Irrawaddy - Hein Thu

  • Home
  • Irrawaddy - Hein Thu

Irrawaddy - Hein Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Irrawaddy - Hein Thu, Media/News Company, .

07/07/2011
အလုပ်သမား စိစစ်မည့်အစီအစဉ် မလေးရှား ရွှေ့ဆိုင်း

မလေးရှားမှာ မြန်မာတွေကို တရားဝင် နေထိုင်ခွင့်ရအောင် လုပ်ပေးမယ့် ရက်ကို ရွှေ့ဆိုင်းလိုက်တယ်။ အခုအချိန်ထိ မြန်မာသံရုံးကို ဘယ်လောက်အထိ ပေးရမယ်ဆိုတာ မသိရသေးဘူး။ အေးဂျင့်တွေကတော့ စပြီး ငွေတွေ ကောက်နေပြီလို့ ကြားနေရတယ်။ ဘာတွေ ဖြစ်လာဦးမလဲတော့  မသိသေးပါဘူး။
Thursday, 07 July 2011

http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42/6792-2011-07-07-08-11-48

The Irrawaddy! - the dynamic portal engine and content management system

02/07/2011
ရှမ်းပြည်ရှိ စစ်တပ်အတွက် သိမ်းမြေများ လျော်ကြေးပေး

မြေသိမ်းတဲ့ သတင်းတွေက ဖတ်နေရတာပဲ။ ပြန်ရတာတွေရှိသလို မရတာတွေလည်းရှိတယ်။ အဓိက ကတော့ မတိုင်ရဲ၊ မပြောရဲတဲ့ သူတွေ ပေးသလောက်နဲ့ပဲကျေနပ်လိုက်ကြတယ်။ တိုင်ရဲ ပြောရဲလို့ ၀န်ကြီးချုပ်အထိ တက်တိုင်တော့ ကျေနပ်လောက်အောင် လျှော်ကြေး ပြန်ပေးပါတယ်တဲ့။ ကဲ ဖတ်ကြည့်လိုက်ပါဦး
ူ Saturday, 02 July 2011

http://www.irrawaddy.org/bur/index.php/news/6753-2011-07-02-05-31-45

The Irrawaddy! - the dynamic portal engine and content management system

01/07/2011
မြန်မာအသင်း နည်းပြချုပ် အထုတ်ခံရ

ပြောလို့မှ မဆုံးသေးဘူး။ မြန်မာနည်းပြချုပ်ကြီး အထုတ်ခံလိုက်ရပါပြီ။ မြန်မာနည်းပြတွေနဲ့ပဲ ကိုင်တွယ်တော့မယ်ဆိုပဲ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့မှာ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ဘယ်လို ရလဒ်မျိုးတွေ ထွက်လာအောင် စွမ်းဆောင်ပြမလဲဆိုတာကိုတော့ ပရိသတ်ကြီး ကိုယ်တိုင်ပဲ စောင့်ကြည့်လိုက်ပါတော့ခင်ဗျာ....။
FRIDAY, 1 JULY 2011

http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42/6749-2011-07-01-09-51-24

The Irrawaddy! - the dynamic portal engine and content management system

30/06/2011
မြန်မာနည်းပြချုပ် အထုတ်ခံရဖွယ်ရှိ

မြန်မာဘောလုံးကတော့ အပျော်တမ်းတုန်းကမှ ကမ္ဘာ့ရပ်တည်ချက်က ၂၄၀။ ပရော်ဖက်ရှင်နယ် ပြောင်းလိုက်တော့မှပဲ အဆင့် ၃၀ လောက် ထပ်ကျသွားတယ်။ အခုလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတဲ့၊ ရှုံးပြန်ပြီလေ။ ကိုယ့်ကိုကိုယ်တော့ အပြစ်မတင်ဘူး။ ငှားထားတဲ့ နိုင်ငံခြားသား နည်းပြကို ၀ိုင်းပြီး အပြစ်တင်နေကြတယ်။

