Oren - Media

Oren - Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oren - Media, Media, .

သင့်အိမ်၊ ရုံး၊ကျောင်း၊ အခြားလူနေအဆောက်အဦးများရှိ မိလ္လာကန်အတွက် ရန်ကုန်မြို့တော် စည်ပင် ရဲ့ဝန် ဆောင်မှု လိုအပ်နေပြီလား...
25/08/2020

သင့်အိမ်၊ ရုံး၊ကျောင်း၊ အခြားလူနေအဆောက်အဦးများရှိ မိလ္လာကန်အတွက် ရန်ကုန်မြို့တော် စည်ပင် ရဲ့ဝန် ဆောင်မှု လိုအပ်နေပြီလား?
‍‍‍‍‍‍
My City App ကနေခေါ်လိုက်ပါ။ ခေတ်နဲ့အညီ ရန်ကုန်မြို့တော်စည်ပင်သည်လည်း Online ပေါ်ရောက်ရှိလာပါပြီ။ အလွယ်ကူဆုံးပြောရမယ် ဆိုရင်တော့ MY CITY APP ဆိုတာ ရန်ကုန်မြို့တော်စည်ပင်ဝန်ဆောင်မှုတွေကို Online ပေါ်က ယူနိုင်တဲ့နေရာဖြစ်ပါတယ်။

MY CITY APP Service Episode 1 - "ရေပုပ်စုပ်ယာဉ်ဝန်ဆောင်မှု"
‍‍‍‍‍‍
သင့်အိမ်၊ ရုံး၊ကျောင်း၊ အခြားလူနေအဆောက်အဦးများရှိ မိလ္လာကန်အတွက် ရန်ကုန်မြို့တော် စည်ပင် ရဲ့ဝန် ဆောင်မှု လိုအပ်နေပြီလား?
‍‍‍‍‍‍
My City App ကနေခေါ်လိုက်ပါ။ ခေတ်နဲ့အညီ ရန်ကုန်မြို့တော်စည်ပင်သည်လည်း Online ပေါ်ရောက်ရှိလာပါပြီ။ အလွယ်ကူဆုံးပြောရမယ် ဆိုရင်တော့ MY CITY APP ဆိုတာ ရန်ကုန်မြို့တော်စည်ပင်ဝန်ဆောင်မှုတွေကို Online ပေါ်က ယူနိုင်တဲ့နေရာဖြစ်ပါတယ်။ ရေပုပ်စုပ်ယာဥ် ဝန်ဆောင်မှုကိုရယူဖို့ အောက်ဖော်ပြပါအတိုင်းလုပ်ဆောင်ပါ။
‍‍‍‍‍‍
ပထမဦးဆုံး My City App ကို Download လုပ်ထားရန်လိုအပ်ပါတယ်။
‍‍‍‍‍‍
(၁) သင့်အကောင့်ကိုဝင်ပါ (မဖွင့်ရသေးလျှင် ဖုန်းနံပါတ်၊ မှတ်ပုံတင် ရှေ့၊နောက် ပုံများတင်ပြီး အကောင့်ဖွင့်ပါ)
(၂) ထို့နောက် ဝန်ဆောင်မှုကိုဝင်ပါ။
(၃) ရေပုပ်စုပ်ယာဥ်ဝန်ဆောင်မှုကိုရွေးပါ။
(၄) ကြိုတင်သိရှိရန်အချက်များကိုဖတ်ပြီး "စည်းမျဥ်းစည်းကမ်းများကိုသဘောတူသည်" ကိုအမှန်ခြစ်ပေးကာ ရှေ့ဆက်သွားပါ။
(၅) မြို့နယ်၊ ရပ်ကွက်၊လမ်း၊ အိမ်အမှတ်၊ လမ်းအကျယ်၊ Service Tank Size၊ ကားအစီးရေ၊ ဆက်သွယ်ရန် အမည်နှင့် ဆက်သွယ်ရန်ဖုန်းတို့ကို ထည့်ပြီး တည်နေရာဓာတ်ပုံနှင့်တကွ လျှောက်ထားနိုင်ပါပြီ။ ကျသင့်ငွေကို လည်း MY CITY APP ရဲ့ MY CITY PAY Wallet ကနေပေးချေလို့ပါတယ်။ လက်ရှိအချိန်မှာ CITY PAY WALLET ကို ရန်ကုန်မြို့တော်ဘဏ်နှင့် ဘဏ်ခွဲများအပြင် Sai Sai Pay, OK$, CB Pay များမှ ငွေဖြည့်နိုင်ပါ တယ်။
‍‍‍‍‍‍
လွယ်ကူလျင်မြန်ပြီး စရိတ်စကသက်သာစွာ လုပ်ဆောင်နိုင်ဖို့ ဖုန်းထဲမှာ MY CITY APP ကို Install လုပ်ထားဖို့တော့လိုပါတယ်။ MY CITY APP ရဲ့အွန်လိုင်းမြို့တော်စည်ပင်ဝန်ဆောင်မှုများနှင့် ပက်သက်၍ သိလိုသမျှကို page တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Google PlayStore Link - https://bit.ly/2FM0S9Z
App Store Link - https://apple.co/2FWsedK

အိမ်ထဲမှာ နေနေရတဲ့ အစားတလိုင်းလေးတွေအတွက်  Deliveryရတဲ့ ဆိုင်တွေ List လေးကို မင်မင်အကောင့်ထဲက ညီမလေးတစ်ယောက်က တင်ထားတာလေ...
29/03/2020

အိမ်ထဲမှာ နေနေရတဲ့ အစားတလိုင်းလေးတွေအတွက် Deliveryရတဲ့ ဆိုင်တွေ List လေးကို မင်မင်အကောင့်ထဲက ညီမလေးတစ်ယောက်က တင်ထားတာလေး shareပေးလိုက်တယ်နော်♥️
[အသစ်ထပ်တိုးတာတွေ ရှိရင်လည်း updateပေးမယ်နော် ☺️]

1. SP Bakery
https://www.facebook.com/354574951344743/posts/1781723025296588/?d=n

2. My Cup Cafe
https://www.facebook.com/154656298207505/posts/1122967644709694/

3. Marble. Eats - Food & Beverage Catering Bakery
https://m.facebook.com/story.php?story_fbid=154592239350784&id=111043597038982

4. Hotpot City Ahlone
https://www.facebook.com/1813847218944349/posts/2523666647962399/?d=n

5. Mango Thai Restaurant
https://www.facebook.com/923395777992205/posts/1192597941071986/

6. YN Korea Shop
https://m.facebook.com/story.php?story_fbid=936398010108533&id=683359838745686

7. C'est Bon Bakery Yangon
https://m.facebook.com/story.php?story_fbid=842947646172233&id=219393248527679

8. Hnin Hala Bakery
https://m.facebook.com/story.php?story_fbid=580841699311423&id=312790222783240

9. Four Seasons Steamboat Restaurant
https://m.facebook.com/story.php?story_fbid=517662498894361&id=136893330304615

10. Pan Swel Taw Cafe & Restaurant
https://m.facebook.com/story.php?story_fbid=3025503820839005&id=738491146206962

11. Nara Thai Myanmar
https://www.facebook.com/1606739439357989/posts/3078167212215197/?d=n

12.Lotteria Myanmar
https://www.facebook.com/136577376497605/posts/1528952813926714/

13. 38 Station Teppanyaki Restaurant
https://m.facebook.com/story.php?story_fbid=2818352661563408&id=1781200445278640

14. သင့်စိတ်ကြိုက်စားဖွယ်စုံ
https://m.facebook.com/story.php?story_fbid=2527774887475712&id=1831591897094018

15. ရွှေလပ်ကီး ချစ်တီးစားတော်ဆက်
https://m.facebook.com/story.php?story_fbid=216984979710384&id=101337744608442

