Mae Pyi Aye Collective Wisdom Publishing

  • Home
  • Mae Pyi Aye Collective Wisdom Publishing

Mae Pyi Aye Collective Wisdom Publishing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mae Pyi Aye Collective Wisdom Publishing, Publisher, .

ဒီနေ့Conflict Resolution အက်ဆေးပြိုင်ပွဲမှ ဆုရအက်ဆေးလက်ရာများ စာအုပ်အမှတ်၃ ကိုဝယ်ယူအားပေးသွားကြသော Austria နိုင်ငံ၊GrazK...
15/06/2024

ဒီနေ့
Conflict Resolution အက်ဆေးပြိုင်ပွဲမှ ဆုရအက်ဆေးလက်ရာများ စာအုပ်အမှတ်၃ ကိုဝယ်ယူအားပေးသွားကြသော Austria နိုင်ငံ၊
Graz
Klagenfurt
Baden မြို့မှ အမျိုးများကို အထူးကျေးဇူးတင်ရှိပါသည်။

🙏💕🙏
15.06.2024

မွေးနေ့လက်ဆောင်ကဗျာများ ဖိတ်ခေါ်ခြင်း **************************** ကဗျာ မိတ်ဆွေ အပေါင်းတို့ရှင့် စိုးမြတ်နွယ်၏ ၂၅ ရက် ဇွ...
10/06/2024

မွေးနေ့လက်ဆောင်ကဗျာများ ဖိတ်ခေါ်ခြင်း
****************************
ကဗျာ မိတ်ဆွေ အပေါင်းတို့ရှင့်

စိုးမြတ်နွယ်၏ ၂၅ ရက် ဇွန်လ ၂၀၂၄ ခုနှစ်တွင် ကျရောက်သော မွေးနေ့ အမှတ်တရ အနေဖြင့် စိုးမြတ်နွယ်၏ စတုတ္တမြောက် ကဗျာစာအုပ်ကို ကဗျာ မိတ်ဆွေများ၏ ကဗျာများနှင့်ပေါင်း၍ ထုတ်ဝေလိုပါသည်။

ကဗျာစာအုပ်၏ ခေါင်းစဉ်မှာ-
“ဒုက္ခကို‌ရွေးချယ်ခွင့်ရှိတယ် နှင့်ခေတ်ဆန်ဆန်ကဗျာများ- Destruction and Love Symphony” ဖြစ်ပါသည်။

မွေးနေ့ လက်ဆောင်အနေဖြင့် ကဗျာများ ပေးပို့ ကြပါရန် တောင်းခံ အပ်ပါသည်။

ကဗျာ တစ်ပုဒ် လျှင် တစ်မျက်နှာစာ သာဖြင့် အရမ်း မရှည်လွန်းသော ကဗျာ များနှင့် ကဗျာ တိုများ-
တစ်ပုဒ်လျှင် “အများဆုံး” စာကြောင်းရေ ၁၀-၁၄ကြောင်းခန့် ရှိသော ကဗျာများပေးပို့စေလိုပါသည်။

ကဗျာ များသည် ကဗျာနှင့်တူနေဖို့သာလိုပါသည်။ စာလုံးပေါင်းမမှားဖို့တော့ဂရုစိုက်ပေးစေလိုပါသည်။ စာလုံးပေါင်းလိုက်ပြင်ရမှာ ပျင်းပါသည်။ Proof ဖတ်သူကိုလည်း သနားစေချင်ပါသည်။ စာရိုက်သူကိုလည်းသနားစေချင်ပါသည်။

ရွေးချယ် ဖော်ပြမည့် ကဗျာ များအတွက် မေတ္တာဖြင့် တစ်ပုဒ် လျှင်တစ်သောင်း ကျပ်စီ ချီးမြှင့် တုန့်ပြန် ပါမည်။
ကဗျာ ဆရာ တစ်ယောက်လျှင် စုစုပေါင်း ၂ ပုဒ်အထိ ပေးပို့နိုင်ပါသည်။

ကဗျာဆရာ ၁၀ ယောက်နှင့်အထက်၏ ကဗျာများဖြင့် ပူးပေါင်းထုတ်‌ဝေသွားချင်ပါသည်။

ရွေးချယ်ဖော်ပြရန်အတွက်တခြား အထူးတလည်ကန့်သတ်ချက်မရှိပါ။ အကောင်းဆုံးနှင့်အလှဆုံးကဗျာ လက်ဆောင်များပေးပို့ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

စာမျက်နှာ ၆၅-၇၀ ခန့် ရှိ‌မည်ဖြစ်သော သပ်သပ်ရပ်ရပ် လှလှပပ စာအုပ်လေး လုပ်မည်ဖြစ်ပါသည်။ အခြေအနေအရ စာမျက်နှာ ပိုချင်လည်းပိုသွားနိုင်ပါသည်။ စာအုပ်ကို ရှေ့နှစ် ၂၀၂၅ခုနှစ်အစောပိုင်းတွင်ထွက်ဖို့ ခန့်မှန်းထားပါသည်။

♥၂၀-၀၆-၂၀၂၄ ရက်နေ့တွင် နောက်ဆုံးထား၍ ပို့ပေးပါရန် နှင့်

မိတ်ဆွေကဗျာ ချစ်သူအပေါင်း စိတ်ရော ကိုယ်ပါ ချမ်းသာကျန်းမာကြပါစေကြောင်းဆုတောင်းလိုက်ရပါသည်။

ချစ်ခြင်း မေတ္တာ များစွာဖြင့်
💕🙏💕

စိုးမြတ်နွယ်
၆-၆-၂၀၂၄

♪♪♪ ပေးပို့ရန်- [email protected].............

