Burmese Efootball Arena

  • Home
  • Burmese Efootball Arena

Burmese Efootball Arena Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burmese Efootball Arena, Gaming Video Creator, .

Look who is back ? 😭😭😭Update Player Transfer တော်တော်များများပါလာပါပြီ Hojlund တော့မပါလာသေးပါဘူး
10/08/2023

Look who is back ? 😭😭😭

Update Player Transfer တော်တော်များများပါလာပါပြီ Hojlund တော့မပါလာသေးပါဘူး

ပျောက်သွားတာကြာလို့ content လေးတွေပြန်လာပါတော့မယ်နော်ပထမဆုံး Article အနေနဲ့ ဒီ silent talented boy လေးအကြောင်းတင်ပေးပါ့မ...
19/03/2023

ပျောက်သွားတာကြာလို့ content လေးတွေပြန်လာပါတော့မယ်နော်
ပထမဆုံး Article အနေနဲ့ ဒီ silent talented boy လေးအကြောင်းတင်ပေးပါ့မယ်
Tip အနေနဲ့ ကိုယ့်လို Dribble လုပ်တာမကောင်းတဲ့ကောင်တောင် ဒီကောင်လေးကတော်တော်သုံးလို့ပြေတယ်
ဘော်ဒါတို့ကော ဒီကောင်လေးသုံးဖူးရင် အတွေ့အကြုံလေးမျှဝေပေးပါအုန်း

09/11/2022

FIFA Mobile မှာ
World Cup Tournament လေးလာနေပါတယ်
အပျင်းပြေလေးဆော့ချင်သွားဆော့ကြည့်ပါ
ကိုယ်ကြိုက်တဲ့အသင်းရွေးပြီး ကမ္ဘာ့ဖလားပွဲစဉ်အပြည့်ကန်လို့ရပါတယ်

Let's see who they are 🤷
26/08/2022

Let's see who they are 🤷

eFootball 2022-23 Update အကြီးစားလာပါပြီ1.9 GB or 2GB နီးပါးဒေါင်းရပါလိမ့်မယ်တချို့တွေမှာ အစအဆုံးပြန်ဒေါင်းရတဲ့အတွက် 3 G...
25/08/2022

eFootball 2022-23 Update အကြီးစားလာပါပြီ
1.9 GB or 2GB နီးပါးဒေါင်းရပါလိမ့်မယ်
တချို့တွေမှာ အစအဆုံးပြန်ဒေါင်းရတဲ့အတွက် 3 GB ကျော်တာတွေရှိပါမယ်

ဒါလေးကတော်တော်များများမသိလို့တင်ပေးတာပါခု Update မလာခင်အထိ cursor ချိန်းတာ dash လုပ်တာ pressure ပေးတာအတော်အဆင်ပြေခဲ့ပေမဲ...
30/07/2022

ဒါလေးကတော်တော်များများမသိလို့တင်ပေးတာပါ
ခု Update မလာခင်အထိ cursor ချိန်းတာ dash လုပ်တာ pressure ပေးတာအတော်အဆင်ပြေခဲ့ပေမဲ့
ခု update ပေးပီးတဲ့အခါ အရင်လိုအဆင်မပြေပြန်ဖြစ်လာခဲ့ပါတယ်
PES ကလဲ သူတို့ error ကိုသိပြီး လာမဲ့ update မှာ Dash & Pressure ခလုတ်နဲ့ Matchup ခလုတ်ကိုပြန်ပီးပြင်ဆင်ပေးမယ်လို့ပြောပါတယ်
အဲ့တာအပြင် ကန်တင်တာဖတို့ လူပေးတာတို့ ကန်ဖို့တို့ အရှိန်ယူနေတာကြာနေတာကြီးကလဲ အဆင်မပြေပါဘူး 🥴

Update သောင်းခြောက်ထောင်ပေးပြီး Error ပေါင်းသောင်းခြောက်ထောင်ကလဲ ဘယ်တော့မှ ရှင်းလို့ပီးတော့မလဲမသိဘူး 🥲