16. Shweli BBQ
https://www.facebook.com/1801654153450247/posts/2625293157753005/?d=n

17. Shwe Palin
https://m.facebook.com/story.php?story_fbid=2794880467266012&id=311844112236339

18. Akkaya Tea House
https://m.facebook.com/story.php?story_fbid=427081778113255&id=175125299975572

19. Noodi
https://www.facebook.com/1730044857260189/posts/2538024823128851/

20. My's Pizza
https://www.facebook.com/351646311922450/posts/903435873410155/

21. Pezzo Pizza Myanmar
https://m.facebook.com/story.php?story_fbid=1508350762672226&id=541870342653611

22. April Saw
https://m.facebook.com/story.php?story_fbid=891271431321316&id=100013154023761

23. Phyu Phway Mogok Food
https://m.facebook.com/story.php?story_fbid=189178889126327&id=109885907055626

24. Khind's Kitchen
https://m.facebook.com/story.php?story_fbid=115341683438517&id=111436933828992

25. Golden Duck- 8miles
https://www.facebook.com/349110635500265/posts/848529898891667/?d=n

26. Scuba Seafood
https://www.facebook.com/107387033998252/posts/228958938507727/?d=n

27. Cozy Bar & Restaurant
https://www.facebook.com/340547376026286/posts/2909944179086580/?d=n

28. Jeff’s Kitchen
https://www.facebook.com/1653145091595728/posts/2553126831597545/?d=n

29. Mr. Jerry Thai Bbq and Hotpot
https://www.facebook.com/2275001402777555/posts/2690083921269299/?d=n

30. Native Kitchen
https://www.facebook.com/1960773254173286/posts/2503398293244110/?d=n

31. Aqua Seafood
https://www.facebook.com/808511112630183/posts/1607235926091027/?d=n

32. KKS B.B.Q
https://www.facebook.com/202596543092501/posts/3145765595442233/?d=n

33. O Sushi
https://www.facebook.com/770579306641125/posts/1062000707498982/?d=n

34. Food City- mmplaza
https://www.facebook.com/637536136424920/posts/1539590092886182/?d=n

35. Royal Thai
https://www.facebook.com/1389886967917462/posts/2408803609359121/?d=n

36. Cafe Del Seoul
https://www.facebook.com/644333142376582/posts/1741615825981636/?d=n
💁🏻‍♀️ ကုန်စိမ်း/သားငါး

1. စျေးဝယ်ပေးမယ်
https://m.facebook.com/story.php?story_fbid=225488895486986&id=104049757630901

2. We Love Yangon
https://www.facebook.com/102169448071574/posts/117663129855539/

3. Yangon Seafood Distribution
https://www.facebook.com/344412302957964/posts/621468121919046/

4. AHT Livestock Co.Ltd
https://m.facebook.com/story.php?story_fbid=145847526932450&id=108732153977321

5. လူရွှင်တော် ပရဟိတအသင်း
https://m.facebook.com/story.php?story_fbid=699008944186216&id=100022313505258

6. Hyper Way
https://www.facebook.com/hyperwaycompanylimited/

💁🏻‍♀️ Food Delivery Service
1) Yangon Door to Door
https://www.facebook.com/YangonD2D/

2) Food2U
https://www.facebook.com/food2umm/

3) Food panda
https://www.facebook.com/foodpandamyanmar/

4) Jozrin Food Delivery
https://www.facebook.com/JozrinFoodDelivery/

5) Hi So-mall
https://www.facebook.com/hiso.mall.myanmar/

6) Order
https://www.facebook.com/order.com.mm/

7) Food Mall
https://www.facebook.com/foodmallmm/

8. Yangoonity Food Delivery
https://www.facebook.com/hatfooddelivery/

Crd:Thet Myat Noe
-Media

လူငယ်တိုင်းမဖြစ်မနေဖတ်ကြည့်သင့်သောစာအုပ်( 20 )အုပ်1/ဖေမြင့်သင်ဘာကြောင့်အခုထိမချမ်းသာသေးတာလဲhttps://www.mediafire.com/dow...
29/03/2020

လူငယ်တိုင်းမဖြစ်မနေဖတ်ကြည့်သင့်သော
စာအုပ်( 20 )အုပ်

1/ဖေမြင့်
သင်ဘာကြောင့်အခုထိမချမ်းသာသေးတာလဲ
https://www.mediafire.com/download/idas8z24vv90pqa

2/ညီသစ်
ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ
https://www.mediafire.com/download/qp8cg999c71p4d0

3/မန်းတင်
ပထမအရွယ်လဲ စာရင်းဝင်သင့်တယ်
https://www.mediafire.com/download/3pb8tb4broyxu1b

4/ဓမ္မိကဘသန်း
ယောနသံစင်ရော်
https://www.mediafire.com/download/f3495h7unhyvqz9

5/မြသန်းတင့်
သုခ မြို့တော် the city of joy
https://www.mediafire.com/download/fxyukh2b144tq2g

6/ဦးလှဝင်း(လေသူရဲတစ်ဦး)
ပါပီလွန်နဲ့ ဗင်ဂို
https://www.mediafire.com/download/qb6z972cq4eb83s

7/နန္ဒာသိန်းဇံ
ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
https://www.mediafire.com/download/i01d0d21c2p2475

8/ဇော်ဂျီ
ပလေးတိုးနိဒါန်း
https://www.mediafire.com/?3bmgjo2mu1er9x4

9/(မြတ်ငြိမ်း)
အဖေပေးတဲ့အမွေ
http://www.mediafire.com/?36faok93aices7f

10/မြတ်ငြိမ်း
လက်ဆောင်မွန်
http://www.mediafire.com/?o531p156bqbvzh5

11/(မြတ်ငြိမ်း)
ဘယ်သူ့ဒိန်ခဲငါနေရာရွှေ့လို့ရမည်လဲ
http://www.mediafire.com/?3dvq18mg1rpplbp

12/မောင်ပေါ်ထွန်း
စွန့်စားမှ အောင်မြင်မည်
http://www.mediafire.com/?50pt89ltm8fiwqw

13/မောင်ပေါ်ထွန်း
ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်
http://www.mediafire.com/?h3x9jxteefx9567

14/အတ္တကျော်
နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ်
https://www.mediafire.com/download/a9swclz2ze363ga

15/ဖေမြင့်
ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်
https://www.mediafire.com/download/79ehytnhc08agan

16/မြသန်းတင့်
ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်ခြင်း
https://www.mediafire.com/download/k08e6acn1ac8547

17/ထင်လင်း
ပေါ်လီယာနာ
https://www.mediafire.com/download/8q6brakmnmeneps

18/ဂျူ း
အောက်ခြေသန်းတစ်ထောင်
https://www.mediafire.com/download/ncztyp5un5tuytz

19/လယ်တွင်းသားစောချစ် ပန်းလိုချင်အပင်ကိုပျိုးတတ်မှ
https://www.mediafire.com/download/ttonadn221nmntt

20/ဆရာအောင်သင်း
မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့
https://www.mediafire.com/download/roneh5yyfro5sb4

Unicode

လူငယ်တိုင်းမဖြစ်မနေဖတ်ကြည့်သင့်သော
စာအုပ်( 20 )အုပ်

1/ဖေမြင့်
သင်ဘာကြောင့်အခုထိမချမ်းသာသေးတာလဲ
https://www.mediafire.com/download/idas8z24vv90pqa

2/ညီသစ်
ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ
https://www.mediafire.com/download/qp8cg999c71p4d0

3/မန်းတင်
ပထမအရွယ်လဲ စာရင်းဝင်သင့်တယ်
https://www.mediafire.com/download/3pb8tb4broyxu1b

