My Library

My Library to knowledge

24/06/2024

လူတွေက သင့်ကိုမနာလိုတယ်ဆိုတာကို
သင် သိခဲ့ရလို့ ဝမ်းနည်းမနေနဲ့
သင့်တာဝန်က

သူတို့ရဲ့မနာလိုစိတ်အဆင့်မှ လေးစားရတဲ့အဆင့်ရောက်အောင်
ပိုပြီးကြိုးစားဖို့ပါပဲ

ဘာလို့လဲဆိုတော့
လူတွေက သူတို့ထက် နည်းနည်းသာရင် မနာလိုကြပြီး
အများကြီးသာမှ လေးစားတတ်ကြတာ
သင့်ကိုမနာလိုတယ်ဆိုတာက သူတို့ထက်နည်းနည်းပဲသာသေးလို့ပါပဲ

ဒါက ဝမ်းနည်းဖို့မဟုတ်ဘူး ခွန်းအားယူဖို့ပါပဲ

ရသ ၉ ပါး
05/09/2022

ရသ ၉ ပါး

22/12/2021
ကြမ်းတမ်းသောနေ့ရက်များ  လောကကြီးဆိုတာ မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။ အရှုံးကို မလိုချ...
21/10/2021

ကြမ်းတမ်းသောနေ့ရက်များ

လောကကြီးဆိုတာ
မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။
အရှုံးကို မလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။

ကိုယ့်ကို အလဲထိုးတဲ့လူတွေကသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မူ့
အကောင်းဆုံးပေးနိုင်တာပါ။

သင် နာကျင်ရတဲ့အခါ လက်ခံလိုက်ပါ။
ဘဝက သင့်ကို တစ်ခုခု သင်ပေးဖို့
ကြိုးစားနေတာပါ။

ဆုံးရှုံးမူ့တိုင်းမှာ ရလဒ်ဆိုတာရှိပါတယ်။
အနည်းဆုံးတော့ သင်ခန်းစာပေါ့။
ရည်မှန်းချက် ရှိဖို့လိုပါတယ်။
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
အလုပ်နဲ့ အကောင်ထည်ဖော်ဖို့လိုပါတယ်။

စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့် လက်တွေ့
အသုံးမချရင်တော့ သင်ဟာ စိတ်ကူးယှဉ်သမား
တစ်ယောက်ပါပဲ။ ငါးကြီးကြီးလိုချင်ရင်
ပင်လယ်ထဲသွားပါ။ အဲ့ဒီမှာ မုန်းတိုင်းတော့ ရှိမယ်။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ။ ကြက်တူရွေးက
စကားသာများတာ မြင့်မြင့်မပျံနိုင်ဘူး။
သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ်။

လူ့သက်တမ်းကပဲ အကန့်အသတ်ရှိတာပါ။
သင့် ကြိုးစားနိုင်မူ့စွမ်းရည်ဆိုတာ
အကန့်အသတ်မရှိပါဘူး။

ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပါဘူး။
ဒါပေမယ့် အားမလျော့လိုက်ပါနဲ့။
အောင်မြင်သူတိုင်း ကြိုးစားခဲ့ကြပါတယ်။
လမ်းမရှိဘူးလို့ ညည်းမနေပါနဲ့။
ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ပဲ
ဖောက်ကြရမှာပါ။

16/10/2021
လေးကြိုးက မြှားကိုမေးတယ်"နောက်ကို ဘာလို့ဆုတ်တာလဲ''..တဲ့။မြှားကဖြေတယ်.."ရှေ့ကို တဟုန်ထိုးပြေးမယ်သူအတွက်နောက်ဆုတ်တယ်ဆိုတာလ...
15/10/2021

လေးကြိုးက
မြှားကိုမေးတယ်
"နောက်ကို ဘာလို့ဆုတ်တာလဲ''..တဲ့။

မြှားကဖြေတယ်..
"ရှေ့ကို တဟုန်ထိုးပြေးမယ်သူအတွက်
နောက်ဆုတ်တယ်ဆိုတာ
လက်လျော့တာမဟုတ်ဘူး
အရှိန်ယူတာပါ...''တဲ့။

လေးကြိုးက မြှားကိုမေးတယ်
" တကယ်လိုများ
သူမရှိရင်ရော..''တဲ့။

မြှားကလည်း လေးကြိုးကိုပြန်မေးတယ်
" တကယ်လို့များ
သူမရှိရင်ရော...'တဲ့။

နှစ်ဦးစလုံးတိုးတိုးလေး ရယ်လိုက်ကြတယ်။

" ရှင်ဒီကထွက်သွားရင်
ပြန်မလာတော့ဘူးမလား..''တဲ့
မြှားလေးက ဖြေတယ်
"ငါဟာ တစ်ခါသုံးဆိုတာ
မင်းသိနေတာပဲ..'' တဲ့။

"ကျွန်မကတော့ ရှင့်ကို အားကျတယ်
ရှင့်မှာ လွတ်လပ်မှု အပြည့်ရှိတယ်''. .တဲ့
" တကယ်လို့များ
အခွင့်သာရင်
ရှင့်လို တစ်ခါလောက် ပျံချင်တယ်''. .တဲ့။

" ငါဟာ နေပူ မိုးရွာထဲ ဆွေးမြေ့မှာ '' ပြောတော့...
" ကျွန်မလဲ ရှင့်လို လွတ်လွတ်လပ်လပ် ဆွေးမြေ့ချင်တာ...''တဲ့။

မြှားကနောက်ကို တဖြေးဖြေးဆုတ်ရင်း
" ငါသွားတော့မယ်..
ငါ့မျက်လုံးတွေက
ရှေ့ပဲကြည့်ခွင့်ရတာ...ကံကောင်းတယ်..''
" မင်းကို တဖြေးဖြေး ဝေးသွားတာ..
ငါမမြင်ရတော့ဘူးပေါ့..'' တဲ့။

" ကျွန်မ ဆုတောင်းပေးမယ် ရှင့် ဘာဆုလိုချင်လဲ.....''မေးတော့။
" ငါရဲ့ ဦးတည်ရာဟာ သက်ရှိ မဖြစ်ချင်ဘူး...'' တဲ့။


အမျိုးသမီးများအတွက် ကျင့်ဝတ်များ👩👱‍♀️၁။ အထက်တန်းကျကျ နေထိုင်ပါ။၂။ စကတ်ဝတ်ထားတဲ့အခါ ဒူးတွေကို ပူးကပ်ထိုင်ပါ။၃။ လျှို့ဝှက်...
08/10/2021