ဒုက္ခကိုရွေးချယ်ခွင့်ရှိတယ်
*********
အချစ်ရေ
အိုအချစ်ရေ
မင်းကိုချစ်တဲ့ချစ်ခြင်းဟာ
ငါ့ဒုက္ခသစ္စာ

အချစ်ရေ
အိုအချစ်ရေ
ငါ့ကိုချစ်တဲ့ချစ်ခြင်းဟာလည်း
ငါ့ဒုက္ခသစ္စာပါ

အချစ်ရေ
အိုအချစ်ရေ
ဒုက္ခကိုနားမလည်ခင်ကလည်းငါချစ်တယ်
ဒုက္ခကို နားလည်ပြီးတော့လည်းငါချစ်တယ်

အချစ်ရေ
အိုအချစ်ရေ
မင်းဟာငါ
ငါဟာမင်း

အချစ်ရေ
အိုအချစ်ရေ
လှပသိမ်မွေ့နူးညံ့တဲ့အချစ်လှလှလေးရေ
ငါရွေးချယ်ခွင့်ရှိတဲ့ ငါ့ရဲ့ ဒုက္ခလှလှလေးရေ
မင်းပေးတဲ့
ချိုချဉ်ဖန်စပ်ခါးတွေငါ့လည်မျိုထဲမှာ
မင်းခေါ်ဆောင်ရာအရောင်ကာလာစုံလိုက်တဲ့ဒီကမ္ဘာဟာလှရက်လေခြင်းကွယ်
မွှေးရနံ့စုံတဲ့သစ်ပင်ပန်းမာလာတွေနဲ့ ဒီယမုံတောနက်နက်ထဲ
မင်းအတွက်ငါခုန်ဆင်းခဲ့တယ်

အချစ်ရေ
အိုအချစ်ကလေးရေ
မင်းဟာငါ့ရဲ့အတ္တလှလှ
ငါဟာ ငါ့ရဲ့ ငါဒုက်ခ...

အချစ်ရေ
အိုအချစ်ကလေးရေ
မင်းဟာ
ငါဟာ
ငါရွေးချယ်ခွင့်ရှိတဲ့
ငါ့ဒုက္ခပေါ့ကွဲ့
အချစ်ရဲ့
ငါ့ရဲ့ဒုက္ခသစ္စာလေးရဲ့!

စိုးမြတ်နွယ်
(၂၈-၀၉-၂၀၂၃ က ရေးထားသောကဗျာဖြစ်ပါသည်။)
(ဒုက္ခသည် ဆင်းရဲခြင်းဟု အဓိပ္ပာယ်ရပြီး
သစ္စာဟူသည် အမှန်တရားဖြစ်သောကြောင့်
ဒုက္ခသစ္စာဟူသည် ဆင်းရဲခြင်းအမှန်တရား။)

ကဗျာ ဖိတ်ခေါ်မှု

ကဗျာခေါင်းစဥ်နှင့်ပတ်သက်၍
********
ချစ်သူတို့ရေ

၁)ကဗျာခေါင်းစဉ်ကို
"ဒုက္ခကိုရွေးချယ်ခွင့်ရှိတယ်" ယူလို့မရပါ။
စိုးမြတ်နွယ်၏ "ဒုက္ခကိုရွေးချယ်ခွင့်ရှိတယ်-၁"
အပါအဝင် ၄ ပုဒ် ဖြစ်သွားပြီမို့။

၂) တခြားအကြောင်းအရာများလွတ်လပ်စွာရေးပါ။
လွတ်လပ်သောခေါင်းစဉ်ပေးပါ။
ကဗျာစာအုပ်ခေါင်းစဉ်နဲ့ ချည်ပြီး မရေး‌ပါနဲ့လို့....နော်

ချစ်စွာဖြင့်
💕🥰💐

စိုးမြတ်နွယ်
၁၀-၀၆-၂၀၂၄

Conflict Resolution Essays အမှတ်(၃)စာအုပ်ကို (တစ်အုပ် €10)  ဝယ်ယူအားပေးသော Vienna 🇦🇹 မှ ချစ်သော ညီအစ်မ များကို အထူးကျေးဇ...
29/05/2024

Conflict Resolution Essays အမှတ်(၃)စာအုပ်ကို (တစ်အုပ် €10) ဝယ်ယူအားပေးသော Vienna 🇦🇹
မှ ချစ်သော ညီအစ်မ များကို အထူးကျေးဇူးတင်ရှိရပါတယ်။🙏🙏🙏🥰🥰🥰

သင်သွားလေရာယူသွားပြီးဖတ်သင့်သော
Conflict Resolution Essays များ !!!!

✍🏼ကလောင်စုံ
📖ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေးပြိုင်ပွဲ ဆုရသူများ၏ လက်ရာများ အမှတ်(၃)
တန်ဖိုး-12000ကျပ်
စာမျက်နှာ-266
ပထမအကြိမ်၊ဧပြီလ၊2024

http://m.me/115600311636549

Latt Book Shop and Distribution 095020068

#ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်လို့ရပါတယ်။ 🥰

page မှလည်းမှာယူလို့ရပါတယ်။ မက်ဆေ့ခ်ျလေးသာလှမ်းပို့လိုက်ပါ။🙏💕
https://www.facebook.com/profile.php?id=100076062639344

💕🙏💕

Conflict Resolution Essays ပြိုင်ပွဲ သတ္တမအကြိမ်မြောက်ဆုရှင်ဖြစ်သော စာရေးဆရာမ မိုးသစ္စာဦး (လားရှိုး) နှင့် Conflict Reso...
20/05/2024

Conflict Resolution Essays ပြိုင်ပွဲ သတ္တမအကြိမ်မြောက်ဆုရှင်ဖြစ်သော စာရေးဆရာမ မိုးသစ္စာဦး (လားရှိုး) နှင့် Conflict Resolution Essays အမှတ်(၂)စာအုပ်လေး
🥰🥰🥰

သင်သွားလေရာယူသွားပြီးဖတ်သင့်သော
Conflict Resolution Essays များ !!!!

✍🏼ကလောင်စုံ
📖ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေးပြိုင်ပွဲ ဆုရသူများ၏ လက်ရာများ အမှတ်(၃)
တန်ဖိုး-12000ကျပ်
စာမျက်နှာ-266
ပထမအကြိမ်၊ဧပြီလ၊2024

http://m.me/115600311636549

Latt Book Shop and Distribution 095020068

#ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်လို့ရပါတယ်။ 🥰

page မှလည်းမှာယူလို့ရပါတယ်။ မက်ဆေ့ခ်ျလေးသာလှမ်းပို့လိုက်ပါ။🙏💕
https://www.facebook.com/profile.php?id=100076062639344

💕🙏💕

သင်သွားလေရာယူသွားပြီးဖတ်သင့်သော Conflict Resolution Essays များ !!!!✍🏼ကလောင်စုံ📖ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေး...
19/05/2024

သင်သွားလေရာယူသွားပြီးဖတ်သင့်သော
Conflict Resolution Essays များ !!!!