http://www.irrawaddy.org/bur/index.php/news/6732-2011-06-30-09-12-25

The Irrawaddy! - the dynamic portal engine and content management system

29/06/2011
မန္တလေးတွင် တရုတ်ဆန့်ကျင်ရေး ကြီးထွားလာ

တရုတ်တွေက လူပါးဝတယ်။ သူတို့မှ မရှိရင် မဖြစ်တော့တဲ့ ပုံစံနဲ့ ဆက်ဆံတာတွေကို မြန်မာပြည်ထဲမှာ ခံစားနေကြရတယ်။ ဒါကြောင့်လည်း တရုတ်တွေကို မုန်းတီးနေကြတယ်။ မန္တလေး ကျောက်ဝိုင်းမှာ ဖြစ်တဲ့ ကိစ္စက မန္တလေးသားတွေကို စော်ကားရာ ကျတယ်။ ဒါကြောင့် တရုတ်ဆန့်ကျင်ရေး စိတ်တွေ တိုးလာကြတယ်။
Tuesday, 28 June 2011

http://www.irrawaddy.org/bur/index.php/news/6716-2011-06-28-12-14-27

The Irrawaddy! - the dynamic portal engine and content management system

27/06/2011
တရုတ်နှင့် မြန်မာအချင်းများ၍ မန္တလေးကျောက်ဝိုင်းပိတ်

ပြည်မကြီးက တရုတ်တွေ မန္တလေးကျောက်ဝိုင်းထဲမှာ မြန်မာကို ထိုးလို့ ကျောက်ဝိုင်းပိတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့တယ်။ ရဲတွေရော၊ လုံခြုံရေးတွေရော၊ အများကြီးရောက်လာပြီး တားရ ဆီးရတဲ့အထိ ဖြစ်ခဲ့တယ်။ တရုတ်က ၅ ယောက် မြန်မာက ၁ ယောက်ဆိုတော့ ...။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ တရုတ်က ကိုယ်ထိလက်ရောက်လုပ်ရဲတယ်ဆိုတာကတော့ . . .? ? ?
Monday, 27 June 2011

http://www.irrawaddy.org/bur/index.php/news/6702-2011-06-27-08-47-27

The Irrawaddy! - the dynamic portal engine and content management system

27/06/2011
မလေးတွင် တရားဝင်နေခွင့် စတင်တော့မည်

မလေးရှားက တရားမ၀င်တွေကို တရားဝင်ဖြစ်အောင် လုပ်ပေးပါတော့မယ်လို့ မလေးရှားအစိုးရက ရက်နဲ့ အတိအကျ ကြေညာလိုက်ပါပြီ။ ဒါပေမယ့် အေးဂျင့်တွေကနေ တဆင့် လုပ်ရမယ်လို့ သိရပါတယ်။ မြန်မာတွေက အေးဂျင့်တွေဆိုမယုံကြည်ဘူး၊ မယုံကြည်အောင်လည်း အေးဂျင့်အများစုရဲ့ လုပ်ရပ်တွေက မှန်ခဲ့တာတွေ ရှားပါးနေတော့ . . . .
Friday, 24 June 2011

http://www.irrawaddy.org/bur/index.php/news/6693-2011-06-24-12-08-17

The Irrawaddy! - the dynamic portal engine and content management system

21/06/2011
မလေးရှားအပေါ်လမ်း ၆လ ပိတ်မည်

မြန်မာနိုင်ငံကနေ မလေးရှားကို အလုပ်သမား တင်ပို့မှု ၆ လ ပိတ်ပါမယ်လို့ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်းကို မသိဘဲ မလေးရှားကို ထွက်ဖို့ လုပ်နေတဲ့သူတွေကတော့ အလိမ်အညာတွေမိပြီး ဆုံးရှုံးမှုတွေ ကြုံရနိုင်ပါတယ်။ မလေးရှားကို ထွက်မယ့်သူတွေ သိထားဖို့လိုပါတယ်။
21 June 2011

