Military Reviewer

  • Home
  • Military Reviewer

Military Reviewer We reviewed about International Military Weapons and write Military Articles with Burmese Language.
(44)

တရုတ်နိုင်ငံ Liaoning ပြည်နယ် ရှိ Dalian မြို့၏ ဆိပ်ကမ်း၌ တရုတ်ရေတပ်မှ စစ်သင်္ဘောအသစ်တစ်စီးရေချထားသည့်ပုံ(၂)ပုံကို တရုတ်...
23/11/2023

တရုတ်နိုင်ငံ Liaoning ပြည်နယ် ရှိ Dalian မြို့၏ ဆိပ်ကမ်း၌ တရုတ်ရေတပ်မှ စစ်သင်္ဘောအသစ်တစ်စီးရေချထားသည့်ပုံ(၂)ပုံကို တရုတ်စစ်ဘက်လေ့လာသူများမှ social media များ၌ ယမန်နေ့ (၂၂.၁၁.၂၃) မှာတင်လာခဲ့ပါတယ်။

ထိုဓာတ်ပုံနှစ်ပုံဟာ စစ်လက်နက်လေ့လာသူများကိုဖမ်းစားနိုင်ခဲ့ပါတယ်။ ၎င်းစစ်သင်္ဘောအသစ်ကို Maintenance ပြုလုပ်နေသည့် Type 054A အတန်းစား ဖရီးဂိတ်တစ်စီး၏ နံဘေးတွင် ကပ်လျက်ရပ်ထားပါတယ်။ ထို Dalian သင်္ဘောကျင်းဟာ တရုတ်ရေတပ်၏ စစ်သင်္ဘောများကို Maintenance အဓိကပြုလုပ်ပေးသည့်နေရာလည်းဖြစ်ပါတယ်။

ယခုနှစ် ဩဂုတ်လကတည်းက ရေငုပ် သင်္ဘောကျွမ်းကျင်သူလည်းဖြစ် တရုတ်ရေတပ်ကိုအထူးစောင့်ကြည့်နေသူလည်းဖြစ်သည့် Tom Shugart ဟာ တရုတ်ရေတပ်၌ ရေယာဉ်အတန်းစားအသစ်တစ်ခု တည်ဆောက်နေကြောင်း ဂြိုဟ်တုဓာတ်ပုံမှတစ်ဆင့်ထောက်ပြခဲ့ပါတယ်။ ထိုစဉ်ကတည်းက ၎င်းရေယာဉ်ဘေး၌ ဒုတိယတစ်စီးအတွက် လျာထားသည်ကိုတွေ့ခဲ့ရတာကြောင့် ထိုရေယာဉ်အမျိုးအစားဟာ တစ်စီးတည်းမဟုတ်လောက်တာသေချာနေခဲ့ပါတယ်။

ရေယာဉ်အသစ်၏ ဒီဇိုင်းဟာ ဆွီဒင်ရေတပ်သုံး
Visby အတန်းစား ကော်ဗက်၏ ပုံစံကိုနမူနာယူထားတာဖြစ်ပါတယ်။ အဘယ်ကြောင့် ယခုလိုပြောရသလဲဆိုလျှင် ရေယာဉ်၏ ပင်မအမြှောက်၊ ပဲ့စင်နှင့် ကိုယ်ထည်ဟာ Visby နှင့်အတော်လေးဆင်နေတာကြောင့်ဖြစ်ပါတယ်။

ပထမဆုံး ထိုအကြောင်းကို စာရေးသူဟာ ၂၀၂၁ မှာစပြီးသတိထားမိခဲ့ပါတယ်။ ထိုအချိန်က အပေါ်တွင်‌ ပြောခဲ့သည့် ဆွီဒင်ရေတပ်သုံး Bofors Mk3 ကိုယ်ပျောက်အမြှောက်ဟာ ခေတ်ထနေချိန်တွင် တရုတ်ကနေ URWS ဟူ၍ ‌ဒီဇိုင်း မှီငြမ်းထားသည့် ကိုယ်ပျောက် ရေတပ်အမြှောက်အသစ်ကို ချပြခဲ့ပါတယ်။ ထိုအချိန်က စာရေးသူ၏စိတ်ထဲတွင် တရုတ်ဟာ သူများလုပ်တိုင်း အပိုလိုက်လုပ်တယ်လို့ထင်ခဲ့သော်ညားလည်း ယနေ့မြင်ရသည့် စစ်ရေယာဉ်အသစ်၌ တကယ်ကြီးထုတ်သုံးပြလာခဲ့တာကိုမြင်ခဲ့ရသဖြင့် အံ့ဩခဲ့ရပါတယ်။

Type 054A နှင့် ယှဉ်ရပ်ထားချိန်၌ စာရေးသူသတိထားမိသည်မှာ တန် ၂၀၀၀ ရှိသည်ဟု သိရ‌သောထိုစစ်ရေယာဉ်အသစ်ဟာ ကော်ဗက်ဖြစ်နေကြောင်းကိုဖြစ်ပါတယ်။ ယခင်က တရုတ်ရေတပ်၌ Type 056 အတန်းစား ကော်ဗက်စစ်ရေယာဉ်ငယ် (၇၂)စီးတည်ဆောက်ခဲ့ပြီး ယခုအချိန်၌ ၎င်းတို့တည်ဆောက်မှုကိုရပ်နားလိုက်တာဟာ ယခုလို ကော်ဗက်အသစ်ကို အာရုံပြောင်းလိုက်တာကြောင့်ဖြစ်ပါတယ်။

Type 056 နှင့်ယှဉ်လျှင် သိသိသာသာတိုးတက်လာတာကြီးက ၎င်း၏ ကိုယ်ပျောက်ကိုယ်ထည်အသစ်ဖြစ်ပါတယ်။ ယခင်လို ပင်မပဲ့စင်ကိုမပြောင်းဘဲ ရေယာဉ်ကိုယ်ထည်ကိုသာ ကိုယ်ပျောက်မလုပ်တော့ဘဲ ပဲ့စင်ရော ရေဒါတိုင်တစ်ခုလုံးကိုပါ ကိုယ်ပျောက်ဒီဇိုင်းလုပ်လိုက်တာဖြစ်ပါတယ်။ Funnel ကိုပါ ‌အပျောက်ဒီဇိုင်းဖြင့် ဖန်တီးထားတာကိုလည်း မြင်ရပါတယ်။ ထိုကြောင့်ရန်သူအနေဖြင့် ကော်ဗက်အသစ်ကို ထောက်လှမ်းရတာခက်ခဲမည်ဖြစ်ပါတယ်။

နောက်ထပ်ပြောင်းလဲလာသည့်အချက်မှာ လက်နက်စနစ်ပါ။

အပေါ်မှာပြောခဲ့သည့်အတိုင်း ပင်မအမြှောက်ကို ကိုယ်ပျောက်ဒီဇိုင်းသုံးပုံစံတပ်ဆင်လာသလို နေရာအခက်အခဲကြောင့် Type 056 ၌ မထည့်နိုင်ခဲ့သည့် ဒေါင်လိုက်ဒုံးပစ်စင် (VLS) ကို ယခုကော်ဗက်အသစ်၌ တပ်လာနိုင်ခဲ့ပါတယ်။ တကယ်ထည့်ချိန်၌ VLS ပြွန်ဟာ (၈)ခုဟုတ်မနေတော့ဘဲ (၁၆)ခုအထိ တပ်ဆင်နိုင်ခြင်းဟာ တကယ်ကိုကောင်းသည့်လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ခန့်မှန်းကြည့်ရသလောက် HHQ-16 လို ရေပြင်ကနေ ဝေဟင်ပစ် တာလတ်ဒုံးများကို VLS (၈)ခု၌ တပ်ဆင်မှာဖြစ်ပြီး ကျန် (၈)ခုကို ရန်သူ့ရေယာဉ်များကိုဖျက်နိုင်ရန်အတွက် ရေယာဉ်ဖျက်ဒုံးများတပ်ဆင်လာနိုင်ပါတယ်။ Type 056 လိုကော်ဗက်ငယ်ကတည်းက YJ-83 အမျိုးအစား သင်္ဘောဖျက်ဒုံး (၄)စင်းကို သေချာစွာ နေရာပေးတပ်ဆင်ခဲ့သဖြင့် ယခုလိုကော်ဗက်အသစ်၌လည်း Anti-Ship Role ကို တရုတ်က လက်လွှတ်ပေးမည့်ပုံမရှိသလောက်ဖြစ်နေခဲ့ပါတယ်။

ရေယာဉ်အနောက်ဘက်၌ HHQ-10 အမျိုးအစား တာတိုရေပြင်မှ ဝေဟင်ပစ်ဒုံးပစ်စင်ကိုထပ်မံတပ်ဆင်လာခြင်းဟာလည်း မိမိကမ်းရိုးတန်းရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်ကိုကာကွယ်ရာ၌ အထောက်အကူပြုနိုင်မှာဖြစ်သလို ဖြစ်နိုင်လျှင် လေယာဉ်တင်သင်္ဘောရေယာဉ်စုကြီးကိုပါ ကာပေးနိုင်သည့်အနေအထားကိုရောက်ရှိစေမှာဖြစ်ပါတယ်။

နောက်ထပ်တိုးတက်လာသည့်အချက်မှာ ယခင် Type 056 ၌ Funnel နှင့် YJ-83 သင်္ဘောဖျက်ဒုံးပစ်စင် (၄)ခု ပါသည့်အတွက် နေရာအခက်အခဲကြောင့် မထည့်သွင်းနိုင်ခဲ့သော Hangar ကို ထည့်ပေးလာနိုင်သည့်အချက်ဖြစ်ပါတယ်။ ဒါဟာ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး (SAR) နှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး (ASW) ကိုပါ တင်ဆောင်သည့် ရေတပ်သုံးရဟတ်ယာဉ်မှတစ်ဆင့် ကော်ဗက်တစ်စီးအနေဖြင့် လုပ်ဆောင်လာနိုင်သည့်အချက်ကိုပြသနေတာဖြစ်ပါတယ်။

