Chonn Journal

  • Home
  • Chonn Journal

Chonn Journal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chonn Journal, Media/News Company, .
(7)

28/02/2021

ကိုကျော်နေမင်း(ချွန်း /အယ်ချုပ်)

ထိန်းသိမ်းခံထားရပါတယ်

29/01/2021

သာပေါင်းတွင်
ရခိုင်မှထွက်ပြေးလာသော
မွစ်စလင်(၈)ဦး
(ကျား ၂ +မ ၆)ဖမ်းဆီးထိမ်းသိမ်း

27/01/2021



အိမ်မဲတွင်မွစလင်များအား
ညစ်ညမ်းစွာဆဲဆို၍ ဗလီ
ပြူတင်းအားထုရိုက်ဖျက်ဆီး
သူကိုတရားရုံးမှဒဏ်ငွေ(၅၀)ကျပ်
ချမှတ်အရေးယူ

27/01/2021

ရခိုင်မှထွက်ပြေးလာသော
မွစ်စလင်ဒုက္ခသည်၁၃ဦး
(ကျား၁+မ၁၂)ပုသိမ်တွင်
ဖမ်းဆီးထိမ်းသိမ်း

22/01/2021

ချွန်း သတင်းဌာန၏
နှစ်ပတ်လည်အစည်းအဝေး
ဆုချီးမြင့်ပွဲအခန်းအနားနှင့်
ရှေ့လုပ်ငန်းစဉ်များအားဆွေးနွေးရန်
အတွက်အယ်ဒီတာအဖွဲ့ဝင်
များအားဖိတ်ကြားခြင်း

အချိန်----- နေ့လည် ၁၁နာရီ
နေ့ရက်----၂၄/၀၁/၂၀၂၁(တနင်္ဂနွေ)
နေရာ-------ချွန်းသတင်းမီဒီယာရုံးခန်း

လေးစားစွာဖြင့်

ကိုကျော်မင်းဦး
(တာဝန်ခံအယ်ဒီတာ)

 #စိတ်မဟောင်းသောအဟောင်း​ရောင်းသူပထမကိုဗစ်လှိုင်းမှာချွန်းနှင့်မိတ်ဆွေများအစီအစဉ်ကနေကမ်းနားအဟောင်းစျေးမှာစျေးသည်၈ဦးကိုအရင...
10/01/2021

#စိတ်မဟောင်းသောအဟောင်း​ရောင်းသူ

ပထမကိုဗစ်လှိုင်းမှာ
ချွန်းနှင့်မိတ်ဆွေများအစီအစဉ်
ကနေကမ်းနားအဟောင်းစျေးမှာ
စျေးသည်၈ဦးကိုအရင်းထုတ်ပေးခဲ့ပြီး
အခုဒုတိယwaveအပြီးနောက်ထပ်၂ဦး
ကိုထုတ်ပေးဖို့ကျွန်တော်အဟောင်းစျေး
တန်းကိုမကြာခဏရောက်ပါတယ်

ကျွန်တော်တို့ဟာထုတ်ပေးဖို့လူတွေကို
ကိုယ်တိုင်မေးမြန်းသလိုထုတ်ပေးပြီးလူ
တွေတကယ်လုပ်ရဲ့လားဆိုတာလည်း
ပြန်လည်စစ်ဆေးပါတယ် အလုပ်ရူပ်ပြီး
အချိန်ပေးရပါတယ် ထပ်ပြီးတောင်းတဲ့
တကယ်အလုပ်လုပ်နေသူ မိတ်ဆွေ၅ဦး
အတွက်မကြာခင်ထိုက်သင့်တဲ့အရင်း
အနှီးလေးစီစဉ်ပေးပါမယ်

အကယ်၍ဇကာသ်ငွေ ဘဏ်တိုးငွေ
မယူတဲ့သူဆိုရင်ဒီလိုမတည်မူအစီအစဉ်
မှာမပါဝင်ဖို့ကြိုတင်ပြောပါရစေ ဒီထက်
အရေးကြီးတာတခုပြောပြချင်လို့ပါ
ပေးနိုင်တာကလည်းလုပ်ငန်းအပေါ်
မူတည်ပြီး ၅သောင်းကနေသုံးသိန်းထိပါ
အတိုးမဲ့ချေးငွေက ကျွန်တော်ကိုင်တွယ်
တာမဟုတ်ပါဘူး

မနေ့ကအရင်းထုတ်ပေးထားတဲ့ဒလဖက်
ကမိတ်ဆွေရဲ့ဆိုင်ကိုသွား လမ်းဘေးမှာ
ထိုင် လာဝယ်သူ လာရောင်းသူ ကြည့်ရူ့
သူတွေအားလုံးနဲ့အတူတခွက် ၂၀၀တန်
ဓါတ်ဗူးလဘက်ရည်သောက်ရင်း
သူလုပ်တာလေးကြည့်နေတာပေါ့ သူ့ကို
ထုတ်ပေးထားတာ၅သောင်းပါ သူက
မနက်ပိုင်းရပ်ကွက်ထဲလိုက်အော်ဝယ်
ညနေဖက်အဟောင်းတန်းပြန်ချရောင်း
လည်ပတ်နေပါတယ်

