Myanmar Daily News

  • Home
  • Myanmar Daily News

Myanmar Daily News Myanmar Daily News Media

ဘယ်လောက်လိမ်လိမ် ခွေးဟာခွေးပဲ ။
03/08/2021

ဘယ်လောက်လိမ်လိမ် ခွေးဟာခွေးပဲ ။

ဒေါ်အောင်ဆန်းစုကြည် လက်ထက်က ကြိုတင်ဝယ်ယူထားသော Covid ကာကွယ်ဆေးအတွက် အပြီးသတ်ငွေချေဖို့ ငွေတွေကို   စစ်ကောင်စီအစိုးရက Cov...
03/08/2021

ဒေါ်အောင်ဆန်းစုကြည် လက်ထက်က ကြိုတင်ဝယ်ယူထားသော Covid ကာကွယ်ဆေးအတွက် အပြီးသတ်ငွေချေဖို့ ငွေတွေကို စစ်ကောင်စီအစိုးရက Covid ဆေးဝယ်ယူဖို့ အတွက် မသုံးပဲ ရုရှားနိုင်ငံက လက်နက်ဝယ်ယူဖို့ သုံးစွဲခဲ့ပါတယ် ။ ကာကွယ်ဆေးများကိုလဲ ငွေမချေသည့်အတွက် မသေချာတော့ပါ ။

အောက်စီဂျင်စက်တွေ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေလာတဲ့ နန္ဒာလှိုင်
03/08/2021

အောက်စီဂျင်စက်တွေ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေလာတဲ့ နန္ဒာလှိုင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နန္ဒာလှိုင်ကတော့ လတ်တလောမှာပြည်သူတွေအတွက်လိုအပ်နေတဲ့အောက်စီဂျင်စက်ရ...

စစ်တပ် ထောက်ခံသူများက ကုလ ဆန့်ကျင်ရေး လက်မှတ် စုဆောင်းနေလိုလားချက်များကို လက်မှတ်ထိုး ဖော်ပြတောင်းဆိုနိုင်သည့် the petit...
03/08/2021

စစ်တပ် ထောက်ခံသူများက ကုလ ဆန့်ကျင်ရေး လက်မှတ် စုဆောင်းနေ

လိုလားချက်များကို လက်မှတ်ထိုး ဖော်ပြတောင်းဆိုနိုင်သည့် the petition site တွင် စစ်တပ်ထောက်ခံသူများက လက်မှတ်စုဆောင်းကာ ကုလဆန့်ကျင်ရေး ကမ်ပိန်းကို ပြုလုပ်နေသည်ကို တွေ့ရသည်။

"NUG, CRPH, NLD တို့မှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဝါဒ လုပ်ငန်းများဖြစ်ပေါ်ရန်သွေးထိုးလှုံ့ဆော်နေမှုများကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချသည်" ဟု ရေးသားထားသည်ကို တွေ့ရသည်။

လက်မှတ်စုစုပေါင်း ၂ သိန်းလိုအပ်သည်ဟု တွေ့ရပြီး ယခုအချိန်ထိ လက်မှတ်ထိုးထားသူ ၄၈၀၀ ကျော်ရှိနေသည်။

"တချို့လူတွေက သိကြတာ မဟုတ်ဘူး။ လက်မှတ်ထိုးကြဆိုရင် စာမဖတ်ဘဲ ဝင်ထိုးလိုက်ကြမှာ စိုးရိမ်တာ၊ တကယ်က စစ်ခွေးတွေ လုပ်နေတာ" ဟု အဆိုပါ ကမ်ပိန်းကို တွေ့ရှိထားသူက ပြောသည်။

ယခု လက်မှတ်စုဆောင်းသည့် စစ်တပ်ထောက်ခံသူများ၏ ကမ်ပိန်းသည် မြန်မာ့အရေး ကုလသမဂ္ဂ၏ အစည်းအဝေးများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေသည်။

စစ်ကြောရေးတွင် မတရားဖမ်းဆီးခံထားရသူ ထက်ကိုဦး၏ ရုပ်အလောင်းအား ယနေ့လာရောက်ထုတ်ယူရန်စစ်ကောင်စီမှ မိသားစုဝင်အား အသိပေး....ပ...
02/08/2021

စစ်ကြောရေးတွင် မတရားဖမ်းဆီးခံထားရသူ
ထက်ကိုဦး၏ ရုပ်အလောင်းအား ယနေ့လာရောက်ထုတ်ယူရန်စစ်ကောင်စီမှ မိသားစုဝင်အား အသိပေး....
ပြည်သူများ သွေးအေးနေကြပြီလား?

