BBM News

BBM News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BBM News, Media/News Company, .
(3)

05/11/2023

ကိုပိုးလေး(ဟားငါးကောင်) ၊ ဗိုလ်မှူးတင်လင်းအောင်( CDM )၊ ဗိုလ်ကြီးထက်မြတ်(CDM) တို့ ရဲ့ ပြည်သူ့အားမာန် ငါတို့အသံ အစီအစဉ်ဟာ Episode 3 ကိုရောက်ရှိခဲ့ပါပြီ ။ ဒီအပတ်မှာလည်း ပြည်သူတွေအားတက်စရာဖြစ်မဲ့ အကြောင်းအရာတွေကို ပြောဆိုဆွေးနွေးထားတာမို့ ဝင်ရောက်ကြည့်ရှုပေးကြပါဦးခင်ဗျာ.

04/11/2023

ကျွန်တော်တို့ BBM အဖွဲ့သားတွေအနေနဲ့ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကို သတင်းစကားများ နည်းမျိုးစုံနဲ့ ပေးပို့နေပြီး တော်လှန်ရေးအပေါ် သွေးမအေးအောင်၊ တော်လှန်ရေးနဲ့ပတ််သတ်တဲ့ အကြောင်းအရာတွေ ၊ တပ်တွင်းဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေကို ပြည်သူတွေသိရှိနိုင်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးနေပါတယ်။ အခုလည်း ပြည်သူတွေအနေနဲ့ လက်ရှိစစ်ရေးအခြေအနေတွေနဲ့ မြောင်ပိုင်းတစ်ကြောက ညီနောင်မဟာမိတ်သုံးဖော်ရဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သတ်ပြီး ပြင်ဦးလွင်မြို့မှာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကို ရုံးတွင်းစကားသံပုံစံမျိုးနဲ့ တင်ဆက်ပြသလိုက်ပါတယ်။

🎉 ပြည်သူ့စစ်သားဇနီးများကို စတင်ခဲ့တာ ခုဆိုရင် နှစ်နှစ်တာ ကာလကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ တပ်တွင်းက အရ...
21/10/2023

🎉 ပြည်သူ့စစ်သားဇနီးများကို စတင်ခဲ့တာ ခုဆိုရင် နှစ်နှစ်တာ ကာလကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ တပ်တွင်းက အရာရှိစစ်သည်တွေရဲ့ဇနီးတွေဆီကို သတင်းစကားတွေရောက်ရှိဖို့ အမျိုးမျိုးသော အခက်အခဲတွေ ၊ တိုက်ခိုက်ဝေဖန်မှုတွေကို ကျော်လွှားရင်း တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်သော အစီအစဉ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

👥ပြည်သူ့စစ်သားဇနီးများ page ဟာ အတော်အသင့်အောင်မြင်ခဲ့ပြီး စစ် တပ် အတွင်းထိ သတင်းစကား ရောက်စေနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်တပ်ဘက်က မျိုးစုံသော နှောက်ယှက်ဖျက်စီးမှုတွေကိုကြုံတွေ့ကြရပါတယ်။

ပြည်သူ့စစ်သားဇနီးများအနေနဲ့ You Tube Channel ကိုလည်း ဖွင့်လှစ်ခဲ့သော်လည်း ၀င်ရောက်ကြည့်ရှုနှုန်းမှာအလွန်နည်းပါးခဲ့ပါတယ် ။

တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ ရန်ပုံငွေနည်းပါးခြင်း ၊ ထောက်ပံ့ကူညီပေးမည့် အလှူရှင် ရှားပါးလာခြင်းစသည့်အခက်အခဲများကိုကြုံတွေ့ကြရပါတယ် ။

ဒီအချိန်မှာ ကျွန်မတို့အနေဖြင့် ရန်ပုံငွေရရှိစေနိုင်မည့်နည်းလမ်းများကိုရှာဖွေကြရပါတယ် ။

ခု အသစ်ဖွင့်လိုက်တဲ့ You Tube Channel မှတစ်ဆင့်ရရှိလာမည့် ၀င်ငွေများဟာ CDM အထောက်အကူပြုလုပ်ငန်းများမှာ ထည့်သွင်းသုံးစွဲနိုင်ဖို့ရာ ရည်ရွယ်ပါတယ်။

ဒါကြောင့် ပြည်သူများအနေဖြင့် အချိန်ခန ပေးပြီး You Tube Video လေးတွေကို၀င်ကြည့်ပေးခြင်းအားဖြင့် CDM တွေအတွက်ထောက်ပံ့မှုမှာ ပါ၀င်ပေးနိုင်ကြောင်းတောင်းဆိုလိုက်ရပါတယ်။

‼️Channel link ⬇️⬇️⬇️

https://youtu.be/kKsywM67YBE?si=9KJXam3JahbzqGqj

#ပြည်သူ့စစ်သားဇနီးများ

"ခမရ၁၀၃ တပ်ရင်းမှူး ကျဆုံးပြန်....."မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းအား အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက...
15/10/2023

"ခမရ၁၀၃ တပ်ရင်းမှူး ကျဆုံးပြန်....."

မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းအား အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မြေပြင်ကနေထိုးစစ်ဆင်လာတဲ့ တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ မှ တပ်ရင်းမှူးဖြစ်သူ ဒုမှူးကြီး သက်အော‌င်ေအာင် ဟာ ၁၀-၁၀-၂၀၂၃ ရက်မှာ KIA အဖွဲ့ရဲ့ခံစစ်ဆင် ပိတ်ဆို့ထားသည့်နေရာအား ဖောက်ထွက်ရန်ကြိုးစားစဉ် မိုးမောက်မြို့နယ် လိုင်လွမ်အောင်ဂျာ ကျေးရွာအနီးမှာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရပြီး ၃ ရက်အကြာထိ ဆေးကုသရန် ပြန်လည်ပို့ဆောင် နိုင်ခြင်းမရှိ၍ ရရှိသည့် ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း သိရပါသည်။

KIA အင်အားများကြောင်း တင်ပြခဲ့သော်လည်း စစ်ကူပစ်ကူ ထိရောက်စွာမပေးပဲ အတင်းဖိအားပေးကာ ဖောက်ထွက်စေသဖြင့် ကျဆုံးခဲ့ရ‌ခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ဒုဗိုလ်မှူးကြီးသက်အောင်အောင် ဟာ DSA46ဆင်းအရာရှိဖြစ်ပြီး အမိန့်နာခံမှုကောင်းသူဖြစ်ကြောင်း ၊ယခုကဲ့သို့ မဖြစ်နိုင်သောကိစ္စကို ခေါင်းခံဆောင်ရွက်သဖြင့် အသက်ပေးလိုက်ရကြောင်း သုံးသပ်ပြောဆိုနေကြသည်။

ကျဆုံးသွားသည့် တပ်ရင်းမှူးတွင် ဇနီးနှင့်သမီးတစ်ဦး တောင်တွင်းကြီးတပ်တွင် ကျန်ရှိနေခဲ့ကြောင်းနှင့်တပ်မ ၈၈ လက်အောက်ခံတပ်များဖြစ်သည့် ခမရ ၃၀၁ ၊ခမရ ၃၁၇ တပ်ရင်းမှူးများကိုလည်း စစ်ဆင်ရေးရှောင်လွှဲမှုနဲ့ ခိုင်းသည့်အတိုင်းမဆောင်ရွက်ဟုဆိုကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း ကြားသိရသည်။

ထို့ကြောင့်လည်း မထူးဇာတ်ခင်းကာ ‌ေ-သ ဆုံးသည့်လမ်းကို ရွေးသွားဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။

✍️ Clover Leaf



#ခမရ၁၀၃
#ဒုဗိုလ်မှူးကြီး
#စစ်တပ်

“ဘဝဆုံးတော့မယ့် စစ်ကောင်စီ စစ်သားများ….”၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းက ‌အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ ဖာပွန်ခရိုင် မဲဝိ...
14/10/2023

“ဘဝဆုံးတော့မယ့် စစ်ကောင်စီ စစ်သားများ….”

၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းက ‌အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ ဖာပွန်ခရိုင် မဲဝိုင်စခန်းအနီးစစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဍ် DSA46နဲ့ ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးဝဏ္ဏDSA 47 တို့ကို စစ်ခုံရုံးမှ မကြာသေးမီက ထောင်ဒဏ်အနှစ်၂၀ချပြီး မော်လမြိုင်အကျဉ်းထောင်ကို ပို့လိုက်သည်ဟုသိရပါတယ်။ ပြစ်ဒဏ်မကြေငြာမီ တိုက်ပိတ်ထားခဲ့ပြီး မှ ရုတ်တရက် ထောင်ကိုပို့ခြင်းဖြစ်ကြောင်း ကြားသိရပါသည်။

ခမရ ၄၀၅ သည် စကခ၈ ကွပ်ကဲမှုအောက်တပ်ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာလအတွင်း KNU တပ်မဟာ ၅ နယ်မြေဖြစ်တဲ့ မယ်ဝိုင်ဒေသမှာ စစ်‌ဆင်ရေးတာဝန်ထမ်းဆောင်နေချိန် KNU /PDF ပူးပေါင်းအင်အားတွေနဲ့ ထိ‌တွေ့တိုက်ခိုက်မှုများမှာ အထိအခိုက်အကျ အဆုံးများခဲ့သလို စစ်ဆင်ရေးကြမ်းတမ်းမှုကြောင့်အခြားအဆင့်စစ်သည်တွေ ထွက်ပြေးသည့်အမှုများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

ဖာပွန်မြို့နယ်ထဲက ချောင်းဆုံ မဲသလောက်စခန်းကျပြီးနောက် စစ်ကူလိုက်နေစဉ် အင်အားချင်းမမျှသဖြင့် စစ်ကူလိုက်ရန်မဖြစ်နိုင်ကြောင်း တင်ပြခဲ့သော်လည်း မြေပြင်အခြေအနေကို အမှန်အတိုင်းမသုံးသပ်ဘဲ တပ်ရင်းမှူးနဲ့ ဒုရင်းမှူးနေရာကို လူသစ် များ အမြန်အစားထိုးခန့်အပ်ကာ လူဟောင်း များကို သံဖြူဇရပ်မှ လေ့ကျင့်ရေးကျောင်းတွင် တွဲဖက်စစ်ဆေးထားသည်။ ထိုသို့စစ်ဆေးပြီး စစ်ခုံရုံးမှ ေ-သ ဒဏ်နှင့်ညီမျှသည့် အနှစ်၂၀ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။

မြေပြင်အခြေအနေအမှန်အတိုင်း တင်ပြခဲ့သော်လည်း အဆင့်ဆင့်တင်ပြပါက ငြိုငြင်မည်ဆိုကာ လက်အောက်သို့သာ တာဝန်ရှိသူဟုထိုးချခြင်းဖြစ် သည်ဟု စစ်ကောင်စီနှင့်နီးစပ်သူများက သုံးသပ်နေကြပါသည်။

တပ်တွင်းဖရဲသီး၏ သတင်းပေးပို့မှုကြောင့် ခမရ ၄၀၅ တပ်လှုပ်ရှားမှုများအား တော်လှန်ရေး အင်အားစုများမှ ကြိုတင်သိရှိခဲ့သဖြင့် ပိုမိုအထိနာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သတင်းပေါက်ကြားမှုကြောင့် ရတခနှင့်ကရခကို ကိုင်တွယ်ရသည့် အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်သည်လည်း ၎င်း၏ရုံးမှသတင်းများပေါက်ကြားသဖြင့် အရေးယူခံထားရကြောင်းသိရသည်။ ၎င်း၏နေရာကို ရန်ကုန်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ် ညွန့်ဝင်းဆွေအား အစားထိုးခန့်အပ်ထားသည်။

စကစ တပ်သားများအနေဖြင့် အ ေ-သ ခံမလား ။ဒဏ်ရာနဲ့ပြန်မလား။ ထောင်အကျခံမလား။ ကောင်းမွန်သော ရွေးချယ်စရာမရှိသည့် ဘဝမျိုးကို ရင်ဆိုင်နေရကြောင်း ကြားသိရပါသည်။

✍️Clover leaf


#ခမရ၄၀၅
#ပြစ်ဒဏ်ချ
#စစ်တပ်
#တပ်ရင်းမှူး
#ဒုတပ်ရင်းမှူး
#တိုက်ပိတ်
#စစ်ခုံရုံး

01/10/2023

"တစ်ပတ်အတွင်း သတင်းကောက်နှုတ်ချက်"

◼ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားသတင်းတချို့ကို BBM မှ ကောက်နှုတ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီအပတ်အတွက် ထူးခြားသတင်းများကတော့...

၁။ စစ်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် ပြည်သူ့စစ်တွေကို လက်နက်များ တပ်ဆင်ပေးနေခြင်း။
၂။ ရေတပ်ကို အဓိကထားလာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရခြင်း။
၃။ မိုးကုတ် နဲ့ မူဆယ်မှာ TNLAနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ဖြစ်နေခြင်းနဲ့ တိုက်ပွဲအခြေအနေများ။
၄။ စစ်တပ်ထောက်ခံသူ ရွှေသူဌေးကြီး ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီက ထောင် ၁၀ နှစ်ချတဲ့သတင်းတွေပဲဖြစ်ပါတယ်။



#တပတ်အတွင်းသတင်း
#စစ်တပ်

24/09/2023

"တစ်ပတ်အတွင်း သတင်းကောက်နှုတ်ချက်"

◼ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားသတင်းတချို့ကို BBM မှ ကောက်နှုတ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီအပတ်အတွက် ထူးခြားသတင်းများကတော့...

၁။ စစ်ကောင်စီ ဆယ်နှစ်ကျော်ထိန်းချုပ်နိုင်ခဲ့တဲ့ ဒရူခ စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်း။
၂။ ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့ကို KNU ထိန်းချုပ်ခဲ့ခြင်း။
၃။ မိုးကုတ် နဲ့ မူဆယ်မှာ TNLAနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ဖြစ်နေခြင်းနဲ့ တိုက်ပွဲအခြေအနေ။
၄။ ပြည်မြို့နဲ့ တောင်ငူမြို့တွေမှာ စစ်ကောင်စီကပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးတယ်ဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်။



#တပတ်အတွင်းသတင်း
#စစ်တပ်

24/09/2023

“မင်းအောင်လှိုင် နဲ့ မိုးမြင့်ထွန်းကြားအပါအဝင် စစ်ဗိုလ်ချုပ်များကြားကစားခွက်လုပွဲ..”

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာကာကွယ်ရေးဝန်ကြီးချုပ်ရာထူးကို မရရှိခင်က စစ်တက္ကသိုလ်ကျောင်းအုပ်၊ တြိဂံတိုင်းစစ်ဌာနချုပ်မှူး စသည့်ရာထူးများကိုရရှိစဉ်က အောက်ခြေရဲဘော်များကို “ရိုးရိုးကျင့်မြင့်မြင့်ကြံဖို့” တသွင်သွင် ပြောကြားခဲ့သလို အရက်ဆေးလိပ်သောက်သုံးတာကိုလည်း တားမြစ်ခဲ့ပြီး လူမှန်လူဖြောင့်ပုံစံ ဟန် ဆောင်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ အလိုလောဘအင်မတန်ကြီးမားသူလည်းဖြစ်ပါတယ်။

ယခုအချိန်မှာလည်းကုန်စျေးနှုန်းကြီးမြင့်မှုတို့ကြောင့် ဗိုလ်မှူးချုပ်ရန်နောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် စစ်ဗိုလ်ချုပ်အများအပြားကိုဖမ်းစီးစစ်ဆေးနေပါတယ်။ ဒါဟာ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေကြား အကွဲအပြဲတွေစတင်နေတာဖြစ်ပြီး တစ်နည်းအားဖြင့် စစ်ဗိုလ်ချုပ်တွေကြားက စားခွက်လုပွဲပဲဖြစ်ပါတယ်။


#မင်းအောင်လှိုင်
#မိုးမြင့်ထွန်း
#စစ်ဗိုလ်ချုပ်

“အာဏာရှင်စိတ် အာဏာရှင်အတွေးအမြင်”၁၉၅၀ မှာ အဒေါ်နို (Adorno) နဲ့ သရုပ်ခွဲစိတ်ပညာရှင်တချို့ဟာ F-scale လို့ အမည်ရတဲ့ တိုင်း...
21/09/2023

“အာဏာရှင်စိတ် အာဏာရှင်အတွေးအမြင်”

၁၉၅၀ မှာ အဒေါ်နို (Adorno) နဲ့ သရုပ်ခွဲစိတ်ပညာရှင်တချို့ဟာ F-scale လို့ အမည်ရတဲ့ တိုင်းတာမှုတခုကို တီထွင်ခဲ့ပြီး လူတွေဟာ တစ်သွေးတစ်သံတစ်မိန့်နောက်ကို မျက်လုံးစုံမှိတ် နာခံလိုက်ပါတတ်တဲ့ အာဏာရှင်ဝါဒလို့ခေါ်တဲ့ Authoritarian အပေါ် ဘယ်လောက် စိတ်တိမ်းညွတ်မှု ရှိကြသလဲဆိုတာကို သုတေသနပြုခဲ့ကြပါတယ်။ “F-scale” လို့ အမည်ပေးထားရတာကတော့ “Facist ဖက်ဆစ်ဝါဒ”ကို ကိုယ်စားပြုလို့ ဖြစ်ပါတယ်။

