Bhone Nay Khit - Burmese

  • Home
  • Bhone Nay Khit - Burmese

Bhone Nay Khit  -  Burmese Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bhone Nay Khit - Burmese, Video Creator, .

မလာတဲ့ R2P တုန်းကတော့ရှိခိုးပြီး လာပါ လာပါ ခေါ်နေကြတယ်အခုဘယ်သူမှမခေါ်ပဲ တိုင်းပြည်ချစ်စိတ်နဲ့ရောက်လာတဲ့ PDF တွေ ကို ခမျာ...
23/06/2021

မလာတဲ့ R2P တုန်းကတော့
ရှိခိုးပြီး လာပါ လာပါ ခေါ်နေကြတယ်
အခု
ဘယ်သူမှမခေါ်ပဲ တိုင်းပြည်ချစ်စိတ်နဲ့
ရောက်လာတဲ့ PDF တွေ ကို
ခများတို့ သတ္တိရှိရှိ ကြိုဆိုလိုက်ကြစမ်းပါ
သူတို့လေးတွေ ဘယ်လောက်ပျော်ပီး အားရှိလိုက်ကြမလဲဆိုတာ
ပြိုင်တူတွန်းတော့ ရွေ့တာ မြန်တာပေါ့ဗျာ
Crd
😥
crd photo

23/06/2021

နောင်လာမယ့် နှစ်ငါးဆယ်မှာ
မင်းလည်း မရှိတော့ဘူး
ငါလည်း မရှိတော့ဘူး
ဒေါ်အောင်ဆန်းစုကြည်လည်း မရှိတော့ဘူး
သန်းရွှေလည်း မရှိတော့ဘူး
ကြိုင်ကြိုင်လည်း မရှိတော့ဘူး
ဇွဲနေဝင်းလဲ မရှိတော့ဘူး
မင်းအောင်လှိုင်လည်း မရှိတော့ဘူး

ဟိုဘက်ပုတ်ခတ် ဒီဘက်ပုတ်ခတ် လုပ်နေတဲ့
မသာတွေလဲမရှိတော့ဘူး
မသာမတွေလဲမရှိတော့ဘူး

ဒါပေမယ့်
ငါတို့အားလုံးရဲ့ မျိုးဆက်တွေနဲ့
မြန်မာပြည်ကြီးကတော့ ရှိနေအုံးမှာ

ငါတို့အားလုံးရဲ့ မျိုးဆက်တွေကို
ဖာတန်းမီးလောင်သလို အခြေအနေဖြစ်နေတဲ့
တိုင်းပြည်ထဲ ထားခဲ့မှာလား ?

ထမင်းစားပြီး ဦးဏှောက်ရှိတဲ့ကောင်ဆို
အခုကတည်းက စဉ်းစား

ချီးစားပြီး ချီးဦးဏှောက် ဆိုရင်တော့
ကြိုက်သလိုသာ လုပ်ခဲ့ကြ

ဗိုလ်ချုပ်ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးတွေ
မြန်မာပြည်မှာ ကြီးစိုးစဉ်က
အမေစုကို ခင်ညွန့်က မေးတယ်

- နိုင်ငံခြားက သားနှစ်ယောက်အတွက်
မပူပန်ဘူးလားတဲ့ ?

အမေစု ပြန်ဖြေတာ တအားလှတယ်

- ကျွန်မသားတွေအတွက် ပူစရာ မရှိဘူး
သူတို့က လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့
ဒီမိုကရေစီတိုင်းပြည်မှာ နေနေကြတာ တဲ့

နောင်လာမယ့် နှစ်ငါးဆယ်မှာ
ခင်ဗျားတို့ ကျုပ်တို့တွေရဲ့
မျိုးဆက်သစ်တွေလက်ထဲ
မြန်မာပြည်ကို
ဖာတန်းမီးလောင်သလို အခြေအနေနဲ့
ပေးခဲ့မလား ?

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့
ဒီမိုကရေစီတိုင်းပြည်အဖြစ်နဲ့ ပေးခဲ့မလား ?

နေ့တိုင်းစားနေတာ
ချီးမဟုတ်ရင်တော့
သဘောပေါက်ပေါ့ကွာ။

credit to original writer

23/06/2021

မင်းဟာ မျက်ရည်လွယ်တဲ့သူဆိုရင် မကြည့်သင့်ပါ။

သေမှာသိနေတဲ့အတွက် သူတို့ကတော်ရုံနဲ့ပြန်ဆင်းမည်မဟုတ်ပါ။
23/06/2021

သေမှာသိနေတဲ့အတွက် သူတို့ကတော်ရုံနဲ့ပြန်ဆင်းမည်မဟုတ်ပါ။

23/06/2021

ပဲခူးBDFကပြောသွားတာ သိပ်ပြတ်သားတယ်💪

23/06/2021

မြန်မာနိုင်ငံတွင်

ပညာတတ်အများဆုံးရှိသောနေရာကို
ထောင်ဟုခေါ်သည်။

23/06/2021

ကျွန်တော်တို့ CDMသမားများအားလုံး တောင့်ခံပေးကြပါနော် ပေးဆပ်မှုက အချီးအနှီးမဖြစ်ပါဘူး ပန်းတိုင်ကမကြာခင် ရောက်တော့မယ်

အရေးတော်ပုံ အောင်ရမယ်✊✊✊

21/06/2021
20/06/2021

မနေ့က Boycott & SP ခံရတဲ့
ဆယ်လီ တချို့ သွေးတိုး
စမ်းလာကြတယ်။
ပုံတွေ ပြန်တင်လာကြတယ်
သွေးတိုးစမ်းတယ် ..လူရာပြန်ဝင်
ချင်လာတဲ့ သဘောပဲ ။

သူတို့က်ို သာ ကောင်းကောင်း
Social Punishment မလုပ်နိုင်ရင်
ရှေ့မှာရင်းထား ရတာတွေက
နှမြောဖို့ တအားကောင်းတယ်။
သွေးမအေးကြပါနဲ့ ..

Social Punishment &
Boycott ကို အားကောင်း
အောင် ထပ်ပြီး လုပ်ကြပါ။

ထင်ထားတာတွေ လက်တွေ့ဖြစ်လာ တော့မည် လား?ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗျူဟာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ပရိ...
20/06/2021

ထင်ထားတာတွေ လက်တွေ့ဖြစ်လာ တော့မည် လား?

