မီးဒုတ် - မကွေး

  • Home
  • မီးဒုတ် - မကွေး

မီးဒုတ် - မကွေး News / Media

Hello all guys ... Happy New Year ... Say me Welcome Back 😎
07/01/2023

Hello all guys ... Happy New Year ... Say me Welcome Back 😎

24/02/2022

ပေါက်မြို့နယ် ရေပြာရဲစခန်းကို PDF ၃ ဖွဲ့ဝင်တိုက်ရာ စခန်းမှူးအပါအဝင် ၅ ဦးသေဆုံး (ရုပ်သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်က ရေပြာရဲစခန်းကို PDF ၃ဖွဲ့ဝင်တိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် စစ်ကောင်စီဘက်က ၅ဦးသေဆုံးခဲ့တယ်လို့ ရေစကြို PDF တာဝန်ခံဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ရက် ညနေ ၄နာရီ ဝန်းကျင်က ဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းကို မီးမရှို့နိုင်ခဲ့ဘူးလို့ ရေစကြိုPDF တာဝန်ခံက ပြောပါတယ်။

" စခန်းကိုတော့မီးမရှို့လိုက်ရဘူး၊ဘာပြုလို့လည်းဆိုတော့ စစ်တပ်ကမတအားကို လိုက်ပစ်နေတာ၊ကျနော်တို့အဖွဲ့တွေလည်း ခွေးလိုပြေးခဲ့ရတယ်၊ကျနော်တို့ရဲဘော်တွေကျဆုံးမှုတော့မရှိဘူးဗျ၊ထိခိုက်ဒဏ်ရာရရှိမှုတော့ရှိပါတယ် ဒါတွေ NUG က ဘယ်သိမလဲ" လို့ People Defence Force Yesagyo တာဝန်ခံကပြောပါတယ်။

ရေပြာရဲစခန်းကို မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နှင့်ပေါက်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးဒုတ် - မကွေး
၂၄.၂.၂၀၂၂

ချောက်မြို့မှာ လူငယ် ၂၀ဦးနီးပါးဖမ်းဆီးခံရမကွေးတိုင်း၊ ချောက်မြို့မှာ ဖေဖော်ဝါရီ ၂၁ရက်က လူငယ် ၃ဦးကို စတင်ဖမ်းဆီးခဲ့ရာကနေ ...
24/02/2022

ချောက်မြို့မှာ လူငယ် ၂၀ဦးနီးပါးဖမ်းဆီးခံရ

မကွေးတိုင်း၊ ချောက်မြို့မှာ ဖေဖော်ဝါရီ ၂၁ရက်က လူငယ် ၃ဦးကို စတင်ဖမ်းဆီးခဲ့ရာကနေ ဒီကနေ့အချိန်အထိ လူငယ် ၂၀ဦး နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုစာရွက်များကိုင်ထားတဲ့ လူငယ် ၃ ဦးကို ချောက်မြို့၊ ရွှေပုံတောင် စိမ်းလန်းစိုပြေရေးနယ်မြေမှာ ဖမ်းဆီးသွားခဲ့ပြီး နောက်ထပ် သူငယ်ချင်းဖြစ်သူတွေကိုပါ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုကို မကွေးလူထုလှုပ်ရှားမှု ဦးဆောင်ကော်မတီက စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံထားရသူ လူငယ်အားလုံးဟာ ချောက်မြို့ ဒေသခံတွေဖြစ်ကြောင်း အနည်းဆုံးအမျိုးသမီးငယ် ၅ဦး အပါအဝင် ဖြစ်တယ်လို့ ပြောပါတယ်။

"ကလေးတွေက ငယ်သေးတယ်ဗျ ကံမကောင်းလို့ ထောင်ကျသွားရင် မိဘတွေတော့ ရင်ကျိုးရပြီဗျ" လို့ မကွေးလူထုလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုချစ်ဝင်းမောင်က ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ လူငယ်တွေ အားလုံးကို မိသားစုနဲ့အဆက်အသွယ်ဖြတ်ထားပြီး ချောက်မြို့က ဗိုလ်အိမ်ခြောက်ဆယ်မှာ ဖမ်းဆီးထားတာဖြစ်တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

မီးဒုတ် - မကွေး
၂၄.၂.၂၀၂၂

မကွေမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒီနေ့ နေ့လည် ၁၁ နာရီ ၁၅ မိနစ်ခန့်က တစ်ကြိမ် ၁၂ နာရီ ၁၅ မိနစ်ခန့်က တစ်ကြိမ် ကြီးမားသော...
24/02/2022

မကွေမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒီနေ့ နေ့လည် ၁၁ နာရီ ၁၅ မိနစ်ခန့်က တစ်ကြိမ် ၁၂ နာရီ ၁၅ မိနစ်ခန့်က တစ်ကြိမ် ကြီးမားသောပေါက်ကွဲသံများ ထပ်မံကြားခဲ့ကြောင်း အဆိုပါပေါက်ကွဲသံများကြားရသည်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နှစ်ခြောက်လုံး အထိမ်းအမှတ်သပိတ်အပြီး နောက်နှစ်ရက်ဆက်တိုက် ရှိပြီဖြစ်ကြောင်းသတင်းရရှိသည်။

စစ်ကောင်စီနှင့် ဒေသတွင်း PDF အဖွဲ့ တို့သည်မည်သို့သောရည်ရွယ်ချက်များဖြင့်လုပ်ဆောင်နေကြသည်ကို မသိရှိရသည့်အတွက် ပြည်သူများ အနေဖြင့် အထူးသတိထားနေထိုင်ကြရန်နှိုးဆော်အပ်ပါသည်။

