Olympic.fan club

  • Home
  • Olympic.fan club

Olympic.fan club We are Creative Media. We will present various kinds of news features and archives. We also represent international news including sports news

ခြေတစ်လှမ်း ကုဋေတစ်သန်းခြေထောက်များပိုင်ရှင်တွေပေါ့
21/07/2022

ခြေတစ်လှမ်း ကုဋေတစ်သန်းခြေထောက်များပိုင်ရှင်တွေပေါ့

လူဦးရေရဲ့ အစွန်းထွက်လောက်သာကားပိုင်တဲ့ နိုင်ငံမှာငါတို့နေတယ်ဟေး 📣
==========================================
ဗြိတိန် Bill Plant Driving School ကနေ တွက်ချက်ပြလိုက်တဲ့ စူပါဘောလုံးသမားတွေပိုင်ဆိုင်ထားတဲ့ ကားတွေရဲ့ တန်ဖိုး၊ ၂၀၂၂ ခုနှစ်မှာ သူတို့ရတဲ့လစာနှုန်းနဲ့ လစာအတွက် ပွဲကစားပေးရတဲ့အချိန်နာရီကိုတွက်ချက်ပြီး သူတို့ပိုင်ထားတဲ့ကားအားလုံးတန်ကြေးအတွက် ဘယ်နှစ်နာရီပဲ ကစားရင် ဒီငွေရသလဲဆိုတာကို တွက်ပြထားတာပါ။

ကားတွေ သိပ်မဝယ်တဲ့သူတွေကတော့ ကစားချိန်ပိုနည်းတဲ့သတ်မှတ်ချက်မှာ ကားတွေကို ပိုဝယ်နိုင်ပြီး လစာပိုမြင့်တဲ့သူတွေကလည်း ကစားချိန်ပိုနည်းပြီး ကားတွေပိုဝယ်နိုင်တာ တွေ့ရမှာပါ။ စီရိုနယ်ဒိုရဲ့ တစ်နှစ်လစာ ဟာ ပေါင် ၂၄ သန်းကျော်ရှိပြီး သူ့ကားဂိုထောင်ထဲမှာ ပေါင် ၈ .၅ သန်းတန် Bugatti ကားနဲ့ ပေါင် ၁ သန်းတန် McLaren Senna ကားအပါအဝင် ကားအားလုံးဝယ်ထားတဲ့ ကုန်ကျစားရိတ်က ပေါင် ၁၈ သန်းနီးပါးရှိတယ်။ ၂၀၂၁-၂၀၂၂ ရာသီမှာ တစ်နှစ်တာလစာ ပေါင် ၂၄ သန်းကျော်ရဖို့အတွက် စီရိုနယ်ဒိုဟာ မိနစ်ပေါင်း ၂၈၀၂ မိနစ် (နာရီပေါင်း ၄၆ နာရီ) ကစားခဲ့ရတယ်။ သူပိုင်ထားတဲ့ ကားအားလုံးတန်ကြေး ပေါင် ၁၈ သန်းဖို့ပေးဖို့ အတွက် စီရိုနယ်ဒိုဟာ ၃၃ နာရီ၊ ၄၇ မိနစ်နဲ့ ၅၆ စက္ကန့် ကစားပေးရုံနဲ့ ဒီငွေရနိုင်ခဲ့တယ်လို့ တွက်ပြတယ်။

မက်ဆီကတော့ တစ်နှစ်လစာ ပေါင် ၅၂ သန်းဆိုတော့ သူပိုင်ထားတဲ့ကားအားလုံးတန်ကြေး ၂၈၁၆၉၀၆၈ ပေါင် အတွက် မနှစ်ကတစ်ရာသီ ကစားချိန် မိနစ် ၃၀၂၃ (၅၀နာရီ နဲ့ ၃၈ မိနစ်)မှာ ၂၇ နာရီ ၁၇ မိနစ် ၃၆ စက္ကန့် ကစားရုံနဲ့ ဒီကားတွေအားလုံးတန်ကြေးကို ပေးနိုင်ခဲ့တယ်တဲ့။

နေမာပိုင်ဆိုင်ထားတဲ့ ကားတွေတန်ကြေးက ပေါင် ၁၁ .၇ သန်းကျော်ရှိတယ်။ သူ့တစ်နှစ်လစာက ပေါင် ၃၁ သန်းကျော်တယ်။ မနှစ်ကရာသီ ကစားချိန်က ဒဏ်ရာ ပြဿနာတွေရှိခဲ့လို့ ၁၄၁၅ မိနစ်၊ နာရီအားဖြင့် ၂၄ နာရီ နီးပါးပဲရှိတယ်။ ဒီတော့ ၈ နာရီ၊ ၅၂ မိနစ်နဲ့ ၅၈ စက္ကန့် သာကစားပေးရုံနဲ့ ပေါင် ၁၁ သန်းကျော်တန်တဲ့ကားတွေကို ဝယ်နိုင်တယ်တဲ့။

ကျန်တဲ့သူတွေရဲ့ စာရင်းကိုတော့ ပုံမှာပဲ ဆက်ကြည့်ကြပေါ့ဗျာ။ ပြောချင်တာက ပွဲကစားချိန် ဒီလောက်လေးတွေ နဲ့ ပေါင်သန်းပေါင်းများစွာတန်တဲ့ကားတွေကို ဟီးထနေတဲ့ ကားဂိုးထောင်ထဲမှာ ပြည့်သိပ်နေအောင်ထားနိုင်တဲ့ သူတို့ဘ၀နဲ့ တစ်ဘ၀လုံး နေကုန်နေခန်းမက ကြုံးရုန်းလုပ်တာတောင် ကားတစ်စီးဝယ်နိုင်ဖို့မဖြစ်နိုင်တဲ့ အလုပ်အကိုင်ဝင်ငွေ အရှားပါးဆုံးဖြစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်ကား ဝင်စီးနိုင်ခွင့် အိပ်မက်ပါ။ ကျွန်တော်တို့နိုင်ငံမှာ လူဦးရေ ၅၅ သန်းရှိတယ်။ မှတ်ပုံတင်ထားတဲ့ ကားအစီးရေက ၂၀၂၁ စာရင်းမှာ ၇ .၅၆ သန်းတဲ့။ ရှိပြီးသားသူတွေအတွက် ကားပိုင်ဆိုင်တာ တစ်စီးမက လုပ်ငန်းသုံတွေပါ ထည့်တွက်ရင် ၁၀ စီး၊ အစီး ၁၀၀ ဆိုတာမျိုးတွေပိုများတယ်။ ၅၅ သန်းသောလူဦးရေမှာ အစွန်းထွက်လောက်ပဲ ကားပိုင်စီးနိုင်တဲ့ နိုင်ငံမှာ ငါတို့နေတယ်လို့ပဲ ဟစ်ကြွေးဂုဏ်ဆာပြရတော့မလားမသိ။

👍 Like / Com / Shareနဲ့အားပေးခဲ့ကြပါအုံး ညီကို အားလုံးကိုကျေးဇူးတင်ပါသည်။..
ငွေကြေးခိုင်မာ(အသွင်း_အထုတ်)တိကျမြန်ဆန်မှုရှိတဲ့
𝐀𝐠𝐞𝐧𝐭 ကို သင် ရှာနေပါသလား ?
ဒီတွက်အပူပါနဲ့ 𝐀𝐠𝐞𝐧𝐭 လောကမှာ ငွေကြေးပိုင်းနှင့်
နာမည်ပျက်မရှိ (OnesportsiBet789) ရှိပါတယ်ခင်ဗျာ
ဖိုက်တာအရ တစ်ပွဲ သိန်း50/သိန်း100 ကစားမလာ
ဝါသနာအရ အပျော်တမ်းကစားမလာ
#သိန်းရာကျော်နိုင်လဲမိနစ်ပိုင်းအတွင်းငွေလွှဲစနစ်တို့ဖြင့်
#𝗣𝗹𝗮𝘆𝗲𝗿များတွက်ယုံကြည့်စိတ်ချစွာကစားနိုင်ပြီး
#စိတ်အေးချမ်းစွာငွေထုတ်နိုင်ပါတယ်ခင်ဗျာ
အားလုံးလေ့လာစုံစမ်းပြီးမှ ယုံကြည်စွာ လက်တွဲပါ
------------------★𝐓𝐡𝐚𝐧𝐤𝐬 𝐘𝐨𝐮 𝐀𝐥𝐥★--------------
#ဘောလုံးပွဲတွေကို𝐎𝐧𝐥𝐢𝐧𝐞ကအကောင့်ဖွင့်ကစားလိုပါက
𝗶𝗯𝗲𝘁789 𝗢𝗻𝗹𝘆 𝗦𝗲𝗿𝘃𝗶𝗰𝗲 (1𝘂𝗻𝗶𝘁-1000)ကျပ်
----------------------------------
မောင်းအဆ_𝗢𝗱𝗱 500 (𝐋𝐢𝐯𝐞 မောင်းကစားနိုင်)
မိနစ် 90 ဘောလုံးပွဲကြီးတွေအပြင်
𝗦𝗮𝗯𝗮 - 𝗘𝗙𝗼𝗼𝘁𝗯𝗮𝗹𝗹 များလဲ ကစားနိုင်ပါတယ်
𝐖𝐞𝐛𝐬𝐢𝐭𝐞 မှာ ကြေးဖွင့်တာ အကုန်ကစားနိုင်ပါတယ်
*** 2D-3D လည်း 85 ဆ | 550 ဆ တို့ဖြင့်ဝန်ဆောင်မှုပေးနေပါပြီ
စိတ်ဝင်စားလို့ အကောင့်ဖွင့်ကစားမည်ဆို
-------------------------------‐---‐--------------
ငွေ(၁၀၀၀၀) ကျပ်မှ စပြီး အကောင့်ဖွင့်ကစားနိုင်ပါပြီး
အကောင့်သစ် (10% Bonus) ပါရှိပါမယ်ခင်ဗျာ..
(လက်ခွဲ 𝗔𝗴𝗲𝗻𝘁 ယူချင်သူများလဲ ဆက်သွယ်နိုင်ပါတယ်)
𝗨𝘀𝗲𝗿 ရရှိဖို့တွက် (Bonus) များထောက်ပံ့ပေးပါမယ်
𝗦𝗲𝗻𝗶𝗼𝗿 (or) 𝗠𝗮𝘀𝘁𝗲𝗿 (or) 𝗔𝗴𝗲𝗻𝘁 ယူချင်သူများ
ဆက်သွယ်မေးမြန်းနိုင်ပြီး..
Onesports (𝐢𝐛𝐞𝐭789_𝐒𝐞𝐫𝐯𝐢𝐜𝐞)
အပြင်ကြေးတိုင်းတင်ချင်ရင် 𝐕𝐢𝐛𝐞𝐫 09-446940829 မှာဆက်သွယ်ပေးပါဗျ
09-446940829 , 09957453577 (𝐕𝐢𝐛𝐞𝐫-𝐏𝐡𝐨𝐧𝐞)

