာမီမှာပဲ ပြန်ကစားနိုင်တော့မယ် ဆိုတာကို ချစ်ရသော ပရိတ်သတ်တွေထံ အသိပေးလိုက်ပါတယ် ။

မာတင်နယ်လီ ဟာ ဒူးဒဏ်ရာကြောင့် နှစ်ကုန်အထိ နားရဖွယ်ရှိပြီး နောက်နှစ်မှပဲ ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းခံထားရတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ မာတင်နယ်လီ ရဲ့ ဖွင့်ဟခဲ့မှု ကြောင့် မကြာမီမှာပဲ ပြန်ကစားနိုင်ဖို့ကို မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ် ။

" ကျနော် ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပြန်ရလာပါပြီ ။ နေရတာလည်း ပိုပြီး သက်တောင့်သက်သာ ရှိလာတယ် ။ မကြာမီ ကျနော် ဘောလုံးကို စကန်နိုင်ပါတော့မယ် ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်မှာ ဒူးဒဏ်ရာက သက်သာလာခဲ့ပြီး အသုံးပြု လှုပ်ရှားဖို့ ကို ကြောက်လန့် မနေတော့ပါဘူး ။ မကြာခင်မှာ ဘောလုံးနဲ့ ထိတွေ့ရတော့မှာပါ " လို့ မာတင်နယ်လီ က အာဆင်နယ် website ကို ပြောကြားခဲ့တာ ဖြစ်ပါတယ် ။

မာတင်နယ်လီ ကလေး ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ အဆိုပါ ဒူးဒဏ်ရာ ကို ရရှိခဲ့တာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အလွန် ပြန်စတဲ့ ဘောလုံးပွဲတွေမှာ မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။
ကဲ..ပျော်ရဲ့လားဗျာ..ကောင်လေး ပြန်လာတော့မယ်..။

ဖလာမီနီကို မှတ်မိကြသေးလား သူလဲ အသင်းလက်မဲ့ဖြစ်နေတဲ့အချိန် အာဆင်နယ်မှာ လာရောက်ပြီး လေ့ကျင့်ခန်းဆင်နေခဲ့ရာကနေ အသင်းမှာ လူလ...
10/10/2020

ဖလာမီနီကို မှတ်မိကြသေးလား သူလဲ အသင်းလက်မဲ့ဖြစ်နေတဲ့အချိန် အာဆင်နယ်မှာ လာရောက်ပြီး လေ့ကျင့်ခန်းဆင်နေခဲ့ရာကနေ အသင်းမှာ လူလိုအပ်လာတဲ့အခါ အာဆင်၀င်းဂါးက ယုံယုံကြည်ကြည်နေရာပေးခဲ့ပြီး ခြေစွမ်းလဲပြနိုင်ခဲ့ပါတယ် အဲ့နှစ်က အာဆင်နယ် အသင်းဟာ ရာသီ၀က် ချန်ပီယံဖြစ်ခဲ့ပါတယ် ဝီရှိုင်းယား လဲ အသင်းမှာ လေ့ကျင့်ခန်းဆင်းရင်း အသင်းအလိုရှိတဲ့ အချိန်ကို စောင့်ဆိုင်းနေမယ်ဆိုရင် သဘောကျလား

09/10/2020

အာဆင်နယ်ဖန်တွေအတွက် ပါတေးရဲ့ ခြေစွမ်း အကဲခတ်ကြရအောင်

 #အိုဇေး (အဆုံးသတ်)အာဆင်နယ် ဖန်တွေဟာ တစ်ချိန်က အသင်းမှာ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်လို့ သတ်မှတ်ထားတဲ့ ကစားသမားတစ်ယောက...
09/10/2020

#အိုဇေး (အဆုံးသတ်)

အာဆင်နယ် ဖန်တွေဟာ တစ်ချိန်က အသင်းမှာ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်လို့ သတ်မှတ်ထားတဲ့ ကစားသမားတစ်ယောက် အရံခုံ ထိုင်နေရတာကို မြင်ချင်မှာမဟုတ်ကြပါဘူး

ဒါပေမဲ့ အိုဇေး ဘာကြောင့် ပွဲမကစားရလဲ သူရဲ့ခြေစွမ်းကြောင့်လား အခြားအကြောင်းအရားတွေကြောင့်လားဆိုတာ ကျွန်တော်တို့ ပရိတ်သတ်တွေ အနေနဲ့ လေ့လာရပါမယ်

အိုဇေးရဲ့ ခြေစွမ်းတွေ စတင်ကျဆင်းလာတာ အသက်အရွယ်ကြောင့်လား မဟုတ်ပါဘူး အိုဇေး လုပ်ခဲ့တဲ့ ပြဿနာ‌တွေ အများရှိပါတယ်

အိုဇေး စတင်ပြီးခြေစွမ်းကျဆင်းလာတာ ဂျာမနီ တူရကီ ပြဿနာတွေ နဲ့ အများကြီး သက်ဆိုင်နေပါတယ် ဒါကြောင့်လဲ ဂျာမနီအသင်းကနေ နုတ်ထွက်ခဲ့ပါတယ် ပြဿနာက အဲ့မှာ‌တင်မပြီးသွားသေးပါဘူး

အဲ့ဒီကနေစပြီး သူဟာ ဘာသာရေးကိစ္စတွေကိုပဲ စိတ်၀င်စားလာပါတယ် သူ့ကို ၀န်ရံလာတဲ့ ဘာသာတူ လူအများစုရဲ့ လက်ခုပ်သံတွေကြောင့်လဲ ပါပါလေ့မယ်

အဲ့လိုနဲ့ ‌အိုဇေးရဲ့ ခြေစွမ်းဟာ ပုံမှန် ခြေစွမ်းအောက်ရောက်လာခဲ့ပါပြီ သူအနေနဲ့ သူရဲ့ အပြုအမူတွေကို လုံး၀ မဆင်ခြင်ခဲ့ပါဘူး သူယုံကြည်ရာကို သူလုပ်နေခဲ့တာပါ

ဒီလိုနဲ့ တရုပ်နဲ့ ဝီဂါ တွေ ပြဿနာမှာ ၀င်ပါပြန်ပါတယ် သူ့လို ဘောလုံးသမားတစ်ယောက်ဟာ ဒီလိုနိုင်ငံရေး ဘာသာရေးတွေမှာ ၀င်ယောက် မစွက်ဖက်သင့်ဘူးဆိုတာ သူမေ့နေပုံရပါတယ် သူရဲ့ အဲ့ဒီအမှားကို လက်ရှိမှာ သူ‌ကြုံတွေနေရတာဖြစ်ပါတယ်

သူ့အနေနဲ့ ပြန်လဲတောင်းပန် လိုက်ရင် အခြေအနေတွေ ပြောင်းလဲ လာနိုင်ပါတယ် ဒါပေမဲ့ သူဟာ အသင်းနဲ့ပါ ပြဿနာတွေထက်ဖြစ်ခဲ့တယ်

ဒါပေမဲ့ အိုဇေးတစ်ယောက် ဒီကိစ္စကို နောင်တရလားလို့ မေးရင် မရဘူးလိုပြောရမှာဖြစ်ပါတယ် ဘာကြောင့်ဆိုရင် သူရဲ့ အပြုအမူတွေနဲ့ သူ့ရဲ့ Facebook , Twitter အကောင့်တွေမှာ သူဘာတွေတင်ထားလဲ ကြည့်ရင်သိနိုင်ပါတယ်

