Cele Yellow Media

  • Home
  • Cele Yellow Media

Cele Yellow Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cele Yellow Media, Media/News Company, .

ထူးထူးခြားခြား ရဲကိုယ်တိုင်ဓါးမြတိုက်လို့  ပြည်သူများသို့အကူအညီတောင်းရတဲ့ မျောက်ကလေး‌(ခေါ်) နေရွှေသွေးအောင်မေ ၁၇ဗိုလ်ချု...
27/05/2021

ထူးထူးခြားခြား ရဲကိုယ်တိုင်ဓါးမြတိုက်လို့ ပြည်သူများသို့အကူအညီတောင်းရတဲ့ မျောက်ကလေး‌(ခေါ်) နေရွှေသွေးအောင်

မေ ၁၇

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) ရဲ့မြေးဖြစ်သူ နေရွှေသွေးအောင်ရဲ ညီတစ်ဝမ်းကွဲ ရဲ့ဖုန်းကို ရဲတပ်သားနှစ်ဦးက ပြန်ပေးဆွဲသွားတယ်လို့ သိရပါတယ်။

" ဒီနေ့ည ကျနော်ညီဝမ်းကွဲတစ်ယောက် အင်းယားကန်ဘောင်ကိုရောက်နေတုန်း ရဲနှစ်ယောက်ဆိုသူကဖုန်းယူစစ် Password တွေတောင်းပြီး ဖုန်းပါသိမ်းသွားပြီး အခု ငါးသိန်းနဲ့လာရွေးခိုင်းနေတယ် တက်နိုင်တဲ့လူများရှိရင် ကူညီပေးကြပါ"လို့ နေရွှေသွေးအောင်အသုံးပြုတဲ့ Instagram စာမျက်နှာမှာ ရေးသားထားပါတယ်။

06/05/2021
လူမျိုးမတူ၊ဘာသာမတူ၊သွေးမတူသားမစပ်ပေမဲ့ အခုချိန်မှာ စည်းစည်းလုံးလုံးနဲ့ တယောက်ကို တစ်ယောက်အားပေးချစ်ခင်နေတာမြင်ရတော့ သိပ်...
30/10/2020

လူမျိုးမတူ၊ဘာသာမတူ၊သွေးမတူသားမစပ်ပေမဲ့
အခုချိန်မှာ စည်းစည်းလုံးလုံးနဲ့ တယောက်ကို တစ်ယောက်အားပေးချစ်ခင်နေတာမြင်ရတော့ သိပ်ကြည်နူးရပါတယ်။

လက်ယာ ဗီယက်နမ်နိုင်ငံက မာတင်ငုရင်
အလယ် ချင်းလူမျိုး ထယ်ရီထန်း
လက်ဝဲ ကချင်လူမျိုး ‌‌ေအာင်လအန်ဆန်

အချစ်တော်ကြီးတွေပေါ့ခင်ဗျာ။

ကိုအောင်လ အခုပွဲမှာ မနိုင်ရတာက
(၁)ဇွန်လတုန်းက သူကိုဗစ်ရောဂါထိထားတယ်

(၂)စလုံး မှာ ထိုးရတယ်၊ကိုဗစ်ကာလကြောင့် ပရိတ်သတ်ဆိုတစ်ယောက် မှမရှိ ခါတိုင်းဆို မြန်မာပရိတ်သတ်ရဲ့ အသံတွေ၊ခွန်အားတွေ ရှိတယ်။

(၃)ပြိုင်ဘက်က ချုပ်ကွက် အားသာတော့ ပွဲစတာနဲ့ချုပ်ဖို့ပြင်တာပဲ့၊ ကိုအောင်လ တုန့်ပြန်ဖို့သိပ်နောက်ကျသွားခဲ့တယ်

(၄)ပြိုင်ဘက်က ခြေတံလက်တံရှည်တာက ကိုအောင်လအတွက် အားနည်းချက်လို့မြင်မိတယ်။

(အဆံုးထိ ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အမှားတစုံတရာပါပါက စာရေးသူကျွန်ုပ်အမှားသာဖြသ်ပါသည်။ဝေဖန်ထောက်ပြပေးနိုင်ပါသည်။)

🍃ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့ သရက်ရွက်( Mango Leave ) ကို အမေရိကန်နိုင်ငံမှာ  ၂အောင်စ ကို 13$ နဲ့ရောင်းနေတာတွေ့ရတော...
29/10/2020