✍🏼ကလောင်စုံ
📖ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေးပြိုင်ပွဲ ဆုရသူများ၏ လက်ရာများ အမှတ်(၃)
တန်ဖိုး-12000ကျပ်
စာမျက်နှာ-266
ပထမအကြိမ်၊ဧပြီလ၊2024

http://m.me/115600311636549

Latt Book Shop and Distribution 095020068

#ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်လို့ရပါတယ်။ 🥰

page မှလည်းမှာယူလို့ရပါတယ်။ မက်ဆေ့ခ်ျလေးသာလှမ်းပို့လိုက်ပါ။🙏💕
https://www.facebook.com/profile.php?id=100076062639344

💕🙏💕

💕
19/05/2024

💕

💕
19/05/2024

💕

06/05/2024

💕

✍🏼ကလောင်စုံ📖ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေးပြိုင်ပွဲ ဆုရသူများ၏ လက်ရာများ အမှတ်(၃)တန်ဖိုး-12000ကျပ်စာမျက်နှာ-26...
04/05/2024

✍🏼ကလောင်စုံ
📖ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေးပြိုင်ပွဲ ဆုရသူများ၏ လက်ရာများ အမှတ်(၃)
တန်ဖိုး-12000ကျပ်
စာမျက်နှာ-266
ပထမအကြိမ်၊ဧပြီလ၊2024

http://m.me/115600311636549

Latt Book Shop and Distribution 095020068

#ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်လို့ရပါတယ်။ 🥰

page မှလည်းမှာယူလို့ရပါတယ်။ မက်ဆေ့ခ်ျလေးသာလှမ်းပို့လိုက်ပါ။🙏💕
https://www.facebook.com/profile.php?id=100076062639344

💕🙏💕

08/11/2023

💝🙏

Conflict Resolution Essays စာအုပ်လေး အကြောင်း စံတော်ချိန်နေ့စဥ်ထုတ်သတင်းစာ စာအုပ်စင်ကဏ္ဍမှာ ပါလာပါပြီ။မဝယ်ရသေးတဲ့ချစ်မိတ...
25/10/2023

Conflict Resolution Essays စာအုပ်လေး အကြောင်း စံတော်ချိန်နေ့စဥ်ထုတ်သတင်းစာ စာအုပ်စင်ကဏ္ဍမှာ ပါလာပါပြီ။
မဝယ်ရသေးတဲ့ချစ်မိတ်ဆွေတွေ သူငယ်ချင်းတွေကို လက်တို့ပေးနော်!!!

ပဋိပက္ခဖြေရှင်းခြင်း အက်ဆေးများ ပြိုင်ပွဲဝင်သူများ၏ လက်ရာများ (၂)
ကလောင်စုံ

United World Peace Institute (UWPI) နှင့် Glamour-စွဲမက် Media တို့ ပူးပေါင်းကာ ကျင်းပသည့် ပဋိပက္ခဖြေရှင်းခြင်း အက်ဆေး (Conflict Resolution Essays) ပြိုင်ပွဲ ဆဌမမှ နဝမအကြိမ်အထိ ဆုရရှိခဲ့သည့် အက်ဆေးလက်ရာများ စုစည်းမှု အမှတ် (၂) ထွက်ရှိလာသည်။

ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သတ်၍ ကျောင်းသားများ၊ လူငယ်သုတေသီများ၊ စာရေးဆရာများ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ စီးပွားရေးသမားများနှင့် စိတ်ပါဝင်စားသူ မည်သူမဆို ပြည်တွင်းနှင့် နိုင်ငံတကာပဋိပက္ခများတွင် ၎င်းတို့၏ ခံစားချက်၊ ယုံကြည်ချက်၊ ထင်မြင်ချက်များကို ရှင်းလင်းစွာ ထုတ်ဖော်ပြသပြီး ကိုယ်တိုင်တွေးခေါ် အဖြေရှာနိုင်စေရန်၊ အချက်အလက်များ ရှာဖွေစေရန်အလို့ငှါ အားပေးသည့်အနေဖြင့် ပြိုင်ပွဲဖိတ်ခေါ် ကျင်းပပေးခြင်း ဖြစ်ကြောင်း United World Peace Institute (UWPI) မှ ဒါရိုက်တာနှင့် တည်ထောင်သူဖြစ်ပြီး ဆုရွေးချယ်ရေးအဖွဲ့မှ ဒေါက်တာစိုးမြတ်နွယ်က အမှာစာတွင် ဖော်ပြထားသည်။

ပထမအုပ် အမှတ် (၁) တွင် အက်ဆေးပြိုင်ပွဲ ငါးကြိမ်မှ ဆုရအက်ဆေးများ ပါဝင်ပြီး ယခု အမှတ် (၂) တွင် ဆဌမအကြိမ်မှ ဆုရအက်ဆေး ခုနစ်ပုဒ်၊ သတ္တမအကြိမ်မှ ဆုရအက်ဆေး ငါးပုဒ်၊ အဌမအကြိမ်မှ ဆုရအက်ဆေး ၁၁ ပုဒ်၊ နဝမအကြိမ်မှ ဆုရအက်ဆေး ၂၆ ပုဒ်တို့ စုစည်းမှုနှင့်အတူ ဆုရရှိသူများနှင့် ၎င်းတို့၏ အက်ဆေး အကဲဖြတ်ရွေးချယ်မှု၊ အကဲဖြတ်သုံးသပ်ချက်၊ အခြေခံစည်းမျဥ်း သတ်မှတ်ချက်တို့ ပါရှိသည်။ ဆုရရှိသူများတွင် ကလောင်စုံပါဝင်ပြီး အကြောင်းအရာစုံ၊ ရသစုံ ဖတ်ရှုရမည် ဖြစ်သည်။

မယ်ပြည်အေးစုပေါင်းဉာဏ်ပညာစာပေက ပထမအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေပြီး ကိုလတ်စာပေ ဖုန်း ၀၉ ၅၀၉၃၉၃၈ က ဖြန့်ချီသည်။ တန်ဖိုး ကျပ် ၁၂၀၀၀ သတ်မှတ်ထားသည်။

ကျေးဇူးပါ စံတော်ချိန်ဆရာသမားများနှင့်ကိုလွင်မင်းဦး။
💞🙏💞

❤️
04/10/2023

❤️

ရွှေမြန်မာသတင်းနှင့်စာပေဂျာနယ်( အတွဲ၁၉၊ အမှတ်၃၇)
04/10/2023

ရွှေမြန်မာသတင်းနှင့်စာပေဂျာနယ်( အတွဲ၁၉၊ အမှတ်၃၇)

United World Peace Institute (UWPI) နှင့် Glamour -စွဲမက်  Media မှ ပူးပေါင်းကျင်းပသော Conflict Resolution Essay Competi...
24/09/2023