ကျွန်တော် အမြင်မှာတော့ အိုဇေးဟာ အာဆင်နယ်မှာ ကစားသမားဘ၀ကုန်ဆုံးပါပြီး ဒီထက်ဆိုးတာက သူ့ကို ဘယ် ဥရောပ အသင်းကြီးတွေကမှ ခေါ်ယူတော့မှာမဟုတ်သလို့ ဘယ်အသင်းငယ်ကမှလဲ ခေါ်မယ်မထင်တော့ပါဘူး သူ့အနေနဲ့ တူရကီ ကလပ်တွေက လွဲရင် အခြားမှာ ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်

ဒါကြောင့် ကျွန်တော်တို့ အာဆင်နယ် ဖန်တွေ အနေနဲ့ အိုဇေးကို မေ့ပြစ်လိုက်တာ အကောင်းဆုံးပါလို့ ပြောရင်း စာလေးကို အဆုံးသတ်လိုက်ပါတယ်

05/10/2020

ကြိုဆိုပါတယ် ပါတေး

အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြန်လာခဲ့ပါ ဂွမ်ဂွမ်ရေ
05/10/2020

အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြန်လာခဲ့ပါ ဂွမ်ဂွမ်ရေ

Arsenal က ပွဲချောင်တယ်နော် အခုမှ liverpool နဲ့ပီးတယ် Mancity နဲ့ထပ်တွေ့တယ် 😂😂
01/10/2020

Arsenal က ပွဲချောင်တယ်နော် အခုမှ liverpool နဲ့ပီးတယ် Mancity နဲ့ထပ်တွေ့တယ် 😂😂

01/10/2020

ကလော့က ပင်နတီ နဲ့ အနိုင်ယူပြီး လကါစားချေခြင်ခဲ့ ပေမဲ့ အာဆင်နယ်က အခွင့်အရေးမပေးခဲ့ပါဘူး

OFFICIAL: လာမည့်အပတ်ကစားမည့် UEFA Champions League နှင့် Europa League ပွဲစဉ်များအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း...
13/03/2020

OFFICIAL: လာမည့်အပတ်ကစားမည့် UEFA Champions League နှင့် Europa League ပွဲစဉ်များအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။

 COVID-19 ကော်ရိုနာဗိုင်းရပ်ကြိုတင်ကာကွယ်ရေးအစီအမံတစ်ရပ်အဖြစ် အင်္ဂလန်တွင်ကျင်းပမယ့် ဘောလုံးပွဲစဥ်များအားလုံးကို ပရိတ်သတ...
12/03/2020



COVID-19 ကော်ရိုနာဗိုင်းရပ်ကြိုတင်ကာကွယ်ရေးအစီအမံတစ်ရပ်အဖြစ် အင်္ဂလန်တွင်ကျင်းပမယ့် ဘောလုံးပွဲစဥ်များအားလုံးကို ပရိတ်သတ်များဝင်ရောက်ခွင့်မပြုစေဘဲ ကွင်းပိတ်ကစားစေဖို့ ဗြိတိန်အစိုးရ က လမ်းညွှန်ချက်ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါအစီအစဥ်ကို အမြန်ဆုံးအကောင်အထည်ဖော် သွားမှာဖြစ်ပြီး (၂၀၁၉-၂၀၂၀)ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကိုတော့ အချိန်ရွှေ့ဆိုင်းသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

(Times)

ဒီနေ့ကစားမယ့် မန်စီးတီး နဲ့ အာဆင်နယ်ပွဲကို ရွှေ့လိုက်ပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ...
11/03/2020

ဒီနေ့ကစားမယ့် မန်စီးတီး နဲ့ အာဆင်နယ်ပွဲကို ရွှေ့လိုက်ပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အိုလံပီယာကိုစ့်အသင်းနဲ့ ယူရိုပါလိဂ်ဖလားပွဲကစားခဲ့တာဖြစ်ပြီး၊ အခုချိန်မှာ အိုလံပီယာကိုစ့်အသင်းပိုင်ရှင်ထံမှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေခဲ့ပြီဖြစ်လို့ မန်စီးတီးနဲ့ ကစားမယ့်ပွဲကို ရပ်ဆိုင်းလိုက်ပြီး အာဆင်နယ်ကစားသမားတွေ ရောဂါရှိ မရှိစစ်ဆေးခံရမယ့် အနေအထားကို ရောက်လာခဲ့ပါတယ်။

BREAKING: လာလီဂါ၊ စီးရီးအေနဲ့ လီဂူးဝမ်း ပြိုင်ပွဲတွေ အားလုံးဟာ လာမယ့် ပွဲကစလို့ ပရိသတ်မပါတဲ့ ကွင်းပိတ်ပွဲတွေပဲ ကစားဖို့ ...
10/03/2020

BREAKING: လာလီဂါ၊ စီးရီးအေနဲ့ လီဂူးဝမ်း ပြိုင်ပွဲတွေ အားလုံးဟာ လာမယ့် ပွဲကစလို့ ပရိသတ်မပါတဲ့ ကွင်းပိတ်ပွဲတွေပဲ ကစားဖို့ အတည်ပြု ဆုံးဖြတ်လိုက်ပါပြီ။ ပရီးမီးယားလိဂ်ကလည်း မကြာခင်မှာ အဆုံးအဖြတ်တစ်ခု ပြုလုပ်လာနိုင်ပါတယ်။

FT - အာဆင်နယ် ၁-၀ ဝက်စ်ဟမ်းအာဆင်နယ်တို့ လူစားဝင် တိုက်စစ်မှူး လာကာဇက် ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်...
07/03/2020

FT - အာဆင်နယ် ၁-၀ ဝက်စ်ဟမ်း

အာဆင်နယ်တို့ လူစားဝင် တိုက်စစ်မှူး လာကာဇက် ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိမ်ကွင်းမှာ အနိုင် သုံးမှတ် ရရှိ သွားခဲ့ပါတယ် ။

04/03/2020

ယနေ့အတွက် လတ်လတ်ဆတ်ဆတ် အာဆင်နယ် သတင်းတိုများ

- အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ် နောက်ခံလူ ဒီမီရယ်ကို ခေါ်ယူဖို့အတွက် ထိပ်ဆုံးက ဦးဆောင်နေပေမယ့် ဂျူဗီက တူရကီသားကို အသင်းမှာ ဆက်ထိန်းချင်နေတယ်လို့ သိပါတယ်။ ဇန်နဝါရီလကလည်း ဂျူဗီတို့ လက်စတာရဲ့ ချဉ်းကပ်မှုကို ပယ်ချထားခဲ့ပါတယ်။

- နည်းပြ အာတီတာက မစ်လန်းနိုင်းစ်အနေနဲ့ အသင်းမှာ ပြန်ကစားချင်ရင် ကြိုးစားရမယ်လို့ သတိပေးစကား ဆိုခဲ့ပါတယ်။ မစ်လန်းနိုင်းစ်ဟာ အာတီတာလက်ထက် ခြေစွမ်းပြနေပေမယ့် ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အံ့အားသင့်ဖွယ် လူစာရင်းကနေ ပျောက်ဆုံးနေခဲ့ပါတယ်။