4/ဓမ္မိကဘသန်း
ယောနသံစင်ရော်
https://www.mediafire.com/download/f3495h7unhyvqz9

5/မြသန်းတင့်
သုခ မြို့တော် the city of joy
https://www.mediafire.com/download/fxyukh2b144tq2g

6/ဦးလှဝင်း(လေသူရဲတစ်ဦး)
ပါပီလွန်နဲ့ ဗင်ဂို
https://www.mediafire.com/download/qb6z972cq4eb83s

7/နန္ဒာသိန်းဇံ
ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
https://www.mediafire.com/download/i01d0d21c2p2475

8/ဇော်ဂျီ
ပလေးတိုးနိဒါန်း
https://www.mediafire.com/?3bmgjo2mu1er9x4

9/(မြတ်ငြိမ်း)
အဖေပေးတဲ့အမွေ
http://www.mediafire.com/?36faok93aices7f

10/မြတ်ငြိမ်း
လက်ဆောင်မွန်
http://www.mediafire.com/?o531p156bqbvzh5

11/(မြတ်ငြိမ်း)
ဘယ်သူ့ဒိန်ခဲငါနေရာရွှေ့လို့ရမည်လဲ
http://www.mediafire.com/?3dvq18mg1rpplbp

12/မောင်ပေါ်ထွန်း
စွန့်စားမှ အောင်မြင်မည်
http://www.mediafire.com/?50pt89ltm8fiwqw

13/မောင်ပေါ်ထွန်း
ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်
http://www.mediafire.com/?h3x9jxteefx9567

14/အတ္တကျော်
နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ်
https://www.mediafire.com/download/a9swclz2ze363ga

15/ဖေမြင့်
ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်
https://www.mediafire.com/download/79ehytnhc08agan

16/မြသန်းတင့်
ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်ခြင်း
https://www.mediafire.com/download/k08e6acn1ac8547

17/ထင်လင်း
ပေါ်လီယာနာ
https://www.mediafire.com/download/8q6brakmnmeneps

18/ဂျူ း
အောက်ခြေသန်းတစ်ထောင်
https://www.mediafire.com/download/ncztyp5un5tuytz

19/လယ်တွင်းသားစောချစ် ပန်းလိုချင်အပင်ကိုပျိုးတတ်မှ
https://www.mediafire.com/download/ttonadn221nmntt

20/ဆရာအောင်သင်း
မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့
https://www.mediafire.com/download/roneh5yyfro5sb4

အခုပဲ လက်ဖက်ရည်ဆိုင်တွေ ပိတ်တော့မယ် ဘာညာကြားတော့ အရမ်းထိုင်လို့ကောင်းတဲ့ လက်ဖက်ရည်ဆိုင်လေးအကြောင်းက ခေါင်းထဲရောက်လာပါတယ်...
29/03/2020

အခုပဲ လက်ဖက်ရည်ဆိုင်တွေ ပိတ်တော့မယ် ဘာညာကြားတော့ အရမ်းထိုင်လို့ကောင်းတဲ့ လက်ဖက်ရည်ဆိုင်လေးအကြောင်းက ခေါင်းထဲရောက်လာပါတယ်။

ငယ်ငယ်က အဖေ့ရဲ့ နှပ်လက်ဖက်ရည်ကို မတ်ခွက်နဲ့ သောက်ခဲ့ရတဲ့ ကာလတွေ စနေ တနင်္ဂနွေ အဖေ့ ရုံးပိတ်ရက်တွေမှာ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ရတဲ့ အချိန်တွေက သိပ်မက်မောဖို့ကောင်းပါတယ်။ ဒီဘက်ခေတ် လက်ဖက်ရည်ဆိုင်တွေလို စားစရာတွေလဲ အစုံမရပါဘူး။ ခွေးခြေခုံလေးတွေ၊ ဇွန်းတပ်ထားတဲ့ ဖန်ခွက်သေးသေးလေးထဲက လက်ဖက်ရည်နဲ့ နို့နဲ့ တခြားစီ ဖြစ်နေတာကို မွှေတဲ့အခါ ထွက်လာတဲ့ အသံတွေ၊ ဒန်ရေနွေးကရားအိုးလေးထဲက ထွက်လာတဲ့ အငွေ့ထနေတဲ့ ရေနွေးခွက်လေးတွေကို တစ်ခုစီ ပြန်မြင်ယောင်ရင်း တွေးနေရတာက အရသာပါပဲ။ ဒီအချိန်က အိမ်တွင်းပုန်းကုလားမ လုပ်နေရတော့ အားနေ တွေးနေ ငေးနေလို့ ကောင်းတာပေါ့။ အဲ့ဒီ အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ဆိုင်လေးက တောင်ဥက္ကလာ နန္ဒဝင်ဈေးထဲက ဘေထုပ်တန်းဘက်မှာ ရှိပါတယ်။ ဆိုင်အမှတ် ဘာညာတော့ မသိပါဘူး။ ဘေထုပ်ရောင်းတဲ့ ဦးကျော်ရဲ့ ဆိုင်ဘေးမှာ ရှိပါတယ်။ ဦးကျော်ဆိုင်ဘယ်နားမှာလဲဆိုရင် ဈေးထဲရောက်တာနဲ့ ဦးကျော်လို့ လှမ်းသာခေါ်လိုက်ပါ။ 🤪 (အိုင်လဲ သေချာမသိလို့ပါ)😁 အဲ့ဆိုင်နားရောက်တာနဲ့ စားပွဲ ထိုင်ခုံတွေကို အရင်သတိထားမိလိုက်တော့တာပဲ။ စားပွဲနဲ့ ထိုင်ခုံတွေက ဟိုဟိုဒီဒီက ရထားတဲ့ သစ်သာအပိုင်းအစတွေကို စပ်ပြီး လုပ်ထားတဲ့ပုံ။ဒါတင်ပဲလား မဟုတ်သေးဘူး။ လက်ဖက်ရည်ချလာတဲ့အခါမှာလဲ ဖန်ခွက်သေးသေးလေးနဲ့ဆိုတော့ တကယ် ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားလိုက်ရတာပါပဲ။ ရေနွေးဓာတ်ဘူးကအစ ဒန်အိုးပါ။လက်ဖက်ရည် အရသာကတော့ ပုံမှန်ပါပဲ။ အိုင်ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ရင် လက်ဖက်ရည်ပဲ သောက်ဖြစ်လေ့ရှိတယ်။ အရမ်းဆာလွန်းမှ တခြားစားစရာမှာဖြစ်တော့ ဘာတွေရသေးလဲ မသိပါဘူး။ ဈေးထဲပတ် တစ်ဆိုင်ပြီး တစ်ဆိုင် ဘေထုပ်တွေ ဝင်မွှေ မောရင် အဲ့ဒီလက်ဖက်ရည်ဆိုင်သွားပြီး လက်ဖက်ရည်သောက်ရတာ Myanmar Plaza က gloria jean မှာ ကော်ဖီသောက်ရတာထပ် အဆ တစ်ရာသာတယ်ဆိုတာ ဒီဘက်ခေတ်ကလေးတွေ မသိသေးတာ သနားစရာပါပဲ။ 😇😋

ဒီကာလကြီးပြီးသွားရင်တော့ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး ဘေထုပ်တန်းသွားမွှေပြီး လက်ဖက်ရည်ဆိုင် ထိုင်ချင်ပါသေးတယ်။💪
-Media
#လက်ဖက်ရည်
#အရင်ခေတ်လက်ဖက်ရည်ဆိုင်

ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို ဘယ်လို စားမလဲ ?ကျန်းမာရေးနဲ့အညီ စားသုံးသင့်တဲ့ အစားအစာတွေကို Oren Lifestyle ကနေ နေ့စဉ် ...
29/03/2020

ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို ဘယ်လို စားမလဲ ?
ကျန်းမာရေးနဲ့အညီ စားသုံးသင့်တဲ့ အစားအစာတွေကို Oren Lifestyle ကနေ နေ့စဉ် ဘယ်လို စားကြမလဲ ဆိုတာကို အုပ်စု (၄) စုနဲ့ ညွှန်းပေးလိုက်ပါတယ်နော်…

အုပ်စု (၁)
• ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို တနေ့ (၅) ကြိမ် စားပါ။
• အဆာပြေမုန့်များအစား သစ်သီးတွေ ပိုစားပါ။
• ဟင်းချက်တိုင်း ဟင်းသီးဟင်းရွက် ထည့်ချက်ပါ။

အုပ်စု (၂)
• ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မနက်၊ နေ့လည်စာ၊ ညစာ ပုံမှန် စားသုံးပါ။
• ဆန်လုံးညို၊ ဂျုံကြမ်းပေါင်မုန့်တို့ကို အဓိကထား ရွေးချယ်စားသုံးပါ။

အုပ်စု (၃)
• အဆီ၊ အခေါက်၊ အရေပြား၊ ဦးနှောက်တို့ကို ရှောင်ပါ။
• တပတ်လျှင် ငါး (၂) ကြိမ် စားပါ။

အုပ်စု (၄)
• နို့ နဲ့ နို့ထွက် ပစ္စည်းတွေကို တနေ့ (၃) ကြိမ် စားပါ။
• အဆီထုတ် နွားနို့၊ အဆီထုတ် ဒိန်ချဉ်စတဲ့ Low Fat တွေကိုပဲ ရွေးချယ်ပါ။
• ဆီများ၊ ဆားများတဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင်ပါ။ လျှော့နိုင်သမျှ လျှော့စားပါ။

လူစုလူဝေးရှိတဲ့ နေရာကို သွားလာခြင်းမပြုပါနဲ့၊ လက်ကို ဆပ်ပြာ/Hand Gel တို့နဲ့ မကြာခဏ ဆေးပေးပါ။
အာဟာရအထူးကု ဆရာဝန် ဒေါက်တာ ဟန်နီစုနိုင်ရဲ့ “ကိုယ်ခံအားကောင်းအောင် ဘယ်လိုစားရမလဲ” ကနေ ကူးယူတင်ပြထားတာ ဖြစ်ပါတယ်။


ကိုယ်ခံအားကောင်းစေတဲ့ အစားအစာများအခုချိန်မှာ အစားအစာတွေကို ကျန်းမာရေးနဲ့အညီ မျှတစုံလင်စွာ စားသုံးခြင်းက ခန္ဓာကိုယ်ရဲ့ ခု...
29/03/2020

ကိုယ်ခံအားကောင်းစေတဲ့ အစားအစာများ

အခုချိန်မှာ အစားအစာတွေကို ကျန်းမာရေးနဲ့အညီ မျှတစုံလင်စွာ စားသုံးခြင်းက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ နေ့စဉ် ပုံမှန်စားသုံးသင့်တဲ့ အစားအစာတွေကို Oren Lifestyle ကနေ ညွှန်းပေးလိုက်ပါတယ်နော်…
- ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ 🥦🍅
- ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူးစတဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများ 🍞🥖
- အသား၊ ငါး၊ ပဲ အမျိုးမျိုး 🐟🥜
- နို့နဲ့ နို့ထွက် ပစ္စည်းများ 🥛
- စားသုံးဆီနဲ့ အဆီဓာတ်ကြွယ်ဝတဲ့ အစားအစာတို့ပဲ ဖြစ်ပါတယ်။

DIY Hand Sanitizer လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ ဆေးကြောခြင်းက အကောင်းဆုံးပါပဲ။ ဒါပေမယ့် လက်ခဏခဏဆေးဖို့ အဆင်မပြေတာတွေ၊...
29/03/2020

DIY Hand Sanitizer

လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ ဆေးကြောခြင်းက အကောင်းဆုံးပါပဲ။ ဒါပေမယ့် လက်ခဏခဏဆေးဖို့ အဆင်မပြေတာတွေ၊ ကိစ္စတခုကြောင့် အပြင်မှာရောက်နေတာတွေ၊ ပတ်ဝန်းကျင်မှာ ဆပ်ပြာမရှိတဲ့ အခြေအနေမျိုးတွေအတွက် Hand Sanitizer ကို ဆောင်ထားသင့်ပါတယ်။

COVID-19 ကြောင့် လက်သန့်ရှင်းရေးဆေးတွေက အဆမတန်စျေးတက်လာပြီး ပစ္စည်းပြတ်လပ်မှု တွေဖြစ်လာတာကြောင့် အိမ်မှာတင်ပဲ DIY Hand Sanitizer ပြုလုပ်နိုင်တဲ့နည်းကို Oren Lifestyle ကနေ မျှဝေပေးချင်ပါတယ်။

DIY Hand Sanitizer ကိုယ်ပိုင်လက်သန့်ရှင်းရေး ပြုလုပ်ပုံနည်း နှစ်မျိုးကို ဖော်ပြပေးမှာပါ။ ထို ၂ နည်းထဲက ကြိုက်နှစ်သက်ရာကို စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်နော်
အရက်ပြန် (သို့မဟုတ်) Essential Oil အဖြစ် Witch Hazel နဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Tea Tree Oil တို့ကို ရွေးချယ်နိုင်ပါတယ်။

1. ပါဝင်ပစ္စည်းများ

အခု DIY Hand Sanitizer က စီးပွားရေးအရ တုပထားခြင်းမရှိပါ၊ ဓာတုပစ္စည်းတွေနဲ့ အနံ့သက်ဆိုးစေတဲ့ အရာများ မပါဝင်ပါ။ လက်သန့်စင်ဆေးကို အရေးပေါ်အသုံးပြုဖို့ လိုအပ်တဲ့ အချိန်တွင်ပဲ အသုံးပြုပါ။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
• အရက်ပြန် (isopropyl alcohol) ၂/၃ ပမာဏ
• ရှားစောင်းလက်ပတ် Gel ၁/၃ ပမာဏ
• လာဗင်ဒါ၊ လေးညှင်း၊ သစ်ကြပိုး၊ ပူစီနံတွေကို Essential Oil အနေနဲ့ သုံးနိုင်တယ်၊ (ပမာဏ - ၈စက် - ၁၀စက်)
• ရောနယ်ဖို့ ပန်းကန်လုံးတလုံး၊ ဇွန်း၊ ကတော့၊ ပလပ်စတစ် ဘူး

2. ရောမွှေပါ

ပါဝင်ပစ္စည်းတွေကို ပန်းကန်လုံးထဲ ထည့်ပြီး ဇွန်းနဲ့ ဖြေးညင်းစွာ သေချာရောမွှေပေးပါ။
အရည်ပျစ်ချင်ရင် ရှားစောင်းလက်ပတ် တစ်ဇွန်း ထည့်နိုင်ပါတယ်။
အရည်ပိုများချင်ရင်တော့ အရက်ပြန် တစ်ဇွန်းထပ်ထည့်ပါ။

3. Essential Oil ထည့်ပါ။

Essential Oil ကို တကြိမ်မွှေပြီးတိုင်း တစက်ထည့်ပါ။ ၈ ကြိမ် မွှေပြီးရင် အနံခံကြည့်ပါ။ ကိုယ့်အတွက် အဆင်ပြေတဲ့ အနံဆိုရင် DIY Hand Sanitizer ကို ရပါပြီ။ ပိုပြင်းတဲ့အမွှေးအနံ ကြိုက်တဲ့ သူတွေ ကတော့ နောက်ထပ် Essential Oil အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။
လာဗင်ဒါ၊ လေးညှင်းပွင့်၊ သစ်ကြပိုးနဲ့ ပူစီနံ စတဲ့ Essential Oil ထည့်ရောစပ်တာက ရောဂါပိုးတွေကို ပိုးသတ်နိုင်လို့ပါပဲ။
အဲ့အနံတွေကို မကြိုက်ရင်လည်း တခြား နှစ်သက်ရာအနံတွေကို သုံးနိုင်ပါတယ်။ (ဥပမာ - သံပုရာ၊ စပျစ်သီး နဲ့ ပင်မှည့်သီး)