အမျိုးသမီးများအတွက် ကျင့်ဝတ်များ👩👱‍♀️

၁။ အထက်တန်းကျကျ နေထိုင်ပါ။

၂။ စကတ်ဝတ်ထားတဲ့အခါ ဒူးတွေကို ပူးကပ်ထိုင်ပါ။

၃။ လျှို့ဝှက်ချက်တွေကို ထိန်းပါ။

၄။ ပြုံးပါ။

၅။ ကောလဟာလစကား၊ အတင်းအဖျင်းစကားတွေ မပြောပါနဲ့။

၆။ သင့်ကိုယ်သင် လေးစားပါ။

၇။ သူ့နေရာနဲ့သူ လိုက်ဖက် ဝတ်စားဆင်ယင်ပါ။

၈။ မထိုက်တန်တဲ့အချစ်ကို လက်မခံထားပါနဲ့။

၉။ သင့်ခန္ဓာကိုယ်ကို ချစ်ပါ။

၁ဝ။ အိနြေ္ဒရရ ဝတ်စားဆင်ယင်ပါ။

၁၁။ မူးယစ်သောက်စားခြင်းကို ရှောင်ပါ။

၁၂။ အပြောင်းအလဲတွေကို လက်ခံပါ။

၁၃။ ဘဝသင်ခန်းစာတွေကို လက်ခံပါ။

၁၄။ ယောက်ျားတစ်ယောက်အတွက် သင့်ကိုယ်သင် မနှိမ့်ချပါနဲ့။

၁၅။ အမှန်တကယ်ထိုက်တန်တဲ့သူကို မတွေ့မချင်း single ဘဝနဲ့ပဲနေပါ။

၁၆။ သင့်ရဲ့အားနည်းချက်တွေကို သိထားပါ။

၁၇။ သင့်ကိုယ်သင် ယုံကြည်ပါ။

၁၈။ သင့်ကို နာကျင်စေသူတွေကို စွန့်လွှတ်ပါ။

၁၉။ ပြင်ပြင်ဆင်ဆင်နေပါ။

၂ဝ။ သင့်တန်ဖိုးကို ယောက်ျားတစ်ယောက်က သတ်မှတ်ခွင့်မပေးပါနဲ့။

၂၁။ ဘယ်သူ့ကိုမှ သင်နဲ့ မနှိုင်းယှဉ်ပါနဲ့။

၂၂။ သင့်ကိုယ်သင် ဦးစားပေးပါ🌻👸🌻

Credit

🙏🏻ကမ္ဘာပေါ်တွင်ရှိသော အမျိူးသမီး များအားလုံး ချစ်ခြင်း မေတ္တာ ၏ ပူလောင်ခြင်း များ ကင်းဝေးပီး နှလုံးစိတ်ဝမ်းအေးချမ်းကျပါစေ🙏🏻❤

06/10/2021

ခွင့်လွှတ်ခြင်း

လူတစ်ဦးတစ်ယောက်အပေါ်မှာ နားလည်မှု ရှိဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။
တခါတလေ နားလည်အောင်ကြိုးစားနေရတာကိုက
ပင်ပန်းရတယ်။

နားလည်ဖို့ကြိုးစားရင်နဲ့ပဲ
သည်းမခံနိုင်တာတွေ ပိုများလာတတ်ပါတယ်။
သူကလည်း သူ့စရိုက်နဲ့ သူ့အကျင့်နဲ့။ ကိုယ်ကလည်း ကိုယ့်စရိုက်နဲ့ ကိုယ့်အကျင့်နဲ့ကိုး။

စိတ်သဘောထားခြင်းကတော့ ဘယ်လိုမှမတူနိုင်ပါဘူး
သေချာစဉ်းစားကြည့်ရင် ကိုယ့်စိတ်တောင် ဒီနေ့နဲ့ မနက်ဖြန် မတူနိုင်ပါဘူး။

သူကောင်းမှကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှကောင်းတဲ့သူရှိလာပါ့မလဲဆိုသလို မတူညီမှုတွေအတွက်
ကိုယ့်ဖက်က ကြိုးစားလို့ရတာ တစ်ခုတော့ရှိပါတယ်။

ခွင့်လွှတ်ခြင်းပါပဲ။

တဖက်သားကို ခွင့်လွှတ်နိုင်လိုက်တယ်ဆိုရင်ပဲ....
စိတ်ပေါ့ပါးသွားတယ်။ လွတ်လပ်သွားပါတယ်။

ခွင့်လွှတ်ခြင်း ရဲ့နောက်မှာ မေတ္တာစိတ်တွေဖြစ်လာတယ်။
မေတ္တာစိတ်ဖြစ်လာတော့ ပိုပြီးခွင့်လွှတ်နိုင်လာတယ်။

ဒါကြောင့် တဖက်သားကို နားမလည်နိုင်ရင်တောင် ခွင့်လွှတ်နိုင်အောင်ကြိုးစားရင်
ဘဝမှာ အလွန်အေးချမ်းပါတယ်။

ဘဝဆိုတာတိုတိုလေးပါ။ တယောက်နဲ့တယောက်ဘာကြောင့်များ အာဃာတတွေ အမုန်းတရားတွေမနာလိုမှုတွေထားနေမှာလဲ။

ခွင့်လွှတ်ခြင်းရဲ့ အရသာကို ခွင့်လွှတ်ခဲ့ဖူးသူတိုင်း ခံစားဖူးပါလိမ့်မယ်။

လက်စားချေခြင်းဖြင့် ပြဿနာကို အဆုံးသတ်လို့မရပါဘူး။ ပြဿနာတွေအဓိကအဆုံး
သတ်ကခွင့်လွှတ်ခြင်းပါပဲ။

ဘာကြောင့်လူတွေကခွင့်လွှတ်ရမှာကြောက်
တာလဲဆိုရင် အဖြေကရှင်းရှင်းလေးပါ...

ခွင့်လွှတ်ပေးလိုက်ရတာဟာ ရှုံးနိမ့်တယ်လို့ထင်နေတတ်ကြလို့ပါပဲ။

I can forgive but I can't forget
တဲ့ ( လူ တယောက်ကိုခွင့်လွှတ်ပါ ။ ဒါ
ပေမဲ့ သူနာမည်ကိုတေ့ာ မှတ်ထားလိုက်ပါတဲ့ )

တခါတလေ လူတယောက်ကိုခွင့်လွှတ်
ပေးလိုက်လို့ရချင်ရလိမ့်မယ် ဒါပေမဲ့ သူရဲ့လုပ်ရပ်တွေကိုမေ့လို့ရနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ...
ကိုယ့်ကိုအကောင်းမမြင်တဲ့သူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့်ကိုယ်က ကောင်းအောင်ကြိုးစားနေနိုင်လို့ပါ။

ကိုယ့်ကို ချောက်ချသူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့် ချောက်ထဲမရောက်အောင် သတိနဲ့နေမိလို့ပဲ။

ကိုယ့်ကို အထင်သေးသူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့် နေ့သစ်တိုင်း တိုးတက်အောင်ကြိုးစားနေလို့ပဲ။

ကိုယ့်ကိုလိမ်လည်ထိခိုက်သူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့် ကိုယ့်မှာ အသိတရားတွေတိုးပွားလာလို့ပဲ။

ကိုယ့်ကိုဝေဖန်ရှုံ့ချသူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့်ဂုဏ်ကျက်သရေ ပိုတိုးအောင်ဆောင်ရွက်နေတတ်လို့ပဲ။

ဘဝမှာတွေ့ကြုံရတဲ့လူတွေနဲ့ အခြေအနေတွေကိုအပြစ်တင် မညည်းညူနဲ့။

ကောင်းတဲ့လူတွေက သင်ကိုပျော်ရွှင်မှုပေးကြလိမ့်မယ်။

ဆိုးတဲ့လူတွေက သင့်ကိုအတွေ့အကြုံတွေပေးလိမ့်မယ်။

အဆိုးဆုံးလူတွေက သင့်ကို သင်ခန်းစာတွေပေးလိမ့်မယ်။

အကောင်းဆုံးလူတွေက သင့်ကို အမှတ်တရတွေပေးလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဘဝမှာ တစ်ခဏတာ ဆုံကြရသူအချင်းချင်း ခွင့်လွှတ်ခြင်းဖြင့် ဆက်ဆံနိုင်ပါစေ။





