Hsur Yein Hsur

  • Home
  • Hsur Yein Hsur

Hsur Yein Hsur Free

15/09/2022

Faccebook နာမည်ကြီးခြင်းလား ပေးဆပ်ရခြင်းလား
လတ်တလောတွင် Facebook တွင် hot နေသော စိုင်းစံလှ ကျောက်မဲသေဆုံးတွင် သူ၏ သမိုင်းကို ပြန်ကြည့် ရမည်ဆိုရင် သူသည့် TNY ၏ EC တစ်ယောက်ဖြစ်သလို TYN နှင့် CBO တို့က ရွေးကောက်လာသော CSSU အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဉီးလည်းဖြစ်သည်။ TYN လိုႉပြောလိုက်ရင်လည်း သူ၏ ကြောထောက် နောက်ခံအဖွဲ့မှာ SSJAC ပင်ဖြစ်သလို SSJAC တွင် SNLD,SSPP,ဆိုင်ကျောက်ပြည်သူစစ်၊ ကာလိပြည်သူစစ်တို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
ပြောရမည်ဆိုရင် ဖြစ်စဉ်အတွင်း ဒီလိုခေတ်ကြီး ဒီမိုကရေစီခေတ်ကြီးမှာ တပ်မတော်က ဘော်ဒါဆွဲဆိုတာ မဖြစ်သင့် မရှိသင့်တော့ပါ ဒီမိုစံချိန်စံညွန်းနှင့် မညီညွတ်သလို ဖြစ်စဉ်အပေါ် ပြည်သူ ၂ဉီး သေဆုံးခြင်းဟာ တပ်မတော်က တာဝန်ယူ တာဝန်ခံမှု ရှိသလားဆိုတာကိုလည်း မသိရသေးပါ။
တဘက်မှာလည်း ပြည်သူ့ကားမှန်းသိရက်နှင့် RBG နှင့်ထုလိုက်ခြင်းမှာ တပ်မတော်ကဘယ်နှစ်ယောက်သေသေ အရေးမကြီးသလို ပြည်သူ၂ဉီးနှင့် ပြည်သူကား ထိခိုက်မှုမှာ တာဝန်ယူ တာဝန်ခံမှူရှိသလားဆိုတာ မသိရသေးပါ။ TNLA က ပြည်သူကို ကာကွယ်ပေးမယ် ဘာညာဘာညာမှာ အပြောသက်သက်သာဖြစ်ပြီး တကယ်ပြောရလျင် သူတို့အဖွဲ့အစည်း၏ ရည်မှန်းချက်တစ်ခုတာ လုပ်ဆောင်နေခြင်းကို တွေ့မြင်နေရပါသည်။ ပြည်သူကို ကာကွယ်မည့် အဖွဲ့အစည်းအစား မြို့ထဲအထိအခွန် စစ်သားသစ်ကောက်ခံခြင်းကိုသာကြည့်လျင် မိမိအဖွဲ့ တစ်ခု သာလျင် ကြည့်တတ်သသော တဖက်သတ်စိတ်နေစိတ်ထားကို မြင်တွေ့ရမှာဖြစ်ပါသည်။
စောစောက ကျွန်တော်ဘာကြောင့်ဘယ်အဖွဲ့နှင့် ဘယ်လိုဆက်စပ်နေသည်ကို အဖွင့်တွင် ရေးထားသလို SNLD,TYN တို့ ထုတ်ပြန်ချက်အပေါ် ကြည့်ခြင်းအားဖြင့် စကစနှင့် TNLA ထည့်သွင်းရေးထားခြင်းမျိုး မရှိသည်ကို တွေ့မြင်ရပါသည်။ ဒါဟာ SSJAC or SSPP က ပေးမထုတ်သလားလို့ စဉ်းစားစရာ အချက်များစွာ ပြည်သူလူထုတွေ တွေ့မြင်နေရပါသည်။ အဓိကတော့ SNLD ဟာ နိုင်ငံရေး ပျော့ညံ့လာပြီလားလို့ ပြည်သူလူထုတွေ Online မှာ သုံးသပ်နေတာတွေ အများကြီးရှိနေပါသည်။ ဒီမှာရော SSPP က ငြိမ်ခံနေမှာလား ဆိုရင် မေးခွန်းထုတ်ရမှာ ဖြစ်နေပါသည်။ အဓိကပြောချင်တာကတော့ TYN ထုတ်ပြန်ကြောညာချက်က မပြတ်သားနေတာကို တွေ့မြင်နေရပါသည်။
ပြောရမည်ဆိုရင် နှစ်နာသူက ပြည်သူ ၂ ဉီး ဆိုသလို အဖွဲ့ နာမည်နှင့် မိတ်ဖက်နာမည် ဂုသိဏ္ခာကို ထိပါးရာ ရောက်ပါသည်။ သို့ဖြစ်ပါ၍ တာဝန်ယူမှု တာဝန်ခံမှုမှာ မည့်သည့်အဖွဲ့က ရှေ့ဆုံးတွင် ဉီးဆောင်၍ တောင်းဆိုမှု ပြုရန်နှင့် မည့်သည့်ဘက်က ဘော်ဒါဆွဲဘက်လား လက်နက်နဲ့ထုတဲ့ဘက်လား နှစ်နာကြေးအဖြစ်ပေးရန်နှင့် တောင်းဆိုရန် ထိုအဖွဲ့များကို မေးခွန်းထုတ်ရမှာပင်ဖြစ်သည်။

