22/01/2023
**ဆိုင်ကယ်စက်သံမမှန်ခြင်း**
စက်ထစ်ခြင်း/စနိုးမရခြင်း
စက်သံဘာကြောင့်မမှန်တာလဲ??
စက်သံမမှန်တာက အကုန်လုံးနဲ့သက်ဆိုင်ပါတယ်
WELCOME to youtube
ယူကျူ့မှာလာလည်ဖို့ဖိတ်ခေါ်ပါတယ်
Videoအသစ့်တင်တိုင်းလေ့လာနိုင်ဖို့
subscribeလေးနိုပ်ပေးပါ။
👇👇👇👇👇👇https://youtube.com/channel/UCr1Q_2jzlMySXce2cE0Nniw
၁။ဓာတ်ဆီလိုင်း
၂။ကွိုင်မီးလိုင်း
၃။အင်္ဂျင်လိုင်း
၁။ဓာတ်ဆီလိုင်း
-ဓါတ်ဆီထဲရေမပါအောင်စစ်ရမယ်
ရေရောနေရင် စက်သံခုန်မယ် စက်ရပ်တာတွေဖြစ်မယ်
-ဓာတ်ဆီသန့်ရမယ်
-ဆီစစ်တွေမပိတ်အောင် ဆီပိုက်တွေ ဆီကော့တွေ ဆီထွက်ကောင်းအောင်စစ်ရမယ်
*ကာပရိုက်တာလိုင်း*
-အရင်ဆုံး ကာပရိုက်တာဆီကန်ထဲမှာဆီပမာဏ မှန်မမှန်စစ်ရမယ် မမှန်ခဲ့ရင် ဖလုတ်ဘောနဲ့ဒုံးကျည်ကိုချိန်ရမယ်
-ကာပရိုက်တာက ဖြုတ်လိုက်တဲ့ဂျက်တွေနဲ့ကာပရိုက်တာအတွင်းလိုင်း အပေါက်တွေအကုန်ပွင့်မပွင့် စစ်ရမယ်
-ကာပရိုက်တာဖလန်းပြားတွေ
လေလုံအောင်တပ်ရမယ် ကွဲလို့မရပါ အဝိုင်စီးတွေလဲစစ်ရမယ် နောက်တစ်ချက်ကလေစစ်ဖော့ပါ
လေစစ်ဖော့ပိတ်နေရင် လိုအပ်တဲ့လေပမာဏကိုမဆွဲနိုင်ရင် ဓာတ်ဆီစားတာ စက်သံမမှန်တာ လီဗာ မပါတာတွေဖြစ်တတ်ပါတယ်
စနိုးချိန်တဲ့အခါမှာလဲ လေဂျက်(လေနဲ့ဆီမျှပေးတဲ့နတ်)ကိုသေချာချိန်ပါ အကုန်ပိတ်ထားတာ အရမ်းလျော့ထားတာမျိုးလုပ်လို့မရပါဘူး
-အပ်ပင် အပ်ဘွတ်တွေကို သေချာစစ်ပါ အပ်ကောက်နေတာမျိုး ကလစ်ပြုတ်နေတာမျိုးတွေဆို စက်သံမမှန်ပါဘူး မကောင်းရင်ဆီစားပါတယ်
ဆီချုပ်ဆွဲမိတာမျိုးတွေသတိထားပါ
ကာပရိုက်တာမကောင်းရင်လည်း စနိုးချက်မရပါဘူး
၂။ကွိုင်မီးလိုင်း
----အရင်ဆုံးစပြီးစစ်ရမှာက မိန်းကွိုင်ပါ
Lightကွိုင်တွေဆို ကြိုးတွေပြတ်မပြတ် ဖရိန်နဲ့ရှော့ဖြစ် မဖြစ် စစ်ရမယ်
စတပ်ကွိုင်ဆိုရင် အားနည်းတတ်တယ်
အားနည်းရင် စက်ခုန်တာ စတက်မရတာတွေဖြစ်မယ်
နောက်တစ်ခုက ပါဆာကွိုင်ပါ ကွိုင်တွေကွဲနေလား မကွဲလားစစ်ကြည့်ပါကွဲနေတတ်တယ်