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗျူဟာ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ပရိယာယ်အင်မတန်ကြွယ်ဝပါးနပ်သောပုဂ္ဂိုလ်ဖြစ်သည်ကတော့ သူမ၏ အင်တာဗျူးများတွင် မြင်တွေ့ရနိုင်ပါသည်။

ယနေ့မြန်မာနိုင်ငံသည် စစ်အာဏာရှင်များလက်သို့ပြန်ရောက် သောအခါ သူမ၏ စကားများကိုပြန်လည်ကြားယောင်ကြည့်ပါကလူထုသို့ Message ပေးနေခြင်းပါလားဟု ကြှနျုပျသဘောပေါကျမိပွီး အလွန်အမင်းထိတ်လန့်သွားရသည်၊ထိုထိတ်လန့်မှုမှာ ဖေဖော်ဝါရီလ
၁ ရက်နေ့ ထိတ်လန့်မှုထက်များစွာပိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သော စကားလုံးအချို့ "ကျွန်မမှာအားကိုးစရာပြည်သူပဲရှိတယ်" "
မတရားသောအမိန့်မှန်သမျှဖီဆန်ကြ"
"ဘယ်ရမလဲ သာဝရာ" စတဲ့စကားလုံးမျိုးတွေဟာ ဘာလုပ်ရမလဲဆိုတာ ရဲ့ Message တွေပါပဲ၊
ဒါကြောင့် သူမပြောခဲ့တဲ့စကားသံတွေကို ပြန်နားထောင်ကြည့်ဖို့လုံးဝလိုပါတယ်။

ဒါဟာကျွန်တော်စိတ်ကူးယဉ်ပြောနေတာမဟုတ်
ပါဘူး။အချို့နေရာမှာသူမပြောတဲ့စကားဟာတစ်နေရာမှာပြန်သုံးရမယ့်အနေအထားပါ။
Road Map ပေါ့၊သူမလိုပုဂ္ဂိုလ်တစ်ဦးဟာ ကျွန်တော့်လို သာမာန်ပြည်သူက မှန်းဆတဲ့ အာဏာသိမ်းနိုင်ချေရှိတယ်ဆိုသောအတွေးကို ပိုပြီးမြင်မှာဖြစ်ပါတယ်။

ယနေ့ဝေဖန်ကြတယ် "မသိဘူးလားဒါတောင်" "စောစောမပြင်ဆင်ထားဘူး" စတဲ့
စကားတွေကြားရတော့ သူမ အတွက်စဉ်းစားမိပါတယ်။

ဖေဖော်ဝါရီတစ်ရက်နေ့ စစ်အာဏာလုယူခြင်းခံရပြီး သူမအပါအဝင် နိုင်ငံတော်သမ္မတပါ
ထိန်းသိမ်းခံလိုက်ရသည်၊မြန်မာတစ်နိုင်ငံလုံးပူဆွေးသောကရောက်နေကြပြီး စိတ်အလွန်ထိခိုက်ရသည်မှာ ယနေ့ထိဖြစ်ပါသည်။ ဒီရက်တွေအတွင်း ကျွန်တော်တို့ြည်သူတွေဘာတွေသိပြီလဲ?

၁။ ယနေ့ တပ်မတော် နှင့် ပြည်သူကြား ယုံကြည်မှုအားစမ်းသပ်ခြင်း၊

၂။ အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီး ၂ ခု၏
သဘောထား အမှန်အားစမ်းသပ်ခြင်း၊
တရုတ်သည်ကျွန်တော်တို့၏ဒီမိုကရေစီအားမလိုလားဘဲ စစ်အုပ်စုကိုသာအလိုရှိသည်ကိုမြင်လိုက်ရသည်။

၃။ နိုင်ငံတကာတွင် Image ထိခဲ့သော သူမအပေါ် နိုင်ငံတကာ၏ထောက်ခံမှုအားစမ်းသပ်ခြင်း၊

၄။ ပြည်တွင်းစစ်မီးလောင်ခဲ့ပြီး မပြီးနိုင်သေးသော ပြည်တွင်းစစ်အတွက်အဖြေအား သီအိုရီထုတ်ခြင်း၊

၅။ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တပ်မတော်အပေါ် အပြန်အလှန်ထားရှိသောသဘောထားအမှန်၊

၆။ ဒီမိုကရက်တစ်ပါတီအစုံ၏ ဒီမိုကရေစီအပေါ် တကယ်စိတ်ပါခြင်း / အာဏာလိုချင်၍လုပ်ခြင်းလား ဆန်းစစ်ခြင်း၊

၇။ လူထုအပေါ် ခေါင်းဆောင်နိုင်သော မျိုးဆက်သစ်လူထုခေါင်းဆောင်ရှာဖွေခြင်း

၈။ နိုင်ငံ့ဝန်ထမ်းများ၊လက်နက်ကိုင်တပ်ဖွဲ့များအတွင်း ဗျူရိုကရေစီစနစ်အားရှင်းရန်ဆန်းစစ်ခြင်း၊

၉။ သူမအနားရှိယုံကြည်စိတ်ချရသော၊ လက်လွှဲနိုင်သောသစ္စာရှိဆက်ခံသူများဖော်ထုတ်ခြင်း၊

၁၀။ သူမအားတကယ်ပင်ကိုယ်စိတ်ဖြင့်ထောက်ခံသောပုဂ္ဂိုလ်များကိုခွဲထုတ်ခြင်း၊

၁၁။ နောက်ဆုံးအချက်သည် အကြမ်းဆုံး
"နိုင်ငံရေးအသိစိတ်၊နိုးကြားမှုနည်းသော လူထုအား ခပ်ကြမ်းကြမ်း ဆွဲကိုင် လှုပ်နှိုးလိုက်ခြင်းပင်ဖြစ်လေသည်။

ပြည်သူတွေလန့်နိုးကြပုံများ အသက် ၉၀ အဘွားကြီးမှ ၁၈ နှစ်မျိုးဆက်အထိ အထိတ်တလန့် နိုးထလာရလေတော့သည်၊ဒီမိုကရေစီကိုကာကွယ်ရလေတော့သည်။

ဆက်စပ်စဉ်းစားသော် တပ်မတော်မှသူမအားထိန်းသိမ်းထားခြင်းသည် နေအိမ်အကျယ်ချုပ်ဖြင့်နှစ်ပေါင်းများစွာ နေလာသောသူမအတွက် တိုင်းပြည်တာဝန်များအား ၅ နှစ်တာ ထမ်းဆောင်ပြီး ယခုခဏ အနားယူနေသည် နှင့်ပင်တူတော့သည်။

အာဏာလုခေါင်းဆောင်များ ရင်တမ မ ဖြင့် စိုးရိမ်ပူပန်ပြီး အစိုးရအဖွဲ့သစ်အလျင်မြန်ဖွဲ့နေချိန် နိုင်ငံရေး ကစားကွက်ကြီးသော လူထုခေါင်းဆောင်သည် နေအိမ်အကျယ်ချုပ်ဖြင့်
အနားယူအားလပ်ရက်များယူနေရသောကြောင့် သူမ၏ ကစားကွက်ထဲသို့ ကျွန်တော်တို့အားလုံးပါဝင် ကစားနေရပါသည်။