မီးဒုတ် - မကွေး
၂၄.၂.၂၀၂၂

မကွေးမြို့နှင့်အနီးတစ်ဝိုက် ကြီးမားသောပေါက်ကွဲသံများကြားရမကွေးမြို့နယ်ခံ ပြည်သူများ၏ပြောပြချက်အရ ဒီနေ့ နေ့လည် ၁၂ နာရီကျေ...
23/02/2022

မကွေးမြို့နှင့်အနီးတစ်ဝိုက် ကြီးမားသောပေါက်ကွဲသံများကြားရ

မကွေးမြို့နယ်ခံ ပြည်သူများ၏ပြောပြချက်အရ ဒီနေ့ နေ့လည် ၁၂ နာရီကျော်ခန့်က တစ်ကြိမ် ၁ နာရီခွဲခန့်က တစ်ကြိမ် ကြီးမားသော ပေါက်ကွဲတဲ့အသံကြားခဲ့ကြောင်း အိမ်ပြူတင်းပေါက်များပင် တုန်ခါသွားကြောင်း မည်သည့်နေရာတွင် ပေါက်ကွဲလဲတော့မသိသေးဘူး လို့ ပေးပို့လာတာဖြစ်ပါတယ်။

မကွေးမြို့သည် နယ်မြေခံ PDF အဖွဲ့များမှ Mytel ဖုန်းတိုင်နှင့် EPC ရုံးအစရှိသည်တို့ကို မကြာခဏဗုံးထောင်ဖောက်ခွဲမှုများ ပြုလုပ်လေ့ရှိသောမြို့ဖြစ်သလို စစ်ကောင်စီ လက်နက်ထုတ်လုပ်ရေးတပ် အခြေစိုက်ရာ မလွန်မြို့ဘက်မှ လက်နက်စမ်းသပ်ပစ်ခတ်သံများလည်း မကြာခဏကြားရလေ့ရှိသည်။

မီးဒုတ် - မကွေး
၂၃.၂.၂၀၂၂

မင်းတုန်းမြို့ PDF စခန်း ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် ကျား/မ လေးဦး(သေ)၊ မ နှစ်ဦး အရှင် ဖမ်းဆီးခံရ ဇန်နဝါရီ ၂၉ ရက်နေ့က မ...
31/01/2022

မင်းတုန်းမြို့ PDF စခန်း ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် ကျား/မ လေးဦး(သေ)၊ မ နှစ်ဦး အရှင် ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၉ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာအနီး၌ စခန်းချနေထိုင်သည့် PDF စခန်း ဝင်ရောက်ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် ကျား/မ လေးဦး(သေ)၊ မ နှစ်ဦး ဖမ်းဆီးခံရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် နယ်ကြားနေရာဖြစ်ပြီး သစ်ပင်ကြီးများနှင့် ဝါးတောများထူထပ်သည့်နေရာဖြစ်ကြောင်း သိရသည်။

“အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးက သေတယ်။ အမျိုးသမီး နှစ်ဦးက အဖမ်းခံရတယ်လို့တော့ ကြားတာဘဲ” လို့ မင်းတုန်းမြို့ နယ်ခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း၌ PDF အဖွဲ့ ပိုင်ဆိုင်သည့်စခန်းနှင့် အသုံးအဆောင်များကို မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်းသိရှိရသည်။

မီးဒုတ် - မကွေး
၁.၂.၂၀၂၂

ဇန်နဝါရီလ ၃၁ ရက်နေ့ကကျင်းပသည့်  အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး၌ ဒုသမ္မတဟောင်း မြင့်ဆွေ က အရေးပေါ် အခြ...
31/01/2022

ဇန်နဝါရီလ ၃၁ ရက်နေ့ကကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး၌ ဒုသမ္မတဟောင်း မြင့်ဆွေ က အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား ၆လ သက်တမ်းတိုးပေးလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မီးဒုတ် - မကွေး
၁.၂.၂၀၂၂

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးတို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ...
31/01/2022

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးတို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ က သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

မီးဒုတ် - မကွေး
၁.၂.၂၀၂၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခမရ ၂၅၈ တပ်ရင်းမှ တပ်သား အာဘဲလက် လက်နက်၊ ကျည်ဆန်များနှင့်အတူ CDM ပြုလုပ်၊ လွတ်မြောက်နယ်မြေသ...
31/01/2022

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခမရ ၂၅၈ တပ်ရင်းမှ တပ်သား အာဘဲလက် လက်နက်၊ ကျည်ဆန်များနှင့်အတူ CDM ပြုလုပ်၊ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခမရ ၂၅၈ တပ်ရင်းမှ တပ်သား အာဘဲလက် သည် လက်နက်၊ ကျည်ဆန်များနှင့်အတူ CDM ပြုလုပ်လာသဖြင့် လက်ခံပြီး လွတ်မြောက်နယ်မြေပို့ဆောင်လိုက်ကြောင်း PDF ရေစကြိုPeople Defense Force Yesagyoက သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ် ( ၂၅၈) တပ်ရင်းမှ တပ်သား အာဘဲလက် သည် MA-2 ( ၁ ) လက်၊ ကျည်ဗောက် ( ၅ ) ဗောက် ၊ကျည် ( ၁၃၅) နှင့်အတူအကြမ်းဖက်စစ်ကောင်စီအား CDM ပြုလုပ်ကာရေစကြိုမြို့နယ် PDF ထံသို့ အလင်းဝင်ပူးပေါင်းလာခဲ့ကြောင်း၊ ရေစကြိုမြို့နယ်PDF က လက်နက်အားလက်ခံကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

မီးဒုတ် - မကွေး
၁.၂.၂၀၂၂

အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်အတွင်း သယ်ဆောင်လာသော လက်လုပ်မိုင်းပေါက်ကွဲမန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၂၆လမ်းနှင့်...
31/01/2022

အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်အတွင်း သယ်ဆောင်လာသော လက်လုပ်မိုင်းပေါက်ကွဲ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၂၆လမ်းနှင့်၆၃ လမ်းထောင့်တွင် ဇန်နဝါရီ(၃၁)ရက် နံနက်၅နာရီခွဲခန့်အမျိုးသားတစ်ဦး၏ စကူဖီဆိုင်ကယ်အတွင်း သယ်ဆောင်လာသော လက်လုပ်မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုဖြစ်မှာ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ဇေယျာဘုံရပ်ကွက်၊ ၂၆လမ်းနှင့်၆၃လမ်းထောင့်တွင်ဇန်နဝါရီလ၃၁ရက်နံနက်၅နာရီ၃၀မိနစ်အချိန်က ချမ်းမြသာစည်မြို့နယ်နေသူ ဦးချစ်ဇော်ဆိုသူ၏ စကူဖီဆိုင်ကယ်အနက်ရောင်အတွင်း သယ်ဆောင်လာသော လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဦးချစ်ဇော်၏ ဘယ်ဘက်လက်ကောက်ဝတ်မှပြတ်၊ညာဘက် တံတောင်ဆစ်အောက်ပြတ်၊ဘယ်ခြေထောက် ခြေခြင်းဝတ်မှ ပြတ်၊ညာခြေထောက်ဒူးအောက်မှပြတ်၊မျက်နှာစုတ်ပြဲ ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး၎င်းအား လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရ
ကြောင်း စုံစမ်းသိရှိရသည်။

မီးဒုတ် - မကွေး
၁.၂.၂၀၂၂

အသံတိတ်သပိတ်မှာ မပါဖို့ လော်နဲ့ လိုက်အော်နေတဲ့သူ သေနတ်နဲ့ပစ်ခံရ=======================ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြ...
28/01/2022

အသံတိတ်သပိတ်မှာ မပါဖို့ လော်နဲ့ လိုက်အော်နေတဲ့သူ သေနတ်နဲ့ပစ်ခံရ
=======================

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့မှာ အသံတိတ်သပိတ်ကို မပါဝင်ဖို့လိုက်အော်နေသူတဦး သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၈ရက် ဒီနေ့မနက်ပိုင်း တံခွန်တိုင်ရွာ အနောက်ပိုင်းမှာ လော်နဲ့ လိုက်အော်နေတဲ့အချိန် ပစ်ခံလိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။

"အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်တာတွေမလုပ်ဖို့ ဆိုင်ကယ်နဲ့လိုက်အော်နေတာ အဲဒါကိုပစ်သွားတာ နတ်တလင်းဆေးရုံကနေ ပြည်ဆေးရုံပို့လိုက်ပြီ သေတယ်လို့တော့ မကြားသေးဘူး သူကပြည်သူ့ချဉ်ဖတ်လေ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကို နတ်တလင်းမြို့ရဲ့ နတ်စစ်သည် PDF က "ဆိုင်မပိတ်ဖို့ လော်နဲ့ လိုက်အော်နေတဲ့ ဒလံတယောက်ငရဲပို့"ဆိုပြီး အတည်ပြုပြောဆိုထားပါတယ်။

သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ အသက် ၄၀အရွယ် ကျော်မင်းသူဆိုတဲ့ အမျိုးသားဟာ ပြည်ဆေးရုံကြီးကို ပို့လိုက်ပြီး ‌သေဆုံးခြင်းရှိ မရှိကိုတော့ အတည်ပြုနေဆဲဖြစ်ပါတယ်။

မီးဒုတ် - မကွေး
၂၈.၁.၂၀၂၂

Silent Strike (အသံတိတ်သပိတ်)ပြုလုပ်မည့်နေ့အား ဆိုင်းငံ့ရန် NUG နှင့် CRPH တို့ကြေညာချက်ထုတ်ပြန်Silent Strike (အသံတိတ်သပိ...
28/01/2022

Silent Strike (အသံတိတ်သပိတ်)ပြုလုပ်မည့်နေ့အား ဆိုင်းငံ့ရန် NUG နှင့် CRPH တို့ကြေညာချက်ထုတ်ပြန်

Silent Strike (အသံတိတ်သပိတ်)ပြုလုပ်မည့်ပြည်သူများအား ကြိုတင်ဖမ်းဆီးခြင်း ဆိုင်များအားချိတ်ပိတ်ခြင်းတို့ကို စစ်ကောင်စီက အတင်းအဓမ္မပြုလုပ်လာသောကြောင့် ယခင်ကြေညာထားသည့် ၁-၂-၂၀၂၂ Silent Strike (အသံတိတ်သပိတ်)ပြုလုပ်မည့်နေ့အား နောက်သို့ရွေ့ဆိုင်းလိုက်ကြောင်း ကြေညာချက်တွင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

မီးဒုတ် - မကွေး
၂၈.၁.၂၀၂၂

Silent Day ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဆိုင်ပိတ်ကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့သည့် ဆိုင်ပိုင်ရှင်အချို့...
27/01/2022

Silent Day ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဆိုင်ပိတ်ကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့သည့် ဆိုင်ပိုင်ရှင်အချို့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရ
==========================

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆိုင်အချို့၌ Silent Day ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကို ဆိုင်ပိတ်ကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့သည့် ဆိုင်ပိုင်ရှင်အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၎င်းတို့ဆိုင်များအား ချိတ်ပိတ်ခံခဲ့ရကြောင်းသိရှိရသည်။