လက်ရှ်ိ၌ ထိုကော်ဗက်ရေယာဉ်အသစ်ကို တရုတ်ရေတပ်ဟာ မကြာမီ၌ ပင်လယ်ပြင်စမ်းသပ်မှုစတင်ပြုလုပ်တော့မှာဖြစ်ပြီး အောင်မြင်သွားခဲ့ပါက ဤ အသစ်သစ်သော ကော်ဗက်များစွာကို မကြာမီအချိန်အတွင်း စာဖတ်သူတို့၏ မျက်မှောက်၌ ဘဲအုပ်လိုက်ရေထဲတန်းစီထွက်လာသလို သင်္ဘောကျင်းပေါ်ကနေ အုပ်လိုက်ကြီးဆင်းလာနိုင်ပါကြောင်း တင်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။





ပါကစ္စတန်ဟာ ၎င်းလေတပ်၏ J-7PG တိုက်လေယာဉ်များ၏ နေရာတွင် အစားထိုးရန်အတွက် တရုတ်ထံမှ L-15 အမျိုးအစား အမောင်းသင်အပေါ့စားဂျက်...
22/11/2023

ပါကစ္စတန်ဟာ ၎င်းလေတပ်၏ J-7PG တိုက်လေယာဉ်များ၏ နေရာတွင် အစားထိုးရန်အတွက် တရုတ်ထံမှ L-15 အမျိုးအစား အမောင်းသင်အပေါ့စားဂျက်တိုက်လေယာဉ်များကို ဝယ်ယူသွားရန် ဆွေးနွေးနေပြီဖြစ်ပါတယ်။

လက်ရှိ ပါကစ္စတန်လေတပ်၌ F-7PG တိုက်လေယာဉ် (53)စီး တာဝန်ထမ်းဆောင်နေပြီး သက်တမ်းအားဖြင့် ၃၃ နှစ်ကျော်လာပြီဖြစ်တာကြောင့် အစားထိုးဖို့ ပါကစ်လေတပ်ကစဉ်းစားလာတာဖြစ်ပါတယ်။

J-7PG ဟာ ကြားဖြတ်တိုက်လေယာဉ်ဖြစ်‌တာကြောင့် ကြားဖြတ်တိုက်လေယာဉ်အသစ်များဖြင့်အစားထိုးရမည်ဟု စာဖတ်သူတို့တွေးဆမိမယ်ဆိုတာကိုသတိထားမိပါတယ်။ အမှန်တကယ် ပါကစ်လေတပ်၌ JF-17 ကြားဖြတ်တိုက်လေယာဉ် အစီး (၁၅၀)ကျော် ရှိနေတာကြောင့် မြေပြင်ပစ်ကူပေးရေး အပေါ့စားဂျက်တိုက်လေယာဉ်များကိုအလိုရှိနေပုံရပါတယ်။

ထိုကြောင့် ပါကစ်လေတပ်ဟာ L-15 အမျိုးအစားကိုရွေးချယ်ခဲ့ပြီး တရုတ်နှင့် ဆွေးနွေးနေပြီဖြစ်ပါတယ်။
ယခုနှစ်ဟာ L-15 အတွက် ကံကောင်းသည့်နှစ်ဟုဆိုနိုင်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) လေတပ်မှလည်း ၄၈ စီးအထိဝယ်ယူရန်အတွက် လျာထားအစီအစဉ်များ ချထားလျက်ရှိပါတယ်။

L-15 တိုက်လေယာဉ်ဟာ စာဖတ်သူတို့နှင့်အနည်းငယ်စိမ်းနေမှာဖြစ်ပါတယ်။ L-15 ကိုကြည့်၍ စာဖတ်သူတို့သေချာပြောနိုင်တာက Yak-130 နှင့်သွားတူနေကြောင်း‌ဖြစ်မယ်ဆိုတာ ‌စာရေးသူရိပ်စားမိပါတယ်။ အမှန်တကယ်လည်း L-15 တိုက်လေယာဉ်ကို ၂၀၀၀ ခုနှစ် နောက်ပိုင်း၌ စတင်ဒီဇိုင်းဆွဲစဉ်က မိခင်ကုမ္ပဏီ CAIC ဟာ Yak-130 တိုက်လေယာဉ်ကို ဒီဇိုင်းဆွဲခဲ့သည့် Yakovlev ကုမ္ပဏီမှ ဒီဇိုင်နာ တစ်ဦးကို L-15 စီမံကိန်း၌ အကြံပေးပုဂ္ဂိုလ်အဖြစ် စာချုပ်ချုပ်ကာ ခေါ်ယူခဲ့ပါတယ်။

ထိုကြောင့် L-15 ဟာ Yak-130 ၏ တရုတ်ဗားရှင်းအဖြစ် ၂၀၁၀ မှာစပြီးမြင်လာခဲ့ရကာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့၌ ပထမဆုံး စတင်ပျံသန်းနိုင်ခဲ့ပါတယ်။

L-15 နှင့် Yak-130 တို့ဟာ အရွယ်အစားအရ မတိမ်းမယိမ်းဖြစ်ပြီး ပုံသဏ္ဌာန်အရလည်းအတော်လေးဆင်တူမှုရှိပါတယ်။ အနည်းငယ်ကွဲလွဲတာကတော့ အရှေ့ဘက် radar ထားရာ Nose လေး၌ မသိမသာပိုရှည်ပြီး အနောက်ဘက်အင်ဂျင်၌ nozzle ပိုကြီးတာကိုတွေ့ရပါတယ်။

ထိုင်ခုံ နှစ်လုံးတပ် အပေါ့စား L-15 တိုက်လေယာဉ်၌ Yak-130 ၏ အင်ဂျင်ဖြစ်သည့် Ivchenko-Progress ထုတ် AI-222K-25F တာဘိုဖန်အင်ဂျင်နှစ်လုံးကိုပင်ပြန်လည်အသုံးပြုထားပြီး အသံထက် 1.4ဆအမြန်နှုန်း (၁၇၁၅ km) ဖြင့် ပျံသန်းနိုင်ပြီး စစ်ဆင်နိုင်မှု Combat Radius မှာ 555km ကျော်ရှိပါတယ်။

L-15 တိုက်လေယာဉ်၌ လက်နက်တပ်ဆင်နိုင်သည့်အမာခံနေရာ (၉)ခုအထိပါရှိပါတယ်။ ၎င်းတို့မှာ

(1) ဘယ်တောင်ပံဖျားနှင့် ညာတောင်ပံဖျား၌ (၂)နေရာ၊

(2) တောင်ပံနှစ်ဖက်စလုံး၏အောက်၌ (၆)နေရာ နှင့်

(3) ဝမ်းဗိုက်ကိုယ်ထည်အောက်၌ (၁)နေရာ စသည်တို့ဖြစ်ပါတယ်။

တောင်ပံနှစ်ဖက်၏ အဖျား၌

1. အကွာအဝေး (၁၈)km အထိရောက်ရှိနိုင်သော PL-5E2 တာတိုဝေဟင်မှ ဝေဟင်ပစ်ဒုံးများနှင့်

2. အကွာအဝေး (၂၀)km အထိရောက်ရှိနိုင်သော PL-8 တာတိုဝေဟင်မှ ဝေဟင်ပစ်ဒုံးများကိုလည်းကောင်း၊

တောင်ပံနှစ်ဖက်အောက်၌ ဝေဟင်ပစ်မှတ်များအတွက်

3. အကွာအဝေး (၁၀၀)km အထိရောက်ရှိနိုင်သော SD-10A တာလတ်ဝေဟင်မှ ဝေဟင်ပစ်ဒုံးများကိုလည်းကောင်း၊ သို့မဟုတ်

မြေပြင်တိုက်ခိုက်ရေးစစ်ဆင်ရေးအတွက်

1. ပဲ့ထိန်းမဲ့ ဒုံးများပါရှိသော Rocket pod များ၊

2. LS6 အမျိုးအစား လေဆာလမ်းညွှန်ပဲ့ထိန်းဗုံးများ၊

3. TL-20 အမျိုးအစား လေဆာလမ်းညွှန်ပဲ့ထိန်းဗုံးများ နှင့်

4. အကွာအဝေး 15km အထိရောက်ရှိနိုင်သော YJ-9E အမျိုးအစား ဝေဟင်မှ ရေပြင်ပစ် ရေယာဉ်ဖျက်ဒုံးများ အပြင်

အခြားသော ပဲ့ထိန်းများစွာတပ်ဆင်နိုင်ပါတယ်။ ထို့အပြင် ခရီးဝေးသွားလာနိုင်ရန်အတွက် အပိုဆီတိုင်ကီ (၂)လုံးကိုလည်း တောင်ပံအောက်၌ ချိတ်ဆွဲနိုင်ပါသေးတယ်။

ထို L-15 တိုက်လေယာဉ် တစ်စီးကို အမေရိကန်ဒေါ်လာ 10သန်းမှ 15သန်းကြားဖြင့် တရုတ်မှ နိုင်ငံတကာ သို့အရောင်းတင်ထားတာဖြစ်ပြီး လက်ရှိတွင် ဇမ်ဘီယာလေတပ်မှ (၆)စီးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု၏ လေတပ်၌ (၂)စီး ပိုင်ဆိုင်တာဖြစ်ပြီး မိခင်တရုတ်လေတပ်၌ အစီး(၅ဝ) ကျော်နှင့် တရုတ်ရေတပ်ဆိုင်ရာ လေကြောင်းအုပ်၌ (၁၂)စီးကျော် တာဝန်ထမ်းဆောင်နေကြပါတယ်။





22/11/2023

ယူကရိန်းစစ်တပ်ဟာ ရုရှား၏ တိုက်စစ်ကိုခုခံရာ၌ သံချပ်ကာအရေအတွက်လျှော့နည်းလာသည့်အတွက် ဆိုဗီယက်အင်ပါယာပြိုကွဲရာ၌ ရရှိထားသော BTR-60 အမျိုးအစား စစ်သည်တင်ယာဉ်သံချပ်ကာအဟောင်းများကို ပြန်လည်မွမ်းမံကာ ပြန်လည်အသုံးပြုလာပါတယ်။

