Daily Popular News

  • Home
  • Daily Popular News

Daily Popular News နေ့စဉ်သတင်းများ

Nicon camera တခုကို သောင်းဂဏန်းနဲ့ရရှိနိုင်ရန်......................................................ပခုက္ကူ ပေါက်မြို့နယ...
19/12/2023

Nicon camera တခုကို သောင်းဂဏန်းနဲ့ရရှိနိုင်ရန်......................................................

ပခုက္ကူ ပေါက်မြို့နယ်အခြေစိုက် အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ စနိုက်ပါ တလက်ရရှိနိုင်ရေး အတွက် ကမ်းပိန်းတခုပြုလုပ်ပြီး ရံပုံငွေရှာနေ...

https://m.facebook.com/story.php?story_fbid=315394178069095&id=100087955465644&mibextid=Nif5oz

အနောက်လွင်ပြင် အတွက်
စနိုက်ပါ ရိုင်ဖယ် တလက်

စစ်အာဏာရှင်စနစ်ဆိုး လက်အောက်မှ ရုန်းထွက်လိုသော၊ ရုန်းထွက်နေကြသော လေးစား ချစ်ခင်ရတဲ့ မိဘပြည်သူများခင်ဗျာ။ ကျွန်တော်တို့ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်နက် ဖြည့်တင်းရေးအတွက် ကျွန်တော်တို့မှာရှိတဲ့ အနုပညာပစ္စည်းလေးတွေကို မဲဖောက်ပေးရင်း ကမ်ပိန်းတစ်ခု လုပ်နေပါတယ်။

ဒီကမ်ပိန်းမှာ ကျွန်တော်တို့ရဲဘော်တွေ အမြတ်တနိုး စုဆောင်းထားတဲ့ အနုပညာ ပစ္စည်းလေးတွေကို ကံစမ်းရင်း ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကတော့...

ပထမဆု - Nikon D5600 ကင်မရာ
ဒုတိယဆု - ပန်းချီကား
တတိယဆု - ဗိုင်းငင်ရစ်ဘီး
စတုတ္ထဆု - ထန်းလှီးဓားနဲ့ ဓားနှီးအိမ်
ပဉ္စမဆု - ကဗျာစာအုပ် တို့ ​ဖြစ်ပါတယ်။

ကမ်ပိန်းကာလကတော့ ဒီဇင်ဘာ ၁၅ ကနေ ဇန်နဝါရီ ၃၀ ထိဖြစ်ပါတယ်။ မဲလက်မှတ်တစ်စောင်ကို ကျပ်ငွေ တစ်သောင်းသာ ကျသင့်မည်ဖြစ်ပြီး Wave Pay၊ KBZ Pay၊ NUG Pay အဆင်ပြေတဲ့နည်းလမ်းနဲ့ ကံစမ်းနိုင်ပါတယ်ခင်ဗျာ။ ကံစမ်းမဲဝယ်ရင်း ကူညီထောက်ပံ့လိုသူတွေအနေနဲ့ မက်ဆင်ဂျာကနေ မေးမြန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

#အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ချင်းပြည် ပလက်ဝမြို့နယ်တွင် အခိုင်အမာ စခန်းချထားသော စစ်ကောင်စီ၏ ဗျူဟာကုန်း နှစ်ခုလုံး နိုဝင်ဘာ ၁၄ရက် နေ့ နှင့် ဒိဇင်ဘာ ၁...
12/12/2023

ချင်းပြည် ပလက်ဝမြို့နယ်တွင် အခိုင်အမာ စခန်းချထားသော စစ်ကောင်စီ၏ ဗျူဟာကုန်း နှစ်ခုလုံး နိုဝင်ဘာ ၁၄ရက် နေ့ နှင့် ဒိဇင်ဘာ ၁၀ ရက်နေ့တို့တွင် AA က သိမ်းပိုက်ရရှိခဲ့

31/01/2023

ဒဂုံဆိပ်ကမ်းမြို့နယ်က မအလအကြမ်းဖက်စစ်တပ်ရဲ့ လက်ဝေခံ အုပ်ခွေး နှင့် အပေါင်းအပါ ၄ဦး ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်ခံရ... သတင်းအပြည့်အစုံ ကွန်းမန့်....

