U Gyit Feelings 101

  • Home
  • U Gyit Feelings 101

U Gyit Feelings 101 ဦးဂျစ်ဖီးမယ်

11/04/2021

အထီးကျန်တယ်ဆိုတာ
တစ်ယောက်တည်းဖြစ်နေမှလို့ထင်ခဲ့ဖူးတယ်

နှစ်ယောက်ဖြစ်တော့လဲ
သူရဲ့ဂရုစိုက်မှုတွေ မခံရတဲ့အခါ
သူနဲ့ မတွေ့ရတဲ့အခါ
ကိုယ့်စကားကို သူနားမထောင်တဲ့အခါ

အထီးကျန်ရတာပါပဲ...

(11.4.2021)

25/03/2021

နှစ်ပေါင်းများစွာ ကိုယ်ချစ်ကိုရှာပြီး
ပျော်ရွှင်မှုတွေပျောက်ဆုံးနေတဲ့
ကိုယ့်ဘဝထဲကို ကိုကြီး
မတည့်တာတွေ မစားနဲ့
စိတ်ညစ်အောင်လည်း မနေနဲ့
အတတ်နိုင်ဆုံးတော့ မလုပ်မိအောင် ကြိုးစားနေတယ်ဆိုပြီး သူဝင်လာခဲ့တယ်

ကိုယ့်အတွက်ပျော်ရွှင်ခွင့်မရှိတဲ့
ဘဝကြီးမှာ ကိုယ်အရမ်းပင်ပန်းခဲ့ရပြီးပြီ
အဲ့ဒါကြောင့် ကိုယ့်ကိုပျော်စေချင်တဲ့သူကိုပဲ
ကိုယ်ကလဲ ပျော်ရွှင်မှုတွေပြန်ပေးဖို့ ဆုံးဖြတ်လိုက်တယ်

🥰25.3.2021-12:35AM🥰

ကလေးကိုကျနော်မုန့်မပေးဘူးနော်
ကလေးက ကျနော်ကိုအပျော်တွေပေးလို့ ကျနော်လဲကလေးကို အပျော်တွေပြန်ပေးလိုက်တာ 😁

(25.3.2021)

"နွေးဦး မျက်ရည်"အဓမ္မကို ဓမ္မနဲ့တော်လှန်ဓမ္မသမားဟာ အဓမ္မကိုအဓမ္မနဲ့ မဖြေရှင်းမတရားမှုကို ကြံကြံခံရွံ့ရှာ မုန်းတီး စိတ်ဒ...
26/02/2021

"နွေးဦး မျက်ရည်"

အဓမ္မကို ဓမ္မနဲ့တော်လှန်
ဓမ္မသမားဟာ အဓမ္မကို
အဓမ္မနဲ့ မဖြေရှင်း

မတရားမှုကို ကြံကြံခံ
ရွံ့ရှာ မုန်းတီး စိတ်ဒေါသကိုထိမ်း
ခက်တင်းတင်းအံကိုကြိတ်
ကျလာတဲ့မျက်ရည်စက်တွေက
ကြောက်ရွံ့မှုကင်းတယ်
အဓမ္မ ကင်းတယ်

အနာဂတ်ကိုရည်မှန်း
ဓမ္မနဲ့ပဲ ဆက်လှမ်း
ဓမ္မနဲ့ပဲ ချီးတတ်
ဓမ္မနဲ့ပဲ တိုက်ပွဲဝင်
ဓမ္မနဲ့ပဲ ဖြေရှင်းတဲ့
ဒီနွေးဦးမျက်ရည်စက်တွေဟာ
လူပီသစွာ ပန်းတိုင်သို့
အားမာန်အပြည့်နဲ့...

(26.2.2021)

22/02/2021

ကိုယ့်ကိုယ်ကိုတောင်
အကောင်းမွန်ဆုံးဖြစ်အောင်
မပြုပြင်နိုင် မတည်ဆောက်နိုင်တဲ့
ကျနော်ဘဝထဲကို ဘယ်သူကိုမှ
ဆွဲမခေါ်တော့ပါဘူး...

သုခတွေပဲပေးချင်တယ်..
ဒုက္ခတွေမပေးချင်ဘူး...

ကျနော်က တစ်ယောက်တည်းနေဖို့
မွေးဖွားလာသူဆိုတာ ကျနော်ကောင်းကောင်းသိခဲ့ပြီ...

(22.2.2021)

14/02/2021

တိုင်းပြည် ခွေးသိမ်းထားတော့

အချစ်ရေ...
တိုင်းပြည်အတွက်လဲပူ
မင်းအတွက် မင်းလဲပူ
အစစအရာရာ ဂရုစိုက်ပါကွယ်

ကိုယ်လဲ...
တိုင်းပြည်အတွက်ပူ
မင်းအတွက်ပူ
ကိုယ့်အတွက်လဲပူနဲ့
စိုးရိမ်နေရတယ်...

ဒီအရေးကြီးပြီးရင်
မင်းမချစ်တဲ့ကိုယ်
မင်းကို ပြုံးနိုင်အောင်
ဖန်တီးပေးချင်ပါသေးတယ်...

(14.2.2021)

13/02/2021

မနက်ဖြန်မှာ ပြောချင်တာတွေ
ပေးချင်တာတွေ ရှိပေးမယ့်

ဘာမှ မပေးတော့ မပြောတော့ပါဘူး

ကျနော် ရင်ထဲမှာ
ခင်ဗျား အမြဲ ရှိနေပါတယ်

နိုင်ငံရေးအခြေနေတွေကြောင့်
အစစအရာရာ ဂရိုက်ပါ

31/01/2021

ချစ်တဲ့သူအဖို့
အမုန်းကစ ချိုမြိန်နေတာမျိုး ☺️

(31.1.2021)

30/01/2021

2 Month 🗣

နာလည်မှုတွေပိုမလာခဲ့ဘူး
လွဲမှားမှုတွေနဲ့ ပိုပိုဝေးခဲ့ရတယ်

နေ့လား ညလား ဘာတွေဆက်ဖြစ်မလဲ
မသိသေးတဲ့ ကိုယ်အခြေနေကြောင့်
နောက်ဆုံးလို့မှတ်ယူပြီး
သံယောဇဥ်တွေကို ဖြတ်နိုင်အောင်ပဲ
ကိုယ်လဲကြိုးစားနေမိတယ်

