Golden Hope Defence Force -Ye-U

  • Home
  • Golden Hope Defence Force -Ye-U

Golden Hope Defence Force -Ye-U Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Hope Defence Force -Ye-U, Media/News Company, .

03/11/2022

ရေဦးမြို့နယ် ခွေးသတင်းတပ်မ၃၃
ခင်ပင်ကျေးရွားသို့ ရောက်ရှိနေပါတယ်။ဘေးရန်ကင်းကျပါစေ။
3.11.2022(10:30am)

27/10/2022

အင်တာနက်လိုင်း ကောင်းဖို့နီးလမ်းလေးပေးကျအုံး ကျွန်နော်တို့ စစ်ကိုင်းတိုင်းဘယ်လို့မှ မကောင်းဘူးဗျာ။

26/10/2022

ဝေဟင်သတင်း
အလုံ(နမခ)ေခြးၿခံမွ Miရုိးရိုးထောက်ပို့မသာတင်ရဟတ်ယဥ်၁စီး အနောက်တောင်အရပ်သို့တက်သွားတယ်ခများ

26.10.2022(12.40)pm

26/10/2022

ဝေဟင်သတင်း
အလုံ(နမခ)ေခြးၿခံမွ Miရုိးရိုးထောက်ပို့မသာတင်ရဟတ်ယဥ်၁စီး အျမႇောက္အရပ္သို႔တက္သြားပါတယ္။

26.10.2022(12.20)
စိုင်းပြင်ခွေးခြံ ဆင်သက်သွားကြောင်း သိရှိရပါတယ်။
12.27pm

26/10/2022

ဝေဟင်သတင်း
အလုံ(နမခ)ခွေးခြံမှ Miရုိးရိုးထောက်ပို့မသာတင်ရဟတ်ယဥ်၁စီး အမြှောက်အရပ်သို့တက်သွားပါတယ်။

26.10.2022(12.20)

26/10/2022

#ဝေဟင်သတင်း
မုံရွာလေဆိပ်ခွေးခြံမှMi17ရိုရိုထောက်ပို့မသာတင်ရဟတ်ယဥ်၁စီးအမြှောက်အရပ်သို့ တက်သွားပါတယ်။

26.10.2022(11:10Am)

😔😔ထပ်တူကြေကွဲရပါတယ် 😔😔
26/10/2022

😔😔ထပ်တူကြေကွဲရပါတယ် 😔😔

23/09/2022

လက်ကိုင်ဖုန်းများနှင့် ပက်သက်၍ သတိပြုရန်

ပြည်သူများ အနေဖြင့် မိမိတို့ ပြင်ပသို့ ယူဆောင်သုံးစွဲလျှက်ရှိသော လက်ကိုင်ဖုန်းများအတွင်းတွင် NUG Pay ၊ ထောက်ပို့ Game များ ၊ Click to Donate App များ ၊ သတင်း App အစရှိသည့် တော်လှန်ရေး ထောက်ပို့ App များ ၊ တော်လှန်ရေးနှင့် သက်ဆိုင်သော ဓာတ်ပုံများ ၊ မှတ်တမ်းများ ၊ Video များ အစရှိသည်များကို ဖျက်ပစ်ပြီးမှသာ ပြင်ပသို့ ထွက်ခွါပါရန် ၊ ပြင်ပသို့ ထွက်ခွါခံနီးတိုင်း မပျက်မကွက် သတိထားပြီး စစ်ဆေးဖျက်ထားကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

တော်လှန်သတိ တော်လှန်အသိ အမြဲရှိကြရန် တိုက်တွန်းအပ်ပါသည်။

MSI

14/09/2022
သူပုန်တေး__________လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းတော့မယ်*လဖက်ရည်ဆိုင်နဲ့မိုင်ငါးရာစာအုပ်စဥ်နဲ့စိတ္တညများစွာအနာကို တိတ်တ...
12/09/2022