မကွေးတိုင်းဒေသကြီး မကွေးခရိုင်နှင့် မင်းဘူးခရိုင်တို့တွင်လည်း ဒီနေ့ ၂၇ ရက်နံနက်ပိုင်းက လုပ်ငန်းရှင်များ၊ ဈေးဆိုင်းပိုင်ရှင်များ၊ စက်သုံးဆီဆိုင်ပိုင်ရှင်များ၊ မော်တော်ယာဉ်လိုင်းလုပ်ငန်းများနှင့် လမ်းဘေးပျံကျဈေးဆိုင်လုပ်ငန်းများပါမကျန် အစည်းအဝေးခေါ်ယူ၍ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လုပ်ငန်းများ ပုံမှန်လည်ပတ်ဖို့ ဖိအားပေးပြောဆိုခဲ့ကြောင်း လိုက်နာမှုမရှိက စည်ပင်သာယာဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်းခေါ်ယူသတိပေးခဲ့သည်ဟု သိရှိရသည်။

မကွေးတိုင်းဒေသကြီး အတွင်းရှိဈေးဆိုင်များမှ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ Silent Day အထိမ်းအမှတ်အဖြစ် ၎င်းတို့ဈေးဆိုင်မျာကို ၁ ရက် ပိတ်မည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားခြင်းမျိုးမတွေ့ရှိသေးကြောင်း မကွေးဒေသခံအချို့၏ ပြောပြချက်အရ သိရှိသည်။

မီးဒုတ် - မကွေး
၂၇.၁.၂၀၂၂

24/01/2022

ပခုက္ကူ KBZ ဘဏ်ဖောက်ခွဲခံရ (ရုပ်/သံ)

မီးဒုတ် - မကွေး

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့မှ ပြည်သူ့အသံမကွေးတိုင်းဒေသကြီး မြို့သစ်ရဲစခန်းမှလောင်းကစားဝိုင်းများကိုခကြေးငွေယူပြီး လ...
24/01/2022

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့မှ ပြည်သူ့အသံ

မကွေးတိုင်းဒေသကြီး မြို့သစ်ရဲစခန်းမှလောင်းကစားဝိုင်းများကိုခကြေးငွေယူပြီး လောင်းကစားဝိုင်းများဖွင့်လှစ်ထားပါတယ်။

လောင်းကစားဝိုင်းနေရာကတော့ မြို့သစ်မြို့နယ် မကြီးထူအုပ်စု ရွာသစ်ကျေးရွာ၏အရှေ့ဖက်သရက်ခြံတွင်ဖွင့်လှစ်ထားပါတယ်
ပုံကတော့ ဒီနေ့လုပ်နေတဲ့ ကြက်ဝိုင်းပုံဖြစ်ပါတယ်ခင်ဗျာ
လို့ ပြည်သူတစ်ဦးက သတင်းပေးပို့လာပါတယ်

မီးဒုတ် - မကွေး
၂၄.၁.၂၀၂၂

လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြုလုပ်မည့် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပြည်တော်ဝင်ဖို့ရုန်းကြစို့ အသံတိတ်...
24/01/2022

လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြုလုပ်မည့် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပြည်တော်ဝင်ဖို့ရုန်းကြစို့ အသံတိတ်သပိတ်နှင့် လက်ခုပ်သပိတ်ပြုလုပ်မည့်နေ့မှစ၍ မသာဈေးတိုးမြှင့်သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီထုတ်ပြန်

မီးဒုတ် - မကွေး
၂၄.၁.၂၀၂၂

24/01/2022

မီတာခ‌‌ကောက်သူများကို PDF က တားဆီးပြီး ကောက်ခံရရှိငွေများအားသိမ်းဆည်း

ရေနံချောင်းမှာ မီတာခကောက်ပြီး မြို့နယ်ရုံးလျှပ်စစ်ရုံးကိုလာပေးတဲ့ဝန်ထမ်း ၄ ဦးကို တားဆီးပြီး ငွေတွေကိုသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာက ကောက်ယူလာတဲ့ မီတာခတွေကို ရေနံ‌ချောင်းမြို့နယ်လျှပ်စစ်ရုံးကိုလာပေးတဲ့အချိန်မှာ တားဆီးခဲ့တာဖြစ်ပြီး ပါလာတဲ့ပိုက်ဆံတွေကိုသိမ်းဆည်းခဲ့တယ်လို့ People's Defence Force-Yenangyaung တာဝန်ခံက ပြောပါတယ်။

" ငွေကတော့ ၈ သိန်းပါ၊ အုပ်ချုပ်‌ရေးမှူးနဲ့ ၃ ဦးပါတယ်၊ သူတို့ကို ပြင်းပြင်းထန်ထန် သတိပေး ဆုံးမခဲ့ပါသေးတယ်၊အဲဒီငွေကျပ် ၈ သိန်းကို လိုအပ်တဲ့နေရာတွေမှာအသုံးချသွားမှာပါ " လို့ ပြောပါတယ်။
ဒီလုပ်‌ဆောင်ချက်ကို ရေနံချောင်းPDFနဲ့ Rangers Of Tropical Land - ROTLတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

မီးဒုတ် - မကွေး
၂၄.၁.၂၀၂၂

ပွင့်ဖြူမြို့နယ်က ပြည်သူ့အသံမကွေးတိုင်းဒေသကြီး တာဝန်ရှိသူများသိရှိစေရန်မကွေးတိုင်းမင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပွင့်ဖြ...
24/01/2022

ပွင့်ဖြူမြို့နယ်က ပြည်သူ့အသံ

မကွေးတိုင်းဒေသကြီး တာဝန်ရှိသူများသိရှိစေရန်
မကွေးတိုင်းမင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပွင့်ဖြူမြို့မရဲစခန်း အပိုင် ညောင်ပင်ရွာ ကျေးရွာတွင် လောင်းကစားဝိုင်းများတွင်ကျယ်စွာ လုပ်ဆောင်နေမှုအပေါ်အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ကျေးရွာနေတာဝန်သိပြည်သူတစ်ဦးမှ အကြောင်းကြားအပ်ပါသည်။