Hide လုပ်ပြီးတင်နေတဲ့ Mydayတွေကလဲ
ကိုယ့်ကိုအထောက်ကူ​ပြုပါတယ်
ကျေးဇူးတင်ပါတယ်

(30.1.2021)

29/01/2021

ဖြစ်ပြီးရင်ပျက်ရတဲ့
မမြဲခြင်းတရားကိုသိပါတယ်

ဆိုးဆိုးဝါးဝါးခံစားရတဲ့
ဝေဒနာ ဘေးဒုက္ခကတော့
လွတ်ကင်းချင်မိတယ်

ပျက်ရင်ပျက်လိုက်ပါ
ခန္ဓာဝေဒနာရော စိတ်ဝေဒနာရော
မခံစားချင်တော့ဘူး

(29.1.2021)

25/01/2021

" ကြိုး "

23/01/2021

ချစ်တဲ့ကိုယ်ကပဲ မှားတဲ့သူဖြစ်ပါစေ...

(23.1.2021)

သိသင့်သိထိုက်တာတွေကိုအပိုတွေမပါပဲ အမှန်အတိုင်းလဲပြောပြ ရှင်းပြပြီးပြီသူခံယူချက်နဲ့ သူအသိဉာဏ်ရှိသလိုဆုံးဖြတ်ပါလိမ့်မယ် အဲ...
22/01/2021

သိသင့်သိထိုက်တာတွေကို
အပိုတွေမပါပဲ အမှန်အတိုင်းလဲ
ပြောပြ ရှင်းပြပြီးပြီ

သူခံယူချက်နဲ့ သူအသိဉာဏ်ရှိသလိုဆုံးဖြတ်ပါလိမ့်မယ် အဲ့ဒါသူ့အပိုင်း

ကိုယ့်အပိုင်းကတော့
သူ့အပေါ် ကိုယ့်ခံယူချက်နဲ့
ကိုယ်အသိဉာဏ် ရှိသလို ကိုယ်ပေးတတ်သလိုအကောင်းဆုံးဖြစ်အောင်ပေးခဲ့တာမို့
ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်

ကိုယ့်ဘက်မှာ ကိုယ်ကဖြူစင်သလို
သူ့ဘက်မှာလဲ သူကဖြူစင်နေမှာပဲ

တစ်ဦးနဲ့တစ်ဦး ခံယူချက်တွေအသိအမြင်​တွေ ဆုံးဖြတ်ချက်တွေ တူမှမတူနိုင်တာ
အဲ့တော့ ချစ်တဲ့ကိုယ်ကပဲ မှားတဲ့သူ ဖြစ်ပါစေ...

(ချစ်မိတာမှားတယ်ဟုဆိုလိုသည်မဟုတ်ပါ)

ကိုယ့်အတွက်ကိုယ် ဆုတောင်းရတာမျိုးကို မနှစ်သက်ပေးမယ့်
ဆုတောင်းလို့တာ ပြည့်မယ်ဆိုရင်လေ

ဘယ်ဘဝပဲရောက်ရောက် အရမ်းချစ်မိတတ်တဲ့သူ မဖြစ်ပါရပါစေနဲ့လို့ဆုတောင်းချင်မိတယ်

ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တဲ့
ကိုယ့်အတ္တတွေကြောင့် ကိုယ်ချစ်တဲ့သူပဲ စိတ်အနှောက်ယှက်ဖြစ်သွားရတယ်
ဒါကြောင့်မို့ နောက်ထက်ဘာမှထုတ်မပြတော့ပဲနေသွားပါတော့မယ်...

SWA 22.1.2021

21/01/2021

ငါမကောင်းရင် ငါ့ကိုဆဲပါ
မျက်နှာရှေ့တည့်တည့်ကတော့ဖြစ်ပါစေ 😇

19/01/2021

ကိုယ်ချစ်ရတဲ့သူရဲ့ ပျော်ရွှင်မှုအတွက်
တစ်ထောင့်တစ်နေရာက
ပါဝင်ခွင့်ရလိုက်ပါလားဆိုတဲ့
အတွေးနဲ့ ကျနော်မှာ ပီတိတွေဖြစ်လို့ 😌

ကျနော်မျှော်လင့်တာ သူပျော်ရွှင်နေတာ
ဖြစ်လို့ သူနဲ့အနီးဆုံးကမှမဟုတ်ပဲ သူထားတဲ့ ဘယ်နေရာကပဲဖြစ်ဖြစ် သူပျှော်ရွှင်မှုအတွက် တစ်ထောင့်တစ်နေရာကနေပါဝင်ပတ်သက်ခွင့်ရရင်ကို ကျနော်ကျေနပ်နေပါပြီ 😌

U Gyit ( 19.1.2021)

17/01/2021

အချစ်ရဲ့ရလဒ်

09/01/2021

ကျနော်မရှိလဲအဆင်ပြေနေတဲ့ ခင်ဗျားကို

ကျနော်ရှိမှ အဆင်ပြေမယ့် အဖြစ်မျိုး
ဖြစ်အောင် မဖန်တီးတော့ပါဘူး

ခင်ဗျားကို ကျနော်လိုမျိုးမခံစားစေချင်ဘူးလေ...

U Gyit (9.1.2021)

05/01/2021

သူဆီက
မောနင်း ဂွတ်နိုက် ဆိုတဲ့
စာလေးတွေ မလာတာတောင်
တစ်လကျော်ခဲ့ပြီ...

ကိုယ်ချစ်တဲ့သူကို
ချစ်တဲ့အကြောင်း ပြောလိုက်တာဟာ
ကိုယ်မလိုချင်တဲ့
သူဆီက ဥပေက္ခာတွေ ရဖို့
ဖြစ်လာခဲ့တယ်...