BTR-60 သံချပ်ကာယာဉ်များဟာ သက်တမ်းအားဖြင့် 73နှစ်ခန့်ရှိပြီ‌ဖြစ်သော်လည်း BTR-4U သံချပ်ကာယာဉ်များဟာ ရုရှားလက်ဖြင့်ချေမှုန်းခံရတာများလာသည့်အချိန်၌ ပြန်လည်အသုံးပြုလာတာဖြစ်ပါတယ်။

Video ထဲ၌ မြင်ရသည့်အတိုင်း BTR-60 ၏ ဆုံလည်ကိုဖြုတ်၍ စက်သေနတ်တပ်ဆင်နိုင်သည့် အပေါ့စားဆုံလည်ကို အစားထိုးတပ်ဆင်၍ အတွင်းဘက်၍ ခုံအသစ်များကို သေချာလဲလယ်တပ်ဆင်ထားပါတယ်။

BTR-60 ဖြစ်နေသဖြင့် BTR-4U ကိုမမှီညားသော်လည်း ယူကရိန်းစစ်သည်များ အကာအကွယ်မဲ့စစ်ချီရမည်ကို အတတ်နိုင်ဆုံးလျှော့ချပေးတာဖြစ်ပါတယ်။





အစ္စရေး-ပါလစ်စတိုင်းစစ်ပွဲနှင့်ပတ်သက်၍ ယမန်နေ့က ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ၎င်းကတော့ ဟူသီအကြမ်းဖက်သူပုန်များဟာ ပင်လယ်...
21/11/2023

အစ္စရေး-ပါလစ်စတိုင်းစစ်ပွဲနှင့်ပတ်သက်၍ ယမန်နေ့က ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ၎င်းကတော့ ဟူသီအကြမ်းဖက်သူပုန်များဟာ ပင်လယ်နီကိုဖြတ်နေသည့် Galaxy Leader ဟု အမည်ရသော ကုန်တင်သင်္ဘောတစ်စီးကို ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပါတယ်။

ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွှဲတစ်နာရီတွင် ဟူသီသပုန် ခုနှစ်ဦးထက်မနည်းအရေအတွက်ဟာ Mi-171sh ရဟတ်ယာဉ်ကိုစီးနင်း၍ bahamas အလံလွှင့်ထူထားသော Galaxy Leader သင်္ဘောပေါ်သို့ ဆင်းသက်လာခဲ့ပါတယ်။ ထိုနေရာ၌ သူပုန်တပ်ဖွဲ့အနေဖြင့် Mi-171sh လို အလတ်စား သယ်ယူပို့‌ဆောင်ရေး ရဟတ်ယာဉ်ကို ဘယ်ကနေရသလဲဟူ၍ မေးစရာရှိပါတယ်။

ဟူသီသူပုန်ဟာ Mi-171sh ရဟတ်ယာဉ်အချို့ကို ရီမင်အစိုးရ၏ လေတပ်ထဲကနေ ၂၀၁၅ ခုနှစ်ကတည်းက သိမ်းယူခဲ့တာဖြစ်ပါတယ်။ ယမန်နေ့ဝင်စီးသည့်ဖြစ်ရပ်၌ ဟူသီသူပုန်ဟာ ၎င်း၏ ရဟတ်ယာဉ်ကို UB-32 Rocket pod ကြီးနှစ်ခုတောင်တပ်ထားပါသေးတယ်။

၎င်းရဟတ်ယာဉ်ပေါ်ကနေ ဟူသီသူပုန် ခုနှစ်ဦးထက်မနည်းသည့်အရေအတွက်ကို အနီးကပ်ကိုလွှတ်ချခဲ့ပြီး Galaxy Leader ရေယာဉ်ကို စီးနင်းခဲ့တာလည်းဖြစ်ပြီး ရေယာဉ်ခေါင်းဆောင်နှင့် သင်္ဘောသား 25ဦးကို ဖမ်းဆီးခဲ့ပါတယ်။

၎င်းတို့အနက်ဟာ ယူကရိန်း၊ ဘူဂေးရီးယား၊ ဖိလစ်ပိုင်နှင့် မက္ကဆီကို နိုင်ငံသားများ ပါဝင်ကြောင်းသိရပါတယ်။
ယခုစီးနင်းခံရသည့် Galaxy Leader ကုန်တင်သင်္ဘောဟာ ဂျပန်ကုမ္ပဏီပိုင် ကားတင်သင်္ဘောကြီးဖြစ်ပြီး အလျား ပေ 620 အထိ ရှိပြီး 2002 ခုနှစ်ကတည်းက တည် ဆောက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ကားအစီးရေ (၅၀၀၀)အထိ တင်ဆောင်သွားလာနိုင်ပါတယ်။

ထိုကားတင်သင်္ဘောကြီးကို အစ္စရေးကတိုက်ရိုက်ပိုင်ဆိုင်တာမျိုးမရှိသော်လည်း အစ္စရေးသူဌေးကြီး Abraham “Rami” Ungar ပူးတွဲတည်ထောင်ထားသော
Ray Car Carriers ကုမ္ပဏီနှင့် ထို Galaxy Leader သင်္ဘောကြီးကြား ချိတ်ဆက်မှုရှိကြောင်းသိရပါတယ်။
Galaxy Leader ကားတင်သင်္ဘောကြီး၏ ပိုင်ရှင်အစစ်မှာ ဗြိတိန်ကုမ္ပဏီ Galaxy Maritime Ltd ဖြစ်ပြီး လက်ရှိမှာ ဂျပန်ကုမ္ပဏီ Nippon Yusen (NYK)ထံသို့ စီးပွားရေးအရ စာချုပ်ချုပ်ငှားရမ်းထားတာဖြစ်ပါတယ်။

လက်ရှိ၌ ဟားမက်စ်သူပုန်အဖွဲ့ဟာ ဂါဇာ၌ အစ္စရေးကို အလဲလဲအကွဲကွဲရှုံးနိမ့်နေသဖြင့် တစ်ဖက်က ဟူသီနှင့်ချိတ်ဆက်ကာ အစ္စရေးနှင့်နိုင်ငံတကာအဖို့ အာရုံစိုက်ရမည့်ကိစ္စများလာအောင် ဖန်တီးပေးခြင်းဖြစ်ပါတယ်။ ဂျပန်အစိုးရ၏ အတွင်းဝန်ဖြစ်သူ Hirokazu Matsuno မှ Galaxy Leader ရေယာဉ်ကြီး၏ အဖွဲ့ဝင်သင်္ဘောသားအားလုံးပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဆော်ဒီအာရေဗျနှင့် ကာတစသည့်နိုင်ငံများ၏ အကူအညီကိုရယူကာ ဟူသီသူပုန်ခေါင်းဆောင်နှင့် ဆွေးနွေးနေကြောင်းပြောထားပါတယ်။

ဟူသီသူပုန်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၏အဆိုအရ ၎င်းတို့ဟာ ယခုရက်သတ္တပတ်အတွင်း ပင်လယ်နီနှင့် Bab al-Mandeb ရေလက်ကြားရှိ နိုင်ငံတကာရေပိုင်နက်၌ဖြတ်သန်းနေသော အစ္စရေးနိုင်ငံနှင့် ဆက်စပ်နေသမျှ အရပ်ဘက်ကုန်တင်သင်္ဘောမှန်သမျှကို ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်းသိရပါတယ်။

ထိုဖြစ်ရပ်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကနေ အီရန်၏ အကြမ်းဖက်မှုအဖြစ် အပြစ်တင်ပြောဆိုထားပါတယ်။ ဟူသီသူပုန်ဟာ လွန်ခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနေ့ကပင် အမေရိကန်ရေတပ်၏ USS Thomas Hudner (DDG-116) ဖျက်သင်္ဘောကို အသေခံဒရုန်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော်လည်း အမေရိကန်တို့မှ လက်ဦးမှုရယူကာ ပစ်ချနိုင်ခဲ့ပါတယ်။ ယခုလ နိုဝင်ဘာလ 8ရက်နေ့ကလည်း အမေရိကန်စစ်တပ်၏ MQ-9B Reaper ဒရုန်းကိုလည်း ပစ်ချခဲ့ပါတယ်။ လွန်ခဲ့သည့်တစ်လကလည်း အစ္စရေးထံသို့ ပဲ့ထိန်းဒုံး (၄)စင်းနှင့် အသေခံဒရုန်း (၈)စင်းပစ်လွှတ်ခဲ့ပြီး USS Carney (DDG-64)ကနေ ကြားဖြတ်ပစ်ချခဲ့ရပါတယ်။

ထိုကြောင့် ဟူသီသူပုန်ဟာ တော်ရုံသူပုန်မဟုတ်ဘဲ ကိုယ်ပိုင်စစ်တပ်အငယ်စားတစ်ခုပုံစံတည်ဆောက်ထားသဖြင့် အစ္စရေးကိုရော နိုင်ငံတကာကိုပါအကောင်းဆုံးခြိမ်းခြောက်ထားတာဖြစ်ပါတယ်။





လူကြီးမင်းတို့ ရုရှားထုတ် Buk တာလတ်လေကာစနစ်ကို အားလုံးသိကြပြီးဖြစ်မှာပါ။ ဆိုဗီယက်ခေတ်က‌တည်း  ယနေ့ ရုရှားစစ်တပ်အထိ မျိုးက...
20/11/2023

လူကြီးမင်းတို့ ရုရှားထုတ် Buk တာလတ်လေကာစနစ်ကို အားလုံးသိကြပြီးဖြစ်မှာပါ။ ဆိုဗီယက်ခေတ်က‌တည်း ယနေ့ ရုရှားစစ်တပ်အထိ မျိုးကွဲအဆင့်ဆင့်မြင့်၍ ရုရှားစစ်တပ်၌ ယနေ့အထိအမှုထမ်းနေဆဲ လေကာစနစ်ဖြစ်ပါတယ်။