ထိုင်နေတုန်းလူတယောက်ဖုန်ဟောင်း
လေးကိုလာဝယ်ပါတယ် သူခေါ်စျေးက
တသောင်းငါးထောင်ပါဟိုလူကကိုင်ဲပြီး
ကြိုက်ဟန်တူပါတယ် တသောင်း ဆစ်
တယ် သူကတစ်သောင်းနှစ်ထောင်ထား
ပေးပါတယ်ပြောကြဆိုကြအများကြီးပါ
ဝယ်တဲ့သူကနောက်ဆုံးတော့ ဘိုင်လေး
ကျွန်တော်မတက်နိုင်လို့ပါ တထောင်ပို
ပေးမယ် ပါသမျှအကုန်ပဲလို့ပြောတော့
ကျွန်တော့်လူက ဪ ခင်ဗျားက ကိုယ့်
အပ္ပနား(ကိုယ့်လူ)ပဲလားလို့မေးတော့
ဝယ်သူကလည်းခေါင်းညိတ်ပြပါတယ်
ဒီမှာထိုင်နေတဲ့သူတွေမှာ ၇ယောက်ခန့်
ရှိပါတယ် ဘာသာလူမျိုးစုံပါ အားလုံး
က ဒီအရောင်းအဝယ်ကိုဝိုင်းကြည့်နေ
ကြပါတယ် ကျွန်တော်အပါအဝင်ပါ
လူတယောက်က ဒီအဖြစ်အပျက်ကို
ပိုမိုစိတ်ဝင်စားဟန်တူပြီးစိုက်ကြည့်နေ
ပါရဲ့ သူလည်းအဟောင်းပစ္စည်းရောင်း
ဝယ်သူတယောက်ပါပဲ

ရောင်းတဲ့ကျွန်တော့်လူက အပ္ပနားအတ်
သာမီး(ကိုယ့်အချင်းချင်း)ဆိုရင်ယူသွား
ပါ ကျွန်တော်နို့မို့မလျော့ပေးဖူးလို့ပြော
လိုက်တဲ့အခါ ကျွန်တော်ဝင်ရူပ်လိုက်ပါ
တယ်ညီလေးရေမင်းတို့အရောင်းအဝယ်
လုပ်တာ တခုမှားနေတယ်ကွ သူ့လူငါ့လူ
ဆိုပြီးမခွဲခြားပါနဲ့ အပြင်လူဆိုပြီး ဂျင်း
ထည့်တာမျိုးမလုပ်ပါနဲ့ ဒီမှာအရောင်း
အဝယ်လာလုပ်ကြတာတကယ့်အခြေခံ
လူတန်းစားတွေပါ အဆင်းရဲဆုံးဘာသာ
စုံလူမျိုးစုံတွေပါ

ငါတို့ဒီမှာမွစ်စလင်မဟုတ်တဲ့အခြားလူ
တွေကိုလည်းအရင်းအနှီးထုတ်ပေးထား
ပါတယ်ငါတို့ကစပြီးမခွဲခြားကြပါနဲ့
ငါတို့အားလုံးလူတွေပါ လူလို့ပဲမြင်ကြပါ
အကယ်၍ဒီနေရာမှာစျေးမရောင်းရဘူး
လို့စည်ပင်ကနှင်ထုတ်ရင်အားလုံးကို
နှင်ထုတ်တာပါ ဗမာဆိုလို့ချန်မထားခဲ့ပါ
ဘူး ကုလားဆိုလို့မောင်းထုတ်တာ
မဟုတ်ပါဘူး ဘဝတူတွေပါ ငါတို့အား
လုံး ဘဝတူနိုင်ငံသားတွေပါ လူတွေပါ
အရောင်းအဝယ်လုပ်တဲ့အခါအရောင်း
အဝယ်အပေးအယူမှာ လူမျိုးရေး
ဘာသာရေးတွေမထည့်ပါနဲ့ လို့ပြော
လိုက်မိပါတယ်

ဒီဖုန်းလေးအရောင်းအဝယ်ဖြစ်သွားပါ
တယ် ကျွန်တော့်လူကလည်းနောင်ကို
ဒီလိုစိတ်မထားတော့ဘူးလို့ ပြောရှာပါ
တယ် ထိုင်နေတဲ့အခြားလူတွေထဲကဟို
တယောက်က တကယ်ကျေးဇူးပါဗျာ
ကျွန်တော်ဗုဒ္ဓဘာသာဗမာလူမျိုးပါ
မွစ်စလင်တွေဒီမှာအများစုပါ ကျွန်တော်
တို့နဲ့ဘဝတူတွေပါ တခါတလေတော့
ကျွန်တော်တို့လည်းဒီလိုအတွေးမျိုးတွေ
ရှိတက်ပါတယ် တရားတွေဟောပြီးမှိုင်း
တိုက်နေတာကိုး ကုလားတွေချမ်းသာ
တယ်လို့ ကျွန်တော့်ရှေ့လာပြောရင်အဲ့ဒီ
ဘုန်းကြီးတောင်ကျုပ်ပြန်ပြောတယ်
ဘာသိလို့ပြောနေတာလဲဆိုပြီး တနေ့
လာလုပ်ပြီးမှစျေးဖိုးရှာပြီးအိမ်ပြန်ရတဲ့
လူတွေဒီမှာတပုံတပင်ပဲ အောက်ခြေက
အတူတူပါပဲ သိပ်မှန်တယ်ဗျာ
လူဟာလူပဲ လူကိုလူလို့ပဲမြင် လို့ပြောပြီး
ဒီလက်ဘက်ရည်ဖိုးတွေရှင်းပါရစေဆို
ပြီး အတင်းပေးသွားခဲ့ပါရဲ့