- ဘော်ဒိုးတိုက်စစ်မှူး မာဂျာက သူဟာ အာဆင်နယ် ပရိသတ်တစ်ဦးဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ မာဂျာက သူ့ရဲ့ အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားဖို့ဖြစ်ပြီး ငယ်စဉ်ကတည်းက အာဆင်နယ်မှာ ကစားဖို့ ရည်မှန်းခဲ့ကြောင်း ထုတ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။

- အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားက ပို့မောက်နဲ့ ပွဲမှာ ရရှိခဲ့တဲ့ သူ့ရဲ့ ဒဏ်ရာက ထင်သလောက် မပြင်းထန်ကြောင်း ပြောခဲ့ပါတယ်။ ESPN ကို ပြောကြားရာမှာ တော်ရဲရားက သူဟာ ခြေသပွတ်တံလည်သွားပေမယ့် လမ်းလျှောက်နိုင်ပြီး အဆင်ပြေကြောင်း ပြောကြားသွားခဲ့ပါတယ်။

- နောက်ခံလူ ဆိုကရာတစ်က အာတီတာဟာ ဘောလုံးဆိုင်ရာ ပရော်ဖက်ဆာတစ်ဦးဖြစ်ကြောင်း ချီးကျူးမှုတွေ ပြုလုပ်သွားပါတယ်။

🔯 ဂန်းနားကြယ်ပွင့်လေးကို ပေါင်သန်း ၇၀ပေးကာ ခေါ်ယူသွားမဲ့ ရီးရဲလ်မက်ဒရစ်။..📌စပိန်ထိပ်တန်းကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသ...
04/03/2020

🔯 ဂန်းနားကြယ်ပွင့်လေးကို ပေါင်သန်း ၇၀ပေးကာ ခေါ်ယူသွားမဲ့ ရီးရဲလ်မက်ဒရစ်။..📌

စပိန်ထိပ်တန်းကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနေနိုင်တဲ့ တိုက်စစ်ကစားသမားလေး ဂါဘရီရဲလ်မာတင်နယ်လီကို ပေါင်သန်း ၇၀ပေးကာ ခေါ်ယူသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၁၈နှစ်သားလေးဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာမှ ဂန်းနားတို့ဆီကို ပြောင်းရွှေ့ကြေး ပေါင် ၇သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့ပြီး အရွယ်နဲ့မလိုက်အောင် တောက်ပနေသူ ဖြစ်ပါတယ်။

ပွဲစဉ်ပေါင်း ၂၆ပွဲကစားထားရာမှာ သွင်းဂိုး ၁၀ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ဘရာဇီးလ်သားလေးကို ဥရောပထိပ်တန်းကလပ်အသင်းကြီး တော်တော်များများက မျက်စိကျလာကြတာပါ။

အာဆင်နယ်အသင်းရဲ့ ပြိုင်ဘက် လီဗာပူးလ်အသင်းနဲ့ ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းတို့ကလည်း အပြိုင်စိတ်ဝင်စားနေချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းပါ မာတင်နယ်လီကို စိတ်ဝင်စားနေတဲ့အသင်းထဲ ပါဝင်လာခဲ့ပါတယ်။

မြောက်လန်ဒန်အသင်းအနေနဲ့တော့ မာတင်နယ်လီကို အသင်းရဲ့အနာဂတ်အဖြစ် သတ်မှတ်ထားတဲ့အတွက် ရောင်းချလိုခြင်းမရှိပေမဲ့လည်း ပေါင်သန်း ၇၀ဝန်းကျင်ရရင်တော့ လက်လွှတ်သွားဖွယ်ရှိနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာမဲ့နွေဈေးကွက်မှာ ဝါရင့်တိုက်စစ်မှူး ကီရင်ဘန်ဇီမာနေရာကို အစားထိုးဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး အထောင်တိုက်စစ်မှူးအပြင် တောင်ပံတိုက်စစ်ကစားသမားအဖြစ်ပါ ကစားနိုင်တဲ့ မာတင်နယ်လီဟာ အေဒင်ဟာဇက်နေရာအတွက်ပါ အစားဝင်ရောက်နိုင်စွမ်းရှိတဲ့အတွက် မျက်စိကျလာတာပါ။

စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရလည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ မာတင်နယ်လီကို သူတို့အသင်းရဲ့ကြယ်ပွင့်တွေဖြစ်ကြတဲ့ ရိုင်ဒရီဂို၊ ဗင်နီရှပ်စ်ဂျူနီယာတို့ထက် အလားအလာပိုကောင်းတဲ့ ကစားသမားလေးအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
ဒီဘက်နှစ်ပိုင်းတွေမှာ လူငယ်ကစားသမားတွေကို အရခေါ်ယူရာမှာ လက်သွက်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ မာတင်နယ်လီအတွက် မကြာမီမှာပဲ စတင်ကြိုးပမ်းသွားဖွယ် ရှိနေတဲ့အပြင် ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ အသက် ၁၇နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ကာမာဗင်ဂါကိုလည်း ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Ref: Mirror

MPT Sim အသုံးပြုသူများအတွက် Free Data 800MB 30day ရယူမယ် ပုံထဲကအတိုင်း လုပ်တဆာင်ပါ
04/03/2020

MPT Sim အသုံးပြုသူများအတွက် Free Data 800MB 30day ရယူမယ် ပုံထဲကအတိုင်း လုပ်တဆာင်ပါ

ဘာစီလိုနာနဲ့ မန်ယူတို့က ကျနော့်ကို ကမ်းလှမ်းဖို့ငြင်းဆန်ခဲ့ကြတာပါ ဆိုတဲ့  #မာတင်နယ်လီ===========================အာဆင်နယ်...
04/03/2020

ဘာစီလိုနာနဲ့ မန်ယူတို့က ကျနော့်ကို ကမ်းလှမ်းဖို့ငြင်းဆန်ခဲ့ကြတာပါ ဆိုတဲ့ #မာတင်နယ်လီ
===========================

အာဆင်နယ် အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ တောက်ပနေတဲ့ ဘရာဇီး သားလေး မာတင်နယ်လီ ကတော့ မန်ယူအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတယ်လို့ ထုတ်ပြောလာခဲ့လိုက်ပါတယ် ။ မာတင်နယ်လီ ဟာ ခြေစွမ်းခြေစရှိတဲ့ လူငယ်ကစားသမားလေး ဖြစ်ပေမဲ့ အဆိုပါ အသင်းတွေကတော့ စာချုပ်ကမ်းလှမ်းဖို့ ငြင်းဆန်ခဲ့ကြတာ ဖြစ်ပါတယ် ။