30/01/2023

လွိုင်ကော် မဲစလောင်းတောင်ကုန်း နဲ့ ဘော်လခဲဗျူဟာကုန်း တို့ကို ဒရုန်း drone နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့သည့်ဗီဒီယိုကို PDF Loikaw မှာ ထုတ်ဖော်ပြသ.... ဗီဒီယို ကွန်းမန့်...

30/01/2023

မြောင် တွင် မအလအကြမ်းဖက်စစ်တပ်ရဲ့ တပ်မ၉၉ က ကောင်တွင် သုံးကြိမ်မိုင်းဆွဲခံရ... သတင်းအပြည့်အစုံ ကွန်းမန့်...

30/01/2023

ချင်းပြည် ထန်တလန် တွင် မအလ အကြမ်းဖက်စစတပ်၏ရဟတ်ယာဥ် ပစ်ခတ်ခံခဲ့ရပြီး မီးခိုးအူသွား.... ရုပ်သံ သတင်းအပြည့်အစုံ ကွန်းမန့်....

30/01/2023

ပြင်ဦးလွင်ရှိ မအလအကြမ်းဖက်စစ်တပ်ရဲ့ ဒုဗိုလ်မှူးကြီးကို ဒုတပ်ကြပ်က ပြန်ပစ်္တ်ခဲ့... သတင်းအပြည့်အစုံ ကွန်းမန့်...

30/01/2023

မြင်းမူ နဲ့ မြောင် လမ်းခွဲကြားတွင် တပ်စွဲထားသော မအလ အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရ... သတင်းအပြည့်အစုံ ကွန်းမန့်....

29/01/2023

မြင်းခြံမြို့နယ်၊ ပျော်ဘွယ် စံပြရွာတွင် မအလအကြမ်းဖက်စစ်တပ်ကို သတင်းပေးလုပ်နေသော ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်းနှင့်ဇနီး ပစ်္တ်ခံရ သတင်းအပြည့်အစုံ ကွန်းမန့်

29/01/2023

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် မအလ အကြမ်းဖက်စစ်တပ် မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၁၂ သမီး အပါအဝင် ထိခိုက် ေ - ဆုံးမှုများရှိ သတင်းအပြည့်အစုံ ကွန်းမန့်.....

24 အောက်တိုဘာလ ၂၀၂၂မအလ အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ ကချင်ပြည်တွင် လူထုကိုပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန...
24/10/2022

24 အောက်တိုဘာလ ၂၀၂၂

မအလ အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ ကချင်ပြည်တွင် လူထုကိုပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်...
( နေ့စဥ်သတင်းများကြည့်ရှုနိုင်ရန် ပေ့ချ်ကို like follow လုပ်ထားနိုင်ပါသည်။ )

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) နယ်မြေ ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ အနန့်ပါ (A Nang Pa) ကံဆီးရွာ တွင် ၂၃ ရက် အောက်တိုဘာလ မနေ့ညက KIO တည်ထောင်ခြင်း ၂၆ နှစ်ပြည့် အထိမ်းမှတ်နေ့ အကြို စတိတ်ရှိုး ကျင်းပရာ ပြည်သူလူထုများ၊ အဆိုတော်များ၊ KIA KIO မှတာဝန်ရှိသူများ အများအပြား ရှိနေစဉ်တွင် မည်သည့်တိုက်ပွဲမျှမရှိဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူလူထုအများအပြားရှိနေရာကို မအလ အကြမ်းဖက်လေတပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ရာ အဆိုတော်များ နှင့် ပြည်သူလူထု ရာချီ ထိခိုက်ဒဏ်ရာများရရှိပြီး၊ ယနေ့အထိ ရုပ်အလောင်း ၅၀ ကျော်ခန့်ထိရှိနေသည်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူများကို ကံဆီးရွာအပြင်ဘက်သို့ သယ်ဆောင်ဆေးကုရာတွင်လဲ မအလ အကြမ်းဖက်စစ်တပ်ဂိတ်များမှ တားဆီးသဖြင့် သေဆုံးမှုများမြင့်တက်ခဲ့ရသည်။
ထိုလေကြောင်းတိုက်ခိုက်မှုကို ပြည်တွင်းတော်လှန်ရေးအင်အားစုများ နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (ERO) များမှ ထုတ်ပြန်ချက်များထုတ်ပြန်၍ အပြင်းအထန်ရှုတ်ချကြပြီး၊ မအလ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တော်လှန် တိုက်ခိုက်ကြရန်လဲ တိုက်တွန်းနှိုးဆော်ထားသည်။
ထို့အတူ ကမ္လာ့ကုလသမဂ္ဂအဖွဲ့မှလဲ ထုတ်ပြန်ချက်ထုတ်ပြန်သော်လဲ မအလ အကြမ်းဖက်စစ်တပ်မှ ကျူးလွန်သည်ဟု မဖော်ပြရဲချေ။