ဒီလက်တွေ့ကြုံရတဲ့အဖြစ်အပျက်လေး
ကိုရေးပြရတာက နှိမ်ချတဲ့သဘောမျိုး
မဟုတ်ပါဘူး ခွဲခြားမူမခံချင်တဲ့
ကျွန်တော်တို့တတွေဟာကိုယ်တိုင်လဲ
မခွဲခြားပါနဲ့ ဖိနှိပ်မူမခံချင်တဲ့ကျွန်တော်
တို့တတွေဟာ နိုင်တယ်အင်အားရှိတယ်
ဆိုပြီးအောက်လက်ငယ်သားတွေအပေါ်
မဖိနှိပ်ပါနဲ့ ကျွန်တော်တို့ရဲ့စိတ်ဓါတ်
ပြုမူဆောင်ရွက်မူတွေအတိုင်းကျွန်တော်
တို့အတွက်ဆုံးဖြတ်ချက်တွေ
ဖြစ်လာပါလိမ့်မယ်

ကျော်နေမင်း(မြို့ပြ)

(မှတ်ချက်)

အရေးပေါ်အကူအညီတောင်းထားတဲ့
မိတ်ဆွေ၅ဦးအတွက်မကြာမှီစစ်ဆေး
ပြီးစီစဉ်ပေးပါမည်( Chonn Journal )

ရခိုင်ဒုက္ခသည်စခန်းများတွင်မနေနိုင်တော့၍ရိုဟင်ဂျာများအလုံးအရင်းထွက်ပြေးနေ(ရန်ကုန်ရွှေပြည်သာတွင်ထိမ်းသိမ်းထား)( Photo-crd...
06/01/2021

ရခိုင်ဒုက္ခသည်စခန်းများတွင်
မနေနိုင်တော့၍ရိုဟင်ဂျာများ
အလုံးအရင်းထွက်ပြေးနေ

(ရန်ကုန်ရွှေပြည်သာတွင်ထိမ်းသိမ်းထား)
( Photo-crd)

05/01/2021

တောင်ကြီးမင်္ဂလာဆောင်သွား
ရင်းမတရားအဖမ်းခံရသူများ
အမူမှမလွှတ်ဘဲတဦးတည်းကျန်ခဲ့သူ
ဦးကံဖ မြောင်းမြထောင်မှလွတ်ခဲ့ပြီ

ချွန်းသတင်းဌာန

PERSON OF THE YEAR 2020ချွန်းသတင်းဌာနမှနှစ်စဉ်ပြုလုပ်ရွေးချယ်နေကြဖြစ်သောPerson of the year 2020အဖြစ် ပရဟိတ သူရဲကောင်း #က...
02/01/2021

PERSON OF THE YEAR 2020

ချွန်းသတင်းဌာနမှ
နှစ်စဉ်ပြုလုပ်ရွေးချယ်နေကြဖြစ်သော
Person of the year 2020
အဖြစ် ပရဟိတ သူရဲကောင်း
#ကိုဇော်မင်းလတ် နှင့်နွယ်အေး
စွန္နီဂျာမေဗလီလူမူကူညီရေးအသင်း
အားသတ်မှတ်ခဲ့ပါသည်

ချွန်းသတင်းဂျာနယ်မှ့အခမ်းအနား
တရပ်ဖြင့်ဂုဏ်ပြုချီးမြင့်ပါမည်

ချွန်းသတင်းဂျာနယ်အယ်ဒီတာအဖွဲ့

 #ဆောင်းရာသီစစ်ဘေးဒဏ်ပြည်သူများသို့ချွန်းသတင်းဌာန မှစီစဉ်သောရခိုင်ဒုက္ခသည်စခန်းများရခိုင်ကလေးငယ်များပညာသင်ကျောင်းကချင်စစ်...
27/12/2020

#ဆောင်းရာသီစစ်ဘေးဒဏ်ပြည်သူများသို့

ချွန်းသတင်းဌာန မှစီစဉ်သော

ရခိုင်ကလေးငယ်များပညာသင်ကျောင်း
ကချင်စစ်ဘေးရှောင်စခန်း
ရခိုင်စစ်ဘေးဒုက္ခသည်များ နှင့်
ရဝမ်ဒေသပြည်သူများ ထံသို့

အနွေးထည်များ စောင်များ
အဝတ်အထည်နှင့်အသုံးအဆောင်များ
အရေးပေါ်လိုအပ်သည့်ပစ္စည်းများကို
တင်ပို့ခဲ့ပါပြီ

ပါဝင်လှူဒါန်းသူများ ကူညီသူများနှင့်
စီစဉ်ပေးသူများအားလုံးကိုအထူးပင်
ကျေးဇူးတင်ရှိပါသည်
ကောင်းကျိုးအဖြာဖြာရရှိခံစား
စံစားနိုင်ကြပါစေကြောင်း ဆုမွန်မေတ္တာပို့သအပ်ပါသည်


27/12/2020

အင်းစိန်ထောင်တွင်း
Orchidကိုဌေးအောင်
ကျန်းမာရေးဆိုးဝါးနေ၍
ခွဲစိတ်ကုသမူခံယူမည်

ဒီဇင်ဘာ၂၉ရက်နေ့အာမခံရုံးချိန်း

22/12/2020

#ပစ္စည်းအဝယ်

အသက်၁၀နှစ်နှင့်အထက်
ကလေးငယ်များအတွက်လှူဒါန်း
ရန် အနွေးထည် (၅၀၀) ထည်
ဝယ်ယူလိုပါသည်

ဆက်သွယ်ရန်
ချွန်းဂျာနယ်တိုက်
ဖုန်း 0943162406/09973589937

19/12/2020

#ဟန်ပြမဖြစ်ပါစေနဲ့

စစ်တွေတွင်လူပွဲစားရိုများအား
ရဲတပ်ဖွဲ့မှလိုက်လံဖမ်းဆီးနေ
ထွက်ပြေးသူအိမ်များကို
ဓာတ်ပုံမှတ်တမ်းရယူ