ထိုကဲ့သို့ လုပ်ဆောင်နေသည်မှာ အချိန်ကြာမြင့်နေပါ၍
ကျေးရွာနေလူငယ်အများအပြား သက်ကြီးရွယ်အို မိန်းမသားပါမကျန် လောင်းကစားသမား လောဘသားများရဲ့ သားကောင်တွေ ဖြစ်နေကြပါပြီ
နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေး အခက်တွေ့နေချိန်ယခုကဲသို့သော လောင်းကစားဝိုင်းများကြောင့် တောင်ယာလယ်လုပ် လက်လုပ်လက်စား ဘဝများ ဒုက္ခ မရောက်စေရန်ရည်ရွယ်၍ ကျေးရွာနေတာဝန်သိပြည်သူ တစ်ဦးမှ တင်ပြအပ်ပါသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူ မြို့နယ် မြို့မရဲစခန်းအပိုင် ညောင်ပင်ရွာကျေးရွာမှာ စ.က.စ နဲ့ လက်အောက်ခံ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အခကြေးငွေ ကောက်ခံ၍ လောင်းကစားဝိုင်များ ပေါ်တင်လုပ်ဆောင်နေပါတယ်ခဗျာ.... လို့ပြည်သူတစ်ဦးက ရင်ဖွင့်ပြောဆိုလာပါတယ်။

မီးဒုတ် - မကွေး
၂၄.၁.၂၀၂၂

24/01/2022

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးအစည်းအဝေး အသံဖိုင်ပေါက်ကြား
(စ-ဆုံး)

မီးဒုတ် - မကွေး
၂၄.၁.၂၀၂၂

စစ်ကိုင်းနဲ့ မကွေးကို စစ်ကောင်စီ အင်အား ၁၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေ၊ ပြန်တိုက်တော့မှာဖြစ်လို့ ပြည်သူတွေစစ်ရေးသတိရှိက...
21/01/2022

စစ်ကိုင်းနဲ့ မကွေးကို စစ်ကောင်စီ အင်အား ၁၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေ၊ ပြန်တိုက်တော့မှာဖြစ်လို့ ပြည်သူတွေစစ်ရေးသတိရှိကြဖို့ ဗိုလ်ဂျပန်ပြော

စစ်ကိုင်းနဲ့ ‌မကွေးကို အင်အား ၁၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးခံနေရပြီး ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) ရဲ့တပ်ခွဲ ၂ ခုကို မနေ့က မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဗိုလ်ဂျပန်ဆီက ပြောပါတယ်။

အင်အားများတဲ့အပြင် လက်နက်အစုံအလင်နဲ့ တင့်ကားတွေလည်းပါလို့ ရွာတွေအထိနာမှာ စိုးရိမ်တာကြောင့် နောက်ဆုတ်ပေးလိုက်ရပြီး တပ်ခွဲ ၁၉နဲ့ တပ်ခွဲ ၂၁ စခန်း‌တွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့သွားတယ်လို့ ပြောပါတယ်။

"ပတ်ချာလည်စစ်ကြောင်းထိုးလာကြတာ၊ တင့်ကား ၄ စီးလောက်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်ကတော့ အစုံပဲ၊ အင်အား ၁၀၀၀ ကျော်ဆိုတော့ ကျနော်တို့ကအနေအထားကတော့ တိုက်ရင်တော့ ပတ်ချာလည်ရွာတွေကတော့ကြေမှာပဲ၊ အဲလိုမျိုးစဉ်းစားပြီးတော့ ရှောင်ပေးလိုက်တယ်ပေါ့" လို့ PRA ရဲ့ ခေါင်းဆောင် ဗိုလ်ဂျပန်က ပြောပါတယ်။

ရဲဘော်အားလုံး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပေမယ့် စခန်းတွေမီးရှို့ခံရတဲ့အပြင် စစ်ကောင်စီဘက်က ဒီနေ့အထိ စစ်ကြောင်းထိုးနေတုန်းဖြစ်တယ်လို့ ပြောပါတယ်။

"အခုအနေအထားအရတော့ ကျနော်တို့ပြန်တိုက်မယ်လို့ လုံးဝဆုံးဖြတ်ပြီးတော့မှ ပြည်သူတွေကိုလည်း စစ်ရေးသတိရှိကြပါဆိုပြီးတော့ပြောချင်ပါတယ်" လို့ ဗိုလ်ဂျပန်က ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက် မနေ့က နေ့လယ် ၂ နာရီဝန်းကျင်လောက်ကတည်းက စစ်ကြောင်းထိုးဝင်မွှေနေပြီး PRA ရဲ့ စခန်းနားမှာ တပ်စွဲထားခဲ့ပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ စခန်းနားက ပြန်ဆုတ်သွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

မီးဒုတ် - မကွေး
၂၁.၁.၂၀၂၂

ဖြိုးဇေယျာသော် (ခ)မောင်ကျော်(ခ)ရေခဲ နှင့် ကျော်မင်းယု(ခ)ဂျင်မီ တို့အား သေဒဏ်အမိန့်ချမှတ်လိုက်ကြောင်း စစ်ကောင်စီမှ သတင်းထ...
21/01/2022

ဖြိုးဇေယျာသော် (ခ)မောင်ကျော်(ခ)ရေခဲ နှင့် ကျော်မင်းယု(ခ)ဂျင်မီ တို့အား သေဒဏ်အမိန့်ချမှတ်လိုက်ကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်လိုက်သည်။