#စာအုပ်စာပေလူ့မိတ်ဆွေ

"မှန်ကန်ပြီး အဆင့်အတန်းရှိသော တုန့်ပြန်မှု"•••လူတစ်ယောက်က မင်းကို ဆဲရင် မင်းက ပြန်ဆဲနေရမှာ မဟုတ်ဘူးလေ။ မင်းအဆင့်အတန်း ဘယ...
05/10/2021

"မှန်ကန်ပြီး အဆင့်အတန်းရှိသော တုန့်ပြန်မှု"
•••
လူတစ်ယောက်က မင်းကို ဆဲရင်
မင်းက ပြန်ဆဲနေရမှာ မဟုတ်ဘူးလေ။
မင်းအဆင့်အတန်း ဘယ်လောက်မြင့်ကြောင်းကို
ယဉ်ကျေးစွာ ပြသလိုက်ပါ။👍

မင်းကိုစိန်ခေါ်နေတဲ့ လူတစ်ယောက်ကို သူ့လို လူမိုက် လူရမ်းကားမဟုတ်ဘူးဆိုတာ အများသိအောင် သည်းခံပြလိုက်ပါ။

- မင်းမရှုံးပါဘူး၊ သူအရှက်ကွဲသွားတာပါ။

▪️ မင်းကို မယှဉ်နိုင်လို့
ကွယ်ရာမှာ အတင်းပြောနေသူကို
မင်းအနေနဲ့ လိုက်ဖြေရှင်းပြစရာမလိုပါဘူး။

🌟 ခုထက်ပိုပြီး မင်းဘဝတိုးတက်အောင်ကြိုးစားပြလိုက်ပါ။ ပြောနေတဲ့ ပါးစပ်တွေ ပိတ်သွားပါလိမ့်မယ်။

▪️ မင်းမေတ္တာကို စော်ကားပီး
နောက်တစ်ယောက် ပြောင်းချစ်သူသွားကို
မုန်းတီးနေရမှာ မဟုတ်ပါဘူး။

🌟 ခြံခုန်တတ်တဲ့သူနဲ့ စောစောစီးစီး လမ်းခွဲခဲ့ရလို့ မင်းပျော်နေပြီး ကံကောင်းသွားကြောင်းကို ပြသလိုက်ပါ။

▪️ မင်းအတိတ်က အမှားတွေကို
နိုင်ကွက်လုပ်ပြီး အနိုင်ယူနေသူကို ငြိမ်ခံနေရမှာ မဟုတ်ပါဘူး။

🌟 အများအမြင်မှာ မင်းမှားခဲ့တဲ့အမှားတွေ
တကယ်ရော မှားခဲ့တာဟုတ်လို့လားလို့
သံသယဖြစ်သွားအောင် ယခုလက်ရှိအချိန်ကို အကောင်းဆုံး နေထိုင်ပြသပါ။

✅ မင်းအတင်းပြောနေသူ၊ မင်းကို နိုင်ထက်စီးနင်း အနိုင်ယူနေသူ၊ အကြောင်းအမျိုးမျိုးကြောင့် မင်း ခေါင်းငုံ့ခံနေသူရတွေဆီက သင်ခန်းစာယူပြီး အမြတ်ထုတ်တတ်ရင် မခံချင်စိတ်ကြောင့် မင်းဘဝမှာ အများကြီး ပြောင်းလဲတိုးတက်သွားနိုင်တယ်။

👉 တစ်ဖက်က အောက်တန်းကျကျ တိုက်ခိုက်လေ ကိုယ်က အထက်တန်းကျကျ နေထိုင်ပြသမှ တရားသော တုန့်ပြန်မှု၊ မှန်ကန်သော စိတ်ဓာတ်နဲ့ အဆင့်အတန်းမြင့်တဲ့ အနိုင်ယူနိုင်ခြင်း ဖြစ်လာမှာပါ။ ✔️✔️

: ဇင်းနစ် မကွေး
LynnMarine

ဗိုလ်ချုပ်အောင်ဆန်း ပြောစကား
23/05/2021

ဗိုလ်ချုပ်အောင်ဆန်း ပြောစကား

Tom & Jerry ကာတွန်းဖန်တီးသူ Walt Disney အကြောင်း သိကောင်းစရာ ၁၉၀၁ ခုနှစ်  ၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ချီကာဂိုမြို့ ၌ မွေး...
31/01/2021

Tom & Jerry ကာတွန်းဖန်တီးသူ Walt Disney အကြောင်း သိကောင်းစရာ

၁၉၀၁ ခုနှစ် ၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ချီကာဂိုမြို့ ၌ မွေးဖွားသည်။ ကာတွန်း ရုပ်ရှင် ဖန်တီးထုတ်လုပ်ရေး၌ ပြိုင်စံရှားနာမည်ကျော်ကြားသူဖြစ်၍ ကလေးများ လွန်စွာကြိုက်နှစ်သက်ကြသော “စနှိုးဝိုက်”(Snow White and the Seven Dwarfs) နှင့် လူပုကလေးခုနှစ်ယောက်၊ ကြွက် နှင့် ကြောင် (Mickey Mouse) ၊ ကေသရာဇာခြင်သေ့( The Lion King ) , Davy Crockett စသည်တို့အပြင် အခြားကာတွန်းရုပ်ရှင်ဇာတ်ကားများစွာ ထုတ်လုပ်သောသူဖြစ်သည်။ ကာတွန်းရုပ်ပုံများ ရုပ်ရှင်အဖြစ် (၇) မိနစ်စာပြသနိုင်ရေးအတွက် ရုပ်ပုံပေါင်း (၁၅၀၀၀) နှင့် မိနှစ် (၈၀) ကြာပြသနိုင်ရေးအတွက် ရုပ်ပုံပေါင်းနှစ်သိန်းကျော် ဖန်တီးရေးဆွဲခဲ့၏။ အကယ်ဒမီဆု (၂၂) ခုနှင့် အဲမ်မီ (Emmy) ဆု (၇)ခုအပါအဝင် ရုပ်ရှင်ထူးချွန်ဆု အမျိုးပေါင်းစုံ (၇၇)ခု ဆွတ်ခူးရရှိသည်။ညီဖြစ်သူနှင့် လက်တွဲတည်ထောင်ခဲ့သော The Walt Disney Company ၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာသန်း (၄၀)ခန့် ပုံမှန် ရရှိသည်။ သာမန်လူ အညတရမိသားစု မွေးဖွားကြီးပြင်းခဲ့သူဖြစ်သော်လည်း ရည်မှန်းချက်ပန်းတိုင်ထားရှိ၍ ပန်းတိုင်ရောက်ရှိသည်အထိ မဆုတ်မနစ် ကြိုးစားခဲ့သောကြေင့် အောင်မြင်ခြင်း ၊ကျော်ကြားခြင်း ၊ချမ်းသာခြင်းစသည့် မဂ်လာပေါင်းစုံ ခံစားရရှိခဲ့သူဖြစ်သည်။

(၃၄)ဦးမြောက် အမေရိကန် သမ္မတ DWEIGHT D. EISENHOWER အကြောင်း သိကောင်းစရာDweight D. Eisenhower သည် ၁၈၉၀ ပြည့်နှစ်၊ အောက်တို...
27/01/2021