ဒုက္ခသည်စခန်းများမှ
ဒေသခံများပူးပေါင်းမူအားနည်း
ပွဲစားများမွေးထားသော
လူမိုက်များကိုကြောက်နေပုံရ

ကျော်နေမင်း(မြို့ပြ)
ချွန်းသတင်းဌာန

source- (ဆရာလေး-ဒေသခံသတင်းထောက်)

 #ရဝမ်လူမျိုးတွေလည်းဖိနှိပ်ခံတွေပါကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်တိုက်ပွဲဝင်နေသောရဝမ်ဆော်လော်ဒေသလူနည်းစုဖိနှိပ်ခံပြည်သူများအ...
12/12/2020

#ရဝမ်လူမျိုးတွေလည်းဖိနှိပ်ခံတွေပါ

ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်
တိုက်ပွဲဝင်နေသောရဝမ်ဆော်လော်ဒေသ
လူနည်းစုဖိနှိပ်ခံပြည်သူများအတွက်
ချွန်းသတင်းဂျာနယ်နှင့်မိတ်ဆွေများမှ
အဝတ်အထည်အသုံးအဆောင်များနှင့်
လှူဒါန်းငွေများကို ရဝမ်ညီမလေး
နန်းခွန်စဝ်မိုင်အိုင်လ် နှင့်အဖွဲ့ထံသို့
ယနေ့သွားရောက်ပေးအပ်ခဲ့

ရဝမ်ကလေးငယ်များပညာသင်ကြားရေး
အတွက်အကူအညီများဆက်လက်ကူညီမည်

( ကျော်နေမင်းနှင့်မိတ်ဆွေများ)

22/11/2020

#ကွယ်လွန်အနိစ္စရောက်ရှိခြင်း

ချွန်းသတင်းဂျာနယ်မှဆောင်းပါးရှင်
မန္တလေးမှ့ 
စာရေးဆရာဦးခင်မောင်ဝင်း(ဓူဝံ)
ဂျန္နတ်နိဗ္ဗန်စံမြန်းရပါစေ

ကျော်နေမင်းနှင့်အယ်ဒီတာအဖွဲ့
ချွန်းသတင်းဌာန

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အားကန့်ကွက်ရှုံ့ ချခြင်း
12/11/2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အားကန့်ကွက်ရှုံ့ ချခြင်း

" Deepest Condolence "မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဟံသာဝတီ ဦးအုန်းကြိုင်ကွယ်လွန်အနိစ္စရောက်ခြင်းအတွက်ဆရာကြီး၏မိသ...
23/10/2020

" Deepest Condolence "

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
ဥက္ကဌ ဟံသာဝတီ ဦးအုန်းကြိုင်
ကွယ်လွန်အနိစ္စရောက်ခြင်းအတွက်
ဆရာကြီး၏မိသားစုနှင့်
ထပ်တူပူဆွေးဝမ်းနည်းရပါသည်

ကျော်နေမင်း(မြို့ပြ)
အယ်ဒီတာချုပ် နှင့်ရုံးအဖွဲ့သားများ
ချွန်းသတင်းဌာန

21/10/2020

ချွန်းသတင်းဌာနမှဂုဏ်ပြုပါ၏

#အိုဘယ့်နွယ်အေး

စုဝေးကာနေ
တို့ညီအကိုတွေ
လူမျိုးဘာသာမခွဲလို့
ဒေါပုံနွယ်အေးအရပ်ကအမျိုးတွေ

နိုင်ငံနဲ့တဝှမ်း
ရေ လေ မြေပြို
ဘယ်ကပ်ဘယ်အရေးမဆို
သူတို့မကျန်ရှေတန်းကဦးချွန်း

အကြမ်းဖက်မူ
သူတို့ကြုံလည်း
စုပေါင်းညီညာရင်ချင်းအပ်
ဇရှိတဲ့သွေးနဲ့ကျောချင်းကပ်

အလှူအတန်း
နိဗ္ဗန်ဈေးပွဲ
ဆွမ်းကြီးလောင်းလှူ
ထမင်းရေချောင်းစီးပေါင်းပြီးလှူ

အခြေခံပညာ
ကလေးထောင်ချီ
ပို့ချအာလင်မ်အပါးရာချီ
မြန်မာပြည်ရဲ့အကြီးဆုံးမဂ်သဗ်

သာမူနာမူ
ပညာ ကျန်းမာ
ရပ်ရွာ လူမူ နိုင်ငံအရေး
ဗလီဝါတ်ကျောင်း​ကနေစတဲ့အရပ်

ကိုဗစ်ကပ်ဘေး
ရန်ကုန်အရေး
လူနာထောင်ချီ
နွယ်အေးဗလီလှူဒါန်းပြီ

အိုးကြီးအိုးငယ်
ကားတွေတန်းစီ
အမေအမတွေလုပ်အားပေးလို့
ဘာသာပေါင်းစုံညီညွတ်ပြီ

ကွမ်းတဝါးဝါး
အော်သံတညံညံနဲ့
နေမအားညမနား
ဟိုဆရာကြီးကိုဇော်မင်းလတ်

ဆင်တူဝတ်စုံ
လူငယ်တို့တသိုက်
အချိန်နဲ့ခန္တာရင်းလို့
ကျော်သီဟနဲ့မိတ်ဆွေတွေ

ကားတွေထွက်စမ်း
ထမင်းဘူးပေါ်တံဆိပ်ကပ်
ဟိုသံဃာတွေနေ့ဆွမ်းအမှီ
နွယ်အေးဗလီထောက်ပံ့မည်