လူပေါင်းရာနဲ့ချီ လေ့လာဆန်းစစ်ပြီးတဲ့အခါမှာတော့ အာဏာရှင်စနစ်ဆီကို တိမ်းညွတ်တဲ့လူတွေမှာ တွေ့ရတတ်တဲ့ စိတ်ခံစားမှုဆိုင်ရာ လက္ခဏာ (၉) ချက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

တကယ်တော့ ဖက်ဆစ်ဝါဒီတွေ အာဏာရှင်စိတ်ဓာတ် အခြေခံတွေဟာ အမိန့်နာခံမှုနဲ့ အသားကျနေတဲ့ စစ်တပ်လို အဖွဲ့အစည်းမျိုးသာမက အာဏာရှင်စနစ်နဲ့ နှစ်ပေါင်းများစွာ ယဉ်ပါးလာခဲ့ကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာလည်း ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားကြတာကို တွေ့ရနိုင်ပါတယ်။

၁။ ရှေးရိုးစွဲဝါဒ (Conventionalism)

ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး အယူဝါဒတွေအပေါ် အစွဲအယူ ပြင်းထန်တယ်။ ကိုယ်ဆုပ်ကိုင်ထားတဲ့ အယူအဆ၊ အတွေးအခေါ်တွေနဲ့ ကိုယ့်ဘာသာ ပိတ်လှောင် မလွတ်လပ်တဲ့သူတွေပါပဲ။ ကိုယ်နဲ့ အယူအဆ မတူတဲ့သူတွေအပေါ်မှာလည်း သဘောထား တင်းမာကြတယ်။

၂။ အမိန့်နာခံလွယ်မှု (Authoritarian Submission)

အမိန့်နာခံမှုအားကောင်းလေ ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းလေပါပဲ။ အမိန့်အာဏာရှိတဲ့သူတွေရဲ့ ခေါင်းဆောင်မှုနောက်ကို တသွေမတိမ်း လိုက်ပါဆောင်ရွက်လေ့ရှိတယ်။

၃။ အာဏာအားကိုး ရန်စောင်မှု (Authoritarian Aggression)

ကိုယ်အသေကိုင်စွဲထားတဲ့ ရှေးရိုးစွဲစံနှုန်းတွေကို မလိုက်နာပဲ သွေဖည်တယ်လို့ ယူဆတဲ့သူတွေကို အာဏာအားကိုးနဲ့ အပြစ်ပေးချင်တဲ့ စိတ်အခံရှိတယ်။​ Diversity လို့ခေါ်တဲ့ မတူကွဲပြားမှုတွေကို တန်ဖိုးထားရကောင်းမှန်း မသိဘူး။

၄။ ဆန့်ကျင်တွေးတော ခံစားမှုအမြင် (Anti-Intraception)

အစဉ်အလာတွေကနေ ဖောက်ထွက်တွေးခေါ်မှု၊ စိတ်ကူးဉာဏ် ကွန့်မြူးမှုနဲ့ ဆန်းသစ်တီထွင်မှုတွေကို ဆန့်ကျင်တတ်ကြတယ်။ ကိုယ့်အတွေးအခေါ်နဲ့ စိတ်ခံစားချက်တွေအပေါ် ကိုယ်တိုင်လေ့လာဆန်းစစ်မှု အားနည်းတဲ့အပြင် အစဉ်အလာတွေ သြဇာအာဏာ လွှမ်းမိုးမှုတွေက ပုံသွင်းပေးလိုက်တဲ့ ခံယူချက်နဲ့ စံတန်ဖိုးတွေကိုပဲ ထိန်းသိမ်းထားလေ့ရှိတယ်။

၅။ ပုံသေကားကျအမြင်နှင့် အယူသီးမှု (Stereotype & Superstition)

ဒဏ္ဍာရီတွေ၊ ဇာတကတွေနဲ့ သဘာဝလွန်ကိစ္စတွေအပေါ် ယုံကြည်မှုလွန်ကဲတယ်။ ကံဝါဒီသမားတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ လောကကြီးကို ရှုမြင်ပုံတွေဟာ အဖြူမဟုတ်ရင် အမဲ၊ အမှန်မဟုတ်ရင် အမှားဆိုတဲ့ ဒွိစုံလော့ဂျစ်ထဲက မထွက်ဘူး။ ဖြစ်စဉ်တွေအပေါ်မှာ ဂဃနဏ ခွဲခြမ်းစိတ်ဖြာပြီး နားလည်အောင် မပြုတတ်ပဲ ယေဘုယျကျတဲ့ အတွေးအမြင်တွေသာ လွှမ်းမိုးနေတတ်တယ်။ အရာရာကို သူတို့ရဲ့ သိမှုဘောင်ထဲကပဲ အမြင်ကျဉ်းမြောင်းစွာ ရှုမြင်တတ်ကြတယ်။

၆။ ပါဝါနှင့် တောင့်တင်းမှု (Power & Toughness)

အာဏာပါဝါနဲ့ အင်အားကြီးမှုကို လိုလားနှစ်သက်တယ်။ သူတပါးကို လွှမ်းမိုးချုပ်ကိုင်ထားရတာကိုလည်း သဘောတွေ့ကြတယ်။ သူတို့ရဲ့အမြင်မှာ အင်အားကြီးမှုနဲ့ ပျော့ညံ့မှု၊ ခေါင်းဆောင်နဲ့ နောက်လိုက်၊ ထိန်းချုပ်သူနဲ့ ထိန်းချုပ်ခံ ဆိုတဲ့ အမြင် နှစ်မျိုးနှစ်စားကိုသာ တွေ့ရတတ်တယ်။

၇။ အဖျက်သဘောနှင့် အပြစ်မြင်မှု (Destructiveness & Cynicism)

ရန်လိုမှုနဲ့ အမျက်ဒေါသကြီးလေ့ရှိတယ်။ သူတို့ရဲ့ လူ့အဖွဲ့အစည်းအပေါ်မှာ ထားရှိတဲ့ သဘောထားအမြင်တွေဟာလည်း အများအားဖြင့် အမုန်းတရားတွေ၊ မကျေနပ်မှုတွေနဲ့ ပြည့်နှက်နေလေ့ရှိတယ်။

၈။ လွှဲချပုံချခြင်း (Projectivity)

ကိုယ်မလိုချင်တဲ့ ပုဂ္ဂိလိကခံစားချက်တွေနဲ့ ပတ်သက်ပြီး အခြားသူတွေအပေါ် အပြစ်ပုံချဖို့ကြိုးစားတယ်။ အဲဒါရဲ့ ဆိုးကျိုးတခုခုကို ပတ်ဝန်းကျင်မှာ သက်ရောက်စေတယ်။ ကိုယ့်အမှား (သို့မဟုတ်) အပြစ်ကို တာဝန်ခံခြင်း၊ တာဝန်ယူခြင်း မရှိဘူး။

၉။ လိင်မှုရေးရာ (S*x)

အခြားသူတွေရဲ့ လိင်ခံယူချက်အပေါ် ခွဲခြားနှိမ် ချတဲ့ သဘောထားရှိတယ်။ လိင်မှုရေးရာ ကိစ္စတွေနဲ့ ပတ်သက်လို့ မလိုအပ်ပဲ အကျယ်ချဲ့ပြီး စွက်ဖက်တတ်တယ်။

လူ့အဖွဲ့အစည်းတခုမှာ လူဦးရေရဲ့ ရာခိုင်နှုန်း အတော်များများကသာ ဒီလို စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ပိုင်ဆိုင်ထားကြပြီဆိုရင် အာဏာရှင်ယန္တရားဟာ သေချာပေါက် အောင်မြင်စွာ လည်ပတ်နိုင်ပါတယ်။ အာဏာရှင်စနစ်တွေဟာလည်း အသိပညာ နုံနဲ့ချို့ယွင်းတဲ့ လူတန်းစားအများစုရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာပဲ ခိုင်ခိုင်မာမာ အမြစ်တွယ်နိုင်တာကို တွေ့ရတယ်။ နောင်မှာတော့ အဒေါ်နိုရဲ့ F-scale တိုင်းတာချက်ထက် ပိုပြီး ထိရောက်တဲ့ နည်းလမ်းတွေကို ဆက်လက်တီထွင်ခဲ့ပေမယ့် ဒီလိုအခြေအနေတွေကနေ ဘယ်လို လွတ်မြောက်အောင် ရုန်းထွက်နိုင်မလဲဆိုတဲ့အချက်ကိုတော့ ဘယ်စိတ်ပညာရှင်ကမှ မဖော်ပြခဲ့နိုင်ပါဘူး။

နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရသလို လူ့အဖွဲ့အစည်းထဲမှာ နှစ်ပေါင်းများစွာ စွဲမြဲစိမ့်ဝင်နေတဲ့ အာဏာရှင်စိတ်ဓါတ်တွေကိုလည်း သန့်စင်ရှင်းလင်းရတဲ့ လုပ်ငန်းစဉ်တခုပဲ မဟုတ်ပါလား။

REF: The Authoritarian Personality (1950)