09/04/2022

ၵုမ်ႇတႅမ်ႈဝွၵ်းသေ တႅမ်ႈတိုၵ်းယူႇ မိူၼ် ႁိုဝ်တေပဵၼ်ၵၢၼ် ၶႂ်ႈႁႂ်ႈလုၵ်ႈလၢၼ် ယဵပ်ႇၸွမ်းႁွႆးတေႉ မိူင်းတႆး ဢမ်ႇႁၼ်ထႅင်ႈယဝ်ႉ

21/02/2022

"ပြည်သူ့အားမာန် သျှမ်းပြည်အသံ"
" ကျူးကျော်မှုကို ဒို့လက်မခံ"
"လက်နက်ကိုင်၍ တရားမဲ့ပြုကျင့်မှုကို ဆန့်ကျင်ကြ"
သျှမ်းပြည် ပြည်သူပြည်သားများ အပေါင်းသို့ ……..
၂၀၂၁- ၂၀၂၂ ခုနှစ်မှာ သျှမ်းပြည်မြောက်ပိုင်း ၊ တောင်ပိုင်းတို့မှာ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေ နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ( RCSS/ SSA) တို့ နယ်မြေလုတိုက်ပွဲ ဖြစ်ကြတာ သိကြမှာပါ ။ ဒီတိုက်ပွဲကြီး ကြောင့် သျှမ်းပြည်တောင်ပိုင်း ၊ မြောက်ပိုင်းတွေမှာ စစ်ဘေးရှောင်တွေ သောင်းချီရှိခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု ၊ အတင်းအဓမ္မတပ်သားစုဆောင်းမှု ၊ အတင်းအဓမ္မစေခိုင်းမှုများနဲ့ ကြုံဆုံခဲ့ရပါတယ်။ အဆိုးဝါးဆုံးကတော့ကလေးစစ်သားစုဆောင်းမှု နဲ့ အမျိုးသမီးများကို မုဒိမ်းမှုကျူးလွန်ခဲ့တာပါဘဲ ။ အိုးအိမ်မီးရှို့ခံရမှု ၊ အိမ်ပေါ်တက် ဖျက်ဆီးမှု ၊ ခြိမ်းခြောက်မှုတွေနဲ့ ပြည်သူပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် စိတ်ပိုင်းဆိုင်ရာ ထိပါးမှုများ ပြုလုပ်ခဲ့တာ ကျတော်/ ကျမတို့အသိဘဲ ဖြစ်ပါတယ် ။ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ SSPP ,UWSA , TNLA , တို့ဟာ အင်တိုက်အားတိုက် သျှမ်းပြည်တောင်ပိုင်းသို့ ကျူးကျော်လာမှုဟာ သျှမ်းပြည်နေ ပြည်သူများကို ပိုမို ထိတ်လန့် ကျီးလန့်စာ ဖြစ်နေပါပြီ။ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့ဟာ အက်အက်ပီပီ ဝတ်စုံကို ဆင်တူဝတ် ၊ တရုတ်စကားပြောကြားကာ စစ်တပ်ဂိတ်ပေါင်း မြောက်မြားစွာကို ဖြတ်ကျော်ပြီး သျှမ်းတောင်ပိုင်းကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်၊သျှမ်းတောင်ပိုင်းကို အပိုင်ရပြီ ဟုဆိုပြီး ကျေးရွာအဆင့်ဆင့်က အုပ်ချုပ်ရေးမှူးများကိုဆင့်ခေါ်ခြင်း ၊ အာဏာပါဝါပြခြင်း နှင့် အုပ်ချုပ်မှုအာဏာကို အတင်းအဓမ္မ တည်ဆောက်ခြင်း အပြင် လက်နက်ကိုင်တပ်စခန်းများကို အခိုင်အမာ တည်ဆောက်နေကြပြီ ဖြစ်ပါတယ်။ နှစ်ပေါင်း(၇၀)ကျော်ကြာ မိမိတို့ တွေ့ကြုံခံစားခဲ့ပြီးဖြစ်သော