အချစ်ကိုမရတာထက်
ဥပေက္ခာတွေ ရနေတာက
ပိုနာကြင် ပိုခံစားရတယ်... 😔

​ကိုယ်လုပ်ရပ် အပြုအမှု
အပြော အဆိုတွေက သူ့ကို
အနှောက်ယှက် ပေးသလို
ဖြစ်သွားမှာစိုးရလို့ မျိုးသိပ်ရင်း
ခံစားနေရတာတွေ အရမ်းများနေပြီ 😔

ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမလား?
ကိုယ့်ကံကြမ္မာကိုယ်ပဲ အပြစ်တင်ရမလား?

တကယ်ပါ ဘဝမှာ ကိုယ်မှကိုယ်ဆိုပြီး
သဲသဲလှုပ်ပြန်ချစ်မယ့်သူ မရရင်နေပါစေ...
ကိုယ့်ကိုပြန်မချစ်လဲနေပါစေ...

ကိုယ်ပေးတဲ့အချစ်ကိုတန်းဖိုးထားပြီး
ကိုယ့်အချစ်ကို အသိအမှတ်ပြုပေးရင်ပဲကျေနပ်ပါပြီ...

ချစ်ကံမကောင်းတဲ့ကိုယ်
ဒီထက်ပိုပြီး ဘာမှလဲမမျှော်လင့်ရဲပါဘူး

(5.1.2021)

03/01/2021

😌

01/01/2021

ခင်ဗျားကို ချစ်တဲ့ စိတ်နဲ့
ခံယူချက်တွေ ပြောင်းပြီး
ကြိုးစား နေတာပါ...

ကျနော်ရဲ့ ကြိုးစားမှုကို
အသိမှတ် မပြုနိုင်ရင်လဲ...

ဥပေက္ခာတွေ ပေးနေမယ့်အစား
အပြတ်တာ ငြင်းလိုက်ပါတော့ဗျာ...

ကျနော်လဲ တရားဝင်
အသည်းကွဲလို့ရတာပေါ့...

UGyit (1.1.2021)

😊 1 Moon 😊အချစ်ရေ...တတ်လို့ပြောတာ မဟုတ်ပါဘူး'စစ်'လို့ ပြောတဲ့ 'စကား'တွေပါ...တမြတ်တနိုးနဲ့ ဖွင့်ဟတဲ့ စကားတွေမို့...မင်းနှ...
30/12/2020

😊 1 Moon 😊

အချစ်ရေ...
တတ်လို့ပြောတာ မဟုတ်ပါဘူး
'စစ်'လို့ ပြောတဲ့ 'စကား'တွေပါ...

တမြတ်တနိုးနဲ့ ဖွင့်ဟတဲ့ စကားတွေမို့...
မင်းနှလုံးသားက မကြားဘူးဆိုတာ
မဖြစ်နိုင်တာ...

ဘာလို့ မနိုးထ သေးတာလဲကွယ်...

26/12/2020

ကျနော်လဲ...လူပဲ
ခံစားချက်ရှိတော့
နေ့တိုင်း...ကြေကွဲနေရပါတယ်

စားမဝင်တာကို
ကျိတ်မှိတ်စားလိုက်တယ်

အိပ်မပျော်ခြင်းကိုတော့
မဖြေရှင်းနိုင်သေးဘူး

တစ်ချိန်လုံးခံစားနေလို့
မဖြစ်ဖူး ဆိုတဲ့အသိနဲ့...
(အဲ့အသိဝင်ဖို့ အတော်ရှုန်းကန်လိုက်ရတယ်)

အချစ်နဲ့ဘဝကို တစ်ကန့်ဆီခွဲပြီး
နေတတ်အောင်...နေတယ်

ဝမ်းနည်းစရာရှိလာရင်
ဝမ်းနည်း...လိုက်တယ်...

အရင်လိုတင်းခံမနေပဲ...
ငိုချင်ရင်...ငိုပစ်လိုက်တယ်...

ရယ်စရာရှိရင်...ရယ်ပစ်လိုက်တယ်
ပြုံးစရာရှိရင်...ပြုံးပစ်လိုက်တယ်...

သေလူအဖြစ်သတ်မှတ်ပြီး
အဓိပ္ပာယ်မဲ့စွာအချိန်တွေကို
ဖြုန်းတီးခဲ့တဲ့အတွက်...

ကိုယ်လုပ်ရမယ့်...အရာတွေကို
သိလာတဲ့အခါ...

ကျနော်မှာ... ကျနော်ဘဝအတွက်
လုပ်စရာတွေ... အများကြီး...
အဲ့အတွက်... အချိန်တွေ...ပေးရအုံးမယ်

အချစ်ဆိုတာ ဘဝရဲ့
တစ်စိတ်တစ်ဒေသ
အချစ်ဆိုတာ ဘဝရဲ့
တစ်စိတ်တစ်ပိုင်းပါပဲ
အချစ်ကဘဝမှ မဟုတ်တာ
တစ်ချိန်လုံး ခံစားနေလို့
မဖြစ်ဘူးလေ...

24/12/2020
အဖေဆိုတဲ့ခေါင်းစဥ်နဲ့ အကြောင်းအရာလေးကိုဖတ်မိတော့...လွန်ခဲ့တဲ့ ၈လလောက်ကအဖေနဲ့​ပြော ဖြစ်တဲ့ဖြစ်စဥ်လေးကိုသတိရလာတယ်...အဲ့ဒီန...
17/12/2020

အဖေဆိုတဲ့
ခေါင်းစဥ်နဲ့ အကြောင်းအရာလေးကို
ဖတ်မိတော့...

လွန်ခဲ့တဲ့ ၈လလောက်က
အဖေနဲ့​ပြော ဖြစ်တဲ့ဖြစ်စဥ်လေးကို
သတိရလာတယ်...

အဲ့ဒီနေ့က
အိမ်မကြီးရဲ့ မျက်နှာစာ
တောင်ဘက်တိုင် အခြမ်းနားမှာ
အဖေ မြက်ပေါက်ရင်း
ခါးအာရုံကြောညှပ်ထားတဲ့ဒဏ်နဲ့
ဘာမှမလုပ်နိုင် မကိုင်နိုင်
အိပ်ယာထဲ လှဲနေလိုက်
ဂိမ်းလေး ဆော့လိုက်နဲ့
အချိန်ကုန်နေတဲ့ ကျနော်ကို
ကျနော်ကိုပြောတယ်...