United World Peace Institute (UWPI) နှင့် Glamour -စွဲမက် Media မှ ပူးပေါင်းကျင်းပသော Conflict Resolution Essay Competition (ဆဌမအကြိမ်မှ နဝမအကြိမ်) ဆုရသူများ၏အက်ဆေးများကိုပေါင်းစည်းကာ မယ်ပြည်အေးစုပေါင်းဉာဏ်ပညာစာပေမှ"ပဋိပက္ခပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေးများအမှတ် ( ၂ ) " အဖြစ်ထုတ်ဝေလိုက်ပြီဖြစ်ပါသည်။

တန်ဖိုး ၁၂၀၀၀ ကျပ် ၊ စာ ၄၁၂ ၊ အုပ်ရေ ၅၀၀ ၊
ပထမအကြိမ် စက်တင်ဘာလ ၂၀၂၃ ၊
ကို ကိုလတ်စာပေမှ ဖြန့်ချိနေပါပြီ။
ဝယ်ယူအားပေးတော်မူကြပါ။

ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

ဝယ်ယူအားပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်ရှင်။
💝🙏💝

မယ်ပြည်အေး စုပေါင်းဉာဏ်ပညာစာပေ

မယ်ပြည်အေးစုပေါင်းဉာဏ်ပညာစာပေမှထုတ်ဝေသောပဋိပက္ခပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေးများအမှတ် ( ၂ ) တန်ဖိုး ၁၂၀၀၀ ကျပ် ၊ စာ ၄...
24/09/2023

မယ်ပြည်အေးစုပေါင်းဉာဏ်ပညာစာပေမှထုတ်ဝေသော
ပဋိပက္ခပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေးများ
အမှတ် ( ၂ ) တန်ဖိုး ၁၂၀၀၀ ကျပ် ၊ စာ ၄၁၂ ၊ အုပ်ရေ ၅၀၀ ၊
ပထမအကြိမ် စက်တင်ဘာလ ၂၀၂၃ ၊
ကို ကိုလတ်စာပေမှ ဖြန့်ချိနေပါပြီ။
ဝယ်ယူအားပေးတော်မူကြပါ။

ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်လို့ရပါတယ်။

▪️ပဋိပက္ခပြေလည်အောင် ဖြေရှင်းခြင်း အက်ဆေးများ
အမှတ် ( ၂ )
▪️တန်ဖိုး ၁၂၀၀၀ ကျပ် ၊ စာ ၄၁၂ ၊ အုပ်ရေ ၅၀၀ ၊
ပထမအကြိမ် စက်တင်ဘာလ ၂၀၂၃ ၊

http://m.me/115600311636549

Latt Book Shop and Distribution 095020068

#ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်လို့ရပါတယ်ရှင့်🥰

09/06/2023

နဝမအကြိမ်မြောက် United World Peace Institute (UWPI) နှင့် Glamour- စွဲမက်တို့ ၏
Conflict Resolution Essay Competition

#အက်ဆေးပြိုင်ပွဲဖိတ်ခေါ်ခြင်း
**************************************
ပညာ၊ စာပေနှင့် အနုပညာ မိတ်ဆွေများရှင့်

နဝမအကြိမ်မြောက် United World Peace Institute (UWPI) နှင့် Glamour- စွဲမက်တို့ ၏ Conflict Resolution Essay Competition စတင်ပြီဖြစ်ပါသည်။

စိတ်ပါဝင်စားသူများ ဝင်ရောက်ယှဥ်ပြိုင်၍ အက်ဆေးများပေးပို့နိုင်ပါပြီ။

√ ခေါင်းစဉ်- ကိုယ်နှစ်သက်ရာ
√ အကြောင်းအရာ- ပဋိပက္ခများနှင့် ပဋိပက္ခ များကို ဝိုင်းဝန်းအဖြေရှာ နည်းလမ်းများ
√ ဘာသာစကား - မြန်မာဘာသာစကား (*Englishဘာသာဖြင့်မဟုတ်ပါ။မကြာခဏမေးလာသော မေးခွန်း ဖြစ်သောကြောင့်ပါ။)
√ စာမျက်နှာ- ၅-၇ မျက်နှာ ခန့် မျှ။
√ အသက်- ကန့်သတ်ချက်မရှိ။
√ ပြိုင်ပွဲဝင် အက်ဆေး ပုဒ်ရေ-လူတစ်ဦးလျှင်တစ်ပုဒ် သာပေးပို့ယှဥ်ပြိုင်နိုင်ပါသည်။
√ ပေးပို့ရန်ဖိုင်- PDF သို့မဟုတ် အီးမေးလ်စာ အတိုင်းလည်းပေးပို့နိုင်သည်။
ဆုရရှိသူစာရင်းကို Glamour- စွဲမက် page နှင့် United World Peace Institute (UWPI) page များ တွင် သြဂုတ် ၃၁၊ ၂၀၂၃ ခုနှစ် တွင် ဖော်ပြပေးမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက်၊ ၂၀၂၃ တွင် Glamour- စွဲမက်ရုံးခန်းသို့ ဆက်သွယ်၍ သွားရောက်ထုတ်ယူနိုင်ပါသည်။

ပြိုင်ပွဲ များကို သုံးလ တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပါသည်။
အားလုံး အဆင်ပြေပါလျှင် Conflict Resolution အက်ဆေး ပေါင်းချုပ်-၂ စာအုပ်တွင်ဆက်လက် ဖော်ပြ၍ ထုတ်ဝေ သွားမည်ဖြစ်ပါသည်။

အမျိုးသမီးများလည်း ဝင်ရောက်ယှဥ်ပြိုင်ရန်တိုက်တွန်းပါသည်။
တစ်ကမ္ဘာလုံးဆိုင်ရာ (ကမ္ဘာကြီးတွင်ဖြစ်ပွား‌‌ ပေါ်ပေါက်ခဲ့သော၊ လက်ရှိ ဖြစ်ပွားပေါ်ပေါက်နေသော ပဋိပက္ခများ)၊ ဒေသတွင်းဆိုင်ရာ(အာရှဒေသတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော၊ လက်ရှိဖြစ်ပွားပေါ်ပေါက်နေသော ပဋိပက္ခများ)၊ မြန်မာပြည်တွင်းရှိ နိုင်ငံရေး ပဋိပက္ခများသာမက အဖွဲ့အစည်းများတွင်ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ လုပ်ငန်းခွင်၊ လူမှုရေး၊ အိမ်တွင်းရေး၊ ပုဂ္ဂိုလ်ရေး ပဋိပက္ခ များ....မည်သည့် ပဋိပက္ခ မျိုးကိုမဆိုရေးသားယှဥ်ပြိုင်နိုင်ပါသည်။