http://www.irrawaddy.org/bur/index.php/news/6661-2011-06-21-11-22-22

The Irrawaddy! - the dynamic portal engine and content management system

10/06/2011
မလေးရှားရှိ တရားမ၀င်မြန်မာများ လက်မှတ်ရရေး ဈေးကွက်ပေါ်နေ

မလေးရှားမှာ တရားမ၀င်နေထိုင်နေတဲ့ မြန်မာတွေ တရားဝင်ဖြစ်ဖို့အတွက် မလေးရှား အစိုးရက ဆောင်ရွက်ပေးတော့မှာပါ။ ရွှေမြန်မာတွေအတွက် ၀မ်းသာစရာပါပဲ။ ဒါပေမယ့် ကုန်ကျမယ့် စရိတ်က များနေတော့ မလုပ်နိုင်တဲ့ သူတွေလည်း ရှိနေပါတယ်။ အသေးစိတ်သိချင်ရင်တော့ . . . . .

http://www.irrawaddy.org/bur/index.php/news/6575-2011-06-10-11-33-47

The Irrawaddy! - the dynamic portal engine and content management system

06/06/2011
ဟိုတယ် အတွက်သိမ်းယူသည့် ကိုင်းခြံမြေများ ပြန်ရရန် တိုင်ကြား

မြေသိမ်းခံခဲ့ရတာ ၂၀၀၇ ခုနှစ်ကတည်းကပါ။ ဘယ်ကို တိုင်ရမှန်းမသိလို့ အခုမှ တိုင်ဖြစ်တာပါလို့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ အင်းတိုင်းရင်းသားတွေက ပြောလာပါတယ်။ မြေသိမ်းခံလိုက်ရလို့ သမီး တယောက်တည်းတောင် ကျောင်းမထားနိုင်ဘဲ ထုတ်လိုက်ရပါတယ်တဲ့။ ၈ တန်းကျောင်းသူလေးပါ။

http://www.irrawaddy.org/bur/index.php/news/6435-2011-05-21-16-10-25

The Irrawaddy! - the dynamic portal engine and content management system

03/06/2011
နယ်စပ်ဒုက္ခသည်စခန်း ၃ ခု ထိုင်း စစ်ဆေးမည်

ထိုင်း - မြန်မာ နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်တွေ အားလုံးကို မြန်မာပြည်ပြန်ပို့တော့မယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပြီးတဲ့ နောက်ပိုင်း ဒုက္ခသည် စခန်း ၃ ခုကို ထိုင်းအာဏာပိုင်တွေ က ၀င်စစ်ဆေးတော့မယ်လို့ တရားဝင် သတင်းထုတ်ပြန်တဲ့ အချိန်က ရေးထားတဲ့ သတင်းပါ


http://www.irrawaddy.org/bur/index.php/news/6375-2011-05-12-09-26-59

The Irrawaddy! - the dynamic portal engine and content management system

03/06/2011
တံခွန်တိုင် ပွဲတော်

ဧရာဝတီ သတင်းထောက် အဖြစ်နဲ့ ပထမဆုံး ရေးတဲ့ ဆောင်းပါး ပါ။ ကယားရိုးရာ တံခွန်တိုင် ပွဲတော်အကြောင်းပါ။ ကျနော်ကိုယ်တိုင် စိတ်ဝင်စားလွန်းလို့ ရေးဖြစ်သွားတာပါ။ Ktimes က သူငယ်ချင်းတယောက် ကူညီပေးတယ်။ နာမည်တော့ မပြောတော့ပါဘူး။ ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ်။

http://www.irrawaddy.org/bur/index.php/articles/2-articles/6160-2011-04-08-10-44-57

The Irrawaddy! - the dynamic portal engine and content management system

03/06/2011
စိစစ်ရေး ကင်းလွတ်ခွင့် သတင်းဂျာနယ်များ မပါ

စာပေစိစစ်ရေး ကင်းလွတ်ခွင့်ရတော့မယ်ဆိုပဲ။ ဂျာနယ်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုပြောတာပါ။ ကျင့်ဝတ်နဲ့ ဥပဒေတွေ နားလည်ပြီး လိုက်နာနိုင်မှ တော်ရာကျမယ်လို့ ဆိုပါတယ်။ စိစစ်ရေး ကင်းလွတ်မယ့်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

