Silent war media

  • Home
  • Silent war media

Silent war media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Silent war media, Media/News Company, .

19/02/2023

သတင်းလေးတွေ မကြာခင်မှာ ပြန်လည်တင်ပေးဘို့ ကြိုးစားနေပါကြောင်း။

22/07/2021

သောင်ရင်းမြစ်ရေ တိုးပြီး ဒုက္ခတွေ စရောက်နေကြပါပြီ။ဂရုစိုက်ပေးကြပါ ကိုဗစ်ရော သဘာဝဘေးရောမို့ ဖိုင်စတင်း အားမလျှော့ကြေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇမိမြစ်ရေ 3ရက်အတွင်း မြင့်တက်လာမှူကြောင့်အမှတ်၆ ရပ်ကွ...
22/07/2021

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇမိမြစ်ရေ
3ရက်အတွင်း မြင့်တက်လာမှူကြောင့်
အမှတ်၆ ရပ်ကွက် အနိမ့်ပိုင်း နေအိမ် 80
ရေလွှမ်းမိုးနေပြီး ဖြစ်ပါသည် ။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ 22,7,2021

ရှမ်းပြည်နယ်မှာ လမ်းရှင်းပေးနေချိန် တောင်ပြိုရေကြီးလာလို့ လမ်းလုပ်သား (၁၁) ဦး ပျောက်ဆုံးနေရန်ကုန်၊ ဇူလိုင် (၂၂) ရှမ်းပြည...
22/07/2021

ရှမ်းပြည်နယ်မှာ လမ်းရှင်းပေးနေချိန် တောင်ပြိုရေကြီးလာလို့ လမ်းလုပ်သား (၁၁) ဦး ပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် (၂၂)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တာကော်နဲ့မိုးပျဉ်းကြားမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်ပြို၊ လမ်းပိတ်နေတဲ့အတွက် ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့က လမ်းရှင်းပေးနေစဉ် နောက်ထပ် တောင်ပြိုကျကာ ရေကြီးလာတဲ့အတွက် လမ်းလုပ်သားတွေ၊ စက်ယန္တာယားတွေ ရေစီးနဲ့အတူ မျောပါသွားကာ လမ်းလုပ်သား (၁၁) ဦး ပျောက်ဆုံးနေပြီး (၁) ဦး အသက်ရှင်လျက်ပြန်လည်တွေ့ရှိရတယ်လို့ ဒေသခံပြည်သူတွေဆီက ကနဦး သိရှိရပါတယ်။

Zawgyi

ရှမ်းပြည်နယ်မှာ လမ်းရှင်းပေးနေချိန် တောင်ပြိုရေကြီးလာလို့ လမ်းလုပ်သား (၁၁) ဦး ပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် (၂၂)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တာကော်နဲ့မိုးပျဉ်းကြားမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်ပြို၊ လမ်းပိတ်နေတဲ့အတွက် ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့က လမ်းရှင်းပေးနေစဉ် နောက်ထပ် တောင်ပြိုကျကာ ရေကြီးလာတဲ့အတွက် လမ်းလုပ်သားတွေ၊ စက်ယန္တာယားတွေ ရေစီးနဲ့အတူ မျောပါသွားကာ လမ်းလုပ်သား (၁၁) ဦး ပျောက်ဆုံးနေပြီး (၁) ဦး အသက်ရှင်လျက်ပြန်လည်တွေ့ရှိရတယ်လို့ ဒေသခံပြည်သူတွေဆီက ကနဦး သိရှိရပါတယ်။

Photo- CJ

#ရှမ်းပြည်နယ်_C8News #တောင်ပြိုကျ_C8News #ရေစီးနဲ့အတူမျောပါ_C8News #မိုးသည်းထန်စွာရွာသွန်း_C8News

Oxygen Concentrator  #ဝယ်မည့်သူများဤအချက်ကိုသတိပြုပါ။ မှားမဝယ်မိကြရန်  #လူများများသိထားဖို့လိုပါတယ်။ ညီမတစ်ယောက်က ပုံထဲမ...
11/07/2021

Oxygen Concentrator #ဝယ်မည့်သူများဤအချက်ကိုသတိပြုပါ။ မှားမဝယ်မိကြရန် #လူများများသိထားဖို့လိုပါတယ်။

ညီမတစ်ယောက်က ပုံထဲမှာပြထားတဲ့ oxygen concentrator 1L - 7L ဆိုတဲ့စက်ကိုလာပြပြီး သူမယုံကြောင်းပြောတဲ့အချိန်မှာ အိန္ဒိယမှာ #အများစုခံလိုက်ရတာကိုသွားသတိရပါတယ်။

အိန္ဒိယသတင်းတစ်ခုမှာသတိပေးထားတာ က 90% +/-3% ကိုပဲဝယ်ပါတဲ့။ 30% - 90+/-3% လို့ရေးထားရင် မဝယ်ဖို့ အလွန့်အလွန်အရေးကြီးကြောင်း (very very important) ဆိုပြီးသတိပေးထားလို့ ကျနော်ကွာခြားပုံကို ကျနော်သိထားတာပါ။ မသိရင်ခံရမှာ။

ယခုပုံထဲက တစ်မိနစ်ကို ၁ လီတာကနေ ၇ လီတာထွက်ပါတယ်ဆိုတဲ့ စက်ဟာ ကိုဗစ်လူနာတွေလိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကို #ထုတ်မပေးနိုင်ပါ။

SpO2 94% ရောက်ရင် အောက်ဆီဂျင်များများလိုပါပြီ။

ပုံမှာကြည့်ပါ။ စက်ရဲ့ Manual မှာလိုက်ဖတ်ရင် air flow 1L မှာ concentration က 93% ဖြစ်ပြီး၊ 2L မှာ 70% စသည်ဖြင့်လျော့ကျလာလိုက်တာ ( 7L မှာ 30% ပဲကျန်ပါတော့တယ်။)

ရောင်းသူက 30% ပြောရင်တကယ်စက်အလုပ်လုပ်ချိန်မှာ 30% အပြည့်ထွက်ခဲပါတယ်။

ကျနော်တို့ရှုသွင်းနေတဲ့ ပုံမှန်လေထုဟာ တောင်ပေါ်မှာမဟုတ်ရင် 21% အောက်ဆီဂျင်ပါပါတယ်။

စက်က 25% လောက်ပဲထွက်တော့ရင် ဘာပိုထူးတော့မှာလဲ❓

အပေါ်မှာပြူးနေအောင်ရေးထားတဲ့ 7L large flow adjustment ဆိုတာရယ် up to 93% oxygen concentration ဆိုတာရယ်ကိုပဲကြည့်မဝယ်ကြပါနဲ့။