(၃၄)ဦးမြောက် အမေရိကန် သမ္မတ DWEIGHT D. EISENHOWER အကြောင်း သိကောင်းစရာ
Dweight D. Eisenhower သည် ၁၈၉၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့တွင် Dension. Texas -ပြည်နယ်၌ မွေးဖွားသည်။ ၁၉၄၅-၄၈ အတွင်း အမေရိကန် ဗိုလ်ချုပ်ကြီးနှင့် နိုင်ငံရေးသမားအဖြစ် ထမ်းဆောင်သည်။ ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်တွင် (၃၄) ဦး မြောက်သမ္မတအဖြစ် ရွေးချယ်ခံရသည် ။ သက်တမ်းနှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ပြီး ၊ ၁၉၆၁ ၊ ဇန်နဝါရီ(၂၀)ရက်တွင် John F.Kennedy က လွှဲပြောင်းထမ်းဆောင်သည်။ ၁၉၅၆ တွင် ပြည်နယ်ချင်းဆက် လမ်းမများကို စတင်ဖောက်လုပ်သည်။သူ၏ လက်ထက်တွင် အမေရိကန်ဆောင်ပုဒ်အဖြစ် (In God We Trust) ကို အတည်ပြုကြသည်။ ၁၉၅၇ ခုနှစ်တွင် ၎င်းဆောင်ပုဒ်ကို အမေရိကန်ငွေကြေးပေါ်၌ ရိုက်နှိပ်သည်။ ဇနီးဖြစ်သူ Mamie Geneva Doud နှင့် သားနှစ်ဦး ထွန်းကားပြီး ၁၉၆၉ ၊ မတ်လ(၂၈) ရက်တွင် ကွယ်လွန်သည်။ အကောင်းဆုံး အမေရိကန်သမ္မတ (၁၀)ဦး အနက် တစ်ဦးဖြစ်ပြီး ဘွဲ့ထူးဂုဏ်ထူး အမြောက်အမြား ချီးမြင့်ခံရသည်။

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် Congress စာကြည့်တိုက်ကို ၁၈၀၀ ပြည့်နှစ်တွင် တည်ထောင်ပြီးဘာသာစကား ၄၇၀ မျိုးဖြင့် ရေးသားသော စ...
15/01/2021

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်

Congress စာကြည့်တိုက်ကို ၁၈၀၀ ပြည့်နှစ်တွင် တည်ထောင်ပြီး
ဘာသာစကား ၄၇၀ မျိုးဖြင့် ရေးသားသော စာအုပ်ပေါင်း ၃၀၀၁၁၇၄၉ ရှိပြီး ဖြစ်သည်။ဝန်ထမ်း ၃၇၈၀ ရှိပြီး ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက် ဖြစ်သည်။ရှေးဟောင်းစာပေများ ၊ ရုပ်ရှင် ၊ ဗွီဒီယို ၊ ကတ်ဆက်ခွေ အမျိုးမျိုး ၊ မြေပုံ နှင့် အထွေထွေ စာရွက်စာတမ်းများ အပါအဝင်
စုစုပေါင်း ၁၃၄၅၁၇၇၀၀ ကျော်ရှိသည်။ ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်
စာကြည့်တိုက်ဖြစ်သော Hardvard တက္ကသိုလ်၌ စာအုပ်ပေါင်း ၁၅၀၀၀၀၀၀ ကျော်နှင့် ဒုတိယအကြီးဆုံးဖြစ်သော Yale တက္ကသိုလ် စာကြည့်တိုက်၌ ၁၂၅၀၀၀၀၀ ကျော်ရှိသည်။ တက္ကသိုလ် စာကြည့်တိုက် ၂ခုပေါင်းထက် Congress စာကြည့်တိုက်၌ စာအုပ်ပိုများသည်။

အရေးကြီးဆုံး စကား နှင့် အရေးမပါသောစကားအရေးကြီးဆုံးစကား ငါးခွန်း - ကျေးဇူးတင်ပါတယ်အရေးကြီးဆုံးစကား နှစ်ခွန်း - 'ငါတို့'အရ...
13/01/2021

အရေးကြီးဆုံး စကား နှင့် အရေးမပါသောစကား

အရေးကြီးဆုံးစကား ငါးခွန်း - ကျေးဇူးတင်ပါတယ်
အရေးကြီးဆုံးစကား နှစ်ခွန်း - 'ငါတို့'
အရေးမပါသော စကား - ' ငါ'

တစ်ချို့သော လူတို့သည် ''ငါတို့ ''ဟူသောစကားကို သုံးရမည့်နေရာတွင်လည်း
ကိုယ့်နာမည်ကိုသာ ပေါ်စေလို၍ ''ငါ ''ဟူသောစကားကိုသာ သုံးတတ်ကြ၏။
အပေါင်းအသင်းကို ကွဲစေ၍ အောင်မြင်မှု လမ်းသို့ မရောက်နိုင်ပေ။
ဒါမကဘဲ လူအပေါင်း၏ မုန်းတီးခြင်းကိုလည်း ခံရတတ်၏

"ကျေးဇူးတင်ပါတယ် ''ဟူသော စကားမှာ
မမှားနိုင်သော စကားပင်ဖြစ်ပါသည်။

အချိန်ကို အသုံးချနည်းအချိန်က သူခိုးကိုလူလိုက်သလိုမျိုး တဝုန်းဝုန်းနှင့် အပြေးလိုက်နေမည် မဟုတ်သလို ထောင်ကျသလိုမျိုးပိတ်လှ...
13/01/2021

အချိန်ကို အသုံးချနည်း

အချိန်က သူခိုးကိုလူလိုက်သလိုမျိုး တဝုန်းဝုန်းနှင့်
အပြေးလိုက်နေမည် မဟုတ်သလို ထောင်ကျသလိုမျိုး
ပိတ်လှောင်နေမည် မဟုတ်ချေ။
သို့သော် ခဏတာ ရရှိသည့် အချိန်ကို အကျိုးရှိရှိ
အသုံးချတတ်ရန် အရေးကြီးသည်။
တစ်ခါက Michelangelo သည် သူလုပ်ရမည့် အလုပ်ကို
အချိန်ဇယားဆွဲပြီး ကြိုးစားပမ်းစား အလုပ်လုပ်နေစဥ်
လူတစ်ယောက်က ''အဲဒီလောက်လဲ မကြိုးစားပါနဲ့ကွာ။ မင်းရဲ့ အသက်ကို
ထိခိုက်နေမယ်နော် '' ဟုပြောရာ သူက '' ဒါဆိုရင် အသက်ရှင်တာက ဘာအဓိပ္ပါယ် ရှိတော့မလဲ ''ဟု ပြန်ဖြေလိုက်သည်။
အသက်ရှင်ခြင်း၏တန်ဖိုးသည် ဘယ်လောက်အသက်ရှင်မလဲဆိုခြင်းထက်
မည်သို့ အသက်ရှင်ပြီး ဘာတွေလုပ်ပေးသွားသလဲ ဆိုသည့်အချက် ပေါ်တွင်
မူတည်သည်။နှစ် ၁၀၀ အသက်ရှင်စေကာမူ ဘာတွေလုပ်နေမှန်းမသိရသည့်
သူရှိသလို နှစ် ၃၀ ခန့်သာ အသက်ရှင်သော်လည်း အလုပ်မြောက်များစွာ
ပြိီးစီးသောသူ ရှိသည်။ဒါကြောင့် အချိန်ကို အသုံးပြုတတ်ရန် အရမ်းလိုအပ်ပါတယ်။

"လောကကြီးကို အရောင်ဆိုးနေသူ"ကြိုက်လွန်းလို့ မျှဝေတာပါ။သန်းကြွယ်သူဌေးကြီး တစ်ယောက်ဟာ မျက်စိနာဖြစ်နေတယ်။ပိုက်ဆံတတ်နိုင်သူဖ...
13/12/2020