Buk ကို ရုရှားထက် ကြိုက်သည့် နိုင်ငံတစ်ခုရှိနေပါတယ်။ ဒါကတော့ အစ္စရေး၏ ရန်သူတော်ကြီးဖြစ်သူ အီရန်ပါ။ အီရန်ဟာ ရုရှားထံမှ Buk လေကာစနစ်ကို လေ့လာပြီးနောက်မှာ အီရန်ဟာ သိပ်ကိုကြိုက်ခဲ့ပြီး 2000 ပြည့်နှစ်နောက်ပိုင်းမှာစပြီး ပုံစံယူထုတ်နိုင်ရန်အတွက် ရုရှားနှင့်ညှိခဲ့ပါတယ်။

ထိုစဉ်က ဆိုဗီယက်ပြိုကွဲရာမှ နလန်ထူနေဆဲဖြစ်သည့် ရုရှားဟာ ငွေကြေးလိုအပ်နေသည့်အတွက် အီရန်ကို Buk ၏ နည်းပညာများရောင်းချခဲ့ပုံရပါတယ်။

ပထမဆုံးသော Buk ပုံစံတူ‌ပြည်တွင်းဖြစ်လေကာကို Ra'ad (မြန်မာလို မိုးကြိုး)ဟုအမည်ပေးခဲ့ပြီး ၂၀၁၂ မှာ စတင်ထုတ်ပြခဲ့ပါတယ်။ Ra'ad 1 ကိုတည်ဆောက်ရာ၌ ရုရှားနိုင်ငံမှ သိပ္ပံပညာရှင်များအပြင် ဘယ်လာရုဇ်မှ လက်နက်ပညာများပါပါဝင်ခဲ့ကြပါတယ်။

ကဲ ပုံမှာထောက်ပြီးဆက်လက်ဖတ်ရှုကြပါစို့။





ကဲ ဆောင်းလည်းရောက်လာပြီဆိုတော့ ဂရုစိုက်ကြပါဘရိုတို့။ အအေးဒဏ်ခံနိုင်တယ်။ အလွမ်းဒဏ်မခံနိုင်ဘူး ဆိုပြီး မလုပ်ကြပါနဲ့ဗျ။ ကျန...
20/11/2023

ကဲ ဆောင်းလည်းရောက်လာပြီဆိုတော့

ဂရုစိုက်ကြပါဘရိုတို့။

အအေးဒဏ်ခံနိုင်တယ်။ အလွမ်းဒဏ်မခံနိုင်ဘူး ဆိုပြီး
မလုပ်ကြပါနဲ့ဗျ။ ကျန်းမာမှ လွမ်းနိုင်မှာဖြစ်သည့်အတွက် ကျန်းမာရေးကို အရင်ဂရုစိုက်ကြပါ။

ကျေးဇူးတင်ပါတယ်။ :")

တရုတ်ရေတပ်ဆိုင်ရာ လေကြောင်းတပ်ဖွဲ့ဟာ ပြည်တွင်းဖြစ် KJ-600 အမျိုးအစား လေကြောင်းကြိုတင်သ‌တိပေးရေးလေယာဉ်များကို စမ်းသပ်လျက်...
19/11/2023

တရုတ်ရေတပ်ဆိုင်ရာ လေကြောင်းတပ်ဖွဲ့ဟာ ပြည်တွင်းဖြစ် KJ-600 အမျိုးအစား လေကြောင်းကြိုတင်သ‌တိပေးရေးလေယာဉ်များကို စမ်းသပ်လျက်ရှိပါတယ်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်တစ်နှစ်ကျော်ကရေချထားသည့် တတိယမြောက်လေယာဉ်တင်သင်္ဘောကြီး Fuijan (CV-18) ဟာ ယခုနှစ်ကုန်ပိုင်းတွင် ပင်လယ်ပြင်ထဲကိုထွက်လာဖို့ရှိနေတာကြောင့် တရုတ် Naval Aviation ဟာလည်း KJ-600 ကို အမြန်ပင်စမ်းသပ်နေခဲ့ပါတယ်။

16.11.23 ၌ Xiaomi 13 ဖုန်းမှ ရိုက်ကူးထားသောဓာတ်ပုံအရ KJ-600 ကိုယ်ထည်ဟာ အရင်လို အစိမ်းရောင်မဟုတ်တော့ဘဲ အဖြူကိုပြောင်းလိုက်ပြီဖြစ်ပါတယ်။

တရုတ်လေတပ်ဟာ မိမိကိုယ်မိမိ လေကြောင်းကြိုတင်သတိပေးရေး (AEW) အားနည်းနေကြောင်းသတိထားမိလာသည့်နောက်တွင် KJ200, KJ-2000 စသည့် ပုံပြောင်း AEW များစွာ တပ်တော်ဝင်အသုံးပြုခဲ့ပြီး ယခုတစ်ခါ ရေတပ်ဘက်ကိုလှည့်လာပြီဖြစ်ပါတယ်။

ယခု စမ်းသပ်နေသည့် KJ-600 ဟာ လောက်လွှဲစနစ်ပါရှိသည့် Fuijan ၌ ‌စတင်သုံးစွဲမှာဖြစ်ပြီး ရေတပ်၏ လေကြောင်းစိုးမိုးရေးကဏ္ဌကို ယခင်ထက်ပိုမိုမြင့်တင်နိုင်မှာဖြစ်ပါတယ်။ ယခင်လို လေကြောင်းပစ်မှတ်များကို လေယာဉ်တင်သင်္ဘော၏ ရေဒါများနှင့် ဘေးမှဝန်းရံထားသည့် ဖျက်သင်္ဘောများနှင့် ဖရီးဂိတ်များမှ ရယူရတာမျိုးမဟုတ်တော့ဘဲ KJ-600 ကနေ တစ်ဆင့်ရောက်လာတော့မှာဖြစ်ပါတယ်။

လေယာဉ်တင်သင်္ဘောများနှင့် အစောင့်လိုက်သင်္ဘောများဟာ နှေးကွေးတာကြောင့် လေကြောင်းပစ်မှတ်ရှာဖွေရေးကို ဖြေးဖြေးချင်းစီသာ ရွေ့လျားပြီးလုပ်နိုင်ပါတယ်။ အထူးသဖြင့် ရေယာဉ်စု၏ ထောက်လှမ်းနိုင်သည့် အကွာအဝေးကိုကျော်လွန်၍ ထောက်လှမ်းရမည်မှာ AEW လေယာဉ်များ၏ တာဝန်ဖြစ်ပြီး ၎င်းတို့ကိုလွှတ်တင်ခြင်းဖြင့် ရေယာဉ်စု၏ ထောက်လှမ်းနိုင်မှုအကွာအဝေးများကို တိုးမြင့်နိုင်ခြင်းဟာ အဖိုးမဖြတ်နိုင်သည့်တိုးတက်မှုရလဒ်တစ်ခုဖြစ်ပါတယ်။

ထိုကြောင့်လည်း အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောကြီးများ၌ E-2 Hawkeye AEW လေယာဉ်ကြီးများဟာ ယနေ့တိုင် အရေးပါသော အခန်းကဏ္ဌမှ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

ထိုကြောင့် ၁၉၇၀ နောက်ပိုင်းမှာပင် ဆိုဗီယက်ဟာ အမေရိကန်ရေ‌တပ်ကိုအားကျခဲ့ရပြီး ၎င်းတို့လေယာဉ်တင်သင်္ဘောများ၌ အသုံးပြုနိုင်ရန်အတွက် Yak-44E ဟူ၍ လိုက်လံကူးယူခဲ့သော်လည်း ဆိုဗီယက်အင်ပါယာပြိုကွဲခဲ့သဖြင့် ကျရှုံးခဲ့ရပါတယ်။

ယခုလည်း ၎င်းခြေရာကို တရုတ်ရေတပ်ကနေ KJ-600 ဖြင့်လိုက်နင်းနေပြီလည်းဖြစ်ပါတယ်။





တရုတ်လက်နက်တွေဘက်ချည်းလှည့်နေရာပျင်းလာလို့ အီတလီဘက်နည်းနည်းသွားပါမယ်။ အီတလီရေတပ်ဟာ ဒုတိယကမ္ဘာစစ်အပြီး၌ အနည်းငယ်အင်အားချိ...
18/11/2023

တရုတ်လက်နက်တွေဘက်ချည်းလှည့်နေရာပျင်းလာလို့ အီတလီဘက်နည်းနည်းသွားပါမယ်။

အီတလီရေတပ်ဟာ ဒုတိယကမ္ဘာစစ်အပြီး၌ အနည်းငယ်အင်အားချိနဲ့‌သွားသော်လည်း စစ်အေးခေတ်အပြီးတွင် အချိန်ယူကာ ရေတပ်ကို powerful ဖြစ်အောင်ပြန်လည်ပျိုးထောင်နိုင်ခဲ့ပါတယ်။

ထိုသို့‌ပျိုးထောင်ရာ၌ အီတလီရေတပ်ဟာ Orizzonte အတန်းစား ဖျက်သင်္ဘောကြီးနှစ်စီးကို တည်ဆောက်တပ်တော်ဝင်ခဲ့ရုံသာမက FREMM အတန်းစား ဖရီးဂိတ်စစ်ရေယာဉ်ကြီး (၈)စီးနှင့် Thaon di Revel အတန်းစား ဖရီးဂိတ်ငယ် (၂)စီးကိုလည်း တည်ဆောက်ကာ တပ်တော်ဝင်နိုင်ခဲ့ပါတယ်။

ဤသို့ ဖရီးဂိတ်များနှင့် ဖျက်များကို အင်နှင့်အားနှင့်ပျိုးထောင်နေပြီဆိုလျှင် ထိုနိုင်ငံရေတပ်ဟာ များမကြာမီ၌ လေယာဉ်တင်သင်္ဘောအသစ်တစ်စီးတည်ဆောက်လာနိုင်တယ်ဆိုသည့်အချက်ဟာ မှန်ကန်လာခဲ့ပါတယ်။ Cavour လေယာဉ်တင်သင်္ဘောကြီးကို ၂၀၀၈ တွင် တပ်တော်ဝင်နိုင်ခဲ့တာဟာလည်း အီတလီရေတပ်အတွက် ဂုဏ်ယူစရာအခိုက်အခန့်တွေဖြစ်ခဲ့ပါတယ်။