ကျနော်တို့မိဘပြည်သူတွေဟာ ဝင်ငွေနည်းကြပါတယ်။ ၄ သိန်းနဲ့ 7L - 93% ကိုရတယ်ဆိုပြီး ဝမ်းသာအားရသွားဝယ်မိရင် ကိုဗစ်အတွက်အရေးကြီးချိန်မှာ အသုံးမဝင်ဖြစ်သွားပါလိမ့်မယ်။

" #သတိထားကြပါ။"

1-7L ဆိုတိုင်း 7L အချိန်မှာ 90% မထွက်ပါ။ 1L အချိန်မှာပဲ ထွက်တာလေ။

93-35% စသည်ဖြင့်တွေ့တာနဲ့ မဝယ်မိဖို့သတိထားပါ။

7L air flow မှာ oxygen concentration ဘယ်လောက်ရှိသလဲ သေချာမေးပါ။

မိဘပြည်သူများအလိမ်ဘေးမှကင်းဝေးကြပါစေ။

လာမေးတဲ့ မြင့်မြင့်ခိုင်ကိုကျေးဇူးတင်ပါတယ်။

Richard Myo Thant
11-July-2021

07/07/2021

ပြဿနာမှန်ရင် အဖြေ ရှိကို ရှိရမယ်
အဖြေ မရှိရင် ပြဿနာ မစစ်ဘူး
ငါးကောင်တို့
ဂေါင်းရီးတွေကို
ရသလိုကြိတ်ရင်
ငါးခေါင်းနဲ့ချဉ်ပေါင်ရွက် ချက်ထားတာစားရသလို
အကူန်အဆင်ပြေမှာပေါ့
စားဘိုပဲလိုတာ
ကြိတ်ဟ

"တရုတ်ဘက်မှ ခြံစည်းရိုးကျူးကျော် ကာရံထားမှုကို ဒေသခံများတွန်းဖြိုပစ်ခဲ့"၂၄-၆-၂၀၂၁ မန်ဆီမြို့နယ် မန့်ဝိန်းကြီး ၊ကချင်ပြည်...
24/06/2021

"တရုတ်ဘက်မှ ခြံစည်းရိုးကျူးကျော် ကာရံထားမှုကို ဒေသခံများတွန်းဖြိုပစ်ခဲ့"

၂၄-၆-၂၀၂၁ မန်ဆီမြို့နယ် မန့်ဝိန်းကြီး ၊ကချင်ပြည်နယ် မြန်မာပြည်နှင့် တရုတ်ပြည် ထိစပ်ဒေသတွင် ဧက (၈၀)ခန့် မြန်မာ့ပိုင်နက်အပေါ် ကျူးကျော်ပြီး တရုတ်ဘက်မှ ခြံစည်းရိုး ကာရံနေမှုကို သိရှိ၍ မြန်မာဘက်ခြမ်း ဒေသခံများက သွားရောက် တွန်းလှဲပစ်ခဲ့သည် ။

Source - Hla M
Lashio Media
©️®️

ရွှေတိဂုံဘုရားတောင်ဘက်မုခ်တံတိုင်း ယခုည ပြိုကျ ..
20/06/2021

ရွှေတိဂုံဘုရားတောင်ဘက်မုခ်တံတိုင်း ယခုည ပြိုကျ ..

28/05/2021

ဂျပန်အသင်းအား ဂိုးအလှူပြုပြီး ရေစက်ချနေသော မြန်မာဘောလုံး အသင်း

20/02/2021

ပေ့ခ်ျ ပြန်ရရခြင်း စိတ်မကောင်းခြင်း များစွာဖြစ်ရတဲ့ နိုင်ငံ့အရေး မန္တလေးအရေးတွေကြောင့် စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။မတရားမှု ဟူသမျှ လက်မခံပဲ တွန်းလှန်ခြင်းဖြင့် နိုင်ငံတော်ရဲ့ သူရဲကောင်းအဖြစ် ပါဝင်ကြပါ။

ကျောက်တိုင်ရွာ၊ဝက်လက် မြို့နယ်၊စစ်ကိုင်းတိုင်း တွင်👇👇👇တောင်သူ လယ်ယာ လုပ်ငန်းခွင်တွင် အလုပ်ဆင်းနေတဲ့ လုံမငယ်တစ်ဦးကို ငှက်...
17/01/2021

ကျောက်တိုင်ရွာ၊ဝက်လက် မြို့နယ်၊စစ်ကိုင်းတိုင်း တွင်👇👇👇
တောင်သူ လယ်ယာ လုပ်ငန်းခွင်တွင် အလုပ်ဆင်းနေတဲ့ လုံမငယ်တစ်ဦးကို ငှက်ကြီးသုံးကောင် မှ ဝိုင်းဝန်းတိုက်ခိုက်ကုတ်ဖဲ့ မှုပြု၍ လူနဲ့ငှက် လုံးထွေး ဖြစ်ပွားခဲ့ရာ အနီးရှိ တောင်သူလုပ်ငန်းခွင်ဝင် ရွာသားအချို့လာရောက် ကူညီလို့ သာ ငှက်ကြီးများရန်မှလွတ်မြောက် ခဲ့ရ။ ကူညီသူများကငှက်ကြီးများကိုဝိုင်းရိုက်ရာမှ တစ်ကောင်မိ၍(ငှက် မှာအသက်ရှင်မမိသေသွားပါသည်) ကျန်နှစ်ကောင် မှာ မမိပဲလွတ်မြောက်သွားကြောင်း။(လုံမငယ်မှာ ဆေးကုသမှု ခံယူလျက်ရှိ)
(ယူဆချက်။။ ။ဟိမဝန္တာဘက် မှ မြန်မာပြည်ဘက် လာရောက်၍ ဆောင်းခို ငှက် လင်းယုန်အမျိုးအစားဟု ယူဆမိ) #ငှက်အလေးချိန်မှာ၆ပိသာ ခန့်ရှိသည်ဟုကြားသိရ။

copy
from fb

မြန်မာ ဟက်ကာများမှ ထိုင်းနိုင်ငံအတွင်း မြန်မာလူမျိုးများအား တရားမဲ့ပြုကျင့်မှုအတွက် ထိုင်းဝက်ဘ်ဆိုဒ်ပေါင်း ၃၀ ကျော်အား တိ...
17/01/2021

မြန်မာ ဟက်ကာများမှ ထိုင်းနိုင်ငံအတွင်း မြန်မာလူမျိုးများအား တရားမဲ့ပြုကျင့်မှုအတွက် ထိုင်းဝက်ဘ်ဆိုဒ်ပေါင်း ၃၀ ကျော်အား တိုက်ခိုက်
# # # # # # # # # # # # # # # # # # # # # # # # # # # # # # #

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံပြည်သူတွေက မြန်မာနိုင်ငံသားတွေအပေါ် Covid 19 အကြောင်းပြပြီး ခွဲခြားဆက်ဆံနေခြင်းကို UGMH မှ လက်ခံနိုင်ခြင်းမရှိပါ။

In Thailand, Burmese citizens are being discriminated by Thai people on the grounds of Covid-19 and UGMH strongly disgree to accept such discrimination.