သူပုန်တေး
__________

လွမ်းတတ်ရင်လည်း
လမ်းမှာပဲ လွမ်းတော့မယ်*
လဖက်ရည်ဆိုင်နဲ့မိုင်ငါးရာ
စာအုပ်စဥ်နဲ့စိတ္တညများစွာ
အနာကို တိတ်တိတ်လေး နားထောင်နေပါတယ်

ပေတရာပေါ်က သွေးတွေမခြောက်ခင်
တောင်ပေါ်ရွာလေးတွေ လည်လှီးခံရတယ်
ကမ္ဘာက ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ
အညာက စစ်ဘေးရှောင်စခန်းကလေးတွေ
မိုးဒဏ် မီးဒဏ်ခံနေရတယ်

လူကြီးတွေစကားပြောဖို့
လူငယ်တွေသေပေးနေရတာကို
စစ်ပွဲလို့ခေါ်တယ်ဆို
ရေပေါ်ဆီကလေးတွေ အောင်ပွဲခံဖို့
အခြေခံလူတန်းစားတွေသေပေးနေရတာကို
တော်လှန်ရေးလို့ ခေါ်ပါတယ်

ဓာတ်ဆီတဗူး လေးထောင်
မီးခြစ်တလုံးငါးရာ
မနက်စာက မလွယ်တော့ဘူး
ညစာရောဆို ခက်ပါတယ်
ပြည်သူတွေ အဆီအစိမ့်မစားပဲ
သွေးတိုးနေရတယ်

တယောက်ကိုတယောက်
နမ်းဖို့လည်း မလွယ်ကူ
လွမ်းဖို့လည်း မလွယ်ကူ
လွယ်ကူတာဆိုလို့ စစ်ငရဲခံနေရတဲ့
ပြည်သူတွေရဲ့အသက်ပဲရှိတယ်

တို့ရဲဘော်တွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့
တို့ရဲဘော်သွေး နီရဲ့လားဟေ့ နီတယ်ဟေ့
တို့ရဲဘော်တွေ တိုက်ရဲလားဟေ့ တိုက်ရဲတယ်ဟေ့
တို့ရဲဘော်တွေ သေရဲလားဟေ့
မသေရဲဘူးအကို
ကျွန်တော်တို့ကသတ်မှာ
စစ်မိစ္ဆာခေါင်းကို ဖြတ်မှာ
ကျွန်တော်တို့ သေနတ်ပြောင်းကို
စစ်ဘီလူးသွေးနဲ့ဆေးမှာ
သူတို့ အရေကိုဆုတ်ပြီး
သူတို့အရိုးကို ပုလွေမှုတ်မှာ
ဒါကြောင့် ကျွန်တော် မသေရဲဘူးအကို
မသေသေးဘူးအကို

ငါတို့အပေါ် လာမနင်းနဲ့
ငါတို့က ရှားဆူးတွေ ကျားအစွယ်တွေ
တတောင်နဲ့တတောင်
ခုန်ပျံကူးလွှားနေတဲ့ တောင်ဆိတ်တွေ
ငါတို့က အဆိပ်ပြင်းမြွေကိုတောင်
ဦးနှောက်ဖောက်စားနိုင်တဲ့ လင်းယုန်ငှက်တွေ
ငါတို့က ကျောပိုးအိတ်တလုံး
ဖိနပ်တရံ သေနတ်တလက်နဲ့
ခေတ်သစ် မွန်ဂိုတွေ
မင်းတို့ လိပ်ပြာတွေ လွင့်ဖို့ပြင်ထား။ ။

-မိုးအိမ်သစ်(23.6.22)

*ခင်ဝမ်း စာသား

12/09/2022

မိုးဗြဲမြို့ ဘုရားကျောင်းအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော်သေ

12 September 2022 – Kachinwaves

ကရင်နီပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ပွဲကုန်းရပ်ကွက် ၃ ရှိ ဘုရားကျောင်းအနီး၌ တပ်စွဲရန်ကြိုးစားနေသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ယမန်နေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု KNDF မှ ထုတ်ပြန်ထားသည်။