မန်ယူ အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ငြင်းပယ်ခံခဲ့ရပုံကို မာတင်နယ်လီက " မန်ယူ အသင်းနဲ့ အီတူယာနို(မာတင်နယ်လီ ရဲ့အသင်း) တို့ကြားမှာ သဘောတူညီချက်တစ်ခု ရှိတယ်ဗျ ။ အဲ့သဘောတူညီချက် အရ အီတူယာနို က ကောင်လေးတစ်ယောက်က နှစ်စဥ် မန်ယူအသင်းမှာ လာရောက်လေ့ကျင့်ခွင့်ရတယ် ။ ကျနော် မန်ယူအသင်းနဲ့ လေးကြိမ်တောင် လေ့ကျင့်ခဲ့ဖူးတယ် ။ ကျနော့်အရွယ် ကောင်လေးတွေနဲ့ပေါ့ ။ ဖယ်လိုင်နီ ၊ အီ​ဗရာ နဲ့ ပေါ့ဘာ တို့ကို တွေ့ခွင့်ရခဲ့ပြီး ဓာတ်ပုံတွေလည်း ရိုက်ထားတာပေါ့ဗျာ ။ ဒါပေမဲ့ သူတို့(မန်ယူ) အသင်းက ကျနော့်ကို စာချုပ် မကမ်းလှမ်းခဲ့ကြပါဘူး ။ အဲ့တော့ ကျနော်လဲ အီတူယာနို ကိုပဲ ပြန်ပြီး လေ့ကျင့်နေရတာပေါ့ဗျာ ။ ဒါပေမဲ့ အင်္ဂလိဂ် ဘောလုံးကစားဟန်က ဘယ်လိုလဲဆိုတာကိုတော့ သိခွင့်ရခဲ့ပါတယ် ။ ဘာစီလိုနာ အသင်းနဲ့လည်း 2018 ခုနှစ် ၊ နိုဝင်ဘာလ ထဲမှာ ရက်သတ္တပတ် နှစ်ပတ်လောက် လေ့ကျင့်ခွင့် ရခဲ့ပါသေးတယ် ။ လာမာစီယာ အကယ်ဒမီမှာ နေခဲ့ရတယ် ။ ကံတော့ မကောင်းခဲ့ဘူးဗျ ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတကာ ပွဲတွေ သွားကစားနေလို့ မက်ဆီ အပါအဝင် စီနီယာ ကစားသမားတွေနဲ့ တွေ့ခွင့်မရခဲ့ဖူး ။ ဘာစီ ကလည်း ကျနော့်ကို စာချုပ် မကမ်းလှမ်းခဲ့ပါဘူး ။ ဒါပေမဲ့ ဥရောပ အတွေ့အကြုံက အတော်လေးမိုက်ပါတယ် ။ အားလုံးက ကျနော့်အတွက် အသစ်တွေ ဖြစ်နေသလို ဥရောပ ကလပ်အသင်းကြီးတွေ ပိုင်ဆိုင်တဲ့ အားကစားခန်းမရုံတွေ ၊ ကွင်းတွေက ဘယ်လောက်ကြီးကျယ်တယ်ဆိုတာ သိခဲ့ရပါတယ်" လို့ ဆိုသွားခဲ့ပါတယ် ။

မန်ယူ နဲ့ ဘာစီလိုနာ တို့က စာမချုပ်ခဲ့တဲ့ ဘရာဇီး လူငယ်လေးကတော့ အမ်းမရိတ်မြေက အကောင်းဆုံးခြေစွမ်းတွေနဲ့ မန်ယူ နဲ့ ဘာစီလိုနာ တာဝန်ရှိသူတွေကို သူ့ကို စာချုပ်မချုပ်ခဲ့တာ မှားယွင်းကြောင်း သက်သေပြနေခဲ့ပြီပဲ ဖြစ်ပါတယ် ။

FA Cup အာဆင်နယ် Line-up ရပြီနောက်တန်းမှာ အငှားခေါ်ယူထားတဲ့ ဘာဘလို မာရီ ပွဲထွက်လာပြီး တိုက်စစ်ကိုတော့ လူငယ်ကစားသမားတွေနဲ့...
02/03/2020

FA Cup အာဆင်နယ် Line-up ရပြီ
နောက်တန်းမှာ အငှားခေါ်ယူထားတဲ့ ဘာဘလို မာရီ ပွဲထွက်လာပြီး တိုက်စစ်ကိုတော့ လူငယ်ကစားသမားတွေနဲ့ အလုပ်ဖြစ်မလားစောင့်ကြည့်ရမယ် ခင်ဗျ

The only "INVINCIBLES".🏆2003-04 ( 0️⃣ Defeat )
29/02/2020

The only "INVINCIBLES".🏆

2003-04 ( 0️⃣ Defeat )

အာဆင်နယ် ၁-၂ အိုလံပီယာကော့စ် (ပွဲပြီးသုံးသပ်ချက်)အာဆင်နယ်အသင်းကတော့ မထင်မှတ်တဲ့ အမှားအယွင်းတွေနဲ့အတူ အိမ်ကွင်းအမ်းမရိတ်မ...
28/02/2020

အာဆင်နယ် ၁-၂ အိုလံပီယာကော့စ်
(ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ်အသင်းကတော့ မထင်မှတ်တဲ့ အမှားအယွင်းတွေနဲ့အတူ အိမ်ကွင်းအမ်းမရိတ်မြေမှာ အိုလံပီယာကော့စ်အသင်းကို ၁-၂ဂိုးနဲ့ အရှုံးပေးခဲ့ရပြီး အဝေးဂိုးရလဒ်နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ပထမအကျော့မှာ အနိုင်ရထားသလို အိမ်ကွင်းမှာဆိုရင် အမြဲအသာစီးကစားနိုင်လေ့ရှိတဲ့အသင်းဖြစ်ပေမဲ့လည်း နည်းပြအာတေတာဟာ အမှားမခံခဲ့ဘဲ လူစုံတက်စုံနဲ့ ပွဲထုတ်လာခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ ခါရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်ကြောင့် တနင်္ဂနွေမှာ ပရီးမီးယားလိဂ်ပွဲ ကစားစရာမရှိတာကြောင့်လည်း ဒီလိုလူစုံတက်စုံ ခင်းကျင်းလာခဲ့တယ်လို့ ယူဆရပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် အကောင်းဆုံး အာရုံစိုက်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီလိုလူစုံထုတ်မှုကပဲ အားနည်းချက်တစ်ခု ဖြစ်ခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ အဓိက ကစားသမား တော်တော်များများဟာ ပွဲဆက်တွေများနေတာကြောင့် ပထမပိုင်းကတည်းက ထင်သလောက် အားထုတ်မကစားနိုင်ခဲ့ကြပါဘူး။

ထုံးစံအတိုင်း အာဆင်နယ်အသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိကစားခဲ့ပေမဲ့ အရင်ပွဲတွေတုန်းကလောက် ထိရောက်မှုမရှိခဲ့ဘဲ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဘောလုံးအပျက်များနေခဲ့ပါတယ်။

ခံစစ်ပိုင်းကလည်း တစ်ချက်တစ်ချက် အမှားလေးတွေ တွေ့ခဲ့ရပြီး အိုလံပီယာကော့စ်အသင်းရဲ့တိုက်စစ်က အားနည်းလွန်းခဲ့တာကြောင့်သာ အာဆင်နယ်အသင်း သက်သာခဲ့တယ်လို့ ဆိုရမှာပါ။ ပထမပိုင်းပြီးကာနီးမှာ လာကာဇက် ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ဘယ်ခြမ်းကနေ ပေးပို့ခဲ့တဲ့ ဆာကာတစ်ယောက် ဘောလုံးလက်ခံကတည်းက လူကျွံနေခဲ့တာကြောင့် ပထမပိုင်းကို ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာတော့ အိုလံပီယာကော့စ်ရဲ့ ဆစ်ဆီက ထောင့်ကန်ဘောကနေ မထင်မှတ်ဘဲ ဦးဆောင်ဂိုးသွင်းယူသွားခဲ့တာကြောင့် အေးအေးသက်သာ ကစားရမဲ့ ပွဲတစ်ပွဲကို ဂန်းနားတို့ အသည်းအသန်ရုန်းရမဲ့ အခြေအနေကို ရောက်သွားပါတယ်။