#စစ်တပ်
#ဖက်ဆစ်ဝါဒ
#မင်းအောင်လှိုင်

“မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်များကြားက စားခွက်လုပွဲ…”မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ထဲ...
18/09/2023

“မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်များကြားက စားခွက်လုပွဲ…”

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ထဲမှာတော့ ကြောင် ချေးအဖြစ်နာမည်ကြီးလှပါတယ်။ ကာကွယ် ရေးဦးစီးချုပ် ရာထူးကို မရရှိခင်က DSA စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ တြိဂံတိုင်းစစ် ဌာနချုပ်မှူး စတဲ့ရာထူးများကိုရရှိစဉ်က၊ အောက်ခြေရဲဘော်များကို “ရိုးရိုးကျင့်မြင့်မြင့်ကြံဖို့” တသွင်သွင်ပြောကြားခဲ့သလို၊ အရက်ဆေးလိပ် သောက်သုံးတာကိုလည်း တားမြစ်ခဲ့ပြီး၊ လူမှန် လူဖြောင့်ပုံစံ ဟန်ဆောင်ခဲ့သူလည်းဖြစ်တယ်။

သူ့အကြောင်းသိသူတွေကတော့ ကြောင်ချေးလို့ခေါ်ကြသလို၊ သူ့လောက်ရာထူးအာဏာရပိုင်ခွင့်မက်မောသူ မရှိဘူးလည်း မင်းအောင်လှိုင်ကို နောက်ကွယ်ကပြောဆိုကြပါတယ်။ လက်အောက်ငယ်သားတွေကို လာဘ်မစားဖို့ တတွင်တွင်ပြောနေပေမယ့်၊ သူကိုယ်တိုင်ကတော့ လုပ်ပိုင်ခွင့်တွေရပိုင်ခွင့်တွေအကုန် လက်ဝါးကြီးအုပ်ပြီး ပိုင်ဆိုင်မှုတွေအကုန်၊ သူ့သား သူ့သမီး သူ့ဆွေမျိုး အသိုင်းအဝိုင်း နာမည်တွေ အောက်ထိုးသွင်းထားသူပါ။မင်းအောင် လှိုင်တို့ ပိုင်ဆိုင်မှုကိုပြောရမယ်ဆိုရင် "အရင်ဘုန်းကြီးတချက်ခေါက်၊ နောက်ဘုန်းကြီး သုံးချက်ခေါက်ဆိုသလို" သန်းရွှေတို့ပိုင်ဆိုင်မှုထပ်ကိုများပြားတယ်လို့ ခန့်မှန်းရတယ်။

ခုရက်ပိုင်းထဲမှာတော့ ရိုးရိုးကျင့်မြင့်မြင့်ကြံတဲ့ မင်းအောင်လှိုင်တို့စစ်အုပ်စုအနေနဲ့ ”ဒေါ်လာစျေးမြင့်တက်အောင်ပြုလုပ်သူများကို ဝိသမလောဘသားများ” လို့အမည်တပ်ကာ ဖမ်းဆီးနှိမ်နင်းအရေးယူမယ်လို့ ကြေညာပြီး၊ ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်ခဲ့ရာ၊ စက်တင်ဘာ ၈ ရက်နေ့ ညပိုင်းမှာတော့ ကုန်စည်စီးဆင်းမှု ကြီးကြပ်ရေးကော်မတီရဲ့ အတွင်းရေးမှူးဗိုလ်ချုပ် ရန်နောင်စိုးကို ဖမ်းဆီးရာက စတင်ခဲ့ပါတယ်။ ရန်နောင်စိုးကလည်း ၂ ခါစစ်မေးစလိုမလိုဘူးထင်ပါတယ်၊ သူနဲ့ပတ်သတ်တဲ့ သူတွေကို အကုန်ဖော်ထုတ်ပြလိုက်တယ်။

ရန်နောင်စိုးကို ဖမ်းဆီးစစ်ဆေးပြီးချိန်မှာတော့၊ သူ့ရဲ့ဆရာလည်းဖြစ်၊ ကုန်စည်စီးဆင်းမှုကော်မတီရဲ့ ဥက္ကဌလည်းဖြစ်သူ၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအပြင်၊ မင်းအောင်လှိုင်မိသားစုနဲ့ရင်းနှီးသူ ခရိုနီတစ်ဦးလည်းဖြစ်တဲ့ ရွှေဗျိုင်းဖြူလုပ်ငန်းစုနဲ့ ATOM telecom ရဲ့ ရှယ်ယာအများဆုံးပိုင်ရှင် သိန်းဝင်းဇော်တို့ပါ ဖမ်းဆီးစစ်ဆေးခံနေရပြီပဲ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ "ဝိသမလောဘသားတွေကို နှိမ်နင်းမယ်" ဆိုပြီး ဖမ်းဆီးချိန်ကစလို့၊ အဖမ်းခံရသူတွေဟာ စစ်အုပ်စုရဲ့ ရာထူးထိပ်ပိုင်းတွေကစလို့၊ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ လူယုံစီးပွါးရေးလုပ်ငန်းရှင်တွေအပြင်၊ စစ်ကောင်စီလက်အောက်ခံ မြဝတီဘဏ်မှ ဒါရိုက်တာတချို့၊ မြန်မာ့စီးပွါးရေးကော်ပိုးရေးရှင်း မှ တာဝန်ရှိသူတွေပဲ ဆက်တိုက်ဖမ်းဆီးခံလာရပါတယ်။

ဖမ်းဆီးခံရသူတွေထဲ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုတော့ နေအိမ်အကျယ်ချုပ်နဲ့ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ စစ်အုပ်စုထဲနံပါတ် (၆) အဆင့်ရှိသူ မိုးမြင့်ထွန်းဟာ မင်းအောင်လှိုင်ရဲ့တပည့်ရင်းလည်းဖြစ်ပြီး၊ မင်းအောင်လှိုင်နေရာကို ဆက်ခံမယ့်သူလို့ ထင်ကြေးပေးခံနေရသူတစ်ဦးလည်းဖြစ်ပါတယ်။ မင်းအောင်လှိုင်အနေနဲ့ မိုးမြင့်ထွန်း၊ ရန်နောင်စိုးအပါအဝင်၊ စစ်ကောင်စီရဲ့၊ ထိပ်ပိုင်းတစ်ချို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ သူတို့ကိုပေးထားတဲ့နေရာတွေကို ရုပ်သိမ်းကာတစ်ခြားသူတွေနဲ့ အစားထိုးလိုက်ပေမယ့်၊ ဆုံးဖြတ်ချက်တစ်စုံတစ်ရာတော့ မချမှတ်ရဲသေးပါဘူး။

မိုးမြင့်ထွန်းအကြောင်းပြောရမယ်ဆိုရင် စစ်ကောင်စီအာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သေနတ်နဲ့ချိန်ရွယ်ပြီး ဖမ်းဆီးခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့သြဂုတ်လပိုင်းက သတင်းတွေအရ ကစထမှူးတွေရဲ့ လုပ်ပိုင်ခွင့်ကို အာဏာအလွဲသုံးစားလုပ်ခဲ့သူလို့လည်းသိရတယ်။အထက်က ညွှန်ကြားချက်မရှိဘဲ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် အောက် ခြေမှာအကျအဆုံးများပြားခဲ့ပြီး၊ကရင်နီဒေသက စစ်ကောင်စီရဲ့ မယ်စဲ့စခန်းနဲ့ လက်ခတ်တောင်စခန်းတွေကိုလည်း သူ့ရဲ့အမိန့်နဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက သိရတယ်။

နောက်ထပ်လည်းမိုးမြင့်ထွန်းဟာသူနဲ့တွေပြီး လုပ်ပိုင်ခွင့်လိုချင်တဲ့ လုပ်ငန်းရှင်တွေကို တွေဆုံချင်ရင် ဒေါ်လာ နှစ်သောင်းဖိုး တန်ကြေး ရှိတဲ့ လက်ဝတ်ရတနာနဲ့ အရက် ပုလင်းများ ပေးရမယ်လို့ဆိုတယ်။အရက်ပုလင်းဆိုရင် ဒေါ်လာ ၄,၀၀၀ တန်ဖိုးရှိ 750 ml Louis XIII Cognac မဖြစ်မနေ ပါဝင်ရမယ်လို့လည်း ကြားသိရတယ်။ဒါဟာမိုးမြင့်ထွန်းအနေနဲ့ တဖက်မှာ ကိုယ်ကျိုးစီးပွားအတွက် မတရားရှာနေသလို၊ တဖက်မှာလည်း မင်းအောင်လှိုင် အမြင်လှအောင် တိုက်ပွဲတွေပုံဖော်အလုပ်လုပ်ပြနေခြင်းပဲဖြစ်တယ်။ဒါကတော့မိုးမြင့်ထွန်းအကြောင်း အကြမ်းဖျင်းပါ။