ဘုရားကျောင်းဝန်းအနီး တပ်စွဲရန် (၄)ရက်တိုင် ကြိုးစားနေသည့် စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီ တပ်မတော် (KA)၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KRU၊ URF စသည့် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ ဦးကျဆုံးကြောင်းလည်း ထုတ်ပြန်ထားသည်။ ၎င်းတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ လက်နက်ကြီးများအသုံးပြုကာ ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် တိုက်ခိုက်ခဲ့၍ ပြည်သူများ၏ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာလ ၈ ရက်နေ့မှစ၍ ယမန်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် မြို့အနီး ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြသေးရန် ပြည်သူများအား တိုက်တွန်းအသိပေးထားသည်။

Photo: KNDF

11/09/2022
11/09/2022
10/09/2022
08/09/2022

ကန့်ဘလူ​ဒေသ ​​နောက်ဆုံးရအ​ခြေအ​နေ
(စက်တင်ဘာ ၈ ၊ ၂၀၂၂) ည ၁၀း၀၀

စက်တင်ဘာ ၈ ရက် ယ​နေ့မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ်မှ ​အိမ်​ခြေ ၈၀ ဝန်းကျင်ရှိ ယော​ကျေးရွာအား ပြူ​စောထီးအင်အား ၅၀ ဝန်းကျင်က ဝင်​ရောက်ကာ တအိမ်လျင် ​ငွေကျပ် ၂၅,၀၀၀ ​နဲ့ ဆန် ၄ ပြည် ပေး​ဆောင်ဖို့အပြင် ပြူသင်တန်းတက်ဖို့ပါ စည်းရုံး​နေ​ကြောင်း သိရသည်။

အကယ်၍ ပြူ​စောထီးသင်တန်းမတက်ပါက ရွာလုံးကျွတ် မီးရှိူ့ပစ်မယ်လို့ ခြိမ်း​ခြောက်​နေ​ကြောင်း သိရသည်။အဆိုပါ အင်အား ၅၀ ဝန်းကျင်ရှိ ပြူ​စောထီးပူး​ပေါင်းအဖွဲ့မှာ လယ်လှရွာတွင် တပ်စွဲ​နေတာ​ကြောင့် ကန့်ဘလူမြို့နယ်​တောင်ခြမ်း​ဒေသမှ ​ကျေးရွာများ စစ်​ရေးသတိပြုရမည့် အ​နေအထားဖြစ်ပါသည်။

တဖန် ကန့်ဘလူမြို့နယ်​မြောက်ခြမ်း ကိုး​တောင်ဘို့တိုက်နယ် ဇီးကနား​ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်မှ ယ​နေ့​နေ့လည် ၃း၀၀ ဝန်းကျင်က မီးရှို့ခဲ့တာ​ကြောင့် ​နေအိမ် ၆ လုံးဝန်းကျင် ပြာကျပျက်စီးသွား​ကြောင်း သိရသည်။

ထို့​နောက် အဆိုပါ စစ်​ကောင်စီစစ်​ကြောင်းသည် ဇီးကနားရွာမှတဆင့် ​ပေါက်ကုန်း​ကျေးရွာဘက်သို့ ထွက်ခွာသွား​ကြောင်း သိရပြီး ဓါးစာခံအဖြစ်ဖမ်းဆီးခံရသူအချို့ရှိ​ကြောင်း သိရ​သော်လဲ ​စစ်​ကောင်စီတပ်အင်အား နှင့် မြေပြင်အ​ခြေအ​နေအ​သေးစိတ်အား မသိရ​သေးပါ။

ထို့အပြင် ယ​နေ့ည​နေပိုင်းကလဲ ဇီးကနား​ကျေးရွာတွင်းသို့ မီးငြိမ်းသက်ရန်ဝင်​ရောက်လာ​သော ရွာသူရွာသားအချို့အား စစ်​ကောင်စီတပ်မှ ​ပေါက်ကုန်းရွာဘက်မှ​နေကာ ဒရုန်းဖြင့်ကင်း​ထောက်ကြည့်ပြီး​နောက် လက်နက်ကြီးဖြင့် ၄ ချက်ခန့်ပစ်ခတ်ခဲ့​ကြောင်း သိရပြီး ထိခိုက်မှုအ​ခြေအ​နေအ​သေးစိတ်အား မသိရ​သေးပါ။