ညကြီးသန်းခေါင်
ဟယ်လို ဟယ်လို
ဒေါပုံနွယ်အေးဗလီကပါလား
Qစင်တာကထမင်းဆာလို့ပါဗျာတဲ့

ပြေးစမ်းဟေ့ပြေးစမ်း
နိုင်ငံသားတယောက်ဆာလောင်နေတာ
လေယာဉ်ကအခုပဲဆင်းလာတာ
ဟိုတယ်နေပေမဲ့ဗလီထမင်းစားချင်လို့

ဘယ်ကရလဲမမေးနဲ့
OICမလာဘူး
ဘယ်မျိုးချစ်မှမလှူဘူး
ဘာသာစုံကပေါင်းလှူနေတာ

ပုဇွန်ထုတ် ငါးအလှူ
ကြက် အမဲ ဆိတ်
ပန်းသီး လိမ္မော်သီး ရော့ယူ
ရာဝင်အိုးနဲ့ထမင်းရည်ချောင်းစီး

အတုယူစမ်းစေမိ
နွယ်အေးလိုဗလီမျိုး
ပရဟိတအခြေပြုလို့
အစ္စလာမ့်ဂုဏ်ဆောင်ပြယုဂ်တွေ

မြန်မာမှသည်ကမ္ဘာ
အွန်လိုင်းမှသည်ကမ္ဘာ့မီဒီယာ
အားပေးဝန်းရံတချို့ကဘေးတီး
နွယ်အေးဗလီမာန်မပျက်ဆက်ချီလျှက်

ဆုမွန်ချွေသ
ရွင်လမ်းချမ်းမြေ့လို့
ပြည်ကျိုးသယ်ပိုးထမ်းရွက်
နွယ်အေးဗလီဆီကနိုင်ငံသား​ကောင်းတို့---

ကျော်နေမင်း(မြို့ပြ)ရေးဖွဲ့ခံစားသည်

 #နိုင်ငံသားတွေနဲ့အတူတူမွစ်စလင်လူငယ်များလူမူကူညီရေးအသင်း (သာယာဝတီ-သုံးဆယ်)မှ ရန်ကုန်မြို့ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းမျာ...
17/10/2020

#နိုင်ငံသားတွေနဲ့အတူတူ

မွစ်စလင်လူငယ်များလူမူကူညီရေးအသင်း
(သာယာဝတီ-သုံးဆယ်)မှ ရန်ကုန်မြို့
ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းများ
တွင်အသုံးပြုရန်အတွက်
We Love Yangonအဖွဲ့သို့ကားတစီးပေးအပ်

သတင်း-ကျော်နေမင်း (ချွန်းသတင်း)

 #ငါတို့ကလေးတွေပထမတန်းတက်ပြီချွန်းမီဒီယာနှင့်အလှူရှင်များစုပေါင်း၍ထူထောင်ထားသောရခိုင်လေလွင့်ကလေးငယ်များကျောင်းပထမနှစ်စာမေ...
14/10/2020

#ငါတို့ကလေးတွေပထမတန်းတက်ပြီ

ချွန်းမီဒီယာနှင့်အလှူရှင်များစုပေါင်း၍
ထူထောင်ထားသော
ရခိုင်လေလွင့်ကလေးငယ်များကျောင်း
ပထမနှစ်စာမေးပွဲစစ်ခြင်းအစီအစဉ်တွင်
တနေ့တာအကျွေးအမွေးအလှူရှင်
မရ်ဟွန်များဖြစ်ကြသော
ဦးကျော်မြင့်@ဦးအာမိန်း
ဒေါ်မညွန့်@ဒေါ်ဟာဘေဇာနှင့်အာရဝါရ်
အားလုံးအတွက်ရည်စူးလျှက်
ကုသိုလ်ကောင်းမှုအဖုံဖုံရရှိကြပါစေ

13/10/2020

#ရန်ပွဲဟောင်းလက်နက်အသစ်

ပေ ၂၆၂၅၀ အမြင့်ကနေပစ်နိုင်ပြီး
၂၇နာရီဆက်တိုက်​လေထဲပျံနေနိုင်တဲ့
တူရကီထုတ် TB2ဒရုန်းယာဉ်တွေ
ကြောင့် အာမေးနီးယားနဲ့စစ်ပွဲမှာ
အဇာဘိုင်ဂျန်အသာစီးရလာခဲ့ပါတယ်

ဒီစစ်ပွဲရဲ့ထူးခြားချက်ကတော့
အဇာဘိုင်ဂျန်ဟာစစ်ရေးပစ်မှတ်တွေကို
သာအဓိကထားပြီးတိုက်နေပေမဲ့
အာမေးနီးယားဟာအရပ်ဖက်ပစ်မှတ်
တွေဆီတိုက်နေတာကြောင့်အရပ်သား
တွေသေဆုံးမှုမြင့်တက်နေပါတယ်လို့
အဇာဘိုင်ဂျန်ဖက်ကပြောပါတယ်

တဆက်ထည်းမှာပဲအာမေးနီးယားဟာ
သူ့စစ်သားတွေသေဆုံးမှုကိုအတိအကျ
ထုတ်ပြန်နေပေမဲ့ အဇာဘိုင်ဂျန်ဟာ
သတင်းအမှောင်ချထားပြီး လိမ်လည်နေ
တယ်လို့စွပ်စွဲခဲ့ပါတယ်