သို့သော် အင်အားကိုတိုးချဲ့ချင်လာသည့်အလျောက် အီတလီဟာ တတိယမြောက်လေယာဉ်တင်သင်္ဘောစီမံကိန်းကို ၂၀၁၅ တွင် စတင်ခဲ့ပါတယ်။

အီတလီ အရှေ့မြောက်ဘက်ရှိကမ်းရိုးတန်းမြို့ Trieste ကိုအစွဲပြု၍ Trieste (L9890) ဟု အမည်မှည့်ထားသော
ထို လေယာဉ်တင်သင်္ဘောအသစ်ဟာ ယခင် Cavour လိုပင် နာမည်ကျော်သင်္ဘောကုမ္ပဏီ Fincantieri ကနေ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့၌ စတင်ဧရာခင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ခုနှစ် မေလ ၂၅ ရက်နေ့၌ ရေချခဲ့ပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ပင်လယ်ပြင်စမ်းသပ်မှုကိုစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယနေ့အထိ တပ်တော်မဝင်နိုင်သေးပါဘူး။

ပင်လယ်ပြင်စမ်းသပ်မှုဟာ မည်သည့်အကြောင်းကြောင့် (၂)နှစ်ကျော်ကြာနေခဲ့ရသလဲဆိုရင် အကြောင်းရှိပါတယ်။ Trieste (L9890) ဟာ ယခုအချိန် တပ်တော်ကောက်ဝင်မယ်ဆိုလျှင် အဆင်သင့်ဖြစ်နေသော်လည်း မဖြစ်သေးတာက အီတလီရေတပ်အောက်ရှိ တိုက်လေယာဉ်အုပ်ပါ။ ၎င်းအတွက် အီတလီကနေ F-35B တိုက်လေယာဉ် အစီး (၃၀)အထိ မှာယူထားသော်လည်း လက်တွေ့၌ 5စီးသာလက်ခံရရှိပါသေးတယ်။

ထိုကြောင့် အရေအတွက်အားဖြင့် ထို F-35B (5)စီးဖြင့် လေယာဉ်တင်သင်္ဘော နှစ်စီးလည်ပတ်ဖို့ မဖြစ်နိုင်သေးတာကြောင့် Trieste (L9890) ဟာ ပင်လယ်ပြင်မှာ အေးရာအေးကြောင်း စမ်းနိုင်နေတာဖြစ်ပါတယ်။

ရေဒါစနစ်များ လက်နက်စနစ်များကို တပ်တော်ဝင်မှပြောပါမယ်။ ယခုတော့အရွယ်အစားကိုတင်ပြလိုက်ပါမယ်။
Trieste (L9890) လေယာဉ်တင်သင်္ဘောကြီးဟာဆိုလျှင်

အလျား -၂၄၅မီတာ (၈၀၃ပေ ၁၀လက်မ)

အနံ - ၄၇မီတာ (၁၅၄ပေ ၂လက်မ) နှင့်

ရေစူး - ၇.၂မီတာ (၂၃ပေ ၇လက်မ) ရှိပါတယ်။

ဝန်အပြည့်တင်မည်ဆိုလျှင် တန်ချိန် ၃၈၀၀၀အထိ ရှိသည့် Trieste (L9890) လေယာဉ်တင်သင်္ဘောကြီး၌ မြင်းအကောင်ရေ ၁၀၂၀၀၀စီအားရှိသော Rolls-Royce MT30 ဓာတ်ငွေ့တာဘိုင် (၂)လုံး၊ မြင်းအကောင်ရေ (၃၂၀၀၀)အားရှိသော MAN ကုမ္ပဏီထုတ် 20V32/44CR ဒီဇယ်အင်ဂျင် (၂)လုံး နှင့် အခြားသော အရံအင်ဂျင်များကိုတပ်ဆင်ထားပြီး
တစ်နာရီကိုအမြန်ဆုံး ရေမိုင် (၂၉)မိုင်နှုန်းဖြင့်မောင်းနှင်နိုင်၍ ပင်လယ်ပြင်၌ ရက် (၃၀)တိတိတာဝန်ထမ်းဆောင်နိုင်ပါတယ်။

ကုန်းပတ်၌ Island တာာဝါကြီးနှစ်ခုခွဲထားပြီး အရှေ့ဘက်တာဝါဟာ ရေယာဉ်ကိုကွပ်ကဲရန်ဖြစ်ပြီး နောက်တာဝါဟာလေယာဉ်၊ ရဟတ်ယာဉ်အတက်အဆင်းကို ကွပ်ကဲမှာလည်းဖြစ်ပါတယ်။

ပြေးလမ်း၌ F-35B များ ပျံတက်ရာ၌ လွယ်ကူစေရန် Ski-jump ကို တပ်ဆင်ထားပြီး Hangar မှ နေ၍ Flight Deck ပေါ်သို့ လေယာဉ်နှင့်ရဟတ်ယာဉ်များကို အမြန်ဆုံး တင်နိုင်ရန် ဓာတ်လှေကားကြီးနှစ်ခုပါရှိပါတယ်။

ထိုလေယာဉ်တင်သင်္ဘောကြီးဟာ တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်စုစုပေါင်း အစီးရေ (၃၀)ကျော်တင်ဆောင်နိုင်သဖြင့် မဆိုးဘူးဟုဆိုရမှာဖြစ်ပါတယ်။ ထို အစီး (၃၀)ကျော်အနက် F-35B ပဉ္စမမျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ် (10)စီးကျော်ပါရှိမှာလည်းဖြစ်ပါတယ်။

လက်ရှိ၌ အဆိုပါ လေယာဉ်တင်သင်္ဘောကြီးဟာ နှမတော် Cavour ကြီးနှင့်အတူ ပင်လယ်ပြင်စမ်းသပ်မှုပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒါဟာ အင်အားကို On the paper ပေါ်၌ချည်း တည်ဆောက်နေသည့် ‌အချို့ သောနိုင်ငံတစ်ခု၏ ရေတပ်နှင့် ယှဉ်လိုက်ရင် အတော်ကွာခြားလာနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။





ယနေ့၌ ဘယ်လာရုဇ်စစ်တပ်ဟာ တရုတ်ထံမှ M20 အမျိုးအစား မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးစနစ်ကို စတင်လက်ခံရရှိကြောင်း စစ်ဘက်သတင်းအရင်...
16/11/2023

ယနေ့၌ ဘယ်လာရုဇ်စစ်တပ်ဟာ တရုတ်ထံမှ M20 အမျိုးအစား မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးစနစ်ကို စတင်လက်ခံရရှိကြောင်း စစ်ဘက်သတင်းအရင်းအမြစ်များကပြောပါတယ်။

ဘယ်လာရုဇ်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ Polonez-M အမျိုးအစားဒုံးပစ်လောင်ချာယာဉ်အသစ် MZKT-7930 အမျိုးအစား စစ်ဘက်သုံးအကြီးစား ထရပ်ကားကြီး (၆)စီးကို မိတ်ဆက်ကြောင်းသိရပါတယ်။

Polonez ဆိုတာဟာ ဘယ်လာရုဇ်ပြည်တွင်းထုတ် ၃၀၀မမ အတွဲလိုက်ပစ်ပဲ့ထိန်းဒုံးစနစ်တစ်ခုဖြစ်ပြီး ယာဉ်တစ်စီး၌ ဒုံး (၈)စင်းအထိ တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။

၂၀၁၈ သို့ရောက်သောအခါ ကြည်းတပ်ရှိ Polonez များကို Polonez-M အဖြစ် အဆင့်မြင့်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေလတွင် စတင်အသုံးပြုခဲ့ပါတယ်။ အဆင့်မြင့်ထားသော Polonez-M ၌ အကွာအဝေးတိုးချဲ့ထားသော ဒုံးအသစ်ကို ထပ်မံထုတ်ပြခဲ့ပြီး ထိုစဉ်ကတပ်တော်ဝင်အဆင့်ကိုမရောက်ရှိခဲ့သေးပါ။

Polonez-M ဒုံးတပ်ခွဲတစ်ခုလျှင် MZKT-7930 ကိုအောက်ခံယာဉ်အဖြစ်အသုံးပြုထားကြသည့်

(၁) ဒုံးပစ်ယာဉ် နှစ်စီး နှင့်

(၂) ဒုံးဖြည့်တင်းရေးယာဉ်နှစ်စီး အပြင်

(၃) MAZ-5316 ထရပ်ကားကိုအသုံးပြုထားသော အမိန့်ပေးကွပ်ကဲယာဉ် တစ်စီး ပါရှိပါတယ်။ ယခု ဘယ်လာရုဇ်သတင်းဌာန၌ တင်ထားသည့် ဓာတ်ပုံအသစ်တွင်မြင်ရသည့်အတိုင်း ယာဉ်များ၏ပမာဏမှာ နှစ်ဆဖြစ်နေသဖြင့် ဒုံးတပ်ခွဲအသစ်နှစ်ခုကိုလက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်းဆိုနိုင်ပါတယ်။

ယမန်နေ့ ၂၀၂၃ နိုဝင်ဘာလ ၁၅ရက်နေ့မှ အကွာအဝေးတိုးမြင့်ထားသော ဒုံးစနစ်အသစ်ဟာ ဘယ်လာရုဇ်ကြည်းတပ်ထံတပ်တော်ဝင်ခဲ့ကြောင်းသိရပါတယ်။ ၎င်းဒုံး၏အချင်းဟာ ၇၅၀မီလီမီတာအထိရှိပြီး ၅၀၀kg အလေးချိန်ရှိသော ပေါက်ကွဲအားပြင်းထိပ်ဖူးကိုသယ်ဆောင်နိုင်မည်ဖြစ်ကာ အကွာအဝေး ၃၀၀km အထိ ပစ်လွှတ်နိုင်ပါတယ်။