ဆော့ရင်းနဲ့လောင်လိုက် စိတ်ကုန်လာလိုက် ဖြစ်နေပြီ

eFootball Update Review briefly- Friend Match ပါ၀င်လာ- PES 2021 တုန်းက Defending control type ဖြစ်တဲ့ Pressure ပေးတဲ့ပုံ...
21/07/2022

eFootball Update Review briefly

- Friend Match ပါ၀င်လာ

- PES 2021 တုန်းက Defending control type ဖြစ်တဲ့ Pressure ပေးတဲ့ပုံစံ ပြန်ပါလာ

- အရင်ကလို လူပေးဖို့ကန်တင်တာတွေမှာကန်တင်ဖို့လေးတာတွေသိပ်မဖြစ်တော့

- Player Progression UI ကိုအသုံးပြုလို့ပိုလွယ်အောင်လုပ်ထားပေး

အကောင်းဆုံးကတော့ Defend control type မှာ အရင်လို Pressure ပေးတဲ့ပုံစံနဲ့ လူပေးမဲ့နေရာပိတ်ဆော့တဲ့ match up လိုမျိုးနှစ်ခုပါလာတာပါ
ပြောရရင် Pressing Game ဆော့ချင်လဲရသလို Defensive ကို Zonal ကျကျဆော့ချင်လဲရသွားတာပါ နှစ်ခုလုံးကတော့ သူ့ဟာနဲ့သူကောင်းပါတယ်
ကျနောကတော့ Pressure ပေးတဲ့ Pressing Game အားသန်တဲ့အတွက် Pressure ပေးပီးပဲဆော့ပါတယ် Defense ကလဲ High Line Defense လိုဖြစ်သွားတဲ့အတွက် တခါတလေ ခံစစ်ကဖင်ဟောင်းလောင်းဖြစ်တက်ပါတယ်

ဆော့ရတာအဆင်မပြေလို့ uninstall လုပ်ထားတဲ့သူတွေလဲ ပြန်ပီးစမ်းဆော့ကြည့်သင့်ပါတယ်။Card တွေ Contract တွေကတော့ မပြောင်းပါဘူး Gameplay ပိုင်းတော့ အရင်ကထက်ဆော့ရတာပိုကောင်းလာပါတယ်

အဆုံးထိဖတ်ပေးလို့ကျေးဇူးပါခင်ဗျ

30/06/2022

Control တွေကိုစောက်ပေါတွေ‌လုပ်မနေနဲ့
ငါတို့အကုန်တိုင်ပတ်ကုန်ပီ 🥲

eFootball Coin အကြောင်း တစေ့တစောင်းCoin တွေ အရင်လို Match Day တွေကန် Log in တွေ၀င်ရုံနဲ့ရဖို့မရှိတော့ပါဘူး အဲ့တော့ကိုယ့်...
16/06/2022

eFootball Coin အကြောင်း တစေ့တစောင်း

Coin တွေ အရင်လို Match Day တွေကန် Log in တွေ၀င်ရုံနဲ့ရဖို့မရှိတော့ပါဘူး အဲ့တော့ကိုယ့်မှာရှိထားတဲ့ eFootball Coin တွေသိပ်ပြီးမသုံးကြပါနဲ့ လိုအပ်မှသုံးပါ

PES ကကျနောတို့ User တွေကို နှစ်အတော်ကြာ ၃ ၄နှစ်လောက်ထိ Coin တွေကိုအလကားကော တနည်းနည်းနဲ့ကောပေးခဲ့ပါတယ်။ဥပမာ - PUBG ဆိုစထွက်တဲက Premium တွေလိုချင်ရင် UC ၀ယ်မှရသလိုပါ။ဒါမဲ့ PES က ဒီနှစ်မှစီးပွားရေးစဆန်လာတယ်ပြောလို့ရပေမဲ့ Free To Play ဂိမ်းတိုင်းမှာတော့ Company တွေက Premium Item တွေလိုချင်ရင်တော့ သူတို့ In game Currency ၀ယ်မှပေးတော့တာ လွန်ခဲ့တဲ့ ၃ ၄ နှစ်ကတည်းကပါ။ဒါမဲ့ PES ကဒီနှစ်မှစပြီး In game Currency ကို Free မပေးတော့တာပါ။ကောင်းတဲ့ဟာပြောရရင် PES ဟာ Free To Play ဖြစ်သေးသလို Pay To Win game လဲမဟုတ်သေးပါဘူး။

တကယ်လို့သင်ဟာ in game item မ၀ယ်ချင်လဲရပါတယ် Free To Play ဆော့ပြီး online match / event တွေကန်လို့ရနေတာပါ။Master League တို့လိုမျိုးဆော့ချင်ရင်တော့ Nintendo Switch တို့ PS 4 တို့မှာ ပိုက်ဆံပေးပီးပဲဆော့မှရပါမယ်။

