News Watch for local Myanmar

  • Home
  • News Watch for local Myanmar

News Watch for local Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from News Watch for local Myanmar, Media/News Company, .

မနက်ကသတင်းအပြည့်အစုံမူးယစ်ဆေးဝါးသယ်ဆောင်သူအား မန္တလေးမြို့ပေါ်တွင် ပစ်ခတ်ဖမ်းဆီးခဲ့ရ ၊ငွေကျပ်သိန်း ၇၉၂၀ တန်ဖိုးရှိ မူးယစ...
13/09/2020

မနက်ကသတင်းအပြည့်အစုံ

မူးယစ်ဆေးဝါးသယ်ဆောင်သူအား မန္တလေးမြို့ပေါ်တွင် ပစ်ခတ်ဖမ်းဆီးခဲ့ရ ၊ငွေကျပ်သိန်း ၇၉၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့

နေပြည်တော်။ စက်တင်ဘာ ၁၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ပြင်ဦးလွင်မြို့အဝင်တွင် တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရန်ထားရှိသည့် Mobile X-Ray စက်နေရာကို ရှောင်ကွင်းနိုင်သည့်နေရာများအား ပိတ်ဆို့စစ်ဆေးနေစဉ် လားရှိုးမှ မန္တလေးသို့ ယာဉ်မောင်း ဝသုန်မင်းထက် မောင်းနှင်ပြီး စိုင်းသန်းမြင့် လိုက်ပါလာသည့် ကုန်ပစ္စည်းတင်ဆောင်လာခြင်းမရှိသော ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းခေါင်မိုးအပေါ်အံဝှက်အတွင်း မသင်္ကာဖွယ်မူးယစ်ဆေးဝါးများတွေ့ရှိရသသည်။

ထပ်မံ၍ ပဏာမစစ်ဆေးချက်အရ မန္တလေးသို့ ပို့ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပိုင်ရှင်မှာ ၎င်းတို့ရှေ့မှ Toyota Land Cruiser အမျိုးအစားခဲရောင်မော်တော်ယာဉ်ဖြင့် ကြိုသွားနှင့်ပြီး မန္တလေးမြို့အဝင်တွင် စောင့်ကြိုမည်ဖြစ်ကြောင်း သိရှိရသဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့်ယာဉ်ကို တပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ မန္တလေးဘက်သို့ မောင်းနှင်စေပြီး နေ့လည်ပိုင်းတွင် မန္တလေးမြို့အဝင်၌ Toyota Land Cruiser ယာဉ်အားတွေ့ရှိသဖြင့် ဖမ်းဆီးရရှိရေး ပိတ်ဆို့တားဆီးစဉ် ရဲတပ်ဖွဲ့ပိုင်ယာဉ်ကိုပွတ်တိုက်ပြီးနောက် မန္တလေးမြို့အတွင်း လှည့်ပတ်မောင်းနှင် ထွက်ပြေးသဖြင့် နောက်မှ ထပ်ချပ်မကွာလိုက်လံဖမ်းဆီးခဲ့သည်။

သို့သော်လည်း ရပ်တန့်ခြင်းမရှိ၍ မန္တလေးမြို့၊၂၆ လမ်းပေါ် ၅၆ လမ်းနှင့် ၅၇ လမ်းကြားအရောက်တွင် ယာဉ်ဘေးချင်းယှဉ်၍ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ဖမ်းဆီးရာ Toyota Land Cruiser ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသူ စိုင်းဝင်းနိုင်(ခ)အားချိန်၊ လားရှိုးမြို့နေသူအား ညာဘက်လက်ဖျံ သေနတ်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ၆ ဘီး ယာဉ်ပေါ်တွင် ဆပ်ပြာခွက် ၁၃၂၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၃.၂ ကီလို၊ ငွေကျပ်သိန်း ၇၉၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးများပိုင်ရှင် စိုင်းဝင်းနိုင်(ခ)အားချိန် ကယာဉ်မောင်း ဝသုန်မင်းထက် နှင့် စိုင်းသန်းမြင့် တို့အား မူးယစ်ဆေးဝါးများသိုဝှက် ထည့်သွင်းထားသည့် ၆ ဘီးမော်တော်ယာဉ်အား လားရှိုးမှမန္တလေးသို့ မောင်းနှင်ရန် ငှားရမ်းခဲ့ကြောင်းနှင့် စိုင်းဝင်းနိုင်(ခ)အားချိန် သည် Toyota Land Cruiser ယာဉ်ဖြင့် မန္တလေးမြို့သို့ သီးခြားလိုက်ပါခဲ့ပြီး မန္တလေးမြို့တွင် မူးယစ်ဆေးဝါးများ လက်ခံယူမည်ဖြစ်ကြောင်း သိရှိရသဖြင့် ဝသုန်မင်းထက်၊ စိုင်းသန်းမြင့်နှင့် စိုင်းဝင်းနိုင်(ခ)အားချိန် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားပြီး ကွင်းဆက်တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိသည်။

Crd-PeopleMedia

12/03/2019

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အီသီယိုးပီးယားမှာ Boeing 737 Max 8 လေယာဉ် ပျက်ကျမှုကြောင့် ခရီးသည် ၁၅၇ ဦး သေဆုံးသွားခဲ့ပါတယ.....

31/10/2018

Address


Website

Alerts

Be the first to know and let us send you an email when News Watch for local Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share