ဘာဆက်ဖြစ်မည် ကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သာ အသိဆုံးဖြစ်ပါလိမ့်မည်။ ကျွနုပ်၏ ယူဆချက်သည် အတိအကျမဖြစ်နိုင်ပါ၊

ရေးတေးတေးမှန်းဆချက်သာဖြစ်ပြီး
လူထုခေါင်းဆောင်၏ဗျူဟာကျကျကစားကွက်ကပိုလေးနက်နိုင်ပါသည်။

ဘယ်ရမလဲသာဝရာ ဆိုသလို ကိုရင်သာဝအတွက်
ခပ်ထေ့ထေ့လေးပင်ထပြုံးမိတော့သည်။

#ကြိုက်လို့ကူးလာတာ၊ crd မလိုဘူး၊

#ဒီအတိုင်းကော်ပီယူတင်ပါ ။

ℋ𝒶𝓅𝓅𝓎 ℬ𝒾𝓇𝓉𝒽𝒹𝒶𝓎 ပါအမေစု🎂💐ယနေ့(၇၆)နှစ်ပြည့်မွေးနေ့မှစပြီးနောင်နှစ်ပေါင်းများစွာတိုင်သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးအောင်မြင်...
19/06/2021

ℋ𝒶𝓅𝓅𝓎 ℬ𝒾𝓇𝓉𝒽𝒹𝒶𝓎 ပါအမေစု🎂💐ယနေ့(၇၆)နှစ်ပြည့်မွေးနေ့မှစပြီးနောင်နှစ်ပေါင်းများစွာတိုင်သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးအောင်မြင်ပျော်ရွှင်ပါစေ🌷🌷အနှောင့်အယှက်အတိုက်အခိုက်ကင်းပါစေ🌸🌸လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲအချုပ်အနှောင်ကနေအမြန်ဆုံးပြည်လည်လွတ်မြောက်ပြီးပြည်သူတွေကိုရင်ဝယ်သားကဲ့သို့အမြန်ဆုံးပြန်လည်အုပ်ချုပ်နိုင်ပါစေ🌹🌹
အမေ့လိုစွန့်လွှတ်အနစ်နာခံမှုမျိုး🤍🕊
ကိုယ်တိုင်လုပ်နိုင်မှာမဟု တ်လို့😔
အမြဲလေးစားရပြီး🌸🌸🌸
ချစ်တယ် အမေ🌹🌹🌹❤️❤️❤️

ပွဲကပြီးသွားပါပြီပွဲသိမ်းအမှိုက်ရှင်းဖို့သာကျန်ပါတော့တယ်မအလ အုပ်စု ခွေးရူးတွေကတွေ့ရာကိုက်ကြပါလိမ့်မယ်ညီညွတ်စွာနဲ့ ရင်ချင...
19/06/2021

ပွဲကပြီးသွားပါပြီ
ပွဲသိမ်းအမှိုက်ရှင်းဖို့သာကျန်ပါတော့တယ်

မအလ အုပ်စု ခွေးရူးတွေက
တွေ့ရာကိုက်ကြပါလိမ့်မယ်

ညီညွတ်စွာနဲ့ ရင်ချင်းအပ်
ကျောချင်းကပ်ပြီး
နှုတ်သီးတွေချည်းဖြတ်ရိုက်ကြပါစို့

မညှာကြပါနဲ့
အပြတ်ရှင်းပစ်ကြပါလို့'''''nn

စောက်ကောင်စီမျက်ခွက်ကို ခြေ/ဥဖျက်ခြင်း သဲနှင့်ပက်ထည့်ပြီး

ညီညီလွင် (ဓာတုဗေဒ) ရေးသည်။

NUG ဖြင့် မအလ အရှိုက်ကို အားကုန်ထိုးလိုက်ကာ...

တီကောင်ဖြစ်သွားသော စစ်သူပုန်များအား
Federal Armyဆိုသော ဆားဖြင့် မကြာမီပက်ပြီး ၊
စစ်မိစ္ဆာများ အရည်ပျော် အဆုံးသတ်ရန် ၁၀၀% သေချာသွားပြီဖြစ်ကြောင်း။

(ကိုယ်အလွန် မြင်ချင်သောအလွန်အရေးကြီးသည့် အစိုးရကြေညာတာကို နေ့စဉ် အရူးတစ်ယောက်လို မြင်ချင်ခဲ့တာ
တကယ်ထွက်လာတဲ့အချိန် Account Restricted လုပ်ခံရပြီး
ဝမ်းမြောက်စွာ ကြိုဆိုကြောင်း အရင်မပြောနိုင်ခဲ့ဘူး။
ခု နောက်ကျပြီးမှ ပြောနိုင်ခဲ့တာ တောင်းပန်ပါတယ်)။

လူငယ်ခေါင်းဆောင်တွေ ပါဝင်လာတာအရမ်းအားရတယ်။
အားလုံးကိုလည်းသိတယ်။
ဦးရည်မွန်နဲ့ ဦးလွင်ကိုလတ် တို့ကိုင်ရတဲ့ ဝန်ကြီးဌာနက
သတင်းထောက် မေးခွန်းတွေကို ဖြေရအခက်ဆုံးဌာနတွေပါ။

ဦးရည်မွန်လည်း လွှတ်တော် ထဲမှာ တပ်ကအလွန်ကြောက်ရတဲ့
Fighter တစ်ယောက်ပါ။

NUG အစိုးရအဖွဲ့ကို အလွန်ကျေးဇူးတင်
လေးစားစွာ ထောက်ခံ ကြိုဆိုပါတယ်။

NUG အစိုးရ ကြေညာလိုက်ခြင်း Effects များ

ခဲတံတစ်ချောင်းကို စားပွဲပေါ် တင်ပြီး
အဲ့ဒီ့ ခဲတံ တိုလားရှည်လားလို့မေးရင် ဘယ်လိုဖြေမလဲ။
ဖြေကြည့်။ ဖြေလို့လုံးဝမရဘူး။
နောက် အရှည်မတူတဲ့ ခဲတံနောက်တစ်ချောင်း ဘေးမှာချလိုက်တာနဲ့ Friends တို့ ဖြေလို့ရသွားပြီ။
နှိုင်ယှဉ်မှု ၂ ခုရှိမှ ဘယ်သူကဘာဆိုတာ ရွေးချယ်လို့ရမယ်။

စောက်ကောင်စီက 'ငါအစိုးရပဲ' ပြောတဲ့အချိန် သူ့ဘေးမှာ
အစိုးရတစ်ခုချမပြနိုင်တဲ့အတွက် တရားဝင်ရွေးချယ်မှုမှာ
ပြဿနာ အကြီးကြီးရှိခဲ့တယ်။
ဒါ့ကြောင့် Feb ၁ ရက်ကစလို့ NUG အစိုးရ မကြေညာခင်ထိ
နိုင်ငံပေါင်းစုံက ကူညီခွင့် တရားဝင်မရခဲ့ဘူး။