အရေးကြီးသည်မှာ ပဋိပက္ခများကို မည်သို့
၁) ရှောင်ရှားနိုင်ခဲ့သည်။ ပဋိပက္ခမပေါ်ပေါက်စဥ်ကပင်မည်သို့ တားဆီးနိုင်ခဲ့သည်။
၂) ပဋိပက္ခမရှောင်လွှဲသာခဲ့သောကြောင့် ပေါ်ပေါက်လာခဲ့သောအခါ မကြီးထွားလာစေရန်မည်သို့ ထိန်းချုပ်နိုင်ခဲ့သည်။
၃) ပဋိပက္ခလည်း ဖြစ်ခဲ့ပြီ။ သို့သော် အပျက်အစီးအနည်းဆုံးဖြစ်အောင် အောင်မြင်စွာမည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သည်။
စသည်ဖြင့်ပဋိပက္ခများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ် ရေးသား ၍ recommendations များ ရေးသား အကြံပြု ရပါမည်။

*အသက်အရွယ် ကန့်သတ်ချက်မရှိပါ။
*အဓိက ကျသည့်အချက်မှာ ပဋိပက္ခပြေလည်အောင်ဖြေရှင်းခြင်း၊ ဝိုင်းဝန်း အဖြေရှာခြင်း ခေါင်းစဥ် ဖြစ်သည်ကို သတိပြုပေးစေလိုပါသည်။ ပြသာနာ များ၏အဖြေများ (solutions)ကို အဓိကထား၍ recommendations များပေးစေလိုပါသည်။ ထို အချက်ကို မူတည်၍ အမှတ်အနည်းအများပေးသွားမည် ဖြစ်ပါသည်။

*ပေးပို.ရာတွင် ကိုယ်တိုင်ရေးစာမူဖြစ်ပြီး တခြားသို့ပေးပို့မထားပါ ကြောင်း ရေးသားပေးပါ။
*စာမူရှင်၏လတ်တလောရိုက်ထားသောဓာတ်ပုံကို ပူးတွဲပို့ပါ။
*ဆုရသူ၏ဓာတ်ပုံအား United World Peace Institute (UWPI) နှင့် သက်ဆိုင်ရာ Page တွင်ဖော်ပြပါမည်။

*Our slogan:
We are all made of Peace Molecules. We are made for Peaceful Solutions.

* (စာပေနှင့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ဝါသနာရှင် သူတော်စင်လူအများ သိရှိအောင် Share ပေးကြဖို့ မေတ္တာရပ်ခံပါသည်။)

ချစ်ခင်လေးစားစွာဖြင့်

‌‌‌ဒေါက်တာစိုးမြတ်နွယ်
ဆုရွေးချယ်ရေးအဖွဲ့
Director & Founder
United World Peace Institute (UWPI)
၇-၆-၂၀၂၃


#အက်ဆေးပြိုင်ပွဲ
ွဲမက်

🙏💕🙏
05/04/2023

🙏💕🙏

05/04/2023

💕🙏💕

မယ်ပြည်အေး စုပေါင်းဉာဏ်ပညာ စာပေမှ ထုတ်ဝေသော "The FOUR Poetry Dancers: Dancing with the Poetry God in the Parallel World ...
31/03/2023

မယ်ပြည်အေး စုပေါင်းဉာဏ်ပညာ စာပေမှ ထုတ်ဝေသော
"The FOUR Poetry Dancers: Dancing with the Poetry God in the Parallel World
ကဗျာကချေသည် ၄ ပါး- အပြိုင်ကဗျာမှာ ကဗျာနတ်ဘုရားနှင့် ကခုန်ခြင်း"
စာအုပ်‌ ဖြန့်ချိသောနေ့ ကဗျာဆရာ များ အမှတ်တရ လက်မှတ်ထိုးပေးကာ ရောင်းချခြင်းကို ယနေ့ ၃၁-၀၃-၂၀၂၃ တွင်
ကိုလတ်စာပေ (အမှတ် ၂၂၀၊ မြေညီ၊ ၃၁ လမ်း အထက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ 018390421၊ 095020068၊ ) ၌ ပြုလုပ်ခဲ့ပါ သည်။

၃၁-၀၃-၂၀၂၃

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်နှင့် The FOUR Poetry Dancers : Dancing with the Poetry God in the Parallel Worldကဗျာ ကချေသည် ၄...
22/03/2023

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်နှင့်
The FOUR Poetry Dancers : Dancing with the Poetry God in the Parallel World
ကဗျာ ကချေသည် ၄ ပါး အပြိုင် ကမ္ဘာမှာ ကဗျာနတ်ဘုရားနှင့်ကခုန်ခြင်း
စာအုပ်မိတ်ဆက်ပွဲ
သတင်းကိုဖော်ပြပေးသော
SHWE MYANMAR ရွှေမြန်မာ ကိုကျေးဇူးတင်ရှိပါသည်။

21/03/2023
21/03/2023
ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ကဗျာ ရွတ်ပွဲ နှင့် မယ်ပြည်အေးစုပေါင်းဉာဏ်ပညာစာပေ မှ ထုတ်ဝေသည့်The Four Poetry Dancers ကဗျာကချေသ...
21/03/2023

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ကဗျာ ရွတ်ပွဲ
နှင့်
မယ်ပြည်အေးစုပေါင်းဉာဏ်ပညာစာပေ မှ ထုတ်ဝေသည့်
The Four Poetry Dancers ကဗျာကချေသည် ၄ ပါး စာအုပ်မိတ်ဆက်ပွဲ

ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်လမ်း၊ တာမွေအိုးရှင်းအနီး၊ အောင်ချမ်းသာအိမ်ရာ၊ တိုက် (၆)၊ အခန်း (၁၀၅) မှာဖွင့်လှစ်ထားသော
Mandalay Art Gallery တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ကဗျာရွတ်ဖတ်သူများ

လှထွဏ်းအောင်၊ ရွှေညာခိုင်စိုး၊ ဟိန်းမြတ်ဇော်၊ ဇေယျာမြတ်ခိုင်
နှင့် လင်းထိန်

ဧည့်သည်တော် ဝါဆိုကိုဦးနဲ့ အယ်ကျော်မြတ်ခိုင်တို့က စှိုးမြတ်နွယ်ကဗျာများကိုရွတ်ခဲ့ကြသည်။

၂၁ မတ်၊ ၂၀၂၃

“the Four Poetry Dancers: Dancing with the Poetry God in the Parallel World ကဗျာကချေသည် ၄ပါး - အပြိုင်ကမ္ဘာ မှာ ကဗျာ နတ်...
21/03/2023