4. ပလပ်စတပ်ဘူးထဲ ဖြည့်ပါ

ကတော့ကို ပလပ်စတစ်ဘူးဝ ပေါ်တင်ထားပြီး ကိုယ်တိုင် ပြုလုပ်ပြီး ရရှိလာတဲ့ လက်သန့်ဆေးရည်ကို လောင်းထည့်ပါ။
အဖုံးကို တင်းကျပ်အောင် ပိတ်ပါ။
DIY Hand Sanitizer ကို ကိုယ်နဲ့ အမြဲသယ်ဆောင်ဖို့ လိုပါက ရေမွှေးပုလင်းအသေး တစ်လုံးထဲ ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

နောက်တနည်းကို နောက်နေ့မှာ ထပ်မံဖော်ပြသွားပေးပါမှာမို့ Like and Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် 👍



ကျန်းမာမာနဲ့ အိမ်တွင်းပုန်းနိုင်ဖို့… 💪💪အိမ်မှာနေရတဲ့အချိန်တွေက ခါတိုင်းထက်ပိုစားမိနေတဲ့ အချိန်တွေပါပဲ။ ဒါပေမယ့် ပုံမှန်...
29/03/2020

ကျန်းမာမာနဲ့ အိမ်တွင်းပုန်းနိုင်ဖို့… 💪💪

အိမ်မှာနေရတဲ့အချိန်တွေက ခါတိုင်းထက်ပိုစားမိနေတဲ့ အချိန်တွေပါပဲ။ ဒါပေမယ့် ပုံမှန်အချိန်တွေထက် ပိုပြီး ကျန်းမာအောင် စားသောက်ဖို့လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အခါ မလိုအပ်တဲ့ ကယ်လိုရီတွေကို ကျေပျက်သွားဖို့ ပိုပြီးခက်ခဲပါပြီး ကိုယ်အလေးအချိန်လည်း တက်တာ မြန်ဆန်ပါတယ်။ အိမ်ထဲမှာ နေတာကြာလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေပါ ကြုံတွေ့ရတတ်ပါတယ်။

စိတ်ရောကိုယ်ပါ ကျန်းမာရေးနဲ့ညီညွတ်စွာ အိမ်တွင်းပုန်းနိုင်ဖို့ အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1. ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းချက်နည်းတွေကိုပဲ အသုံးပြုပါ။ (ဆီကြော်ရမယ့်ချက်နည်းပြုတ်နည်းတွေကို ရှောင်ပါ)

2. သွားရည်စာစားတာကို ဆင်ခြင်ပါ။

3. အိမ်ကနေ အလုပ်လုပ်နေတဲ့သူဆိုရင် မီးဖိုချောင်နဲ့ဝေးရာမှာ လုပ်ပါ။

4. အဆာပြေ သွားရည်စာ စားချင်ခဲ့ရင် Ready Made တွေမစားပါနဲ့။ အသီးအနှံ၊ အရွက်သုပ်၊ ဒိန်ချဉ် စာတွေကိုသာစားပါ။

5. အပြင်ကမှာစားမယ်ဆိုရင် စိန်ပြေနပြေ မီနူးကြည့်လို့ရမယ့် ဆိုင်ကသာ မှာပါ၊ ဒါမှ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းပွဲကို မှာစားဖြစ်မှာပါ။

6. အိမ်အလုပ်တွေကို တတ်နိုင်သမျှကူပါ။

7. ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တနေ့နာရီဝက်ခန့်ပြုလုပ်ပေးပါ။

8. တနေရာတည်းမှာ အချိန်ကြာကြီးထိုင်တာ၊ အလုပ်လုပ်တာ၊ TV ကြည့်၊ ဖုန်းသုံးတာတွေကို မလုပ်ပါနဲ့။ ဘာပဲလုပ်လုပ် တစ်နာရီတစ်ခါ Break Time ယူပေးပါ။

9. ကိုယ့်အခန်းနဲ့ အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ၊ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။

10. စိတ်အပြောင်းအလဲကိုလည်း ဂရုစိုက်ပါ။ Negative Emotion ကို အဓိကဖြစ်စေနိုင်တဲ့ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကို အချိန်ကန့်သတ်ထားပါ၊ အသုံးပြုချိန်ကို လျှော့ချပါ။

11. နေ့ခင်းနေ့လယ် တရေးတမော အိပ်ပါ။

12. အကောင်းမြင်ပါ၊ စာအုပ်ဖတ်ပါ၊ မိသားစုနဲ့ စကားစမြည်ပြောပါ။

Stay Home, Stay Healthy!







ဂိမ်းဆော့ဖို့တိုက်တွန်းလိုက်တဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဟာ ယခင်က ဗီဒီယိုဂိမ်းစွဲလမ်းခြင်းကို စိတ်ပိုင်းဆိုင်ရ...
28/03/2020

ဂိမ်းဆော့ဖို့တိုက်တွန်းလိုက်တဲ့ WHO

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဟာ ယခင်က ဗီဒီယိုဂိမ်းစွဲလမ်းခြင်းကို စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခု (Mental Disorder) အဖြစ် သတ်မှတ်ခဲ့ပေမယ့် အခုတော့ လူတွေကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဗီဒီယိုဂိမ်းတွေ ဆော့နေကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အခုစာရေးနေချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူဦးရေ ၄ သိန်း ၇ သောင်းကျော် ကူးစက်ခံရပြီး နှစ်သောင်းကျော် သေဆုံးထားတဲ့ COVID-19 ရဲ့ အန္တရာယ်ဟာ ၂၁ ရာစုအတွက် အဆိုးရွားဆုံးကပ်ရောဂါတစ်ခုပါ။ ဒါ့ကြောင့် ကမ္ဘာ့နိုင်ငံအများစုမှာ သွားလာလှုပ်ရှားမှုကို ကန့်သတ်ပြီး အိမ်တွင်းအောင်းဖို့ တိုက်တွန်းထားကြပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဒီရောဂါကို တိုက်ဖျက်ဖို့ ကျရာတာဝန်က စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်နေချိန်မှာ ကျွန်တော်တို့လို သာမာန်လူတွေကတော့ ရောဂါပျံ့ပွားမှု လျှော့ချနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် မထိတွေ့ဘဲ နေထိုင်ဖို့ အရေးကြီးပါတယ်။ WHO ကလည်း လူတွေကို ကိုယ့်အိမ်ထဲမှာပဲ ပျော်ရွှင်စွာ အချိန်ဖြုန်းရန် နည်းလမ်းရှာဖို့ တိုက်တွန်းလိုက်တာပါ။

WHO ရဲ့ အထွေထွေဒါရိုက်တာဖြစ်သူက မီဒီယာထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
“ပထမဆုံး ကျန်းမာပြီး အာဟာရပြည့်ဝအောင် ချင့်ချိန်စားသောက်ပါ။ ဒါက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေမှာဖြစ်ပါတယ်။

ဒုတိယအနေနဲ့ အယ်လ်ကိုဟော (အရက်ဘီယာ) သောက်သုံးမှုနဲ့ သကြားများတဲ့ သောက်စရာတွေကို သုံးစွဲသောက်သုံးမှု လျှော့ချပါ။

တတိယက ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းက အကယ်လို့ COVID-19 ကူးစက်ခံရရင် ဆိုးရွားတဲ့ ရောဂါဝေဒနာတွေ ဖြစ်လာဖို့ ပိုပြီးအခွင့်အလမ်းများစေပါတယ်။