ထိုသို့ခွဲခြားဆက်ဆံနေခြင်းကို ရပ်တန့်ပေးပါ။

Stop such discrimination

ထိုင်းနိုင်ငံတွင် အမှုရင်ဆိုင်နေရသော မြန်မာအမျိုးသမီးတွေကို ထိုင်းရဲဝန်ထမ်းတွေက မုဒိန်းကျင့်ခြင်းကို ထိုင်းနိုင်ငံ ဥပဒေက ခွင့်ပြုထားပါသလား။

Does Thai Law allow Thai police to r**e Burmese women facing trial in Thailand?

ထိုင်းနိုင်ငံလို နိုင်ငံခြားခရီးသွားလုပ်ငန်းအပေါ်မှီခိုနေတဲ့နိုင်ငံတစ်ခုက နိုင်ငံခြားသားအကျဉ်းသားတွေအပေါ် ခုလိုဆက်ဆံတာဟာ လက်မခံနိုင်စရာကိစ္စတစ်ခုပါ။

In a country like Thailand, which is mainly relying on foreign tourism business, this treatment of foreign prisoners is unacceptable.

ကျူးလွန်တဲ့ ရဲဝန်ထမ်းကို ဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူပေးပါ။

Take immediate effective legal action against the perpetrator.

ในประเทศไทยคนไทยสัญชาติพม่าถูกเลือกปฏิบัติโดยมีสาเหตุจากโรคโควิด -19 และ UGMH ไม่เห็นด้วยอย่างยิ่งที่จะยอมรับการเลือกปฏิบัติดังกล่าว
หยุดการเลือกปฏิบัติดังกล่าว
กฎหมายไทยอนุญาตให้ตำรวจไทยข่มขืนหญิงชาวพม่าที่ถูกพิจารณาคดีในประเทศไทยหรือไม่?
ในประเทศเช่นประเทศไทยซึ่งพึ่งพาธุรกิจการท่องเที่ยวต่างประเทศเป็นหลักการปฏิบัติต่อนักโทษต่างชาติเช่นนี้เป็นสิ่งที่ยอมรับไม่ได้
ดำเนินการทางกฎหมายที่มีประสิทธิผลทันทีกับผู้กระทำความผิด

https://bangdecha.go.th/
http://punmai.chaipat.or.th/
https://www.yesrandb.com/
http://www.petpit.ac.th/
http://www.tiktokinrock.com
http://thaicubic.com/
https://bangdecha.go.th
https://ipmpart.com/
http://iotctc.com/
https://mabkhapattana.go.th/
http://n-doo.com/
http://bung.go.th/
http://nonnamtang.go.th/
http://nonpho.go.th/
https://www1.samuihospital.go.th
http://www.bcph.moph.go.th/hosoffice/index.php
https://itc-group.co.th/
https://www.amadogroup.co.th/
https://refritech.co.th/
https://prod.amadogroup.co.th/
https://dev.amadogroup.co.th/
https://shop.amadogroup.co.th/home.php
https://nnpd.cjexpress.co.th/
http://www.rockademythailand.com/
http://www.empiresolar.co.th/
https://www.sawschool.ac.th/
http://www2.aeromet.tmd.go.th/
http://www.ubonmet.tmd.go.th/
http://www.kstonecorp.co.th/
http://www.sk-foods.com/
http://bank.politanapp.com/
http://marketing.politanapp.com/
http://survey.politanapp.com/
http://walkin.politanapp.com/
http://bnodigitalmedia.com/
http://bnogroup.net/
http://dconnect.co.th/
http://ddweddingstudio.com/
https://epoxyinno.com/
http://weddingmystudio.com/
http://xn--12c1casr6cr9bd2ap0t.com/
http://xn--12cu1aaw3bl9jnac2b3r.com/
http://xn--12cu4btb3exab1edeq6ssaf.com/
http://xn--42cga4ecc2a5bo4fxcucd3jqb0h.com/
https://www.suzukiridingschool.com/
http://sinsiamproperty.com/
http://wongwatslippers.com/
https://www.phuketvilla.com/
https://sci.skru.ac.th/
https://www.nmrtup.ac.th/
https://www.128jdd.com/

အသက် ၁၅နှစ်အရွယ် အမျိုးသမီးကို အသက် ၆၀နှစ် အရွယ် ဦးဇင်းက အဓမ္မအကြိမ်ကြိမ် ပြုကျင့်ခံရာမှ ကိုယ်ဝန်ရရှိဘိုကလေး၊ ဇန်နဝါရီ ...
16/01/2021

အသက် ၁၅နှစ်အရွယ် အမျိုးသမီးကို အသက် ၆၀နှစ် အရွယ် ဦးဇင်းက အဓမ္မအကြိမ်ကြိမ် ပြုကျင့်ခံရာမှ ကိုယ်ဝန်ရရှိ

ဘိုကလေး၊ ဇန်နဝါရီ ၁၆/၂၀၂၁

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးအုပ်စု၊ ကံဆိပ်ကျေးရွာနေ အသက် ၁၅နှစ်အရွယ် အမျိုးသမီး ကိုယ်ဝန်ရရှိရာမှ သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်သည့် အသက် ၆၀နှစ်အရွယ် ဦးဇင်း ကုသလ၊ လူအမည် ဦးကျော်စိုးအား ယနေ့ ဇန်နဝါရီ ၁၆ရက်နေ့က အမှုဖွင့် တိုင်ကြားကြောင်း သိရသည်။

"ဆွေမျိုးတော်စပ်သည့် အသက် ၆၀နှစ်အရွယ် ဦးဇင် ကုသလကို ဝေယျာဝိစ္စသွားလုပ်ပေးရာမှ အဓမ္မ အကြိမ်ကြိမ် ပြုကျင့်ခံရသည့် အသက် ၁၅နှစ်အရွယ် အမျိုးသမီး ကိုယ်ဝန်ရရှိတယ်။ အဲ့ရရှိသော ကိုယ်ဝန်နဲ့ တစ်ရွာနေသူ တစ်ဦးနှင့် ခိုးရာလိုက်ပြေးရန် ပြောဆိုရာမှ သိရှိရတယ်"ဟု ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီး နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Top Phoenix မီဒီယာကို ပြောသည်။