ကိုး​တောင်ဘို့​ဒေသအား အကြမ်းဖက်ဝင်​ရောက်ကာ စစ်​ကြောင်းထိုး​နေ​သော စစ်​ကောင်စီစစ်​ကြောင်းမှာ အကြမ်းဖက်စစ်​ကောင်စီ၏ တပ်မ ၉၉ လက်​အောက်ခံ ခမရ ၁၁၃ ဖြစ်ကာ အဆိုပါ စစ်​ကြောင်းသည် ကန့်ဘလူ–​ကောလင်း–ကျွန်းလှနယ်တို့အား ​​လေ​ကြောင်းအကူဖြင့် ​တလှည့်စီ ရွေ့လျားကာ စစ်ဆင်​ရေးလုပ်​ဆောင်​နေသည်မှာ ၂ ပတ်​ကျော် ကြာမြင့်​​နေပြီဖြစ်သည်။

တဖန် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အ​နောက်ခြမ်း ​မော်ကယ်​ရေနံ​မှော်ကြီးတွင် တပ်စွဲထား​သော ခန့်မှန်းအင်အား ၁၈၀ ဝန်းကျင်ရှိ စစ်အုပ်စုမှာ ​မှော်ကြီး​ရှိ တဲအိမ်အချို့အား မီးရှို့ဖျက်စီး​ထားကြောင်း သိရသည်။

05/09/2022

နွားထိုးကြီး PDF က စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ၄ ကြိမ်တိုက်ခိုက်၊ စစ်ဗိုလ်အပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရလို့ သိရ
+++++++++++++++++++
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ Natogyi PDF က စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုလေးကြိမ်မှာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ Natogyi PDF(NPDF) မှ တာဝန်ရှိသူထံက သိရပါတယ်။

Natogyi PDF ဟာ “အသိုက်ကိုဖျက်ရင် အသက်ကိုပြန်လုမဲ့ တောကျီးကန်းစစ်ဆင်ရေး” အမည်နဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာစာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က လေးဦးသေဆုံးပြီး တစ်ဦးခြေ ထောက်ပြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်ဟာ ပြင်စည်ကျေးရွာမှာ တပ်စွဲထားတာဟာ ကြာမြင့်နေပြီဖြစ်သလို အဆ မတန် ဆက်ကြေးကောက်ခံမှုတွေ ရှိနေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“စခ(စစ်ကောင်စီတပ်သား)တွေရဲ့လုပ်ရပ်တိုင်းအတွက် ထပ်တူ သင်ပုန်းချေသွားမယ်။ များများသေရင် မြန်မြန်ပြီးမယ်။ မြန်မြန်ပြီးစေချင်ရင် များများလှူပါ” လို့ NPDF မှ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် မလှိုင်မြို့နယ် သက္ကယ်ကျင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးပြီး လေးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ Natogyi – PDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ သက္ကယ်ကျင်းကျေးရွာရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ နှစ်နာရီကျော်ကြာ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ Natogyi-PDF တာဝန်ရှိသူထံက သိရပါတယ်။

သက္ကယ်ကျင်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ဟာ ကျေးရွာအုပ်ချုပ် ရေးနဲ့ ပူးပေါင်းပြီး ပြည်သူတွေအပေါ် ရက်စက်ယုတ်မာခြင်းတွေ အကြိမ်ကြိမ်ပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