02/08/2021
02/08/2021



PDF တွေကိုလှူတယ်‌လို့ ‌မ‌ပြောပါနဲ့

“လှူတယ်” ဆိုတဲ့ အသုံးအနှုံးဟာ ခင်ဗျားကို တော်လှန်ရေးနဲ့ ရင်ဘတ်ချင်း မနီးစပ်စေပါဘူး…

ကျွန်တော်တို့တတွေဟာ အခု ပြည်တွင်းစစ်ထဲမှာပါ…

“ဟမ်…ပြည်တွင်းစစ်က မဖြစ်သေးဘူးမလား..D-Day ကို စောင့်နေကြတာမလား” လို့ ခင်ဗျားတွေးမိကောင်း တွေးမိပါလိမ့်မယ်…

ဖေဖော်ဝါရီ (၉) ရက်နေ့….
မြသွဲ့သွဲ့ခိုင် ခေါင်းကို သေနတ်နဲ့ ပစ်လိုက်ကတည်းက စစ်အုပ်စုဟာ ပြည်သူအပေါ်ကို စစ်ကြေညာပြီး ပြည်တွင်းစစ်ကို စတင်ခဲ့ပြီးပါပြီ…

အဲကတည်းက ကျွန်တော်တို့ပြည်သူတွေကလည်း လက်နက်သာမကိုင်တာ….ဆန္ဒပြတိုက်ပွဲတွေ၊ သပိတ်တိုက်ပွဲတွေ၊ သံပုံးတီးတာလိုမျိုး စိတ်ဓာတ်စစ်ဆင်ရေး တိုက်ပွဲတွေ၊ online social media တိုက်ပွဲတွေ စသည်ဖြင့် တိုက်ပွဲပုံသဏ္ဌာန် အမျိုးမျိုးနဲ့ စစ်အုပ်စုကို တုံ့ပြန်တိုက်ခိုက်လာခဲ့ကြတာ…အခုဆိုရင် ရရာလက်နက် ကိုင်စွဲပြီး တိုက်ခိုက်တဲ့ အဆင့်ထိ ရောက်နေပြီ…

D-Day ဆိုတာ “လက်နက်ကိုင် တိုက်ပွဲ” တွေ အင်နဲ့အားနဲ့ တိုက်ခိုက်မှု စတင်မယ့်နေ့ပါ..

အဲဒါကြောင့်…ခင်ဗျားတို့ သတိထားမိချင်မှ ထားမိမယ်….
ကျွန်တော်တို့တတွေ အခုဆင်နွှဲနေကြတာ ပြည်တွင်းစစ်ပဲ…

ဒီနေရာမှာ တိုက်ပွဲဆိုတာ သေနတ်တွေကိုင်ပြီး တဖက်နဲ့တဖက် ကျည်ဆံ အမြောက်ဆံတွေကြားရောက်နေမှ တိုက်ပွဲဝင်တာမဟုတ်ဘူး….

ကိုယ်စီကိုယ်စီ…အားသန်ရာ..ကျရာတာဝန်ကို ထမ်းဆောင်ကြရမှာပဲ…..

ခင်ဗျားဟာ သေနတ်ကိုင်တပ်သား ဖြစ်ချင်မှ ဖြစ်မယ်….

ခင်ဗျားဟာ….

ခံစစ်စခန်းတွေ ဆောက်တဲ့ ဆောက်လုပ်ရေးတပ်သား

ကျန်းမာရေးအတွက် တာဝန်ယူရတဲ့ ဆေးတပ်သား

ထမင်းချက်ဖို့ တာဝန်ယူရတဲ့ ရိက္ခာတပ်သား

ပစ္စည်းတွေတနေရာကနေ တနေရာကိုပို့တဲ့…သယ်ယူပို့ဆောင်ရေး တပ်သား..

သတင်းအချက်အလက် ရယူဖြန့်ဝေရတဲ့ ကင်းထောက်တပ်သား/ဆက်သွယ်ရေး တပ်သား/ IT တပ်သား

ယူနီဖောင်းတွေ ချုပ်လုပ်ပေးရတဲ့…လက်နက်တွေ မိုင်းတွေ တပ်ဆင်ပေးရတဲ့ ထုတ်လုပ်ရေးတပ်သား..