ကွင်းတစ်ဝက်နီးပါး ဖိကစားကာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနေပေမဲ့ သာမန်ပေးပို့မှုတွေနဲ့သာ အချိန်ကုန်နေခဲ့တဲ့အတွက် အခွင့်အရေးတော့ မယ်မယ်ရရ မရခဲ့ပါဘူး။ ညာခြမ်းက ပေပေဘက်ကနေ ဦးစားပေးထိုးဖောက်နေချိန်မှာ ပေပေကနေ တစ်ကိုယ်တော် ကျော်ဖြတ်မှုတွေနဲ့သာ အချိန်ကုန်နေခဲ့တဲ့အတွက် အရာမရောက်ခဲ့ပါဘူး။

ဒီနေ့မှာ ပုံစံကောင်း သိပ်မပြနိုင်ဘဲ ဖြစ်နေတဲ့ ဆဘယ်ယော့စ်နေရာ တော်ရဲရား ဝင်လာမှသာ အာဆင်နယ်တိုက်စစ်ကစားကွက် အနည်းငယ်ချောင်လာခဲ့ပြီး လာကာဇက်တစ်ယောက် အခွင့်အရေးတွေ ရခဲ့ပေမဲ့ အသုံးချနိုင်ခြင်း မရှိတာကြောင့် ချေပဂိုးနဲ့ အလှမ်းဝေးနေခဲ့ပါတယ်။

ပွဲချိန် ၈၄မိနစ်မှာတော့ အာတေတာဟာ ဘယ်လာရင်နဲ့ ဝေးလ်လော့ခ်ကို လူစားလဲလှယ်ခဲ့ပြီး တိုက်စစ်ကို ထပ်တင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တိုက်စစ်က အဆုံးသတ်တွေ လွဲချော်နေခဲ့တာကြောင့် လိုအပ်နေတဲ့ ဂိုးတစ်ဂိုးကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

မိနစ် ၉၀ပြည့်တဲ့အထိ ဂိုးပေါက်မတွေ့ခဲ့တာကြောင့် မထင်မှတ်ဘဲ ပေါ့ဆတဲ့အမှားလေးတစ်ခုကနေ ဂန်းနားတို့ ကြီးကြီးမားမား ပေးဆက်လိုက်ရပြီး ပွဲဆက်တွေများနေတဲ့အချိန်မှာ အချိန်ပိုအထိ ရောက်သွားခဲ့ပါတယ်။

အချိန်ပို ပထမပိုင်းမှာလည်း ခံစစ်အထိုင်ကစားနေတဲ့ အိုလံပီယာကော့စ်ရဲ့ နောက်ခံလူတွေကို မကျော်လွန်နိုင်ခဲ့ဘဲ ဒီအတိုင်းသာ အချိန်ကုန်နေခဲ့ပါတယ်။ မူစတာဖီ ဒဏ်ရာရသွားတာကြောင့် ဆိုကရာတစ် ဝင်ကစားတာသာ အာဆင်နယ်အသင်း အပြောင်းအလဲ ရှိခဲ့တယ်လို့ပဲ ဆိုနိုင်ပါတယ်။

စက္ကန့်မိနစ်တွေ တဖြည်းဖြည်း ကုန်ဆုံးလာလေလေ အာဆင်နယ်အသင်း ဖိကစားလေလေ ဖြစ်ပေမဲ့ တိုက်စစ်ကစားသမားတွေရဲ့ နောက်ဆုံးထိချက်တွေကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ အိုလံပီယာကော့စ်အသင်း တန်ပြန်တိုက်စစ်ကနေ ရရှိတဲ့ အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့သာကြောင့်သာ သက်သာရာ ရခဲ့တာပါ။

လာကာဇက်နေရာ မာတင်နယ်လီ ဝင်လာတာကတော့ တကယ်အကျိုးရှိတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပြီး ဘရာဇီးလ်သားလေး ဝင်ရောက်လာချိန်ကစပြီး ဂန်းနားတို့ အခွင့်အရေးတွေ ခပ်စိတ်စိတ် ရလာခဲ့ပါတယ်။

ပွဲချိန် ၁၁၃မိနစ်မှာတော့ အိုဇေးလ်ရဲ့ ဖြတ်တင်ဘောကို မာတင်နယ်လီ ထပ်ဆင့်ခေါင်းတိုက်ချထားမှုကနေ အူဘာမီယန်းက လှလှပပ ပိတ်သွင်းခဲ့ပြီး အာဆင်နယ်အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကို ရယူပေးခဲ့ပါတော့တယ်။

အဲဒီနောက်ပိုင်းမှာတော့ အာဆင်နယ်အသင်း စိတ်ဓာတ်ရော ခြေစွမ်းပါ လုံးဝတက်လာခဲ့ပြီး တိုက်စစ်ကို ပိုမိုအားထည့်ကစားလာခဲ့ကာ အနိုင်ဂိုးရဖို့ ကြိုးစားလာခဲ့တာကို တွေ့ရပါတယ်။

ဘယ်တောင်ပံတိုက်စစ်တစ်ကြော မာတင်နယ်လီရဲ့ တစ်ကိုယ်တော် ဆွဲပြေးမှုတွေက အလုပ်ဖြစ်ခဲ့ပြီး တစ်ကြိမ်ကန်သွင်းမှုရခဲ့ပေမဲ့ ထိချက်လွဲခဲ့တာကြောင့်သာ ဂိုးမရခဲ့တာပါ။

ဒါပေမဲ့လည်း ပွဲပြီးကာနီးမှာ အယ်လ် အေရာဘီက အာဆင်နယ်အသင်းခံစစ်ပိုင်း ပေါ့လျော့မှုကနေ အိုလံပီယာကော့စ်အတွက် ဦးဆောင်ဂိုးရယူသွားခဲ့ပြီး အမ်းမရိတ်မှာ ဂန်းနားတို့ကို အလဲထိုးခဲ့ပါတယ်။

လက်ကျန်မိနစ်အနည်းငယ်အတွင်းမှာ ချေပဂိုးထပ်ရဖို့ မျှော်လင့်ချက်အတွက် အာဆင်နယ်အသင်း ကြိုးစားကစားသွားခဲ့သလို နောက်ဆုံးမိနစ်မှာ အူဘာမီယန်း အပိုင်ကန်သွင်းခွင့်ရခဲ့ပေမဲ့ လွဲချော်ခဲ့တာကြောင့် ၃၂သင်းရှုံးထွက်အဆင့်နဲ့ပဲ ယူရိုပါလိဂ်ကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

ဒီအချိန်မှာ သူ့နေရာကနေ ခံစားကြည့်ပေးပါ...!အာဆင်နယ် ဖန်တွေနဲ့အတူ ခံစားကြည့်ပေးပါ...!
27/02/2020

ဒီအချိန်မှာ သူ့နေရာကနေ ခံစားကြည့်ပေးပါ...!
အာဆင်နယ် ဖန်တွေနဲ့အတူ ခံစားကြည့်ပေးပါ...!