21 ရာစုမှာ game တိုင်းက စီးပွားရေးအမြတ်ရဖို့ပဲလုပ်လာတာပါ။ပြောရရင် FIFA Mobile ဟာ PES ထက် အများကြီးစီးပွားရေးပိုဆန်ပါတယ်။PES က ကျနော့တို့ user တွေအပေါ်အတော်လေးသဘောကောင်းတယ်လို့ပြောရပါအုန်းမယ်။FIFA ဆော့ဖူးတဲ့သူဆိုသိမှာပါ

ဒီနေ့တော့ ဒီလောက်ပါပဲ။
eFootball Coin ၀ယ်ချင်ရင်လဲ ကျနော့ဆီလာ၀ယ်လို့ပါတယ်။
အားလုံးပဲ Coin ကို အလဟသမဖြုန်းမိကြပါစေနဲ့

eFootball 2022 Review ( PES 2022 )ကျနောတို့အားလုံးစောင့်မျော်နေတဲ့ eFootball 22 ကအဂ်ါနေ့ ၂ ရက်နေ့စတင်ထွက်ရှိခဲ့ပါပြီ။PES...
04/06/2022

eFootball 2022 Review ( PES 2022 )

ကျနောတို့အားလုံးစောင့်မျော်နေတဲ့ eFootball 22 က
အဂ်ါနေ့ ၂ ရက်နေ့စတင်ထွက်ရှိခဲ့ပါပြီ။PES ဆိုတဲ့နာမည်ကနေ eFootball ပြောင်းလဲခဲ့ပြီး အပြောင်းအလဲကြီးကြီးမားမားတွေပါ၀င်လာမယ်လို့ထင်ထားတဲ့အတိုင်းပဲ တော်တော်များများလဲ အပြောင်းအလဲတွေပါခဲ့တယ်။ မနှစ်ကတို့ ရှေ့တစ်နှစ်ကလိုမျိုး Released Date ကြေညာပီး နောက်တစ်ရက် နှစ်ရက် သုံးရက်ထပ်မစောင့်ရပဲ ဆော့လို့ရတာတွေကလဲ ချီးကျူးစရာဖြစ်တဲ့အပြင် Traffic Server ကလဲ မနှစ်ကလောက်မဖြစ်တော့တွေ့ရမှာပါ။ အဲ့တော့ အပြောင်းအလဲများမှု‌တွေနဲ့ ဒီ eFootball 2022 ကို ကျနောအပိုင်း ၆ ပိုင်း ခွဲပြီးပြောသွားပါမယ်
1. Interface

2. Gameplay & Graphics

3. Player

4. Manager

5. eFootball Items

6. Overview of eFootball တို့ပဲဖြစ်ပါတယ်

အဆင်ပြေရင် Like & Share လေးလုပ်ပေးသွားကြပါအုန်းနော်
ခုလိုအဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

03/06/2022

PES 2022 ( eFootballl 22 ) Review ကို Video နဲ့တင်ပေးရမလား စာနဲ့တင်ပေးရမလားဗျ

ဘယ်ဟာနဲ့တင်ပေးရင် ပိုအဆင်ပြေနိုင်ကြမလဲမသိပါဘူး

02/06/2022

ဆော့တာကြာပြီဖြစ်တဲ့ ဘော်ဒါတွေကတော့ Konami အကြောင်းကိုသိနေပြီဖြစ်ပေမဲ့
ဆော့တာသိပ်မကြာသေးတဲ့ အားတီတို့ကိုတော့ အရမ်းမစကြပါနဲ့ကွာ ဂေါင်းကြီးတို့ :3

01/06/2022

ပျောက်သွားတာလဲ အတော်ကြာသွားပါပီ
မနက်ဖြန်ဆို 22 Update လာပီဆိုတော့ ကျနောတို့လဲ ပြန်လာပါပီ
Efootball Coin တွေလဲ Giveaway ပေးဖို့အစီအစဉ်ရှိပါတယ်
နက်ဖြန် အဆင်ပြေပြေ ချောချောမွေ့မွေ့လေးဆော့လို့ရရင်တောင် ရှယ် review လာပါတယ် 😀

ဘာဒဲ့ ဆန္ဒ ဆန္ဒ ပြ ပြ :3ဖြစ်နိုင်ရင် ကိုယ့်လူဒို့လဲ Rating သွားချပီး ကိုအဆင်မပြေတာတွေ Review သွားရေးကြပါ
02/04/2022