"လောကကြီးကို အရောင်ဆိုးနေသူ"

ကြိုက်လွန်းလို့ မျှဝေတာပါ။
သန်းကြွယ်သူဌေးကြီး တစ်ယောက်ဟာ မျက်စိနာဖြစ်နေတယ်။
ပိုက်ဆံတတ်နိုင်သူဖြစ်လို့ အကောင်းဆုံး မျက်စိအထူးကု ဆရာဝန်ကြီးတွေနဲ့
ပြကြည့်တယ်။ဆရာဝန်ကြီးတွေပေးတဲ့ စားဆေး၊လိမ်းဆေးတွေနဲ့ ကုပေမယ့်လည်း သူ့မျက်စိနာတာ မပျောက်လို့ အတော်လေး စိတ်မချမ်းသာဖြစ်နေတယ်။

တစ်နေ့တော့ သူ့တပည့်တွေက ဆေးကုတတ်တဲ့ ရသေ့ကြီးတစ်ပါးကို သူဌေးကြီးဆီသို့ ပင့်ခေါ်လာကြတယ်။ ရသေ့ကြီးဟာ မျက်စိနာတဲ့ လူနာတွေ
ကုရာမှာ ကုသမျှလူတော်တော်များများ ပျောက်တယ်လို့ နာမည်ကြီးနေတယ်။

ရသေ့ကြီးက သူဌေးကြီးရဲ့မျက်လုံးကို စစ်ဆေးကြည့်ပြီးတော့ ဆေးအညွှန်းတစ်မျိုး ပေးခဲ့တယ်။ဆေးညွန်းကတော့ အထူးအဆန်းပါပဲ။
သူဌေးကြီးဟာ တစ်ပတ်တိတိ သူ့မျက်စိနဲ့ ကြည့်မိသမျှ အရာမှန်သမျှဟာ
အစိမ်းရောင်ပဲ ဖြစ်ရမယ်။တခြားဘယ်အရောင်မျှ မကြည့်မိစေရဘူးတဲ့။

သူဌေးကြီးရဲ့ တပည့်တွေလည်း ဆေးသုတ်တဲ့အဖွဲ့တစ်ဖွဲ့ကို ငှားလိုက်ပြီး တစ်အိမ်လုံးမှာရှိသမျှ ပရိဘောဂတွေ သူဌေးကြီးရဲ့ အသုံးအဆောင်မှန်သမျှတွေကို အစိမ်းရောင် သုတ်ခိုင်းတယ်။ဒါတင်မကသေးဘူး။သူဌေးကြီး ပြတင်းပေါက်ကကြည့်ရင် မြင်နိုင်တဲ့ သစ်ပင်တွေ၊ ပန်းပင်တွေကို အစိမ်းရောင်သုတ်လိုက်ကြတယ်။

တစ်ပတ်လောက်ကြာတော့ သူဌေးကြီးအိမ်ကို ရသေ့ကြီး ပြန်ရောက်လာတယ်
သူဌေးကြီးရဲ့ မျက်လုံးအခြေအနေကို လာစုံစမ်းတာပါ။ရသေ့ကြီးလည်း အိမ်ထဲဝင်ရော သူဌေးတပည့်တွေက ရသေးကြီးကိုယ်ပေါ်ကို ဆေးအစိမ်းတွေ
လောင်းချလိုက်ပါတယ်။ဘာလို့လဲဆိုတော့ ရသေ့ကြီး သက်န်းရဲ့ ရှားညိုရောင်ကို သူဌေးကြီးမြင်သွားမှာစိုးလို့ပါ။

ရသေ့ကြီးလည်း သူဌေးကြီးကို ရယ်မောပြီး ခုလိုပြောလိုက်ပါတယ်။ 'ဒကာကြီးရယ် ဘာလို့များ ပိုက်ဆံတွေအကုန်အကျခံပြီး
ရှိသမျှပစ္စည်းတွေကို ဆေးအစိမ်းတွေ သုတ်ထားရတာလဲ။တစ်လောကလုံးကို အစိမ်းခြယ်မယ့်အစား မျက်မှန်အစိမ်း တစ်လက်လောက် ဝယ်တပ်လိုက်ရင်
ပြီးတာပါပဲကွယ်' တဲ့။

ကျွန်တော့တို့လည်း လောကကြီးမှာ မြင်တွေ့နေသမျှကို ကိုယ်လိုချင်တဲ့အရောင် ဆိုးချင်ကြတယ်။သားသမီးကို ကိုယ်လိုချင်တဲ့ ပုံစံ
သွင်းချင်ကြတယ်။သားသမီးကို ကိုယ်လိုချင်တဲ့ ပုံစံရအောင် ကြိုးစားနေကြတယ်။လိုချင်တာဖြစ်မလာရင် စိတ်တိုလာမယ်။ဒေါသထွက်ကြတယ်။နောက်ဆုံး ဘာမှလုပ်မရတဲ့ ရာသီဥတုကိုတောင် အပြစ်တင်နေကြတယ်။တကယ်လို့သာ အရာရာကို မေတ္တာတရားဆိုတဲ့ မျက်မှန်တပ်ပြီး ကြည့်တတ်ခဲ့မယ်ဆိုရင် လောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာနေတာကို ခံစားမိမှာပါ။

ပတ်ဝန်းကျင်ကို မပြင်ခင် မိမိကိုယ်ကို အရင်ပြင်ဖို့ လိုပါတယ်။

20/11/2020

ခေါင်းဆောင်တစ်ဦး လိုက်နာရမည့် ကျင့်ဝတ် (၁၀) ပါး

၁။ ပညာတတ်တစ်ချို့သည် ဆင်ခြင်တုံတရား မရှိသည့်အပြင်
အတ္တကြီးတတ်ကြသေးသည်။၎င်းတို့အား ချစ်မြဲချစ်နေပါ။

၂။ အကျိုးရှိသောအလုပ်ကိုလုပ်လျှင် ဆန့်ကျင်ခြင်းနဲ့ ပြစ်တင်ခြင်းခံရမည်။
လုပ်မြဲ လုပ်နေပါ။

၃။ အောင်မြင်မှုရရှိသောအခါ ရန်သူများနဲ့ မိတ်ဆွေစစ်မဟုတ်သူတစ်ချို့က
အနှောက်အယှက်ပြုပါလိမ့်မည်။အောင်မြင်မြဲ အောင်မြင်နေပါ။

၄။ ယနေ့လုပ်သော အကျိုးရှိသော အမှုကို မနက်ဖြန်မေ့ပစ်ကြပါလိမ့်မည်။
လုပ်မြဲ လုပ်နေပါ။

၅။ ဖြောင့်မတ်မှန်ကန်စွာ ပြောတတ်သည့် အကျင့်ကြောင့် လူဆိုးလူသွမ်းဟု
သတ်မှတ်ကြပါလိမ့်မည်။ပြောမြဲ ပြောနေလိုက်ပါ။

၆။ ကြီးမြတ်သော အတွေးအခေါ်ပိုင်ရှင်များကို သေးသိမ်သောအတွေးအခေါ်
ပိုင်ရှင်များက ဖယ်ထုတ်တတ်ကြသည်။တွေးခေါ်မြဲ တွေးခေါ်နေပါ။