ရှေ့က ဒီလိုသာဓကတွေကြောင့် အောက်ခြေစစ်ဗိုလ်ချုပ်တွေအနေနဲ့လည်း မင်းအောင်လှိုင်အပေါ် သတိထားပြီး ဆက်ဆံလာတဲ့အနေအထားကြားသိလာရတယ်။ မင်းအောင်လှိုင်အနေနဲ့ ပြင်ပမှာတော့ မျက်နှာပြုံးပြုံးနဲ့ဆက်ဆံလေ့ရှိပြီး၊ နောက်ကွယ်မှာ ကြောင်ချေးလို အနံ့ထွက်နေတာကြောင့်ပါ။ စစ်ဗိုလ်ချုပ်တွေဟာ လုပ်ပိုင်ခွင့်ရပိုင်ခွင့်တွေကြောင့် မင်းအောင်လှိုင်ရဲ့လုပ်ရပ်တွေကို ငြိမ်ခံနေကြပေမယ့်၊ မိုးမြင့်ထွန်းလိုမျိုး မိမိရဲ့လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေကို ထိပါးလာချိန်မှာတော့ စစ်အုပ်စုရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကြားထဲမှာလည်း၊ အသံတွေပွက်လောရိုက်နေကြပြီပဲ ဖြစ်တယ်။

ဒါတွေကိုလည်း မင်းအောင်လှိုင်အနေနဲ့ သေချာသိရှိနေတဲ့အတွက် ခုချိန်ထိဖမ်းဆီးစစ်ဆေးခံနေရတဲ့ မိုးမြင့်ထွန်းတို့နဲ့ပတ်သက်ပြီး ရေရာတဲ့ဆုံးဖြတ်ချက်မချမှတ်ရဲသေးတာပဲဖြစ်ပါတယ်။ တစ်ကယ်တော့ ဒါဟာ စစ်အုပ်စုရဲ့ ထိပ်ပိုင်းဗိုလ်ချုပ်တွေကြား သဘောထားကွဲလွဲမှုတွေ အချင်းချင်းပွတ်တိုက်မှုတွေကို ထင်ရှားစေတဲ့ ဖြစ်ရပ်ဖြစ်ပြီး စမာန်ခုတ်မှုတွေကြား ဘယ်သူတွေအကျိုးအမြတ်ရပြီး၊ ဘယ်သူတွေကျဆုံးမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ လက်ရှိက အောက်ခြေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ခြေမှုန်းမှုကြောင့် တဖြုတ်ဖြုတ်ကြွေနေသလို၊ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေအကြားက စားခွက်လုပွဲမှာတော့ လည်တဲ့သူက စားတဲ့ အခြေအနေပါ။

✍️ မောင်ဝိ



#မင်းအောင်လှိုင်
#မိုးမြင့်ထွန်း
#စစ်တပ်

17/09/2023

"တစ်ပတ်အတွင်း သတင်းကောက်နှုတ်ချက်"

◼ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားသတင်းတချို့ကို BBM မှ ကောက်နှုတ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီအပတ်အတွက် ထူးခြားသတင်းများကတော့

၁။ ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ဖမ်းဆီးထိန်းသိမ်းခံရခြင်း။
၂။ စစ်ကောင်စီကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ် များ ညီလာခံ ၅ နိုင်ငံသာ တက်ရောက်ခဲ့ခြင်း။
၃။ စစ်ကောင်စီဘက်မှ ၇၀ကျော်ကျဆုံးခဲ့တဲ့ “ကနောင် စစ်ဆင်ရေး”
၄။ ဆိတ်ဖူးတောင်ရှိ စစ်ကောင်စီ စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတွေပဲဖြစ်ပါတယ်။



#တပတ်အတွင်းသတင်း
#စစ်တပ်

တနင်္သာရီတိုင်းတွင် စစ်ကောင်စီစစ်သားတစ်ဦး လက်နက်များနဲ့အတူအလင်းဝင်BBM News▪️စက်တင်ဘာ ၁၇တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင...
17/09/2023

တနင်္သာရီတိုင်းတွင် စစ်ကောင်စီစစ်သားတစ်ဦး လက်နက်များနဲ့အတူအလင်းဝင်

BBM News▪️စက်တင်ဘာ ၁၇

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီစစ်သားတစ်ဦး လက်နက်များနဲ့အတူ အလင်း ဝင်လာတယ်လို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့မှာထုတ်ပြန် ကြေညာခဲ့ပါတယ်။

အလင်းဝင်လာတဲ့စစ်သားဟာ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ(၅၆၁)မှ တပ်သားအောင်ဇော်မင်း၊ ကိုယ်ပိုင်အမှတ်(တ/၁၃၁၆၈၁) ဖြစ်ပြီး၊ သူနဲ့အတူ MA3 တစ်လက်၊ ကျည်တောင့်(၃၀)ပါ ကျည်ဘောက်တစ်ခု၊ 5.56ကျည် (၁၀၀)ဖြင့် အလင်းဝင်လာတာပဲဖြစ်ပါတယ်။

လာရောက်အပ်နှဲတဲ့ခဲယမ်းများကို တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံမှ စနစ်တကျလက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရှိရပါတယ်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုမှအာဏာသိမ်းပြီးသည့်နောက်တွင် တနင်္သာရီတိုင်းအတွင်း CDMပြုလုပ်လာသည့် တပ်မတော် သား(၃၅)ဦး နဲ့ ရဲတပ်ဖွဲ့ဝင် (၄၉)ဦး၊ တပ်နှင့်ရဲ စုစုပေါင်း (၈၄)ဦးထိရှိပြီး ၎င်းတို့အားဘေးကင်းလုံခြုံရာနေရာများသို့ ပို့ဆောင်ပေးထားပြီးဖြစ်ပါတယ်။

တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာမည့် စစ်သားနှင့်ရဲများကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး လက်နက်နှင့်တကွ လာရောက်ခိုလှုံပါက ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သွားမည့်အပြင် သင့်လျော်ရာနေရာများတွင် နေထိုင်သွားနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်စာထဲထည့်သွင်းဖော်ပြထားပါတယ်။


#တနင်္သာရီပြည်သူ့ကာကွယ်ရေး
#စစ်တပ်
#ခမရ၅၆၁

ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ် ကို တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းများရရှိBBM New...
17/09/2023

ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ် ကို တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းများရရှိ

BBM News▪️စက်တင်ဘာ ၁၇

ဘုတလင်မြို့ပေါ်တွင် စစ်ဆေးရေးဂိတ်ဖွင့်ကာ ပြည်သူများကို ဆတ်ကြေးကောက်၊ဖမ်းဆီးရိုက်နှက်မှုတွေပြုလုပ်နေသော စစ်ကောင်စီအုပ်စုကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိခဲ့လို့ Freedom Revolution Force (FRF) အဖွဲ့မှ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တိုက်ခိုက်မှုကို စက်တင်ဘာလ ၁၆ရက် မနက်(၆)နာရီခွဲအချိန်ခန့်တွင် ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်မှ ၆ဦးေ-သဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင်စစ် အုပ်စုရဲ့ 79တစ်လက်၊ 79ကျည်(၇)လုံး၊ G3 တစ်လက်၊ G3 ကျည်ဘောက်(၆)ခု၊ 7.62 x 51 ကျည် (၅၁)တောင့်တို့ကိုပါ သိမ်းပိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ထိုစစ်ဆင်ရေးကို Freedom’s Revolution Force(FRF)၊ ရွှေဘိုခရိုင်တပ်ရင်း(၂၄)၊ မဟူရာနတ် ဆိုးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။




#မဟူရာနတ်ဆိုး
#စစ်တပ်
#ဘုတလင်

◼ကုန်စျေးနှုန်းမနိုင် ကုန်သည်ကိုရမ်းစစ်ကောင်စီဟာ စီးပွားရေးလုပ် ငန်းရှင်တွေ ကုန်သည်တွေကို ကိုယ်ကျိုးစီးပွားကိုသာကြည့်တဲ့...
17/09/2023

◼ကုန်စျေးနှုန်းမနိုင် ကုန်သည်ကိုရမ်း

စစ်ကောင်စီဟာ စီးပွားရေးလုပ် ငန်းရှင်တွေ ကုန်သည်တွေကို ကိုယ်ကျိုးစီးပွားကိုသာကြည့်တဲ့ ဝိသမလောဘသားတွေလို့ စွပ်စွဲပြောခဲ့ပါတယ်။ ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်း သူတို့ကြောင့်လို့ မတရားစွပ်စွဲ ပြောဆိုခဲ့ပါတယ်။ အဲ့လို စစ်ခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာ မရှိ အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောဆိုတာတွေ လုပ်လာပြီးနောက် လက်နက်ကိုင် စစ်အုပ်စုဟာ စီးပွားရေးလုပ်ငန်းရှင်တွေကို ရန်ရှာလာပါတော့တယ်။