ဘာဒဲ့ ဆန္ဒ ဆန္ဒ ပြ ပြ :3
ဖြစ်နိုင်ရင် ကိုယ့်လူဒို့လဲ Rating သွားချပီး ကိုအဆင်မပြေတာတွေ Review သွားရေးကြပါ

ဗီယက်နမ် လိုမျိုး PES ထဲမှာလဲ ရှိခဲ့ဖူးတယ်မလား 🌚
29/03/2022

ဗီယက်နမ် လိုမျိုး PES ထဲမှာလဲ ရှိခဲ့ဖူးတယ်မလား 🌚

ရီးရဲလ် ရဲ့ အန်ဆယ်လော့တီ ရဲ့ ကစားကွက်အသစ် အနှစ်ချုပ်လေးပါ- Defensive ဆော့ချိန်မှာတော့ ဒီကစားကွက်က 4-4-2ပုံစံဖြစ်ပြီး AMF...
24/03/2022

ရီးရဲလ် ရဲ့ အန်ဆယ်လော့တီ ရဲ့ ကစားကွက်အသစ် အနှစ်ချုပ်လေးပါ

- Defensive ဆော့ချိန်မှာတော့ ဒီကစားကွက်က 4-4-2ပုံစံဖြစ်ပြီး AMF ၂ယောက်ဟာလဲ DMF ၂ယောက်နဲ့အတူ တတန်းထဲဆော့ပြီးခံစစ်၂ထပ်ပုံစံဆော့ပါတယ်။အဲ့အချိန်မှာ‌တော့ LWF နဲ့ RWF က CF ပုံစံကစားကျပီး တောင်ပံဘက်မထွက်နေပါတယ်

- Counter Attack လုပ်ချိန်မှာ Defensive ကတော့ ခုနကလိုဆော့သလိုပဲဖြစ်ပေမဲ့ အဲ့အချိန်မှသာ AMF တွေက attacking လိုက်ပေးလို့ 4-2-2-2 ပိုဆန်ပါတယ်

- Attacking ဆော့တဲ့အချိန်မှာတော့ 4-2-4 ပိုဆန်ပီး AMF နဲ့ LWF RWF တွေဟာ လိုအပ်သလို တဖက်အသင်း Area ထဲမှာ LWF/RWF တွေဟာ Inverted Winger ပုံစံ ( Like Rashford,Salah တောင်ပံကဆွဲပီး ဧရိယာထဲ၀င်တဲ့ပုံစံ)ဆော့တက်ပီး AMF တွေဟာ Flase 9 ပုံစံဆော့တက်ပါတယ်။ဒါမဲ့အဲ့လိုတိုက်စစ်ဆော့ချိန်မှာတော့ ခံစစ်က ယိုပေါက်တော့များတက်တာတွေ့ရတက်ပါတယ်

ဒီပို့စ်ကတော့ PES Account ရောင်းချင်နေတဲ့သူတွေအတွက်ပါတကယ်လို့မိမိရောင်းချင်တဲ့အကောင့်ရှိပါက Page Messenger ကဆက်သွယ်နိုင်...
02/03/2022

ဒီပို့စ်ကတော့ PES Account ရောင်းချင်နေတဲ့သူတွေအတွက်ပါ
တကယ်လို့မိမိရောင်းချင်တဲ့အကောင့်ရှိပါက Page Messenger ကဆက်သွယ်နိုင်ပါတယ်
ရောင်းသူ၀ယ်သူကို Admin ကိုယ်တိုင်ကြားခံပီးချိတ်ပေးပါမယ်

Legendary Football ( Alpha Test )Reviewဒီဂိမ်းကတော့ စစချင်း Alpha Test မှာပဲ ကျနော့ကို impress စဖြစ်စေခဲ့ပါတယ်။အဓိကကတော့...
27/02/2022

Legendary Football ( Alpha Test )

Review

ဒီဂိမ်းကတော့ စစချင်း Alpha Test မှာပဲ ကျနော့ကို impress စဖြစ်စေခဲ့ပါတယ်။အဓိကကတော့ Career Mode ဆိုတာရယ် Dortmund အသင်းနဲ့ပါ Partner လုပ်ထားတာရယ်ကြောင့်ပါပဲ
ထုတ်ထားတဲ့ ဂိမ်းကုမ္ပဏီက Studio Vega ကဖြစ်တဲ့အတွက် Graphics ကတော့ အရမ်းမကောင်းသည့်တိုင် မဆိုးဘူးပြောရပါမယ်။

