Chit Htwe Aung

  • Home
  • Chit Htwe Aung

Chit Htwe Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chit Htwe Aung, Gaming Video Creator, .

20/10/2022

ယောက်ကျားတိုင်းက
သင့်လက်ကလေးကို ဆုပ်ကိုင်နိုင်မှာပါ

ဒါပေမယ့်
သင့်ဖိနပ်ကြိုးလေးကို
ငုံ့ချည်ပေးမယ့်
ယောက်ျားကတော့
ရှားလိမ့်မယ်။

သင့်အချစ်ကိုလိုချင်နေတဲ့ယောက်ျား
အများကြီးရှိမှာပါ

ဒါပေမယ့်
အဲ့အချစ်ကို တန်ဖိုးထားမယ့်
ယောက်ျားကတော့ ရှားလိမ့်မယ်။

သင့်ကို ပြည့်စုံအောင်
ထားနိုင်ပါတယ်ဆိုတဲ့
ယောက်ျား အများကြီးရှိမှာပါ။

ဒါပေမယ့်
သင့်ကိုစိတ်ချမ်းသာအောင်ထားနိုင်မယ့်
ယောက်ျားကတော့ ရှားလိမ့်မယ်။

သင့်ရှေမှာ ဂရုတစိုက်နဲ့ အလိုလိုက်တဲ့
ယောက်ကျားကတော့ အများကြီး ရှိမှာပါ။

ဒါပေမယ့်
သင်နောက်ကွယ်မှာ သစ္စာရှိတဲ့
ယောက်ကျားကတော့ ရှားလိမ့်မယ်။

ကတိပေးတယ် ဆိုတဲ့
ယောက်ကျားကတော့ အများကြီးရှိမှာပါ။

ဒါပေမယ့်
သင့်အပေါ် ကတိ တည်တဲ့ယောက်ကျားကတော့ ရှားလိမ့်မယ် ။

သင်အပေါ်သဝန်တိုတက်တဲ့
ယောက်ကျားကတော့ အများကြီးရှိမှာပါ။

ဒါပေမယ့်
သင့်အပေါ် နားလည်မှုရှိတဲ့ ယောက်ကျား
သင့်ဘဝကို နားလည်နိင်တဲ့
ယောက်ျားကတော့ ရှားလိမ့်မယ်။

Credit

Đàýmì Yan(詹姆士)

12/05/2022
12/05/2022
12/05/2022
12/05/2022
12/05/2022

" ဥပါဒါနပစ္စယာ "

ကျွန်တော်သာ...
လိပ်ပြာလေးတစ်ကောင်ဖြစ်ခဲ့ရင်
အဲဒီအမျိုးသမီးလေးရှိရာအရပ်မှာဘဲ
ဝဲပျံနေချင်မိတော့တယ်

ကျွန်တော့်ရဲ့အာဟာရဟာ
အဲဒီအမျိုးသမီးလေးရဲ့အပြုံးပေါ့
တစ်ချက်ယိမ်းလိုက်တိုင်းကျွံကျသွားချင်တဲ့
ပန်းနုရောင်ပါးချိုင့်ခွက်ထဲ
တစ်သက်လုံးသာ လဲခိုနေချင်မိတော့တယ်

အချစ်ရဲ့ဗျုပ္ပတ်ကိုတူးဖော်ဖို့
စကားလုံးတွေနဲ့အလင်္ကာမဆန်တာ
အဲဒီအမျိုးသမီးလေးသိတန်ကောင်းပါရဲ့။...

Poetry Zone's Author @ဖီးနစ်ငှက်ငယ်_ဖန်ခါးမြေ

Phone From - Pinterest

#ဖီးနစ်ငှက်ငယ်_ဖန်ခါးမြေ

12/05/2022

သည်းခံရတာကို ပင်ပန်းလာတဲ့အခါ
ပေါက်ကွဲပစ်တတ်ကြတာပဲ...

လူပဲလေ...
အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတာ
ခုန်တတ်တဲ့ နှလုံးသားကလဲ
ခံစားချက်တွေများလာတဲ့အခါ
သေသွားတတ်တယ်

ပူလောင်လွန်းမက ပူလောင်လွန်းလာတဲ့အခါ
မီးတောက်တွေ မထွက်ပေမယ့်
စိတ်ရော ကိုယ်ပါ လောင်ကျွမ်းရတတ်တယ်

ကင်ဆာမှ ကျွမ်းတာ မဟုတ်ပဲ
နာကျင်မှုတွေဟာလဲ
နှလုံးသားကို ကျွမ်းစေတတ်တာပါပဲလေ

ဆွဲထားရင်း ပင်ပန်းလာတဲ့အခါ
နာကာမှ နာကောဆိုပြီး
လွှတ်ချ ချင်လာမိတယ်

ဘာကိုမှ မပိုင်ဆိုင်ရမယ့်အတူတူ
ဘာကိုမှ မပိုင်ချင်တော့တဲ့ လူလိုပေါ့ ။

#သျှင်ယွန်း

02/05/2022
ဖြေသွားနော်
26/04/2022

ဖြေသွားနော်

Address


Website

Alerts

Be the first to know and let us send you an email when Chit Htwe Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share