မီးဒုတ် - မကွေး
၂၁.၁.၂၀၂၂

ရေစကြို PDF အဖွဲ့မှ သင်တန်းဆင်းပွဲများ ပြုလုပ်၊ PDF များ အားကောင်းမှု ကြောင့်  လျှပ်စစ်မီတာခများ မကောက်ယူနိုင်သေးဟုဆို မ...
21/01/2022

ရေစကြို PDF အဖွဲ့မှ သင်တန်းဆင်းပွဲများ ပြုလုပ်၊ PDF များ အားကောင်းမှု ကြောင့် လျှပ်စစ်မီတာခများ မကောက်ယူနိုင်သေးဟုဆို

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ PDF အဖွဲ့မှ တပ်ရင်း(၁) သင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

ရေစကြို PDF အဖွဲ့မှ ထုတ်ပြန်ထားသော ဓါတ်ပုံ၌ သင်တန်းဆင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့နှင့် ဇန်နဝါရီ ၁၀ ရက်နေ့ ဖြစ်ကြောင်း ဖော်ပြထားသည်။ ရေစကြိုမြို့နယ်သည် PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်သလို မြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းများ လျှပ်စစ်ဓါတ်အားခ မကောက်ယူနိုင် သည့် မြို့နယ်တစ်ခုဖြစ်သည်။

“လျှပ်စစ်ဝန်ထမ်းတွေ မီးသွယ်တန်းရေးပြုလုပ်စဉ်က ပစ်သတ်ခံခဲ့ရတယ်။ တရားခံလည်း မမိဘူး။ အခုက မြို့ ပေါ်ရော ရွာဘက်ရော လျှပ်စစ်မီတာခ မကောက်ယူနိုင်တာကြာပြီ။” လို့ လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့အတူ ရေစကြို PDF အဖွဲ့သည် မြို့နယ်ရှိ ရဲကင်စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အလားတူ ရေစကြိုမြို့နယ်၏ မြစ်အခြေခြမ်းဒေသများ၌ အုပ်ချုပ်ရေးမှူးများတာဝန်မှ နုတ်ထွက်မှု ပြုလုပ်ထားသည်။

မီးဒုတ် - မကွေး
၂၁.၁.၂၀၂၂

နတ်မောက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နိုင်ဝင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၎င်းပစ်ခတ်မှုကို ငါးပြေမပြောက်ကျားတပ်ဖွ...
21/01/2022

နတ်မောက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နိုင်ဝင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၎င်းပစ်ခတ်မှုကို ငါးပြေမပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့ကြောင်းသတင်းထုတ်ပြန်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်သန်းတောင်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနိုင်ဝင်းသည် ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပစ်သတ်ခံရလိုက်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

"အုပ်ချုပ်ရေးအမှူး အစည်းအဝေးက ပြန်လာတာသူက ။သေနတ်နဲ့ ပစ်သတ်လိုက်တာ ပွဲချင်းပြီးဆုံးတယ်။ အုပ်ချုပ်ရေးမှူး၊ ဒလန် ပျူစောထီး အဲဒါကြောင့် ကျနော်တို့ရှင်းလင်းတာပါ။ သတိပေးချက်လည်း ထုတ်တယ်" ဟု ငါးပြေမ ပြောက်ကြားတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကဆိုသည်။

မီးဒုတ် - မကွေး
၂၁.၁.၂၀၂၂

ဧရာဝတီတံတား(ပခုက္ကူ)ပေါ်၌ ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်လိုင်း ပိတ်သိမ်းခံရဇန်နဝါရီလ ၁၅ ရက်နေ့က ဧ...
21/01/2022

ဧရာဝတီတံတား(ပခုက္ကူ)ပေါ်၌ ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်လိုင်း ပိတ်သိမ်းခံရ

ဇန်နဝါရီလ ၁၅ ရက်နေ့က ဧရာဝတီတံတား(ပခုက္ကူ) တွင် စလင်းမြို့မှ ပခုက္ကူမြို့သို့မောင်းနှင်လာသော သန်းဆုအောင်ကားအတွင်းမှ ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ၎င်းမော်တော်ယာဉ်နှင့် ပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါသိမ်းဆည်းရရှိမှုနှင့် ပတ်သတ်၍ ဖောက်ခွဲရေး ပစ္စည်းများတင်ဆောင်လာသော မကွေးမြို့ အဝေးပြေးကားဝင်းအတွင်းရှိ သန်းဆုအောင်ကားဂိတ်အား စစ်ကောင်စီအဖွဲ့မှ ဇန်နဝါရီလ ၁၇ ရက်နေ့က ပိတ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

နိုင်ငံအနှံ့ ခရီးသည်တင်ယာဉ်များပေါ်မှ ဖောက်ခွဲရေး ပစ္စည်းများဆက်တိုက်ဆိုသလိုဖမ်းဆီးခံနေရတဲ့အတွက် ဖောက်ခွဲရေးပစ္စည်းများ မပါရှိအောင် သက်ဆိုင်ရာယာဉ်လိုင်းများမှ ပါဆယ်အထုပ်များကို သေချာစစ်ဆေးပြီးမှလက်ခံဖို့နဲ့ ဖောက်ခွဲရေးပစ္စည်းများစစ်ဆေးတွေ့ရှိက တင်ဆောင်လာသော ယာဉ်လိုင်းပိတ်သိမ်းခံရမှာဖြစ်တယ်လို့ စကစနဲ့ နီးစပ်သူထံမှ သတင်းရရှိပါသည်။

ယာဉ်လိုင်းများသတိရှိကြပါ။

မီးဒုတ် - မကွေး
၂၁.၁.၂၀၂၂

ဂန့်ဂေါမြို့နယ်၊ စမ်းချောင်းကျေးရွာအနီးရှိ PDF အဖွဲ့၏ ခံစစ်စခန်း ရှင်းလင်းခံရ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က...
19/01/2022