၎င်းဒုံးအသစ်ဟာ တရုတ်ထုတ် M-20 ကနေ ပုံစံယူကာ တရုတ်စစ်ဘက်အကူအညီဖြင့် ဖန်တီးထားပြီး ပစ်မှတ်မှလွှဲချော်နိုင်ချေ မီတာ (၃၀)သာရှိကြောင်းပြောထားပါတယ်။ အမေရိကန်ထုတ် HIMARS ဒုံးစနစ်သုံး ATACMS ကို ယှဉ်ပြိုင်တန်ပြန်ရန် ထုတ်လုပ်ထားသည့် အဆိုပါ M-20 မျိုးကွဲဒုံးကို ကွန်တိန်နာဖြင့် စနစ်တကျထည့်သွင်းမည်ဖြစ်ကာ ဒုံးပစ်ယာဥ်တစ်စီးတွင် နှစ်စင်းအထိ တစ်ပြိုင်တည်းသယ်ဆောင်ပစ်ခတ်သွားရန်ဖန်တီးထားပါတယ်။

အချို့သောစစ်ဘက်ကျွမ်းကျင်ပညာရှင်များမေးခွန်းထုတ်ကြသည်မှာ ၎င်းဒုံးအသစ်၌ နျူထိပ်ဖူးတပ်ဆင်နိုင်ခြင်းရှိ/မရှိဖြစ်ပါတယ်။ တရုတ်လက်နက်ကုမ္ပဏီ Norinco ၏ အဆိုအရ တရုတ်စစ်တပ်သို့ထုတ်လုပ်ပေးထားသော DF-12 ဗားရှင်း၌ နျူထိပ်ဖူးနှင့် ဓာတုဓာတ်ငွေ့သုံး ထိပ်ဖူးများတပ်ဆင်ပစ်ခတ်နိုင်သော်လည်း ပြည်ပကိုထုတ်လုပ်ရောင်းချသည့် M-20 တွင်မူ သာမရိုးကျထိပ်ဖူးများကို သာတပ်ဆင်နိုင်အောင်ပြုလုပ်ထားပြီး နျူလက်နက်မပျံ့ပွား အောင်ဂရုစိုက်ထားကြောင်း ပြောပါတယ်။

သို့သော် ယခုဘယ်လာရုဇ်၌ တပ်တော်ဝင်လာသည့် ၇၅၀မမ ဒုံးအသစ်ဟာ ပြည်ပပို့ M-20 အစစ်ဟုတ်မနေဘဲ တရုတ်နည်းပညာကို ယူကာ ပြည်တွင်းနည်းပညာဖြင့် ပေါင်းစပ်၍ ထုတ်လုပ်ထားတာကြောင့် နျူထိပ်ဖူးတပ်ဆင်နိုင်သည့် အလားအလာရှိနေပါတယ်။





တရုတ်ရေတပ်ဟာ ပင်လယ်ရပ်ခြား၌ ရေတပ်စခန်းအသစ်တစ်ခုတိုးချဲ့တည်ဆောက်နေခြင်း။၂၀၂၃ ခုနှစ်တွင် အသစ်ဖမ်းယူရရှိသော ဂြိုဟ်တုဓာတ်ပုံ...
15/11/2023

တရုတ်ရေတပ်ဟာ ပင်လယ်ရပ်ခြား၌ ရေတပ်စခန်းအသစ်တစ်ခုတိုးချဲ့တည်ဆောက်နေခြင်း။

၂၀၂၃ ခုနှစ်တွင် အသစ်ဖမ်းယူရရှိသော ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်ဟာ ကမ္ဘောဒီးယားနိုင်ငံ Ream ရေတပ်စခန်း၌ပင် အသစ်တိုးချဲ့တည်ဆောက်မှုများပြုလုပ်လျက်ရှိပါတယ်။ Ream ရေတပ်စခန်းဟာ ထိုင်းပင်လယ်ကွေ့၌ တည်ရှိနေသည့်အပြင် အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်ကို ပိုင်းခြားထားသည့်
မလက္ကာရေလက်ကြား၏ အရှေ့ဘက်စွန်းစွန်း၌တည်ရှိနေတာကြောင့် တရုတ်ရေတပ်အတွက် မဟာဗျူဟာအရ အရေးပါနေခဲ့ပါတယ်။

ယခု တည်ဆောက်မှုဟာ တရုတ်အတွက် ငွေကြေးအရင်းအနှီးများစွာ အားစိုက်ထားပုံရပြီး ဆိပ်ခံတံတားတိုးချဲ့ခြင်းအပြင် Dry Dock ကြီးပါ ပါနေခဲ့ပါတယ်။ တရုတ်ဘက်မှ အဆိုပါ dry dock ကို ကမ္ဘောဒီးယားရေတပ်နှင့် ‌ကမ္ဘောဒီးယားပြည်သူများအတွက်ဟု ပြောထားညားသော်လည်း လက်တွေ့၌ ဤသို့မဟုတ်ကြောင်းကို အတော်များများကခန့်မှန်းမိနေပါတယ်။

အဘယ်ကြောင့်ဆိုသော် တရုတ် ရေတပ်ဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်သည့် ရေတပ်အဆင့်ရောက်လိုပါက ဤသို့ မဟာဗျူဟာအကွက်အကွင်း၌ တည်ရှိသည့် ရေတပ်စခန်းများစွာလိုအပ်နေပါတယ်။ ထိုသို့ကြားခံ ရေတပ်စခန်းများရှိထားမှသာ ၎င်းရေတပ်၏ ဖြန့်ကျက်လွှမ်းမိုးနိုင်စွမ်းကို ယခုထက်ပိုမိုတိုးပွားလာနိုင်စေမှာဖြစ်ပါတယ်။

တရုတ်ရေတပ်သင်္ဘောများဟာ အာရှခရီးစဉ်အတိုင်း ပတ်၍ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ၎င်းတို့၏ အခြေစိုက်စခန်းများသို့ သွားရောက်ရမည်ဆိုပါက ထို Ream ရေတပ်စခန်းဟာ စစ်သင်္ဘောများအဖို့ တစ်ထောင့်နား၍ လောင်စာနှင့် ရိက္ခာဖြည့်တင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ထို့အပြင် ၎င်းမဟာမိတ် ကမ္ဘောဒီးယားကို ပိုမိုကာကွယ်ပေးလိုပါက ၎င်းရေတပ်စခန်းဟာ အတိုင်းအတာတစ်ခုအထိအသုံးဝင်နေမှာဖြစ်ပါတယ်။ စစ်ဘက်သတင်းတစ်ခု၏ ပြောကြားချက်အရ တရုတ်ရေတပ်၏ လက်ရှိအသုံးပြုနေသည့် Liaoning နှင့် Shandong လို တန်ချိန် ၆၅၀၀၀ကျော်ရှိသည့် လေယာဉ်တင်သင်္ဘောတစ်စီးပင် ဤ‌ဆိပ်ကမ်း၌ ဆိုက်ကပ်နိုင်ကြောင်းသိရပါတယ်။

အဆိုပါ Ream ရေတပ်စခန်း၌ dry dock တည်ဆောက်နေသည့် အရိပ်အယောင်များကို ၂၀၂၂ ခုနှစ်ကတည်းက အရိပ်အမြွက်များစွာမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဤသို့တည်ဆောက်ခွင့်ပြုခြင်းဖြင့် တရုတ်ဟာ ကမ္ဘောဒီးယားရေတပ်သို့ ဖရီးဂိတ်စစ်ရေယာဉ်အဟောင်းများ ရောင်းချပေးလာနိုင်ချေလည်းရှိနေပါတယ်။

တရုတ်အတွက် ဤသို့ ပင်လယ်ရပ်ခြားအခြေစိုက်စခန်းအသစ်များပိုင်ဆိုင်ရန်ကြိုးစားလာခြင်းဟာ ရုရှား-ယူကရိန်းစစ်ပွဲကြောင့်ဖြစ်ကြောင်း ပညာရှင်အချို့ကသုံးသပ်ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် ယူကရိန်းစစ်ပွဲ၌ ရုရှားရေတပ်ဟာ မြေထဲပင်လယ်၌ ယူကရိန်းလက်ချက်ဖြင့် အခက်အခဲများစွာရင်ဆိုင်နေရသည်ကို တရုတ်မှ နားလည်သဘောပေါက်ထားပြီးဖြစ်ကာ သင်ခန်းစာယူကာကြိုးစားတည်ဆောက်နေခြင်းဖြစ်ပါတယ်။

တရုတ်ဟာ ၎င်း၏ ပထမဆုံးသော ရေတပ်စစ်အခြေစိုက်စခန်းကို Djibouti နိုင်ငံ၌ ၂၀၁၇ ဩဂုတ်လတွင်စတင်ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ရေတပ်စခန်းအနီးမှာပင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ထို့အပြင် ပါကစ္စတန်နိုင်ငံရှိ Gwadar ဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံရှိHambantota ဆိပ်ကမ်းစသည့် အမာခံအခြေစိုက်စခန်းနှစ်ခုဟာလည်း အိန္ဒိယသမုဒ္ဒရာအတွင်းတည်ရှိနေတာကြောင့် အိန္ဒိယတို့အဖို့ ခေါင်းကိုက်စရာဖြစ်နေဆဲဖြစ်ပါတယ်။

ယခုလို Ream ရေတပ်စခန်း၌ ၎င်းတို့အတွက် အပိုင်တစ်နေရာ အပြီးသတ်ပြုလုပ်နိုင်ခဲ့ပါက တရုတ်ရေတပ်၏‌ တောင်တရုတ်ပင်လယ်မှသည် အိန္ဒိယသမုဒ္ဒရာအထိ တပ်ဖြန့်နိုင်စွမ်းဟာ ယခင်ထက်ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်ပြီး တောင်တရုတ်ပင်လယ်တစ်ဝိုက်နှင့် အာဆီယံကြား အမေရိကန်နှင့် အင်အားချိန်ခွင်လျှာကို တန်းညှိလာနိုင်မှာကတော့ အသေအချာပင်ဖြစ်ပါတယ်။