ပါဆာလည်း ကျွမ်းတာမျိုးတွေရှိပါတယ်
---နောက်တစ်ခုက Cdiပါ
Cdi ကြောင်တာမျိုးတွေလည်းအများကြီးတွေ့ဖူးပါတယ် ၅စcdiဆိုရင်တော့ စတက်ကွိုင်ကအရေးကြီးတယ် ဝါယာလိုင်းတွေကတော့စစ်ရမှာပေါ့ အက်ကြိုးတွေ စစ်ရမယ် cdiအားနည်းရင် နိုးပေမယ့် စက်မမှန်ပါဘူး
၎စCdiမှာဆိုရင် နံပါတ်၁ ဘက်ထရီအားရှိရမယ် ဒါမှမဟုတ်ရင် ဒိုင်အုပ်တွေကောင်းနေရမယ် အပေါင်းကြိုးတွေ ဖရိန်နဲ့ရှော့ဖြစ်လို့မရဘူး cdiအားနည်းရင် စက်နိုးပေမယ့်စက်ခုန်ပါတယ်
cdiကြောင်တာတွေ ခဏ ခဏတွေ့ရပါတယ် တချို့ဆို လှုပ်လိုက်ရင်စက်ရပ်သွားတာမျိုး
----ပလပ်ကွိုင်ကိုလဲစစ်ရမယ် ပလပ်ကွိုင်မကောင်းရင်လဲ စက်ခုန်တယ် လီဗာဆွဲရင် မပါဘူး
--ပလပ်ကလဲ အရေးကြီးပါတယ်
ပလပ်ကမီးထွက်တိုင်းမကောင်းပါဘူး
မီးဖြတ်နေတာမျိုးတွေ အရမ်းဖြူနေတာတွေဆိုရင် စက်သံမမှန်ပါဘူး တစ်ခါတစ်လေ အိပ်ဇောက ထပေါက်တတ်ပါတယ်
--နောက်ဆုံးတစ်ခုက ရေဝင်တာပါ
ဝါယာဆော့ကတ်တွေထဲကိုရေဝင်တဲ့အခါ အစိုဓာတ်ကြောင့်တန်းရှော့ဖြစ်ပြီး စက်သံကခုန်နေတတ်ပါတယ် သေချာခြောက်အောင်ပြန်လုပ်ပါ
တရုတ်ဘီးတွေဆို ကွိုင်ခြမ်းကိုရေဝင်တတ်ပါတယ်
စစ်ပြီးဝင်နေရင်ဖြုတ်ပြီးနေလှန်းပါ
၃။အင်္ဂျင်လိုင်း
-ဘားနင်ခြင်း
(စနိုးမရပါ)
-ဘားတွင်းနက်နေခြင်း
ဂိုက်+ဘား လူးနေခြင်း
-တိုင်ပင်မမှန်ခြင်း
(အင်္ဂျင်အပူလွန်မယ် လီဗာဆွဲသလောက်မပါတာတွေဖြစ်မယ် အရမ်းဆိုးရင် ဘားကောက်မယ်)
-ကမ်းမရှပ်မှကင်းဘုတွေ
စားနေခြင်း
-ပစ္စတင်ဝရိမ်းကျခြင်း
(စက်ဝပ်မယ် နှိုးရခက်မယ် စနိုးမရတာတွေဖြစ်မယ် ပလပ်ခဏ ခဏလဲရမယ်)
-ကရိုင်းချောင်လွန်းခြင်း
-သံလိုက်တုံးမမှန်ခြင်း
ကွိုင်မမှန်ခြင်း
-မိန်းဂတ်စကပ်ပေါက်နေခြင်း
#အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ
အနန္တော၊ အနန္တငါးပါးအား
ဦးထိပ်ထား၍
သင်ဆရာမြင်ဆရာအပေါင်းနှင့်
ထမင်းရှင် ဟင်းရှင်များအား
ရိုသေလေးစားလျှက်ပါ........
မူရင်းဆရာများလေးစားလျှက်