ခုမှလားပြီး ဂျေအက်ဖလက် လုပ်လဲ ဂျေလိုပဲ နှုတ်ကျိုးနေပြီ
19/07/2022

ခုမှလားပြီး ဂျေအက်ဖလက် လုပ်လဲ ဂျေလိုပဲ နှုတ်ကျိုးနေပြီ

စတုတ္ထမြောက် အိမ်ထောင်နဲ့မှ ဂျေအက်ဖ်လို့ နာမည်ပြောင်းလိုက်တဲ့ ဂျေလို
==========================================
၅၂ နှစ်ယောက်မှ လွန်ခဲ့တဲ့ နှစ် ၂၀ က ချစ်သူနဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ လက်ထပ်လိုက်တဲ့ အဆိုတော် ဩဇာလွှမ်းမိုးသူကြီး ဂျေလို (ဂျနီဖာလိုပက်ဇ်) တစ်ယောက် တစ်သက်လုံး သုံးလာခဲ့တဲ့ နာမည်ကို ပြောင်းလိုက် ပါပြီတဲ့။ အရင် အိမ်ထောင်သုံးဆက်တုန်းက ခင်ပွန်းရဲ့ မျိုးရိုးအမည် နောက်နာမည်ကို ဆက်ခံပြောင်းလဲခြင်း မရှိဘဲ ဂျေလိုအဖြစ်ပဲ ပွဲလယ်တင့်ခဲ့တဲ့သူမဟာ ခုမှ မင်းသားဘန်အက်ဖလက်နဲ့ လက်ထပ်လိုက်ပြီး ဂျေလိုကနေ ဂျေအက်ဖ် (J Aff) ပြောင်းလိုက်တာကြီးက သူ့ရဲ့ ပရိသတ်တွေအတွက်ပါ ခေါ်ရတာသိပ်အဆင်မပြောနိုင်တော့ဘူး။

ဂျေလိုဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀၈ ခုနှစ်မှာ ဘန်အက်ဖလက်နဲ့ လုံး၀ လမ်းခွဲလိုက်ပြီလို့ ကြေညာတယ်။ ဘန်အက်ဖလက်နဲ့ ချစ်သူတွေမဖြစ်မီ ဂျေလိုဟာ ပထမခင်ပွန်းဖြစ်တဲ့ အိုဂျာနီနိုအာနဲ့ လက်ထပ်ခဲ့တယ်။ ၁၉၉၇ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိပဲ အိမ်ထောင်မြဲခဲ့တယ်။ ၂၀၀၁ ကနေ ၂၀၀၃ ခုနှစ်အထိကို ခရစ္စဂျက်ဒ်နဲ့ လက်ထပ်ပြီး ပေါင်းသင်းတယ်။ တတိယ ခင်ပွန်းကတော့ မက်အန်တိုနီပဲ။ ၁၄ နှစ်အရွယ် အမွာ သမီးလေးနှစ် ယောက်ရပြီး ကွဲသွားတာပဲ။

ဘန်အက်ဖလက်နဲ့ ဂျေလိုတို့ဟာ ၂၀၀၂ ခုနှစ်က ချစ်သူတွေဖြစ်ခဲ့ပြီး စေ့စပ်မှုတောင်လုပ်ခဲ့ပေမယ့် မင်္ဂလာ မဆောင်ဖြစ်ခဲ့ဘူး။ ဘန်က ဂျနီဖာဂါနာနဲ့ လက်ထပ်ပြီး ရင်သွေးသုံးယောက်ရတယ်။ ခုမှ သူတို့အချစ်ဟာ ငယ်သွေးကြွပြီး လက်ထပ်ပွဲနဲ့ပြန်ပေါင်းထုတ်တော့မှပဲ ဘယ်ယောက်ျားယူယူ နာမည်နောက်မှာ ယောက်ျား မျိုးရိုးနာမည်ကိုမပြောင်းခဲ့တဲ့ ဂျေလိုတစ်ယောက် ဂျနီဖာအက်ဖလက်နာမည်ပြောင်းလိုက်ပြီလို့ သတင်းတွေ ထွက်လာတယ်။

ချစ်မှုရေးရာ ကျွမ်းကျင်သူ ထရေစီကတော့ အရင် ယောက်ျားတွေကို ဒီလောက်မချစ်လို့ ကမ္ဘာ့သိ သူ့နာမည်ကို မပြောင်းခဲ့တာဖြစ်နိုင်ပြီး ငယ်ချစ် ဘန်အက်ဖလက်နဲ့မှ တကယ်ချစ်လို့ ဂျနီဖာအက်ဖလက်ဖြစ်သွားတာ ဖြစ်နိုင်ကြောင်း၊ အမေရိကန်မှာ အိမ်ထောင်ပြုပြီး မိန်းကလေးတွေဟာ ယောက်ျား မျိုးရိုးအမည် ဆက်ခံပြောင်းလဲရမယ်လို့ ဥပဒေ မထုတ်ထားလို့လည်း အရင်ကတည်းက ဂျေလိုက ဂျေလိုပဲဖြစ်နေတာ ဖြစ်ကြောင်း၊ ခုလည်း အနုပညာစင်ပေါ်အမည်ကိုတော့ ဂျေလိုအဖြစ်ကနေ ပြောင်းမယ်မထင်ဘူးလို့ သုံးသပ်သွားပါတယ်။

ကြောက်စရာ မျောက်အန္တရာယ်
18/07/2022

ကြောက်စရာ မျောက်အန္တရာယ်

အရက်မှာ ဆရာမရှိတော့ သွားလေရော့
13/07/2022

အရက်မှာ ဆရာမရှိတော့ သွားလေရော့

လောင်းကြေး ကျပ် ၂၀၀၀၀ မပြည်တဲ့ အသောက်ပြိုင်ပွဲမှာ
နှစ်မိနစ်အတွင်း ယေဂါမိုက်စတာတစ်တောင့်သောက်ပြီး အသေခံသွားသူ
=========================================
(ကျွန်တော့် ပေ့ချ်က သိသင့်တဲ့ သုတနဲ့ Current သတင်းဆန်းလေးတွေလည်း ရောသမမွှေပြီး တင်ဆက်တာမျိုးဖြစ်လို့ ဒီသတင်းလေးကို တင်ပေးလိုက်ရပါတယ်။ Share ခြင်း Like & Follow လုပ်ပေးခြင်းနဲ့ ကူညီအားပေးနိုင်ပါတယ်)

😵‍💫 တောင်အာဖရိကနိုင်ငံအီလင်း(မ်)မြို့ Blue Cornerဆိုတဲ့ ကားရေဆေးဆီထိုးနဲ့ စားသောက်ဆိုင်တွဲဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေည (ဇူလိုင် ၁၀ ရက်) က အသက် ၂၅ နှစ်ကနေ ၃၀ ကြားလောက်ပဲရှိသေးတဲ့ လူငယ်တစ်ယောက် အရက်သောက်ပြိုင်ရင်း သေဆုံးသွားခဲ့ရတယ်။

😵‍💫 ထုံးစံအတိုင်း အရက်သောက်ပြိုင်ပွဲလုပ်တာပေါ့။ လောင်းကြေးက လက်ရှိမြန်မာငွေနဲ့တွက်ရင် ကျပ် ၁၈၅၀၀ မပြည့်ဘူး၊ စတာလင်ပေါင် ၁၀ ပေါင်ကြေးလောင်းပြီး ဂျာမနီထုတ် ယေဂါမိုက်စတာအရက်ကို ၂ မိနစ်အတွင်း အကုန်သောက်ဖို့ပြိုင်ကြတာ။ သေဆုံးသူဟာ သတ်မှတ်ချိန်အတွင်း တစ်ပုလင်းလုံးအကုန်သောက်နိုင်တယ်။ ပြီးတော့ ယိုင်ထိုးပြီး လဲကျသွားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့သွားတာပါ။ အနီးအနားက ဆေးခန်း ကိုခေါ်သွားတော့ သေဆုံးပြီးကြောင်းပဲ အတည်ပြုပေးနိုင်တော့တယ်။

🦌 အပျော်ကနေ အပျက်ဖြစ်ပြီး လူ့အသက်တစ်ချောင်းဆုံးရှုံးလိုက်ရတဲ့ဖြစ်စဉ်ပါ။ ယေဂါမိုက်စတာဆိုတာ ကျွန်တော်တို့နိုင်ငံမှာလည်း လူကြိုက်များကြတယ်။ ဂျာမနီနိုင်ငံကထုတ်တဲ့ ဒီအရက်ကို ကျွန်တော်တို့ဆီမှာ တချို့က ဆတ်ချိုနုလို့တောင် ခေါ်ကြသေး။ ဒီမှာသာမက တစ်ကမ္ဘာလုံးမှာပါ ဒီအရက်ကို သမင်းသွေးပါတယ် ဆိုပြီး ပြောဆိုနေကြပေမယ့် ကုမ္ပဏီက ဘယ်တိရစ္ဆာန်သွေးမှမပါဘူးလို့ အတိအလင်းငြင်းထားပါတယ်။