ဂန့်ဂေါမြို့နယ်၊ စမ်းချောင်းကျေးရွာအနီးရှိ PDF အဖွဲ့၏ ခံစစ်စခန်း ရှင်းလင်းခံရ

ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စမ်းချောင်းကျေားရွာအနီးရှိ PDF အဖွဲ့၏ ခံစစ်စခန်းရှင်းလင်းခံခဲ့ရသည်။

စမ်းချောင်းကျေးရွာအနီးတိုက်ပွဲ၌ PDF အဖွဲ့ထံမှ လက်နက်ခဲယမ်းအချိုနှင့် ရိက္ခာအချို့သိမ်းဆည်းခံခဲ့ရသည်။

“ရွာအနီးမှာ PDF အဖွဲ့က ခံစစ်ကုန်း တည်ဆောက်ထားတာရှိတယ်။ တိုက်ပွဲတွေ ဖြစ်သွားတယ်။ နောက်ဆုံး အခြေအနေတော့ မသိရဘူးလို့” ဒေသခံတစ်ဦးက ပြောဆိုသည်။

မကွေးတိုင်းဒေသကြီး မြောက်ပိုင်းဒေသများဖြစ်သော ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့သည် ဒေသခံ PDF အဖွဲ့များ အားကောင်းခဲ့သည့်ဒေသတစ်ခုဖြစ်သည်။

မီးဒုတ် - မကွေး
၁၉.၁.၂၀၂၂

မန္တလေးဆေးရုံ၌ သေဆုံးသွားသည့် ကလေးငယ်အလောင်းကို ဒီပဲယင်းမြိို့သို့ ပို့ဆောင်ပေးခဲ့သော လူမှုကူညီ ရေးယာဉ်တစ်စီး မိုင်းဆွဲခ...
19/01/2022

မန္တလေးဆေးရုံ၌ သေဆုံးသွားသည့် ကလေးငယ်အလောင်းကို ဒီပဲယင်းမြိို့သို့ ပို့ဆောင်ပေးခဲ့သော လူမှုကူညီ ရေးယာဉ်တစ်စီး မိုင်းဆွဲခံရ

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်ခန့်က မန္တလေးမြို့၊ ဓူဝံဆေးရုံကြီး၌ ဆေးဝါးကုသနေစဉ် သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းကို မန္တလေးမြို့မှ ဒီပဲယင်းမြို့သို့ ပို့ဆောင်စဉ် ပရဟိတမင်း ခေါင် လူမှုယာဉ်တစ်စီးသည် ဘုတလင်မြို့နယ် ကြီးဗဒုန်ကျေးရွာ တံတားအနီး၌ မိုင်းဆွဲတိုက်ခိုက်ခံရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်းကို ဆက်သွယ်မေး မြန်းရာ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ကားလာတဲ့အချိန်မှာ အဲ့မိုင်းက ထကွဲတာ။ ခွဲတာလား။ ကွဲတာ လားတော့ မသိဘူးပေါ့။ လူတွေတော့ ဘာမှမဖြစ်ဘူး။ ကားတွေကတော့ အကုန်ထိသွားတယ်။ ကျောက်စတွေ မှန်တာပေါ့။ ဘက်မှန်ကျိုးသွားတယ်။ ဘယ်ဘက်တံခါးဆို တံခါးပါ ပေါက်ထွက်သွားတယ်” လို့ ပြောသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့၌ မန္တလေးမြို့ ဓူဝံဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးသွားသည့် အသက် ၇နှစ်ကလေးအလောင်ကို နေရပ်ပြန်သယ်ရန် အကူအညီတောင်ခံမှုကြောင့် ပရဟိတမင်းခေါင် လူမှုကူညီရေး အသင်းယာဉ်ဖြင့် လိုက်လံပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ ပို့ဆောင်စဉ် နံနက် ၁၀ နာရီကျော်အချိန်၌ ဘုတလင် မြို့နယ် ကြီးဗဒုန်ကျေးရွာတံတားအနီးအရောက်တွင် လမ်းခင်းသည့် ကျောက်ပုံထဲတွင် ထောင်ထားသည့် မိုင်းပေါက်ကွဲမှု ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်းယာဉ်ကို ထိခိုက်ပျက်စီးခဲ့ပြီး၊ ယာဉ်ပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း အသင်းတာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ ကားတွေက ပြည်သူကို အမှန်တကယ် ကူညီနေတဲ့အတွက် ဒါမျိုးတွေကတော့ မဖြစ်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အဖွဲ့တွေကို ညှာတာထောက်ထားစေချင်တယ်” ဟု ပရဟိတမင်းခေါင် လူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၌ ကိုဗစ်ဆေးဝါးများ သယ်ဆောင်သည့်ယာဉ်များ၊ ပရဟိတယာဉ်များ မိုင်း ဆွဲဖျက်ဆီးခံရမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

မီးဒုတ် - မကွေး
၁၉.၁.၂၀၂၂

ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသ၌ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း၂၉ ဧကကို စကစ ဖျက်ဆီးရှင်းလင်းမကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင...
19/01/2022

ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသ၌ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း၂၉ ဧကကို စကစ ဖျက်ဆီးရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသ၌ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း၂၉ ဧက ကို ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း၌ မကွေးတိုင်းစကစ ကဖျက်ဆီးရှင်းလင်းခဲခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသော PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖော်ထုတ်ချက်ဖြင့် ၎င်းဘိန်းခင်းနေရာများအား ဖော်ထုတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း စကစ အသိုင်းအဝိုင်းထံမှ သတင်းရရှိပါသည်။