“the Four Poetry Dancers: Dancing with the Poetry God in the Parallel World ကဗျာကချေသည် ၄ပါး - အပြိုင်ကမ္ဘာ မှာ ကဗျာ နတ်ဘုရားနဲ့ကခုန်ခြင်း”

ချစ်သူတို့ရေ

ဒီနေ့ (၂၁ မတ်လ ၂၀၂၃ )ဟာ တကယ့် နေ့ထူး နေ့မြတ်ဖြစ်ပါတယ်။
ဘာလို့လဲ ဆိုတော့ World Poetry Day
ကမ္ဘာ့ ကဗျာများနေ့ ဖြစ်တာမို့လို့ပါ။

ကျွန်မဘဝမှာ ပတ်သက်မိတဲ့ ကဗျာအကြောင်းလေး နည်းနည်း ပြောရင်း ကျွန်မအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးတဲ့ ရှားပါး ရတနာတစ်ပါး ကျွန်မ တို့ရဲ့ ကဗျာစာအုပ်ကလေး ထွက်ပါပြီ ဖြစ်ကြောင်းကြော်ငြာ ပါရစေ။

“the Four Poetry Dancers: Dancing with the Poetry God in the Parallel World
ကဗျာကချေသည် ၄ပါး - အပြိုင်ကမ္ဘာ မှာ ကဗျာ နတ်ဘုရားနဲ့ ကခုန်ခြင်း”
ကဗျာ စာအုပ်ကလေးကို ဒီနေ့ ကမ္ဘာ့ ကဗျာများနေ့ မှာ ထွက်နိုင်ခဲ့ပါပြီ။

Hallelujah! Thank God!

အခက်အခဲပေါင်း မြောက်များစွာ ထဲ ကနေ ဒီနေ့ ထွက်နိုင်အောင် ကူညီပေးခဲ့သူတွေက များလှပါတယ်။
ကဗျာအဖုံးလေးကို ကိုနေမျိုးဆေး က ချစ်ခြင်းမေတ္တာ များစွာနဲ့ ဖန်တီး ပြီး ကူညီ ပံ့ပိုးပေးခဲ့ပါတယ်။ ကိုလှထွဏ်းအောင်နဲ့ ဦးသိန်းလွင် က သရုပ်ဖော်ပုံပေါင်းများစွာ၊ စပယ်ရှယ် ဒုက္ခပေးသော မီး ပြဿနာ နဲ့ အခက်အခဲ ပေါင်းစုံ ကြားမှ စေတနာအပြည့်နဲ့ ဆောင်ရွက်ပေးကြသော စောဝဏ္ဍ(အထွေထွေ ဒီဇိုင်းနဲ့ စာအုပ်ဖြစ်မြောက်ရေး)၊ ပုံနှိပ်တိုက်မှ ဆရာသမားများ၊ ဘိုင်းနင်းဟုခေါ် သော စာအုပ်ချုပ်သည့်နေရာ မှ ဆရာသမားများ အားလုံးသည် ကျွန်မ အတွက်တော့သူရဲကောင်းများသာ ဖြစ်သည်။ ညတစ်ည လုံး ဝင်ရောက် ကူညီ ပရုဖ် ဖတ်ပေးသော မောင်ငယ် ဖိုးစိုင်း (ဂျာနယ်လစ်)၊ ကူညီပါဝင်ရေးသားပေးကြသော ကဗျာဆရာ ဟိန်းမြတ်ဇော်၊ ရွှေညာခိုင်စိုး၊ လင်းထိန် တို့အားလုံးကို ရင်ထဲမှ လှိုက်လှဲစွာ
ကျေးဇူး မှတ်တမ်း တင်ရပါသည်။

ရင်ထဲက ကဗျာ

ကဗျာဆိုတာ ဟိုး ရာစုနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ အနုပညာပုံစံတစ်ခုပေါ့။ ကဗျာတွေကို လူ့ဇာတ်ခုံက ဇာတ်ကြောင်းတွေပြောပြဖို့ ၊ ပညာရေး၊ လူသားတို့ကို လှုံ့ဆော်ရေးတွေမှာ အသုံးပြုခဲ့ကြပါတယ်။ ယဥ်ကျေးမှု သမိုင်းတွေထဲမှာ ကဗျာ မပါတဲ့ ယဥ်ကျေးမှု သမိုင်းဆိုတာ ရှိမယ်မထင်ပါဘူး။ ကဗျာတွေကတဆင့် ယဥ်ကျေးမှုတွေကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ ကြပါတယ်။
လူသားတွေအတွက် ကဗျာဟာ အရေးအကြီးဆုံးသော ခံစားချက်ဖော်ထုတ်မှုပုံစံများထဲမှာ တစ်ခု အပါအဝင် လည်း ဖြစ်ပါတယ်။
အခု ခေတ်ကာလ လေးမှာကဗျာဟာ တခြားစာ ပေတွေလောက် အရေး မကြီး လှဘူးလို့ သာမာန်တွေးကြည့်ရင် ထင်မြင်နိုင်စရာ ရှိပါတယ်။ အဲ့ဒီ အကြောင်းကြောင့်ထင်ပါရဲ့ ကဗျာကို အမှန်တကယ် နှစ်နှစ်ကာကာချစ်မြတ်နိုးသူ တချို့က လွဲရင် ကဗျာ ဆိုတာကို တယုတယနဲ့ စျေးကြီး ပေး ပြီး တခုတ်တရ အငမ်းမရ၊ အမှတ်တရ၊ မြတ်မြတ်နိုးနိုး ဝယ်ယူသိမ်းဆည်း ရ မှာ လက်တွန့် လှ ကြပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကဗျာဆိုတာ ရှားပါးပစ္စည်းအဖြစ်နဲ့ ရပ်တည်နေရဆဲ အနုပညာ တစ်ခုသာဖြစ်နေရတာ အသေအချာပါပဲ။

ကဗျာက ဘာကြောင့် အရမ်းအရေးကြီးတာလဲ လို့ ကျွန်မ ကိုယ်ကျွန်မ မေး ကြည့်တဲ့အခါ အကြောင်းရင်းများစွာတွေ့ရှိရပါတယ်။

၁) ကဗျာဟာ ခံစားချက်များ နဲ့ အတွေးများကို ဆက်သွယ်ပြောဆိုရာမှာ ကူညီပေးနိုင်ပါတယ်။ ကဗျာတွေနဲ့သာ ကျွန်မ စကား မပြောတတ်ခဲ့ ရင် ကျွန်မ ရူးသွားတာ ကြာပေါ့။