Natogyi PDF အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက် ညနေ ၆နာရီ ၃၀ မိနစ်ခန့်က “ သွေးကြွေးမှာ ဆွေးနွေး စရာမရှိ စစ်ဆင်ရေး”အမည်နဲ့ နွားထိုးကြီးမြို့နယ်၊ မြတောင်ကျေးရွာခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲ့လို တိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း ဒေသခံအပြစ်မဲ့ပြည်သူ အများအပြားကို ဖမ်းဆီးခဲ့ပြီး စစ်သားထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျ အတည်မပြုနိုင်ကြောင်း နွားထိုးကြီး PDF က ဆိုပါတယ်။

သြဂုတ်လ ၇ ရက်နေ့ကလည်း နွားထိုးကြီးမြို့လယ်ခေါင်ရှိ ဆောက်လုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ပိုက်ကျော်ခြင်းခတ်နေချိန် လက်နက်ကြီးနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဗိုလ် တစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ငါးဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Natogyi PDFရဲ့ သြဂုတ်လအတွင်းလှုပ်ရှားမှုနဲ့ စက်တင်ဘာလ ၂ ရက် နေ့အထိ စစ်ရေးလှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီတပ်က စစ်ဗိုလ်အပါအဝင် ၁၁ ဦးသေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

Natogyi PDF ရဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေအပြီးမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ဒေသကာကွယ်ရေး တပ်သားတွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ NPDF တာဝန်ရှိသူက ဆိုပါတယ်။

လိုင်းများမကောင်သိအတွက် အခုမှတင်လိုက်ရချင်းဖြစ်ပါသည်။Golden Hope Defence Force-Ye-U အဖွဲ့သားတစ်ယောက်10.8.2022 ရက်နေ့တွင်...
04/09/2022

လိုင်းများမကောင်သိအတွက် အခုမှတင်လိုက်ရချင်းဖြစ်ပါသည်။
Golden Hope Defence Force-Ye-U အဖွဲ့သားတစ်ယောက်10.8.2022 ရက်နေ့တွင် ကျဆုံးသွားခဲ့သော ရဲဘော်မောင်လွင်ကိုအား
အလေးနီးပြုပါသည်။ရေဦးမြို့နယ်အတွင်း နေရာတစ်ရာမှာ စကစနဲ့တိုက်ပွဲဖြစ်ရာ မနက်4:36မီနစ်ကျဆုံးသွားသော မောင်လွင်မင်ကို(ခ)မိုးမိုးအား ထောင့်ပံ့လိုပါက page messengerသို့ဆက်သွယ်နိုင်ပါသညည်။

အရေးတော်ပုံအောင်ရမည်။ အာဏာရူးစစ်ခွေးမောင်းဖို့ တစ်လက်ဖိုးလောက်အလှူငွေဝိုင်းပြီး ပံ့ပိုးကျပါအုန်း။🙏🙏အလှူခံပါဗျို🙏🙏
04/09/2022

အရေးတော်ပုံအောင်ရမည်။
အာဏာရူးစစ်ခွေးမောင်းဖို့ တစ်လက်ဖိုးလောက်
အလှူငွေဝိုင်းပြီး ပံ့ပိုးကျပါအုန်း။
🙏🙏အလှူခံပါဗျို🙏🙏

31/08/2022

စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးပြီး PDF ၃ဦးကျဆုံး
===============
ဂျူနို

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ သုံးဦးကျဆုံးကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်နှင့် တော်လှန်ရေးအင်အားစုများသည် အဆိုပါရွာအနီးရှိ တောင်မြိုကျေးရွာနှင့် တောင်ကြားကျေးရွာတွင် သြဂုတ်လ ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ် People Revolution Force Kyaukse (PRFK) မှ ရဲဘော်တစ်ဦးက ဆိုသည်။

အဆိုပါတိုက်ပွဲတွင် ကျဆုံးသူများမှာ ကျောက်ဆည် ပင်မပညာရေးသပိတ်ဦးဆောင်သူ CDMကျောင်းဆရာလည်းဖြစ်၊ PRFKတာဝန်ခံလည်းဖြစ်သူ ကိုဝေလွင်ဦး၊ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ခေါင်းဆောင်တစ်ဦးနှင့် ဒေသခံ PDF တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