Graphics

Graphics ပိုင်းကိုပြောရမယ်ဆိုရင် ခုမှစထွက်တဲ့ဂိမ်းဆခုနေနဲ့လက်ခံနိုင်လောက်တဲ့အထိကောင်းပါတယ်။ပြောရရင် Graphics Texture ပိုင်းကချောချောကြီးဖြစ်နေတာကလွဲကျန်တာကဆော့ရတာအဆင်ပြေပါတယ်။Graphics ပိုင်းက PES FIFA Mobile တို့နဲ့ယှဉ်ရင် အဝေးကြီးလိုသေးပေမဲ့ Dream League နဲ့ယှဉ်ရင် သူကတောင်ပိုသာသလိုခံစားရပါတယ်။Maybe Vive Le Football လောက်နီးနီး Graphics ကောင်းပါတယ်။ဒါ့အပြင် 60 Fps လဲရပါတယ်။ဒါပေမဲ့ပြေးတာတွေ ဂိမ်းထဲလှုပ်ရှားမှုကအတော်လေးနှေးသလိုခံစားရပါတယ်

Graphics Rating - 5.5 out of 10

Gameplay & Control

Gameplay ပိုင်းမှာကျနောအကြိုက်ဆုံးကတော့ Career Mode လေးပါလာတာပါပဲ။FIFA ထဲကလို Calender လေးနဲ့ကိုကစားရမဲ့ပွဲပြပေးတာတွေကအတော်မိုက်ပါတယ်။နာမည်ကြီးကစားသမားတော်တော်များရဲ့ picture လဲပါပဲ in-game မှာလဲ လက်ခံနိုင်လောက်တဲ့အထိရုပ်တွေကတူပါတယ်။Logo တွေ အင်္ကျီတွေက Customize လုပ်လို့ရတာ ကွင်းထဲမ၀င်ခင် ကစားကွက်အခင်းအကျင်းတွေပြပေးတာလေးတွေကလဲမဆိုးပါဘူး
Control ပိုင်းမှာကတော့ ခလုတ်ဆွဲရတာလေးလံတာတွေ bugs တွေနဲနဲရှိနေသေးတာကလွဲရင် မဆိုးပါဘူး။Control ပိုင်းကတော့ Beta Test တို့ Official Release ကျရင်တော့ Fix လုပ်လာမယ်ထင်ပါတယ်

Gameplay - 6.5 out of 10
Control - 4 out of 10

ပြောရမယ်ဆိုရင် ကျနောတို့လိုဘောလုံးဂိမ်းကြိုက်တဲ့သူတွေအတွက်တော့ နောက်ပိုင်း Vive Le Football နဲ့ Legendary Football တို့က Mobile မှာ အတိုင်းအတာတခုမျော်မှန်းလို့ရလောက်ပါတယ်။ Legendary Football ကခုမှ Alpha Test ပဲရှိသေးတဲ့အတွက်နောက်လာမဲ့ update တွေမှာ ဘလောက်ထိ improve ဖြစ်လာမလဲ စောင့်ကြည့်ရပါအုန်းမယ်။

Download Link in comment 👇👇👇

ဒီဂိမ်းလေးညကျတင်လဲတင်ပေးပါမယ် review လဲပါပါမယ်Down ချင်ရင်တော့ Taptap ကဒေါင်းဆော့လို့ရပါတယ်Game ကတော့ Unity ကထုတ်ပြီးခုမ...
27/02/2022

ဒီဂိမ်းလေးညကျတင်လဲတင်ပေးပါမယ်
review လဲပါပါမယ်
Down ချင်ရင်တော့ Taptap ကဒေါင်းဆော့လို့ရပါတယ်
Game ကတော့ Unity ကထုတ်ပြီးခုမှ Alpha Test ပဲရှိပါသေးတယ်
ဂိမ်းနာမည်က Legendary Football ပါ

The Most Frightened tactics in PES MobileReview is coming soon brooss !!!And we will be back with the excellent programs...
25/02/2022

The Most Frightened tactics in PES Mobile
Review is coming soon brooss !!!
And we will be back with the excellent programs