🦌 ဆေးဘက်ဝင်သစ်ရွက်နဲ့ နံ့သာမျိုး ၅၆ မျိုးနဲ့ သာ ထုတ်လုပ်ထားတယ်။ အယ်လ်ကိုဟောပါဝင်မှုနှုန်းက ၃၅ ရာခိုင်နှုန်းဆိုတော့ ဒီအရက်ဟာ ရမ်လည်းမဟုတ်၊ ဝီစကီ၊ တက္ကီလာ၊ ဗော့ဒ်ကာ၊ ဂျင်(မ်)အမျိုးအစားတွေ ထဲလည်းမပါဘဲ ဒါတွေထက် ပိုပြင်းတယ်လို့ ဘယ်လိုမှ လက်ခံမရတဲ့ အရက်တစ်မျိုးလို့ ဆိုတယ်။ အစောပိုင်း လေ့လာမှုတွေမှာတော့ သာမန် ဝီစကီ၊ ဗောဒ်ကာလိုအရက်တွေဟာ အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်းနဲ့အထက် တွေပါလို့ ဦးနှောက်သွေးကြောကျဉ်းစေပြီး လေဖြတ်မှုပိုများပေမယ့် ယေဂါမိုက်စတာကတော့ ဒီလိုလေဖြတ် ခြင်း၊ နှလုံးဖောက်ခြင်းတွေကို သက်သာရာရစေတယ်တဲ့။ ဒါပေမဲ့ ရေဓာတ်ခမ်းခြောက်မှုကို ပိုဖြစ်စေလို့ ဒီအရက်သောက်ရင် ရေများများသောက်ပေးရတယ်လို့လည်း ဆိုတယ်။

☠️ဘယ်လိုပဲဖြစ်ဖြစ် တန်ဆေး၊ လွန်ဘေးဆိုသလိုပါပဲ။ ဘာမှမဟုတ်တဲ့ လောင်းကြေးထက်စာရင် ဒီအရက် တစ်လုံး တန်ကြေးကပိုများတော့ ဒါကိုပဲ မက်မောလို့လား၊ အရက်ကိုပဲ ခုံမင်နှစ်ခြိုက်လွန်းလို့လားမသိတဲ့ လူငယ်တစ်ယောက် မပြိုင်သင့်တာပြိုင်ပြီး အသက်ဆုံးရှုံးလိုက်ရတာကတော့ သင်ခန်းစာယူစရာပါပဲ။ သမင်းသွေးပါလို့ပဲ အားရှိသလိုလိုဘာလိုလိုထင်ကြ၊ လေမဖြတ်ဘူး၊ နှလုံးမဖောက်ဘူးလို့ပဲ ဘယ်လိုညွှန်းညွှန်း နောက်ဆုံးတော့ ဒီလူငယ်လေး စကားမေးတောင် မရလိုက်ဘဲ လောကထဲကနေ ခြာခြာလည်ရင်း အပြီးထွက်သွားရပြီပေါ့လေ . . . .

ပထမဆုံး Comment မှာ ဗီဒီယိုဖိုင် လင့်ခ်ပေးထားပါတယ် 👇

ဒီရက်စက်တဲ့ မိန်းမက ခပ်ဆန်းဆန်း ကြာပွတ်နဲ့ရိုက်ရမှ လိင်စိတ်နှိုးဆွနိုင်တယ်ခံယူပြီး ရက်စက်တာ၊ ကျား၊မ လည်းမခွဲဘူးနော်
12/07/2022

ဒီရက်စက်တဲ့ မိန်းမက ခပ်ဆန်းဆန်း ကြာပွတ်နဲ့ရိုက်ရမှ လိင်စိတ်နှိုးဆွနိုင်တယ်ခံယူပြီး ရက်စက်တာ၊ ကျား၊မ လည်းမခွဲဘူးနော်

ဆုံးရှာပြီ
08/07/2022

ဆုံးရှာပြီ

😪 ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရ 💥===========================================🌀 ဇူလိုင် ၈ ...
08/07/2022

😪 ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရ 💥
===========================================
🌀 ဇူလိုင် ၈ ရက် ဂျပန်ဒေသစံတော်ချိန်နံနက် ၁၁ နာရီ ၃၀ မိနစ်မှာပဲ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးဟာ ရွေး ကောက်ပွဲအကြို ဟောပြောမှုပြုလုပ်နေစဉ် လက်လုပ် သေနတ်တစ်လက်နဲ့ ပစ်ခတ်လုပ်ကြံခံလိုက်ရပါ တယ်။

🌀 အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ရှင်ဇိုအဘေးဟာ နိုင်ငံအနောက်ပိုင်းဒေသက နာရာမြို့ ယာမာတိုဆဲဒါဂျီ ဘူတာရုံရှေ့ မှာ ဇူလိုင် ၁၀ ရက်နေ့ ရွေးကောက်ပွဲအတွက် အထက်လွှတ်တော်ကိုယ်စားပြုပြီး မိန့်ခွန်းပြောဆိုနေစဉ် နောက် ကျောဘက်ကနေ သေနတ်နဲ့ ပထမတစ်ချက်ပစ်ရာမှာ လဲကျမသွားသေးဘဲ အသံပိုကျယ်သလို ယမ်းငွေ့တွေပါ ပိုထွက်လာတဲ့ ဒုတိယ တစ်ချက်ဆက်ပစ်မှုမှာတော့ သွေးတွေထွက်နေတဲ့ ရင်ဘတ်ကို လက်နဲ့ဖိရင်း လဲကျသွား တာဖြစ်ပါတယ်။

🌀 အနီးအနားမှာ လုပ်ကြံသူလို့ ယူဆရတဲ့ ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားပြီး ရှင်ဇိုအဘေး အခြေအနေဘယ်လိုရှိသလဲဆိုတာကို တရားဝင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒေသတွင်း သတင်းတွေအရ ရှင်ဇိုအဘေးဟာ လုပ်ကြံခံရတဲ့နေရာမှာတင် နှလုံးခုံရပ်သွားခဲ့တယ်လို့ ဖော်ပြမှုတွေတော့ရှိပါတယ်။ ဂျပန်နိုင်ငံ ဟာ အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် နာမည်ရလာနေပြီး လက်နက်ကိုင်ဆောင်မှုကို တင်းကျပ်စွာ ဥပဒေထုတ်ပြန်ထားရှိထားတဲ့ကြားက ခုလို နိုင်ငံ ထိပ်တန်းခေါင်းဆောင်တစ်ယောက် လုပ်ကြံခံလိုက်ရလို့ တုန်လှုပ်သွားရပါတယ်။

🌀 ရှင်ဇိုအဘေးဟာ ဂျပန်နိုင်ငံသမိုင်းမှာ ဝန်ကြီးချုပ်ရာထူးသက်တမ်းအရှည်ဆုံး ရယူခဲ့သူဖြစ်ပြီး ၂၀၀၆ ခုနှစ်က ရာထူးကို တစ်နှစ်၊ ၂၀၁၂ ကနေ ၂၀၂၀ ပြည့်နှစ်အထိ နောက်တစ်ကြိမ် ဝန်ကြီးချုပ်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျန်းမာရေးအခြေအနေကြောင့်သာ ရာထူးက ထွက်ခွာပေးခဲ့သူဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံအရေးအတွက် အကူအညီများစွာပေးခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီး ဦးသိန်းစိန်နဲ့ တွေ့ဆုံ ခဲ့သလို ၂၀၁၉ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ခရီးစဉ်မှာ လေးစားစွာ လက်ခံတွေ့ဆုံကြိုဆိုခဲ့သူ ဖြစ်ပါတယ်။

ယူကရိန်းကျူးကျော်ကတည်းက ပူတင်ကို အရာချပြီး အာဏာသိမ်းဖို့ သူ့အနီးဆုံးလူတွေ စီစဉ်ထား        👁 👁 👁 👁 👁 👁 👁 👁===============...
26/06/2022

ယူကရိန်းကျူးကျော်ကတည်းက ပူတင်ကို အရာချပြီး အာဏာသိမ်းဖို့
သူ့အနီးဆုံးလူတွေ စီစဉ်ထား 👁 👁 👁 👁 👁 👁 👁 👁
======================================
👁 ကျန်းမာရေးချို့ယွင်းနေတယ်လို့ သတင်းတွေထွက်နေသလို အသက်အရွယ်အားဖြင့်လည်း ကြီးလာပြီဖြစ်တဲ့ ရုရှားသမ္မတပူတင်ကို အာဏာသိမ်းဖြုတ်ချပြီး သမ္မတသစ်အဖြစ် ဆက်ခံဖို့ ကြိုတင်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း အမေရိကန် စီအိုင်အေအရာရှိဟောင်းက အခိုင်အမာပြောဆိုလာပါတယ်။

👁 အရင် မော်စကိုမှာ အခြေစိုက်တဲ့ စီအိုင်အေရုံး အကြီးအကဲဟောင်း ဒန်နီရယ်ဟော့ဖ်မန်းက *** ပူတင်ကို အရာချအာဏာသိမ်းဖို့ကိစ္စကို သူ့ အတွင်းပိုင်းအနီးကပ်လူတွေထဲကပဲ လျှို့ဝှက်လွန်းစွာနဲ့ ကြံစည်ထားကြပြီးသားပါ။ ယူကရိန်းကို ကျူးကျော် တော့မယ်ဆိုကတည်းက ဒီလိုစီစဉ်ထားကြတာ။ ပေါက်ကြားရင်လည်း သူတို့အရင်သတ်ခံရမယ်။ ဒါကြောင့် ဒီလိုအာဏာသိမ်းမှုနဲ့ ပူတင်ခေါင်းကိုချက်ချင်းတူနဲ့ထုသတ်တာမျိုးကလည်း ရုတ်တရက်ဖြစ်ပေါ်လာနိုင်တယ်။
သူ့အနီးကပ်ဆုံးကလူတွေက ဟေး . . . ပူတင်.. ခင်ဗျားကြီးဘယ်တော့ အနားယူမှာလဲလို့ ဘယ်မေးရဲမလဲ။ ဒါကြောင့် သူတို့ဘက်ကလက်ဦးအောင် အချိန်ကိုစောင့်နေကြတာ *** လို့ ပြောဆိုတယ်။