ပြီးခဲ့တဲ့ သြဂုတ်လကမြန်မာနိုင်ငံဆီလုပ်ငန်းရှင်များနဲ ဆီကုန်သည်များအသင်း ဥက္ကဋ္ဌ အပါအဝင် ပြည်ပက စားအုန်းဆီ တင်သွင်းခွင့် ရထားသည့် ကုန်သည်များကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့တယ်။စစ်ကောင်စီက စားဆီ လုပ်ငန်းရှင်များအားခေါ်ပြီး စားသုံးဆီဈေး နှုန်းတည်ငြိမ်ကျဆင်းရေး ညှိနှိုင်းအစည်း အဝေး ပြုလုပ်ခဲ့အပြီးမှာ အဲဒီလို ဖမ်းဆီးစစ်ဆေးခဲ့တာပါ။

ဒီလို ကုန်ဈေးနှုန်းတက်လာတိုင်း ကုန်သည်များအား ခေါ်ယူသတိပေးတာ၊ ဖမ်းဆီးတာတွေဟာ မဆလလက်ထက်က ကျင့်သုံးခဲ့တဲ့ ရှေးရိုးနည်းဟောင်းကြီးတွေသာဖြစ်ပြီး တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တဲ့ မဆလ လက်ထက်က စားဆီဈေးကို မထိန်းချုပ် နိုင်ရင် ဇူဇကာ စစ်ဆင်ရေး အမည်တပ်ပြီး ကုန်သည်ကြီးများအား ထောင်သွင်းအကျဉ်း ချခြင်းများ ပြုလုပ်လေ့ရှိခဲ့ပါတယ်။အခုလည်း အဲဒီနည်းလမ်းတွေ သုံးလာပါပြီ။

ဒီလ စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ကုန် သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီမှာ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ရန်နောင်စိုးနဲ့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက အရာရှိတချို့အပြင် စီးပွားရေးလုပ်ငန်းရှင်တချို့ကို ဖမ်းဆီးစစ်ဆေးနေတယ်ဆိုပြီး သတင်းထွက်လာပါတယ်။ ဗိုလ်ချုပ်ရန်နောင်စိုးဟာ ဒေါ်လာဝယ်ယူခွင့် လိုင်စင်ထုတ်ပေးသူတစ်ဦးဖြစ်သလို ပို့ကုန်သွင်းကုန် ကိစ္စတွေမှာလည်း အရေးပါသူတစ်ဦးဖြစ်ပြီး သူတာဝန်ယူထားတဲ့လုပ်ငန်းတွေမှာ မသမာမှု တွေ့ရတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရတာလို့ သိရပါတယ်။ အမှန်ကာဒါတွေဟာ အဲဒီလို အဖမ်းပြပြီးတော့ တစ်ခြားကုန်သည်တွေကို ပါခြိမ်းခြောက်တာ ဖြစ်ပါတယ်။

ဒီလို အကြမ်းဖက် စစ်ကောင်စီက ဗိုလ်ချုပ် ရန်နောင်စိုး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ရွှေဗျိုင်းဖြူလုပ်ငန်းစု (SBP) ပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော်ကိုလည်း ယခုရက်ပိုင်းအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြန်ပါတယ်။ ဒေါ်လာအနည်းငယ်ကျပြီး စက်သုံးဆီ စျေးမကျတာကြောင့် စက်သုံးဆီလုပ်ငန်းရှင်တွေဘက်ကို ပတ်ရမ်းလာပြန်တာဖြစ်ပါတယ်။ ယခုရက်ပိုင်းမှာလည်းပဲ စစ်ကောင်စီဟာ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တချို့နဲ့ UMFCCIက လုပ်ငန်းရှင်တွေကို နေပြည်တော်ခေါ်ပြီး စစ်ဆေးတယ်ဆိုတဲ့သတင်းတွေက ခပ်စိတ်စိတ် ကြားလာရတာ ဖြစ်ပါတယ်။

အာဏာလု စစ်ကောင်စီဟာ သူရဲ့ ယိုင်နဲ့လာတဲ့သက်တမ်းကို အဓမ္မနည်းနဲ့ ဆွဲဆန့်နေပါတယ်။သူ့ရဲ့ အုပ်ချူပ်နိုင်စွမ်းမရှိမှု၊ စီမံကိုယ်တွယ်မှု ညံ့ဖျင်းမှုနဲ့ အရည်အချင်းညံ့ဖျင်းမှုတွေကြောင့် ငွေစက္ကူတွေ တန်ဖိုးမဲ့လာရတယ်။ ငွေစက္ကူတွေ တန်ဖိုးကျဆင်းလာမှုတွေကြောင့် ကုန်ပစ္စည်း စျေးကွက်တွေကမောက်ကမဖြစ်လာတယ်။ ကုန်စျေးနှုန်းကို ကျဆင်းအောင် ဘယ်လိုပဲ လက်နက်ပြီး ဖိအားပေး စျေးလျော့ရောင်းခိုင်းနေပေမယ့် ထိန်းမနိုင်သိမ်းမရဖြစ်နေတာက ဘယ်လိုမှ ဖုံးကွယ်မရတော့တဲ့ အမှန်တရားပါ။

စက်သုံးဆီ လုပ်ငန်းရှင်တွေ ဆီကုန်သည်တွေဖမ်းလို့ စက်သုံးဆီစျေးကျမယ်၊ ဆီဈေးကျသွားလိမ့်မယ်လို့ ​စစ်ကောင်စီမှာ အဲ့လောက်ပဲ သိပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ အမြတ်ရဖို့ပါ။ မလှူတတ်ရင် စျေးရောင်းဆိုတဲ့အထဲ စီးပွားရေးသမားတွေမပါ,ပါဘူး။ အနိမ့်ဆုံး စဥ်းစားကြည့်ပါ။ လုပ်ငန်းရှင်ဟာ သူ့ကုန်ပစ္စည်းတစ်ခု ၁၀၀ နဲ့ဝယ်ရတယ်ဆိုရင် သယ်ယူစရိတ် ထုတ်ပိုးခထည့်ပေါင်းပြီး အမြတ်ကျန်အောင် သူစျေးတင်မှာပဲလေ။ အရှုံးခံတော့ ရောင်းမှာမဟုတ်ဘူး။ ရေရှည်မခံတဲ့ ကုန်ပစ္စည်းဆိုရင်တော့ လျော့စျေးနဲ့ရောင်းမှာ သေချာပေမယ့် တွက်ချေမကိုက်ရင် အရောင်းရပ်နားပစ်ရုံပဲမဟုတ်လား။ အဲ့လိုသာ ကုန်သည်တွေ လုပ်ငန်းရှင်တွေ အရောင်းရပ်ပစ်လိုက်မယ်ဆိုရင် ကုန်ပစ္စည်းရှားပါး ပြတ်လပ်ပြီး ဒီထက်ပိုးဆိုးဖို့ပဲ ရှိပါတော့တယ် ။

ဒါပေမယ့် စစ်ကောင်စီက ပြည်သူအပေါ် စေတနာမရှိလို့ ပြည်သူ့အာဏာအတင်းအဓမ္မ လုနေရာယူထားပြီး တိုင်းပြည်ကို လက်နက်ကိုင်စိုးမိုးချယ်လှယ်ဖို့ ကြိုးစားနေတဲ့ အုပ်စုပါ။ သူ့အကျိုးစီးပွား သူ့အုပ်စုအကျိုးစီးပွား သူ့အုပ်စုထိုင်ခုံနေရာမြဲရေးတစ်ခုသာ ကြည့်ပြီး ပြည်သူ့မျက်နှာမကြည့် တိုင်းပြည်ကို ဖျက်ဆီးနေတာကလွဲပြီး ကျန်တာသူတို့အလုပ်မဟုတ်၊ဒါတွေ သူတို့ ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့ အုပ်စုတွေပါ။ အကြမ်းဖက် စစ်တပ်ဆိုတဲ့အတိုင်း သူတို့ မဲချင်ရာမဲ ရမ်းချင်ရာရမ်းနေကြမယ့်ဆိုတဲ ယုတ်မာတဲ့ အလုပ်ပဲ လုပ်ကြတော့မှာ ဖြစ်ပါတယ်။

နိုင်ငံအဝှမ်းမှာ ကြွက်မနိုင်ကျီမီးရှို့နေကြတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကုန်စျေးနှုန်းကြီးမြင့်နေတဲ့ ပြဿနာမထိန်းနိုင်တာနဲ့ ကုန်သည်တွေ စီးပွားရေး လုပ်ငန်းရှင်တွေကို အငြိုးအတေးထား ပတ်ရမ်းနေတာကတော့ ဘယ်လိုမှ နည်းလမ်းမကျတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘယ်တော့မှ မပျောက်ပျက်တဲ့ သောက်ကျင့်ဆိုးတွေပဲ ဖြစ်ပါတယ်။ ။