ဒီကစားကွက်သုံးနေတဲ့သူရှိရင်လဲ comment ပေးသွားကြပါအုန်း

ငါပြောမယ် မီဒီယာကိုတော့ ငါပြောချင်တယ်Coin တွေစုမထားကြပါနဲ့ဖောက်ပလိုက်ကြပါအဲ့တာမှ admin လို အီတူး ရမှာပါ 🤪
27/01/2022

ငါပြောမယ် မီဒီယာကိုတော့ ငါပြောချင်တယ်
Coin တွေစုမထားကြပါနဲ့
ဖောက်ပလိုက်ကြပါ
အဲ့တာမှ admin လို အီတူး ရမှာပါ 🤪

တော်ရုံတော့ Trick တင်လေ့မရှိပေမဲ့ခုနည်းက ကျနောကော ကျနော့သူငယ်ချင်းကော ၂ယောက်လုံး iconic ရခဲ့တော့ အသုံး၀င်မဲ့နည်းလေး‌လို့...
16/01/2022

တော်ရုံတော့ Trick တင်လေ့မရှိပေမဲ့
ခုနည်းက ကျနောကော ကျနော့သူငယ်ချင်းကော ၂ယောက်လုံး iconic ရခဲ့တော့ အသုံး၀င်မဲ့နည်းလေး‌လို့မျော်လင့်ပါတယ်

3star Scouts - ၃ခုဖောက်
ပီးရင် pack ထဲ၀င်ပြီး silver တွေမြင်ရတဲ့ထိဆွဲချ
ပီးရင် Campbell အကုန်ကြည့်
Petit တချက်ထောက်
G.Silva တချက်ထောက်
နောက်ဆုံး sign ကို ၃စက္ကန့်လောက်ဖိပီး ဖောက်ပါ

အားလုံးပဲ ကံကောင်းကြပါစေဗျ
ရရင်လဲ cmt ပေးသွားကြပါအုန်း

Hello Guysခုတခေါက်ကတော့ PES က နည်းပြ Review တွေအပြင်တခြားဂိမ်းအကြောင်း sharing လေးတွေလုပ်ပေးရင်ကောင်းမလားလို့ပါကျနော အဆေ...
06/01/2022

Hello Guys
ခုတခေါက်ကတော့ PES က နည်းပြ Review တွေအပြင်တခြားဂိမ်းအကြောင်း sharing လေးတွေလုပ်ပေးရင်ကောင်းမလားလို့ပါ
ကျနော အဆော့များတဲ့ဂိမ်းတွေကတော့
PES
Call of Duty
PUBG New State
Football Manger 2022 တို့တော့ အဆော့များပါတယ်
FIFA လဲတခါတလေ ဆော့ပါတယ်

အဲ့ဂိမ်းတွေထဲကသိချင်တာရှိရင်မေးလို့ရသလို တခြားဂိမ်းတော်တော်များများလဲဆော့ဖူးတာမို့ သိချင်တာလေးတွေမေးသွားလို့ရပါတယ်

Mikel Arteta Review & Analysis (Arsenal Coach)ဒီနေ့ကျနော Review လုပ်ပေးမှာကတော့ ရွှေကျေးနည်းပြ အာတေးတား ရဲ့ 4-4-1-1 ကစား...
01/01/2022

Mikel Arteta Review & Analysis (Arsenal Coach)

ဒီနေ့ကျနော Review လုပ်ပေးမှာကတော့ ရွှေကျေးနည်းပြ အာတေးတား ရဲ့ 4-4-1-1 ကစားကွက်ပဲ ဖြစ်ပါတယ်။Review လဲလုပ်ရင်း သူရဲ့ကစားကွက်ကိုပွဲကစားရင်း Analysis လုပ်ဖြစ်ခဲ့ပါတယ်။
အဲ့တော့ တပုံချင်းစီထောက်ပြီး စဖတ်ကြည့်ရအောင်.....

တကယ်လို့ Bro တို့ analysis လုပ်စေချင်တဲ့နည်းပြရှိလဲ cmt မှာမန့်သွားပါတယ်။ကျနောလုပ်ပေးပါမယ်ခင်ဗျ။

Marcelo Bielsa Review & Analysis (Leeds Coach)ဒီနေ့ကျနော Review လုပ်ပေးမှာကတော့ လိဒ်နည်းပြ ရမာဆယ်လိုဘီယဲဆာ ရဲ့ 4-3-1-2 က...
27/12/2021

Marcelo Bielsa Review & Analysis (Leeds Coach)

ဒီနေ့ကျနော Review လုပ်ပေးမှာကတော့ လိဒ်နည်းပြ ရမာဆယ်လိုဘီယဲဆာ ရဲ့ 4-3-1-2 ကစားကွက်ပဲ ဖြစ်ပါတယ်။Review လဲလုပ်ရင်း သူရဲ့ကစားကွက်ကိုပွဲကစားရင်း Analysis လုပ်ဖြစ်ခဲ့ပါတယ်။
အဲ့တော့ တပုံချင်းစီထောက်ပြီး စဖတ်ကြည့်ရအောင်.....