👁 စီအိုင်အေက ရထားတဲ့သတင်းတွေအရ ပူတင်နေရာမှာ ဆက်ခံနိုင်မယ့် သုံးယောက်က လက်ရှိ ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိူအီဂူ၊ ရုရှား ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ အလက်ဇန္ဒား ဘော့နီကော့ဗ်နဲ့ ပူတင်ရဲ့ လက်ရှိ လုံခြုံရေးကောင်စီ အကြီးအကဲ နီကိုလိုင် ပက်ထရူရှက်ဗ်တို့ဖြစ်တယ်လို့ ဆိုတယ်။

👁 နောက်ထပ် စီအိုင်အေ အေးဂျင့်ဟောင်း ရော်နယ်မက်ခ်ကလည်း ရုရှားဟာ ယူကရိန်းကျူးကျော်စစ်မှာ အသာစီး ရနေပြီး စစ်ဆင်ရေးအောင်မြင်နေသေးရင်တော့ ပူတင်ကိုအရာချ အာဏာသိမ်းတာ မလုပ်သေးဘဲ စောင့်ကြည့် နေတယ်လို့ဆိုတယ်။ တကယ်လို့ ယူကရိန်းစစ်မှာ တပ်ဆုတ်ရတာ၊ စစ်ဆင်ရေးမအောင်မြင်တာမျိုးဖြစ်လာရင် ရုရှားပြည်သူတွေ စီးပွားပျက်ကပ်နဲ့အတူ စားနပ်ရိက္ခာရှားပါးပြတ်လပ်ခြင်းတွေကြောင့် လမ်းပေါ်ထွက် ဆန္ဒပြ လာမှာကို မလိုလားတဲ့ သူတွေက ဒီအခြေအနေရောက်တာနဲ့ ပူတင်ကို အရာချ အာဏာသိမ်းဖို့အသင့်ပဲလို့ သုံးသပ်သွားပါတယ်။

အဲ့ကောင်တွေကို သားသားကြောက်ကြောက် 😂
24/06/2022

အဲ့ကောင်တွေကို သားသားကြောက်ကြောက် 😂

အလိုမတူပါလျှင်
24/06/2022

အလိုမတူပါလျှင်

24/06/2022

သင်ပြုသောကံ သင့်ထံ မုချပြန်လာမည်
--------------------------------------
🔄 တစ်လုံးပစ် ဒေါ်လာ သန်း ၃၀၀ ကုန်တဲ့ ရုရှားဒုံး ဂ ငယ်ကွေ့နဲ့ ပြန်လာထိမှန်ပေါက်ကွဲ 💥
------------------------------------------------------------------------
🏀 ဒီဗီဒီယိုဖိုင်ကတော့ ဇွန် ၂၄ ရက် သောကြာနေ့ မနက်ပိုင်းက တယ်လီဂရမ်လူမှုကွန်ရက်ပေါ် စတက်လာတဲ့ ဗီဒီယိုဖိုင်ပါ။ သတင်းအရတော့ ရုရှားထောက်ခံ ခွဲထွက်ရေးသမားတွေအများစုနေထိုင်တဲ့ ယူကရိန်း Luhansk ဒေသ Alchevsk မြို့ လူနေအိမ်ခြေတွေနားကနေ ရုရှားတွေပစ်လိုက်တဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံး ချက်ချင်း ဂ ဂယ်ကွေ့ ကွေ့ပြီး ပစ်လွှတ်တဲ့နေရာကို ပြန်လာ ပေါက်ကွဲသွားလို့ ဆိုတယ်။

🏀 ဒီ S-400 ရုရှားဒုံးတစ်စင်းတန်ကြေးက ဒေါ်လာ သန်း ၃၀၀ ရှိတယ်။ ယူကရိန်းလေယာဉ်ကို ပစ်လိုက်တဲ့ ဒီဒုံးက သူတို့ ဒုံးစင်ကို ချက်ချင်းပြန်လှည့်လာထိတော့ ရုရှားရဲ့ ဒုံးစနစ်တွေဟာ အားနည်းချက်တွေရှိတယ်၊ အဆင့် မမီဘူးဆိုတဲ့ သုံးသပ်သံတွေပိုညံလာတယ်။


🏀 အဲဒီနေ့မနက်ကပဲ ယူကရိန်းစစ်မြေပြင်ကို ထောက်ပို့လုပ်တဲ့ The Ilyushin-76 ရုရှားကုန်တင်စစ်လေယာဉ် ဟာ မော်စကိုအရှေ့တောင်ဘက် ၁၂၅ မိုင်အကွာ Ryazan မြို့မှာ ဆီပြန်ဖြည့်ပြီးပြန်အတက် မီးလောင်ပေါက် ကွဲလို့ လေးယောက်သေဆုံးခဲ့ရတယ်။

🙏 ဒီသတင်းလေးတွေ့ရတော့ သင်ပြုသောကံ သင့်ထံ မုချပြန်လာမည် ဆိုတဲ့ ဆိုဆုံးမလေး သွားသတိရမိ🙏

ဒီအလုပ်လုပ်မှတော့ အရှင်ထွက်လို့မှ မရနိုင်တာ 💀
22/06/2022

ဒီအလုပ်လုပ်မှတော့ အရှင်ထွက်လို့မှ မရနိုင်တာ 💀

ပူတင်သွားလေရာပါတဲ့ နျူကလီးယား ထိန်းချုပ်အိတ်ကိုင်စွဲလိုက်ရသူ
သေနတ်ဒဏ်ရာနဲ့ သေဆုံး ☠️☠️☠️
=======================================
ရုရှားသမ္မတပူတင် သွားလေရာ အမြဲပါတဲ့ နျူကလီးယားပစ်လွှတ်မှုကုဒ်တွေထည့်ထားတဲ့ အိတ်ကိုင်စွဲသူ ထိပ်တန်းအရာရှိတစ်ဦးဟာ မော်စကိုနေအိမ်မှာပဲ သေနတ်နဲ့ ခေါင်းကို ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါပြီ။

သေဆုံးသူ ဗာဒင်ဇီမင် (၅၃ နှစ်) ဟာ ဆိုဗီယက်ပြည်ထောင်စုခေတ်က ကေဂျီဘီအဖွဲ့ကို ရုရှားခေတ်မှာ အကြီးမားဆုံး ဆက်ခံတဲ့ Federal Security Service ထောက်လှမ်းရေး အငြိမ်းစား ဗိုလ်မှူးကြီး ဟောင်း ဖြစ်ပြီး ပူတင်နောက်မှာ ဒီနျူကလီးယားထိန်းချုပ် အိတ်ကို ကိုင်စွဲလိုက်ပါနေကြဆိုပေမယ့် ကမ္ဘာ့မီဒီယာတွေ ရှာဖွေတွေ့ရှိနိုင်တဲ့သူ့ ဓာတ်ပုံက ခုဖော်ပြထားတဲ့ တစ်ပုံပဲ ရှိတဲ့အထိ လျှို့ဝှက်နေထိုင်သူလို့ဆိုတယ်။

နေအိမ် ရေချိုးခန်းထဲ ခေါင်းကို သေနတ်နဲ့ပစ်သတ်ထားပြီး အလောင်းကို အစ်ကိုကတွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ဗာဒင်ဇီမင်ရဲ့ တရားဝင်ဇနီးဟာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းဖြစ်လို့ ဒီအခင်းဖြစ်ချိန် ယူကရိန်းမှာ ဒဏ်ရာရ ရုရှား စစ်သည်တွေကို ပြုစုကုသနေရကြောင်း သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။ ဗာဒင်ဇီမင်ဟာ ဒီနျူကလီးယား ထိန်းချုပ်ပစ်လွှတ်စက်ပါတဲ့ အိတ်ကို ပူတင်အရင် သမ္မတဖြစ်တဲ့ ဘောရစ်ရယ်လ်ဆင် လက်ထက်ကတည်းက ထိန်းသိမ်းရသူဖြစ်ပြီး ဒီသမ္မတ နှစ်ဆက်မှာ ဒီအိတ်ကို ကိုင်ရသူ သုံးယောက်သာ ရှိတယ်လို့လည်း ထောက်လှမ်း ရေးသတင်းတွေအရ သိရတယ်။

ဗာဒင်ဗီမင်သွေးအိုင်ထဲ သေနေတဲ့ဘေးမှာ Izh 79-9TM ပစ္စတို တစ်လက်လည်း တွေ့ရတယ်။ သေဆုံးသူ ဟာ လတ်တလောအလုပ်သစ်ဖြစ်တဲ့ အကောက်ခွန်ကုန်သွယ်မှုလုပ်ငန်းတစ်ခုမှာ အကျင့်ပျက်လာဘ်စားထား ပြီး ဒီပြဿနာဟာ ဒုံးကျည်ရောင်းချမှုနဲ့ဆိုင်တယ်လို့ ထင်မြင်ချက်တွေပေးခံနေရသူလို့လည်း သိရတယ်။

ရုရှားမှာ ဒီနျူကလီးယားထိန်းချုပ် အိတ်ကို Cheget လို့ ခေါ်ကြပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စတင် တီထွင် အဆင့်မြှင့်လို့ ၂၀၁၉ ခုနှစ်ရောက်မှ လူမြင်ကွင်းမှာ ပထမဆုံး စပေါ်လာတာဖြစ်ပါတယ်။ ၂၄ နာရီလုံး အယုံကြည် ရဆုံးသူကိုသာ ပေးကိုင်ပြီး လက်နက်ကိုင်တပ်ဖွဲ့က ထပ်စောင့်ရှောက်ရတဲ့ ရုရှားနျူကလီးယား စီမံကိန်းတစ်ခု လုံးရဲ့ သော့ချက်လည်းဖြစ်၊ ပစ်လွှတ်နိုင်တဲ့ တစ်ခုတည်းသော ထိန်းချုပ်စက်လို့လည်း သိရပါတယ်။