"အဓမ္မပြုကျင့်ခံရတာက ၂၀၂၀ခုနှစ် စက်တင်ဘာလ အတွင်း တစ်ကြိမ်၊ ၁၅ရက်ခန့်အကြာ တစ်ကြိမ်၊ ပြီးတော့ တစ်လခန့်အကြာ တစ်ကြိမ်၊ စုစုပေါင်း ၄ကြိမ် ပြုကျင့်မှု ဖြစ်ပွားခြင်း"ဟု ထပ်မံပြောဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၁၅နှစ်အရွယ် အမျိုးသမီး ငယ်ကို သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်သည့် ဦးဇင်း ကုသလ၊ လူအမည် ဦးကျော်စိုးအား အရေးယူပေးရန် ပြုကျင့်ခံရသူ၏ မိခင်က တရားလို ပြုလုပ်တိုင်တန်းသဖြင့် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီး နယ်မြေရဲစခန်းမှ (ပ)၄/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်၍ ဆက်လက် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်းသန့်(ဓူဝံကြယ်)
Top Phoenix Media Group

မြောင်းမြ ဆေးရုံကြီးဝန်းမှာ ၄ လ ကျော်ခန့်ရပ်ထားသောကား ပိုင်ရှင်လာယူပါ〰〰〰〰〰〰〰〰〰〰〰မြောင်းမြ ဇန်နဝါရီ၁၅ မြောင်းမြမြို့ကုတင်...
16/01/2021

မြောင်းမြ ဆေးရုံကြီးဝန်းမှာ ၄ လ ကျော်ခန့်ရပ်ထားသောကား ပိုင်ရှင်လာယူပါ
〰〰〰〰〰〰〰〰〰〰〰
မြောင်းမြ ဇန်နဝါရီ၁၅
မြောင်းမြမြို့ကုတင်၂၀၀ဆေးရုံကြီးတွင် လွန်ခဲ့သော၎လကျော်ခန့်ကဆေးရုံဝင်းအတွင်းအောက်ပါကားအားဆေးရုံကြီးရှေ့တွင်ရပ်ထားခဲ့ကြောင်း ကားပေါ်ပါလာသူ မတစ်ဦးအပါဝင်၎ဦးခန့်ပါကြောင်း စကမြားရွာနာရေးသို့သွားမှာဖြစ်ကြောင်း ပြောပြီးဆိုင်ကယ်အပ်ခံသူအားမှာထားခဲ့ကြောင်း ယခုအချိန်ထိ ကားပိုင်ရှင်များပေါ်မလာတော့ကြောင်းထူးခြားဖြစ်စဉ်အဖြစ်တင်ပြအပ်ပါသည်........
မြောင်းမြမြို့မရဲစခန်းသို့ယနေ့အကြောင်းကြားထားပြီးဖြစ်ကြောင်းသိရပါသည်....
ရဝေမောင်{မြောင်းမြ}
T.C.P News Agency
မြောင်းမြခရိုင်သတင်းတာဝန်ခံ
၀၉၄၂၂၄၄၉၅၉၃

မန္တလေးမြို့တွင် အားဖြည့်အချိုရည်အတု ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိမန္တလေးမြို့ အောင်ြေ...
16/01/2021

မန္တလေးမြို့တွင် အားဖြည့်အချိုရည်အတု ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၆၂ လမ်းရှိ နေအိမ်၌ အားဖြည့်အချိုရည်များ အတုပြုလုပ်နေကြောင်း သတင်းအရ ဇန်နဝါရီ ၁၄ ရက် ညပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တ လေး)မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်များက ဝင်ရောက်စစ်ဆေးရာ အားဖြည့်အချိုရည်အတု ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဦးပီကူးမား၏ နေအိမ် အပေါ်ထပ် ၄ လွှာတွင် အားဖြည့်အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး(၃)လုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန်အကြီးတစ်ခုနှင့် အချိုရည်အတု ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)
Crd:TheMandalayNewsJournal

၁၄.၁.၂၀၂၁ရက်နေ့၊ (၂၀ ၃၅)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်း၊ မြေပဒေသာကျွန်းတွင် မီးလောင်မှုဖြစ...
14/01/2021

၁၄.၁.၂၀၂၁ရက်နေ့၊ (၂၀ ၃၅)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်း၊ မြေပဒေသာကျွန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။
Update
( ၂၀ ၄၆) အချိန် မီးထိန်းပါသည်။
Update
( ၂၀ ၅၅ ) အချိန် မီးငြိမ်းပါသည်။

ခြံလာခတ်ရာမှ မြေယာပိုင်ဆိုင်မှုအငြင်းပွားကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားသည့် မုံရွာမြို့ရွှေဇလုပ် ရပ်ဖြစ်စဉ်တွင် (၂) ဦးသေဆုံး=...
13/01/2021

ခြံလာခတ်ရာမှ မြေယာပိုင်ဆိုင်မှုအငြင်းပွားကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားသည့် မုံရွာမြို့ရွှေဇလုပ် ရပ်ဖြစ်စဉ်တွင် (၂) ဦးသေဆုံး
=================================================
စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့၊ချမ်းမြဝတီရပ်ကွက်၊ရွှေဇလုပ်အဝိုင်းအနီးကျေးရွာဘောလုံးကွင်းမြေနေရာတွင် ဇန်နဝါရီလ(၁၂)ရက်မွန်းလွဲပိုင်းက ခြံလာခတ်ရာမှ မြေယာပိုင်ဆိုင်မှု အငြင်းပွားပြီး ရုန်းရင်း ဆန်ခတ်ဖြစ်ပွားရာလူ (၅) ဦးထိခိုက်ဒဏ်ရာရပြီး ယင်းအနက်မှ (၂)ဦးသေဆုံးသွားကြောင်းသိရသည်။

အခင်းဖြစ်အပြီး ထိခိုက်ဒဏ်ရာရသူများထဲမှ ဂျိုစောင်း၊ နားထင်နှင့် မျက်ခုံးဘေး ပြတ်ရှဒဏ်ရာ ရသွားသော အသက်၁၇နှစ် အရွယ် ကျော်ဇင်ဝင်းအား ဆေးရုံပို့ဆောင်စဉ် မွန်းလွဲ( ၃)နာရီခွဲခန့် က သေဆုံးခဲ့ပြီး ညနေ(၅) နာရီခွဲခန့်တွင်အသက် (၂၁ နှစ်) အရွယ် မိုးဆွေ(ခ) မိုးရွှေမှာ ဦးခေါင်း နောက်စေ့ ပြတ်ရှဒဏ်ရာ၊ ဂျိုစောင်းပြတ်ရှဒဏ်ရာများဖြင့် ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံး ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကိုယ်တိုင်အခင်းဖြစ်သည့် ရွှေဇလုပ်ရပ်ကွက်သို့ လာရောက်၍ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်အောင်ဆောင်ရွက်ရန်နှင့်အခင်းဖြစ် ပွားရာနေရာ အနီးတ ဝိုက်လုံခြုံရေးများချထားရန်မှာကြားခဲ့သည်။