ဘောပွဲတစ်ပွဲရဲ့ အရသာကို ရင်ကွဲပက်လက် ကြည့်ခဲ့ရတယ် Hero ကနေ Zero ဖြစ်ခဲ့တဲ့ Auba 😭
27/02/2020

ဘောပွဲတစ်ပွဲရဲ့ အရသာကို ရင်ကွဲပက်လက် ကြည့်ခဲ့ရတယ်
Hero ကနေ Zero ဖြစ်ခဲ့တဲ့ Auba 😭

LINE UP CONFIRMED! အာဆင်နယ် အိမ်ကွင်းမှာ လူစုံထုတ်ပြီး အနိုင်ယူမယ်
27/02/2020

LINE UP CONFIRMED!

အာဆင်နယ် အိမ်ကွင်းမှာ လူစုံထုတ်ပြီး အနိုင်ယူမယ်

မိုက်ကယ် အာတီတာရဲ့ ချီးမွမ်းစကားသံတွေနဲ့အာဆင်နယ်ရဲ့ အနာဂတ်မှာ နံပါတ် 10 ဖြစ်လာနိုင်တဲ့စမစ်ရို့ ဟက်ဒါဖီးလ် မှာအငှားသွားရေ...
27/02/2020

မိုက်ကယ် အာတီတာရဲ့ ချီးမွမ်းစကားသံတွေနဲ့
အာဆင်နယ်ရဲ့ အနာဂတ်မှာ နံပါတ် 10 ဖြစ်လာနိုင်တဲ့
စမစ်ရို့

ဟက်ဒါဖီးလ် မှာအငှားသွားရောက်ကစားနေတဲ့ စမစ်ရို့ကတော့
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ကစားခဲ့တဲ့ ဟက်ဒါဖီးလ်နဲ့ဘရစ်စတိုးပွဲမှာ
Player of the match ကိုရရှိခဲ့ပါတယ်။ ဟက်ဒါဖီးလ်မန်နေဂျာက ပွဲစဉ်ပြီးဆုံးချိန်မှာ စမစ်ရို့ဟာ
ငယ်ရွယ်ပြီးအလွန်တော်တဲ့ ကလေးတစ်ယောက်သာဖြစ်တယ်။
နောက်သူက အရမ်းချစ်စရာကောင်းတဲ့ ကစားသမားလေးပါ ဆိုပြီး ချီးမွမ်းခဲ့ပါတယ်။

🔯 ဆာကာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်တစ်ဦးဖြစ်နိုင်ကြောင်း လာကာဇက်ချီးကျူး။ ..📌အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံကစားသမ...
27/02/2020

🔯 ဆာကာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်တစ်ဦးဖြစ်နိုင်ကြောင်း လာကာဇက်ချီးကျူး။ ..📌

အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးလူငယ်တွေထဲက တစ်ဦး ဖြစ်နိုင်ကြောင်းနဲ့ မိမိဟာလည်း သူ့ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်း တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်က ယူရိုပါလိဂ်အကြို သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားသွားခဲ့ပါတယ်။

ဒီရာသီမှာ တစ်ရှိန်ထိုး ထွန်းတောက်လာခဲ့ပြီး လူမရှိတဲ့ ဘယ်နောက်ခံလူနေရာမှာ သူ့နေရာမဟုတ်ဘဲ ဝင်ကစားခဲ့ပေမယ့် ခြေစွမ်းကတော့ အကောင်းဆုံးဖြစ်နေပြီး ပရိသတ်တွေက ဒီနေရာမှာပဲ ကစားပါတော့လို့ ဆိုခဲ့ရတဲ့အထိ ဆာကာဟာ ခြေစွမ်းပြခဲ့ပြီး ဖန်တီးပေးပို့မှု မှတ်တမ်းမှာလည်း အမြင့်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။

“သူက တကယ်ကောင်းတာဗျ။ ပရီးမီးယားလိဂ်အသင်းတွေထဲက လူငယ်တွေထဲမှာ အကောင်းဆုံးလည်းဖြစ်နေနိုင်တယ်။ ဘာဖြစ်လို့ ဒီလို ထွန်းတောက်လာသလဲဆိုရင်တော့ သူက ရိုးသားတယ်၊ နှိမ့်ချတယ်လေ။ ဒါဟာ လူငယ်တစ်ယောက်အတွက်တော့ တိုးတက်ဖို့ အလိုအပ်ဆုံး အရည်အချင်းတွေပဲပေါ့ဗျာ။ ပြီးတော့ သူ့ရဲ့ ဘယ်ခြေတစ်ချောင်းက အရမ်းကို ကောင်းပါတယ်”လို့ လာကာဇက်က ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဆောင်းရာသီနားရက်အပြီး နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲစလုံးမှာ ဆာကာဟာ အကောင်းဆုံးဖန်တီးပေးပို့မှုတွေကို တစ်ပွဲမှာ တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး နယူးကာဆယ်လ်နဲ့ပွဲမှာ ဘောလုံးကို နောက်ခံလူခြေထောက်ကြားက ထုတ်ပြီးမှ ခင်းပေးခဲ့တာကလည်း ဒီရာသီမှာ သူ့အတွက် အကောင်းဆုံး ပြောစရာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

“သူ့အနေနဲ့ ဒီထက် တိုးတက်အောင်တော့ လုပ်ရဦးမှာပါ။ ဒါပေမယ့် သူ့ရဲ့ ရိုးသားနှိမ့်ချမှုနဲ့အတူ သူ့အရည်အသွေးကိုလည်း ခင်ဗျားတို့ မြင်နိုင်နေပြီ မဟုတ်လား။ သူ့ရဲ့အကောင်းဆုံးအရည်အသွေးကတော့ လုပ်ချင်ကိုင်ချင်ကြိုးစားချင်စိတ်ပဲဖြစ်ပြီး တိုးတက်ဖို့အတွက် ဘယ်လိုဝေဖန်မှုပဲ ဖြစ်ဖြစ် သူက လက်ခံဖို့ အဆင်သင့်ပါပဲ”လို့ လာကာဇက်က ဆာကာအပေါ် ချီးကျူးသွားခဲ့ပါတယ်။

REF: ARSENAL OFFICIAL
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

မသေခင် အာဆင်နယ်ကိုနည်းပြသွားဦးမည်ဟု အွန်နရီဆို=================================အာဆင်နယ်အသင်း၏ ဂန္ဓဝင်တိုက်စစ်မှုး သီယာရီ...
27/02/2020

မသေခင် အာဆင်နယ်ကိုနည်းပြသွားဦးမည်ဟု အွန်နရီဆို
=================================

အာဆင်နယ်အသင်း၏ ဂန္ဓဝင်တိုက်စစ်မှုး သီယာရီအွန်နရီမှာ အာဆင်နယ်အသင်းအား နည်းပြလုပ်လိုသည့် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားသွားသည်။ ၄င်းက Canal+ ရုပ်သံလိုင်းသို့

" ကျတော် အာဆင်နယ်အသင်းကို နည်းပြဖို့ အိမ်မက်အမြဲရှိပါတယ်။ မဖြစ်မနေ ဖြစ်လာမဲ့အကြောင်းအရာတခုလို့တော့ ဆိုလိုတာမဟုတ်ပေမဲ့ မသေခင်တော့ အာဆင်နယ်ကိုနည်းပြသွားချင်တဲ့ ဆန္ဒတော့ ရှိပါတယ်"

ဟုပြောကြားသွားခဲ့သည်။ အွန်နရီမှာ လက်ရှိအချိန်တွင် မေဂျာလိဂ်ကလပ် မွန်ရီယလ်အင်ပက် အသင်းအားနည်းပြလျက်ရှိသည်။