ဓာတ်ပုံ - လေကြောင့်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဆုံးပါးသူများနှင့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်

24/10/2022

ဖားကန့်....

၁၇ အောက်တိုဘာလ ၂၀၂၂မအလ အကြမ်းဖက်စစ်တပ်မှ တရားမဲ့ ချိတ်ပိတ်ထားသော NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်  ဒေါ်သန့်ဝေကျော်၏ မိဘ...
17/10/2022

၁၇ အောက်တိုဘာလ ၂၀၂၂

မအလ အကြမ်းဖက်စစ်တပ်မှ တရားမဲ့ ချိတ်ပိတ်ထားသော NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၏ မိဘနှစ်ပါးအိမ်ရှိ ပစ္စည်းများအား မအလ အကြမ်းဖက်စစ်တပ်မှာ လာရောက်လုယတ်သွား...
( နေ့စဥ်သတင်းများကြည့်ရှုနိုင်ရန် ပေ့ချ်ကို like follow လုပ်ထားနိုင်ပါသည်။ )

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဗိုလ်ချုပ်လမ်းတွင် တည်ရှိသော၊ စစ်ကိုင်းတိုင်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လဲဖြစ်၊ ယခုလက်ရှိတွင်လဲ PVTV တင်ဆက်သူအဖြစ်ပါ တော်လှန်ရေးတွင် ဆက်လက်ပါဝင်နေသော ဒေါ်သန့်ဝေကျော် ၏ မိဘနှစ်ပါး၏အိမ်ကို အကြမ်းဖက်စစ်တပ်မှ တရားမဲ့ မတရား ချိတ်ပိတ်ထားသည့်အပြင် ၁၅ ရက်အောက်တိုဘာလ ၂၀၂၂ ရက်နေ့တွင်

စတိုးဆိုင်ရှိ (လျှပ်စစ်ပစ္စည်း ထမင်းပေါင်းအိုးမှ Air cooler အထိ၊အထည်၊ဖိနပ်၊အိုးခွက်ပန်းကန်၊အမျိုးသမီးလက်ကိုင်အိတ်ကအစ ဖိနပ်အဆုံး အပ်တိုအထိ အကုန်ရှိ) အလူမီနီယံ မှန်ကောင်တာ ကြီး ၁ သေး ၃ ၊ သံစင် (၈) စင် နှင့် ရောင်းကုန်ပစ္စည်းများ)

မိသားစုပိုင် ပစ္စည်း (ကျွန်းစားပွဲနဲ့ ဆက်တီ ၁စုံ၊ Samsung အဝတ်လျှော်စက်၊ gas မီးဖို gas အိုး၊ ၂ ယောက်အိပ်မွေ့ရာ ၄ ချပ်၊ကွန်ပြူတာ ၁လုံး၊ မိုးကုတ် ပတ္တမြား နားကပ်ကြီး ၁စုံ၊ Air Con ၁စုံ၊ 16.14 မီးစက်ကြီး ၁လုံး၊ ပန်ကာကြီး ခု၊အဝတ်ဗီရို ၃ ခု နှင့်မိသားစုအဝတ်အထည်များ) ကို စခ၊ ရခ များမှ လာရောက်ခိုးယူ၊ လုယတ်ကြပြီး။

နောက်နေ့တွင်လည်း အိမ်ရှေ့တွင်ထား ထားသော ကုက္ကိုသားစားပွဲအသစ်ကို အရပ်ဝတ်လူများမှ သုံးဘီးနဲ့သီးသန့်လာသယ်သွားတယ်လို့သိရတယ် ဟု ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှတွင် ဖော်ပြထားသည်။