ခုပြီးပြီ။
CRPH လည်း အခက်အခဲကြားထဲက လုပ်ခဲ့ရတာ။
နောက်ကကိစ္စထားခဲ့တော့။
ရှေ့ကိစ္စ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်

Effect 1

တရားဝင်ကူညီလို့ မရခဲ့လို့ ကြိုဆင်ထားသော နည်းဗျူဟာများ
ခုချက်ခြင်း နိုင်ငံတကာမှ အကောင်အထည်ဖော်ကြတော့မည်။

လူသိရှင်ကြား ပွင့်လင်းစွာ အကောင်အထည်ဖော်ခြင်း နှင့်
လျိူ့ဝှက်စွာ အကောင်အထည်ဖော်ခြင်း ၂ မျိုးရှိရာ
လူထုမှ ပါးနပ်ပေးဖို့လိုပါမည်။

စွတ်အော်နေရင် ကျတော်တို့ကို တုံးသည်ထင်တော့မည်။
သူတို့က မြန်မာကို အရမ်းတော်လို့ အထင်ကြီးနေကြတာ
သတိလေးနည်းနည်းထားပေးပါ။

Effect 2

လူထုကိုသတ်ဖြတ်
ကားရပ်ခိုင်းပြီး ဓားပြတိုက် ငွေလု ရွေလု ဆိုင်ကယ်လု စသည်တို့က
NUG အတွက် အရေးကြီးဆုံးဖြေရှင်းရမည်ကို နားလည်၍

'အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့' (National Guard)
ဖွဲ့စည်းခြင်းကို ကြေညာချက် စာအမှတ် ၁ ဖြင့်
ကြေညာခဲ့ပြီးဖြစ်သည်။
ဒါကိုအရင်ထဲက လျိူ့ဝှက်ပြင်ဆင် ဖွဲ့စည်းနေခဲ့ပြီးဖြစ်သည်။
ဒါဟာ လူထုအတွက်အလိုအပ်ဆုံးပါ။
ဒါ့ကြောင့် အသေအလဲ စိတ်လောပြီး အမြင်မကြည် အဖြစ်ခံ
ဇွတ်တောင်းခဲ့ခြင်းဖြစ်သည်။

Effect 3

မအလ အာစီယံ ခရီးစဉ်ကို
ကျတော်တို့အစိုးရ ကြေညာတာ မှီသွားခဲ့ပါပြီ။
မမှီခဲ့ရင် အများကြီးဆုံးရှုံးမှာ။ ခုတော့ OK ပြီ။
မအလ ဆက်တိုက်ဆက်တိုက် ဝက်ဝက်ကွဲပါပြီ။

Effect 4

NUG ကာကွယ်ရေး ဒုဝန်ကြီးစာကြောင့်
တပ်ထဲမှာ စပြဲပါပြီ။
သူတို့ခိုလွုံဖို့ လူထုအစိုးရ ရွိသြားၿပီ။ ခိုလွုံဖို့လို့ သုံးလိုက္တာ
နည်းနည်းတော့လူလည်ကျသလိုဖြစ်တယ်။
ကျတော်တို့တိုက်ရဖို့ ရန်သူနည်းသွားတာပေါ့။
ဒါကို ဆိုလိုချင်တာပါ။

Effect 5

တိုင်းရင်းသား လက်နက်ကိုင်တွေလည်း စိတ်ပိုင်းဆိုင်ရာ အားဖြစ်သလို တရားမဝင်နိုင်ငံကြီး ၃နိုင်ငံက ဆန့်ငင်ဆန့်ငင်ကူညီနေရာက
ခု လက်နက်တွေရော တစ်ခြားဟာတွေရော တစ်ပျော်ကြီး
ကူညီလို့ရပြီ။

Effect 6

နိုင်ငံတကာစစ်ရေး ကူညီမှု

မဆဲကြနဲ့နော်။
စောင့်ကြည့်လိုက်ပါ။

လူထုဘက်အပါဆုံးနိုင်ငံ အင်္ဂလန်နိုင်ငံတောင်
သူတို့သံရုံး ကိစ္စ ဘာ့ကြောင့် သူတို့ကူညီလို့မရခဲ့သလဲဆိုတာ။

ပေးချက်မပြည့်စုံတဲ့ ပုစ္ဆာတွက်ရခက်ပေမယ့်
ပေးချက်စုံရင် လွယ်ပါတယ်။

Effect 7, 8, 9 ရေးရင် ကုန်မယ်တောင်မထင်ဘူး။

မအလ ဘာဖြစ်မလဲ ?

ကြိမ်းသေပေါက် မသာပေါ် မှာပါ။

ကံကောင်းပြီး ကဒါဖီ လို လမ်းဘေးမှာ ခွေးလို မသေရင်တောင်
အီရတ်က ဟူစိန်လို လည်ပင်းဇက်ကျိုးပြီး သေမှာပါ။
ဘယ်လောက် Percent လဲဆို 200% ပါ။

ဘာလို့ သေမယ်လို့ သေချာပြောနိုင်လဲ လို့မေးရင်

တစ်ချက်တည်းပါ။

နေဝင်း၊ စောမောင်၊ ခင်ညွန့်တို့က
'တက်လမ်း နဲ့ ဆုတ်လမ်း' ၂ လမ်းနဲ့တိုက်တယ်။
'တက်လမ်း' အခြေအနေမကောင်းတော့
'ဆုတ်လမ်း' ကနေ ရဲရဲဆုတ်သွားတယ်။

ဒါ စစ်ခေါင်းဆောင် ပီသတယ်။
ဂျာမန် စစ်ရှုံးတယ်၊ ရဲရဲကြေညာတယ်။
ဂျပန်စစ်ရှုံးတယ်၊ ရဲရဲကြေညာတယ်။
စစ်ခေါင်းဆောင်တွေပီသတယ်။

မအလက စစ်သားစိတ်မရှိဘူး။ သူက ကလေကချေ။
လူထုနဲ့ပြိုင်ပြီး အရွဲ့တိုက် သင်္ကြန်ရေပက်ပြတာကြည့်။

မအလ တိုက်နည်းက 'တက်လမ်း' ပဲ ရှိတယ်။
'ဆုတ်လမ်း' လုံးဝမရှိဘူး။

ခု ဆုတ်လို့ လုံးဝမရနိုင်တော့ဘူး။
ကလေးတွေနဲ့ လူထု တွေကိုအများကြီးကို သတ်ခဲ့ပြီးပြီ။
ပွဲသိမ်းသွားပြီ။

နိဂုံး

ဒါဆို လူထု ပန်းခင်းလမ်း ရောက်ပြီလား။

ဓားတောင်နဲ့ မီးပင်လယ် တစ်ဝက် လျှောက်ပြီးပြီ။
ကျန် မီးပင်လယ်တစ်ဝက်ကို လျှောက်ရပါဦးမည်။