ဂါရ၀တရား ကြီးလွန်းလေတော့ အချစ်ဖြစ်လာသလားပဲ 😂
15/06/2022

ဂါရ၀တရား ကြီးလွန်းလေတော့ အချစ်ဖြစ်လာသလားပဲ 😂

Sad News🥲
15/06/2022

Sad News🥲

ကမ္ဘာ့ပထမဆုံးသော စက်ရုပ်လူသား ဒေါက်တာစကော့မော်ဂန် ကွယ်လွန် 😢
===========================================
ဒီသတင်းလေးကတော့ Up Date သတင်းလေးပါ။ ပဟေဠိနဲ့တော့ သိပ်မဆိုင်ပါဘူး။ ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ ဒီလို စက်ရုပ်လူသားမျိုး ရှိသလာဆိုတဲ့ မေးခွန်းလေးနဲ့ထောက်ရင်တော့ ဘောင်ဝင်နိုင်သလို ဗဟုသုတလည်းရ၊ လောကကို အရှုံးမပေးဘဲ နည်းပညာအားကိုးနဲ့ ရင်ဆိုင်ကျော်ဖြတ်ရင်း သက်တမ်းစေ့နီးပါး အေးဆေးချမ်းသာ နေထိုင်သွားနိုင်သူတစ်ဦးရဲ့ အကြောင်းလေးဖြစ်လို့ တင်ပေးလိုက်ပါတယ်။
---------------------------------------

🧠 ကမ္ဘာ့ပထမဆုံး စက်ရုပ်လူသား (Cyborg) ဖြစ်တဲ့ ဗြိတိန်သိပ္ပံပညာရှင် ဒေါက်တာပီတာစကော့မော်ဂန်ဟာ ဇွန် ၁၅ ရက်နေ့မနက်မှာပဲ မိသားစုတွေခြံရန်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘ၀ကူးပြောင်းသွားခဲ့ပါပြီ။ စကော့မော်ဂန်ဟာ ဒီနေ့အထိ တိကျတဲ့အကြောင်းအရင်းရှာမတွေ့သေးသလို ကုသလို့လည်း မပျောက်ကင်းနိုင်တဲ့ ဦးနှောက် အာရုံကြောထိန်းချုပ်မှုလျော့ရဲတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ motor neurone disease (mnd) ရောဂါကို ၂၀၁၇ ခုနှစ်မှာ စတင်ခံစားခဲ့ရပြီး ဒီရောဂါရသူဟာ ပြုစုစောင့်ရှောက်သူမရှိရင် ရှင်သန်ဖို့ခက်ခဲလွန်းတဲ့ကြားက စကော့မော်ဂန်က အံတုပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ စက်တွေအစားထိုးခွဲစိတ်ပြုပြင်ရင်း ကမ္ဘာ့ပထမ ဆုံးစက်ရုပ်လူသားအဖြစ် မှတ်တမ်းတင်ခံရသူဖြစ်ပါတယ်။

🦾 သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တာနဲ့အညီ သူများအကူအညီယူပြီး ရှင်သန်ရမှာထက် အသက်အန္တရာယ် အရမ်းနီးစပ်တဲ့ စက်ပစ္စည်းတွေ၊ နည်းပညာတွေကို ခွဲစိတ်ထည့်သွင်းပြီး ဒီနေ့အထိ အသက်ရှင်လာခဲ့ရာက ရောဂါအခံကြောင့် ပြီးခဲ့တဲ့ ၁ နှစ်ကစလို့ မျက်လုံး ပိတ်မရတော့တဲ့အနေအထားကနေ ဒီနေ့ အသက် ၆၄ နှစ်အရွယ်မှာ ကွယ်လွန်သွား ရှာတာဖြစ်ပါတယ်။ 🦿

👩‍🦼 motor neurone disease ဆိုတာကတော့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားမှုမှာ ဦးနှောက်က လှုံ့ဆော်မှုနဲ့ ဟန်ချက်ညီနေစေတာတွေကို ပျက်စီးစေတဲ့ ရောဂါမျိုးပါ။ ဒါကြောင့် စကော့မော်ဂန်ဟာ အောက်ဖော်ပြပါ ခွဲစိတ်တီထွင်မှုတွေနဲ့ စက်ရုပ်လူသားဖြစ်အောင် ကိုယ်တိုင် ဆုံးဖြတ်ဖန်တီးခဲ့ပါတယ်။🦼

👀 မျက်နှာကြွက်သားလှုပ်ရှားမှုတွေ သေဆုံးသွားတော့ သူ့ခံစားချက်နဲ့စိတ်ကို ဖော်ပြနိုင်မယ့် ပုံတူလူသား life-like avatar ဖန်သားပြင်တစ်ခုကို ဖန်တီးပြီး စိတ်ခံစားချက်ကို ပုံဖော်ပြသခဲ့ပါတယ်။

✅ သူ့ ဝှီးချဲကို အမြန်ဆုံး မတ်တပ်ရပ်နိုင်၊ ထိုင်နိုင်၊ အိပ်နိုင်အောင် တီထွင်အသုံးပြုခဲ့တယ်။
✅ လေဆာနဲ့မျက်စိခွဲစိတ်ပြုပြင်ခြင်းကနေ ကွန်ပျူတာသုံးနိုင်အောင်၊ မြင်နိုင်အောင် လုပ်ခဲ့တယ်။
✅ မျက်လုံးခြေရာခံစနစ် တီထွင်တပ်ဆင်လို့ ကွန်ပျူတာ ကောင်းကောင်းသုံးနိုင်ခဲ့တယ်။
✅ အစာပြွန်ကို အစာအိမ်နဲ့ တိုက်ရိုက်တပ်ဆင်ပြီး အစာအဟာရတွေကို တိုက်ရိုက် စားသုံးတယ်။
✅ အစာအိမ်ကနေပြန်စွန့်ပစ်တဲ့ ဆီးတွေ၊ ဝမ်းတွေကို သီးခြား အိတ်တစ်ခုဖန်တီးပြီး အိမ်သာရေးရာကိစ္စတွေကို ဖြေရှင်းနိုင်ခဲ့တယ်။
✅ အသံအိုးကို ခွဲထုတ်ဖယ်ရှားလိုက်ခြင်းကြောင့် အဆုပ်ထဲ တံတွေးတွေ၊ သွားရေတွေ မဝင်အောင် လုပ်နိုင်ခဲ့တယ်။
✅ စကားပြောဆိုရာမှာ ကြိုသွင်းထားတဲ့ အသံ၊ ဝေါဟာရတွေကို စက်ထဲဖမ်းထားပြီး လိုတာကို အသုံးချ အသံထွက်စေတဲ့ voice box ကနေ ဖန်တီးပြောယူခဲ့တယ်။

နောက်ဆုံးသော ခွဲစိတ်မှုအဖြစ် ၂၀၁၉ ခုနှစ်က voice box တပ်ဆင်ခဲ့တဲ့ စကော့မော်ဂန် ကွယ်လွန်သွားတဲ့ အတွက် လူမှုကွန်ရက်တွေပေါ်မှာ ကမ္ဘာကြီးရဲ့ ချမ်းသာမှုအရင်းအမြစ်တွေ ဆုံးရှုံးလိုက်ရတယ်လို့ ဝမ်းနည်း မှတ်ချက်ရေးသူကရေး၊ လူဖြစ်တဲ့ဘ၀ ဒီလို ရောဂါဆိုးကြီးခံစားရပေမယ့် စိတ်မလျှော့၊ သူများအကူအညီမယူဘဲ ဒီအသက်အရွယ်အထိ ရှင်သန်နိုင်အောင် ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ စိန်ခေါ်နေထိုင်သွားသူကြီးလို့ ဂုဏ်ပြုသူတွေက ဂုဏ်ပြုနဲ့။ လေးစားစရာ လူသားတစ်ယောက်အကြောင်းကတော့ ချီးမွမ်းသံတွေနဲ့ လွှမ်းခြုံလို့ပေါ့။

15/06/2022

🥸 RM မျက်ရည်တွေနဲ့ပြောသွားတဲ့ Idol System ဆိုတာကြီးက အနုပညာတန်ဖိုး၊ အရည်အသွေးထက် ပိုအရေးကြီး နေတဲ့ ရှေ့တန်းတင် စျေးကွက်ပစ်မှတ်ကြီးဖြစ်လို့။ အေဂျင်စီတွေက လစာနဲ့ လူတွေမွေး၊ အိပ်ချိန်တောင် သိပ်မရ လောက်အောင် ဖန်တရောတေလေ့ကျင့်၊ ပရိုမိုးရှင်း အစီအစဉ်တွေမှာ တေးဖွဲ့သီ၊ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိရမယ့် အနုပညာပါရမီကို သတ်ထားတဲ့ စနစ်၊ ကိုယ့်အနုပညာအစစ်ကို ဖော်ပြခွင့်မရတဲ့ စနစ်တစ်ခုဆိုတာကို BTS ခေါ် Bangtan Boys တွေက မျက်ရည်နဲ့ ရေးတဲ့မော်ကွန်းမှာ ထင်ဟပ်ပြသသွားလေပါပေါ့။ 🥲

အောက်ပါလင့်ခ်မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ် ✊

https://news1.prayal.com/?p=66

ရှင်တို့ထက် နပ်လို့ အိမ်ထောင်ဦးစီးမလုပ်ဘဲ တစ်သက်လုံး ခိုင်းစား၊ ထိုင်စားလို့ရတာလေ 😝
14/06/2022

ရှင်တို့ထက် နပ်လို့ အိမ်ထောင်ဦးစီးမလုပ်ဘဲ တစ်သက်လုံး ခိုင်းစား၊ ထိုင်စားလို့ရတာလေ 😝

ကြည့်ချင်ပြီ
14/06/2022

ကြည့်ချင်ပြီ

International News ရုံတင်ပြီးပထမသီတင်းပတ်မှာပဲ ဒေါ်လာ ၁၄၃ သန်းရဖို့ရှိတဲ့ Jurassic World Dominion by lt5y1June 13, 2022 ၁၉၉၃ ခုနှစ်ကတည်းက စတင်ထွက်ရ....