ကျော်နေမင်း(မြို့ပြ)
TB newsမှဘာသာပြန်တင်ပြသည်

13/10/2020

#ပြည်သူ့ဖက်ကရပ်တည်မည်

နိုင်/ကဒ်အတွက်ငွေတောင်းခံသော
လ ဝ က အရာရှိအား အထောက်အထား
ခိုင်လုံစွာဖြင့်နိုင်ငံသားမွစ်စလင်တဦး၏
တိုင်ကြားခြင်းကိုအရေးယူပေးရန်
မခိုင်လုံဟုမွန်ပြည်နယ်လွှတ်တော်မှ
အကြောင်းပြန်

(ချွန်းမီဒီယာမှအထောက်အထားအပြည့်
အစုံဖြင်တင်ပြသွားပါမည်)

ကျော်နေမင်း(မြို့ပြ)
တာဝန်ခံအယ်ဒီတာ
ချွန်းသတင်းဌာန

09/10/2020

ကျွန်ုပ်တို့သတင်းဌာနသည်
ထိုင်ဝမ်နိုင်ငံ
ဟုခေါ်ဝေါ်သုံးစွဲပါမည်

စာဖတ်ပရိတ်သတ်များခင်ဗျားရခိုင်ပြည်နယ်တနေရာမှာချွန်းဂျာနယ်လို့အမည်ရေးထိုးထားတဲ့လမ်းဘေးရောက်ကလေးငယ်တွေအတွက်ပြန်လည်ပြုစုပျိ...
02/10/2020

စာဖတ်ပရိတ်သတ်များခင်ဗျား

ရခိုင်ပြည်နယ်တနေရာမှာ
ချွန်းဂျာနယ်လို့အမည်ရေးထိုးထားတဲ့
လမ်းဘေးရောက်ကလေးငယ်တွေ
အတွက်ပြန်လည်ပြုစုပျိုးထောင်ရေး
အစီအစဉ်ကနေညနေစာကျွေးနေတာပါ
ဒါဟာ
ခင်ဗျားတို့အားလုံးရဲ့ကောင်းမှု့ဒါနပါ

02/10/2020

Fox News

အိမ်ဖြူတော်အကြီးတန်း
အကြံပေးပုဂ္ဂိုလ်+Pတွေ့ရှိ
သမ္မတထရန့်နှင့်ဇနီး Qဝင်ရ

နောက်ဆက်တွဲသတင်းအရ
သမ္မတနှင့်ဇနီးတွင်ပါ+pဖြစ်ခဲ့ပြီ

 #နိုင်ငံသားတွေလိုအပ်နေချိန်မှာဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင်အရေးပေါ်လိုအပ်နေသောPPEဝါတ်စုံများကိုမြန်မာမွစ်စလင်လူ...
28/09/2020

#နိုင်ငံသားတွေလိုအပ်နေချိန်မှာ

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)
တွင်အရေးပေါ်လိုအပ်နေသော
PPEဝါတ်စုံများကိုမြန်မာမွစ်စလင်လူမူ
ကွန်ရက်နှင့်မိတ်ဆွေများမှလှူဒါန်းခဲ့ပြီး
ကျန်းမာရေးဝန်ထမ်းများနှင့်ကိုဗစ်လူနာ
များအတွက် Blue Ribbon co ,ltd မှ
နိုစီလာချောကလက်များကိုလှူဒါန်းခဲ့ရာ
ယနေ့ ၂၈/၉/၂၀၂၀တွင်ဆေးရုံအုပ်ကြီး
ဒေါက်တာဒေါ်ခင်မေသွင်
ထံသို့သွားရောက်ပေးအပ်ခဲ့ပါသည်

လေးစားစွာဖြင့်

ကျော်နေမင်း(မြို့ပြ)

၂၆/၉/၂၀၂၀ ချွန်းသတင်းမှရိုက်ကူးသည်ပန်းဆိုးတန်းတွင် ပိုး မရှိပါ
27/09/2020

၂၆/၉/၂၀၂၀ ချွန်းသတင်းမှရိုက်ကူးသည်

ပန်းဆိုးတန်းတွင် ပိုး မရှိပါ

24/09/2020

#ယုံကြည်တယ်ရန်ကုန်မရှုံးဘူး

စစ်ပွဲပြီးစမြို့ပျက်ကြီးလို
ဆူးလေနားကားတန်းပျောက်ပေမဲ့
ဘယ်တော့မှမပျောက်တဲ့
တောင်းရမ်းသူတသိုက်

ယာဉ်ထိမ်းကင်းတဲထဲ
သိမ်ဖြူပွိုင့်ဖမ်းရမဲ့ကားမရှိတော့
ကိုလှရွှေအနားယူရင်းဖုန်းပွတ်
ဘီယာလေးတစိမ့်စိမ့်မြုံ

ဝါးတားဂိတ်တွေအစီအရီ
မက်စ်လေးတွေမေးချိတ်လို့
ရပ်ကွက်တာဝန်ရှိတဲ့လူခပ်ကြီးကြီး
ဟိုသမ္မတကြီးပြီးရင်ငါပဲကွ

ငုံးဥပြုတ် ငုံးဥပြုတ်
ဟော့ဒီက ပေါင်မုန့် သစ်သီးလှည်း
ရေသန့်ယူကြမလားဗျို့
ငတ်တဲ့ပါးစပ်ပိုးမကြောက်

အနီရောင်အောင်လံအစီအရီ
မောင်မင်းကြီးသားထိုဆိုက်ကား
စီးသူမျော်ရင်းသီချင်းဆို
မေမေနိုင်မှချမ်းသာမယ်.တဲ့