မုံရွာမြို့ဇလုပ်အဝိုင်းမြို့ပတ်လမ်း အနောက်ဖက်အနီးရှိ အငြင်းပွား မြေနေရာတွင် ရန်ကုန်မှ အမျိုး သမီးတစ်ဦးက ၎င်းပိုင်ဆိုင်သောမြေကွက်ဟုဆိုကာ အလုပ်သမား (၈)ဦးဖြင့် မွန်းလွဲ(၂) နာရီခန့်က ခြံဝင်းခတ်စဉ် ခြံခတ်အလုပ်သမားများနှင့် အခြားတစ်ဖက်က အပြန်အလှန်ခိုက်ရန်ဖြစ် ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဖြစ်စဉ်မှာ (၂)ယောက်သေတယ်။(၂)ယောက်က မန္တလေးဆေးရုံပို့ထားတယ်။လူအယောက်(၂၀)ကို ပုဒ်မ(၄)ခုနဲ့အမှုဖွင့်အရေးယူထားပါတယ်"ဟုမုံရွာမြို့ နယ်မြေရဲစခန်းမှူးရဲအုပ်ခင်သန်းကပြောသည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ လူ (၂၀) ဦးကို လူထိခိုက်ဒဏ်ရာရ သေဆုံးအောင် တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ခုတ်၊ လေးခွဖြင့်ပစ်၊ ခဲဖြင့်ထု ခဲ့ ခြင်းကြောင့်မုံရွာနယ်မြေရဲစခန်းတွင်(ပ)၈/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၃၊ ၃၃၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရသိရသည်။

မျိုးမောင်မောင် (မုံရွာ)
ဓါတ်ပုံ - ဝေဟင်

12/01/2021

မင်္ဂလာ သတင်းပါ ။
မင်းကောင်းမင်းမြတ် ခေတ်ပေါ်လာနိုင်မယ်အတိတ်နိမိတ်
များလား။
တန်ချိန် ၅ သိန်းရှိမဲ့ကျောက် ကချင်ပြည်နယ် မိုးကောင်းမှာတွေရှိ/
Video :Crd .
11.1.2021။

7:30 Am updateဖလမ်းမြို့မီးလောင်၊ ၂ ဦး သေဆုံးFalam မြို့လမ်းဆုံအနီးတွင် နံနက်လင်းအားကြီး 3:30 နာရီခန့် (Jan မှ12) စတင်က...
12/01/2021

7:30 Am update
ဖလမ်းမြို့မီးလောင်၊ ၂ ဦး သေဆုံး

Falam မြို့လမ်းဆုံအနီးတွင် နံနက်လင်းအားကြီး 3:30 နာရီခန့် (Jan မှ12) စတင်ကာ မီးလောင်ခဲ့ခြင်းကြောင့် အိမ် ၆ အိမ် လောင်ကျွမ်းခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ မီးသတ်နှင့် ဒေသခံ လူထုတို့ ငြိမ်းသတ်ခဲ့ပြီးနောက် နံနက် ၅ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး၊ မီးလောင်ပြာများကြားတွင် အလောင်း ၂ လောင်းအား ကောက်ယူရရှိသည်ဟု သိရသည်။
https://www.facebook.com/100011734351468/posts/1255074704893663/

လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်အတွက် ဒေါ်လာ ၇၀၀၀၀ ကျော်လာဘ်စားသည့် လေကြောင်းပို့ဆောင်ရေးမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်ကို...
11/01/2021

လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်အတွက် ဒေါ်လာ ၇၀၀၀၀ ကျော်လာဘ်စားသည့် လေကြောင်းပို့ဆောင်ရေးမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်ကို အဂတိဖြင့်အရေးယူ

ရန်ကုန်၊ ဇန်နဝါရီ ၁၁
News Ambassador

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်သည် လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ်အတွက် ပြည်ပ Agent ၁၂ ခုထံမှ အမေရိကန်ဒေါ်လာများ လာဘ်စားခဲ့သဖြင့် အဂတိလိုက်စားမှုဖြင့် အရေးယူလိုက်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ဌာနဆိုင်ရာ အကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးအတွက် စီးပွားရှာ၍ မမှန်မကန် ဆောင်ရွက်နေမှုများကြောင့် အဂတိလိုက်စားမှု ပပျောက်ရေးအတွက် အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်သည် လေကြောင်းလမ်းညွှန် ထိန်းသိမ်းမှု စစ်ဆေးရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ရာထူးနှင့် လေကြောင်းပျံသန်းမှုလမ်းညွှန် ထိန်းသိမ်းရေးဌာနခွဲ၏ အထွေထွေမန်နေဂျာ ရာထူးတာဝန်များကို တာဝန်ထမ်းဆောင်စဉ် အတွင်း လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြု၍ ကိုယ်ပိုင်စီးပွားရေးအသွင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပ Agent (operator)များထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ဆောင်ရွက်ခအနေဖြင့် permit နံပါတ်တစ်ခုလျှင် USD 100, USD 60, USD 40 စသဖြင့် ပေးရန် ဦးစိုးပိုင် အမည်ဖြင့် ဖွင့်ထားသည့် email ကို အသုံးပြု၍ အကြောင်းကြားခဲ့ပြီး ပြည်ပ Agent (operator) ၁၂ ခု တို့က အလီလီ ပေးပို့သည့် အမြန်ဆောင်ရွက်ခ အပါအဝင် USD 72066 ကို ဦးစိုးပိုင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပနိုင်ငံရှိ Bank အကောင့်သို့ ပေးသွင်းစေခဲ့ခြင်း၊ ငွေကြေးများ လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ကော်မရှင်က ဆိုသည်။

ယင်းအတွက် ဦးစိုးပိုင် အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် ၁၁-၁-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

AM-0004
ဓာတ်ပုံ-ဝီကီပီးဒီးယား

တူမ၏ ရည်းစားဖြစ်သူက မဖွယ်မရာပုံများပြသရာမှ လူသတ်မှုဖြစ် ရဲဇော်ထက်ကမြင့်နိုင်၏တူမဖြစ်သူ(၁၃)နှစ်အရွယနှင့် ချစ်ကြိုက်နေကြော...
11/01/2021