မကန်ပါနဲ့ ပြောလဲမရဘူး
အခုလိုဖြစ်တော့ မင်းကို
ဘယ်သူက လာမေးလဲ?
မင်းဘာလုပ်စားမှာလဲ?
မင်းဘာလုပ်ဖို့စဥ်းစားထားလဲ? တဲ့

အဲ့ဒီအချိန်က
ကျနော်ဘာမှမစဥ်းစားပဲ
ကျနော်ခံစားချက်အတိုင်း
ကျနော်ငိုပြီးတော့ ဖြေခဲ့တယ်

" သားအတွက် ဘာမှမလိုဘူး
သားက ကိုယ့်ကိုကိုယ်
သေလူလို့ သတ်မှတ်ပြီး နေနေတာ
အဖေတို့ ပိုင်ဆိုင်တဲ့ဟာ ရှာထားတဲ့ဟာ
ကြိုက်တဲ့နေရာမှ ကြိုက်သလိုလှူ
ကြိုက်သလိုသုံး သားမမက်မောဘူး
သား အသက်ရှင်နေတာ
ပျော်နေလို့ မဟုတ်ဖူး
ငါမိဘတွေ အသက်ကြီးလာပြီ
ငါမိဘတွေ အသက်ရှင်နေတဲ့အချိန်ကို
တတ်နိုင်သလောက် ပြုစုသွားမယ်ဆိုတဲ့
စိတ်တစ်ခုနဲ့ပဲ အသက်ရှင်နေတာ
မဟုတ်ရင် သားကိုသားသတ်သေပြီးပြီ "

အဲ့လို​ဖြေလိုက်တဲ့
ကျနော်အဖြေကြောင့်
အဖေဟာ ပေါက်နေတဲ့မြက်ကို
ဆက်မပေါက်တော့ပဲ
မြေကြီးပေါ်ဖင်ချထိုင်ပြီး
ဝမ်းနည်းတဲ့ ရင်ခေါင်းသံကြီးနဲ့
ကျနော်ကို ပြောခဲ့တယ်

"မင်းတို့က တစ်လွဲအတွေးတွေနဲ့ကွာ
အခု ငါ့အသက် ၆၁ထဲမှာ
ဘယ်သူအရင်သွားရမယ်ဆိုတာ
မပြောနိုင်ဘူး တော်တော် တော်" ဆိုပြီး
ဘာမှအဖေဆက်မပြောတော့ပဲ
အဖေမြက်လဲ ဆက်မပေါက်တော့ပဲ
အဲ့အတိုင်းကြီး ဆက်ထိုင်နေခဲ့တယ်

ကျနော်သိပါတယ်
လူလောကကြီးထဲမှာ နေရတာမပျော်လို့
အဆုံးစွန်ထိ အရှုံးပေးပြီး နေနေတဲ့
သားဖြစ်သူအတွက် သူ့ဘယ်လောက်ထိကြေကွဲခံစားနေခဲ့ရမလဲဆိုတာ

ဒါပေးမယ့်
ကျနော် မိဘတွေခံစားချက်ကို
ထည့်မစဥ်းစားနိုင်ဘူး
ကျနော်ရဲ့မပျော်ရွှင်ခြင်းကိုပဲ
ကျနော်သိတယ် ဘယ်လို
ပျော်အောင်နေရမလဲ ဆိုတာ
ကျနော်ဒီနေ့အထိ
အဖြေမရှာနိုင်သေးဘူး...

အဲ့ဒီလို​ ဖြေပြီးတဲ့နေ့ကစပြီး
ဒီနေ့အထိ အဖေ ကျနော်ကို
မေးခွန်းတွေ ဆက်မမေးတော့ဘူး
ကျနော်ရဲ့ နေထိုင်မှုအပေါ်
အပြစ်တင်စကား ဆုံးမစကားတွေလဲ
မဆိုတော့ဘူး...

ကျနော်က
အချိန်တွေကို အမြန်ကုန်ဆုံးပြီး
ဒီဘဝကြီးကို နူတ်ဆက်ချင်စိတ်တွေ
အပြည့်နဲ့လူမဟုတ်လား

အဲ့ဒါကြောင့်
ကျနော်ကိုအနေကြပ်စေမယ့်
အရာတွေမလုပ်မိ မပြောမိအောင်
စိတ်မကောင်း ခြင်းများစွာနဲ့
သူကျနော်ကို လွှတ်ပေးထားပြီး
နေနေတယ်ထင်ပါရဲ့...

ပြီးတော့
ကျနော် မကောင်းတာ
မဟုတ်တာ မလုပ်ဖူးဆိုတာရယ်
သူတို့အတွက် ကျနော်မပျော်ပေးမယ့်
ဆက်ရှိပေးနေအုံးမယ်ဆိုတာ
ကိုတော့ အဖေယုံတယ်လေ...



စားဖို့ သောက်ဖို့ နေဖို့
မပူပင်ရပေးမယ့် မပျော်နိုင်တဲ့
အကြောင်းအရာတွေ ကျနော်မှာရှိတယ်

" သူ့ကိုစမြင်ဖူးတဲ့နေ့ "မှတ်မိပါသေးတယ် အဲ့ဒီနေ့ကဘေးက သူနဲ့အဖော်ပါလာတဲ့မိန်းကလေးတစ်ယောက်ရဲ့လက်မောင်းလေးကိုကိုင်ချိတ်လေးချ...
16/12/2020

" သူ့ကိုစမြင်ဖူးတဲ့နေ့ "

မှတ်မိပါသေးတယ် အဲ့ဒီနေ့က
ဘေးက သူနဲ့အဖော်ပါလာတဲ့
မိန်းကလေးတစ်ယောက်ရဲ့
လက်မောင်းလေးကို
ကိုင်ချိတ်လေးချိတ်လို့
သူနဲ့ကျနော်အကြည့်ချင်ဆုံမိတဲ့
စက္ကန့်ပိုင်းအကြာ အချိန်အခိုက်တန့်လေးကို

သူလဲတစ်ခါမှမရောက်ဖူးတဲ့နေရာမို့
စူးစမ်းတဲ့အကြည့်လေးနဲ့
ကြည့်နေတုန်း
သူနဲ့ကျနော်အမှတ်မထင်
အကြည့်ချင်ဆုံတဲ့အချိန်လေးပေါ့