၂) ကဗျာဟာ စိတ်ကုထုံးပုံစံ အဖြစ်ကူညီပေးနိုင်ပါတယ်။ ကဗျာတွေသာမကယ်ရင် လောကဓံမုန်တိုင်းကြားထဲ မှာ ကျွန်မ သေတာ ကြာပေါ့။
လေးလံမှောင်မိုက်နေတဲ့ခံစားမှု အနက်ရောင်တွေကနေ ကဗျာတွေက ကျွန်မကို လွတ်မြောက်အောင် ဆောင်ကြဥ်းပေးခဲ့ပါတယ်။ ပြင်းပြင်းထန်ထန်နာကျင်နေတဲ့ခံစားချက် တွေကနေ လွတ်မြောက်ခြင်း တဘက်ကမ်းကို သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။

ချစ်ခင်မှု သံယောဇဥ်လေးတွေကို ဆုံးရှုံးမှုတွေနဲ့ ရုန်းကန်နေရတဲ့ကာလတွေ၊ ချစ်ခင်စွဲလမ်းစိတ်တွေနဲ့ တွယ်တာနေမြဲ စိတ်တွေကို နေရာချပေးဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ကာလတွေ မှာ ကဗျာတွေက နှောင်ကြိုးတွေကို အစားထိုးဖြေလျော့ပေးစေဖို့ကူညီခဲ့တယ်။ တင်းရင်းနေတဲ့ ရင်အုံထဲကခံစားချက်ကို ထုတ်လွှတ် ပစ်ချစရာနေရာ၊ ဖောက်ခွဲပစ်စရာ နေရာ ကို ကဗျာတွေမှာ သွားတွေ့တာ ကျွန်မ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ လူသားအတွေ့အကြုံတစ်ခု ရှာဖွေရရှိခဲ့ တာပါ၊ ကျွန်မ စိတ်နှလုံး တွေသန့်စင်ခြင်းကို ကဗျာတွေကပဲ ကူညီကုစားပေးခဲ့တာပါ။

၃) ကဗျာဟာဝေဖန်ပိုင်းခြားတွေးခေါ်မှုနဲ့ ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်တွေကို တိုးတက်အောင် ကူညီပေးနိုင်ပါတယ်။ ကဗျာတွေကြောင့် လူသားတွေရဲ့ စိတ်သဘောသဘာဝ ကို ကျွန်မ လေ့လာတတ် လာတယ်။ ကြည်လင်ပြတ်သားစွာသုံးသပ်တတ်လာတယ်။ စိတ်ရဲ့သန္တာန် နဲ့ ကိုယ်ခန္ဓာ သူတို့ရဲ့ဆက်ဆံရေး တွေကို အဆက်မပြတ် အာရုံပြု ဂရုစိုက်တတ်လာတယ်။ လူတွေရဲ့မောဟတွေနဲ့ လောင်မြိုက်တတ်မှုသဘောကို ခွဲခြမ်းစိတ်ဖြာတတ်လာတယ်။ ဖယ်ရှားတတ်လာတယ်။ကဗျာဟာ မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကမ္ဘာကို နားလည်မှုတိုးလာစေဖို့ ကျွန်မကို အမှန်တကယ်ကူညီပေးနိုင်ခဲ့ပါတယ်။

၄) ကဗျာကြောင့်ကျွန်မရဲ့ စိတ်ကူးဉာဏ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို လည်း ရှာဖွေ တွေ့ရှိခဲ့ရပါတယ်။ အခုဆို ကျွန်မရဲ့ ကဗျာ စာ အုပ် ၃ အုပ်မြောက် ထွက် ရှိ နိုင်ခဲ့ ပြီလေ။ ကဗျာသီချင်းတွေတောင်ဖန်တီး နိုင်ခဲ့ပြီလေ။

၅) ကဗျာတရားဓမ္မကျင့်စဥ်ကနေမှ ဆင်းရဲဒုက္ခဖြစ်စေတာလည်းဒီစိတ်၊ ပျော်ရွှင်ကျန်းမာတဲ့ ကောင်းချီးမဂ်လာပေးစေတာလည်း ဒီစိတ် ဆိုတာ သိရှိ ပြီး ကဗျာ သိဒ္ဓိ ရ ခဲ့ ပါတယ်။ ကဗျာတွေ ကြောင့်ကိုယ့်ကို ဒုက္ခပေးနေတဲ့ အလေ့အထဆိုး တွေကို လျော့ပါးစေပြီး ပျော်ရွှင်တတ်လာစေဖို့ ကိုယ့်ကိုယ်ကိုယ် စွဲဆောင်တတ်လာပါတယ်။

၆) Introvert တစ်ယောက်ဖြစ်တာမို့ လူတွေနဲ့ဆက်ဆံရေးမှာ ကျွန်မ မှာ အားနည်းချက်တွေရှိပါတယ်။ ကဗျာတွေက ကျွန်မရဲ့ ပြောဆိုဆက်ဆံရေးစွမ်းရည်ကို တိုးတက်လာစေဖို့ လည်း အနည်းငယ်ကူညီပေးပါသေးတယ်။

ရ) ကဗျာတွေက ကျွန်မကို စိတ်ဓါတ်အကြီးအကျယ်ကျနေချိန်တိုင်း ပြန်လည် ရှင်သန်ဖို့အတွက် ပြန်လည်စိတ်အားထက်သန်စေဖို့ အတွက် ဘဝအပေါ် ရှုထောင့် အမြင်သစ်တွေ မွေးဖွားပေးခဲ့ပါတယ်။

ကဗျာရဲ့ ဆောင်မမှုတွေ၊ ကဗျာရဲ့ ကျေးဇူးတရားတွေ၊ ဘဝမှာ ကဗျာရဲ့ အရေးပါလွန်းတဲ့ ကဏ္ဍ တွေ ကများလွန်းလှပါတယ်။