တူမ၏ ရည်းစားဖြစ်သူက မဖွယ်မရာပုံများပြသရာမှ လူသတ်မှုဖြစ်

ရဲဇော်ထက်ကမြင့်နိုင်၏တူမဖြစ်သူ(၁၃)နှစ်အရွယနှင့် ချစ်ကြိုက်နေကြောင်း၊ တူမ၏ မဖွယ်မရာဓါတ်ပုံများအားပြသပြီး ဆဲဆိုကာ မြင့်နိုင်၏ဂွေးစေ့အားလက်ဖြင့်ညှစ်ခဲ့ကြောင်း၊ မြင့်နိုင်မှရဲဇော်ထက်၏ဂွေးစေ့အားပြန်လည်ညှစ်ခဲ့ပြီး ရဲဇော်ထက်အား ဆောင့်တွန်းခဲ့ကြောင်း၊ ရဲဇော်ထက်မှာ ဝမ်းလျားမှောက်လဲကျခဲ့ပြီးရေစုပ်စက်ထားရှိရာတဲအတွင်း မျောတန်းပေါ်လည်ပင်းနှင့် လဲကျခဲ့ကြောင်း၊ရဲဇော်ထက်မှာ မင်းတူမကိုခေါ်ပြီး -ိုးမယ်ဟု ညစ်ညမ်းစွာဆဲနေသဖြင့် ဒေါသထွက်ကာ ပုခုံးမှကိုင်၍နှစ်ချက်ကိုင်ဆောင့်ခဲ့ကြောင်း၊ ရဲဇော်ထက်အားထားခဲ့၍နေအိမ်သို့ပြန်လာ ကာလမ်းတစ်ဝက်အရောက် ပြန်၍သွားကြည့်ခဲ့ကြောင်း၊ ရဲဇော်ထက်မှာဘအသက်မရှုတစ်ချက်ရှုတစ်ချက်ဖြစ်နေ၍ ကြောက်ပြီး နေအိမ်သို့ပြန်ကာ အိပ်နေခဲ့သည်ဟု မြင့်နိုင်က ရဲစစ်ဆေးချက်တွင် ထွက်ဆိုထားကြောင်း ၊ မြင့်နိုင်အား ယင်းအမှုဖြင့် ဖမ်းဆီးဆောင်ရွက် ထားကြောင်း နတ်မောက် မြို့မရဲစခန်းမှ သိရသည်။

Red News Agency

အကဲဆတ်တဲ့ အငြင်းပွားနယ်စပ်မှာ တရုတ်စစ်သားတဦးကို အိန္ဒိယ ဖမ်းဆီးလိုက်ခြင်း===============အိန္ဒိယနဲ့ တရုတ် နယ်မြေအငြင်းပွားေ...
11/01/2021

အကဲဆတ်တဲ့ အငြင်းပွားနယ်စပ်မှာ တရုတ်စစ်သားတဦးကို အိန္ဒိယ ဖမ်းဆီးလိုက်ခြင်း
===============

အိန္ဒိယနဲ့ တရုတ် နယ်မြေအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်မှာ တရုတ်စစ်သားတဦးကို ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယစစ်တပ်က စနေနေ့က ပြောကြားခဲ့ကြောင်း AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဲဒီနယ်စပ်မှာ ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ နယ်စပ်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့် အိန္ဒိယစစ်သား အယောက် ၂၀ လောက် သေဆုံးခဲ့သလို တရုတ်စစ်တပ်ဘက်မှာလည်း သေဆုံးမှုတွေရှိပေမယ့် အရေအတွက် အတိအကျ မသိရပါဘူး။

ပြီးခဲ့တဲ့နှစ် ဇွန်လက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအပြီး အခုလို ကုန်းမြင့်တောင်တန်းတွေရှိနေတဲ့ နယ်စပ်မှာ တရုတ်စစ်သားတဦးကို အိန္ဒိယဘက်က ဖမ်းဆီးတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

နှစ်နိုင်ငံ တင်းမာမှုတွေရှိနေတဲ့ Ladakh ဒေသကို နှစ်ဖက်လုံးက သောင်းနဲ့ချီပြီး တပ်အင်အားတွေ၊ လက်နက်ကြီးတွေ စေလွှတ်ချထားခဲ့ကြပြီး လက်ရှိ ဆောင်းရာသီ အလွန်အေးခဲနေတဲ့ အခြေအနေ ရှိနေပါတယ်။

အိန္ဒိယစစ်တပ်ရဲ့ ကြေညာချက်မှာ သောကြာနေ့ အစောပိုင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က စစ်သားကို အိန္ဒိယနဲ့ တရုတ် နယ်ခြားသတ်မှတ်ထားတဲ့ စည်းမျဉ်း LAC ရဲ့ အိန္ဒိယဘက်ခြမ်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ တရုတ်စစ်သားကို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုင်တွယ်နေသလို နယ်စပ်စည်းမျဉ်းကို ကျော်ဖြတ်လာတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေကြောင်းလည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

တရုတ်စစ်တပ်က ထုတ်ဝေတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့စဉ် သတင်းစာမှာတော့ သူတို့ တရုတ်စစ်သားဟာ အမှောင်ထုကြား ရှုပ်ထွေးနေတဲ့ မြေအနေအထားမှာ ပျောက်ဆုံးနေပြီး အိန္ဒိယအနေနဲ့ အကြောင်းကြားဖို့ တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အိန္ဒိယအနေနဲ့ နှစ်နိုင်ငံကြား သက်ဆိုင်တဲ့ သဘောတူညီချက်တွေကို တိတိကျကျလိုက်နာပြီး တရုတ်-အိန္ဒိယ နယ်စပ်အခြေအနေ အေးချမ်းစေရေး အကူအညီပေးဖို့ ပျောက်ဆုံးနေတဲ့ သူတို့စစ်သားကို ချက်ချင်းလွှဲပြောင်းပေးသင့်ကြောင်း တရုတ်စစ်တပ် သတင်းစာက ရေးထားပါတယ်။

အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း တရုတ်စစ်သားတဦးကို နယ်မြေကျူးကျော်မှုနဲ့ ခေတ္တထိန်းသိမ်းထားခဲ့ပါတယ်။

VOA News

.. 0 Mile အခြေအနေသိစေရန်.မနက် ၆ နာရီကတည်းကအိမ်စီးကား အစီး ၁၀၀ ကျော်လောက်စောင့်ဆိုင်း.မနက်၉ နာရီ မှ စတယ်ပြောတယ် ၉ နာရီ ခွ...
11/01/2021