မီးဒုတ် - မကွေး
၁၉.၁.၂၀၂၂

စစ်ကောင်စီတပ် ဝိုင်းခံထားရ၍ မြိုင် PDF ၂ ဦး မိုင်းများဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သက္ကယ...
11/01/2022

စစ်ကောင်စီတပ် ဝိုင်းခံထားရ၍ မြိုင် PDF ၂ ဦး မိုင်းများဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သက္ကယ်ကန်ရွာအနီးတွင် စစ်ကောင်စီများ၏ ဝိုင်းဝန်းခြင်းခံရသည့် မြိုင် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း မြိုင် PDF က ယနေ့ (ဇန်နဝါရီ ၁၀ ရက်) တွင် သတင်း ထုတ်ပြန်ခဲ့သည်။
မြိုင်မြို့နယ် တောင်ဘက် ကိုင်းတောမလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် ၊ အနောက်ဘက် ဗဟင်းလမ်း တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ခန့်နှင့် မြောက်ဘက် မင်းသားကျလမ်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈၀ ခန့် စစ်ကြောင်းထိုးကာ တောနင်းရှာဖွေလျက် ရှိကြောင်း သိရသည်။
အဆိုပါ အင်အားအများပြားဖြင့် စစ်ကြောင်းထိုးလျက်ရှိသည့် ဗဟင်းလမ်း သက္ကယ်ကန်ရွာအနီးတွင် မြိုင် PDF တပ်ဖွဲ့ဝင် ၂ ဦးမှာ စစ်ကောင်စီများ၏ ဝိုင်းဝန်းခြင်းကို ခံရခြင်းကြောင့် မိုင်းများဖြင့် အဆုံး စီရင်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မီးဒုတ် - မကွေး
၁၁.၁.၂၀၂၂

မြောင်မြို့နယ်၌ စာသင်ကြားခြင်းမရှိသော ကျောင်းဝန်းအတွင်း လက်လုပ်သေနတ်များအပါအဝင် လက်လုပ် မိုင်းများ တွေ့ရှိ ဇန်နဝါရီ ၁၀ ရ...
11/01/2022

မြောင်မြို့နယ်၌ စာသင်ကြားခြင်းမရှိသော ကျောင်းဝန်းအတွင်း လက်လုပ်သေနတ်များအပါအဝင် လက်လုပ် မိုင်းများ တွေ့ရှိ

ဇန်နဝါရီ ၁၀ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပေါက်တော(အရှေ့)ကျေးရွာ၊ မူလတန်းလွန် ကျောင်းအတွင်း၌ လက်လုပ်သေနတ်များအပါအဝင် လက်လုပ်မိုင်းများ သိမ်းဆည်းခြင်းခံခဲ့ရကြောင်း ဒေသခံ အချို့ကပြောသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြောင်မြို့၏ တောင်ဘက် ၈ မိုင်ခန့်အကွာရှိ ပေါက်တော(အရှေ့)ကျေးရွာရှိ ပိတ်ထားသည့် မူလတန်းလွန်ကျောင်းအတွင်းသို့ တာဝန်ရှိသူများက ဝင်ရောက် ရှာဖွေရာ လက်လုပ်သေနတ်များအပါအဝင် လက်လုပ်မိုင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာရှိ မူလတန်းလွန်ကျောင်းသည် လက်ရှိ ပညာသင်နှစ်၌ ကျောင်းများ ပြန်လည်မဖွင့်နိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်း ဒေသခံ အချို့ကပြောသည်။

ကျောင်းအတွင်းသို့ တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေရာ လက်လုပ်သေနတ်(အတို) ၃ လက်၊ ကားစ လစ်အိုးဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၆ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၂ လုံး၊ ယမ်းထည့်ထားသည့် ဆေးထိုးပိုက် ၂၇ ချောင်းတို့ကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

မြောင်မြို့နယ်သည် ဒေသခံ pdf အဖွဲ့များ အားကောင်းသည့်နေရာတစ်ခုဖြစ်သလို မြောင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းအများစုကိုလည်း လုံခြုံရေးအခြေအနေကြောင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိ သေးပါဘူး။

မီးဒုတ် - မကွေး
၁၁.၁.၂၀၂၂

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သောပြစ်ဒဏ်နှင့်ပတ်သက်၍ ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ထုတ်ပြန်နိုင်ငံ...
11/01/2022

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သောပြစ်ဒဏ်နှင့်ပတ်သက်၍ ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ထုတ်ပြန်

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့နံနက်တွင် ချမှတ်ခဲ့သော ပြစ်ဒဏ်အသစ်ကို ပြင်သစ်နိုင်ငံက ရှုတ်ချကြောင်း ဤအတုအယောင်တရားစီရင်မှုသည် အလွန်စိုးရိမ်စရာကောင်းနေပြီဖြစ်သော နိုင်ငံရေးအခြေအနေကို ပိုမို၍ပင်ဆိုးရွားစေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ယနေ့ ထုတ်ပြန်လိုက် သည်။

ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများက ဒီဇင်ဘာလ (၆)ရက်နေ့တွင် သတိပေးထားပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ၏အကျပ်အတည်းမှ လွတ်မြောက်ရေးလမ်းစသည် ပဋိပက္ခတွင်ပါဝင်သူအားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်များတွင် စစ်တပ်မှ အရပ်သားများအပေါ် ကျူးလွန်သော တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းခြင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးခြင်းတို့ပင်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ရေး အပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံသည် အာဆီယံကို အပြည့်အဝထောက်ခံအားပေးလျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် ရုံးချိန်းအတွင်း၌ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရသည်။

မီးဒုတ် - မကွေး
၁၁.၁.၂၀၂၂

Address


Alerts

Be the first to know and let us send you an email when မီးဒုတ် - မကွေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share