ဒါဟာ ကျွန်မကဗျာပေါ်ရူးသွပ်ရခြင်း အကြောင်းရင်းတချို့ အတိုချုပ်ပါပဲ။

ဘဝရဲ့ မှတ်တိုင်

ဒီကဗျာစာအုပ် ဟာ ကဗျာကချေသည်ဝိညာဥ်တွေဆက်ပြီး အသက်တွေရှုနေသေးတာ၊ ခန္ဓာဝန်ကြီးထမ်းနေရဆဲ ဆိုတာ သတိပြုမိအောင် သတိ၊ အသိတွေမန်းမှုတ်သွင်းထားတဲ့စာအုပ်လေးလည်းဖြစ်ပါတယ်။ ကဗျာကချေသည်တစ်ပါးကျွန်မအတွက်တော့အရမ်းကိုအဖိုးတန်ပါတယ်ဆိုတာ ထပ်တလဲလဲပြောပါရစေ။ အဲ့ဒါကြောင့်လည်း ကျွန်မရဲ့ အချိန်တွေ၊ စိတ်တွေ၊ ငွေကြေးတွေကို ဒီစာအုပ်ထဲ မှာ ရင်းနှီး မြုပ်နှံခဲ့ပါတယ်။
မထင်မှတ်ပဲ မှန်းထားတဲ့ကုန်ကျစရိတ်ထက် နှစ်ဆမက ထိုးတက်သွားလို့ ကိုယ့်ဘာသာ တုန်လှုတ် အံ့သြ မှင်သက်မိပေမယ့် နောက်မဆုတ်ကြေးလို့ မိမိကိုယ်မိမိ စိန်ခေါ်ပြီး ရှေ့ဆက်တိုးမိလိုက်တာပါပဲ။

ဘုရားစူးပါ တကယ်ကို ရင်ခုန်ပါတယ်။
စာအုပ်ကလေးကို ကိုင်ကြည့် လိုက်ပါ။ ထွေးပွေ့ကြည့်လိုက်ပါ။ ဝင်ရောက် စီးမျော ကြည့် လိုက်ပါ။ ကချေသည် လိပ်ပြာလေးတွေ ကကြိုးကကွက်တွေစုံလင်စွာနဲ့ တဖြတ်ဖြတ် အတောင်ပံ ခတ်သံ ကြားရ ပါလိမ့်မယ်
ချစ်သူတွေအားလုံးလည်း ရင်ခုန်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

ဘုရားစူးပါ ကျွန်မလုပ်ခဲ့ ဖူး၊ ထွက်ခဲ့ဖူးသမျှ စာအုပ်တွေထဲမှာ အပင်ပန်းဆုံး၊ စရိတ်အကြီးဆုံး စာအုပ်လေး မို့ အသက်တောင်ဖြေးဖြေးလေး ဖွဖွလေးရှုရှိုက်ပြီး ဒီစာအုပ်ကို ဘုရားတပြီး စာချစ်သူ ကဗျာချစ်သူတွေရင်ခွင်ထဲ အပ်နှင်းလိုက်ရပါတယ်။

ဘုရားစူးပါ တကယ်ချစ်တဲ့စိတ်နဲ့ ဒီစာအုပ်လေး လုပ်ဖြစ်ခဲ့တာပါ။
ချစ်သူတွေအားလုံးလည်း အားပေး ဝန်းရံ ကြလိမ့်မယ်လို့ မျှော်လင့်တောင့်တပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၃-ခုနှစ် မှာ ဘဝမှတ်တိုင်လေးတစ်ခု ကဗျာနဲ့ စိုက်ထူနိုင်လိုက်တာလေးကိုတော့ပြောမပြနိုင်လောက်အောင် ပီတိဖြစ်မိရပါတယ်။

စိတ်ခံစားမှု အပြင်းစားတွေ၊ ပုံရိပ်ပေါင်းများစွာ နဲ့ ရစ်သမ် တွေကြောင့် ကချေသည် ၄ ပါး ရဲ့ ကဗျာတွေဟာ သက်ဝင်လှုတ်ရှား ကပြ အသုံးတော်ခံနေတာ အသေအချာ တွေ့မြင်ခံစားကြရမှာ အာမခံ ပါတယ်။

ကဗျာဟာ ကျွန်မအတွက်တော့ ဘုရားပေးတဲ့ကံကောင်းခြင်းလက်ဆောင်တစ်ခုပါပဲ။

ကဗျာ စာအုပ်ကလေး Austria ကို ကျွန်မ လက်ထဲကိုရောက်လာပါပြီ။ အတိုင်းအဆမသိပျော်ရွှင်မိပါတယ်။ Austria က ချစ်သူတွေကို ရောင်းပေးဖို့တော့ လောလောဆယ် ၃ အုပ်ပဲ ရှိပါတယ်။ ဦးသူ ရပါမယ်ရှင့်။

မြန်မာပြည်မှာ ကိုလတ်စာ ပေ (အမှတ် ၂၀၀၊ ၃၁ လမ်း-အထက်၊ ရန်ကုန်မြို့။ တယ်လီဖုန်း- ၀၉ ၅၀၂၀၀၆၈၊ ၀၉ ၅၀၉၃၉၃၈၊ ၀၁၈ ၂၄၀၉၈၁) ကနေ ဖြန့်ချိပါတယ်။
တန်ဖိုးက ၉၀၀၀ ကျပ်ပါ။ စာမျက်နှာ ၃၇၃ မျက်နှာပါ။ အထူကြီးပါ။ စက္ကူအကောင်းစားဖြူဖြူ သန့်သန့်လေးနဲ့ သပ်သပ်ရပ်ရပ်လေး အရမ်းလှတဲ့ စာအုပ်လေးပါ။ ကဗျာ ဆောင်းပါးတွေနဲ့ ကဗျာပေါင်းများစွာ အတောမသတ်နိုင်အောင် အများအပြားပါဝင်ပါတယ်။

ကဗျာဆရာ ဟိန်းမြတ်ဇော်၊ ရွှေညာခိုင်စိုး နဲ့ လင်းထိန် တို့
ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ အရှေ့ရွှေဂုံတိုင်လမ်း ၊ တာမွေအိုးရှင်းအနီး ၊ အောင်ချမ်းသာအိမ်ရာ ၊ တိုက် ( ၆ ) ၊ အခန်း ( ၁၀၅ )မှာဖွင့်ထားတဲ့ Mandalay Art Gallery မှာ ဒီနေ့ ညနေ ၃ နာရီ မှာ ရှိနေမှာပါ။

ချစ်သူတို့သွားရောက် အားပေးတော်မူကြပါ ....

ချစ်သူတွေ အားလုံး လည်း ကမ္ဘာ့ ကဗျာ နေ့မှာ
ကဗျာတွေဖတ်ရင်း ခံစားရင်း ကံကောင်းခြင်းတွေ မွေးဖွားလာကြပါစေလို့...

ရိုသေ လေးမြတ်စွာ ဂါရဝပြု ဆုတောင်းလိုက် ရပါတယ်။
🙏💞
ချစ်တဲ့
စှိုးမြတ်နွယ်
၂၁ မတ်လ ၂၀၂၃

Address


Website

Alerts

Be the first to know and let us send you an email when Mae Pyi Aye Collective Wisdom Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share