ဒါ့အပြင် ဒေါ်သန့်ဝေကျော်မှ
"ဘယ်သူတွေလာတာလဲ အကုန်သိတယ်နော်
ဒီအလုပ်ကို လုပ်ကတည်းက အဆုံးစွန်ထိတွေးထားခဲ့ပြီးသား
ဒီလိုကြုံလာရရင် နင်တို့ကို လက်တုန့်ပြန်နိုင်ဖို့ ဆတိုးပိုကြိုးစားမယ်
တော်လှန်ရေးအောင်တဲ့နေ့မှာ အဲဒီ အိမ်နဲ့ပစ္စည်းတွေအတွက် အကုန်တရားမျှတမှုပြန်ယူမယ်..
တော်လှန်ရေးမအောင်ခင်မှာလည်း ရတဲ့နည်းလမ်းနဲ့ လက်တုန့်ပြန်မယ် MAL များရေ" ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် မအလ အကြမ်းဖက်စစ်တပ်နှင့် လက်ဝေခံများကို သတိပေးထားသည်။

ဓာတ်ပုံ - ဒေါ်သန့်ဝေကျော် (၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ)

၁၆ အောက်တိုဘာလ ၂၀၂၂မအလ စစ်တပ်၏ ထောက်ပို့ရဟတ်ယာဥ်တစ်စင်း ပစ်ခတ်ခံရပြီး ရဟတ်ယာဥ်ဆီတိုင်ကီပေါက်ပြီး၊ ပန်ကာတစ်ချောင်းကျိုး( ...
16/10/2022

၁၆ အောက်တိုဘာလ ၂၀၂၂

မအလ စစ်တပ်၏ ထောက်ပို့ရဟတ်ယာဥ်တစ်စင်း ပစ်ခတ်ခံရပြီး ရဟတ်ယာဥ်ဆီတိုင်ကီပေါက်ပြီး၊ ပန်ကာတစ်ချောင်းကျိုး
( နေ့စဥ်သတင်းများကြည့်ရှုနိုင်ရန် ပေ့ချ်ကို like follow လုပ်ထားနိုင်ပါသည်။ )

ယနေ့ (၁၆)ရက် အောက်တိုဘာလတွင် မအလစစ်တပ် မှ လူသူ၊လက်နက်အင်အားဖြည့်တင်းလာသော ရဟတ်ယာဥ◌်နှစ်စီးကို CDF ကန်ပက်လက်သည် အမြင့်တစ်နေရာမှ လက်နက်ငယ်များဖြင့် စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၊ ရဟတ်ယာဥ◌်နှစ်စီးအနက် တစ်စီးမှာ ဆီတိုင်ကီပေါက်ပြီး၊ ပန်ကာတစ်လက်ကျိုးသွားသည်ဟု CDF ကန်ပက်လက်မှ ထုတ်ပြန်သည်။

မအလ စစ်တပ်သည် (၁၅)ရက် အောက်တိုဘာလတွင် ရဟတ်ယာဥ်နှစ်စင်းဖြင့် အင်အားဖြည့်တင်းထားပြီး၊ အင်အားသုံးစစ်ကြောင်းထိုးမှုများရှိလာနိုင်သောကြောင့် ပြည်သူများအသွားအလာ အထူးသတိ​ပြုရန်လည်း CDF ကန်ပက်လက်က ထပ်မံ အသိပေးကြေညာထားသည်။

ဓာတ်ပုံ - မအလ အကြမ်းဖက်စစ်တပ်မှထောက်ပို့အဖြစ်အသုံးပြုလေ့ရှိသော ပြည်သူပိုင် Mi17 ရဟတ်ယာဥ◌်တစ်စီး

၁၄ အောက်တိုဘာလ ၂၀၂၂ကျိုက်ထီးရိုး ကင်းမွန်းစခန်းပစ်ခတ်မှုတွင် ပြည်သူလူထု သေနတ်ထိမှန် သေဆုံး၊ဒဏ်ရာရမှုများသည် မအလ အကြမ်းဖက...
14/10/2022