.. 0 Mile အခြေအနေသိစေရန်
.မနက် ၆ နာရီကတည်းကအိမ်စီးကား အစီး ၁၀၀ ကျော်လောက်စောင့်ဆိုင်း.မနက်၉ နာရီ မှ စတယ်ပြောတယ် ၉ နာရီ ခွဲပြီ တစ်ယောက်မှ မစစ်ရသေး. တချို့ကားတွေဆို ည ကတည်းက ည အိပ်တန်းစီ.လူတွေများတော့ ကွမ်းတံထွေး, အမိုက် တွေအပြည့်. လမ်းဘေး ဈေးသယ်တွေနှင့် စည်ကားလျှက်ရှိ


Online booking စစ်ဆေးရန် တစ်ရက်ကြိုဖြည့်ပါ

 #မြိတ်ဖြစ်စဉ်မိန်းကလေးက မြိတ်သူလေးဟိုသုံးယောက်က ပုလောက ခုတော့သုံးယောက်လုံးကို၃၇၇/၃၇၆/၁၁၄ နဲ့ အမှုဖွင့်အရေးယူလိုက်ပါပီ
11/01/2021

#မြိတ်ဖြစ်စဉ်

မိန်းကလေးက မြိတ်သူလေး
ဟိုသုံးယောက်က ပုလောက

ခုတော့သုံးယောက်လုံးကို
၃၇၇/၃၇၆/၁၁၄ နဲ့ အမှုဖွင့်အရေးယူလိုက်ပါပီ

ကြို့ပင်ကောက်မြို့နယ် အထကကျောင်း ပင်မဆောင်မီးလောင်မှု သံဃာတော်မှ မီရှို့သည်ဟုဝန်ခံပါသည်။ဦးသာသန အသက် ၃၄ နှစ်သည် ဘုန်းတော်ြ...
10/01/2021

ကြို့ပင်ကောက်မြို့နယ် အထကကျောင်း ပင်မဆောင်မီးလောင်မှု

သံဃာတော်မှ မီရှို့သည်ဟု
ဝန်ခံပါသည်။
ဦးသာသန အသက် ၃၄ နှစ်
သည် ဘုန်းတော်ကြီးကျောင်းများမှ
ညအိပ်လက်မခံသောကြောင့်
အထကကျောင်းကြီးသို့ လာရောက်တည်းခိုစဉ်
ဖယောင်းတိုင်ဖြင့် ကလကာအား မီးတို့ကာ
မီးလောင်အားနည်းသဖြင့် ကော်ခုံများ
သစ်သားခုံများအားထပ်ထည့်၍ မီးတောက်အားကောင်းစေရန်ပြုလုပ်ခဲ့ကြောင်း
မီးလောင်နေကြောင်းကို ပတ်ဝန်ကျင်အား အသိမပေးဘဲ
ထိုင်ကြည့်နေကြောင်း ဝန်ခံထွက်ဆိုပါသည်။
အပြစ်ပေးအရေးယူနိုင်ရေးအား ကိုဗစ် -၁၉ ရောဂါစစ်ဆေးသည့် RDT ဖြင့်စစ်ဆေးကာ မြို့နယ်ရဲတပ်ဖွဲ့မှ
ဆက်လက်ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်းသိရသည်။

Zayar Tun

✈️ 🇮🇩  #အင်ဒိုနီးရှားလေယာဉ်အဆက်အသွယ်ပြတ်တောက်။Sriwijaya လေယာဉ်ဟာ ဂျာကာတာမြို့တော်ကပျံတက်ပြီး မကြာခင်မှာ အဆက်အသွယ်ပြတ်တော...
09/01/2021

✈️ 🇮🇩 #အင်ဒိုနီးရှားလေယာဉ်အဆက်အသွယ်ပြတ်တောက်။

Sriwijaya လေယာဉ်ဟာ ဂျာကာတာမြို့တော်ကပျံတက်ပြီး မကြာခင်မှာ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ဆိုပါတယ်။

အင်ဒိုနီးရှားစံတော်ချိန် နေ့လည် ၂ နာရီ၄၅ မိနစ်မှာ ပျံတက်ခဲ့ပြီး Pontianak ကို ညနေ ၄ နာရီ ၁၅ မိနစ်မှာဆိုက်ရောက်သင့်တာပါ။

ညနေ ၃ နာရီ ၄၀ မှာ ထိန်းချုပ်ရေးမျှော်စင်နဲ့ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ဆိုပါတယ်။

Boeing 737-500 လေယာဉ်ဖြစ်ပြီး အမြင့်ပေ ၁၀၀၀၀ မှာအဆက်အသွယ်ပြတ်သွားတာလို့ဆိုပါကြောင်း။

ကနဦးသတင်းသာဖြစ်ပြီး အတိအကျသိရရင်ထပ်တင်ပေးပါမယ်ခင်ဗျား။

Richard Myo Thant
9-January -2021

 #ဦးခင်ညွှန့်တို့ ဇနီးမောင်နှံ ကိုဗစ်ကူးစက်ခံရလူနာအမှတ် ၁၂၈၀၃၈ (ဇနီးသည်) နှင့် လူနာအမှတ် ၁၂၈၀၃၉ (ဦးခင်ညွှန့်) တို့ဖြစ်ကြော...
09/01/2021

#ဦးခင်ညွှန့်တို့ ဇနီးမောင်နှံ ကိုဗစ်ကူးစက်ခံရ

လူနာအမှတ် ၁၂၈၀၃၈ (ဇနီးသည်) နှင့် လူနာအမှတ် ၁၂၈၀၃၉ (ဦးခင်ညွှန့်) တို့ဖြစ်ကြောင်းသိရှိရသည်။

  News >>>>BGF အမှတ် ၁၀၂၂ တပ်မှူး ဗိုလ်မှူးစောမုတ်သုန် ရာထူးမှနှုတ်ထွက်မြဝတီ၊ ဇန်နဝါရီ ၉News Ambassadorကရင်ပြည်နယ် နယ်ခြ...
09/01/2021

News >>>>
BGF အမှတ် ၁၀၂၂ တပ်မှူး ဗိုလ်မှူးစောမုတ်သုန် ရာထူးမှနှုတ်ထွက်

မြဝတီ၊ ဇန်နဝါရီ ၉
News Ambassador

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ၏ တပ်ရင်း ၁၀၂၂ မှ တပ်နယ်မှူးဖြစ်သူ ဗိုလ်မှူးမုတ်သုန်သည် ၎င်း၏ ရာထူးမှနှုတ်ထွက်သွားကြောင်း News Ambassador က စုံစမ်းသိရှိရသည်။

ယင်းနှင့်ပတ်သက်၍ BGF ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က “ဟုတ်ပါတယ်။ ကျနော်တို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ သိရတာပါ။ သူလည်းမလုပ်ချင်တော့လို့နဲ့တူပါတယ်။ တစ်ခြားအကြောင်းအရာတော့မရှိပါဘူး” ဟု News Ambassador သို့ ပြောသည်။

