Star vedio LK

  • Home
  • Star vedio LK

Star vedio LK star vedio

06/05/2024
26/04/2024

Happy classic cartoon 😆😆

26/04/2024

ပန်းတိုင်ကို ရောက်ဖို့အတွက် လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့ ကိုယ့်လမ်းကိုသာကြည့်ပါ။

အောင်မြင် ရဖို့အတွက် လူတွေရဲ့စကားတွေကို နားထောင်မနေပါနဲ့ ။ ကိုယ့်ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက် လူတွေရဲ့ အမူအယာတွေကို ဂရုမစိုက်ပါနဲ့။ ကိုယ်လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင် ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း မာနကြီးတယ်လို့ အထင်ခံရလိမ့်ယ်။

အမြဲတမ်းပြုံးနေရင် ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲ လို့ သူတစ်ပါးကို မထိခိုက်ပဲ ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီးပါ တယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့ ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်တိုင်ပဲ ပြန်ထနိုင်အောင်ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တခုပါ မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။ ဒီနေ့သာလျှင် ဘဝတစ်ခုလေ ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်းတစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြတ်သန်း ရမလဲဆိုတာ ကိုယ့်အပေါ် မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက် မဖြစ်သေးရင်တောင် ကိုယ့်ကိုယ်ကို မလိမ်မိစေနဲ့၊ ယုံကြည် မပျက် စေ နဲ့ ကိုယ်အတွက် ယုံကြည်ရဆုံးက ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ်။

စာဖတ်မိတ်ဆွေအားလုံး အောင်မြင်မှုပန်းတိုင်ကို Crd

24/04/2024

Happy watch classic cartoons 😁

04/04/2024

💗🥰

04/04/2024
04/03/2024

အရမ်းကြိုက်လို့ ထပ်ခါဖတ်မိတယ်..

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။

အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး.....
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ဆင်တွေထဲမှာအစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်။
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။

ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့.....
နှာမောင်းကိုသန်အောင်လုပ်ရတယ်။
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။

တောထဲမှာ.....စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ်။

အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်။

သစ်လုပ်သားတွေကပြောဖူးတယ်။
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်.....
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။
ပြေးတာမလွတ်လို့ အရိုက်ခံရရင်
အရိုးတောင်ထင်တယ်တဲ့။

ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့.....
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။

ပြောချင်တာက.....
မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။
တစ်ဖက်မှာအားနည်းရင်.....
တစ်ဖက်ဖက်မှာအားသာလာအောင်
ကြိုးစားကြ ။

အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။

နောက်ဆုံးမှာ......
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။

အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။

ဒါပေမယ့်......
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...။
သိပ္ပံဘွဲ့ရတယ်။
အံ့အားသင့်စရာအကောင်းဆုံးက
လေယာဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ

ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...။

လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်။

အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ။

အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို

သင့်ရဲ့ အားနည်းချက်ဆိုတာ
မေ့ထားပြီးကြိုးစားကြည့်ပါ။
သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်...

အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။
ပွဲတစ်ပွဲရဲ့အဖြေဟာ.....
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ

#လေးစားစွာဖြင့် .....


#တာဇံ
#စာပေချစ်သူများကိုလေးစားလျှက်

25/02/2024

စာအုပ်စာပေ လူ့မိတ်ဆွေ

Address


Website

Alerts

Be the first to know and let us send you an email when Star vedio LK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share