လိုအပ်တဲ့ ငွေ၊ရိက္ခာ ပံ့ပိုးပေးရတဲ့ ထောက်ပံ့ရေးတပ်သား…

ဘယ်နေရာကနေပါပါ…

ခင်ဗျားဟာ တော်လှန်ရေး တပ်သားပဲ

အဲဒါကြောင့် မေတ္တာရပ်ခံတာပါ

PDF တွေကို “လှူ” တယ်လို့ မပြောပါနဲ့

ငါက “PDF ထောက်ပံ့ရေးတပ်သားကွ” လို့ပဲ ရဲရဲကြီး လက်မထောင် ရင်ကော့ ပြောလိုက်စမ်းပါ….

“လှူ” တယ်ဆိုတဲ့ အသုံးအနှုံးနဲ့ ကိုယ့်ကိုယ်ကို တော်လှန်ရေးရဲ့ အဝေးမှာ မနေပါနဲ့…

ခင်ဗျား ထောက်ပံ့ရေးတပ်သားအနေနဲ့ ပါဝင်လိုက်တဲ့

၁၅၀၀၀၀၀ ကျပ်ဟာ သေနတ် ၁ လက်ရပါတယ်

၂၀၀၀၀ ကျပ်ဟာ လက်ပစ်ဗုံး ၁ လုံးရပါတယ်

၁၀၀၀ ကျပ် ဟာ ကျည်ဆံ ၅တောင့်ရပါတယ်

ဒီနေရာမှာ ကွန်မြူနစ်တွေရဲ့ စကားတစ်ခုကို သတိရတယ်

“ရာထူးအဆင့် ဆိုတာမရှိ….တာဝန်အဆင့်သာရှိသည်” တဲ့

ကျုပ်တို့ ဒီပြည်တွင်းစစ်ကြီးကို နိုင်အောင် တိုက်ပြီးတဲ့အခါ….လမ်းမှာတွေ့ရင် အချင်းချင်း နှုတ်ဆက်ကြတဲ့အခါ

“ရဲဘော်….ခင်ဗျား ဘာတာဝန် ထမ်းဆောင်ခဲ့သလဲ” ဆိုရင်

ခင်ဗျားမှာ ပြန်ဖြေစရာ ရှိပြီလား??

အခြေအနေအကြောင်းကြောင်းကြောင့် သေနတ်ကိုင်တပ်သားအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ အဆင်မပြေရင်လည်း အားမငယ်ပါနဲ့

သင့်ကို “ထောက်ပံ့ရေး တပ်သား” အဖြစ် အလိုရှိပါတယ်

အခုပဲ တော်လှန်ရေး တပ်ထဲ ဝင်လိုက်ပါ။

ခင်ဗျားဟာ

ယူနီဖောင်း မဝတ်တဲ့ တပ်သားတစ်ယောက်ပါ….ရဲဘော်

ဟစ်တလာ ဟာဂျူး ၆သန်းကျော်ကို သတ်ခဲ့တယ်.. လို့ သမိုင်းရှိတယ်။လူ ၆သန်းနော်။ဒီလောက်အများကြီးကို သတ်ဖို့သူ့လူ ဘယ်လောက်ရင်းရမယ...
02/08/2021

ဟစ်တလာ ဟာ
ဂျူး ၆သန်းကျော်ကို သတ်ခဲ့တယ်.. လို့ သမိုင်းရှိတယ်။

လူ ၆သန်းနော်။

ဒီလောက်အများကြီးကို သတ်ဖို့

သူ့လူ ဘယ်လောက်ရင်းရမယ်ထင်လဲ?
ငွေကုန်ကြေးကျ ဘယ်လောက်များမယ် ထင်လဲ?
ဘယ်လောက်ခက်ခဲမယ် ထင်သလဲ?

အဖြေကတော့ NO ပါ။

လူအများကြီးကို တပြိုင်တည်းသုတ်သင်ဖို့ရာ
ကျည်ဆံတောင် မသုံး
ဓာတ်ငွေ့လှောင်တိုက်ကြီးတွေနဲ့ လုပ်ကြံခဲ့။
နောက် ပိုလွယ်တဲ့နည်းလမ်း ရှာလာတော့

ဂျူးးတွေကို မြေတူးခိုင်းတယ်။
အဲ့ဒီသူတို့တူးထားတဲ့ မြေကျင်းကြီးတွေထဲ
အရှင်လတ်လတ် ပြန်ထည့်မြှုပ်ခဲ့တယ်။

စဉ်းစားကြည့်ရင်
ဘယ်လောက်အသည်းနာဖို့ ကောင်းလဲနော်။
ကိုယ်ကိုထည့်မြှုပ်ဖို့ မြေကျင်းကို
ကိုယ်တိုင် တူးခဲ့ရတဲ့အဖြစ်။

တူးပြီးရင်လည်း သေမှာသိလျက်
ဘာကြောင့် နာခံခဲ့ကြတာလဲ?
သေမယ့်တူတူ ဘာလို့ ပြန်မချသလဲ?