၎င်း နှုတ်ထွက်သွားသည့်ကိစ္စနှင့်ပတ်သက်၍ အခြားသောအကြောင်းအရင်း ရှိ/မရှိမေးမြန်းရာတွင် မရှိကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

ဗိုလ်မှူးစောမုတ်သုန်တစ်ဦးတည်းသာ နှုတ်ထွက်ခြင်းဖြစ်ပြီး အခြားသော နှုတ်ထွက်သည့်အရာရှိ မရှိကြောင်း ၎င်း ကိုမေးမြန်းချက်အရ သိရသည်။

သို့သော် News Ambassador က ရရှိသော အောက်ခြေမြေပြင်သတင်းများအရ မြဝတီတွင်ရှိနေသော ကာစီနိုလောင်းကစားရုံများနှင့်ပတ်သက်၍ ၎င်းအားနှုတ်ထွက်ရန် ဖိအားပေးမှုများရှိကြောင်း ဆိုသည်။ သို့သော် ယင်းသတင်းအချက်အလက်များကို တရားဝင်အတည်ပြုပေးနိုင်မည့် သတင်းရင်းမြစ်မရှိသေးပေ။

ယမန်နေ့က ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတရုံး Press Briefing တွင် ပြောခွင့်ရ ဦးဇော်ဌေးက BGF နှင့်ပတ်သက်၍ တာဝန်ရှိသူများကို အရေးယူရန် တပ်မတော်ဘက်သို့ ညွှန်ကြားထားပြီး တပ်မတော်ကလည်း အရေးယူထားပြီးဖြစ်ကြောင်း ပြန်လည်တင်ပြလာမှုမရှိသည်ဟု ပြောဆိုထားသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နောက်ဆုံးပြုလုပ်ထားသော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင်လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက BGF နှင့်ပတ်သက်၍ တာဝန်ရှိသူများကို တာဝန်ရှိသလို အရေးယူထားပြီဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိတွင် BGF က ဆောင်ရွက်နေသော ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကိစ္စနှင့်ပတ်သက်၍ ဝေဖန်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြဝတီရှိ လောင်းကစားရုံများကို ပိတ်သိမ်းခိုင်းသည့်ကိစ္စ၊ နယ်စပ်ဖြတ်ကျော်၍ တင်သွင်းထားသည့် အကောက်ခွန်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးသည့်ကိစ္စ စသည့်ကိစ္စများလည်း ဖြစ်ပွားထားသည်။

AM-0005
ပုံစာ-ဗိုလ်မှူးစောမုတ်သုန်

ဦးဝိစာရလမ်းပေါ်ကအိမ်မှာလူသတ်မှူ့ဖြစ်နေတာတယ့်သတိတရားလေးနဲ့နေကြပေါ့တခါမှ မကြားဘူးဘူး..အယ့်နေရာမှာပုဆိန်နဲ့ခုတ်သတ်သည်ဟု အကြ...
09/01/2021

ဦးဝိစာရလမ်းပေါ်က
အိမ်မှာလူသတ်မှူ့ဖြစ်နေတာတယ့်
သတိတရားလေးနဲ့နေကြပေါ့တခါမှ မကြားဘူးဘူး..အယ့်နေရာမှာ

ပုဆိန်နဲ့ခုတ်သတ်သည်ဟု အကြမ်းဖြင်းသိရှိရ

ကုလသံအမတ်ကြီးက ထိုင်ဝမ်ကို သွားမည်ဆိုလျှင် အမေရိကန်သည် ယင်းအတွက် ကြီးကြီးမားမား ပေးဆပ်ရမည်ဟု တရုတ် ခြိမ်းခြောက်=========...
08/01/2021

ကုလသံအမတ်ကြီးက ထိုင်ဝမ်ကို သွားမည်ဆိုလျှင် အမေရိကန်သည် ယင်းအတွက် ကြီးကြီးမားမား ပေးဆပ်ရမည်ဟု တရုတ် ခြိမ်းခြောက်
=================================================

ကုလသံအမတ်ကြီးက အမေရိကန်အစိုးရ ကြေညာထားသည့် အစီအစဉ်အတိုင်း လာမည့်ရက်ပိုင်းတွင် ထိုင်ဝမ်သို့ သွားမည်ဆိုလျှင် အမေရိကန်အစိုးရသည် ယင်းအတွက် တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ရ လိမ့်မည်ဟု တရုတ်အစိုးရက ဇန်နဝါရီလ ၇ ရက်တွင် ခြိမ်း ခြောက်လိုက်သည်။

' အမေရိကန်အစိုးရဟာ သူ့ရဲ့ လုပ်ရပ်အမှားအတွက် တန်ဖိုးကြီးကြီး မားမား ပေးဆပ်ရလိမ့်မယ်' ဟု ကုလဆိုင်ရာ တရုတ်မစ်ရှင်အဖွဲ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ သောရန်စမှုကို ရပ်တန်းက ရပ်ရန်၊ တရုတ်-အမေရိကန်ဆက်ဆံရေးတွင် ပြဿနာအသစ် ဖန်တီးခြင်းမျိုး ဆက်မလုပ်ရန်၊ ကုလတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းသည့်လမ်းကြောင်းတွင် အခက်အခဲများ ထပ်မဖန် တီးရန်နှင့် လမ်းကြောင်းမှားပေါ် ဆက်မလျှောက်ရန် အပြင်းအထန်တိုက်တွန်းကြောင်း တရုတ်က ဆိုထားသည်။

ထိုခရီးစဉ်ကို အပြင်းအထန်ကန့်ကွက်ကြောင်း၊ထိုအစီအစဉ်ကိုပယ်ဖျက်ရန် အမေရိကန်အစိုးရကို တောင်း ဆိုပါကြောင်း၊ တရုတ်အစိုးရသည် တရုတ်တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးပြီး ထိုင်ဝမ်သည် တရုတ်၏ ပြည်နယ်တစ်ခုမျှသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တရုတ်က ဆက်လက်ဖော်ပြထားသည်။

ကုလသံအမတ်ကြီးက ထိုင်ဝမ်ကို ဇန်နဝါရီလ ၁၃ ရက်တွင် ရောက်ရှိရန် စီစဉ်ထားပြီး ယင်းခရီးစဉ် အတွင်းတွင် ထိုင်ဝမ်ထိပ်တန်းအရာရှိ များနှင့်တွေ့ဆုံသွားမည်ဟု ကုလဆိုင်ရာအမေရိကန်မစ်ရှင်က ပြောထားသည်။

( CNA , 8.1.21) ချယ်ရီ

Address


Website

Alerts

Be the first to know and let us send you an email when Silent war media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share