မိန်းကလေးနဲ့ ယောက်ျားလေး ဘယ်သူ ဦးနှောက်ပိုကောင်းသလဲတဲ့ ❓
13/06/2022

မိန်းကလေးနဲ့ ယောက်ျားလေး ဘယ်သူ ဦးနှောက်ပိုကောင်းသလဲတဲ့ ❓

ဝင်ငွေအကောင်းဆုံးဖြစ်နေတဲ့  Jurassic World Dominion ==================================ဒီတစ်ပတ်မှ အမေရိကမှာ ရုံတင်လိုက်တဲ...
13/06/2022

ဝင်ငွေအကောင်းဆုံးဖြစ်နေတဲ့ Jurassic World Dominion
==================================
ဒီတစ်ပတ်မှ အမေရိကမှာ ရုံတင်လိုက်တဲ့ Jurassic World Dominion ရုပ်ရှင်ဟာ ပထမ သီတင်းပတ်မှာပဲ ပြည်တွင်း ဝင်ငွေ ဒေါ်လာ ၁၄၃ သန်းရပြီး ဝင်ငွေအကောင်းဆုံး ဖြစ်နေပါတယ်။

👇 ရုပ်ရှင်ပရိသတ်ကြီး သတင်းအပြည့်အစုံကိုဒီလင့်ခ်မှာဖတ်ရှုနိုင်ပါတယ် 👇

https://news1.prayal.com/?p=58

International News ရုံတင်ပြီးပထမသီတင်းပတ်မှာပဲ ဒေါ်လာ ၁၄၃ သန်းရဖို့ရှိတဲ့ Jurassic World Dominion by lt5y1June 13, 2022 ၁၉၉၃ ခုနှစ်ကတည်းက စတင်ထွက်ရ....

C နဲ့စတဲ့သူလေးက ရှာကီယာခေါင်းအုံးမှာ ဝင်အိပ်သွားတာတဲ့😏
13/06/2022

C နဲ့စတဲ့သူလေးက ရှာကီယာခေါင်းအုံးမှာ ဝင်အိပ်သွားတာတဲ့😏

သားလောက်ရှိတဲ့ အသင်းဖော် ရစ်ကီပိုက်ဂ် ဆော်ရဲ့ သူငယ်ချင်းမလေးက
ပီကေးနဲ့ ရှာကီယာကို ကွဲစေခဲ့တာတဲ့ နာမည်က C နဲ့စသတဲ့
=========================================
ပီကေးနဲ့ရှာကီယာ ကွာရှင်းရတဲ့နောက်ကြောင်းကလည်း အမျိုးစုံကြိုးခုန်။ အသင်းဖော် ဂါဗီရဲ့ အမေကြီးနဲ့ ပီကေး ပတ်သက်သွားလို့ဆိုပြီး သတင်းစထွက်ခဲ့တယ်။ လော်ရာဖာ၊ လော်ရီနာဗက်စ်ကွက်ဆိုတဲ့ ဂျာနယ်လစ်နှစ် ယောက် စဖွတဲ့သတင်းပေါ့။ ဒါက သတင်းမှားသာဖြစ်တယ်လို့ နောက်ပိုင်း ရေးကြပြန်ရော။

ခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းကတော့ ပီကေးနဲ့ ဇတ်လမ်းရှုပ်ခဲ့တာက အသင်းဖော် ရစ်ကီပိုက်ဂ် (၂၂ နှစ်) ရဲ့ ချစ်သူကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက်တဲ့။ ရစ်ကီပိုက်ဂ်ဆိုတာ ဘာစီလိုနာမှာ ပုံမှန်ကစားခွင့်မရ၊ မထင်ပေါ်သေးသူပါ။ သူ့ချစ်သူကောင်မလေးက ကျောင်းသူ၊ မော်ဒယ်တစ်ယောက်။ ၂၂ နှစ်ပဲရှိသေးတယ်။ ဂမ်မာအစ်ဂလက်စီးယက်စ်လို့ ခေါ်တယ်။

၂၂ နှစ်အရွယ် ရစ်ကီပိုက်ဂ်နဲ့ ဂမ်မာတို့က မိတ်ဆက်ပေးလို့ ပီကေးက ဂမ်မာရဲ့ သူငယ်ချင်းနဲ့ ညိစွန်းခဲ့တာဆိုတော့ ဒီကောင်မလေးအသက်ကလည်း ၂၂ နှစ်တန်းလောက်ပဲလို့ ခန့်မှန်းရမှာပဲ။ ၃၅ နှစ်သားကြီးပီကေးအတွက်တော့ ဒီကလေးမဟာ ၄၅ နှစ်ရှိပြီဖြစ်တဲ့ ရှာကီယာရဲ့ သမီးအရွယ်လောက်လေးဖြစ်နေလို့ မြက်နုကြိုက်သွားတာဆိုရင် လည်း ဖြစ်နိုင်တာပဲ။

ပဟေဠိ ဆန်ဆန်ပါပဲ။ စပိန်မီဒီယာတွေက ပီကေးနဲ့ရှာကီယာပြတ်စေဖို့ အကြောင်းဖန်လာတဲ့ကောင်မလေး နာမည်ဟာ C နဲ့စတယ်လို့ အစထုတ်ထားတယ်။ (C) စီနဲ့စတယ်ဆိုတော့ ဘယ်သူဖြစ်နိုင်မလဲဟေ့။

ဘောလုံးကန်တာ ပိုက်ဆံရသလောက် ကြောင်ကန်မှပဲ သန့်ရှင်းရေးလုပ်ရပေါ့ 😀
13/06/2022

ဘောလုံးကန်တာ ပိုက်ဆံရသလောက် ကြောင်ကန်မှပဲ သန့်ရှင်းရေးလုပ်ရပေါ့ 😀

ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ ကိုယ့်ကြောင်တောင်
ကိုယ်နာကျင်စေတာမျိုး လုပ်ခွင့်မရှိဘူး 😼 😼 😼
==============================
😹 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဝက်စ်ဟမ်းဘောလုံးသမား ကတ်ဇူးမားတစ်ယောက် သူ့အိမ်မှာ မွေးထားတဲ့ ကြောင်လေးနှစ်ကောင်ကို စိတ်ဆိုးဒေါသထွက်ပြီး လက်နဲ့မြှောက်ကိုင်ထားရင်းက ပစ်ချပြီး ခြေထောက်နဲ့ ကန်ခဲ့တယ်။ ပြီးတော့ ဖိနပ်ချွတ်ပြီး ပစ်ပေါက်တယ်။ မင်းတို့ကို သတ်ဦးမယ်လို့လည်း ကျိန်ဆဲခဲ့တဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ပေါက်ကြားသွားပါရော။

😹 ဒါကြောင့် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုဥပဒေနဲ့ တရားရုံးက ဇူးမားကို လူမှုရေးလုပ်အားပေးပြစ်ဒဏ် ၁၈၀ နာရီ နဲ့ ဒဏ်ကြေးပေါင် ၉၀၀၀ နီးပါး တပ်ရိုက်အပြစ်ပေးလိုက်တယ်။ သူနဲ့အတူ ရယ်မောပြီး ကြောင်တွေကို နှိပ်စက် နေတဲ့ ဗီဒီယိုကို ရိုက်ပေးခဲ့တဲ့ ညီဖြစ်သူ ယိုအန်လည်း နာရီ ၁၄၀ လူမှုရေးလုပ်အားပေးလုပ်ငန်းတွေ လုပ်ဖို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်။

😹 ဒါဟာ ဆယ်လီတွေ ဒီလိုပြစ်ဒဏ်ကျတိုင်း ပေါ့ပေါ့လျော့လျော့ လုပ်နေကြပါဆိုတဲ့ အမြင်တွေကို ပြောင်းပြန်လှန် ပြီး အပြင်းထန်ဆုံးပြစ်ဒဏ် ချလိုက်တာပဲ။ တစ်ကောင် ပေါင် ၁၅၀၀ လောက်တန်တဲ့ ကြောင်နှစ်ကောင်ကိုလည်း တခြား ကောင်းကောင်းမွေးစားမယ့်သူဆီ တရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က လွှဲပေးလိုက်တယ်။ ဒီညီအစ်ကိုလည်း နောက်ငါးနှစ်အတွင်း ကြောင်မမွေးရတော့တဲ့ ပြစ်ဒဏ်ခံရတယ်။

😹 ပြီးခဲ့တဲ့ ရက်ပိုင်းက သူတို့ မြေတူးဂေါ်ပြားနဲ့ လူမြင်ကွင်းမှာ ချမှတ်ပြစ်ဒဏ်တွေကို ခံယူနေတဲ့ မှတ်တမ်းပုံရိပ် တွေလည်း သတင်းမီဒီယာတွေထက်မှာ ဖော်ပြပါရှိလာတယ်။ ဇူးမားအနေနဲ့ နာရီ ၁၈၀ ပြည့်တဲ့အထိ လူမြင်ကွင်းမှာ တံမြက်စည်းလှည်း၊ အမှိုက်ကောက်၊ သန့်ရှင်းရေးလုပ်၊ မြေပြုပြင်လုပ်ငန်း၊ ဆေးသုတ်၊ နံရန် ဆေးရေးပုံတွေ လိုက်ဖျက်ရမယ့်အလုပ်ကို လုပ်နေရပါပြီ။

😹 ကမ္ဘာမှာ လူလူချင်းမပြောနဲ့ တိရစ္ဆာန်လေးတွေကိုတောင် ညှင်းပန်းနှိပ်စက်တာကို ယဉ်ကျေးတဲ့ လူ့အသိုင်း အဝိုင်းက လက်မခံတဲ့အကြောင်း ဇူးမားဖြစ်စဉ်ကနေ သံဝေဂယူနိုင်ကြပါစေ။