(အဲ့ဒီစက္ကန့် အပိုင်းအခြား အချိန်လေးပါပဲ
သူ့ကိုကျနော် ကြည့်ခဲ့မြင်ခဲ့ဖူးသေးတာက)

ပြီးတော့
ကျနော်ရဲ့အကြည့်ကို
တခြားနေရာလွှဲလိုက်တယ်
ကျနော်သူ့ဘက်ကို နောက်ထက်တောင်
လှည့်မကြည့်ခဲ့မိဘူး

ကျနော်မှတ်မိသလောက်ဆို အဲ့နေ့က
သူဝတ်ထားတဲ့င်္အကျီးလေးက
မိတ်ကပ်ရောင်လိုလို
လိမ္မော်ရောင်ဆန်ဆန်လေးမှာ
ပန်းခက်လေးတွေနဲ့ လားပဲ
ပြောင်တော့မဟုတ်တာ သေချာတယ်
အပေါ်မှာ လက်ရှည်တစ်ထပ်လဲ
ပါသေးတယ်ထင်တယ်
သေချာတော့ မမှတ်မိတော့ပါဘူး

ကျနော်သူ့ကို မြင်ခဲ့တာ
၅စက္ကန့်တောင်ပြည့်မယ်မထင်

လိုင်းပေါ်မှာတော့ မြင်နေ တွေ့နေ ပြီး
စကား​နည်းနည်းပါးပါး
ပြောဖြစ်ခဲ့ဖူးတယ်ပေါ့

အဲ့ဒီမိန်းကလေးကို
လွန်ခဲ့တဲ့၄လဝန်ကျင်ကစပြီး
ကျနော် ချစ်မိသွားခဲ့တယ်

သူ့အကြောင်းလဲဘာမှမသိ
သူ့ကိုလဲကောင်းကောင်းမမြင်ဘူးပဲ
ကျနော်အခုလိုတွေဖြစ်နေတာ
ခင်ဗျားတို့အတွက်
ရယ်စရာဖြစ်ရင်ဖြစ်နေလိမ့်မယ်
(အဲ့ဒီထက်ပိုဆိုးတာက သူ့အချစ်ကိုပြန်မရနိုင်မှန်းသိသိကြီးနဲ့ ကျနော်သူ့ကိုချစ်နေမိတာပဲ)

ကျနော်ကတော့
ကိုယ့်ကိုကိုယ်အံသြမိရုံပါပဲ
ဘာလို့လဲဆိုတော့
တစ်စုံတစ်ယောက်အပေါ်ထားခဲ့တဲ့
ချစ်ခြင်းမျိုး
ကျနော် နောက်ထက်ဘယ့်သူဆီကိုမှ
ထားနိုင်မှာ မဟုတ်ဖူးလို့
ထင်မှတ်ထားခဲ့တဲ့ ကျနော်ရဲ့
နှစ်အတော်ကြာ ခိုင်မာယုံကြည့်ခဲ့တဲ့
အထင်က လုံးဝလွှဲမှားသွားလို့လေ

( မင်း အပြောင်းအလဲ
မြန်လိုက်တာလို့တော့ မပြောနဲ့
၉နှစ်ကျော်၁၀နှစ်နီးပါး ချစ်ခဲ့တာပါ
ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့
အကြောင်းတရားတွေကို
လက်ခံပြီးတော့ ခုချိန်မှာလဲ
ကျနော်ရဲ့ ညီမလေးတစ်ယောက်လို
သဘောထားပြီး
အစ်ကို တစ်ယောက်အနေနဲ့
မေတ္တာတွေပေးနေတုန်းပါ
အဲ့ထက်တော့ လုံးဝအပိုတော့ပါဘူး )

အဲ့လိုအချစ်မျိုးနဲ့ ကျနော်
ဘယ်သူကိုမှ ချစ်မိတော့မှာ
မဟုတ်ဖူးလို့
ထင်မြင်ယုံကြည့်ထားတဲ့
ကျနော် ယုံကြည့်ချက်တွေကို
မှားနေကြောင်း
သူနဲ့မှ သိလိုက်ရတယ်
အဲ့အတွက် ကျနော်အံသြခဲ့ရတယ်

အစွဲအလန်းကြီးတဲ့
ကျနော်အတွက်
ဒုတိယအကြိမ် ဖြစ်ပေါ်လာတဲ့
ဒီချစ်ခြင်းမျိုးက ကျနော်ကို
အကောင်းဘက်ကိုမရောက်စေမှန်း
ကျနော်သိပေးမယ့် ဘယ်လောက်ပဲ
ခံစားရပါစေ နာကြင်ရပါစေ

ဒီတစ်ကြိမ်မှာလဲ
ကျနော်ရဲ့စစ်မှန်တဲ့ချစ်ခြင်းက
ကျနော်ကိုပေးတဲ့ဆုလာဒ်လို့မှတ်ယူပြီး
ကျနော်အပေါ်သက်ရောက်လာမယ့်
အကောင်းကိုပဲဖြစ်ဖြစ်
အဆိုးကိုပဲဖြစ်ဖြစ်
ကျေကျေနပ်နပ်ကြီးခံယူသွားအုံးမှာပါ...

သူနဲ့ပတ်သတ်ပြီးရလာမယ့်
အကျိုးဆက်တိုင်းဟာ
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
သူပေးတဲ့အမှတ်တရအဖြစ်
ကျေကျေနပ်နပ်ကြီးခံယူသွားဖို့
ကျနော် အချစ်တွေက
ခိုင်မာနေခဲ့ပါပြီ။

16/12/2020

သူမပါပဲနေလို့မရဘူးလား ?
သူမပါရင်မဖြစ်ဘူးလား ?

ဆိုတော့...
ရအောင်...ဖြစ်အောင်...နေလို့
ရပါတယ်..... ဖြစ်ပါတယ်.....

သူမပါတဲ့
ကျနော်ဘဝတစ်လျှောက်လုံးမှာ
ပြည့်စုံတယ်ဆိုတာတော့
ရှိမှာမဟုတ်ဘူးပေါ့......