ကိုဂျန်း

အာဆင်နယ် အသင်းကို သတိပေးလိုက်တဲ့  #အိုလံပီယာကော့စ်နည်းပြ===========================အိုလံပီယာကော့စ် အသင်း နည်းပြ ပတ်ဒရိုမ...
27/02/2020

အာဆင်နယ် အသင်းကို သတိပေးလိုက်တဲ့ #အိုလံပီယာကော့စ်နည်းပြ
===========================

အိုလံပီယာကော့စ် အသင်း နည်းပြ ပတ်ဒရိုမာတင် ကတော့ အာဆင်နယ် အသင်း အနေနဲ့ ပထမအကျော့ အနိုင်ရထားတာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပြီလို့ ထင်မှတ်မနေဖို့နဲ့ အိုလံပီယာကော့စ် အစစ်အမှန်ကို လာမဲ့ ဒုတိယအကျော့မှာ ပြသသွားမှာ ဖြစ်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ် ။ အိုလံပီယာကော့စ် အသင်းဟာ ပထမအကျော့မှာ အာဆင်နယ် အသင်း ကို လာကာဇက် ရဲ့ သွင်းဂိုး တစ်ဂိုး တည်းနဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ် ။

အိုလံပီယာကော့စ် နည်းပြ ပတ်ဒရို မာတင်က မိမိတို့အသင်းအနေနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်နေပြီး ချန်ပီယံလိဂ် အုပ်စုပွဲစဥ်တွေတုန်းက စပါး အသင်းကို ယှဥ်ကစားနိုင်ခဲ့သလိုမျိုး အာဆင်နယ် အသင်းကိုလည်း တုန့်ပြန်ကစားနိုင်မယ်လို့ ယူဆနေလိုက်ပါတယ် ။ အိုလံပီယာကော့စ် အသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်တုန်းက စပါး အသင်းကို အိမ်ကွင်းမှာ 2-2 သရေ ကစားနိုင်ခဲ့ပြီး အဝေးကွင်းမှာ 4-2 နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ် ။

မာတင် က " အာဆင်နယ် အသင်းကို ကျနော်တို့ အနိုင်ကစားနိုင်လိမ့်မယ် ထင်ပါတယ် ။ ချန်ပီယံလိဂ် အုပ်စု အဆင့် စပါးနဲ့ ပွဲတုန်းက ကျနော်တို့ ခြေစွမ်းကို သတိထားမိကြမှာပါ ။ အဲ့တုန်းက တကယ်ကောင်းတဲ့ ပွဲစဥ် နှစ်ပွဲကို ကစားခဲ့ရပါတယ် ။ အာဆင်နယ် အသင်းနဲ့ ပွဲက ခက်ခဲမှာ ဖြစ်ပေမဲ့ အမ်းမရိတ်မှာ ကျနော်တို့ တစုံတရာ ခြားနားမှုကို ပြုလုပ်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ် ။ အခုမှ ပွဲက တစ်ဝက်ပဲ ပြီးသေးတာပါ ။ အာဆင်နယ် အသင်း နောက်တစ်ဆင့် တက်ပြီလို့ တွေးထင်ရင် မှားသွားပါလိမ့်မယ် " လို့ ပြောဆိုခဲ့လိုက်တာ ဖြစ်ပါတယ် ။

မာတင်က အာဆင်နယ် နည်းပြ အာတီတာ ကိုတာ့ ချီးကျူးသွားခဲ့ပြီး အချိန်တိုလေးအတွင်းမှာ အာဆင်နယ် အသင်းကို ပြောင်းလဲအောင် ပြုလုပ်နိုင်သူလို့ ဆိုသွားခဲ့လိုက်ပါတယ် ။

ပါဘလို မာရီဖလာမင်ဂိုကနေ အာဆင်နယ်အသင်းဆီ အဌားလာရောက်ကစားနေတဲ့ ပါဘလိုမာရီ တစ်ယောက် အပြီးသတ်စာချုပ်နဲ့ ချုပ်ဆိုခေါ်ယူနိုင်က...
27/02/2020

ပါဘလို မာရီ

ဖလာမင်ဂိုကနေ အာဆင်နယ်အသင်းဆီ အဌားလာရောက်ကစား
နေတဲ့ ပါဘလိုမာရီ တစ်ယောက် အပြီးသတ်စာချုပ်နဲ့ ချုပ်ဆိုခေါ်ယူနိုင်ကြောင်း ကောလဟာလသတင်းတွေထွက်ပေါ်နေပါတယ်။

အသက် (26)နှစ်အရွယ် ဖလာမင်ဂို ဗဟိုလ်ခံစစ်မူး ပါဘလိုမာရီ အနေနဲ့ ဇန်နဝါရီ အပြောင်းရွေ့ကာလမှာ အာဆင်နယ်အသင်းထံ အဌားလာရောက်ကစားနေပြီး ရာသီကုန်ထိ လက်မှတ်ရေးထိုးထားပါတယ်။ ၎င်းကစားသမားဟာ အာဆင်နယ် U-23 မှာကစားနေပြီး အသင်းကြီးနဲ့လည်း လေ့ကျင့်ခန်းလည်း အပြည့်အဝဆင်းနေကြောင်း တွေ့ရပါတယ်။ အငှားစာချုပ်လက်မှတ်ရေးထိုးစဉ်မှာ အပြီးသတ်ခေါ်ယူလိုပါက ယူရို (16)သန်းဖြင့် ခေါ်ယူနိုင်ကြောင်း ဖော်ပြထားပါတယ်။

နောက်ဆုံးရ အာဆင်နယ်သတင်းများ========================(၁) အာဆင်နယ်အသင်းသည် လာမည့်ရာသီ ချန်ပီယံလိဂ်၀င်ခွင့်မရရှိခဲ့ပါက အူဘာ...
26/02/2020

နောက်ဆုံးရ အာဆင်နယ်သတင်းများ
========================

(၁) အာဆင်နယ်အသင်းသည် လာမည့်ရာသီ ချန်ပီယံလိဂ်၀င်ခွင့်မရရှိခဲ့ပါက အူဘာမီယန်း နှင့် လာကာဇက်အား အသင်းမှထွက်ခွာခွင့်ပြုရန် နှစ်ဦးသဘောတူညီချက် ထားရှိထားကြောင်း THE TIME က ဖော်ပြထားသည်။

(၂) ပြီးခဲ့သည့် အဲဗာတန်အသင်းနှင့် ပွဲစဉ်တွင် လက်မောင်းအဆစ်အုံဒဏ်ရာရရှိသွားသော ကိုလာဆီးနစ်၏ ဒဏ်ရာမှာ တီယာနေးနှင့် မတူပဲ ညှပ်ရိုးဒဏ်ရာ (acromioclavicular joint injury ) ဖြစ်ကြောင်း သိရသည်။ တီယာနေးမှာ ပခုံးအဆစ်လွှဲဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။

(၃) အာဆင်နယ်အသင်းသည် လာမည့်နွေရာသီတွင် ဆန်တီကာဇိုလာ နှင့် ၀င်းဂါးတို့အား နှုတ်ဆက်ပွဲစဉ်ပြုလုပ်ပေးဖွယ်ရှိကြောင်းသိရသည်။