👇အနိုင်ကျင့်ခဲ့တဲ့ ဗီဒီယိုဖိုင် ပထမဆုံး Comment မှာ ကြည့်နိုင်ပါတယ် 👇

ဖခင်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်👏👏👏
11/06/2022

ဖခင်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်👏👏👏

မိန်းမ မကြိုက်လှတဲ့ ဆေးရုံနဲ့ တူသောကျွန်တော့် အိမ်==============================မနှစ်ကရာသီမှာ ဖလားလေးလုံးနဲ့ ဂန္ထဝင်မတွင...
11/06/2022

မိန်းမ မကြိုက်လှတဲ့ ဆေးရုံနဲ့ တူသောကျွန်တော့် အိမ်
==============================
မနှစ်ကရာသီမှာ ဖလားလေးလုံးနဲ့ ဂန္ထဝင်မတွင်နိုင်ခဲ့ပေမယ့် ဖလားနှစ်လုံးရ၊ ရွှေဖိနပ်ဆုရ၊ ပီအက်ဖ်အေနဲ့ အားကစားကလောင်ရှင်တွေပေးတဲ့ တစ်နှစ်တာအကောင်းဆုံးဆုရခဲ့တဲ့ လီဗာပူးရဲ့ မိုဆာလက်ချ် ဘာကြောင့် ဒီလောက်ပွဲဆက်များများ ဒဏ်ရာကင်းကင်း၊ ကြံ့ခိုင်မှုမကျဘဲ ကစားနေနိုင်ခဲ့သလဲ။

အဖြေကို သူကိုယ်တိုင်ဒီလိုပေးသွားတယ်

*** ကျွန်တော့်အိမ်က အခန်းနှစ်ခန်းဟာဆိုရင် ဆေးရုံနဲ့တူနေတယ်။ တစ်ခန်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် ကစားတဲ့ စက်တွေ၊ ကြံ့ခိုင်ရေးကိန်းညွှန်းပြ စက်တွေနဲ့ ပြည့်လို့၊ တစ်ခန်းမှာက အောက်စီဂျင်ကုထုံးလုပ်လို့ရတဲ့ အအေးခန်းပါ စက်တွေနဲ့။ မိန်းမကတော့ သူ့ထက် စက်တွေပေါ်မှာ အချိန်ပိုပေးတဲ့ ကျွန်တော်နဲ့ ဒီအခန်းတွေကို ဘယ်ကြိုက်လှမလဲ။ ကျွန်တော် ဟမ်ဘာဂါကြိုက်တယ်၊ ပီဇာလည်း ကြိုက်တယ်။ ဒါပေမဲ့ စားသောက်ဆိုင်သွား လည်း ဒါတွေထက် အရမ်းအရမ်းကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပန်ပွင့်စိမ်း၊ အာလူး၊ ငါး၊ ကြက်သား၊ အရွက်သုတ်လိုဟာတွေပဲ စားတယ်။ ပီဇာကြိုက်လည်း တစ်လ တစ်ခါအများဆုံးစာတယ်။ ဟမ်ဘာဂါဆို ကြိုက် ပေမယ့် အင်မတန်စားခဲ့တယ်*** တဲ့။

🔱ဘောလုံးချစ်ပရိသတ်တွေ၊ အထူးသဖြင့် မန်ယူနိုက်တက်ပရိသတ်တွေအတွက် 🔱 ဝက်ဘ်လင့်ခ်လေးကနေ ဝင်ရောက်ဖတ်ရှုခြင်းနဲ့ ကူညီမှုပေးကြပါရ...
11/06/2022

🔱ဘောလုံးချစ်ပရိသတ်တွေ၊ အထူးသဖြင့် မန်ယူနိုက်တက်ပရိသတ်တွေအတွက်

🔱 ဝက်ဘ်လင့်ခ်လေးကနေ ဝင်ရောက်ဖတ်ရှုခြင်းနဲ့ ကူညီမှုပေးကြပါရန် 🙏

Sports မန်ယူပေတံနဲ့ ပေါ့ဂ်ဘာကို တိုင်းထွာခြင်း (သူပေးသွားတာတွေ အများကြီးပါဗျာ . . နော့) by lt5y1June 11, 2022 ပေါ့ဂ်ဘာမန်ယူကထွက....

မင်္ဂလာပွဲအတုလုပ်ပေးပါ သယ်ရင်းတို့ရေ 🙏🙏🙏ယူကရိန်းကနေ ပြန်ပြေးချင်ပြီတဲ့==============================ဒီသတင်းက FA စစ်သားတွ...
09/06/2022

မင်္ဂလာပွဲအတုလုပ်ပေးပါ သယ်ရင်းတို့ရေ 🙏🙏🙏
ယူကရိန်းကနေ ပြန်ပြေးချင်ပြီတဲ့
==============================
ဒီသတင်းက FA စစ်သားတွေကို စော်ကားတာလားမသိဘူး။ ယူကရိန်းစစ်မြေပြင်ကနေ ပြန်ချင်တော့ ရုရှားက သူငယ်ချင်းမလေးတွေကို ဟန်ဆောင်မင်္ဂလာပွဲနွှဲဖို့ တရားရုံးမှာ လျှောက်လွှာတင်ဖို့၊ မင်္ဂလာရက်ချိန်းယူဖို့ အကြံအဖန်လုပ်ခိုင်းတဲ့ ဖုန်းမှတ်တမ်းတွေ ယူကရိန်းထောက်လှမ်းရေးအေဂျင်စီက ကြားဖြတ်နားထောင်နိုင်ခဲ့တယ်တဲ့။ တခြား စိတ်ဓာတ်ပျက်ပြားနေတဲ့ ရုရှားတပ်သား တွေရဲ့ ရှေ့တန်းကပြန်ရဖို့ အကြံအဖန်လုပ်ပုံတွေ၊ ဒုက္ခတွေအကြောင်းပါ ဒီသတင်းမှာပါဝင်ပါတယ်။

▶️ သတင်းအစအဆုံးကို ဒီ လင့်ခ်မှာ ဝင်ဖတ်နိုင်ပါတယ် 👇

https://news1.prayal.com/?p=40

International News ယူကရိန်းစစ်မြေပြင်ကနေ ပြန်ခွင့်ရဖို့ ရုရှားစစ်သည်တွေ ဟန်ဆောင်မင်္ဂလာပွဲနွှဲဖို့အထိ အကြံအဖန်လုပ်က....

ယူကရိန်းတွင်း ရုရှားဗိုလ်မှူးကြီးအဆင့် အယောက် ၅၀စစ်သည် စုစုပေါင်း ၃၁၀၀၀ ကျော်ကျဆုံး==============================ဗြိတိန်...
08/06/2022

ယူကရိန်းတွင်း ရုရှားဗိုလ်မှူးကြီးအဆင့် အယောက် ၅၀
စစ်သည် စုစုပေါင်း ၃၁၀၀၀ ကျော်ကျဆုံး
==============================
ဗြိတိန်သတင်းစာ The Sun က ရုရှားစစ်တပ်ဟာ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ စတင်ကျူးကျော် တိုက်ခိုက်ရာက ဗိုလ်မှူးကြီးအဆင့် အယောက် ၅၀ မြောက် ကျဆုံးခဲ့ရပြီးဖြစ်တယ်လို့ ထုတ်ပြန်ရေးသားခဲ့ပါတယ်။

အယောက် ၅၀ မြောက် ကျဆုံးရသူက အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ရုရှားယီကက်တာရင်ဘတ်မြို့သား ကလေးသုံးယောက်ဖခင် အမြောက်တပ်မှူး ၀လာဒီမာနစ်ခ်မာတူလင် ဖြစ်ကြောင်းနဲ့ ၂၀၂၂ မေ ၃၁ ရက်နေ့က တည်းက ကျဆုံးခဲ့တာကို ဇွန် ၈ ရက်နေ့မှ အတည်ပြုနိုင်တာလို့ ဆိုတယ်။ ဘာကြောင့် သေဆုံးရသလဲဆိုတာ ကို မသိနိုင်သေးပေမယ့် မိသားစုဘက်က ကျဆုံးကြောင်း အတည်ပြုထားပြီးဖြစ်ပါတယ်။

ပူတင်ရဲ့ အမိန့်ကြောင့် ယူကရိန်းကို ရုရှားတို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း နှစ်ရက်ကို ဗိုလ်မှူးကြီးအဆင့် တစ်ယောက်နှုန်းကျဆုံးနေရပြီး စစ်ရေးကျွမ်းကျင်သူတွေသုံးသပ်ချက်အရ ရုရှားဘက်က စစ်သည် ၃၁၀၀၀ ကျော် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ရုရှားဘက်က မတ် ၂၅ ရက်နေ့မှာ နောက်ဆုံးအနေနဲ့ ကျဆုံးစာရင်းကို ထုတ်ပြန်ရာမှာ ၁၃၅၁ ဦးကျဆုံးခဲ့တယ် လို့ဖော်ပြပြီးနောက် အကျအဆုံးစာရင်းကို ဆက်လက်ဖော်ပြခြင်းမရှိတော့ဘဲ စစ်ရေးမှာလည်း ခံစစ်ပြန်ဖြစ်ရတဲ့ ဒေသတွေရှိတာကြောင့် ၃၁၀၀၀ ကျော်ကျဆုံးတာဖြစ်မယ်လို့ သုံးသပ်နေကြတာပါ။

ဗဟုသုတတွေကို ပဟေဠိတွေနဲ့ အမြင်ချင်းဖလှယ်ဖို့ ရည်ရွယ်တင်ပြမယ့် ဒီ Page လေးကို Like & Follow လုပ်ပြီး ကြိုက်နှစ်သက်ရင် မိတ...
07/06/2022