တကယ်လို့ Bro တို့ analysis လုပ်စေချင်တဲ့နည်းပြရှိလဲ cmt မှာမန့်သွားပါတယ်။ကျနောလုပ်ပေးပါမယ်ခင်ဗျ။

Ralf Rangnick Review & Analysis ဒီနေ့ကျနော Review လုပ်ပေးမှာကတော့ မန်ယူနည်းပြ ရန်းနစ်ခ် နဲ့ 4-2-2-2 ကစားကွက်ပဲ ဖြစ်ပါတယ်...
25/12/2021

Ralf Rangnick Review & Analysis

ဒီနေ့ကျနော Review လုပ်ပေးမှာကတော့ မန်ယူနည်းပြ ရန်းနစ်ခ် နဲ့ 4-2-2-2 ကစားကွက်ပဲ ဖြစ်ပါတယ်။Review လဲလုပ်ရင်း သူရဲ့ကစားကွက်ကိုပွဲကစားရင်း Analysis လုပ်ဖြစ်ခဲ့ပါတယ်။
အဲ့တော့ တပုံချင်းစီထောက်ပြီး စဖတ်ကြည့်ရအောင်.....

တကယ်လို့ Bro တို့ analysis လုပ်စေချင်တဲ့နည်းပြရှိလဲ cmt မှာမန့်သွားပါတယ်။ကျနောလုပ်ပေးပါမယ်ခင်ဗျ။

FIFA Football 2022 ( Beta )PES 22 Mobile မှာ ပိုပြီးကောင်းမွန်တဲ့ Update တွေမပေးနိုင်ရင် mobile မှာလဲ FIFA ကျော်တာခံသွား...
25/11/2021

FIFA Football 2022 ( Beta )
PES 22 Mobile မှာ ပိုပြီးကောင်းမွန်တဲ့ Update တွေမပေးနိုင်ရင် mobile မှာလဲ FIFA ကျော်တာခံသွားရတော့မယ် PES.....

ကျနော‌မနေ့ကထွက်တဲ့ FIFA Football Beta ကိုစမ်းကစားကြည့်ခဲ့ပါတယ်။အတိုးတက်ဆူံအပိုင်းကတော့ Graphics အပိုင်းပဲဖြစ်‌ပြီး အတော်လေးကောင်းမွန်လာတာတွေ့ရပါတယ်။Event တွေကတော့အရင်အတိုင်းသိပ်မမိုက်သေးပေမဲ့ တကယ် Lauch လုပ်လာတဲ့အချိန်မှာတချက်စောင့်ကြည့်ရမှာပါ။FIFA မှာလဲ Season Pass လိုမျိုး Star Pass ပါလာပီဖြစ်ပါတယ်။
FIFA အနေနဲ့ Mobile အတွက်ပါသေချာပြင်ဆင်လာတဲ့အနေအထားလို့ခန့်မှန်းလို့ရပါတယ်။ Player တွေမှာလဲ Elite Player တွေပေါက်ရင် PS 4 ကပေါက်တဲ့ပုံအတိုင်းပဲဖြစ်လာပါတယ်။

Gameplay နဲ့ Boxdraw ဖောက်တဲ့ပုံ Comment မှာကြည့်ရန်

ဂိမ်းဆော့ချင်ရင် ဒီကဒေါင်းပါ
https://drive.google.com/file/d/1IsHBxVKc1C3pAwt7Xkhd_K2DOuxqbImC/view

အဲ့ဒီကနေဒေါင်းမရရင် TapTap ထဲကနေ ၀င်ဒေါင်းလဲရပါတယ်။ဂိမ်းက Beta ဖြစ်တဲ့အတွက် ဂိမ်းထဲစ၀င်ကတဲက Vpn ကို India or Canada ကြိုချိတ်ထားပါ မဟုတ်ရင်၀င်လို့မရပါဘူး