စစ်အာဏာရှင်စနစ်၏ လုပ်ထုံးလုပ်နည်းအရ ဖိနှိပ် ကန့်သတ်ချုပ်ခြယ်မှုများ ကျင့်သုံးနေကြတာကို ကျတော်/ကျမတို့ မြင်တွေ့ရပြီ ဖြစ်ပါတယ်။ ကျတော်/ ကျမတို့ပြည်သူပြည်သားများက အာဏာရှင်စနစ်နဲ့ တရားမဲ့ပြုကျင့်မှုအမျိုးမျိုးကို ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။
ပြည်သူများရဲ့ အားနဲ့ အာဏာရှင်စနစ်နှင့် တရားမဲ့ပြုကျင့်မှုကို ဆန့်ကျင်ပါမှ မိမိတို့ရဲ့ ရပိုင်ခွင့်နှင့် အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုတွေ ရမှာပါ။ပြည်သူတိုင်း ပြည်သူတိုင်း မိမိတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေက လူ့ဂုဏ်သိက္ခါနှင့်အညီ မိမိကိုယ်ကို မိမိကာကွယ်ရုံမှတပါး မည်သည့်အဖွဲ့အစည်းကိုမှ မျှော်မှန်းအားကိုးလို့မရပါ။ နှမ်း တစ်စေ့မှအစပြု၍ ဆီဖြစ်အောင် လုပ်နိုင်ပါတယ်။ မိမိ ကိုယ်ကို နှမ်းတစ်စေ့ဖြစ်အောင် ကြိုးစားလုပ်ဆောင်ပူးပေါင်းမှုပြုလုပ်ခြင်းအားဖြင့် မိမိကိုယ်တိုင်နှင့် မိမိတို့မြို့၊ရွာ များကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အတွက်လို့ ယနေ့ကမ်ပိန်းမှာ ပါဝင်ပူးပေါင်းပေးကြပါစို့။
၂.၂.၂၀၂၂ ကမ်ပိန်း ------
သျှမ်းပြည် ပြည်သူပြည်သားအပေါင်းတို့
၁။ နေ့လည်(၁း၀၀) နာရီတွင် မိမိတို့၏အိမ်၌ သျှမ်းပြည်တွင်းပဠိပက္ခဖြစ်သည်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် သျှမ်းပြည်အလံကို တစ်ဝက်လွှင့်ထူခြင်း။
၂။ နေ့လည်(၂း၀၀) နာရီတွင် ဝတ်စုံအနက်ရောင်ဝတ်ဆင် ၊ Mask တပ်ကာ မိမိတို့၏နေအိမ် သို့မဟုတ် စုရပ် တွင် "တိုက်ပွဲရပ်"၊ " တိုက်ပွဲအလိုမရှိ" ၊ " အာဏာရှင်စနစ်ကို ဆန့်ကျင်သည်" စသည့် စာသားတို့ကို ကိုင်ကာ " ဓါတ်ပုံရိုက်တင်ခြင်း ။
၃။ နေ့လည်(၃း၀၀)တွင် သျှမ်းပြည်အတွင်းရှိ ဘာသာအသီးသီးမှ မိမိတို့သက်ဆိုင်ရာ သာဘာတရားဖြင့် တိုက်ပွဲတွင် ကျဆုံးသွားသော တိုင်းရင်းသား အသီးသီးမှ ရဲဘော်များအား ဆုတောင်းအမျှဝေပေးခြင်း၊ မေတ္တာပို့ခြင်းနှင့် မကောင်းဆိုးဝါးများကို နှင်ထုတ်ခြင်း
စသည်တို့ကို ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံအပ်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Hsur Yein Hsur posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share