သို့သော်
ချောက်ချားဘွယ် လူထုထီးထီးကြီးလျှောက်ခဲ့ပြီးသွားပြီ။

ခုကစလို့ လူထုဘေးမှာ

သင်တန်းတွေဆင်းပြီးတဲ့ အရည်အချင်းရှိ Gen Z လေးတွေရယ်

တိုင်းရင်းသား လက်နက်ကိုင်တွေရယ်

NUG နဲ့ 'အမျိုးသားကာကွယ်ရေးတပ်ဖွဲ့' တွေရယ်

နိုင်ငံပေါင်းစုံ အဖွဲ့တွေရယ်

ပြီးတော့

ကိုယ်ကိုယ်တိုင် ပွဲတိုင်းမှာ တာဝန်ကျေခဲ့ပြီး ခုလည်း
ကိုယ့်အားကိုယ်ကိုး လျှောက်လှမ်းနေတဲ့၊
CNN သတင်းဌာနတစ်ခုလုံးက ချီးကျူးလေးစားရတဲ့
လူထုကြီးကိုယ်တိုင် ရယ်

လူထုကြီးနားမှာရှိနေတာပါ။

အထူးကျေးဇူးတင်ရှိခြင်း

ကိုပေါ် ဦး နှင့် ဒေါ် ဖြူဖြူသင်း။
ဆက်လက် လူထုရှေ့က ဦးဆောင်ပေးပါဦး။

False Hope ဆိုရင် လိုင်းပေါ် တက်ခဲ့ပါ။

အဖက်ဖက်က ဇာတ်သိမ်းခန်း နီးသွားတဲ့ စစ်သူပုန်အုပ်စု**********************************အာဏာစလုတုန်း ပြည်သူ့ရဲ့ တုံ့ပြန်လာမှု...
18/06/2021

အဖက်ဖက်က ဇာတ်သိမ်းခန်း
နီးသွားတဲ့ စစ်သူပုန်အုပ်စု
**********************************
အာဏာစလုတုန်း ပြည်သူ့ရဲ့ တုံ့ပြန်လာမှုကို
မသိရှာ....ကမ္ဘာ့အဖွဲ့အစည်းများနဲ့နိုင်ငံတကာရဲ့
ဖိအားပေးမှု အရေးယူမှုတွေကိုလည်း
သောက်ဂရုစိုက်စရာမလိုဘူးအထင်နဲ့...

နှစ်နိုင်ငံ...သုံးနိုင်ငံလောက်နဲ့....
ရပ်တည်လို့ ရမယ့်ထင်ခဲ့ပြီ....လုပ်ခဲ့တဲ့...
စစ်သူပုန်အုပ်စုရဲ့ အာဏာလု
အကြမ်းဖက်တဲ့ လုပ်ရပ်....

အခုတော့...အရှေ့တောင်အာရှ
အာဆီယံနိုင်ငံများကပင် လက်မခံ...
ရပ်တည်လို့မရ အုပ်ချုပ်လို့လည်းမရ
ဖြစ်လာခဲ့ပါပြီး ...

မိုက်ဇာတ်သိမ်းဖို့လည်း အတော်ကို
နီးသွားရှာပါပြီ....

ကမ္ဘာ့စည်းမျဥ်း စည်းကမ်းချက်ချမှတ်ထားသည့်​များအရ...

စစ်တပ်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး...တပ်စွဲခွင့် မရှိသည့်နေရာ..
ပစ်ခတ်မှု မလုပ်ရမည့် နေရာနှင့်
အဆောက်အဦးများကို သတ်မှတ်လို့...
သဘောတူချမှတ် ထားပြီးသား ဖြစ်သည်....

(ဆေးရုံများ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများ...အတွင်းဝင်ရောက်
တပ်စွဲခြင်း... စစ်ဘက်ဆိုင်ရာလုပ်ဆောင်မှုများအတွင်း အဆိုပါနေရာများအား ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများ မပြုလုပ်ရ)

ဒီအချက်တွေကို....ကျူးလွန်လုပ်ဆောင်သည့်...
လက်နက်ကိုင်အဖွဲ့အစည်းများသည်....
အကြမ်းဖက်အဖွဲ့အစည်းများသာ ဖြစ်လို့....

အစိုးရအနေဖြင့်ရော...ကမ္ဘာ့အဖွဲ့အစည်းများ
အနေဖြင့်ပါ...အကြမ်းဖက်အဖွဲ့အဖြစ်....
သတ်မှတ်လို့....နှိမ်နင်း ဖြေ ရှင်း ခွင့်ရှိပါသည်....

ယခုအခါ....မြန်မာစစ်သူပုန်တပ်တို့သည်....
အဆိုပါ ကိစ္စရပ်များကို....
ကျူးလွန်ဖောက်ဖျက်နေလို့
(ကုလအဖွဲ့အစည်းမှလည်း Data သက်သေ
Video Files ရရှိထားပြီး ဖြစ်လို့...
ကုလမင်းကြီးက နိုင်ငံတကာကို.....
ကာကွယ်စောင့်ရှောက်ပေးကြရန် ထုတ်ပြန်
တောင်းဆိုလိုက်ပြီ ဖြစ်ပါသည်)

စစ်သူပုန်အုပ်စုကို....အကြမ်းဖက်အဖွဲ့အဖြစ်
ကမ္ဘာ့အဖွဲ့အစည်းနှင့် နိုင်ငံတကာက...
သတ်မှတ်ကာ.....ဝင်ရောက်နှိမ်နင်းခြင်းများ...
ပြုကြတော့မည်လား.....

(စစ်သူပုန်ကတော့ စာသင်ကျောင်းများ
တိုက်ခိုက်ခံရမှုတွင် NUGနှင့် CRPH
ဦးဆောင်သည့်အဖွဲ့က ကျုးလွန်ခြင်းဖြစ်ကြောင်း
စွပ်စွဲပြောဆိုထားသည်)

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလုပြီး
ပြည်သူကို အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့...
စစ်သူပုန်အုပ်စုအတွက်တော့....

အဖက်ဖက်ကနေ ဇာတ်သိမ်းခန်းက....
နီးလာပါပြီ.....ဗျာ...