"လမ်းမသိသော ယင်ကောင်"မီလ် ခရော့(ဖ) စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုထဲမှာ ကျွန်တော်ထိုင်နေသည်။ စားသောက်ဆိုင်...
15/12/2020

"လမ်းမသိသော ယင်ကောင်"

မီလ် ခရော့(ဖ) စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုထဲမှာ ကျွန်တော်ထိုင်နေသည်။ စားသောက်ဆိုင်က တိုရွန်မြို့ပြင်ဘက် တစ်နာရီခရီး လောက်မှာရှိနေသည်။ ထင်းရှူးပင်များကြားမှာ ပုန်းလျှိုး တည်ရှိသည့် ငြိမ်းချမ်းသောနေရာကလေး။

သို့သော် ကျွန်တော်နှင့် သုံးလေးပေအကွာလောက်မှာ သေရေးရှင်ရေးသမျှ အမောတကော ကြိုးပမ်း ရုန်းကန်နေသံတစ်ခု ကျွန်တော်ကြားနေရသည်။

ယင်ကောင်လေးတစ်ကောင် ပြတင်းမှန်ချပ်ကို ဖောက်ထွက်နိုင်ရန် အသည်းအသန်းကြိးစားနေခြင်းပင်။ သူခန္ဓာကိုယ်၌ ကြွင်းကျန်သမျှ စွမ်းအားကို ဖြစ်နိုင်စရာမရှိသည့် သည်အရေးကိစ္စကြီးအတွက် သူဖြုန်းတီးနေသည်။

ညံသထက် ညံလာသည့် တောင်ပံခတ်သံက ကြေကွဲဖွယ်ကောင်းလှသည့် ယင်ကောင်၏ လုပ်ငန်းလမ်းစဥ်ကိုဖော်ပြနေသည်။ ကြိုစား၊ မအောင်မမြင်လျှင် သည့်ထက် သည့်ထက် ပိုကြိုးစား၊ ဟူသော လုံ့လဝါဒ လမ်းစဥ်။ သို့သော် လောလောဆယ် သည်လမ်းစဥ်က အလုပ်မဖြစ်ပေ။

အသည်းအသန် ကမူးရှူးထိုးကြိုးစားနေခြင်းကြောင့် သူ့အတွက် လွတ်လမ်းပေါ်မလာ။ ရှင်သန်မည့် အလားအလာလည်း စိုးစဥ်းမျှမမြင်ရ။ စင်စစ် မစဥ်း မစား အားထုတ်နေမှုကြောင့်ပင် သည်ထောင်​ချောက်အတွင်းမှ သူထွက်မရခြင်းဖြစ်သည်။ သူမည်မျှပင်ပို၍ ပို၍ အားထုတ်ရုန်းကန်သော်လည်း ပြတင်းမှန်ချပ်ကိုကား ဖောက်ထွက်နိုင်စရာ အကြောင်းမရှိ။

မည့်သို့ပင်ဖြစ်စေ၊ ယင်ကောင်လေးကတော့ သူ့ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် အသက်ပင်သေသေ ဟူသောစိတ်ဓာတ်မျိုးဖြင့် ကျားကုတ်ကျားခဲ့ အားထုတ်ရုန်းကန်သွားရန် သန္နိဋ္ဌာန်ခိုင်မာလျှက်ရှိနေသည်။

ဝမ်းနည်းစရာပင် ယင်ကောင်၏ ဘဝနိဂုံးကို သိမြင်နေရသည်။ သူသည် သည်ပြတင်းပေါက်ဘောင်ပေါ်၌ပင် သေပွဲဝင်ရာမှာ သေချာလျက်ရှိသည်။

စင်စစ်၊ အခန်း၏တစ်ဖက်ခြမ်း သည်မှန်ပြတင်းမှခြေဆယ်လှမ်းခန့်အကွာ၌ တံခါးတစ်ခုသည် ဟင်းလင်းပွင့်လျှက်ရှိ၏။ သုံးလေးစက္ကန့်ပျံသန်းရုံဖြင့်ပင် ယင်ကောင်ငယ်သည် သူမျှော်လင့်တောင်းတသည့် ပြင်ပကမ္ဘာသို့ လှစ်ခနဲ့ရောက်ရှိသွားနိုင်၏။ သည်မှာ အသည်းအသန် အားထုတ်ရုန်းကန်နေသည်ကို ခဏလေး နားကာ ဘေးဘီသို့ အသာလှည့်ကြည့်ရုံမျှဖြင့် မိမိဘာသာ ထည့်သွင်းထားသည့် လှောင်ချိုင့်အတွင်းမှ သူလွတ်မြောက်သွားနိုင်၏။

မှန်နံရံကို ဖောက်ထွက်နိုင်သော အခွင့်အလမ်းကို သို့မဟုတ် သည်အခန်းအတွင်းမှ လွတ်မြောင်နိုင်သော အခွင့်အလမ်းသည် ထိုအနီးအနားလေးမှာပင် ရှိနေ၏။ သိသူအတွက်ကား လွယ်ကူလှဘိသည်။

ဇွဲကြီးလှသော ထိုယင်ကောင်သည် အဘယ်ကြောင့် နောက်တစ်မျိုးပြောင်း၍ ကြိုးစားသင့်ကြောင့်မသိခဲ့ပါသနည်း။ သူရွေးချယ်ခဲ့သည့် တစ်ခုတည်းသောနည်းလမ်းကို အဘယ်ကြောင့် သည်မျှ သဲသဲမဲမဲ စွဲနေရသနည်း။ သည်နည်းလမ်းအတိုင်း ကျားကုတ်ကျားခဲ့လုပ်ခြင်းသည်သာ အောင်မြင်မှုရရန် အသေချာဆုံးဖြစ်သည်ဟု အဘယ့်ကြောင့် သည်မျှ စွဲလမ်းယုံကြည်နေရသနည်း။ သေချင်သေပေစေ သည်နည်းလမ်းအတိုင်းပဲ စွဲစွဲမြဲမြဲ အားထုတ်သွားမည်ဟုသောစိတ်သည် ဘယ်သို့သော ကျိုးကြောင်းဆင်ခြင်မှုမျိုးမှ ပေါ်ပေါက်ခဲ့သနည်း။