🍃ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့ သရက်ရွက်( Mango Leave ) ကို အမေရိကန်နိုင်ငံမှာ ၂အောင်စ ကို 13$ နဲ့ရောင်းနေတာတွေ့ရတော့ ဘာတွေကောင်းလဲဆို google ခေါက်ကြည့်လိုက်ပါတယ် သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော် သူများရောင်းတာထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဖူး
🍃သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရပိုများနေပါတယ်
ဗီတာမင် အေ ဘီ စီနဲ့ antioxidant တွေကြွယ်ဝပါတယ်

🍃 သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာချက်ပြုတ်စားသောက်ကြပါတယ်
👉‌ ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကိုထိန်းညိဖို့သောက်သုံးကြပါတယ်
👉‌ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ် စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကုသနိုင်ပါတယ် အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို လျော့ချပေးပါတယ်
👉‌သည်းခြေမှာ ကျောက်တည်ခြင်းကို ခြေဖျက်နိုင်ပါတယ်
👉‌အစာအိမ်ရောဂါတွေသွေးဝမ်းသွားရောဂါတွေ ကုသနိုင်ပါတယ်
👉‌ကြို့ထိုးတဲ့ ရောဂါအတွက်ဆို သရွက်ရွက်ခြောက်ကိုမီးရှို့ပီး ရှူပေးရင်ပျောက်ကင်းပါတယ်
👉‌မီးလောင်ဒဏ်ရာတွေမှာ အသုံးပြုနိုင်ပါတယ်
👉‌နားကိုက်ရောဂါကုသနိုင်ပါတယ်
👉‌ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ်

🍃သုံးစွဲနည်းအသေးစိတ်ကို google မှာ mango leave benefit ဆိုပီး ရှာနိုင်ပါတယ် အလျင်းသင့်ရင် ဘာသာပြန်ပြီးဖော်ပြပေးပါအုန်းမယ်

Crd from

ကဲ မြန်မာပြည်ကိုယ်စားပြုပြီးသွား‌ေရာက်ယှဉ်ပြိုင်တဲ့Project Kအဖွဲ့ ဘယ်နေရာမှားလဲဘုရားပုံပေါ်နေအောင်သူတို့လုပ်ခိုင်းလား - ...
13/10/2020

ကဲ မြန်မာပြည်ကိုယ်စားပြုပြီးသွား‌ေရာက်ယှဉ်ပြိုင်တဲ့Project Kအဖွဲ့ ဘယ်နေရာမှားလဲ

ဘုရားပုံပေါ်နေအောင်သူတို့လုပ်ခိုင်းလား -
မဟုတ်ဘူး ၊အဲ့တာစီစဉ်တာသူတို့နဲ့ ဘာမှမဆိုင်ဘူး၊ပွဲစီစဉ်သူမီးလိုင်းနဲ့ဆိုင်တယ်၊တခုသူတို့ အားနည်းချက်က
ပွဲစီစဉ်သူနဲ့ Project Kရဲ့ မန်နေဂျာတို့နဲ့ မညှိဖြစ်ကြလို့ ဒီလိုဖြစ်သွားတာ။

ဒီလောက်ဘုရားပုံကြီးပေါ်နေတာမသိဘူးလား၊ကန်းနေလား???
တကယ်ပါ၊မမြင်ရတာပါဘာလို့ဆို စတိတ်စင်အကြီးကြီးဗျ။ စတိတ်သေးသေး‌ေလေးပေါ်မှာ စေတီ အသေးလေးတွေမှမဟုတ်တာ။ရွှေရောင်ထင်းပြီး စေတီပုံကြီးပေါ်နေတာနော်။အပေါ်ကကြည့်မှ၊အဝေးကကြည့်မှ သေချာမြင်ရတာပါ။