၇။ ဖိနှိပ်ခံရသော သူများကို မသိကျိုးကျွံပြုတတ်ပြီး အောင်မြင်သောသူများ
နောက်သာ လိုက်နေကြသည်။ဖိနှိပ်ခံရသော သူများဘက်၌ ရပ်တည်မြဲ ရပ်
တည်နေပါ။

၈။ နှစ်ပေါင်းများစွာ တည်ဆောက်ရသော အိမ်သည် ညတွင်းချင်းပင် ပျက်စီး
နိုင်သည်။ဆောက်မြဲ ဆောက်နေပါ။

၉။ အကူအညီလိုအပ်သူကို ကူညီလိုက်သောလည်း တုံ့ပြန်တိုက်ခိုက်ပါလိမ့်
မည်။ကူညီမြဲ ကူညီနေပါ။

၁၀။ အကြီးမားဆုံးသောအရာကို ပေးဆပ်လိုက်ပါ စော်ကားမှု ခံရလိမ့်မည်။
ပေးမြဲ ပေးနေပါ။

အမည်မသိ စာဆို

စိတ်ဓာတ်ကျရင် နှစ်ခါရှုံးတယ်________________________ဘ၀ဆိုတာ အဆင်ပြေမှုတွေနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး။ အရမ်းခက်ခဲပါတယ်။ ဘယ...
05/11/2020

စိတ်ဓာတ်ကျရင် နှစ်ခါရှုံးတယ်
________________________

ဘ၀ဆိုတာ အဆင်ပြေမှုတွေနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး။ အရမ်းခက်ခဲပါတယ်။ ဘယ်လိုခက်ခဲတယ်လို့ ပြောရသရုပ်ဖော်ရမှန်းကို မသိတဲ့အရာပါ။ စိတ်ဓာတ်တက်ကြွစေတဲ့စာတွေ၊ ဟောပြောပွဲတွေ ဘယ်လောက်ဖတ်ဖတ်၊ ဘယ်လောက်နားထောင်နားထောင် ကိုယ့်ရဲ့ တကယ့်လက်တွေ့ဘ၀နဲ့ ကိုက်ချင်မှကိုက်တာပါ။ စာဖတ်တုန်းလေး၊ ဟောပြောပွဲနားထောင်နေတုန်းလေးပဲ စိတ်သက်သာရာရတာပါ။

သို့သော် ဘာမှမလုပ်တာနဲ့စာရင်တော့ အတိုင်းအတာတစ်ခုအထိတော့ အထောက်အကူပြုပါတယ်။ ကိုယ့်၀မ်းနာကိုယ်ပဲသိတယ် ဆိုတဲ့ စကားလည်းရှိတာပဲ။ ယေဘုယျ ဟောပြောသော၊ ရေးသားသောအကြောင်းအရာတွေက လူသားအားလုံးနဲ့တော့ ဘယ်ကိုက်ညီနိုင်မလဲ။ ဒါကြောင့်လဲ ဘုရားရှင်က ဝေနေယျဇ္စျာသယကို ကြည့်တော်မူပြီး တရားမျိုးစုံဟောကြားခဲ့ရတာပါပဲ။

တရားတော်တွေထဲကအတိုင်း လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ထားရတဲ့အထိ စိတ်ကိုလေ့ကျင့်ပျိုးထောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ခက်တာက တရားဆို တရားလောက်ပဲသဘောထားပြီး လက်တွေ့ဘ၀ထဲမှာ မကျင့်သုံးကြည့်ကြတာပါပဲ။ ညည်းကြပါတယ်။ တော်တော်ကို ညည်းကြပါတယ်။ ဘ၀က ညည်းနေလို့ ထွက်ပေါက်မရှိဘူး။ ညည်းရင် အိုသေဖို့ပဲ ရှိတယ်။ ပြဿနာပြေလည်မသွားဘူး။ ကိုယ့်ပြဿနာက ကိုယ်ကိုယ်တိုင် ဖြေရှင်းမှရတာ။

ကိုယ့်မှာကိုယ်ပိုင်အရည်အချင်းတွေရှိဖို့လိုတယ်။ လေ့ကျင့်ယူလို့ရတဲ့ ပိုက်ဆံမကုန်တဲ့ အရည်အချင်းတွေကတော့ ဖော်ရွေတာ၊ ပျူငှာတာ၊ ဆက်ဆံရေးကောင်းတာ၊ ရွှင်ရွှင်ပျပျနေတတ်တာ၊ တက်တက်ကြွကြွနေတတ်တာ တွေပါပဲ။ ဘယ်လိုလူမျိုးကမှ ထိုင်ညည်းနေတတ်တဲ့ လူစားမျိုးကို အလုပ်မခန့်ချင်ပါဘူး။ လာဘ်တိတ်လို့ပါ။ မျက်နှာရွှင်ရွှင်ပျပျမနေတတ်တဲ့ လူစားမျိုးကိုလည်း အလုပ်မခန့်ချင်ပါဘူး။ မိတ်ပျက်တတ်လို့ပါ။

အဲဒါတွေက ပြင်ယူလို့ရတယ်။ စျေးကွက်စီးပွါးရေးစနစ်မှာ မာန်ချီနေတဲ့မျက်နှာနဲ့ စျေးရောင်းလို့မရဘူး။ အပြိုင်အဆိုင်တွေအများကြီး။ စျေး၀ယ်ရင်တောင် ပျူငှါတဲ့ဆိုင်ပဲ နောက်တစ်ခါပြန်၀ယ်ကြတာပါ။ မျက်နှာထန်ပြီး စိတ်ကြမ်းနေတဲ့ စျေးသည်ဆီ နောက်တစ်ခါ ပြန်မလှည့်တတ်ပါဘူး။ ရိုင်းဆိုင်းတဲ့ ၀န်ထမ်းကြောင့်လည်း ဆိုင်ရှင်၊ အလုပ်ရှင် မိတ်ပျက်ရတဲ့အတွက် ဒီလိုလူမျိုးကို အလုပ်မခန့်ချင်ကြပါဘူး။

ဒီတော့ ပထမဆုံး အရေးကြီးတဲ့အချက်က ကိုယ့်ရဲ့ ပိုက်ဆံမကုန်ပဲ လုပ်ယူလို့ရတဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ဖို့ပါပဲ။ မပြင်ချင်ရင်တော့ လာမဲ့အနာဂတ် ပိုပြီးပြိုင်ဆိုင်မှုများလာမဲ့ ခေတ်မှာ ထမင်းငတ်ဖို့သာ ပြင်ထားပါ။ ဒါကြောင့် အချိန်နောက်မကျသေးရင် မြန်မြန်ပြင်ပါ။ လာဘ်ပွင့်ဖို့ အလားအလာတွေရှိလာပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ အနှိမ်ခံရခြင်းပါပဲ။ အဲဒီအချက်ကလည်း ရှောင်လို့မရပါဘူး။ မရှိလို့နှိမ်သလို၊ ရှိတော့လည်း ချိုးကြတာပါပဲ။ လိုက်ဖျက်ဆီးနေကြတာပါ။ ကိုယ့်ကိုနှိမ်လို့ဆိုပြီး စိတ်ဓာတ်ထိုင်ကျမနေပါနဲ့။ ပိုကြိုးစားပါ။ ငှက်က ပျံရင်းသေတယ်။ လူကကြံရင်းသေရမှာဆိုတော့ သေတစ်နေ့ မွေးတစ်နေ့ပဲဟာ။ ဘာကိုကြောက်နေလဲ။ ဘာကိုညှာနေလဲ။ သတ္တိမွေးစမ်းပါ။