ယင်ကောင်အနေနှင့်တော့ သူ၏ လုပ်ငန်းစဥ်သည်ပင် ကျိုးကြောင်းအသင့်မြတ်ဆုံးလမ်းစဥ် ဖြစ်ချင် ဖြစ်နေပါမည်။ သို့သော်ဝမ်းနည်းဖွယ်ကောင်းသည်က သူ့အယူအဆ သူ့လုပ်နည်းလုပ်ဟန်သည် အသက်ဆုံးရှုံးခြင်းဖြင့် နိဂုံးချုပ်ရမည့် အယူအဆမျိုး လုပ်နည်းလုပ်ဟန်မျိုး ဖြစ်နေခြင်းပင်။

ကြိုးစား၊ မအောင်မြင်လျှင် သည့်ထက်သည့်ထက် ပိုကြိုးစား၊ ဟူသောနည်းသည် အမြဲသင့်တော်မှန်ကန်သည့် အဖြေနည်းလမ်းမဟုတ်ပါ။ သည်ဝါဒတစ်ခုတည်းကို အားကိုးပြုထားရုံဖြင့် သင်၏ဘဝရည်မှန်းချက်တွေ
ထမြောက် အောင်မြင်လိမ့်မည်ဟု စိတ်ချယုံကြည်၍မရပါ။ စင်စစ် သည်လမ်းစဥ်ကို တရားသေ ကိုင်စွဲခြင်းကြောင့်ပင် ပြဿနာတွေ ရင်ဆိုင်ရလာနိုင်ပါသည်။

နည်းလမ်းကိုပြန်လည်သုံးသပ်မှု မပြု၊ ပြုပြင်ပြောင်းလဲရန်လည်း မကြိုးစား၊ ဝီရိယကိုအမြင့်ဆုံးတင်နိုင်လျှင် ရှိသမျှအတားအဆီးကို ဖောက်ထွက်ကျော်လွှားနိုင်ရမည်ဟုသောအစွဲဖြင့်ချဥ်း လုပ်ကိုင်သွားမည်ဆိုက မအောင်မြင်ရုံမက အောင်မြင်မည့်အခွင့်အလမ်းများစွာကိုပင် မိမိဘာသာ ဖျက်ဆီးပစ်မိနိုင်ပေသည်။

ကြိုးစားပါလျက် ဖောက်ထွက်မရသည့်အခါတိုင်း ယင်ကောင်ကို သတိရပါ။

[မူးရင်း။ ။ Price Pritchett၏ Try Something Different]

[ဖေမြင့် နှလုံးသားအဟာရ ရသစားများ တတိယတွဲမှ ကူယူးဖော်ပြသည်]

မှတ်ချက် -

ကျနော်လဲ ဒီယင်ကောင်လိုပါပဲ

ကျနော်ကတော့ လမ်းသိတဲ့ယင်ကောင်ပေါ့

သူ့ကိုမေ့ဖျောက်ပစ်လိုက်တာက

လွတ်မြောက်တဲ့လမ်းဆိုတာသိပေးမယ့်

ကျနော်ဘယ်တော့မှ အဲ့လမ်းကမသွားဘူး

ကျနော်က ရူးနေတာလေ 😌😌😌

14/12/2020

သူဘယ်လောက်ပဲ ဥပေက္ခာပြုနေပါစေ

ကျနော်က သူပေးတဲ့ ဥပေက္ခာတွေကို

ကိုယ်ချစ်နေတဲ့သူကပေးတဲ့အရာမို့

သူဘာတွေပဲပေးပေး

ဘယ်လိုတွေပဲပြုမှုနေနေ

အမှတ်တရအဖြစ်

ကျေကျေနပ်နပ်ကြီး

လက်ခံပြီး ဆက်ချစ်သွားမှာပါ 😌



ကြင်နာသူပျှော်ရွှင်နိုင်ပါစေ ☺️☺️☺️

ကျနော်ခေါင်းအုံးဘေးမှာ အမြဲရှိနေတဲ့ဆရာဖြိုးရဲ့စာအုပ်လေးရယ်(23ရက်နေ့ဆိုဆရာကြီးတောင်တစ်နှစ်ပြည့်တော့မယ် )ဘုရားတရားမေ့ပြီးန...
14/12/2020

ကျနော်ခေါင်းအုံးဘေးမှာ အမြဲရှိနေတဲ့
ဆရာဖြိုးရဲ့စာအုပ်လေးရယ်
(23ရက်နေ့ဆိုဆရာကြီးတောင်တစ်နှစ်ပြည့်တော့မယ် )
ဘုရားတရားမေ့ပြီးနှစ်အတော်ကြာ
ဘုရားတောင်ရှစ်မခိုးဖြစ်တော့တဲ့ကျနော်လွန်ခဲ့တဲ့၉လလောက်ကစပြီးနေ့တိုင်းဘုရားပြန်ရှစ်ခိုးဖြစ်လာတယ် အာစရိယ ဂုနံဆိုပြီးရှစ်ခိုးတိုင်း ဆရာကြီးကို​ပုံဖော်မျှော်မှန်းရှစ်ခိုးဖြစ်တယ် 🙏🙏🙏

ဒီရက်ပိုင်းကျန်းမာရေးပြန်ဖောက်နေလို့
သောက်နေရတဲ့ဆေးခွက်ကြီးရယ်

မင်းတစ်ယောက်တည်း
ဝမ်းနည်းအားငယ်နေရတာမဟုတ်ဖူး
ငါဆိုအမြဲငိုနေရတာပါလို့ဆိုပြီးအားပေးနေတဲ့အရုပ်ကလေးရယ် (ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ)

မနေ့ညကစာဖတ်ချင်လို့ဆိုပြီးပြောတော့
ဆရာမနွေးနွေးပေးဖတ်တဲ့ ဖေမြင့်ရဲ့
နှလုံးသား အာဟာရ စာအုပ်ကလေးရယ်

အဆင်ပြေလားတဲ့ ?             ဟုတ်ခဲ့... ဟာသတွေကလဲ                                  မရယ်ရတော့ဘူး...
13/12/2020

အဆင်ပြေလားတဲ့ ?