''အခုကျဆုံးသွားတဲ့ CDMကျောင်းဆရာက လွန်ခဲ့တဲ့ လေးလလောက်က မိသားစုတွေအကုန် ထိန်းသိမ်းခံထားရသူဖြစ်တယ်။ အခုထိတောင်လွတ်လားဘာလား သိမသွားရဘူး။ သူပြောနေကျစကားလေးရှိတယ် 'မိသားစုကိုဖမ်းလို့ စစ်ဖိနပ်အောက်ဒူးထောက်ရအောင် မိသားစုအတွက်တိုက်ပွဲဝင်ခဲ့တာ မဟုတ်ဘူး'လို့ပြောတယ်''ဟု PRFK မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်က မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာအနီးရှိ တောင်ကြားရွာနှင့်တောင်မြို့ရွာတွင် လူနေအိမ် ၁၆၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဩဂုတ်လ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ကြွယ်ပုံရွာသည် ပျူစောထီးဆိုသူများ အများစုရှိသည့်ကျေးရွာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့နယ်
#ကြွယ်ပုံကျေးရွာ
#စစ်ကောင်စီတပ်

😘😘😘
30/08/2022

😘😘😘

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံး

ရန်ကုန်၊ဩဂုတ် ၃၀

မြန်မာနိုင်ငံတစ်ဝန်း ဩဂုတ်လ ၃၀ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

30/08/2022

ကနီ၊ ဝါးတန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃၀ ဦးခန့် ထိခိုက်သေဆုံး၊ ထားဝယ်-လောင်းလုံးတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ ထိခိုက် သေဆုံးမှုများရှိ

ရန်ကုန်၊ သြဂုတ် ၃၀

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝါးတန်းရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃၀ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၄ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၂၀၀ ကျော်ခန့် ပါဝင်ပြီး သပြေတောရွာ အနောက်ဘက်တွင် ပဒေသားမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃၀ ကျော်ခန့် ထိခိုက်သေဆုံးခဲ့ကာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း ၄၊ Monywa Nightkhing PDF တပ်ခွဲ ၃၊ B21 KaniPDFနှင့် ဗိုလ်ရေခဲတို့က ဦးဆောင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်-လောင်းလုံး လမ်းပိုင်းတွင် သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်၌ ထားဝယ်ဘက်မှ လောင်းလုံးသို့ ဆင်းလာသည် စစ်တပ်ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် Dawei Information Center ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းတွင် စစ်ကား ၃ စီးပါဝင်ပြီး ထားဝယ် ပြည်သူ့ကာကွယ်ရေးဖွဲ့ DDT တပ်ခွဲ ၃ မှ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ စစ်သားများ ထိခိုက်သေဆုံးမှု များနိုင်ပြီး ဒဏ်ရာရရှိသော စစ်သားများကို အရေးပေါ် လူနာတင်ယာဥ်နှင့် ထားဝယ်တပ်နယ် ဆေးရုံသို့ အကြမ်းဖက် စစ်တပ်က ညတွင်းချင်း ပို့ဆောင်ခဲ့ကြောင်း DDT အဖွဲ့ကတည်ပြုပြောဆိုသည်။

30/08/2022

ကလေးမြို့တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံး၊ ကျိုက်ထိုတွင်လည်း စစ်ကောင်စီတပ်ကို KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို PDF (Kalay) က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း PDF (Kalay) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက် ညနေ ၇ နာရီခွဲအချိန်ခန့်တွင် ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာ ရဲစ ခန်း ဝန်းအတွင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ ခန့်သည် ရွာမြောက်ဘက်သို့ဦးတည်၍ ခြေလျင်စစ်ကြောင်းထိုးလာစဉ် PDF (Kalay) မိုင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တောင်ဘက်သို့ ကြောက်လန့်တကြား ဆုတ်ခွာပြေးကြောင်း၊ မြောက်စည်းရဲစခန်းအနီးသို့အရောက်တွင် PDF (Kalay) မိုင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်း၍ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရှိရသည်။