🟥ဗန်းမော်မြို့ရဲ့ ၂၇.၃.၂၀၂၁ (သို့မဟုတ်) မရွှေမြင့်….🟥 ||ဆောင်းပါးကဏ္ဍ||CDM ဗိုလ်ကြီးထက်မြတ်ရဲ့ ''၁၅ နှစ်တာ မှတ်မှတ် ရရမျ...
16/09/2023

🟥ဗန်းမော်မြို့ရဲ့ ၂၇.၃.၂၀၂၁ (သို့မဟုတ်)
မရွှေမြင့်….🟥

||ဆောင်းပါးကဏ္ဍ||

CDM ဗိုလ်ကြီးထက်မြတ်ရဲ့ ''၁၅ နှစ်တာ မှတ်မှတ် ရရများ '' စာအုပ်မှ ဆောင်းပါးတစ်ပုဒ်ဖြစ်သည့် “ဗန်းမော်မြို့ရဲ့ ၂၇.၃.၂၀၂၁ (သို့မဟုတ်) မရွှေမြင့်”ဆိုတဲ့ဆောင်းပါးကို ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်။

“ဖြစ်စဉ်တွေဟာ သူတို့ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်…။ ဒီဖြစ်ရပ်ကိုတော့ ကျွန် တော်ကိုယ်တိုင်အနီးကပ်ပါဝင်သိရှိခဲ့ရတဲ့အတိုင်း ပြန်ပြောပေးသွားပါ့မယ်…”

“ဗန်းမော်မြို့ရဲ့ ၂၇.၃.၂၀၂၁ (သို့မဟုတ်) မရွှေမြင့်”ဆိုတဲ့ဆောင်းပါးကို ဖတ်ရင်း တပ်ထဲက စစ်သားများ ပြည်သူ့ဘက်ရပ်တည်ဖို့ အတွေးတခုခုရကြပါစေလို့ မျှော်လင့်ပါတယ်။

▪ CDM ဗိုလ်ကြီးထက်မြတ်သည် 2021 ခုနှစ် အစောပိုင်းကာလတွင် ပြည်သူ့ဘက်ရပ်တည်ခဲ့သော CDM အရာရှိတဦးဖြစ်ပါတယ်။ယခု 15
နှစ်တာမှတ်မှတ် ရရများစာအုပ်မှာ သူ၏ပထမဆုံး စာအုပ်ဖြစ်ပါတယ်။▪




16/09/2023

စစ်ကောင်စီရဲ့ မဲဝိုင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း BPLA ထုတ်ပြန်

BBM ▪️စက်တင်ဘာ ၁၆

ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေ၊ ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်းရှိ မဲဝိုင်ဘုန်းကြီးကျောင်းအတွင်း နှစ်ရှည်လများတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ မဲဝိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အုပ်စုရဲ့ မဲဝိုင်စခန်းကုန်းကို KNLA, BPLA, PDF တို့မှ ကွန်မန်ဒိုရဲဘော်များနှင့် FFD ဒရုန်းတပ်ဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။



#မဲဝိုင်စခန်း


ဒီပဲယင်းမြို့အဝင်ဂိတ်ရှိ စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ရာ တပ်သား၄ဦးေ-သဆုံးပြီး လက်နက်ခဲယမ်းများရရှိBBM News▪️စက်တင်ဘ...
16/09/2023

ဒီပဲယင်းမြို့အဝင်ဂိတ်ရှိ စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ရာ တပ်သား၄ဦးေ-သဆုံးပြီး လက်နက်ခဲယမ်းများရရှိ

BBM News▪️စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့အနောက် ဘက် မြို့ဝင်ဂိတ်မှ စစ်ကောင်စီတပ်သားများနဲ့ပျူစောထီးများကို ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လက် နက်ခဲယမ်းများ ရရှိခဲ့တယ်လို့ ပုဂံပြည်ဘီလူးတပ်ဖွဲ့က ဒီကနေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၃ရက်နေ့ ည၁နာရီအချိန်ခန့်တွင် ပတ်ကင်းထွက်လာသော စစ်ကောင်စီအဖွဲ့ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်တစ်ဦး၊ တပ်သား၂ဦး နဲ့ ပျူစောထီးတစ်ဦးအပါ (၄)ဦးေ-သဆုံးခဲ့ပြီး၊ MA1တစ်လက်၊ G3 တစ်လက်၊ ကာဘိုင်တစ်လက်၊ 79တစ်လက်နဲ့ ကျည်တစ်ချို့သိမ်းပိုက်ရရှိခဲ့ပါတယ်။

ထိုစစ်ဆင်ရေးကို ရန်ကြီးအောင်PDF(ဒီပဲယင်း)၊ ပုဂံပြည်ဘီလူးတပ်၊ အဖြူရောင်ဒီပဲယင်း ပကဖ နဲ့ ညောင်ဦးခရိုင်တပ်ရင်း၅ တပ်ခွဲ (၂)တို့ ပူးပေါင်းဆင်နွှဲခဲ့တာပဲဖြစ်ပါတယ်။

စစ်ဆင်ရေးအတွင်းရန်ကြီးအောင် PDF မှဒုခေါင်းဆောင် ခြေထောက်တစ်ချက်၊ ဝမ်းဗိုက်တစ်ချက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရဟုလည်း သိရှိရပါတယ်။



#ပုဂံပြည်ဘီလူးတပ်
#စစ်တပ်
#ဒီပဲယင်း

ကွီလုံတိုင်စခန်းကို လက်နက်ခဲယမ်း၊ ရိက္ခာစစ်ကူလာပို့တဲ့စစ်ကြောင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်▪️ဒရုန်းဗုံး၂၀၀ကျော်ကြဲချခဲ့ပ...
16/09/2023

ကွီလုံတိုင်စခန်းကို လက်နက်ခဲယမ်း၊ ရိက္ခာစစ်ကူလာပို့တဲ့စစ်ကြောင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်

▪️ဒရုန်းဗုံး၂၀၀ကျော်ကြဲချခဲ့ပြီး စစ်ကောင်စီဘက် မှ ကျဆုံးသူများကို ၎င်းတို့ကိုယ်တိုင်ဟောင်သရောမြစ်အတွင်းပစ်ချခဲ့

BBM News▪️စက်တင်ဘာ ၁၆

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၆)၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင် စီအင်အား၃၀ခန့်ဖြင့်တပ်စွဲထားတဲ့ကွီလုံတိုင်စခန်းကို ဩဂုတ်လ ၂၄ရက်နေ့ကစတင်ကာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး၊ ထိုစခန်းမကျစေရန်အတွက် လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်ကူလာပို့သည့် အင်အား၁၀၀ပါစစ်ကြောင်းကို စက်တင်ဘာလ ၆ရက်နေ့ကစတင်ကာ လိုက်လံတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ Cloud Wings အဖွဲ့ရဲ့ထုတ်ပြန်ချက် အရ သိရှိရပါတယ်။

ဩဂုတ်လ ၂၄ရက်နေ့မှ စက်တင်ဘာလ ၁၄ရက်နေ့အထိ ရက်ပေါင်း၂၀ကျော်ကြာတိုက်ပွဲများအတွင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ ၁၀၇မမ၊ ၈၁မမ၊ ၆၀မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်း ၂၀၀ကျော်ကြဲချတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်း ခမရ(၃၃၉)၊ ခမရ(၅၆၁)၊ ခမရ(၅၅၇)အစရှိတဲ့ တပ်များလည်းပါဝင်တိုက်ခိုက်ခဲ့သလို လေကြောင်းပစ်ကူများလည်းပြုလုပ်ခဲ့ပါတယ်။

၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၀ဦး ထပ်မနည်းကျဆုံးခဲ့ကာ၊ အများအပြားထိခိုက်ဒဏ် ရာရရှိခဲ့ပါတယ်။

“ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သား များကို ထိုင်းဘက်ခြမ်းမှတဆင့် ကားများဖြင့်သယ်ဆောင်သွားပြီး ကျဆုံးသွားသော အလောင်းများကို ဟောင်သရောမြစ်ထဲပစ်ချလိုက်ကြပါတယ်” လို့ ဒေသခံတွေရဲ့ပြောဆိုချက်မှတဆင့် ပြန်လည်သိရှိရတယ်လို့ Cloud Wings အဖွဲ့က ပြောဆိုထားပါတယ်။

အထက်ပါစစ်ဆင်ရေးများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAရဲ့ ဦးစီးဦးဆောင်မှု၊ အထူးစစ်ဆင်ရေးအဖွဲ့-SOF၊ မဟာမိတ်တပ်ဖွဲ့များနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့လည်း Cloud Wings အဖွဲ့ရဲ့ထုတ်ပြန်စာထဲ ထည့်သွင်းဖော်ပြထားပါတယ်။






#ကွီလုံတိုင်
#စစ်တပ်

“ပြည်သူ့စစ်အားကိုး ပုဆိန်ရိုး”ရှမ်းမြောက်မှာ တိုက်ပွဲ ပြင်းထန်နေချိန်မှာ စစ်ကောင်စီခေါင်းဆောင်က ရှမ်းမြောက်မှာရှိတဲ့ ပြည...
16/09/2023