ဟုတ်ခဲ့... ဟာသတွေကလဲ

မရယ်ရတော့ဘူး...

12/12/2020

မြင်နေရ ကြားနေရတော့
စွဲလန်းမိတယ်

မမြင်ရ မကြားရပြန်တော့လဲ
မြင်နေချင် ကြားနေချင်မိပြန်တယ်

သူကိုမေ့ဖျောက်ဖို့
ကျနော်ကြိုးစားကြည်ပါသေးတယ်

စွဲလန်းစိတ်ရယ်
မမြင်ရမကြားရလို့လွမ်းတဲ့စိတ်ရယ်
​မျိုသိပ်ထားရတဲ့စိတ်တွေရယ်နဲ့
ဝေဒနာတွေပိုပဲဆိုးလာခဲ့တယ်...

12,1220

12/12/2020

တစ်စုံတစ်ယောက်ကို
ပိုင်ဆိုင်ခွင့်မရနိုင်မှန်းသိလျှက်နဲ့တောင်
ချစ်နေနိုင်တဲ့ကျနော်အတွက်
တခြားအရာတွေကိုစွန့်လွှတ်ဖို့ဆိုတာ...

လူတစ်ယောက်ကိုအရမ်းချစ်မိသွားတဲ့အခါ ကိုယ်ပိုင်ဆိုင်ရသည်ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ်စေကိုယ်အဆင်ပြေနေသည်ဖြစ်စေအဆင်မပြေနေသည်ဖြ...
11/12/2020

လူတစ်ယောက်ကိုအရမ်းချစ်မိသွားတဲ့အခါ

ကိုယ်ပိုင်ဆိုင်ရသည်ဖြစ်စေ

မပိုင်ဆိုင်ရသည်ဖြစ်စေ

ကိုယ်အဆင်ပြေနေသည်ဖြစ်စေ

အဆင်မပြေနေသည်ဖြစ်စေ

သူ့အတွက် ပျော်ရွှင်ခြင်းတွေကိုသာလျှင်

ဖန်တီးပေးချင်မိတာမျိုး 😌😌😌

11.1220

10/12/2020

မောနီး 😌

ကျနော်ရဲ့ အနှောက်အယှက်တွေမရှိတော့တဲ့နောက်

ပျော်ရွှင်နေရောပေါ့ 😊

ကျနော်လဲပျော်ပါတယ်

သူကိုအနှောက်အယှက်မပေးမိတော့လို့ 😇

10,1220

09/12/2020

သူချစ်ဖို့ မလိုဘူး

ကျနော်ချစ်ဖို့ပဲလိုတယ်

သူမချစ်လို့
ကျနော်လဲကျသွားမှာမဟုတ်ဖူး

သူကိုချစ်တဲ့စိတ်နဲ့ ကျနော်ပျော်အောင်နေသွားမှာ

ကျနော်သူကိုပျော်ရွှင်အောင်ပဲလုပ်ပေးချင်ခဲ့တာပါ

ဒါပေးမယ့်ဗျာ ကျနော်ကသူအတွက်အနှောက်ယှက်တစ်ခုဖြစ်သွားတယ်

အဲ့အတွက်ကျနော်ကိုကျနော်အပြစ်ပေးလိုက်တယ်

သူလဲကျေနပ်သွားမှာပါ

9.1220

09/12/2020

မရှက်တော့ပါဘူး

ငိုမိတယ်ဗျာ 😌

9,1220

08/12/2020

သူကိုဖွင့်ပြောပြီးတဲ့နေ့ကစပြီး

ပျော်အောင်ကြိုးစားပြီးနေဖြစ်တယ်

စိတ်ညစ်စရာတွေရှိရင်တောင်

စိတ်ညစ်စရာတွေကိုလိုင်းပေါ်မတင်ဖြစ်တော့ဘူး

ကျနော်ကသူကိုပျော်အောင်ပဲထားချင်တာ

ပျော်စရာတွေပဲဝေမျှပေးချင်တာ

ကျနော်ရဲ့အဆင်ပြေခြင်းမပြေခြင်းတွေက

သူအပေါ်သက်ရောက်မှုရှိချင်မှရှိလိမ့်မယ်

ဒါပေးမယ့်ကျနော်ရဲ့အဆင်မပြေမှုတွေကို

သူမသိတာက ပိုကောင်းမယ်မဟုတ်လား?

8,1220

07/12/2020

သူကို ဘာလို့ချစ်တာလဲ?ဆိုပြီး

ကျနော်ကိုကျနော်ပြန်မေးကြည့်တော့

တိတိကျကျဖြေစရာမရှိ

ချစ်လို့ကိုချစ်နေခြင်းသာဖြစ်သည် 💙

7,1220

06/12/2020

ရင်ဘက်ကြီးထဲက ထွက်လို့မသွားပါနဲ့...

နင်စိတ်တိုင်းကျ ဖန်ဆင်းလို့ထားပါတယ် 😌

ပျော်ပျော်နေတတ်တဲ့သူ့ကိုဘာလို့များ ဝေဒနာတွေပေးသွားကြတာလဲ?အဲ့ဝေဒနာတွေကို ကုစားပေးနိုင်သူဟာကျနော်မဖြစ်ခဲ့ရင်တောင် ဘယ်သူပဲဖ...
06/12/2020

ပျော်ပျော်နေတတ်တဲ့သူ့ကို
ဘာလို့များ ဝေဒနာတွေပေးသွားကြတာလဲ?
အဲ့ဝေဒနာတွေကို ကုစားပေးနိုင်သူဟာ
ကျနော်မဖြစ်ခဲ့ရင်တောင် ဘယ်သူပဲဖြစ်ဖြစ်
သူ့အတွက်ကျနော်ဝမ်းသာနေမိမှာပါ 😊

6, 1220

05/12/2020

ဒီနေ့စောစောအိပ်မယ်
အိမ်မက်တွေထဲမှာသူနဲ့
အချိန်ကြာကြီးတွေ့ရတာပေါ့...

5,1220

Address


Website

Alerts

Be the first to know and let us send you an email when U Gyit Feelings 101 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share