ဒေါက်တာဇော်ဝေစိုးကို စစ်တပ်ထိပ်သီးပိုင်းက လန့်နေကြတယ်ဆိုတာက အမှန်ပါ၊ ဆိုက်ဝါးတွေဘာတွေလည်း လုပ်မနေကြပါနဲ့။အရင် ၅ နှစ်သက်တ...
18/06/2021

ဒေါက်တာဇော်ဝေစိုးကို စစ်တပ်ထိပ်သီးပိုင်းက လန့်နေကြတယ်ဆိုတာက အမှန်ပါ၊ ဆိုက်ဝါးတွေဘာတွေလည်း လုပ်မနေကြပါနဲ့။

အရင် ၅ နှစ်သက်တမ်းမှာ မန္တလေးက ဆရာဝန်နှစ်ယောက်ရဲ့ "ဇ" ကို သူတို့ သိခဲ့ကြပြီးပြီ။ သူတို့က ဆေးပညာတင် တော်တာမဟုတ်ဘူး၊ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးပိုင်းတွေမှာလည်း တော်ကြတယ်။

အခု ထွက်လာတာက ဒေါက်တာဇော်ဝေစိုး။ ဒါတောင် မန္တလေးက ဒေါက်တာတေဇာဆန်းက အုပ်ချုပ်ရေးပိုင်းထဲ ပါမနေလို့။

ဒေါက်တာဇော်ဝေစိုး ကိုင်ထားတာက ပညာရေးနဲ့ကျန်းမာရေး။ ဒီနှစ်ရေးက လူထုကြီးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ကိစ္စတွေ။ အခြားအရေးတွေနဲ့ မတူဘူး။
ဥပမာ ကာကွယ်ရေး။
ကာကွယ်ရေးဆိုတာ လူနည်းစုနဲ့သွားရတာ။
ကျန်းမာရေးက လူတိုင်းနဲ့ဆိုင်သလို ပညာရေးဆိုတာကလည်း နေ့တဓူဝကိစ္စတစ်ခု။

ဒေါက်တာဇော်ဝေစိုးရဲ မာစတာပလန်တွေနဲ့ လူထုကြီးကို ဆွဲခေါ်သွားမှာကို စစ်တပ်အသိုင်းအဝိုင်းက ကြောက်တာ။
ဒါကြောင့် အွန်လိုင်းသင်တန်းတွေမှာ ဦးဆောင်နေသူတွေကို မရ ရအောင်ရှာပြီး ဖြိုခွဲတာ။ ဆေးကုသမှုအပိုင်းလည်း အတူတူပဲ။
လူထုအကျိုးရှိ မရှိကို သူတို့ မစဉ်းစားဘူး။ အောင်မြင်သွားမှာကို မလိုလားတာ။

လောလောဆယ် သူတို့အကြောက်ဆုံးက WHO အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီတွေနဲ့ ဒေါက်တာဇော်ဝေစိုးက ကိုဗစ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားမှာကိုပဲ။
ပညာချင်းလည်း မယှဉ်နိုင်ဘူး။
ကမ္ဘာနိုင်ငံတွေရဲ့ ထောက်ခံမှုလည်း မယှဉ်နိုင်ဘူး။
ပြည်တွင်းပြည်ပ လူထုထောက်ခံမှုလည်း မယှဉ်နိုင်ဘူး။
ဒါ့ကြောင့် ပတ်မကြီးတွေကို လိုက်ဖောက်နေတာ။

ဆင်မှာပေါ့ညီကိုတွေကို🤣🤣
06/06/2021

ဆင်မှာပေါ့ညီကိုတွေကို🤣🤣

06/06/2021

စစ်ကောင်စီကို နှိမ်နင်းရန် တိုက်ပွဲခေါ်သံပေးတဲ့အခါ
အမှန်တရားအတွက် အားလုံး ပူးပေါင်းပါ၀င်ကြဖို့ မမေ့နဲ့💪💪

06/06/2021

သာယာငြိမ့်ညောင်းလှသောအသံ......
ဒို..ရေ..မီ..ဖာ....🙃🙃
key တွေလည်းကြောင်ကုန်ပီဟ 🤧🤧

ရော့ မုန့်စားဦးတို့ ဓားပြတိုက်လာခဲ့တာ 😜🙃pcrd.....
06/06/2021

ရော့ မုန့်စား
ဦးတို့ ဓားပြတိုက်လာခဲ့တာ 😜🙃

pcrd.....

သင်ကိုယ်တိုင်နိုးထရမဲ့ အချိန်ကို ရောက်လာပြီ ဖြစ်တယ်
06/06/2021

သင်ကိုယ်တိုင်နိုးထရမဲ့ အချိန်ကို ရောက်လာပြီ ဖြစ်တယ်

18/05/2021

မြောက်မြန်မာက Rap စကေး😎

ML ဆော့ချင်သေးလား ဆော့ ရတယ်PUBG ပစ်ချင်သေးလား ပစ် ရတယ်Tiktok သုံးချင်သေးလား သုံး ရတယ်Meme တွေရှဲချင်သေးလား ရွဲ ရတယ်ပုံတွ...
17/05/2021

ML ဆော့ချင်သေးလား ဆော့ ရတယ်
PUBG ပစ်ချင်သေးလား ပစ် ရတယ်
Tiktok သုံးချင်သေးလား သုံး ရတယ်
Meme တွေရှဲချင်သေးလား ရွဲ ရတယ်
ပုံတွေ တင်ချင်သေးလား တင် ရတယ်

ဒါပေမယ့်နိုင်ငံတွင်းဖြစ်ပွားနေတဲ့အရာတွေ
ဘယ်နေရာမှာ မီးလောင်နေတယ်
ဘယ်နေရာမှာ စစ်ဆေးရေးတွေရှိနေတယ်
ဘယ်နေရာမှာ စစ်ခွေးတွေရှိနေတယ်
ဘယ်နေရာမှာ ပစ်နေတယ်
ဘယ်နေရာမှာ ဗုံးပေါက်ကွဲတယ်
ဘယ်နေရာမှာ အဖိခံထားရတယ်
ဘယ်နေရာမှာ ဆွဲခံရတယ်
ဘယ်နေရာမှာ သပိတ်ဖြိုခွင်းခံရတယ်
ဘယ်နေရာမှာ ဘာဖြစ်နေတယ်

စသဖြင့်ပေါ့ speak out လေးတော့လုပ်ပေးကြပါ အခုဟာက စစ်ခွေးကိုဆန့်ကျင်တယ်ပြောပြီး profileကြီးlockခ် ဘာ speak outမှမလုပ် ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ $ချိုး ချိုးနေကြတယ် ရချင်တော့ Democracy ဘာ speak outမှမလုပ်ပဲနဲ့တော့ လီးမှဖြစ်မလာဘူး ပြောချင်တာက နည်းနည်းလေးမှ speak outမလုပ်တဲ့ မိတ်ဆွေဆို မိတ်ဆွေအဖြစ်မှ သူငယ်ချင်းဆို သူငယ်ချင်းအဖြစ်မှ မည်သူမဆိုအကုန် စွန့်လွှတ်မည်

#ကိုယ်တိုင်လိပ်ပြာလုံမလုံဆိုတာကိုယ်တိုင်ပဲသိမှာပါ

ဘဲကြီး.. ဘဲကြီးလည်း ပြည်သူတွေ ၈၀၀ နီးပါးကျဆုံးပြီးတာတောင် ဝမ်းနည်းကြောင်းတစ်ခွန်းမပြောဘူးနော် စိတ်ဓာတ်ပဲ ။ 😏ဒီပုံစံနဲ့ ဖ...
16/05/2021

ဘဲကြီး.. ဘဲကြီးလည်း ပြည်သူတွေ ၈၀၀ နီးပါးကျဆုံးပြီးတာတောင် ဝမ်းနည်းကြောင်းတစ်ခွန်းမပြောဘူးနော် စိတ်ဓာတ်ပဲ ။ 😏
ဒီပုံစံနဲ့ ဖြစ်ပါလိမ့်ဦးမယ် ဓမ္မတာကြီး..