ယနေ့မှာတော့ အစ္စရေး-ပါလစ်စတိုင်းစစ်ပွဲနောက်ဆုံးအခြေအနေကို ရသလောက်တင်ပြပေးသွားပါ့မယ်။ ပုံလေးထောက်ပြီး ဖတ်ရှုနိုင်အောင်စီစ...
14/11/2023

ယနေ့မှာတော့ အစ္စရေး-ပါလစ်စတိုင်းစစ်ပွဲနောက်ဆုံးအခြေအနေကို ရသလောက်တင်ပြပေးသွားပါ့မယ်။

ပုံလေးထောက်ပြီး ဖတ်ရှုနိုင်အောင်စီစဉ်ထားပေးပါတယ်။





ထိုင်းလေတပ်အတွက် မျိုးဆက်သစ်တိုက်လေယာဉ်သစ်ကို ရွေးချယ်သွားရန်ရှိကြောင်း ထိုင်းလေတပ်ဦးစီးချုပ်ကနေ မီဒီယာကို ပြောသွားပါတယ်...
13/11/2023

ထိုင်းလေတပ်အတွက် မျိုးဆက်သစ်တိုက်လေယာဉ်သစ်ကို ရွေးချယ်သွားရန်ရှိကြောင်း ထိုင်းလေတပ်ဦးစီးချုပ်ကနေ မီဒီယာကို ပြောသွားပါတယ်။

လွန်ခဲ့သည့် မေလက ဖော်ပြခဲ့သော စစ်ဘက်သတင်းအရင်းအမြစ်များအရ ထိုင်းလေတပ်ဟာ အမေရိကန်ကုမ္ပဏီ Lockheed Martin ထံမှ တောင်းဆိုထားသည့် F-35 အမျိုးအစား ပဉ္စမမျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်ဝယ်ယူခွင့်ကို အမေရိကန်မှ ငြင်းဆန်ခဲ့ပါတယ်။ အကြောင်းမှာ ထိုင်းဟာ တရုတ်နှင့်နီးစပ်သောကြောင့်ဖြစ်ပါတယ်။

အမှန်တကယ်လည်း ထိုင်းကြည်းတပ်၌ တရုတ်ထုတ်တင့်နှင့် သံချပ်ကာယာဉ်များစွာကို ဝယ်ယူအသုံးပြုနေသည့်အပြင် ရေတပ်ဟာလည်း HTMS Chang လို ကုန်းရေနှစ်သွယ်သုံး LPD စစ်ရေယာဉ်ကို တရုတ်ထံကနေဝယ်ယူထားပါတယ်။ ထိုင်းလေတပ်ဟာလည်း တရုတ်ထံမှ တိုက်လေယာဉ်များ တိုက်ရိုက်မဝယ်ယူသော်လည်း တရုတ်လေတပ်နှင့်တွဲဖက်ကာ နှစ်စဉ်လေ့ကျင့်ခန်းများပြုလုပ်နေပါတယ်။ ထိုကြောင့် ထိုင်းကို အမေရိကန်မှ စိတ်မချတာဟာလည်း သင့်လျော်မှန်ကန်သည့်ကိစ္စမျိုးဖြစ်ပါတယ်။

F-35 အစား အမေရိကန်ဟာ ထိုင်းလေတပ်ကို F-16 Block 70/72 နှင့် F-15 စသည့် စတုတ္ထမျိုးဆက်တိုက်လေယာဉ်များကိုသာ ရောင်းချပေးမည်ဖြစ်ကြောင်းကမ်းလှမ်းခဲ့ပါတယ်။ ထိုင်းတော်ဝင်လေတပ်၌ 4.5 Gen အဖြစ် ဆွီဒင်ထုတ် Gripen တိုက်လေယာဉ် (11)စီးအသုံးပြုနေသော်လည်း အဘယ်ကြောင့်မှန်းမသိ ထိုင်းလေတပ်ဟာ gripen ကိုထပ်တိုးဝယ်ယူခြင်းမျိုးမရှိတော့ပါ။

ထိုကြောင့် လက်ရှိ ဒူဘိုင်းလေကြောင်းပြပွဲ၌ သက်ဆိုင်ရာကုမ္ပဏီအသီးသီးမှ ခင်းကျင်းပြသထားသော F-16 block 70/72 ၊ JAS-39E/F Gripen နှင့် KF-21 စသည့် တိုက်လေယာဉ်သုံးမျိုးအနက် တစ်မျိုးကို ထိုင်းတော်ဝင်လေတပ်မှ ၎င်းတို့၏ မျိုးဆက်သစ်တိုက်လေယာဉ်အသစ်အနေဖြစ် ရွေးချယ်သွားရန်ရှိကြောင်းသိရပါတယ်။

ထိုင်းလေတပ်အနေဖြင့် လက်ရှိတွင် F-16 block 70/72 သို့မဟုတ် Gripen E/F ကို ရွေးချယ်သွားရန် ရာခိုင်နှုန်းများနေပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းအမျိုးအစားနှစ်ခု၏ ရှေ့ထွက်ဗားရှင်းနှစ်မျိုးစလုံးဟာ ထိုင်းလေတပ်၌ အသုံးပြုနေခဲ့တာကြောင့်ဖြစ်ပါတယ်။

ထိုင်းလေတပ်ဟာ အနာရတ်၌ မည်သည့်တိုက်လေယာဉ်ကို ရွေးချယ်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။





အိမ်နီးချင်းထိုင်းစစ်တပ်နှင့်ပတ်သက်သည့် သတင်းနှစ်ပုဒ်ကို တစ်ပြိုင်တည်းတင်ပြချင်ပါတယ်။ ပထမတစ်ပုဒ်မှာ ထိုင်းတော်ဝင်ကြည်းတပ...
12/11/2023

အိမ်နီးချင်းထိုင်းစစ်တပ်နှင့်ပတ်သက်သည့် သတင်းနှစ်ပုဒ်ကို တစ်ပြိုင်တည်းတင်ပြချင်ပါတယ်။

ပထမတစ်ပုဒ်မှာ ထိုင်းတော်ဝင်ကြည်းတပ်ဟာ မကြာသေးမှီက VT-4 (MBT-3000) တင့် နောက်ဆုံးအသုတ်ကို လက်ခံရရှိခဲ့ပြီး (၁၂)စီးပါရှိကြောင်း သိရပါတယ်။ ထိုကြောင့် လက်ရှိထိုင်းကြည်းတပ်၌ တရုတ်လက်နက်ကုမ္ပဏီ Norinco ထုတ် VT-4 တင့်ချည်း အစီး (၆၀) တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

ထိုင်းကြည်းတပ်ဟာ ၂၀၁၅ ခုနှစ်၌ VT-4 တင့် (၃၈)စီးကို အမေရိကန်ဒေါ်လာ (၁၅၃)သန်းဖြင့် Norinco ကုမ္ပဏီထံကနေ စတင်မှာယူခဲ့ပြီး ၂၀၁၇ အောက်တိုဘာ၌ ပထမအသုတ် (၂၈)စီးကိုစတင်လက်ခံရရှိခဲ့ပါတယ်။ ၂၀၁၇ တွင် ထပ်တိုး (၁၀)စီးအသုတ်တစ်ခုထပ်မံမှာယူခဲ့ပြီး ၂၀၁၉ တွင် လက်ခံရရှိခဲ့ပါတယ်။ ၂၀၁၉ တွင်ပင် နောက်တိုး (၁၂)စီးကို တတိယအသုတ်အဖြစ်ထပ်မံမှာယူခဲ့သဖြင့် ‌ယခု (၂၀၂၃) တွင် ရရှိခဲ့ကာ အစီး (၆၀) ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ထိုင်းကြည်းတပ်ဟာ တရုတ်ထုတ် VT-4 တင့် အစီး (၆၀)အပြင် အမေရိကန်ထုတ် M48A5 တင့် (၁၀၅)စီး၊M60 တင့် (၁၇၈)စီး စသည့်တင့် (၂၈၃) စီးကို ပင်မကျောရိုးအဖြစ် အသုံးပြုနေသည့်အပြင် ယူကရိန်းထုတ် T-84 Oplot M တင့် (၄၉)စီးကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။

နောက်ထပ်သတင်းတစ်ပုဒ်မှာ ထိုင်းကြည်းတပ်ဟာ အစ္စရေးလက်နက် ကုမ္ပဏီ Rafael နှင့် ပူးပေါင်း၍ spike အမျိုးအစား တင့်ဖျက်ပဲ့ထိန်းဒုံးများကို ထုတ်လုပ်ရန်စီစဉ်နေပါတယ်။

အထူးသဖြင့် ထိုင်းကာကွယ်ရေးနည်းပညာအင်စတီကျု (TDI) ကနေ Spike အမျိုးအစားတင့်ဖျက်ပဲ့ထိန်းဒုံးကို နည်းပညာပုံတူယူကာ ထုတ်လုပ်ဖို့ရှိနေပါတယ်။

လက်ရှိထိုင်းကြည်းတပ်၌ Spike, Javelin နှင့် TOW စသည့်တင့်ဖျက်လက်နက်အများအပြားကို အသုံးပြုနေပြီး ကုန်ကျစရိတ်သက်သာအောင် ပြည်တွင်း၌ ထုတ်လုပ်လာနိုင်ရန်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

Rafael နှင့် ထိုင်း DTI ကြား ထို spike ATGM ကိစ္စအတွက် Phase I နှင့် II ဟူ၍ ဆွေးနွေးနေတာဖြစ်ပါတယ်။ စာချုပ်ပါ Phase I အရ Rafael နှင့် DTI ကြား ‌ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရမှာပါ။ ထိုင်းနိုင်ငံ၌ Rafael ကနေ စက်ရုံလာရောက်တည်ဆောက်မှာဖြစ်ပြီး ထိုင်းကနေတစ်ဆင့် spike ATGM များကို အာရှဈေးကွက်၌ ဖြန့်ရန်အတွက် ဖြစ်နိုင်ပါတယ်။ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုအောင်မြင်သည့်အခါ ထိုင်း DTI သို့ နည်းပညာလွှဲပြောင်းပေးမှာဖြစ်ပါတယ်။