“ပြည်သူ့စစ်အားကိုး ပုဆိန်ရိုး”

ရှမ်းမြောက်မှာ တိုက်ပွဲ ပြင်းထန်နေချိန်မှာ စစ်ကောင်စီခေါင်းဆောင်က ရှမ်းမြောက်မှာရှိတဲ့ ပြည်သူ့စစ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ “ဒီလို ပြည်သူ့စစ်ဟာ နိုင်ငံတော်ကို အင်အားဖြည့်ပေးနေတဲ့ အင်အားတစ်ရပ်” ဖြစ်တယ်ဆိုပြီးတော့ စည်းရုံးပြောဆိုခဲ့ပါတယ်။

လက်ရှိ ရှမ်းမြောက်မှာက စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့အကြား တိုက်ပွဲပြင်းထန် နေချိန်ဖြစ်ပြီး ဒီလိုအချိန်မှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းမြောက်မှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာဟာ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ။ ရှမ်းမြောက် မှာ TNLA နဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက နမ့်ခမ်းမြို့မပြည်သူ့စစ်၊ လုံထန် ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီးတိုက်နေတာပါ။

အာဏာအရူးထပြီး စသိမ်းကတည်းက တိုင်းပြည် အတွက်ရော ဘယ်သူ့အတွက်မှ ကောင်ကျိူးမပြုခဲ့တဲ့ မင်းအောင်လှိုင်ဟာ သူ့အကျိုး စီးပွားအတွက်ပဲ ဆိုတာ အားလုံးနားလည်ပြီးသားပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်က လုံထန် ပြည်သူ့စစ်ကို စစ်ကောင်စီတပ်က ကချင်တပ်မတော် (KIA) ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခိုင်းရာကနေ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ လုံထန် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး ေ-သဆုံးခဲ့ပါတယ်။ ဒီလို အထိနာချိန်မှာ နယ်မြေအလိုက် ပဋိပက္ခများချုပ်ငြိမ်းဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ရှမ်းမြောက် ပြည်သူ့စစ်အဖွဲ့တွေကို စစ်ကောင်စီခေါင်းဆောင် ပြောဆိုခဲ့တာဟာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကျဆင်းလာ၊အကျအဆုံးများလာတာ၊အင်အား လျော့လာတာမို့ ပြည်သူ့စစ် တွေကို မြှောက်ပေးပြီး ကူပါ၊ ကယ်ပါ တဆာဆာ သွားလုပ် တာပါပဲ။ ဘာဒေသအကျိုး ပြည်နယ်အကျိုးမှမဟုတ်ပဲ သူ့အတ္တသူ့အကျိုးအတွက် ဆိုတာ လူတိုင်းသိထားကြပါတယ်။

ဒီလို စစ်ကောင်စီတပ်တွေဖက်က ဝင်တိုက်ပေးတဲ့ နမ့်ခမ်း မြို့မပြည်သူ့စစ်၊ လုံထန် ပြည်သူ့စစ်တွေဆိုတာကလည်း တိုင်းရင်းသားလက်နက်ကိုင်ကနေ စစ်ကောင်စီနဲ့ အပေးအယူလုပ်ထား၊ အပစ်ရပ်ထားတဲ့အဖွဲ့တွေပါ။ အဲ့လို အဖွဲ့တွေ ရှိပါသေးတယ်။ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာလည်း စစ်ကောင်စီတပ်နဲ့လက်တွဲတဲ့ ဌာနေပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားတဲ့ မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ပါ။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ်မှာ စစ်အစိုးရဆီမှာ လက်နက်ချ အလင်းဝင်ခဲ့ပြီး ၁၂ နှစ် အကြာမှာ ဌာနေပြည်သူ့စစ်ဆိုပြီးဖွဲ့စည်းတာပါ။ ဒီလိုစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲပြီး အသွင် ပြောင်းပြည်သူ့စစ်အဖြစ် ဖွဲ့စည်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့တွေအပြင် အာဏာလု စစ်ကောင်စီတပ်တွေနဲ့ ဖ-က်ဆ-စ်တပ် ကျဆုံးရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးစသဖြင့်တော်လှန်ရေးကာလမှာ စစ်ကောင်စီဟာ အားကိုးနေရတဲ့ ပြည်သူ့စစ်ဆိုတာလည်း ရှိပါသေးတယ်။

ဒီပြည်သူ့စစ်ဆိုတာ စစ်တပ်က သူလိုလိုရာသုံးဖို့ တိုက်ခိုက်ဖို့ အင်အားလိုရင်အင်အား၊ လုံခြုံရေးလိုအပ်ရင် လုံခြုံရေးလုပ်ဖို့ လက်နက်တပ်ဆင်ပေးထားတဲ့ ဗျူဟာပါ။ ၂၀၂၂ အတွင်းမှာ ပျူစောထီးအဖွဲ့ဆိုပြီး ထင်ထင်ရှားရှားပွဲထုတ်လာခဲ့ပါတယ်။ ဒီနောက် စွန်းရဲအဖွဲ့လိုလို သိမ်းငှက်အဖွဲ့လိုလိုတွေပေါ်လာပြီး NLD ပါတီဝင်တွေကို ပစ်မှတ်ထား ရက် ရက် စက် စက် သ-တ်ဖြ-တ်ခဲ့တဲ့အထိ လုပ်ဆောင် ခဲ့တယ်။

ပြည်သူ့စစ်ဆိုတာကတော့ စစ်တပ်ထောက်ခံသူတွေ၊ ပျူစောထီးတွေ၊ စစ်မှုထမ်း‌ဟောင်း​တွေနဲ့ သူတို့ရဲ့ သားသမီးတွေကို ခေါ်ယူပြီး သင်တန်းပေး ဖွဲ့စည်းထားတာပါ။ ပြီးရင် လက်နက်တပ်ဆင်ပေးပြီး အင်အားစုစောင်းမယ် စစ်တပ်ရဲ့စစ်ကြောင်းတွေမှာ အင်အားဖြည့်တင်းဖို့ အသုံးချဖို့ဖြစ်ပါတယ်။

တိုင်းပြည်မှာ အဘက်ဘက်က စစ်မျက်နှာဖွင့်ထားရတဲ့ကာလ ဒီနှစ် ဖေဖော်ဝါရီလလောက်မှာ စစ်တပ် ထောက်ခံသူတွေကို တရားဝင် လက်နက်ပေးမယ့် မူဝါဒကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်ပိုင်း မတ်လလောက်မှာတော့ “၂၀၂၃ မတ်လ လက်နက်တပ်ဆင်ပေးအပ်ပွဲ”ဆိုတဲ့ ခေါင်းစဉ်တပ်ပြုလုပ်တဲ့ပွဲနဲ့အတူ အဲဒီပွဲကိုစုဝေးရောက် လာတဲ့ ကြံ့ဖွတ်ပါတီဝင်တွေကို ကြံ့ဖွတ်ခေါင်းဆောင်တွေက ဝါးရင်းတုတ်နဲ့ ဝါးချွန်များ ထုတ်ပေးနေတာကို ရုပ်သံဓာတ်ပုံတွေမှာ တွေ့ခဲ့ရပါတယ်။

စစ်တိုက်ဖို့ ရှေ့တန်းထွက်ဖို့ ငြင်းဆန်နေကြပြီဖြစ် တဲ့ စွမ်းစောင်ရည်ကျဆင်းလာပြီဖြစ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့စစ်တွေကို မြှောက်ပေးတာ အဆန်းတော့ မဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အသွင်းပြောင်း ပြည်သူ့စစ်ရော စစ်ကောင်စီအလိုကျ ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေဆိုတာ စစ်တပ်ရဲ့ လက်ကိုင်တုတ်တွေပါ။

ပြည်သူ့စစ်ဖြစ်ဖြစ် ပျူစောထီးဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်ပါ အင်အားချည့်နဲ့နေတဲ့ စစ်ကောင်စီကတော့ ရှေ့ကနေ အ ေ-သခံပေးမဲ့ ဘယ်သူ့ကိုဖြစ် ဖြစ် ရသလောက်သုံးလာတော့မယ့် အနေအထားမြင်တွေ့ရပါတယ်။ ဒါဟာဒီကနေ့ တော်လှန်ရေးအရှိန် မြင့်တက်လာ၊ တိုက်ပွဲပြင်းထန်လာချိန်မှာ ကျရှုံးချိန်နီးကပ်လာပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်အားကိုး ပုဆိန်ရိုး လို့ပဲ ကင်းပွန်းတပ်လိုက်ချင် ပါတယ် ။ ။

✍️ NyeinMaung



#စစ်တပ်
#ပြည်သူ့စစ်
#ပျူစောထီး
#မင်းအောင်လှိုင်

Address


Website

Alerts

Be the first to know and let us send you an email when BBM News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share