အဖြေက `အကြောက်တရား´ ပါ။

သေနတ်ကလေးနဲ့ လူနည်းနည်းနည်းလေးက
ချိန်ထားတာကို မတွန်းလှန်ရဲ၊
အံမတုရဲတဲ့အခါ
နောက်ဆုံးအချိန်ထိ နာခံရိုကျိုးစွာ
သေဆုံးသွားခဲ့ရတော့တာပေါ့။

သူတို့လည်း
R2P မျှော်သလား US Army မျှော်သလား.. တော့ မပြောနိုင်ဘူးပေါ့လေ 😏

သေချာတာက ... အတူတူ
ညီညီညာညာရုန်းကြမယ်ဆိုရင်
ဘယ်လောက်အင်အားကြီးရန်သူကိုမဆို
တွန်းလှန်နိုင်ပြီး

ကြောက်စိတ်နဲ့ ငြိမ်ခံနေရင်တော့
လူ ၆သန်းကျော်လည်း
အလဟသ သေဆုံးခဲ့ရတဲ့အကြောင်း
သမိုင်းသက်သေရှိခဲ့ပါတယ်။

မနေ့တုန်းက နာဇီခေတ်က ဂျူးးတွေအကြောင်း
ငါ အိပ်မက်မက်တော့
အသံတစ်သံကို ထင်ထင်ရှားရှားကြားရခဲ့။

ပြန်တွန်းလှန်ကြဖို့ပြောတဲ့ ဂျူးလူငယ်လေးကို
ဂျူးအဖိုးကြီးက ပြောနေတယ်။
သွား မလုပ်နဲ့၊
သူတို့အကွက်ထဲ ဝင်သွားမယ်တဲ့။

သြော် အိပ်မက်ဆိုတော့ ထင်ယောင်ဝိုးဝါး
ကြားချင်တာ ကြားတာ ထင်ရဲ့။ 😞

credit: thorn nay soe
#ကြောက်ခေတ်က ရုန်းထွက် 💪

ပုံကတော့ မင်းအောင်လှိုင်ချစ်စရာလေးနော🤣

02/08/2021

လောလောဆယ် ဝင်ငွေကတော့
အိမ်က ဟိုဟာဝယ်ခိုင်း ဒီဟာဝယ်ခိုင်း နဲ့
ပိုတဲ့ ပိုက်ဆံတွေ ပြန်မအမ်းတာပဲ :3

အမာခံပရိသတ်နဲ့ Idols တို့ အချစ်ခရီးလမ်းလှမ်းခဲ့ကြတဲ့ နာမည်ကျော်ဆယ်လီများ
02/08/2021

အမာခံပရိသတ်နဲ့ Idols တို့ အချစ်ခရီးလမ်းလှမ်းခဲ့ကြတဲ့ နာမည်ကျော်ဆယ်လီများ

တစ်ခေတ်တစ်ခါတုန်းကတော့ နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ရွှေလက်တွဲနိုင်ဖို့ဆိုတာဟာ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာ.....

မ ( ၄ )ခု ဖြေရှင်းနည်းဘာပဲလုပ်လုပ်___~( ၁ ) ဗဟုသုတ မရှိဘူး။( ၂ ) ပိုက်ဆံ မရှိဘူး။( ၃ ) အချိန် မရှိဘူး။( ၄ ) သတ္တိ မရှိဘူ...
28/11/2020

မ ( ၄ )ခု ဖြေရှင်းနည်း

ဘာပဲလုပ်လုပ်___~
( ၁ ) ဗဟုသုတ မရှိဘူး။
( ၂ ) ပိုက်ဆံ မရှိဘူး။
( ၃ ) အချိန် မရှိဘူး။
( ၄ ) သတ္တိ မရှိဘူး။
အဲလို ဆင်ခြေပေးသူတွေ နေရာဟောင်းကနေ
ဘယ်မှ မရွေ့ဘူး။