http://www.irrawaddy.org/bur/index.php/news/6079-2011-03-29-12-11-07

The Irrawaddy! - the dynamic portal engine and content management system

03/06/2011
မလေးရှားသို့ အလုပ်သမားပို့ ကုမ္ပဏီများ ရပ်ဆိုင်းထား

မလေးရှား ဗီဇာအတု လုပ်တယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ အဲဒီနောက်မှာ မလေးရှားကို အလုပ်သမားတွေ ပို့နေတဲ့ အေးဂျင့်ကုမ္ပ္ပဏီ တွေကို ဖမ်းတာတွေ၊ ၀င်စစ်တာတွေလုပ်ခဲ့တယ်။ နောက်ဆုံးအဆင့်အနေနဲ့ အလုပ်သမားပို့ခွင့်တွေ ရပ်ဆိုင်းထားတဲ့ ကာလက သတင်းတစ်ပုဒ်ပါ

http://www.irrawaddy.org/bur/index.php/news/5641-2011-02-03-10-07-22

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
စစ်တွေတွင် ကြက် တသောင်း ကျော် သုတ်သင်

ကြက်ငှက် တုတ်ကွေး မြန်မာပြည်မှာ ဖြစ်နေတဲ့အချိန် စစ်တွေမှာ ကြက် တ သောင်းကျော် သုတ်သင် ခဲ့တယ်ဆိုတဲ့ အခြေအနေတွေကို ရေးသားထားတာပါ။ ကြက်သား လုံးဝ မရောင်းဖို့ အတွက် အာဏာပိုင်တွေက တားမြစ်ခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။

http://www.irrawaddy.org/bur/index.php/news/5605-2011-01-31-11-25-55

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ

မင်းသမီးတွေက ၀တ်ချင်သလို ၀တ်တယ်။ ဂျာနယ်တွေက ဖော်ပြချင်သလို ဖော်ပြတယ်။ စာပေစိစစ်ရေးကလည်း ပိတ်ချင်သလို ပိတ်လိုက်ပါတယ်။ မင်းသမီးတွေရဲ့ လုံခြုံမှုမရှိတဲ့ ပုံတွေကို ဖော်ပြမိတဲ့ ဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးက ခေတ္တရပ်ဆိုင်းခဲ့တဲ့ သတင်းတပုဒ်ပါ။

http://www.irrawaddy.org/bur/index.php/news/5577-2011-01-27-10-40-14

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
MAI လေကြောင်း အိမ်နီးချင်း ၃ နိုင်ငံ တိုးချဲ့ပျံသန်းမည်

ဒီသတင်းကိုလိုက်တုန်းကတော့ MAI က ၂ နိုင်ငံကို လေကြောင်းလိုင်းတိုးချဲ့ ပျံသန်းမယ်ဆိုတာကိုပဲ သိတာပါ။ သေသေချာချာမေးကြည့်တော့မှ ၃ နိုင်ငံမှန်း သိပြီး အခုလို ရေးဖြစ်သွားတာပါ။

http://www.irrawaddy.org/bur/index.php/news/5549-mai-

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
မလေးရှားရှိ မြန်မာ အမျိုးသမီး ၂ ဦး အသတ်ခံရ

မလေးရှားမှာ မြန်မာအမျိုးသမီး ၂ ဦး အသတ်ခံလိုက်ရပေမယ့် ငါးလ သားအရွယ်ကလေးလေးကိုတော့ ဘာမှ လုပ်မသွားဘူးဆိုတဲ့ သတင်းပါ။ လူသတ်ပြီး ငွေနဲ့ ပစ္စည်းတွေ ယူမသွားဘူးဆိုတော့ ......

http://www.irrawaddy.org/bur/index.php/news/5496-2011-01-17-10-04-51

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
အခမဲ့ ပညာဒါနကျောင်း တားမြစ်ခံရ