ကလေးမြို့နယ်တွင်ပင် ယနေ့ နံနက် ၆ နာရီခန့်၌ ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကား ၅ စီးပါဝင်သော အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းသည် ကံသာယာရွာမှ တမူးမြို့ဘက်သို့ ဦးတည်ထွက်ခွာလာစဉ် ကံလှရွာ၏တောင်ဘက် ကျွန်းစိုက်ခင်းအနီးတွင် PDF (Kalay) နှင့် ရပ်ရွာ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက အသင့်တပ်ဆင်ထားသော မိုင်းတွဲများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီး လမ်းဘေးချောက်အတွင်းသို့ ထိုးဆင်းလဲကျသွားပြီး အခြား ၁ စီးမှာလည်း မိုင်းအပြင်းအထန် ထိမှန်ပျက်စီးသွားကြောင်း၊ သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန် KNU တပ်မဟာ ၁ နယ်မြေ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သင်္ချိုင်းကုန်းတွင် လက်နက်ကြီးအထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်ကို KNLA ၊ PDF အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးကြောင်း၊ ကျိုက်ထိုတော်လှန်ရေးအင်အားစုက တရားဝင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- Agency။

😘😘😘😘😘😘😘😘
29/08/2022

😘😘😘😘😘😘😘😘

မိုးကုတ်တွင် စစ်ယာဥ်တန်း လက်ပစ်ဗုံး ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းများကြောင့် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦးခန့်သေဆုံးနိုင်၊ တနင်္သာရီတွင် စစ်ကား မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၉

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရေဝေရွာအနီး စစ်တပ် ယာဥ်တန်းကို People's Defense Force-Singu နှင့် Thabeikkyin PDF တို့ ပူးပေါင်းကာ လက်ပစ်ဗုံး ပစ်သွင်းခြင်း၊ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း စဉ့်ကူးအခြေပြု သပိတ်ကျင်းအခြေ ပြု တပ်ရင်းအမှတ်၁၂၂၂ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"မိုးကုတ် တိုက်ခိုက်မှု ဖြစ်စဥ်မှာ သေဆုံးတဲ့ စစ်ခွေး ၁၅ ကောင်ထဲမှာ သုံးပွင့် ၁ ကောင် ဗိုလ်ကြီး တစ်ဦးသေပါတယ်။ တပ်ရင်းမှူးလည်း ထိခိုက်ဒဏ်ရာရပါတယ်။ အတည်ပြုလို့ ရပါတယ်" ဟု သပိတ်ကျင်း PDF အမှတ် ၁၂၂၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

စစ် ယာဥ်တန်းသည် ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကြောင်းထိုးရန် လာရောက်စဥ် တပ်ရင်း ၁၂၂၂ မှ ရဲဘော်များက ယာဥ်တန်းကို လက်ပစ်ဗုံး တစ်လုံး ပစ်သွင်းလိုက်ကြောင်း၊ ယင်းနောက် အနီးကပ် တိုက်ပွဲငယ် တစ်ခုဖြစ်ပွားခဲ့ကာ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ခလရ ၃၃ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး တပ်ရင်းမှူးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် တပ်နယ် အတွင်းမှ ထွက်လာသော စစ်ကား ၂ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

စစ်ကား ၂ စီးကို ကော့သောင်း၊ ဘုတ်ပြင် (ပ.က.ဖ) အဖွဲ့များက မိုင်းဆွဲ တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်‌သား ၂ ဦး သေ ဆုံးကာ ၅ ဦး အပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ စစ်ဆင် နိုင်ခဲ့​ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံရသော အကြမ်းဖက်စစ်ကောင်စီကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်။)

29/08/2022

#ပြည်တွင်းပြေး_အညာ

ရဟတ်ယာဥ်တွေ
အစုန်အဆန် ပျံနေတာကို
တက်(တောက်) ခေါက်ပြီး လက်သီးဆုပ်
ခေါင်းငုံနေရတဲ့အညာ၊