______________________________

ဖြေရှင်းနည်း

( ၁ ) ဗဟုသုတ မရှိဘူးဆိုရင် ချက်ချင်းရှာပါ။

ဗဟုသုတ ပေးတဲ့ စာအုပ်ဖတ်ပါ
Seminar ပွဲတတ်ပါ
အသံဖိုင်တွေ နားထောင်းပါ
ဒီလောကမှာ မွေးလာကတည်းက သင်ယူစရာမလိုပဲနဲ့
အကုန်သိ အကုန်တတ်တဲ့ သူမရှိပါဘူး။

______________________________

( ၂ ) ပိုက်ဆံမရှိဘူး

ဒီအချက်ကတော့ ကျွန်တော် သိပ်မသေချာဘူး။
ကျွန်တော် သူငယ်ချင်းတွေ ကျွန်တော့်ရှေ့မှာ
ပိုက်ဆံမရှိဘူးလို့ ညည်းပေးမယ့်....
သူတို့ကိုင်တဲ့ လက်ကိုင်ဖုန်းက နောက်ဆုံးပေါ်
Iphone / Samsung တွေ
အပတ်တိုင်း Shopping ထွက်လို့ရတယ်။
စားသောက်ဆိုင် အကြီးကြီးတွေမှာ အမြဲစားလို့ရတယ်။
Party တိုင်း တတ်လို့ရတယ်
အကုန်ပြောရမယ်ဆိုရင်...
ကိုယ်တကယ် ပိုက်ဆံမရှိတာလား ဒါမှမဟုတ်
အဲဒီအရာတွေထက် ကိုယ်ဘ၀အတွက်
အရေးကြီးတဲ့ အရာအပေါ် လေးလေးနက်နက်
မရင်းနှီးတာလား??

______________________________

( ၃ ) အချိန်မရှိဘူး

အချိန်မရှိဘူးလို့ပြောတာ လူအများစုပါပဲ
မနက်မှာ သတင်းစာဖတ်မယ် ဒါမှမဟုတ် ကြည့်မယ်
နေ့လည်ပိုင်းမှာ Personal /Social နဲ့အလုပ်ရူပ်နေမယ်
ဒါမှမဟုတ် Game တစ်ခုခုနဲ့ အလုပ်ရူပ်နေမယ်
ညနေလောက်ကျရင် ဇာတ်ကားကြည့်နေမယ်

ပြီးတော့....
အချိန်မရှိဘူးလို့ ညည်းတယ်
အချိန်ရှိချင်ရင်တော့ မလိုတဲ့အရာကို လျော့ပါ

______________________________

( ၄ ) သတ္တိ မရှိဘူး/ မရဲဘူး😬😬😬😬

နောက်ဆုံးအချက်ကတော့ အခက်ဆုံးပါ
အရင်တုန်းက ကျွန်တော်လည်း မရဲတဲ့သူတစ်ယောက်ပါ

ကျွန်တော်အတွက် အကောင်းဆုံး ဖြေရှင်းနည်းက
ကျွန်တော် အားကျလေးစားတဲ့ Role Model ရှာလိုက်တယ်

ကမ္ဘာပေါ်မှာ ကျွန်တော်ထက် ဆင်းရဲခဲ့တဲ့သူ
ကျွန်တော်ထက် ကျောင်းတတ်နည်းတဲ့သူတောင်မှ
အောင်မြင်ချမ်းသာတဲ့သူ ဖြစ်နိင်တာပဲ

KFC ပိုင်ရှင်တောင်မှ အဲလောက် ကျရှုံးမှုကို ခံနိင်တာပဲ
ဒီလောက် ကျရှုံးမှုကို ကျနော် ဘာလို့ကြောက်ရမှာလဲ
ဘာလို့ မခံနိင်ရမှာလဲ

ဒါကြောင့် ကိုယ့်ရဲ့ လေးစားအားကျရတဲ့သူကို
စံနမူနာ ထားပြီ ပြသာနာ တစ်ခုခုကြုံလာရင်
သူကို ကိုယ့်နေရာအစားထိုးကြည့်လိုက်ပါ

အဲဒါဆိုရင် တဖြည်းဖြည်း သတ္တိ ရှိလာပါလိမ့်မယ်။

အကျိူးးရှိမယ်လို့မျှော်လင့်ပါတယ်😊😊


မူရင်းရေးသားသူကို
လေးစားလျှက်

ပြန်လည်ဝေမျှသည် Nant Nadi

Address


Alerts

Be the first to know and let us send you an email when Myanmar Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share