အခမဲ့ ပညာဒါန ကျောင်းဖွင့်မယ့်သူတွေကို အာဏာပိုင်တွေက တားမြစ်တဲ့ သတင်းပါ။ ဘယ်လောက်ပဲ တားတား ဆက်လုပ်သွားမယ်လို့ ကျောင်းဖြစ်မြောက်ရေးကို ဦးဆောင်သူတွေက ပြောပြီး ဆက်လုပ်နေကြတဲ့ သတင်းတပုဒ်ပါ။

http://www.irrawaddy.org/bur/index.php/news/5507-2011-01-18-11-38-11

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်

နေရာရလာရင် ကပ်ပါးရပ်ပါးလုပ်ပြီး အခွင့်အရေးယူဖို့ပဲ ကြည့်နေတဲ့သူတွေ၊ စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်ပြီး အကျင့်သိက္ခာဆိုးနဲ့ ကျော်ကြားတဲ့သူတွေ ဒီအဖွဲ့ထဲမှာ များနေရင် အောင်မြင်မှာမဟုတ်ဘူးလို့ ပြောပြီး ဂျာနယ် ကိုယ်စားပြုကော်မတီက နုတ်ထွက်သွားတဲ့ ELEVEN MEDIA GROUP အကြောင်းပါ။

http://www.irrawaddy.org/bur/index.php/news/5484--eleven-media-group-

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပုဂ္ဂလိကသို့ လွှဲမည်

နိုင်ငံပိုင်တဲ့ အဆောက်အအုံတွေကို ပုဂ္ဂလိက ထုတ်ရောင်းတော့မယ်လို့ တရားဝင်ကြေညာတုန်းက ရေးခဲ့တာပါ။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံပိုင် အဆောက်အအုံတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ရောင်းချတော့မှာပါ။

http://www.irrawaddy.org/bur/index.php/news/5476-2011-01-13-11-09-15

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ်များ စတင်ရောင်းချ

လွှတ်တော် အစည်း အဝေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ စာအုပ်တွေကို အကန့်အသတ်နဲ့ ရောင်းတဲ့ အချိန်တုန်းက စာအုပ်ရောင်းချခွင့်ပြုတဲ့ ဆိုင်တွေကို မေးပြီးရေးထားတဲ့ သတင်းပါ။ တစ်ယောက်ကို တစ်တွဲပဲ ရောင်းပေးပါတယ်။

http://www.irrawaddy.org/bur/index.php/news/5464-2011-01-11-11-30-52

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
နာမည်ကြီး မင်္ဂလာပွဲ ပရိသတ် စိတ်ဝင်စားမှုနည်း

မင်္ဂလာဆောင်တာကို ၆ နေရာခွဲပြီး ဆောင်ကြတဲ့ နာမည်ကြီး မင်းသားနဲ့ မင်းသမီးတို့ကို ပရိသတ်က စိတ်မ၀င်စားဘူးလို့ ရေးခဲ့ပေမယ့် ဒီသတင်းကို ဖတ်တဲ့အရေအတွက်က ၂ သောင်းခွဲနီးပါဖြစ်သွားပါတယ်။ ကျနော့် အယ်ဒီတာ လမ်းညွှန်မှုကောင်းလို့ ဒီလို အားပေးမှုရခဲ့တာပါ။

http://www.irrawaddy.org/bur/index.php/news/5439-2011-01-08-07-41-45

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်အသစ် တရုတ် တွေ့

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တခု တယ်ဆိုတဲ့ သတင်းပါ။ အဲဒီသိုက်ကနေ သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၉၀၉ ဘီလီယံနှင့် လေဆီ (ရေနံအပေါ့စား) ပမာဏ စည် ၇ ဒဿမ ၁၆ သန်း ထွက်မယ်လို့ နိုင်ငံပိုင် သတင်းစာကနေ အတိအလင်း ကြေညာခဲ့ပါတယ်။

http://www.irrawaddy.org/bur/index.php/news/5435-2011-01-07-10-56-40

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ

့မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ပေးပွဲကာလမှာ အနုပညာရှင် အသိုင်းအ၀ိုင်းက ထင်ကြေးအမျိုးမျိုးပေးကြတဲ့ အပေါ် ရေးထားတဲ့သတင်းတပုဒ်ပါ။ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းရဲ့ ရုပ်ရှင်အဆင့်အတန်း အားနည်းချက်၊ လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အကယ်ဒမီဆုတွေ လျှော့ပေးတဲ့အကြောင်းလည်း ပါပါတယ်။

http://www.irrawaddy.org/bur/index.php/news/5388-2010-12-30-10-40-01

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
တတိယလုပွဲတွင် မြန်မာက ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်