ကိုယ်ပင်ပန်းမှာ ကြောက်နေလား။ ကြောက်လဲသေမှာပဲ၊ မကြောက်လဲသေမှာပဲ။ ပင်ပန်းလဲသေမှာပဲ၊ မပင်ပန်းလဲသေမှာပဲ။ သေမဲ့သေ အပြင်းအထန်ကြိုးစားပြီးသေမှာပေါ့။ လူရာမ၀င်တဲ့ ဘ၀နဲ့တော့ ဘယ်အသေခံနိုင်မလဲ။ ဘုန်းကြီးဆို ငယ်ငယ်ကတည်းက ဒီနေ့အထိ အိပ်ချိန်နဲတယ်။ အမြဲ အလုပ်လုပ်နေတာ။ အမြဲတွေးနေတာ။ အမြဲတီထွင်နေတာ။ အမြဲစမ်းစစ်နေတာ။ တုန်းတိုက်တိုက် ကျားကိုက်ကိုက်မနေခဲ့ဖူးဘူး။ မပျင်းခဲ့ဖူးဘူး။

လုပ်ခွင့်မသာခဲ့ရင်သာ ရှိရမယ်။ လုပ်ခွင့်သာတဲ့တစ်နေ့ အစွမ်းတွေထုတ်သုံးမယ်ဆိုပြီး သင်ယူဆည်းပူးခဲ့တာတွေ မရပ်မနားပဲ။ ဒီနေ့အထိ မရပ်သေးဘူး။ သေချင်သေပါစေပေါ့။ ဘာဂရုစိုက်ရမှာလဲ။ မကြိုးစားပဲ ထိုင်ညည်းပြီးသေတာကမှ ၂ ခါသေတာ။ မသေခင်ကတည်းက ဘ၀ကသေနေပြီးသားဖြစ်နေရော။ အဲဒီလို အဖြစ်မခံနိုင်ပါဘူး။ ဘ၀ရှိရင် ကြိုးစားခွင့်ရှိတယ်။ ဖြစ်တာမဖြစ်တာ ဂရုမစိုက်ပါဘူး။ လုပ်နေဖို့ လျှောက်နေဖို့ အရေးကြီးတာပဲ။

FB ပရိသတ်ထဲမှာ အရမ်းသနားစရာကောင်းတဲ့လူတွေရှိတယ်။ စိတ်ဓာတ်မကျပါနဲ့။ နှစ်ခါသေနေရမယ်။ တစ်ခါတည်း ရဲရဲဝံ့ဝံ့သေနိုင်အောင် ကြိုးစား။ အကုသိုလ်သာ မဖြစ်စေနဲ့။ စိတ်မယုတ်မာနဲ့။ မကောက်ကျစ်နဲ့။ လမ်းဖြောင့်လာပါလိမ့်မယ်။ ပရိသတ်တစ်ယောက်ဆို ရင်ဖွင့်ထားတာ အရမ်းသနားဖို့ကောင်းတယ်။

သူမရဲ့ မိသားစုက တရုတ်လူမျိုးမိသားစု။ ဖခင် အရည်အချင်းမရှိ၊ မိခင် ကြမ်းတမ်း၊ ဦးလေး ဒေါ်လေးလွှမ်းမိုးမှုနဲ့ နေရတယ်။ အကိုအလုပ်ရှိ၊ အမအလုပ်ရှိ၊ သူမကတော့ ကျောင်းပြီးသော်လည်း အပြင်အလုပ်လုပ်ခွင့်မရှိပဲ အကို့အလုပ်ကိုသာ ကူညီရတယ်။ လခက သောင်းဂဏန်းတဲ့။ စဉ်းစားကြည့် ကျွန်လိုဆက်ဆံကြတယ်။ အရိုက်ခံရတယ်။ အကြီးအကျယ် ကိုယ်ထိလက်ရောက် စော်ကားခံရတယ်။ သွေးထွက်သံယိုဖြစ်ရတယ်။ အပြင်မှာထွက်လုပ်ရင် ရပ်တည်နိုင်တဲ့ ပညာရှိတယ်။ ထွက်အလုပ်မခံဘူး။ ကျွန်လို မဝရေစာထားကြတယ်။ နှိမ်ကြတယ်။

လူတွေဆိုတာ အဲဒီလို မိသားစု သွေးသားအရင်းကိုတောင် ရက်စက်တာ ပြောမယုံကြုံဖူးမှသိမယ်။ သူစိမ်းကို ရက်စက်တာလောက်ကတော့ အသေးအမွှားပါ။ ဒီတော့ ခံရသူမှာ အခွင့်အရေးမရှိတော့ဘူးလား။ ရှိတာပေါ့ မရှိပဲနေပါ့မလား။ ရပ်မိရပ်ဖရှိတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေရှိတယ်လေ။ အသိပေးပေါ့။ အကူအညီတောင်းပေါ့။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူရဲတဲ့ သတ္တိရှိရမယ်။ ဘာကြောက်နေလဲ။ နှစ်ခါသေရတော့မယ်။

တစ်ခါပဲအသေခံပါ။ ရဲရဲဝံ့ဝံ့ တိုက်ယူပါ။ ကိုယ်ကစော်ကားတာမှ မဟုတ်တာ။ အစော်ကားခံရတယ်ဆိုတာ ခံသူတွေရှိနေလို့ စော်ကားသူက စော်ကားရဲတာ။ မခံကြည့်ပါလား။ ဘယ်သူက စော်ကားရဲတော့မလဲ။ ဘာကိုမှ မတွယ်တာပါနဲ့။ တွယ်တာမှုမရှိရင် ပြတ်သားပါလိမ့်မယ်။ ဘ၀မှာ ကိုယ်လိုချင်တာကို တရားသောနည်းနဲ့ ရအောင်ယူနိုင်တာ အရည်အချင်းပဲ။ အဲဒီအရည်အချင်းက သတ္တိပဲ။

ဘုရားဟောထားတဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဗိုလ် (၅) ပါးက သတ္တိပဲလေ။ ယုံကြည်ချက်ခိုင်ခိုင်မာမာထားပါ။ လုံ့လမပြတ်ထုတ်ပါ။ သတိကောင်းကောင်းထားပါ။ တည်တည်ကြည်ကြည် လုပ်ပါ ပြောပါ။ ဆင်ခြင်ဉာဏ်ကိုသုံးပါ။ ရဲဝံ့လာပါလိမ့်မယ်။ လူဖြစ်ရတာ ဆင်းရဲချင် ဆင်းရဲမယ်၊ အခွင့်အရေးဆုံးရှုံးနေရတဲ့ ဘဝတော့ ဘယ်တော့မှ အရောက်မခံနဲ့။ ရုန်းထွက်သင့်တာ ရုန်းထွက်ပါ။ အမျိုးမလို့၊ မိတ်ဆွေမလို့ ငဲ့စရာမလိုပါဘူး။ ဘုရားက လူမိုက်ကို ရှောင်ခိုင်းထားပြီးသား။

ကိုယ့်ကို အနိုင်ယူနေသူ၊ ညှဉ်းဆဲနေသူ၊ နှိမ်နေသူကို ကိုယ်က အနိုင်ယူခွင့်၊ ညှဉ်းဆဲခွင့်၊ နှိမ်ခွင့်မပေးပါနဲ့။ တစ်ဘ၀တစ်ခါသေမဲ့ အတူတူ လုံခြုံမှုမရှိတော့တဲ့ နေရာမနေပါနဲ့။ ရုန်းထွက်လိုက်ပါ။ ရှောင်ထွက်သွားပါ။ ဘုရားရှင်ဟောသော ပဋိရူပဒေသဝါသ ဆိုတာ ကိုယ့်အတွက် အာမခံချက်ရှိတဲ့နေရာကိုပြောတာ။ အနှိမ်ခံနေရတဲ့နေရာကို ပြောတာမဟုတ်ဘူး။