ထိုအခါ ထိုင်းပြည်တွင်းစက်ရုံ၌ Spike ATGM နည်းပညာများကို ဆင့်ဖွားထုတ်လုပ်လာနိုင်မှာဖြစ်ပြီး ထိုင်းကြည်းတပ်၌ လိုအပ်သလောက်တပ်ဆင်လာနိုင်မှာဖြစ်ပါတယ်။





ယမန်နေ့  ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့ဟာ အမေရိကန်လေတပ်၏ B-21 Raider ဆဌမမျိုးဆက် ကိုယ်ပျောက် မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်က...
11/11/2023

ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့ဟာ အမေရိကန်လေတပ်၏ B-21 Raider ဆဌမမျိုးဆက် ကိုယ်ပျောက် မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကို ပထမဆုံးစတင်စမ်းသပ်ပျံသန်းခဲ့ပြီဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ရုရှားလေတပ်၏ Mi-28 ရဟတ်ယာဉ် (၄၁)နှစ်မြောက်မွေးနေ့မှာပင် B-21 Raider ကို စပြီးစမ်းသပ်ပျံသန်းခဲ့တာပါ။ Northrop Grumman ကုမ္ပဏီဟာ ယခုတာဝန်ထမ်းဆောင်နေသည့် B-2 Spirit ဗုံးကြဲလေယာဉ်ကြီးများနေရာတွင် အစားထိုးရန် B-21 ကို တီထွင်ခဲ့တာဖြစ်ပါတယ်။

ထိုသို့ B-21 Raider ၏ ပထမဆုံးစမ်းသပ်ပျံသန်းမှုကို အမေရိကန်နိုင်ငံ California ပြည်နယ်ရှိ Palmade ရှိ Northrop Grumman ပိုင် Air Force Plant 42 ၌ နိုဝင်ဘာလ ၁၀ရက် နံနက် (၆)နာရီ (၅၁)မိနစ်တွင် စတင်ပျံသန်းခဲ့ပြီး အမေရိကန်ပြည်သူများနှင့် အမေရိကန်စစ်ဘက်ကျွမ်းကျင်သူများမှ မှတ်တမ်းတင် ဓာတ်ပုံများစွာရိုက်ကူးနိုင်ခဲ့ပါတယ်။ First flight ဟာ မိနစ် ၉၀ (တစ်နာရီခွဲ) အထိကြာခဲ့ကြောင်း ‌သွားရောက်ကြည့်ရှုသူအများစုကပြောကြပါတယ်။

ထိုသို့စမ်းသပ်မှုကို အမေရိကန်လေတပ်ပင်မစမ်းသပ်ရေးဌာန နှင့် အမှတ် (၄၁၂) စမ်းသပ်အုပ်တို့ကနေ ထိန်းကျောင်းပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ အမေရိကန်သမိုင်းတွင် ကမ္ဘာ့ပထမဆုံး ဆဌမမျိုးဆက် မဟာဗျူဟာမြောက် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို စတင်စမ်းသပ်ပျံသန်းနိုင်ခဲ့သည့်အတွက် ဂုဏ်အယူရဆုံး အခိုက်အတန့်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ထိုသို့ စမ်းသပ်ပျံသန်းမှုမတိုင်မီ လွန်ခဲ့သည့်ရက်သတ္တပတ်ကတည်းက Taxi Test ကို လုပ်ခဲ့တာဖြစ်ပြီး အောင်မြင်ခဲ့သည့်အတွက် ယခုလို First flight အဆင့်ကိုတက်လာခဲ့တာဖြစ်ပါတယ်။

B-21 Raider ၏ အနောက်ပိုင်း Shape ဟာ မိခင် B-2 Spirit နှင့်လုံးဝမတူညီတော့ဘဲ များစွာကွဲပြားခြားနားသွားခဲ့ပြီး အရွယ်အစားအရလည်း ပိုမိုသေးငယ်တာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပါတယ်။

B-21 Raider ဟာ စာရေးသူ၏ အမြင်အာရုံ၌ B-2 ထက်ပင် ပိုမိုကျော့ရှင်းလှပနေခဲ့ပါတယ်။ လေ့လာသူတစ်ဦးမှ ရိုက်ကူးခဲ့သည့် ဓာတ်ပုံကို အနီးကပ်ကြည့် zoom ဆွဲလိုက်ရာ B-21 ၏ အရှေ့ဘီးဖုံး၌ CERBERUS ခွေးပုံကြီး ရေးခြယ်ထားသည်ကို သတိထားမိခဲ့ကြပါတယ်။

B-2 ၏ နောက်၌ Spirit (စိတ်ဝိဉာဉ်) ဟူသည့် နာမည်တွဲတစ်ခုပါရှိသလို B-21 ၌လည်း Raider (စီးနင်းသူ) ဟူသည့်နာမည်တွဲပါရှိပါတယ်။ ထိုနာမည်အပြင် ယမန်နေ့ကမြင်ရသည့် CERBEUS ဟာလည်း နောာက်ထပ်နာမည်ပြောင်အသစ်ဖြစ်ဖို့များပါတယ်။ CERBEUS ဟူသည့် စကားလုံးမှာ ဂရိဒဏ္ဌာရီလာ ‌ငရဲဂိတ်ပေါက်ကိုစောင့်သော ဦးခေါင်းသုံးလုံးပါ ခွေးကိုရည်ညွှန်းတာဖြစ်ပါတယ်။ ၎င်းနာမည်ဟာ B-21 ကိုပဲ့ နာမည်ပြောင်အသစ်ထည့်တာလား၊ Prototype အတွက်ပဲ့လားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

၎င်းဘီးဖုံးဘေး၌ အနီရောင်အင်တင်နာတိုင်တစ်ခုနှင့် လေယာဉ်အနောက်ဘက်၌ ဝါယာကြိုးရှည်တစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ ၎င်းကိရိယာများဟာ လေယာဉ်ကြီးစမ်းသပ်ရာ၌ ရရှိလာမည့်အချက်အလက်များကို အသေးစိတ်စုဆောင်းရသည့်ကိရိယာဖြစ်ပြီး အထူးသဖြင့် လေတိုက်နှုန်း၊ လေယာဉ်အင်ဂျင်လေဝင်ပေါက်သို့ဝင်လာသည့် လေနှင့် ခရီးဝေးပျံသန်းမှုစသည့် လေကြောင်းအတိုင်းအတာများကို ဒေတာအဖြစ်ကောက်ယူမှတ်တမ်းတင်ကြတာဖြစ်ပါတယ်။ သို့မှသာ လေယာဉ်၏ တည်ဆောက်ပုံအားသာချက်၊ အားနည်းချက်များကို ဝေဖန်ပိုင်းခြားသုံးသပ်နိုင်မှာဖြစ်ပါတယ်။

B-21 ၏ ဝမ်းဗိုက်ပိုင်းဟာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ B-2 လောက်အရွယ်အစားမကြီးသော်လည်း အထိုက်အလိုက်တော့ လက်နက်သယ်ဆောင်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ B-21 လက်နက်ခန်းဟာ B-2 ထက်ပြုပြင်ရပိုမိုလွယ်ကူပြီး အမျိုးမျိုးသော နျူထိပ်ဖူးတပ် ပဲ့ထိန်းဒုံးများ၊ ဗုံးများအပြင် ဝေဟင်မှ ပစ်လွှတ်ရသော ဒရုန်းများကိုပါ ပစ်ခတ်စစ်ဆင်နိုင်ရန် ဖန်တီးထားကြောင်း The Drive Warzone ကနေ ဆိုထားပါတယ်။

B-21 ဝမ်းဗိုက်ထဲ ၌ နျူထိပ်ဖူးတပ်ပဲ့ထိန်းဒုံးများနှင့် ဗုံးများစသည့် ‌ပင်မတာဝန်ဖြစ်သော မြေပြင်ပစ်ကူပေးရေးစစ်ဆင်ရေးအတွက် တပ်ဆင်မည့် လက်နက်များအတွက် အခန်းကြီးတစ်ခန်းပါရှိမည်ဖြစ်ပြီး ဘေးမှ ဝန်းရံထားသည့် အခန်းငယ်နှစ်ခန်း၌ ဝေဟင်မှ ဝေဟင်ပစ်ဒုံးများ ( သို့မဟုတ်) ဝေဟင်မှ မြေပြင်ပစ် ရေဒါဖျက်ဒုံးများ (သို့မဟုတ်) မောင်းသူမဲ့လေယာဉ်များကို တပ်ဆင်နိုင်မှာဖြစ်ကြောင်း စစ်ဘက်သုံးသပ်များက ခန့်မှန်းနေကြပါတယ်။ သို့သော် မိခင်ကုမ္ပဏီ Northrop Grumman မှ ဤကိစ္စနှင့်ပတ်သက်၍ တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။

ယခု စမ်းသပ်ပျံသန်းသည့် B-21 (0001) ကနဦးစမ်းသပ်ဗုံးကြဲလေယာဉ်အပါအဝင် (၆)စီးအထိ တည်ဆောက်ထားပြီးဖြစ်ကြောင်း Northrop Grumman က နေပြောထားပါတယ်။ များမကြာမီကာလတွင် အမေရိကန်လေတပ်၏ ပထမဆုံး B-21 Raider ဗုံးကြဲလေယာဉ်ကြီးများကို California ပြည်နယ်ရှိ Edward လေတပ်စခန်း၌ စတင်တပ်ဖြန့်မှာဖြစ်ကြောင်း အမေရိကန်လေတပ်ဘက်က အတည်ပြုထားပါတယ်။





Address


Alerts

Be the first to know and let us send you an email when Military Reviewer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share