စတုတ္ထအဆင့်က လေ့ကျင့်ခန်းလုပ်ပါ။ WHO ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် ကာယလေ့ကျင့်ခန်း တစ်နေ့ကိုနာရီဝက်နဲ့ ကလေးတွေအတွက် တစ်နေ့ကိုတစ်နာရီ ပြုလုပ်ဖို့ တိုက်တွန်းပါတယ်။ တကယ်လို့ သင့်ရဲ့နိုင်ငံက ခွင့်ပြုသေးတယ်ဆိုရင် အပြင်ကို လမ်းထွက်လျှောက်ပါ၊ ပြေးပါ၊ ဒါပေမယ့် အခြားလူတွေနဲ့တော့ အကွာအဝေးတစ်ခုခြားပြီး ထိတွေ့မှုကို တားဆီးပါ။ တကယ်လို့ အိမ်ထဲက အိမ်ပြင်မထွက်ရရင် လေ့ကျင့်ခန်းဗီဒီယိုတွေကို အွန်လိုင်းကရှာပြီး လိုက်လုပ်ပါ၊ သီချင်းနားထောင်ပြီး ကပါ၊ ယောဂလေ့ကျင့်ခန်းလုပ်ပါ၊ ဒါမှမဟုတ် အိမ်ထဲက လှေကားကို အတက်အဆင်းလုပ်ပါ။
တကယ်လို့ အိမ်မှာအလုပ်လုပ်နေရတာဆိုရင်လည်း ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်မိပါစေနဲ့။ နာရီဝက် အလုပ်လုပ်ပြီးတိုင်း ၃ မိနစ် အနားယူပါ။ လာမယ့်ရက်တွေမှာ အိမ်တွင်းမှာ ဘယ်လိုကျန်းမာအောင်နေရမယ်ဆိုတာကို ထပ်မံအကြံပေးထုတ်ပြန်ပါ့မယ်။

နောက်ဆုံးအချက်ကတော့ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုပြုစောင့်ရှောက်ပါ။ ဒီအချိန်မှာ ဖိအားများခြင်း၊ စိတ်ရှုပ်ထွေးခြင်းနဲ့ ကြောက်လန့်ခြင်းကို ခံစားရတာ ပုံမှန်ဖြစ်ပါတယ်။ သင်ယုံကြည်ရတဲ့ သိကျွမ်းသူတွေနဲ့ စကားပြောပါ။

သင့်ရဲ့ Community ပေါ်မှာ အခြားလူတွေကို ကြည့်ရှုအားပေးခြင်းကလည်း သူတို့ကိုသာမက သင်ကိုယ်တိုင်ကိုပါ အကျိုးရှိစေပါတယ်။ အိမ်နီးချင်းတွေ၊ မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ဂရုစိုက်ပါ။ အကြင်နာတရားက ဆေးဝါးဖြစ်ပါတယ်။
သီချင်းနားထောင်ပါ၊ စာအုပ်ဖတ်ပါ၊ ဒါမှမဟုတ်ရင် ဂိမ်းဆော့နေပါ။

တကယ်လို့ သတင်းတွေကိုကြည့်ရှုခြင်းက သင့်ကိုကြောက်လန့်စေတယ်ဆိုရင် သတင်းတွေကြည့်တာ၊ ဖတ်တာကို သိပ်မလုပ်ပါနဲ့။ သင့်အတွက် လိုအပ်တဲ့သတင်းအချက်အလက်တွေကို ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကနေ တစ်နေ့ကို နှစ်ခါခန့်သာ စစ်ဆေးပါ”

WHO ရဲ့ အထွေထွေဒါရိုက်တာကတော့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် ဗီဒီယိုဂိမ်းတွေဆော့နေဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ အဆိပ်အတောက်များတဲ့ အွန်လိုင်းပလက်ဖောင်းတွေပေါ်မှာ သတင်းမှားတွေ အချက်အလက်များတွေနဲ့ တွေ့ကြုံရတာကိုလည်း လျှော့ချပေးမှာဖြစ်ပါတယ်။

ဂိမ်မာတွေအတွက်တော့ COVID-19 ကူးစက်မခံရအောင် Social Distancing ပြုမူနေထိုင်ရတာ အရမ်းကြီး ခက်ခဲလိမ့်မှာမဟုတ်ပါဘူး။ WHO နဲ့ ပြည်တွင်းကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရင် ဒီကပ်ဆိုးကြီးကို အားလုံးကျော်လွှားနိုင်မှာပါ။ ဒီအချိန်အတွင်းမှာ Gaming Noodle ကလည်း ဂိမ်မာတွေ မပျင်းရိရအောင် အစီအစဉ်သစ်လေးတွေရော၊ နေ့စဉ်သတင်းနဲ့ Feature တွေနဲ့ပါ ဖျော်ဖြေပေးနေမှာပါ။

မူရင်း မိန့်ခွန်း – https://www.who.int/dg/speeches/detail/who-director-general-s-opening-remarks-at-the-media-briefing-on-covid-19—20-march-2020

(ယခု Post ကို Gaming Noodle မှကူးယူဖော်ပြပါသည်)

ကမ္ဘာကြီးကို ကယ်တင်ရင်း သင့်ရဲ့အသားအရည်ကိုပါ ကယ်တင်လိုက်ပါ... 🦸‍♀️🦸‍♂️အိမ်တွင်းအောင်းရင်း ကမ္ဘာကြီးကိုကယ်တင်နေသူများ တချက်...
28/03/2020

ကမ္ဘာကြီးကို ကယ်တင်ရင်း သင့်ရဲ့အသားအရည်ကိုပါ ကယ်တင်လိုက်ပါ... 🦸‍♀️🦸‍♂️

အိမ်တွင်းအောင်းရင်း ကမ္ဘာကြီးကိုကယ်တင်နေသူများ တချက်ခုတ်နှချက်ပြတ် ကိုယ့်ရဲ့ မျက်နှာ အသားအရည်ကိုပါထပ်ပြီး ကယ်တင်လိုက်ပါဦး။

ဓာတုပစ္စည်းမပါဝင်တဲ့ သဘာဝပစ္စည်းတွေနဲ့ မျက်နှာပေါင်းတင်နည်းတွေကို စမ်းကြည့်ပြီး ပျော်ရွှင်စရာ Stay Home အခိုက်အတန့်လေးကို ရပါစေနော် 🤪🤪

1. ရေဓာတ်ဖြည့် ပေါင်းတင်နည်း
- ထောပတ်သီး တခြမ်း
- ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- Oat လက်တဆုပ်
ထောပတ်သီးကို ကြိတ်စက် ဒါမှမဟုတ် လက်နဲ့ချေပါ။ ထောပတ်သီးအမှည့်ဆိုရင် ချေရတာပိုလွယ်ပါမယ်။ ပျားရည်၊ Oat တို့နဲ့ သမအောင် ရောနယ်ပါ။ မျက်နှာပေါ်မှာ (၁၅) မိနစ်ခန့်ထားပြီး ရေနဲ့ညင်သာစွာ ဆေးချပါ။

2. အသားအရည် ကြမ်းတမ်းသူများ၊ အရောင်မညီသူများအတွက် ပေါင်းတင်နည်း
- သကြားမပါတဲ့ သဘာဝဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်း အကုန်လုံးကို သမအောင် ရောမွှေပါ။ မျက်နှာပေါ်မှာ (၁၅) မိနစ်ခန့်ထားပြီး ရေနဲ့ညင်သာစွာ ဆေးချပါ။