16/05/2021

မြန်မာစစ်တပ်ကို အမေရိကန်ပြည်သူတွေကတောင် အားကျနေရတယ်ဆိုပဲ..
တပ်ထဲမှာဘယ်လို Brain Wash အလုပ်ခံရလည်းဆိုတာ ဒီဗီဒီယိုကြည့်ရင်သိနိုင်တယ် ။

ကသာမြို့မှာ မအလတပ်သားအချို့ စျေးသော့ကိုအတင်းဖွင့်ခိုင်းပြီး စျေးထဲဝင်သွားလို့ စျေးရှေ့မှာလူတွေစုနေကြပါတယ် ။ဘာတွေကြံစည်ကြ...
16/05/2021

ကသာမြို့မှာ မအလတပ်သားအချို့ စျေးသော့ကိုအတင်းဖွင့်ခိုင်းပြီး စျေးထဲဝင်သွားလို့ စျေးရှေ့မှာလူတွေစုနေကြပါတယ် ။
ဘာတွေကြံစည်ကြဦးမလည်း မသိဘူး ။
မြို့တိုင်းကစျေးတွေအတွက် လုံခြုံရေးသတိရှိဖို့လိုပါမယ် ။

ရွှေဘိုမြို့မစျေးကြီးမီးလောင်မူမှာ မီးသတ်ယာဥ်များ ကူညီမည့်သူများ အလွယ်တကူမီးငြိမ်းမရအောင် ​နှောက်ယှက်နေသည့် ရဲတပ်ဖွဲ့ဝင်...
16/05/2021

ရွှေဘိုမြို့မစျေးကြီးမီးလောင်မူမှာ မီးသတ်ယာဥ်များ ကူညီမည့်သူများ အလွယ်တကူမီးငြိမ်းမရအောင် ​နှောက်ယှက်နေသည့် ရဲတပ်ဖွဲ့ဝင်များ..

16/05/2021

မင်းတပ်ကိစ္စနဲ့ NUG ကို နာမည်ဖျက်နေတဲ့အတွေးအခေါ်ကို စပြီးတင်တာ အကြမ်းဖက်အဖွဲ့ဖက်က ဆိုက်ဝါးပဲဖြစ်မယ်။

အဲ့ဒါကို နားယောင်ပြီး မယုံတော့ဘူးဆိုတဲ့ စကားမျိုးပြောတဲ့သူတွေကို ကိုမင်းကိုနိုင် စတုန်းက ပြောခဲ့တဲ့ စကားပဲပြန်ပြောရမယ်၊

ရေဆန်ဖြစ်သည်၊ ပါဝင်လိုသူတိုင်း လှော်တက် တစ်ချောင်းစီရမည်
ဆိုတဲ့စကား။

အားလုံး ဝိုင်းလှော်ရမယ့်အချိန်၊

NUG ပဲလှော်၊ ငါတို့က မိန့်မိန့်ကြီး ထိုင်စီးမယ်၊
လိုရာခရီးကို ရောက်အောင် မလှော်နိုင်ရင် NUG အသုံးမကျလို့ပဲဆိုတဲ့ လူတွေ လှေပေါ်မှာ များနေလို့ကတော့ ဝန်ပိုတာပဲ အဖတ်တင်မယ်။

မင်းတပ်က တော်လှန်နေတဲ့ လူတွေကို တွေ့ရင်မေးကြည့်လိုက်၊
NUG လာကယ်စေချင်လို့ တော်လှန်တာလား၊
NUG ကယ်နိုင်မှာမို့ တော်လှန်တာလား၊

ဘယ်ဟုတ်လိမ့်မလဲ၊ ဒီမိုကရေစီပြန်ရဖို့အရေး တတပ်တအားအနေနဲ့ အကြမ်းဖက်အဖွဲ့ကို အသက်တွေ ဘဝတွေနဲ့ ရင်းပြီးတော်လှန်နေတာ၊

NUG ကို အပြစ်တင်မှာမဟုတ်။

NUG ကိုအပြစ်တင်နေတဲ့ ဆိုက်ဝါးတွေ နားမယောင်မိစေနဲ့။

စနစ်တကျဖြစ်ဖို့ဆိုတာ ရရာလက်နက်စွဲကိုင်ပြီး ချက်ချင်းထချလို့ရတာမဟုတ်ဘူး။

အနည်းဆုံး သက်လုံမှ မကောင်းရင် ဘာမှ လုပ်မရဘူး။
တကယ်တမ်းဆုတ်ပြေးလို့ ၁၅ မိနစ်လောက်နဲ့ မောနေရင် ခဏနားမယ်၊ ဘွာတေးလုပ်လို့မရဘူး ပစ်ခံရမှာ။
ချီတက်မယ်ဆို မိုင် ၄၀-၅၀ ချီတက်ရမှာ

ကိုယ့်ဟာကိုယ်ပဲ လမ်းမပေါ်ပြေးကြည့်အုံး ဘယ်လောက်ခံမလဲဆိုတာ၊
ကိုယ့်ဟာကိုယ်ပဲ လမ်းလျှောက်ကြည့်အုံး ဘယ်နှစ်ကီလို လျှောက်နိုင်မလဲဆိုတာ။
တကယ်တိုက်ရင် တောထဲတောင်ထဲ ကုန်းတက်ကုန်းဆင်းပြေးရ ချီတက်ရမှာ။

နည်းနည်းတော့ စဉ်းစားကြ။
မြန်မာ့တော်လှန်ရေးသမိုင်းမှာတောင် မကျေနပ်ချက်နဲ့ ရရာလက်နက်စွဲကိုင်တော်လှန်တာ တစ်ခါမှ အင်္ဂလိပ်ကို မနိုင်ခဲ့ဘူး။
အဲ့ဒါဂျင်းကြီးတွေနဲ့ ဇာတိသွေး ဇာတိမာန်တွေတက်ကြွပြီး မြန်မာ့သွေးနီတယ်ကွ လုပ်မနေနဲ့၊
သေချင်တာလား အနိုင်ရချင်တာလား ကိုယ့်ဟာကိုယ်အရင်မေး။