ကျနော်ကတော့
သူတို့အဖွဲ့မှားတယ်မှန်တယ်လို့မပြောဘူး
သူ့တို့ကိုယ်တိုင်လဲ ဟိုကိုရီးယားအဖွဲ့နဲ့ အချိတ်အဆက် အားနည်းတာလဲပါတယ်၊ မန်နေဂျာဆိုတဲ့သူတို့နောက်လိုက်တွေကရော မမြင်ကြဘူးလား၊မပြောကြဘူးလား။ ကိုရီးယားတွေကလဲ မြန်မာ့ အထင်ကရဘာသာရေးပုံထည့်မယ်ဆိုတာ ကြိုမပြောကြဘူးလား။ နောက်ဆုံးတော့ ဒီလိုတွေ ဖြစ်ခဲ့ပြီးမှတော့ ဆက်ပြီး အပြစ်မပြောပါနဲ့တော့၊ သူတို့လဲ တမင်လုပ်တာမဟုတ်၊ ဟိုကိုရီးယားပွဲစီစဉ်သူတွေကလဲ ဗုဒွဘာသာစစ်စစ်တွေမှမဟုတ်တာ၊သူတို့လဲ မှားမှာပေါ့ဗျ။

တခုပဲ့ အခုလို လမ်းပေါ်ထွက် ဆန့်ကျင်နေရင် ခင်ဗျားတို့၊ကျနော်တို့ ကိုဗစ် ကူးသွားရလိမ့်မယ်။ ကူးချင်ရင် ဆက်လုပ်။ အလုပ်မရှိအကိုင်မရှိ။

Ecommerce in China: Stats and Trends၂၀၂၀ ပြည့်နှစ်တွင်တရုတ်သည်ကမ္ဘာပေါ်တွင်အကြီးမားဆုံးလက်လီဈေးကွက်ဖြစ်လာပြီးအမေရိကန်ကို...
02/10/2020

Ecommerce in China: Stats and Trends

၂၀၂၀ ပြည့်နှစ်တွင်တရုတ်သည်ကမ္ဘာပေါ်တွင်အကြီးမားဆုံးလက်လီဈေးကွက်ဖြစ်လာပြီးအမေရိကန်ကိုကျော်တက်သွားသည်။ ၎င်းတွင်မြင့်မားသောဖွံ့ဖြိုးပြီးအီလက်ထရွန်နစ်စီးပွားရေးစျေးကွက်ရှိပြီးအွန်လိုင်းလက်လီရောင်းချမှုအားလုံး၏လေးပုံတစ်ပုံခန့်ရှိသည်။

10' × 60' အကျယ်ရှိတဲ့ နေရာအတွက် အိမ်ပုံစံ မိုက ်မိုက်လေး ကို ပြပေးလိုက်ပါတယ်နော်။တပုံချင်းမှာ စာလေးတွေပါပါတယ်ကိုဗစ်ပြီးရ...
02/10/2020

10' × 60' အကျယ်ရှိတဲ့ နေရာအတွက် အိမ်ပုံစံ မိုက ်မိုက်လေး ကို ပြပေးလိုက်ပါတယ်နော်။

တပုံချင်းမှာ စာလေးတွေပါပါတယ်

ကိုဗစ်ပြီးရင် ဆောက်ပြီးနေလို့ရအောင်💗

12/09/2020
ရန်ကုန်အထွက်ကိုတော့လုံးဝပိတ်လိုက်ပါပြီ။ရန်ကုန်နေသူတွေ ပြန်အဝင်ကိုတော့စီစစ်နေတယ်။ကုန်ကားတွေကိုတော့ထွက်ခွင့်ပေးထားသေးတယ်။V...
11/09/2020

ရန်ကုန်အထွက်ကိုတော့လုံးဝပိတ်လိုက်ပါပြီ။
ရန်ကုန်နေသူတွေ ပြန်အဝင်ကိုတော့စီစစ်နေတယ်။
ကုန်ကားတွေကိုတော့ထွက်ခွင့်ပေးထားသေးတယ်။


Via.Kyaw Swar Myint

အိမ်မှာနေပြီး ဝယ်စုထားလို့ရအောင်ပါ
10/09/2020

အိမ်မှာနေပြီး ဝယ်စုထားလို့ရအောင်ပါ

10/09/2020

ကိုဗစ် ဆေး အကြောင်း

ဒီရောဂါဟာကြောက်စရာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့ ပိုးတွေ့လူနာအသစ်တိုးတိုင်း လဲ မကြောက်ကြပါနဲ့၊ပျောက်ဖို့လွယ်တာမဟုတ်ဘူးဆိုတော့ ကိုယ့်ဖက်ကပဲ့ဆင်ခြင်ပြီး အတူတူနေထိုင်သွားကြရမှာပါ။ဒီရောဂါနဲ့ပဲ့။