3. ပပဝတီလို ဂလိုးစေဖို့ ပေါင်းတင်နည်း
နည်း(၁)
- ငှက်ပျောသီး တခြမ်း
- လိမ္မော်သီးရည် /ကမ္ဗလာသီးရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်း အကုန်လုံးကို သမအောင် ရောမွှေပါ။ မျက်နှာပေါ်မှာ (၁၅) မိနစ်ခန့်ထားပြီး ရေနဲ့ညင်သာစွာ ဆေးချပါ။

နည်း(၂)
- လိမ္မော်သီးရည် /ကမ္ဗလာသီးရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း ကို သမအောင် ရောမွှေပါ။ မျက်နှာပေါ်မှာ (၁၅) မိနစ်ခန့်ထားပြီး ရေနဲ့ညင်သာစွာ ဆေးချပါ။
အက်စစ်ဓာတ်အနည်းငယ်ပါဝင်လို့ Sensitive Skin ပိုင်ရှင်များ ဒီနည်းအတိုင်းပေါင်းတင်မယ်ဆိုရင် သတိထားသင့်ပါတယ်။

4. ဝက်ခြံတွေ သက်သာစေမယ့် ပေါင်းတင်နည်း
နည်း(၁)
- ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- နနွင်းမှုန့် စားပွဲတင်ဇွန်း တဝက်
ပါဝင်ပစ္စည်း အကုန်လုံးကို သမအောင် ရောမွှေပါ။ မျက်နှာပေါ်မှာ (၁၅) မိနစ်ခန့်ထားပြီး ရေနဲ့ညင်သာစွာ ဆေးချပါ။

နည်း(၂)
- ရှားစောင်းလပတ်
- နနွင်း (သို့) လဘက်စိမ်း

ပါဝင်ပစ္စည်း အကုန်လုံးကို ဆတူ ရောမွှေပါ။ မျက်နှာပေါ်မှာ (၁၅) မိနစ်ခန့်ထားပြီး ရေနဲ့ညင်သာစွာ ဆေးချပါ။

ပေါင်းမတင်ခင်မှာ မျက်နှာသစ်ပြီး တိုနာသုံးပေးထားမယ်ဆိုရင် ပိုပြီးထိရောက်မှုရှိမှာပါ။

Stay Home, Skin Care !!






ဂျင်းကို နေ့တိုင်းစားရင် ဘာတွေဖြစ်လာနိုင်လဲ…😱😱😱🔸🔸🔸🔸🔸🔸🔸🔸🔸🔸တကယ်လို့ သင်က ဟင်းခတ်အမွှေးအကြိုင်တွေကို နှစ်သက်သူတယောက်ဆိုရင် ဂ...
28/03/2020

ဂျင်းကို နေ့တိုင်းစားရင် ဘာတွေဖြစ်လာနိုင်လဲ…😱😱😱
🔸🔸🔸🔸🔸🔸🔸🔸🔸🔸

တကယ်လို့ သင်က ဟင်းခတ်အမွှေးအကြိုင်တွေကို နှစ်သက်သူတယောက်ဆိုရင် ဂျင်းကိုလည်း ကြိုက်ဖို့ ကြိုးစားသင့်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အများစုမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးအများအပြားရှိပေမယ့် ဂျင်းကရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကိုတော့ မယှဉ်နိုင်ပါဘူး။

ဂျင်းကိုဘာကြောင့် နေ့တိုင်းစားသင့်တာလဲ။ ဂျင်းမှာ ဂျင်ဂျီရောလို့ ခေါ်တဲ့ ဓာတ်ပေါင်းတမျိုး ပါဝင်ပါတယ်။ ဒီဓာတ်ပေါင်းက ယောင်ရမ်းမှုနဲ့ နာကျင်မှုတွေကို လျော့ပါး သက်သာစေပါတယ်။ ခန္ဓာကိုယ်ထဲက အန္တရာယ်ရှိတဲ့ Free Radicals တွေကိုလည်း ပျက်စီးပျောက်ကွယ်စေပါတယ်။ ဒါကြောင့် Free Radical တွေကြောင့် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်မှာပါ။
ဂျင်းကို နေ့တိုင်းစားရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲ…

1. အစာအိမ်ကနေ အက်စစ်ရည်ဆန်တက်တာကို သက်သာစေတယ်

2. ခန္ဓာကိုယ်ရဲ့ ယောင်ရမ်းမှုတွေကို လျှော့ချပေးတယ်

3. ကင်ဆာဖြစ်နိုင်ချေကို နည်းပါးစေတယ်

4. အစာချေစနစ်ကို ပိုကောင်းစေတယ်

5. ခေါင်းကိုက်တာတွေကို သက်သာစေတယ်၊ မဖြစ်အောင် ကာကွယ်ပေးတယ်

6. ကိုယ်အလေးချိန် ကျစေတယ်

7. ကြွက်သာ နာကျင်မှုနဲ့ ကိုက်ခဲမှုတွေကို သက်သာစေတယ်

ဂျင်းကို အစိမ်းပဲစားစား၊ ချက်ပြုတ်ပြီးပဲစားစား အာနိသင်တူတူပါပဲ။
မြန်မာတွေရဲ့ ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါ။ ဂျင်းကိုဟင်းလျာထဲ ထည့်မစားဖြစ်ခဲ့ဘူးဆိုရင် ဂျင်းနဲ့ပြုလုပ်ထားတဲ့ လက်ဖက်ရည်၊ ဂျင်းဖျော်ရည်၊ ဂျင်းသုပ် စတာတွေကို သွားရည်စာအနေနဲ့စားပေးနိုင်ပါတယ်။




SPF ဘယ်လောက်ပါတဲ့ Sunscreen ကို ဝယ်သင့်လဲ…☀️☀️☀️☀️☀️☀️☀️☀️☀️☀️SPF ရဲ့ အရှည်ကတော့ Sun Protection Factor ပါ။ Suncreen တခုက...
28/03/2020

SPF ဘယ်လောက်ပါတဲ့ Sunscreen ကို ဝယ်သင့်လဲ…
☀️☀️☀️☀️☀️☀️☀️☀️☀️☀️

SPF ရဲ့ အရှည်ကတော့ Sun Protection Factor ပါ။ Suncreen တခုက နေရောင်ခြည်ကလာတဲ့ အန္တရာယ်ရှိတဲ့ UVB ဓာတ်ရောင်ခြည်ကို ဘယ်လောက်ထိကာကွယ်နိုင်လဲဆိုတဲ့ အညွှန်းကိန်းဖြစ်ပါတယ်။

🌞⚡️Sunscreen တွေကို Cosmetics ခေါင်းစဉ်ထဲထည့်ထားကြပေမယ့် အသားအရည်ကို ကာကွယ်ဖို့ မဖြစ်မနေသုံးသင့်တဲ့ ပစ္စည်းဖြစ်ပါတယ်။ လူအများစုက Sunscreen ကို ကမ်းခြေသွားမှ လိမ်းရတယ်လို့ အမှတ်မှားနေကြပါတယ်။ တကယ်တော့ Sunscreen ကို နေရောင်ခြည်များစွာ ကျရောက်နေရာတွေဖြစ်တဲ့ အီကွေတာ အနီးတဝိုက် အပူပိုင်းဒေသမှာ နေထိုင်သူတွေအကုန်လုံး သုံးသင့်ပါတယ်။ ပြီးတော့ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ သုံးဖို့လိုအပ်ပါတယ်။ Cosmetics ပစ္စည်းတော်တော်များများက ယောက်ျားလေးသုံးနဲ့ မိန်းကလေးသုံးခွဲပြီးလာပေမယ့် Sunscreen တွေကို ခွဲပြီး မထုတ်ကြပါဘူး။

✅✅Sunscreen မှာပါတဲ့ SPF အညွှန်းကိန်းနဲ့ နေရောင်ကာကွယ်နှုန်းက တိုက်ရိုက်အချိုးမကျပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ အညွှန်းကိန်းကို ဖတ်ပြီး ကိုယ်သွားမယ့်နေရာ၊ နေတဲ့နေရာနဲ့ သင့်တော်မယ့် Sunscreen ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