တော်လှန်ရေးအောင်မြင်ဖို့က စနစ်တကျစီစဉ်၊ လေ့ကျင့်ဖို့ဆိုတာလဲ အရေးကြီးတယ်။

၁ လ၊၂ လ လောက် နဲ့ ကိုယ့်ဟာကိုယ်ပဲ ဘယ်လောက်တိုးတက်နိုင်လဲ အရင် ကျင့်ကြည့်အုံး၊

ကိုယ်တိုင်ဝင်မပါတာ အပြစ်မဟုတ်ဘူး။
ဝင်လဲမပါဘူး တကယ်အောင်မြင်အောင်ကြိုးစားနေသူတွေကို ယုံကြည်မှုလဲ မပေးနိုင်ဘူးဆိုရင်တော့ အပြစ်ဖြစ်ပြီ။

အားလုံးသိထားဖို့က

နိုင်ငံတကာက စစ်အကြမ်းဖက်အဖွဲ့ကို လက်မခံနိုင်သေးတာ NUG ကြောင့်

နိုင်ငံကြီးတွေရဲ့ အစိုးရတွေ လက်ခံစကားပြောနေတာ စစ်အကြမ်းဖက်အဖွဲ့မဟုတ်ဘူး၊ NUG အစိုးရအဖွဲ့ဝင်တွေ

စစ်အကြမ်းဖက်အဖွဲ့ ခုထိ ခြေကုတ်မရ၊ အနိုင်မယူနိုင်သေးတာ CRPH နဲ့ NUG ပေါ်လာလို့

အဲ့လောက်တော့ သိထားလိုက်။

တကယ် ဒီမိုကရေစီပြန်ရချင်ရင်၊ စစ်အကြမ်းဖက်အဖွဲ့ ပြုတ်ကျချင်ရင် အပြစ်မတင်နဲ့၊

လှော်တက်တစ်ချောင်းယူပြီး နိုင်သလောက် ဝင်လှော်၊

သူများတွေလှော်တာမိန့်မိန့်ကြီး လိုက်စီးမယ်ဆိုလဲ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေး လိုက်၊

ကိုယ်စီးနေတဲ့ လှေကို ရေဆန်မှာ လှော်နေတဲ့သူတွေ ပဲ့ကိုင်တွေကို မယုံဘူးဆိုလဲ ခုန်သာချသွားလိုက်။

16/05/2021

လင်ရှာ မယားရှာပိုစ့်တွေရပ်ပေးကျပါအုံး
မီးလောင်တဲ့မြို့တွေ..... အဖိခံနေရတဲ့မြို့တွေ
မင်းတို့မြို့မဟုတ်လို​့...မင်းနဲ့မဆိုင်ဘူးထင်ရင်လည်း ဖင်ခံလိုက်နော်.....

ဘယ်မင်းတက်တက်ကိုယ်လုပ်မှကိုယ်စားရတာလို့တွေးနေတာက မင်းဦးနှောက်ကို စစ်ခွေးမုဒိန်းကျင့်လိုက်လို့လား🙂

ကုန်ဈေးနူန်းက တစ်ရွေ့ရွေ့တက်လာတယ်...
လစာထုတ်ရက်ဆိုရင်ကိုယ့်ပိုက်ဆံကိုယ်တောင်တန်းစီထုတ်နေရတဲ့ခေတ်ပျက်ကြီး....

မိန်းမမြင်မုဒိန်းပါကျင့်နေကျပြီ....
မင်းတို့နဲ့မဆိုင်သေးဘူးလား🙂
မင်းအမေ မင်းနှမ မင်းအမ မင်းကောင်မလေးကို
ကျင့်မှမင်းနဲ့ဆိုင်မှာလား....🙃

မင်းကစော်\ဘဲ လိုချင်လို့ ဈေးဗန်းခင်းချိန်မှာ...
တစ်ချို့လူတွေဈေးရောင်းစရာတောင်မရှိတော့ဘူး
မင်းနဲ့မဆိုင်သေးဘူးလား....

လက်နက်အင်အားမမျှပဲဘာတက်နိုင်မှာလဲလို့
စောင့်ပိန်းစကားမပြောနဲ့.....
မင်းတို့တက်နိုင်တာအများကြီးရှိတယ်
သတင်းတွေပြန်ဖြန့်ပေး....အားပေးစကားလေးပြောပေး keyboard fighters လုပ်ပြီး လိပ်ပြာလုံစမ်းပါ
လိပ်ပြာအလိုးမခံချင်စမ်းနဲ့.....

မတက်နိုင်ရင်တက်နိုင်တဲ့ဘက်က ကူ....
ဘာမှမတက်နိုင်တဲ့အဆုံး အပြောင်အပျက်
လင်ရှာစော်ရှာပိုစ့်တွေတင်တာရပ်ပေး....
နားလည်လား......ကိုယ်ဖေကိုလိုးတို့ မအေလိုးတို့🙂

ရိုင်းသွားရင် ဆောတီး 🙃

Telenor က Free ပေးတယ်ဆိုပြီး နင်းကန်ဆွဲနေကြတဲ့သူတွေ နည်းနည်းလောက်တော့ သူတို့ဖက် ပြန်ကြည့်နော့ ပုံမှန်ပဲ သုံးကြပါဗျ ပုံမှ...
14/05/2021

Telenor က Free ပေးတယ်ဆိုပြီး နင်းကန်ဆွဲနေကြတဲ့သူတွေ နည်းနည်းလောက်တော့ သူတို့ဖက် ပြန်ကြည့်နော့
ပုံမှန်ပဲ သုံးကြပါဗျ
ပုံမှန်ဆိုတာမှာ ယူကျု့ကြည့်တာ ဘာညာလောက်ထိ အိုကေပါသေး ။
ပြန်ရောင်းစားဖို့ ဗီဒီယိုတွေ နင်းကန်လှိမ့်ဒေါင်းနေတာမျိုးတော့ မလုပ်ကြပါနဲ့ဗျာ ။
သူတို့လည်း အလကားရနေတာမဟုတ်ဘူးဆိုတာကို နည်းပညာသမားတွေ နားလည်ကြမှာပါ

သိသိရက်နဲ့လွှတ်ပေးထားတယ်ဆိုတာ တော်လှန်ရေးအတွက် တတ်နိုင်သလောက် သူတို့ လုပ်ပေးနေခြင်းပါပဲ ။ Month Unlimited Call Plan တွေ ၊ Unlimited SMS တွေ ၊ စျေးပေါတဲ့ International Package တွေဆိုတာ သူတို့ အရှူံးခံပြီး ကိုယ်တွေအတွက်ထောက်ပံ့နေတာမျိုးပါ ။

နည်းနည်းသိတတ်ဖို့ပါ

Crd

Address


Website

Alerts

Be the first to know and let us send you an email when Bhone Nay Khit - Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share