အသေအပျောက် မများချင်ရင်တော့ ကိုယ်တိုက်ကျန်းမာအောင်နေပါ၊အသွားအလာဆင်ခြင်ပါ။
ဒါပါပဲ့။

ဆင်ခြင် မှတ်သားကြကိုယ့်ဘာသာ ဆုံးဖြတ်ကြတော့
28/08/2020

ဆင်ခြင် မှတ်သားကြ
ကိုယ့်ဘာသာ ဆုံးဖြတ်ကြတော့

ဒါဘယ်သူလို့ထင်လဲ??
18/08/2020

ဒါဘယ်သူလို့ထင်လဲ??

07/08/2020

ဖြူဖြူထွေး ရဲ့ နောက်ကွယ်ဘယ်သူရှိမလဲ🤔???

04/08/2020

မဲနိုင်ဖို့အရေး တဖက်လူချနင်းရေး ဒို့အရေးလုပ်နေကြပြီလား

ကိုယုန်လေး ရေ အနုပညာလုပ်ရင်creative thinkingလေးနဲ့လက်ရှိနိုင်ငံရေးထင်ဟပ်နေတဲ့ပုံရိပ်နဲ့ရိုက်သင့်တာပေါ့ အခုကဘယ်ကလာတဖက်ပိတ...
04/08/2020

ကိုယုန်လေး ရေ အနုပညာလုပ်ရင်creative thinkingလေးနဲ့လက်ရှိနိုင်ငံရေးထင်ဟပ်နေတဲ့ပုံရိပ်နဲ့ရိုက်သင့်တာပေါ့ အခုကဘယ်ကလာတဖက်ပိတ်တွေးပြီးချနေတာများကွာ၊တောအကြိုက်လုပ်နေတာလား၊ပေါ်ပင်ရပါမယ် ယုန်လေး၊ သူများနိုင်ငံတွေ ဒီလိုsenseတွေဇာတ်ကွက်တွေနဲ့ရိုက်တယ်ဆိုတာခေါင်းပေါင်းများစွာ၊တတ်သိပညာရှင်များစွာ၊ဘတ်ဂျက်အကုန်ခံပြီး အနုပညာကို အမှန်တိုင်းချပြတာကွ

အရှင်းဆုံးပြောမယ်
ငွေမနိုင်ရင်မရိုက်နဲ့ feelပျက်လို့၊ဒေါသပါထွက်တယ်
ခေါင်းတလုံးနှစ်လုံးအတွေးနဲ့တွေးပြီး ဒီလိုမျိုးတွေမရိုက်ပါနဲ့၊ တဂယ့်ပညာရှင်တွေ၊တဂယ့်နိုင်ငံရေးသမားတွေနဲ့တိုင်ပင်ပြီးလုပ်ကြပါ

ဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံတယ်တဲ့လားအပြင်မှာအဲ့လောက်လွယ်လား၊ယီးပဲ့ယုန်လေး

စစ်တပ်ကလာကယ်တာကျေးဇူးရှင်ကြနေတာပဲ့၊ဒီလိုကယ်တာကနိုင်ငံအတွက်ဆိုလုပ်ကိုလုပ်သင့်တာကွ၊ရေးကြီးခွင်ကျယ်ပြထတာဂပြည်တွင်းမှာ‌ေတာင်မညီညွှတ်စေချင်ဘူးလားကွ

သက်တော်စောင့်တွေကဘာလဲရိုက်ပြထားတာ

ပေါ်ပင်မှန်းသိသာပါတယ်၊လုံးဝခံစားလို့မရတဲ့Mvပါ၊ဘယ်လိုmessageယူရမယ်တောင်မသိရတဲ့MVပါပဲ့ ၊ယီးပါပဲ့

24/06/2020

ဂျင်းမရောင်းပါဘူး

မန္တလေးမြို့မှာ စည်ပင်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ၄နှစ်တာအတွင်း ယာဉ်စက်ယန္တရား အစီး ၃၉၀ ဝယ်ယူစုဆောင်းခဲ့တယ်လို့ ဒေါက်...
24/06/2020

မန္တလေးမြို့မှာ စည်ပင်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ၄နှစ်တာအတွင်း ယာဉ်စက်ယန္တရား အစီး ၃၉၀ ဝယ်ယူစုဆောင်းခဲ့တယ်လို့ ဒေါက်တာရဲလွင် ဖော်ပြ