လူရှာတဲ့တက်စီကားဆရာ
အမှိုက်ကောက်တဲ့ဟိုခလေး
တရုတ်တန်းက ဝက်သားသည်
သုံးယောက်ဆုံပြီးသက်ပြင်းချ

ဒလပြန်တဲ့ဗိုလ်တထောင်ကမ်း
ဌက်သမ္ဗာန်သမားတွေစုဖွဲ့
ဘူကြီး ကိုးမြီး ဝိုင်းဖွဲ့တီး
ဝါးတားဘက်စ်တွေရေထဲသေ

ကြိုးစားလိုက်တဲ့နေစားတွေ
မြောင်းတူး ပလက်ဖေါင်းဖေါ်
ဘက်ဂျက်ပေါ်သမျှလှော်နေကြ
လုပ်လိုက်ဖျက်လိုက် စည်ပင်တသိုက်

ဆိုင်တွေမထိုင်ရအမိန့်
ပါဆယ်ဝယ်ပြီးဝိုင်းဖွဲချ
ဘာလိုလိုအကုန်ရတယ်
ကားနဲ့ရောင်းတဲ့စျေးမြို့တော်

Ambulanceကားကြီးအော်မြည်
သူရဲတစ္ဆေလိုဘေးချမောင်း
စည်ကမ်းရှိတဲ့ယာဉ်မောင်းတွေများ
လေထုထဲကပိုးကြောက်လို့

လက်ခုပ်သံတွေတဖြောင်းဖြောင်း
ဂုဏ်ယူပါရဲ့ပေါ့စတစ်လူနာ
တတိုက်လုံးလော့ဒေါင်းချ
နောက်ရက်တွေမှာရန်ဖြစ်ကြ

Qစင်တာတွေမြို့အနှံဖြစ်လာတော့
ဆေးရုံမြို့တော်ကြီးလို
ဖျားရဲရင်ဖျားကြစမ်း
ဆေးပစ္စည်းတွေစျေးတင်ရောင်းဖို့

အဝေးကခွေးအူသံ
ဥဩဆွဲသံစူးစူးဝါးဝါး
သေမင်းငါ့အလှည့်လားစောင့်ရင်း
ဝိညာဉ်များနဲ့ကခုန်ခြင်း

ညမှောင်ထဲကYBSမှတ်တိုင်
အထုတ်လေးခေါင်းခုအိပ်ကြတဲ့
အိမ်ခြေမဲ့တွေအတွက်ထမင်းထုတ်
မြိုတော်ကြီးရဲ့အဆင်းတန်ဆာ

ထောင်ချီတဲ့လုပ်အားပေးတွေ
အုံးအုံးကျွတ်ကျွတ်အလှူရှင်တွေ
ပြေးလွှားနေတဲ့PPEဝတ်တွေ
ဇွဲမလျော့တဲ့ကျမ်းမာရေးဝန်ထမ်းတွေ

မြင့်မြင့်ခင်တွေ နန်းစိန်တွေ
မနီငါးဖယ်ချဉ် ပြည်ထမင်းသုတ်
ရှမ်းပဲပုတ်လည်းစားကောင်းပေမဲ့
တာဇံတွေအိမ်ပြန်ရင်ဂျေဒိုးနတ်ခိုးဝယ်

ရန်ကုန်ဆိုအကုန်ပိတ်
ရန်ကုန်ကြခိုးဝင်
ပိုးကူးစေတဲ့စေတနာမြို့တော်
အရှုံးမပေးနဲ့ မိငယ်ရေ

ဘယ်သူပုန်မှမသိမ်းနိုင်ဘူး
အာဏာရှင်တွေမနေရဲတဲ့မြို့
တရုတ်လုပ်ပိုးနဲ့အလူးအလဲခံနေရပေမဲ့
ရန်ကုန်ဘယ်တော့မှမရူံးဘူး

ကျော်နေမင်း(မြို့ပြ)ခံစားရေးဖွဲ့သည်

22/09/2020

ချွန်းသတင်းဌာန
အိမ်ခြေမဲ့များစားစရာ
ဝေဌရေးအစီအစဉ်တွင်
အရှင်အိန္ဒိက(မြိတ်ဆရာတော်)
ပါဝင်ကူညီမည်

 #ကားအလှူရှင်ကိုဗစ်ကုသရေးအတွက်ကုန်ပစ္စည်းသယ်ယူရန်နှင့်လိုအပ်သလိုကားအသုံးပြုရန်လှူဒါန်းပေးပါသောသာယာဝတီမှကိုအောင်ကြီးyamam...
14/09/2020

#ကားအလှူရှင်

ကိုဗစ်ကုသရေးအတွက်
ကုန်ပစ္စည်းသယ်ယူရန်နှင့်လိုအပ်သလို
ကားအသုံးပြုရန်လှူဒါန်းပေးပါသော
သာယာဝတီမှကိုအောင်ကြီးyamamoto
အားအထူးကျေးဇူးတင်ရှိပါကြောင်း
ချွန်းသတင်းဌာနမှ
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်

ကျော်နေမင်း(မြို့ပြ)
တာဝန်ခံအယ်ဒီတာ
ချွန်းသတင်းဌာန

(မှတ်ချက်)

အစစအရာရာကူညီဆောင်ရွက်ပေးပါ
သော ကိုအေးကို(ထွေ/အုပ်)အားလည်း
အထူးကျေးဇူးတင်အပ်ပါသည်

စာနာပါကိုဗစ်ကုသရေးစင်တာ(ဖေါင်ကြီး)ရှိသက်စွန့်ကြိုးပန်းနေသောဝန်ထမ်းများအတွက်အလှူဒါန                                ကျော်န...
13/09/2020