၁၄ အောက်တိုဘာလ ၂၀၂၂
ကျိုက်ထီးရိုး ကင်းမွန်းစခန်းပစ်ခတ်မှုတွင် ပြည်သူလူထု သေနတ်ထိမှန် သေဆုံး၊ဒဏ်ရာရမှုများသည် မအလ အကြမ်းဖက်စစ်တပ်၏ လက်ချက်ကြောင့်ဟု KNU ထုတ်ပြန်။
( နေ့စဥ်သတင်းများကြည့်ရှုနိုင်ရန် ပေ့ချ်ကို like follow လုပ်ထားနိုင်ပါသည်။ )
ထုတ်ပြန်ချက်အပြည့်အစုံမှာ...
၂၀၂၂ ခုနှစ်အောက်တိုဘာလ ၁၄ ရက် ကေအဲန်ယူ-ဗဟို
အောက်တိုဘာလ (၁၂) ရက်နေ့ နံနက် (၁၀) နာရီ (၄၀) မိနစ်တွင်
ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုရားဖူးဧည့်သည် အမျိုးသမီး(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကာ (၁၃)ဦး ဒဏ်ရာရခဲ့သည်။

ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ် အနီးရှိ စစ်
ကောင်စီ စစ်ဆေးရေးဂိတ်အား အောက်တိုဘာ (၁၂) ရက်နေ့က
မိတ်ဖက်တော်လှန်ရေးအင်အားစုများမှ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီမှ စက်သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘုရားဖူးဧည့်သည်များ ထိခိုက်သေဆုံးခဲ့ရပြီး (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ပြည်သူ(၂)ဦးလည်း လက်နက်ကြီးစထိမှန်ခဲ့သည်။

" တောင်တက်ကား ဂိတ်နားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တွေက လာပစ်တာ၊ လာပစ်တဲ့ လူတွေက တော်တယ်၊ ဘုရားဖူးတွေ နားက စစ်ကောင်စီစစ်သားတွေကိုတောင်မပစ်ဘူး ပြည်သူကိုထိမှာစိုးလို့၊ စစ်ကောင်စီဖက်က ပြန်ပစ်တာ တောင်တက်ကားပေါ်မှာရှိတဲ့ ဘုရားဖူး (၃) ဦးသေတယ်၊(၁၃) ဦးဒဏ်ရာရတယ် ၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ရွာသား (၃) ဦးလည်းဒဏ်ရာရခဲ့တယ်" ဟု ကင်မွန်းချောင်းရွာသား စောထို့ကိဘော က ပြောသည်။

တိုက်ပွဲဖြစ်ချိန် ကင်မွန်းချောင်း ရဲစခန်းကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီးကင်မွန်းချောင်းကျေးရွာ ကျောင်းစုပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ကျောင်းစုပိုင်း ဒေါ်လှရွှေ၏အိမ်ခေါင်မိုးပေါ်တစ်လုံးကျ ရောက် ပေါက်ကွဲခဲ့ကာ ဦးသန်းအေး၏သား ငပု (ခေါ်) စောနန်းဝင်း၏ညာဖက်လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး အောင်အောင်အလှပြင်ဆိုင်ရှေ့၌လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၄၀)ဝန်းကျင် ဒေါ်ဂျမ်းပုံ၏ နောက်ကျောနှင့် သမီးဖြစ်သူ(၅)နှစ်အရွယ် မဝက်မလေး ၏ ညာဖက် လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ကာ ကျိုက်ထိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

အထက်ပါ ထိတွေ့ပစခတ်မှုတွင် စစ်ကောင်စီတပ်သား (၃)ဦးသေ (၁)ဦးဒဏ်ရာရခဲ့ပြီး မိတ်ဖက်အင်အားစုများမှ (၁)ဦးဒဏ်ရာရခဲ့ကာ မစိုးရိမ်ရကြောင်းသိရသည်။

"အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထီးရိုး ဘုရားကုန်း ကိုအကြောင်းအမျိုးမျိုးပြပြီး စစ်ကောင်စီက ကေအဲန်ယူ အုပ်ချုပ်နယ်မြေတွေကို စစ်ရေးလှုပ်ရှားမှုတွေလုပ်တယ် လှု့အခွင့်အရေးချိုးဖောက်မှုတွေလဲလုပ်ခဲ့တယ်။ ဥပမာ-(၁)လပိုင်းက ကျောက်ဖျာကျေးနယ်မှာ ရွာသားတွေကိုမတရားဖမ်းဆည်းသတ်ဖြတ်ပြီး ရွာလုံးကျွတ် ဖျတ်ဆီးခံရတယ်၊စျေးဆိုင်တွေ ဖျက်ဆီးတယ်၊ ဆန်အိတ်တွေ မြေပေါ်ကျဲချတယ်၊ရွှေငွေတွေကို ခိုးယူသွားတယ် ”ဟု ကေအဲန်ယူ ကျိုက်ထိုမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံမှပြောသည်။
ဓာတ်ပုံ - ကင်းမွန်းစခန်း ပစ်ခတ်ခံမှု cctv ဗီဒီယိုဖိုင်မှ screen shot
#ကျိုက်ထီးရိုး
#ကင်မွန်းစခန်း