မန္တလေးမြို့မှာ စည်ပင်သာယာရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ၄ နှစ်တာကာလအတွင်း သုံးဘီးအမှိုက်သိမ်းယာဉ် ၁၁၉ စီး အပါအဝင် ယာဉ်စက်ယန္တရား စုစုပေါင်း ၃၉၀ ဝယ်ယူပြီးဖြစ်လို့ စည်ပင်အလုပ်တွေ အရှိန်အဟုန်နဲ့ ဆက်လုပ်ဖို့ အင်အားတောင့်တင်းနေပြီလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ စွန့်ပစ်အမှိုက် သိမ်းဆည်းပေးနိုင်မှု လွှမ်းခြုံနိုင်တဲ့ ဧရိယာပိုမိုတိုးတက်ကောင်းမွန်စေဖို့ လမ်းကြား လမ်းသွယ်တွေအထိ ဝင်ရောက်နိုင်တဲ့ သုံးဘီးဆိုင်ကယ် အစီး ၂၀၀ ခန့်နဲ့ သိမ်းဆည်းပေးနေတယ်လို့ ရေးသားထားပါတယ်။ ပုံမှန်အရွယ်အစား မိလ္လာယာဉ်တွေ ဝင်ရောက်လို့မရတဲ့ ဝင်းကြားလမ်းတွေ၊ လမ်းကျဉ်းတွေထဲက အိမ်တွေအတွက် ဂါလံ ၅၀၀ဆန့် မိလ္လာယာဉ် ၆ စီးနဲ့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အရင်တုန်းက စည်ပင်သာယာလုပ်ငန်းတွေဖြစ်တဲ့ လမ်းဖောက်လုပ်တာ၊ precast မြောင်းတွေ တည်ဆောက်တာ၊ လမ်းမီးတိုင်အသစ်တွေ စိုက်ထူတာ၊ ရေပေးဝေရေးအတွက် ပိုက်အသစ်တွေ ချထားတာ၊ ပိုက်ဟောင်းတွေ ပြုပြင်တာ စတဲ့လုပ်ငန်းတွေအတွက် ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ငန်းအပ်ခဲ့ရပေမဲ့ ၂၀၁၇ ကစပြီး စည်ပင်ဌာနတွေက ကိုယ်တိုင်လုပ်နိုင်ဖို့အတွက် ၂ဝ၁၆-၁၇ ဘတ်ဂျက်နှစ်ကစပြီး ယာဉ်စက်ယန္တရားတွေကို နှစ်စဉ် စုဆောင်းခဲ့တာလို့ ရေးသားထားပါတယ်။ မန္တလေးမြို့ စနစ်တကျဖွံဖြိုးတိုးတက်ရေးအတွက် စည်ပင်က အမြဲအားထုတ်ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။ .............
Zawgyi

မန္တလေးမြို့မှာ စည်ပင်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ၄နှစ်တာအတွင်း ယာဉ်စက်ယန္တရား အစီး ၃၉၀ ဝယ်ယူစုဆောင်းခဲ့တယ်လို့ ဒေါက်တာရဲလွင် ဖော်ပြ