တူမီးနဲ့ချောင်းမြောင်း
အခြေအနေမကောင်းရင်
ကျည်အစစ်ကြောင့်
ခေါင်းပွင့်မှာသိသိ
တော်လှန်ကြည့်နေတဲ့အညာ၊

ရွာကိုငဲ့ ရွာသားငဲ့နဲ့
ပဲ့ပဲ့ပါသွားရတဲ့အင်အား၊

ရွာနာမှာမို အရပ်ကျေမှာမိုနဲ့
မီးအရှို့ခံနေရသော အိမ်ယာ၊

စာရင်းဝင်ရင် လက်နက်အစစ်ချပေးမှာတဲ့
လူစုစာရင်းကောက် ဟိုမရောက်ဒီမရောက်၊

နွားရောင်းမြေပေါင်
ဝက်ပေါ် ငွေတိုးချီး(ချေး)
ကြက်ဖျော ယမ်းဝယ်
တူမီးကလေး တလက်ရဖို ဖတ်ဖတ်မော၊

အာတူးပီလာတော့မှာလိုလို
ဦးပီတာရောက်တော့မှာလိုလို
ဒရုန်းတွေဆင်ပေးတော့မှာလိုလို
သေနတ်အစစ်တွေဝေတော့မှာလိုလို
နားမလည်ပေမယ်
သူများပြောတဲ့စကား
အကြားနဲ့တင်ဝမ်းသာအားရဖြစ်နေခဲ့ရတဲ့အညာ၊

ဟိုလူကညာ
ဒီလူကညာ
ဘယ်သူညာညာ
အညာကတော့ညီညီညာညာနဲ့
တဖုတ်ဖုတ်ကြွေ တဖြုတ်ဖြုတ်သေနေဆဲ
တသုတ်သုတ် ချီနေဆဲ၊

ဒီဒေးဟိုဒေး သူတိုမတွေး
အမြဲတမ်း ဒီဒေးဘဝနဲ့တိုက်
မျှော်လင့်ချက်ကလေးပိုက်
မျက်ဖြူဆိုက်လည်း
ဒဏ်ရာကိုကြက်ပူတိုက်ရင်းပြေးနေရတဲ့အညာ၊

ကလစ်တူ ဒိုနိပ်လည်းမသိ
လေလံတင်ရောင်းကူသူလည်းမရှိ
နိုင်ငံခြားက လာဖိုနေနေသာသာ
ပြည်တွင်းအညာကနေတောင်
အချင်းချင်းအခွန်ဆောင်နေရသလိုမျိုး
စုစုပြီးကူ စုစုလှူ ပြန်ထောက်ပံ့နေရတဲ့အညာ

အလှူခံလက် မှတ်မရှိ
တံဆိပ်တုံးမရှိ
ကေပေးမရှိ ဝေ့ပေးမရှိ
ထွက်သမျှအသီးအနှံ
ရောင်းရသမျှငွေးကြေးလေးတွေနဲ့
ဟိုပြေးယမ်းရှာ
ဒီလာ ကုန်ကြမ်းစု
ကိုယ့်အမှုကိုယ်နိုင်အောင်ထမ်း
အကြွေးတန်းလန်းနဲ့အညာ

သြော် အညာအညာအညာ
ဗလာ ဗလာ ဘဝနဲ့
လာသမျှရန် ကြုံသမျှဘေး
ပြည်ရေးတိုင််းရာ ဝိုင်းကာကူရင်း
ပူဆင့်သောက ဒုက္ခကပ်ဘေး
အိမ်ယာအဝေးမှာ
ယနေ့အထိတိုင်
ခိုင်ခိုင်ကြိတ်မှိတ်
စိတ်ယိုင်မပျက်
ချီတက်နေရှာတုန်း ။။
မယ်ရွှေပုံ(August-27)
crd

28/08/2022
28/08/2022
25/08/2022

Address


Website

Alerts

Be the first to know and let us send you an email when Golden Hope Defence Force -Ye-U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share