စာနာပါ

ကိုဗစ်ကုသရေးစင်တာ(ဖေါင်ကြီး)ရှိ
သက်စွန့်ကြိုးပန်းနေသောဝန်ထမ်းများ
အတွက်အလှူဒါန

ကျော်နေမင်း(မြို့ပြ)
တာဝန်ခံအယ်ဒီတာ
ချွန်းသတင်းဌာန

13/09/2020

ချွန်းသတင်းဌာနနှင့်မိတ်ဆွေများ
မြန်မာမွစ်စလင်လူမူကွန်ရက်တို့
ပူးပေါင်းပါဝင်မူဖြင့်
ကုဗစ်ကုသရေးစင်တာ(ဖေါင်ကြီး)သို့
လူနာများနှင့်ကျန်းမာရေးဝန်ထမ်းများ
အတွက်

PPEဝတ်စုံများ
Masksများ
နိုစီလာချောကလက်များ
အစားအသောက်များ
လက်ဆေးရည်များ
အခြားအသုံးအဆောင်များ

ယနေ့(၁၃/၉/၂၀၂၀)ပေးပို့လှုဒါန်း

(ချွန်းသတင်း)

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီပန်းပဲတမ်းမြို့နယ်ရုံးခန်းဖွင့်ပွဲအခန်းအနား
12/09/2020

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ပန်းပဲတမ်းမြို့နယ်ရုံးခန်းဖွင့်ပွဲအခန်းအနား

02/09/2020

ချွန်းအလှူ

ရန်ကုန်မြို့လော့ဒေါင်းဖြစ်ခဲ့လျှင်
တမြို့လုံးမှအိမ်ခြေမဲ့များကို
လူမျိုးဘာသာမခွဲခြားဘဲ
ညစဉ်ကူညီကျွေးမွေးရန်အတွက်
ကြိုတင်ပြင်ဆင်ရန်
ယနေ့အစည်းအဝေးမှဆုံးဖြတ်ခဲ့

ကျော်နေမင်း(မြို့ပြ)
တာဝန်ခံအယ်ဒီတာ
ချွန်းသတင်းဌာန

30/08/2020

#မည်သို့အရေးယူမည်ကိုစောင့်ကြည့်နေ

မော်လမြိုင်မြို့နယ်လဝကမှ
ဝန်ထမ်းတဦးက ပွဲစားမှတဆင့်
မွစ်စလင်တဦး၏နိုင်ကဒ်ပြုလုပ်
ခြင်းအပေါ် ငွေသိန်းချီတောင်းခံခဲ့ခြင်း
အား တိုင်စာအရစုံစမ်းစစ်ဆေးနေ

ဦးတင်အေး

( နယ်မြေခံသတင်းထောက်)
ချွန်းသတင်းဌာန

28/08/2020

#သတင်းမီဒီယာများအားဖိတ်ကြားခြင်း

ခရိုင်ရွှေးကောက်ပွဲကော်မရှင်မှ
နုတ်မိန့်ဖြင်အသိပေးပယ်ချခံရသော
မွန်ပြည်နယ်ကျိုက်မရောမြိုနယ်မှ
ပြည်သူ့လွှတ်တော်နေရာယှဉ်ပြိုင်မည့်
ကိုယ်စားလှယ်လောင်းကိုမောင်မောင်မှ
သတင်းစာရှင်းလင်းပွဲပြုလုပ်ပါဖြစ်ပါ၍
အောက်ပါအစီအစဉ်အတိုင်း
တက်ရောက်ပေးပါရန်လေးစားစွာ
အသိပေးအပ်ပါသည်

အချိန်- ညနေ (၄)နာရီတိတိ
နေ့ရက်- ၂၉ ဩဂုတ် ၂၀၂၀
နေရာ - ချွန်း သတင်းဌာန
အမှတ်(၁၈၇)၆လွှာ
ဗိုလ်မင်းရောင်လမ်း
မင်္ဂလာတောင်ညွန့်

(ဖိတ်ကြားသူများ)

ချွန်းသတင်းဌာန

23/08/2020

ကိုဗစ်ကြောင့်
လူ၈သိန်းနီးပါးသေဆုံးခဲ့ပြီး
၂၃သန်းခန့်ကူးစက်နေပြီလို့
WHOကထုတ်ပြန်

Congratulations ဆရာလားရှိုးမြို့နယ်အတွင်းဝါတွင်းသုံးလ သီတင်းသုံးနေသော ဆရာတော်သံဃာတော်များအားဒေါက်တာတင်အောင်ဦးစီးသောလာရှိ...
19/08/2020

Congratulations ဆရာ

လားရှိုးမြို့နယ်အတွင်း
ဝါတွင်းသုံးလ သီတင်းသုံးနေ
သော ဆရာတော်သံဃာတော်များအား
ဒေါက်တာတင်အောင်ဦးစီးသော
လာရှိုးမွစ်စလင်လူငယ်မောင်မယ်များမှ
ကျမ်းမာရေးစောင့်ရှောက်အလှူဒါနပြု

05/08/2020

ချွန်းသတင်းဌာန
ရုပ်သံလွှင့်အစီအစဉ်စရန်
အစည်းအဝေးအတည်ပြုခဲ့

July လထုတ်ချွန်းဂျာနယ် အင်တာဗျူး
07/07/2020

July လထုတ်
ချွန်းဂျာနယ် အင်တာဗျူး

Address


Website

Alerts

Be the first to know and let us send you an email when Chonn Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share