မန္တလေးမြို့မှာ စည်ပင်သာယာရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ၄ နှစ်တာကာလအတွင်း သုံးဘီးအမှိုက်သိမ်းယာဉ် ၁၁၉ စီး အပါအဝင် ယာဉ်စက်ယန္တရား စုစုပေါင်း ၃၉၀ ဝယ်ယူပြီးဖြစ်လို့ စည်ပင်အလုပ်တွေ အရှိန်အဟုန်နဲ့ ဆက်လုပ်ဖို့ အင်အားတောင့်တင်းနေပြီလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ စွန့်ပစ်အမှိုက် သိမ်းဆည်းပေးနိုင်မှု လွှမ်းခြုံနိုင်တဲ့ ဧရိယာပိုမိုတိုးတက်ကောင်းမွန်စေဖို့ လမ်းကြား လမ်းသွယ်တွေအထိ ဝင်ရောက်နိုင်တဲ့ သုံးဘီးဆိုင်ကယ် အစီး ၂၀၀ ခန့်နဲ့ သိမ်းဆည်းပေးနေတယ်လို့ ရေးသားထားပါတယ်။ ပုံမှန်အရွယ်အစား မိလ္လာယာဉ်တွေ ဝင်ရောက်လို့မရတဲ့ ဝင်းကြားလမ်းတွေ၊ လမ်းကျဉ်းတွေထဲက အိမ်တွေအတွက် ဂါလံ ၅၀၀ဆန့် မိလ္လာယာဉ် ၆ စီးနဲ့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အရင်တုန်းက စည်ပင်သာယာလုပ်ငန်းတွေဖြစ်တဲ့ လမ်းဖောက်လုပ်တာ၊ precast မြောင်းတွေ တည်ဆောက်တာ၊ လမ်းမီးတိုင်အသစ်တွေ စိုက်ထူတာ၊ ရေပေးဝေရေးအတွက် ပိုက်အသစ်တွေ ချထားတာ၊ ပိုက်ဟောင်းတွေ ပြုပြင်တာ စတဲ့လုပ်ငန်းတွေအတွက် ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ငန်းအပ်ခဲ့ရပေမဲ့ ၂၀၁၇ ကစပြီး စည်ပင်ဌာနတွေက ကိုယ်တိုင်လုပ်နိုင်ဖို့အတွက် ၂ဝ၁၆-၁၇ ဘတ်ဂျက်နှစ်ကစပြီး ယာဉ်စက်ယန္တရားတွေကို နှစ်စဉ် စုဆောင်းခဲ့တာလို့ ရေးသားထားပါတယ်။ မန္တလေးမြို့ စနစ်တကျဖွံဖြိုးတိုးတက်ရေးအတွက် စည်ပင်က အမြဲအားထုတ်ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

Ref: Ye Lwin

မုဒိတာအိမ်ရာဝန်းအတွင်းရှိ နိုင်ငံခြားသားများနေထိုင်သည့် တိုက်ခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ပြီး...
24/06/2020

မုဒိတာအိမ်ရာဝန်းအတွင်းရှိ နိုင်ငံခြားသားများနေထိုင်သည့် တိုက်ခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမရှိဘဲ နေထိုင်သူများကို ဖမ်းဆီး
==================================

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်မှသာ တက္ကသိုလ်စာမေးပွဲများကို ပြန်လည်စတင်မည်••••••••••••••••••••••••••••••••••စာမေးပွဲ...
11/05/2020

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်မှသာ
တက္ကသိုလ်စာမေးပွဲများကို ပြန်လည်စတင်မည်
••••••••••••••••••••••••••••••••••
စာမေးပွဲဖြေဆိုနေစဉ် ရပ်ဆိုင်းခဲ့ရသည့်
တက္ကသိုလ်အသီးသီး၏ စာမေးပွဲများကို ကိုရိုနာဗိုင်းရပ်စ်
ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ပြီးမှသာ ပြန်လည်စတင်ရန် ကျောင်းများကို အသိပေးသွားမည်ဖြစ်ကြောင်း
အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခံရသည့်အတွက် မတ်လ ၁၈ ရက်နေ့မှ စတင်ကာ
ဖြေဆိုနေဆဲဖြစ်သည့် တက္ကသိုလ်စာမေးပွဲများကို
ရပ်ဆိုင်းခဲ့ပြီး ယခုအချိန်အထိ စာမေးပွဲများပြန်လည်ကျင်းပနိုင်ခြင်းမရှိသေးဘဲဖြစ်နေရာ ၎င်းစာမေးပွဲများကို
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှသာ ပြန်လည်စတင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အခုက ဘာမှ မလုပ်နိုင်သေးဘူးလေ။စာမေးပွဲတွေလည်း ဒါကို ထိန်းချုပ်နိုင်မှ စီစဉ်စရာရှိတာတွေ စီစဉ်ပြီး ကျောင်းသားကျောင်းသူတွေကို အသိပေးပြီး ပြန်ကျင်းပရမှာ”ဟု ဒေါက်တာသိန်းဝင်းကဆိုသည်။