ဗဟုသုတတွေကို ပဟေဠိတွေနဲ့ အမြင်ချင်းဖလှယ်ဖို့ ရည်ရွယ်တင်ပြမယ့် ဒီ Page လေးကို Like & Follow လုပ်ပြီး ကြိုက်နှစ်သက်ရင် မိတ်ဆွေတွေနဲ့ မျှဝေဖို့ Share လုပ်ပေးကြပါရန်👏

ရုရှားစစ်ကြောင်းတွေကို ကိဗ်မြို့မှာ ဖြိုလှဲနိုင်ခဲ့တဲ့ အဓိကစွမ်းဆောင်ရှင်၁၅ နှစ်သားလေး အန်ဒရိုင်းပိုကရာဆာ===============...
06/06/2022

ရုရှားစစ်ကြောင်းတွေကို ကိဗ်မြို့မှာ ဖြိုလှဲနိုင်ခဲ့တဲ့ အဓိကစွမ်းဆောင်ရှင်
၁၅ နှစ်သားလေး အန်ဒရိုင်းပိုကရာဆာ
========================================

ရုရှားတပ်တွေ ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ကို ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကြောင်းထိုးလာတော့ အကျအဆုံး များစွာနဲ့ တပ်ပြန်ဆုတ်သွားခဲ့ရမှုမှာ ယူကရိန်းစစ်တပ်အတွက် အဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေကို ပေးနိုင်ခဲ့တဲ့ သူရဲကောင်းလေးက အသက် ၁၅ နှစ်သာရှိသေးတဲ့ အန်ဒရိုင်းပိုကရာဆာ ဖြစ်တယ်လို့ ဂလိုဘယ်နယူးစ် သတင်းမှာ ဖော်ပြလာပါတယ်။

အသက်က ၁၅ နှစ်၊ ကိုးတန်းတက်ဖို့ပြင်ဆင်နေတဲ့သူ၊ အမြင့်ကြောက်တတ်တဲ့စာကြမ်းပိုး မှန်ကြောင်လေးတစ် ယောက်က ကိဗ်မြို့မှာ ယူကရိန်းခံစစ်ကိုအောင်မြင်စေခဲ့တဲ့ အဓိကလူသားဆိုရင် ယုံနိုင်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ အန်ဒရိုင်းပိုကရာဆာရဲ့ သာမာန် အရပ်သားသုံး ဒရုံးလေးတစ်ခုကနေ ရုရှားတပ်တွေရဲ့ စစ်ကြောင်း တည်နေရာတွေကို ကိုဩဒိနိတ်နဲ့တကွ အတိအကျထောက်လှမ်းပေးနိုင်ရင်း ယူကရိန်းစစ်တပ်ရဲ့ တိကျတဲ့ ပစ်မှတ်တွေကို ဖော်ဆောင်နိုင်လို့ ရုရှားတပ်တွေဟာ ကိဗ်မြို့ကို မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာသွားရတာဖြစ်ပါတယ်။
▶️ သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဆက်ဖတ်နိုင်ပါတယ် 👇

https://news1.prayal.com/?p=26

International News ရုရှားစစ်ကြောင်းတွေကို ကိဗ်မြို့မှာ ဖြိုလှဲနိုင်ခဲ့တဲ့ အဓိကစွမ်းဆောင်ရှင် ၁၅ နှစ်သားလေး အန်ဒရိုင်.....

ကိုဂျင်မီ၊ ဇေယျာသော်၊ လှမျိုးအောင်၊ အောင်သူရဇော်နဲ့ အိုက်စိုင်းမိန်းတို့ကို ကြိုးပေးသေဒဏ်စီရင်မှု ကုလ၊ HRW နဲ့ နိုင်ငံတက...
05/06/2022

ကိုဂျင်မီ၊ ဇေယျာသော်၊ လှမျိုးအောင်၊ အောင်သူရဇော်နဲ့ အိုက်စိုင်းမိန်းတို့ကို ကြိုးပေးသေဒဏ်စီရင်မှု ကုလ၊ HRW နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းများ ဆန့်ကျင်ကန့်ကွက်
==========================================
ဇွန် ၄ ရက် စနေနေ့က စကစပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက နိုင်ငံရေးတက်ကြွေလှုပ်ရှားသူ ၈၈ ကျောင်းသားခေါင်းဆောင်၊ စာရေးဆရာ ကျော်မင်းယု (ကိုဂျင်မီ)နဲ့ NLD လွှတ်တော်အမတ် အဆိုတော် ဖြိုးဇေယျာသော်တို့နှစ်ဦးအပြင် တခြားနှစ်ဦးကို သေဒဏ်စီရင်တော့မယ့်စာရင်းထဲ ထည့်ထားတယ်လို့ အတည်ပြုလိုက်တဲ့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ လွတ်လပ်မှုအတွက် ဆန္ဒဖော်ထုတ်သူတွေကို သေဒဏ်စီရင်မှု ပြန်ပယ်ဖျက်ဖို့ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ကိုဂျင်မီနဲ့ ဇေယျာသော်တို့ကို အကြမ်းဖက်ဝါဒစွဲကိုင်သူ၊ အကြမ်းဖက်ဖောက်ခွဲမှုတွေလုပ်သူများအဖြစ် စွဲချက် တင်ပြီး သေဒဏ်စီရင်ဖို့ စစ်ခုံရုံးက ချမှတ်ခဲ့တာဖြစ်ပြီး တခြားနှစ်ယောက်က စစ်တပ်သတင်းပေး အမျိုးသမီးတစ်ယောက်ကို လှိုင်သာယာမှာသတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ လှမျိုးအောင်နဲ့ အောင်သူရဇော်တို့ဖြစ်ပြီး အားလုံးရဲ့အယူခံကို စစ်ခုံရုံးက လက်မခံဘူးလို့လည်း နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြပါရှိလာပါတယ်။

၁၉၈၈ နောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော် သေဒဏ်စီရင်ခြင်းမရှိတော့တဲ့အနေကထားကနေ ဒီနေ့ သေဒဏ်ပြန်စီရင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဂူတာရက်စ် ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီဒူဂျာရစ်က *** လူသားတိုင်းရဲ့ လွတ်လပ်မှုအတွက် အခွင့်အရေး၊ အမြင်၊ ဆန္ဒထုတ်ဖော်ခွင့်တွေကို လေးစားရမယ်။ အခြေခံလူသားလွတ်လပ်ခွင့်အရ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ပေးပါ။ ခုလုပ်ရပ်က လူတစ်ဦးရဲ့ အသက်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း*** ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း *** ရှော့ခ် ဖြစ်ရတယ်။ ချက်ချင်း စီရင်ချက်ကိုပြင်ပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ ကြားဝင်ပြီး ရှေ့တိုးကူညီကြပါ။ ဒီသေဒဏ်ဟာ မြန်မာစစ်တပ်က သူတို့ကို ဆန့်ကျင်သူမှန်သမျှ ကြောက်ရွံ့သွားစေဖို့ ၊ ဆန့်ကျင်မှုတွေ လျှော့ကျသွားဖို့ ခြိမ်းခြောက်မှုပဲ။ ငြိမ်းခြမ်းစွာ ဆန္ဒပြသူတွေကို သေစေတဲ့လက်နက်တွေနဲ့ ပစ်သတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်ပြီး အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားကို ဖြစ်တည်လာစေဖို့ လုပ်နေတာပါ*** လို့ ထုတ်ပြန်သွားပါတယ်။

လူ့အခွင့်အရေစောင့်ကြည့်ရေးအဖွဲ့ HWR က အာရှဆိုင်ရာဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်ကလည်း *** စစ်အာဏာသိမ်းမှုကို တော်လှန်ဆန့်ကျင်မှုအရှိန်ကို ဒီသေဒဏ်စီရင်မှုက ဓာတ်ဆီ ထပ်လောင်းပေးလိုက်သလို ဖြစ်သွားပါပြီ။ နိုင်ငံရေးနယ်ပယ်က ထင်ရှားသူနှစ်ဦးကို ဒီလိုသေဒဏ်စီရင်လိုက်ရင် တစ်ကမ္ဘာလုံးဆိုင်ရာရဲ့ ရှုတ်ချမှုခံရမှာသေချာပြီး အာရှမှာ ဒီလုပ်ရပ်ဟာ အဆိုးရွားဆုံးလူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် မှတ်တမ်း ဝင်သွားမှာပါ *** လို့ တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၁၆၀၀ ကျော်သတ်ဖြတ်ခံရပြီး ၁၂၅၀၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။ ၁၆၁၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၂၃၈ ဦး ဆက်လက်ဖမ်းဆီးခံထားရပြီး ၁၁၃ ဦးကို သေဒဏ်ချမှတ်ထားပါတယ်။ ကိုဂျင်မီနဲ့ ဖြိုးဇေယျာသော်တို့ကို ဘယ်နေ့မှာ ကြိုးပေးကွပ်မျက်မလဲဆိုတာကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိသေးပါဘူး။

အာအက်ဖ်အေသတင်းမှာလည်း စစ်ကောင်စီဟာ ဒီနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့က တာချီလိတ်မှာ ပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲမှာ မိုင်းခွဲတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တဲ့ ၀ အမျိုးသား အိုက်စိုင်းမိန်း -၂၄ နှစ် (ပုံမှာ အင်္ကျီအဝါနဲ့ ဖော်ပြထားသူ)ကိုလည်း တာချီလိတ်ခရိုင်တရားရုံးကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ ကြိုပေးကွပ်မျက်ဖို့ အမိန့်ချလိုက်ကြောင်း ဖော်ပြလာပါတယ်။ ဒီသတင်းမှာ ဝါရင့်ရှေ့နေကြီးတစ်ဦးက ပုံမှန်အားဖြင့် သေဒဏ်စီရင်ချက်ကို အမိန့်ချအပြီး ၄၅ ရက်အတွင်း စီရင်ကွပ်မျက်လေ့ရှိတယ်လို့လည်း ဖော်ပြပါရှိပါတယ်။

Address


Alerts

Be the first to know and let us send you an email when Olympic.fan club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share