13/10/2022

၁၃ အောက်တိုဘာလ ၂၀၂၂
မအလ စစ်တပ် ခြေကုတ်စခန်းအား KNDF, KA, SSRY ပူးပေါင်းတပ်များမှ တိုက်ခိုက်

( နေ့စဥ်သတင်းများကြည့်ရှုနိုင်ရန် ပေ့ချ်ကို like follow လုပ်ထားနိုင်ပါသည်။ )

လွိုင်ကော်မြို့နယ် နှင့် ရှာတောမြို့နယ်အကြားရှိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခက်ရန် လုပ်ဆောင်နေသော မအလ စစ်တပ်၏ ပွန်ချောင်းခြေကုပ်တပ်စခန်းအား အောက်တိုဘာလ (၁၁) ရက်နေ့တွင် KNDF, KA, SSRY ပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ပါသည်။
မအလ စစ်တပ်၏ ပွန်ချောင်းခြေကုတ်စခန်းတွင် ၎င်းတို့တပ်သားများမှ လက်နက်ကြီးများ ပစ်ခက်ရန် ပြင်ဆင်နေချိန်တွင် ကရင်နီပူးပေါင်းတပ်များမှ နံနက် (၈)နာရီမှစ၍ တစ်နာရီကျော်ကြာ ပစ်ခက်တိုက်ခိုက်ခဲ့ကြသည်။
မအလ စစ်တပ်၏ ခြေကုတ်စခန်းတွင်းရှိ ပစ်မှတ်များအား ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကာ၊ မအလ စစ်တပ်ဖက်မှ ထိခိုက်ကျဆုံးမှုများရှိနိုင်သလို အတည်ပြု၍မရခဲ့ဘဲ၊ တော်လှန်ရေရးပူးပေါင်းတပ်များမှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။
အကြမ်းဖက်မအလ တပ်ဖွဲ့များမှာ လွိုင်ကော်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများနှင့် အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေသလို လက်နက်ကြီးများဖြင့် ပြည်သူလူထုအား ပစ်မှတ်ထားသော တိုက်ခိုက်မှုများကို နေ့စဥ်လုပ်​ဆောင်လျှက်ရှိနေပါသည်ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန မှထုတ်ပြန်ထားသည် ။
ဗီဒီယို - KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန

12/10/2022

၁၃ အောက်တိုဘာလ ၂၀၂၂
Phoenix DF(Nattalin PDF) မှ တိုက်ပွဲသတင်း ထုတ်ပြန်
( နေ့စဥ်သတင်းများကြည့်ရှုနိုင်ရန် ပေ့ချ်ကို like follow လုပ်ထားနိုင်ပါသည်။ )

11 October 2022 တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပျဥ◌်းမခေါင်အုပ်စု၊ ကရင်ဆင်ဆွဲကျေးရွာ နှင့် ကြက်မနက်ကျေးရွာကြား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ Phoenix DF(Nattalin PDF) နှင့် တပ်ခွဲ ၄ MRF-Nattalin ပူးပေါင်းတပ်ဖွဲ့များ မှ မအလ စစ်တပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့သော ၄နာရီကြာခဲ့သည့် တိုက်ပွဲ ဗီဒီယိုမှတ်တမ်းအကျဉ်းကို Phoenix DF(Nattalin PDF) မှ ထုတ်ပြန်။

၎င်းတိုက်ပွဲတွင် မအလ စစ်တပ်မှ ၂ ကောင် ကျပြီး၊ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းကိုလည်း Phoenix DF(Nattalin PDF) မှ ထုတ်ပြန်ထားပါသည်။

#တိုက်ပွဲ

Address


Website

Alerts

Be the first to know and let us send you an email when Daily Popular News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share