SPF. UVB ကာကွယ်နိုင်သောရာခိုင်နှုန်း

SPF 2. 50%
SPF 4. 75%
SPF 10. 90%
SPF 15. 93%
SPF 30. 97%
SPF 50. 98%
SPF 70. 98.5%
SPF 100. 99%






ကိုရိုနာဗိုင်းရပ်ဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကိုကျန်းမာအောင် ဝသုံးလုံးကိုဆောင်၁။အိပ်ရေးဝဝအိပ်ပါ။၂။အာဟာရရှိတဲ့ အစားအသောက်မျ...
27/03/2020

ကိုရိုနာဗိုင်းရပ်ဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကိုကျန်းမာအောင် ဝသုံးလုံးကိုဆောင်

၁။အိပ်ရေးဝဝအိပ်ပါ။

၂။အာဟာရရှိတဲ့ အစားအသောက်များကိုဝဝစားပါ။

၃။မလိုအပ်ပဲ အပြင်ထွက်ခြင်းကို ​ဝေးဝေးရှောင်ကျဥ်ပါ။

၄။လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာဆေးပါ။

၅။အပြင်ထွက်ရင် Hand Gel များကိုယူဆောင်သွားပါ။

၆။ကျန်မာရေးနဲ့ပတ်သတ်တဲ့ သတင်းများကို မပြတ်နားစွင့်ပါ။

Oren-lifestyle ပရိတ်သတ်များလဲ အိမ်ထဲမှာနေရင်း မိမိနဲ့မိမိပတ်ဝန်းကျင်ကို ကာကွယ်ကြပါစို့။

Oren-Lifestyle နဲ့ Partner ဖြစ်တဲ့ Kaung Gon Htin ရဲ့ Content Writing ကို Sharing လုပ်ပေးတဲ့ Group ကို ပြောပြပေးမှာပါ။Co...
27/03/2020

Oren-Lifestyle နဲ့ Partner ဖြစ်တဲ့ Kaung Gon Htin ရဲ့ Content Writing ကို Sharing လုပ်ပေးတဲ့ Group ကို ပြောပြပေးမှာပါ။

Content Writing နဲ့ Content Marketing ကို စိတ်ဝင်စားတဲ့သူတွေအတွက် Knowledge Sharing လုပ်ပေးတဲ့ Group ပဲဖြစ်ပါတယ်။

Digital Marketing ကို စိတ်ဝင်စားတဲ့သူတွေ Join သင့်တဲ့ Group တစ်ခုပါပဲ။

https://www.facebook.com/groups/896561520775107/

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေနဲ့ အင်္ဂလိပ်စာကို ပိုပြီးလေ့လာချင်တဲ့ သူတွေအတွက် Oren-Book ကနေ Free English Learning...
27/03/2020

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေနဲ့ အင်္ဂလိပ်စာကို ပိုပြီးလေ့လာချင်တဲ့ သူတွေအတွက် Oren-Book ကနေ Free English Learning Course ကို ညွန်းပေးချင်ပါတယ်။

ဒီ Free Learning Course လေးကတော့ British Council က ပေးတာပဲ ဖြစ်ပါတယ်။

အောက်ပါလင့်ကနေဝင်ရောက်ပြီး အခုပဲ အချိန်တွေကို အကျိုးရှိအောင် သုံးလိုက်ကြပါတော့။

https://opportunitiescorners.info/british-council-free-onl…/

အခုလိုအိမ်တွင်းအောင်းချိန်မှာ အချိန်တွေဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆိုတာလေး Oren-lifestyle ပြောပြပေးသွားမှာပါဒီကိစ္စကြ...
27/03/2020

အခုလိုအိမ်တွင်းအောင်းချိန်မှာ အချိန်တွေဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆိုတာလေး Oren-lifestyle ပြောပြပေးသွားမှာပါ

ဒီကိစ္စကြီးပြီးသွားရင် အားလုံးအဆင်သင့်ဖြစ်နေအောင် E-learning လေးလုပ်ရင်း အသင့်ပြင်ထားဖို့ပြောချင်ပါတယ်။

Onlime Free Course လေးတွေနဲ့မိတ်ဆက်ပေးမှာပါ။အဲ့ဒါကတော့ Hubspot ကပေးထားတဲ့ Digital Marketing ဆိုင်ရာ Course လေးတွေပဲဖြစ်ပါတယ်။Digital Marketing ကိုစိတ်ဝင်စားပြီး အခုမှလေ့လာမယ့်သူတွေအတွက် အဆင်ပြေဆုံး Course လေးတွေပဲဖြစ်ပါတယ်။

အောက်ပါလင့်ကနေဝင်ရောက်ပြီး အခုပဲ အချိန်တွေကိုသုံးလိုက်ကြပါတော့။

https://app.hubspot.com/academy/7090197/tracks

အိမ်တွင်းအောင်းနေတုန်း အချိန်တွေ အလဟဿ မဖြစ်အောင် E-learningလေးလုပ်ရင်း အကျိုးရှိအောင်လုပ်ဖို့ Free Online Course လေးကိုပ...
27/03/2020

အိမ်တွင်းအောင်းနေတုန်း အချိန်တွေ အလဟဿ မဖြစ်အောင် E-learningလေးလုပ်ရင်း အကျိုးရှိအောင်လုပ်ဖို့ Free Online Course လေးကိုပြောပြပေးမှာပါ။

Digital Marketing ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ အခုပြောပြမယ့် Free Course လေးက အကျိုးရှိစေမှာပါ။

Google ကလုပ်ပေးထားတဲ့ Digital Garage ဆိုတဲ့ Online Course လေးပဲဖြစ်ပါတယ်။

အောက်ပါလင့်ကိုဝင်ပြီး အချိန်တွေကို အကျိုးရှိအောင်လုပ်လိုက်ကြပါစို့

https://learndigital.withgoogle.com/digitalgarage/courses

ကမ္ဘာကြီးကပင်ပန်းလို့ လူသားတွေဆီကခဏအနားယူတဲ့အခါ......New York Times က Covid-19 ကြောင့် Quarantined ဖြစ်နေတဲ့ ကာလတစ်လျှော...
27/03/2020

ကမ္ဘာကြီးကပင်ပန်းလို့ လူသားတွေဆီက
ခဏအနားယူတဲ့အခါ......

New York Times က Covid-19 ကြောင့် Quarantined ဖြစ်နေတဲ့ ကာလတစ်လျှောက် တစ်ကမ္ဘာလုံးကမြို့ကြီးတွေရဲ့ အခြေအနေကို အခုလို မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။

27/03/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်၁။ ကျန်း...
27/03/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၆-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၈) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၆-၃-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲ စစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာ (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) (ဇယား-၁) ရပြီး စောင့်ကြည့်လူနာ (၄၆) ဦး (ဇယား-၂) တွင် COVID-19 ရောဂါ ပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။

COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရသော လူနာနှစ်ဦးမှာ -

(04) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ ပါသည်။ (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့ တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

- အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။

(05) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပါသည်။ (၁၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပါသည်။

၄။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

၅။ အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါ သည်။

၆။ ထို့အပြင် ကျိုင်းတုံပြည်သူ့ဆေးရုံ၊ ပျဉ်းမနားပြည်သူ့ဆေးရုံတို့တွင် အသွားအလာကန့်သတ် ထားရှိသူ (၂) ဦး၏ ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ပါ ကြောင်း သိရှိရပါသည်။

၇။ ယနေ့ (၂၆-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၂၀) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

Crd-Ministry Of Health And Sports Myanmar

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Oren - Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share