(၄) အာဆင်နယ်အသင်းသည် ဘာစီလိုနာအသင်းမှ ဂီတာဖေးအသင်သို့အငှားလာရောက်ကစားနေသည့် စပိန်ယူ၂၁ ဘယ်နောက်ခံလူ ကူကရယ်လာ (တောင်ပံလည်းကစားနိုင်) အား ခေါ်ယူရန် စီစဉ်နေကြောင်းသိရသည်။ အဆိုပါနောက်ခံလူ၏ စာချုပ်ဖျက်သိမ်းကြေးမှာ ပေါင် ၂၁ သန်းရှိကြောင်းလည်း သိရသည်။

ကိုဂျန်း

အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ သင့်တော်သူ ဖြစ်တယ်လို့ အာတီတာ ချီးကျူးအီတလီကလပ် အင်တာမီလန်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေ...
25/02/2020

အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ သင့်တော်သူ ဖြစ်တယ်လို့ အာတီတာ ချီးကျူး

အီတလီကလပ် အင်တာမီလန်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ တိုက်စစ်မှူး အူဘာမီယန်းကို အာဆင်နယ်နည်းပြ အာတီတာက ကစားသမားအနေနဲ့ အနာဂတ်အသင်းမှာ ဆက်ရှိစေဖို့အရေးအတွက် ချီးကျူးပြောဆိုမှု ပြုလုပ်ပြီး သွေးဆောင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာလည်း အူဘာမီယန်းဟာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့သလို လက်ရှိ အသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် နည်းပြအာတီတာက အာဆင်နယ်အသင်းရဲ့ စူပါကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

လက်ရှိမှာ အူဘာမီယန်းဟာ လက်စတာတိုက်စစ်မှူး ဗာဒီနဲ့အပြိုင် ပရီးမီယားလိဂ် ဂိုးအများဆုံး သွင်းထားသူစာရင်းမှာ ၁၇ ဂိုးနဲ့ ရပ်တည်နေသလို အာဆင်နယ်အသင်းနဲ့ ကစားသမားရဲ့ကြားက စာချုပ်သက်တမ်းဟာ ၁၈ လလောက်သာ ကျန်ရှိပါတော့တယ်။

နည်းပြ အာတီတာက “သူနဲ့ အလုပ်တွဲလုပ်ရတာ သိပ်ပျော်ပါတယ်။ အသင်းအခက်ကြုံတိုင်း အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးတတ်တယ်။ အာဆင်နယ်အသင်းနဲ့ သင့်တော်ကိုက်ညီတဲ့ သူတစ်ယောက်ပါ။ အနာဂတ်မှာ အသင်းမှာ ဆက်ရှိမယ်လို့လည်း မျှော်လင့်ပါတယ်”လို့ စကိုင်းစပို့စ် သတင်းဌာနကို ပြောပါတယ်။

အွန်နရီ လက်သစ်လေးလား ? #အန်တီကီးယား
24/02/2020

အွန်နရီ လက်သစ်လေးလား ?

#အန်တီကီးယား

ဆာကရဲ့ စာချုပ် နဲ့ အာဆင်နယ် နောက်ဆုံးရ သတင်းများ
24/02/2020

ဆာကရဲ့ စာချုပ် နဲ့ အာဆင်နယ် နောက်ဆုံးရ သတင်းများ

မန်နေဂျာအာတီတာက လာမည့်နွေရာသီဈေးကွက်မှာ အသင်းမှာခံစစ်အင်အားကိုအကောင်းဆုံး ဖြည့်တင်း နိုင်ဖို့အတွက် လေဘာ....

FULL TIME!!!
23/02/2020

FULL TIME!!!

ကစားပုံကောင်ပေမဲ့ ပထမပိုင်း ကံမကောင်းသေးတဲ့ အာဆင်နယ်။ ဒုတိယပိုင်းပြန်လာမယ်
23/02/2020

ကစားပုံကောင်ပေမဲ့ ပထမပိုင်း ကံမကောင်းသေးတဲ့ အာဆင်နယ်။ ဒုတိယပိုင်းပြန်လာမယ်

အာဆင်နယ် Vs အဲဗာတန် Line-upနကီးတီယားလေးကိုပွဲထွက်စေခဲ့ပြန်တဲ့ အာတီတာပွဲချိန် - ၁၁:၀၀ဒိုင်လူကြီး - စတူးအပ်အက်ဝဲလ်
23/02/2020

အာဆင်နယ် Vs အဲဗာတန် Line-up

နကီးတီယားလေးကိုပွဲထွက်စေခဲ့ပြန်တဲ့ အာတီတာ

ပွဲချိန် - ၁၁:၀၀
ဒိုင်လူကြီး - စတူးအပ်အက်ဝဲလ်

ဆာကာ ... ရှာကာ****************အာတီတာ လက်ထက် ဆာကာလေး ရဲ့ တောက်ပမှု မှာ အဓိက နေရာက အထောက်အပံ့ ပြုနေတာ ရှာကာ ဖြစ်တယ်လို့ ကျ...
22/02/2020

ဆာကာ ... ရှာကာ
****************

အာတီတာ လက်ထက် ဆာကာလေး ရဲ့ တောက်ပမှု မှာ အဓိက နေရာက အထောက်အပံ့ ပြုနေတာ ရှာကာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ အချို့က သုံးသပ် နေကြ ပါတယ်

ဘာလို့လဲ ဆိုရင်တော့ ဆာကာလေး ဘယ်ခြမ်းတိုက်စစ် ကို လိုက်ပါသွားတိုင်း ကွင်းလယ်ကနေ ဘယ်အစွန် ကို ထွက်ပြီး ခံစစ်နေရာ ကို အဓိက တာဝန်ယူ ကစားပေး နေတာ ရှာကာ ဖြစ်နေလို့ပါ

ရှာကာ ရဲ့ တာဝန်ကျေကျ ကစားပြနိုင်ခဲ့မှုတွေကြောင့် ဆာကာ တစ်ယောက် တိုက်စစ် ကို ဖိအားကင်းကင်း နဲ့ လိုက်ပါနိုင်တာ ဖြစ်တယ်လို့ သုံးသပ် နေကြတာပါ

ရှာကာ ဟာ အာတီတာ လက်ထက် မှာ အသင်း ရဲ့ အဓိက အရေးကြီးဆုံး ကစားသမား တစ်ယောက်လို့ ဆိုရမှာ ဖြစ်ပြီး ပွဲပယ် တစ်ပွဲ ကလွဲရင် မိနစ်တိုင်း ကို ပါဝင် ကစား ပေးထားခဲ့သူ တစ်ဦးပါ ၊ ဒါ့အပြင် အာတီတာ လက်ထက် သူ ပါဝင်ထားတဲ့ ပွဲတိုင်း မှာ အာဆင်နယ် ဟာ ရှုံးပွဲ လုံးဝ မရှိသေးပါဘူး

ဆာကာ ကတော့ အာတီတာ လက်အောက် မှာ အစွမ်းကုန် တောက်ပနေပြီး ဂိုးဖန်တီးမှု (၄) ကြိမ် နဲ့ သွင်းဂိုး (၁) ဂိုး ရယူထားခဲ့သလို ၊ အသင်း ရဲ့ တိုက်စစ် ကစားကွက် ကို ဘယ်အစွန် ခံစစ် ကနေ ပုံဖော် ပေးနေတာပါ

Like&See First အာဖန်တို့😍 ..

Address


Website

Alerts

Be the first to know and let us send you an email when အာဆင်နယ်သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share