အသံနာအောင် အားပေးခဲ့တဲ့ ထိုင်းရောက် မြန်မာမလေးတွေရဲ့ အားပေးမှုကြောင့် တတိယနေရာကို အရယူနိုင်ခဲ့တဲ့ မြန်မာတက္ကသိုလ် ဘောလုံးအသင်းရဲ့ မြင်ကွင်းကို ရေးထားတာပါ။ အာစီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းက ဆုတံဆိပ် ၁၆၁ ခုရချိန်မှာ မြန်မာက ၃ ခုပဲရပြီး အိမ်ပြန်ခဲ့ရပါတယ်။

http://www.irrawaddy.org/bur/index.php/news/5328-2010-12-23-11-11-25

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
ထာဝရနှင်းဆီ အငြိမ့် မလေးရှားနှင့် စင်္ကာပူတွင် ဖျော်ဖြေမည်

“မှန်ရာကို သစ္စာဆိုပါမည်။ လမ်းတွေကို အလွယ်ခင်းပါသည်။ ဒါပေမယ့်လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်း ... တော့ သွားရ အလွန်ခက်သည်” ဆိုတဲ့ ပျက်လုံးတွေနဲ့ နာမည်ကြီးခဲ့တဲ့ ထာဝရနှင်းဆီ အငြိမ့် မလေးရှားနဲ့ စင်္ကာပူမှာ ကပြဖျော်ဖြေမယ်လို့ သိရတော့ ပွဲစီစဉ်သူုနဲ့ မင်းသား ကျော်ကျော်ဗိုကို ဆက်သွယ်ပြီး ရေးထားတဲ့ သတင်းတပုဒ်ပါ။

http://www.irrawaddy.org/bur/index.php/news/5337-2010-12-24-11-10-02

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
မြန်မာက ထိုင်းကို ၄ ဂိုး သုညဖြင့်ရှုံး

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကျင်းပတုန်း မြန်မာတက္ကသိုလ် ဘောလုံးအသင်းကို ကိုယ်တိုင်အားပေးပြီး သတင်းသွားယူခဲ့တဲ့ အကြောင်းပါ။ ထိုင်းပရိသတ်ထက် မြန်မာပရိသတ်က ပိုများပေမယ့် မြန်မာတွေက ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

http://www.irrawaddy.org/bur/index.php/news/5302-2010-12-21-11-31-30

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
ဆူဇူကီးဖလား ပြိုင်ပွဲရှုံး၍ မြန်မာအသင်း နည်းပြချုပ် ပြောင်းမည်

ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာလက်ရွေးစင် ဘောလုံးအသင်းက နိုင်ပွဲတပွဲမှ မရဘဲ လှည့်ပြန်ခဲ့ရတုန်းက နည်းပြချုပ်ကို ချက်ချင်းထုတ်ပါမယ်လို့ အဖွဲ့ချုပ်က ပြောခဲ့တဲ့ သတင်းတပုဒ်ပါ။ အားကစားကလောင်ရှင်တွေနဲ့ ကိုယ်တိုင်လိုက်ပြီး သတင်းယူခဲ့တဲ့ သတင်းထောက်တွေကတော့ ရှုံးနိမ့်မှုကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

http://www.irrawaddy.org/bur/index.php/news/5248-2010-12-15-11-58-47

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
ဂျာနယ်များကို ပေါ်လစီဆောင်းပါး ပြန်ထည့်ခိုင်း

ခုတမျိုး တော်ကြာ တမျိုးလုပ်တတ်တဲ့ စာပေစိစစ်ရေးက ပေါ်လစီ ဆောင်းပါးကို ဂျာနယ်တွေမှာ မထည့်ခိုင်းတာ ၃ လကျော်ပြီးတော့မှ ပြန်ထည့်ခိုင်းတဲ့ အခြေအနေကို ဂျာနယ်အယ်ဒီတာတွေ ပြောပြတဲ့အကြောင်းပါ။ စာဖတ်ပရိသတ် တွေကလည်း ပေါ်လစီ စာမျက်နှာကို မဖတ်ချင်ဘူးလို့ ဆိုကြပါတယ်။

http://www.irrawaddy.org/bur/index.php/news/5217-2010-12-13-10-04-35

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
သတင်းသမား ဖိနှိပ်မှုအဆိုးဆုံး မြန်မာ စတုတ္ထ ချိတ်

သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ မြန်မာနိုင်ငံက တကမ္ဘာလုံးနဲ့ ယှဉ်ရင် အဆင့် ၄ နေရာအထိရောက် နေပါတယ်။ သတင်းသမား အသတ်ခံရမှုကလည်း ၁၀ နှစ်အတွင်းမှာ ၃ ယောက်အထိရှိခဲ့ပါတယ်။ အီးမေးလ်ပို့တာနဲ့တင် အဖမ်းခံရတဲ့ မြန်မာနိုင်ငံက အကြောင်းတွေပါ။

http://www.irrawaddy.org/bur/index.php/news/5194-2010-12-09-12-08-52

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
ဝီကီလိစ် တည်ထောင်သူ အဖမ်းခံရ

ဝီကီလိဒ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း အဖမ်းခံလိုက်စဉ်က ရေးထားတဲ့ သတင်းတပုဒ်ပါ။ ဦးသန်းရွှေ့ရဲ့ မြေး ဖိုးလပြည့်က မန်ယူအသင်းကို ၀ယ်ဖို့ အဖိုးဖြစ်သူကို တိုက်တွန်းခဲ့တယ်ဆိုတဲ့ ကြေးနန်းစာကို ဖော်ထုတ်ပေးခဲ့တဲ့ အက်စ်ဆန်း အကြောင်းပါ။

http://www.irrawaddy.org/bur/index.php/news/5164-2010-12-08-06-21-33

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်သော မြန်မာအသင်းကို ပရိသတ်စိတ်ပျက်

မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းက ဗီယက်နမ်ကို စံချိန်တင် ရှုံးနိမ့်ခဲ့လို့ မြန်မာပရိသတ်တွေ စိတ်ပျက်ပြီး အပြင်းအထန်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတဲ့ အကြောင်း ရေးထားတာပါ။ အားကစားဂျာနယ်က အယ်ဒီတာတွေရဲ့ ဘာ့ကြောင့် ရှုံးခဲ့ရတယ်ဆိုတဲ့ သုံးသပ်ချက်တွေကိုလည်း မေးထားပါတယ်။

http://www.irrawaddy.org/bur/index.php/news/5132-2010-12-03-11-41-24

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
မန်ယူကြောင့် မြန်မာ လောင်းကစားသမားများ အထိနာ

မန်ယူအသင်း ရှုံးတာနဲ့ မြန်မာပြည်က လောင်းကစားသမားတွေ အခြေအနေ ဆိုးတတ်တဲ့ အနေအထားကို ရေးထားတာပါ။ လောင်းကစား ဒိုင်တွေရဲ့ အဆင့်ဆင့် လည်ပတ်ပုံကိုလည်း ထည့်ရေးပေးထား ပါတယ်။

http://www.irrawaddy.org/bur/index.php/news/5125-2010-12-03-08-04-47

The Irrawaddy! - the dynamic portal engine and content management system

02/06/2011
ဆူဇူကီးဖလား ပြိုင်ပွဲ မြန်မာ့ လက်ရွေးစင်အသင်း ယှဉ်ပြိုင်မည်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ဝေဖန်မှုတွေ အပြင်းအထန်ခံနေရတဲ့အချိန်မှာ ဆူဇူကီးဖလား၂၀၁၀ ပြိုင်ပွဲ ကစားဖို့အတွက် ဗီယက်နမ်နိုင်ငံကို မထွက်ခွာခင် ရေးခဲ့တဲ့သတင်း တပုဒ်ပါ။

http://www.irrawaddy.org/bur/index.php/news/5049-2010-11-26-09-12-03

The Irrawaddy! - the dynamic portal engine and content management system

Address


Website

Alerts

Be the first to know and let us send you an email when Irrawaddy - Hein Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share