ပညာမရတဲ့နေရာ၊ စီးပွားမဖြစ်တဲ့အရပ်၊ ကုသိုလ်မဖြစ်စေတဲ့အရပ် တစ်ရက်တောင် မနေပါနဲ့၊ စွန့်သွားပါလို့ ဘုရားရှင်ဟောထားပါတယ်။ ကိုယ်က ခိုးဖို့၊ မိုက်ဖို့၊ ဆိုးဖို့မှ မဟုတ်တာ။ ရိုးရိုးသားသား ကိုယ့်ဘ၀ကို တည်ဆောက်ချင်သူလေ။ ဘာမှားလို့လဲ။ အဲဒါ အကုသိုလ်မှ မဟုတ်တာ။ တည်ဆောက်လို့ ရမဲ့နေရာသွားတာပေါ့။ တည်ဆောက်ခွင့် မပေးတဲ့နေရာမှာ ဘာလုပ်ဖို့ အရှုံးသမားဘ၀ကို ခံယူနေမလဲ။ တစ်နည်းနည်းနဲ့ ထွက်ပါ။ ကိုယ်ထွက်ချင်သလို၊ ရုန်းချင်သလိုသာ ထွက်ပါ၊ ရုန်းပါ။

သတ္တိမွေးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ။ လောကကို ရဲရဲကြည့်ပါ။ ရိုင်းခိုင်းတာမဟုတ်ဘူးနော်။ ပင်ကိုယ်အရည်အသွေး ယဉ်ကျေးခြင်း၊ ပျူငှါခြင်းကို ဘယ်တော့မှ အပျက်မခံပါနဲ့။ အဲဒါကိုတော့ သတိနဲ့ထိန်းပါ။ ဒါတွေမပါရင် အပျက်နာသွားလိမ့်မယ်။ အဓိကကတော့ သတ္တိပါပဲ။ ကောင်းမွန်သောအနာဂတ်ဆိုတာ ရဲဝံ့သူတို့ရဲ့ ဆုလာဘ်။ ထိုင်ညည်းနေသူတွေ အရှုံးပေးနေသူတွေရဲ့ ဆုလာဘ်မဟုတ်ဘူး။

ဘ၀မှာ ဆန္ဒရှိရင် ရွေးချယ်စရာတွေ အများကြီး။ ဂျီးများပြီး ဇီဇာကြောင်သူတွေအတွက်ကတော့ ဘယ်နည်းလမ်းမှ မတဲ့ပါဘူး။ ဘ၀င်မြင့်နေသူတစ်ယောက်အတွက်လည်း ဘာမှသုံးစားလို့မရတော့ပါဘူး။ ဘဝနော် လွယ်တာမဟုတ်ဘူး။ ဘ၀င်ဟပ်နေလို့ ထမင်းဖြစ်မလာဘူး။ ယုတ်စွအဆုံး ထမင်းလွတ်လွတ်လပ်လပ်စားချင်ရင် ပလပ်စတစ်ကောက်သင့်ကောက်ရဲရမယ်၊ လမ်းဘေးစျေးရောင်းသင့် ရောင်းရမယ်။ ကွမ်းယာရောင်းသင့်ရောင်းရမယ်။

ထမင်းနပ်မှန်လာရင် နောက်တစ်ဆင့်အတွက် တီထွင်ဉာဏ်နဲ့ ဆက်လှမ်းပါ။ လောလောဆယ် ကိုယ့်ထမင်းကို လွတ်လပ်စွာစားနိုင်ဖို့ အရေးကြီးတယ်။ ဘုန်းကြီးငယ်ငယ်က ခြံပိုင်ရှိတော့ ခြံကထွက်တဲ့သီးနှံ လမ်းဘေးရောင်းဖူးတယ်။ မှတ်မှတ်ရရ ၉-တန်းကျောင်းသားလောက်ကပါ။ ညီမလေးလဲ ရောင်းဖူးတယ်။ အိမ်ကစီးပွားရေးလဲ လုပ်တတ်တယ်။ ငယ်ငယ်လေးကတည်းက ထမင်းဖိုးကိုယ့်ဖာသာရှာနိုင်တယ်။ မောင်နှစ်မ နှစ်ယောက်လုံးရှာနိုင်တယ်။

၉-တန်းကျောင်းသားဘ၀မှာ ကိုယ့်အ၀တ်အစား ကိုယ်၀ယ်၀တ်နိုင်ပြီ။ အမေက သားလုပ်သမျှ လုပ်ခပေးမယ်တဲ့။ လုပ်တာပေါ့ ဘာထည့်တွက်နေမလဲ။ အကုန်လုပ်ဖူးတယ်။ ကွမ်းသီးပင်လဲ တက်တတ်တယ်။ အုန်းပင်လဲ တက်တတ်တယ်။ လှေလဲလှော်တတ်တယ်။ ခြံထဲက သရက်သီးလဲ ကိုယ်တိုင်ချူပြီး ကိုယ်တိုင်ရောင်းတယ်။ အိမ်က စီးပွားရေးကိုလည်း ကျွမ်းကျင်တယ်။ အင်္ဂလိပ်စာ ကောင်းကောင်းတတ်တယ်။ ကွန်ပျူတာ ကောင်းကောင်းကျွမ်းတယ်။ တတ်သင့်တာ မှန်သမျှ အကုန်သင်တယ်။

ဘ၀ဆိုတာ ဒီကွေ့ရောက် ဒီတက်နဲ့ လှော်တတ်ရမယ်၊ ဟိုကွေ့ရောက် ဟိုတက်နဲ့ လှော်တတ်ရမယ်။ ငယ်ငယ်လေးကတည်းက အဲဒီ အသိရှိတယ်။ မိဘကကောင်းကောင်း လေ့ကျင့်ပေးလိုက်တယ်။

ဒီတော့ ကိုယ့်ဘ၀အတွက် ဘာလုပ်ရ လုပ်ရ သတ္တိမွေးပါ။ မှန်သော အသက်မွေးမှုအတွက် ရဲရဲလျှောက်ပါ။ ကိုယ့်အခွင့်အရေးကို ယူတတ်ပါစေ။ အနှိမ်မခံပါနဲ့၊ အညှဉ်းဆဲမခံပါနဲ့၊ ကိုယ့်ဘ၀အတွက် ကိုယ်သာပဲ့ကိုင်ရှင်ဖြစ်ပါစေ။ စိတ်ဓာတ်ထိုင်ကျနေဖို့ အချိန်မရှိဘူး။ တစ်နေ့သေမှာ။ ကြောက်ပြီးသေမှာလား။ ရဲရဲဝံ့ဝံ့ အမှန်တရားနဲ့ သေမှာလား။

ကြိုက်တာသာရွေးလိုက်ပါတော့။

အားမလျှော့ပါနဲ့။ ဘ၀အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရွေးချယ်လျှောက်လှမ်းနိုင်ကြပါစေ။

Credit- #အရှင်သုစိတ္တ (မော်ကျွန်း)

Address

Mahindra Park Road
Delhi

Alerts

Be the first to know and let us send you an email when My Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Library:

Share


Other Book & Magazine Distributors in Delhi

Show All