ယင်းကဲ့သို့ စာမေးပွဲဆိုင်ရာ ကိစ္စများရပ်ဆိုင်းထားသလို ပညာသင်နှစ်ဝက် ကျောင်းဖွင့်ရက်များကိုလည်း
ကြေညာနိုင်ခြင်းမရှိသေးဘဲ
🛑🛑🛑🛑
အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းများ၊ စာစဉ်တင်သွင်းခြင်းများ၊ ထုတ်ယူခြင်းများကို
မတ်လ ၂၄ ရက်နေ့မှစတင် ရပ်ဆိုင်းထားဆဲဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင် ခန့်ထားမည့်
နည်းပြ၊ သရုပ်ပြလေ့ကျင့်ရေးသင်တန်းများကို
အွန်လိုင်းမှ ပို့ချပေးနေသကဲ့သို့
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘာသာရပ်မွန်းမံသင်တန်းများကိုလည်း
အွန်လိုင်းမှ ပို့ချမှုများပေးနေကြောင်း
အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်စာမေးပွဲများ ပြန်လည်ကျင်းပရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်မှာ မှန်ကန်မှုမရှိဘဲ လက်ရှိအချိန်အထိလည်း ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိသေးကြောင်း ဒေါက်တာသိန်းဝင်းက ထပ်လောင်းပြောကြားသည်။

The Voice Daily သတင်းစာ မှ ထုတ်နုတ်ကူးယူဖော်ပြအပ်ပါသည် မည်သို့ပင်ဖြစ်ပါစေ အများသိစေရန်ဖော်ပြရသောကြောင့် Comment တွင် ကြမ်းတမ်းစွာဆဲဆိုခြင်းမပြုပါနဲ့ အပြုသဘောဖြင့်တင်ပြတာပါ ။

Admin

သိက္ခာရှိအောင်နေမေတ္တာရှိတဲ့သူတွေ မင်းဘဝထဲရောက်လာလိမ့်မယ်။တန်ဖိုးရှိအောင်နေ ၊ တန်ဖိုးမသိတဲ့သူတွေသူဘာသာ ထွက်သွားလိမ့်မယ်။...
06/05/2020

သိက္ခာရှိအောင်နေ

မေတ္တာရှိတဲ့သူတွေ
မင်းဘဝထဲရောက်လာလိမ့်မယ်။

တန်ဖိုးရှိအောင်နေ ၊

တန်ဖိုးမသိတဲ့သူတွေ
သူဘာသာ ထွက်သွားလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်

ရိုးသားခြင်းထက်ပိုပြီး
ချစ်မြတ်နိုးဖို့ကောင်းတဲ့အရာမရှိဘူး။

လောကသဘောက ရှင်းရှင်းလေး

ကိုယ်လုပ်တဲ့ ကောင်းကံ ဆိုးကံ
နောက်ဆုံး ကိုယ်ပြန်ခံရတာပဲ~။

#အရှင်ဇဝန(ရွှေလင်းယုန်)

မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတျတောသာထားလိုကပြါ

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။

သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန်ဖိုးထားမှုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ်ပါယျရှိအောငျ
လုပ်ပေးတဲ့သူတွေမို့ပါ။

ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပျ အလုပျဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

to Original Writer

ကဲ ပရိတ်သတ်တွေအချစ်ထပ်ပြီးပိုနေရပါပြီနော်။👏👏👏👏     ချစ်လှစွာသောဘကြီး စိုင်းစိုင်းခမ်းလှိုင် က မကြာသေးခင်ကမှထွက်ရှိထားတဲ့...
27/04/2020

ကဲ
ပရိတ်သတ်တွေအချစ်ထပ်ပြီးပိုနေရပါပြီနော်။👏👏👏👏
ချစ်လှစွာသောဘကြီး စိုင်းစိုင်းခမ်းလှိုင် က မကြာသေးခင်ကမှထွက်ရှိထားတဲ့ကမ္ဘာမြေသီချင်းကို အခမဲ့လည်းဖြန့်ဝေပေးခဲ့တာဝင်ငွေမရရှိခဲ့ပေမဲ့၊ နောက်ထပ်phone raintone တို့ကနေရရှိလာတဲ့ဝင်ဝင်ငွေအားလုံးကိုလည်းတပြားတချပ်မှမယူဘဲ အားလုံးကိုလျှုဒါန်းသွားမည်ဖြစ်ကြောင်းသူရဲ့Facebook စာမျက်နှာကတဆင့်အကြောင်းကြားသွားပါတယ်။

လေးစားစွာဖြင့်

Address


Website

Alerts

Be the first to know and let us send you an email when Cele Yellow Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share