အားလုံးပဲအဆင်ပြေကြပါစေ

27/09/2021

Match Analysis လုပ်ဖို့
Rating 1200 1300 ကျော်တဲ့ ၂ ယောက်လိုပါတယ်
ကူညီပေးကြပါအုန်း
လုပ်ပေးရမှာကတော့....
ပွဲကို Screen Record လုပ်ပီး
Screen Record Video လေးကို Drive ကနေ ကျနော့ဆီပို့ပေးရမှာပါ
အဲ့ပွဲ video လေးကို Anysis ပြန်လုပ်ပေးမို့ပါ
တက်နိုင်တဲ့သူ ၂ ယောက်လောက်ကူညီပေးကြပါအုန်း

Breaking sad news !!!လက်ရှိ PES Legend & Iconic Player တွေဖြစ်တဲ့ ကာဆီးလက်စ် နဲ့ ကာဖူးဟာ FIFA နဲ့ စာချုပ်ချုပ်သွားပြီပဲ ...
20/09/2021

Breaking sad news !!!

လက်ရှိ PES Legend & Iconic Player တွေဖြစ်တဲ့ ကာဆီးလက်စ် နဲ့ ကာဖူးဟာ FIFA နဲ့ စာချုပ်ချုပ်သွားပြီပဲ ဖြစ်ပါတယ်။ဒါ့ကြောင့်မို့ အဲ့ဒီကစားသမား ၂ယောက်ဟာ eFootball 2022 (PES) မှာပါမလား မပါလားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ် 😢😢😢

ဒါ့အပြင် လက်ရှိ PES မှာပါနေတဲ့ ကစားသမားတွေဖြစ်တဲ့ ဘက်တစ္စတူတာ နဲ့ ပတ်ကျီဆန်တွေဟာ FIFA new iconic မှာပါဝင်မယ်လိုနာမည်ထွက်နေပါတယ်

PES ကဘာကြောင့် Iconic Players တွေထပ်ပြီးစာချုပ်ချုပ်ဖို့ခက်ခဲနေတာလဲ ဒီတွေမပြောခင်က အရင်သမိုင်းကြောင်းတွေ ပြန်လှန်ပြီးပြေ...
20/09/2021

PES ကဘာကြောင့် Iconic Players တွေထပ်ပြီးစာချုပ်ချုပ်ဖို့ခက်ခဲနေတာလဲ

ဒီတွေမပြောခင်က အရင်သမိုင်းကြောင်းတွေ ပြန်လှန်ပြီးပြောရပါလိမ့်မယ်။ဘာကြောင့်လဲဆို လက်ရှိချိန်ထိ FIFA ရဲ့ ပုံရိပ်ကို PES အနေနဲ့ လိုက်မှီဖို့ လိုနေသေးလို့ဖြစ်ပါတယ်။ FIFA ဟာ Video Game တွေကို 1993 လောက်ကတဲက FIFA လိုင်စင်အောက်ကရရှိခဲ့တာပဲဖြစ်ပါတယ်။PES ကတော့ အရင်က ကျနောတို့ငယ်ငယ်တုန်းက စထွက်တုန်းကတော့ Winning Eleven အမည်နဲ့ 2001 မှာစထွက်ခဲ့ပါတယ်။ ဒါကြောင့် FIFA ဟာ PES ထက် ၈နှစ်လောက်ပိုစောထွက်တဲ့အပြင် ကစားသမားတွေကိုလွမ်းမိုးမှုမှာလဲ PES ထက်ပိုအားကောင်းပါတယ်။ကျန်တာမကြည့်ပါနဲ့ FIFA ရဲ့ Player Rating ဟာ ဘယ်လောက်အရေးပါလဲဆိုတာ အားလုံးကအရေးတယူစောင့်ကြည့်ရတဲ့အထိပါပဲ။ ဒါ့ကြောင့် FIFA ရဲ့ ကစားသမားတွေအပေါ်လွမ်းမိုးမှုကြီးမားမှုဟာ Iconic Player တွေ စာချုပ်ချုပ်ရာမှာ သိပ်သိသာသွားခဲ့ပါတယ်။ ဒါပေမဲ့ PES အများဆုံးဆော့ရာ Region တွေဖြစ်တဲ့ တောင်အမေရိက နဲ့ အာရှမှာတော့ ကစားသမားတွေအပေါ်လွမ်းမိုးမှု အားကောင်းလာတာတွေ့နိုင်ပါတယ်။ မက်ဆီ နေမာက အစက ဘရာဇီးကစားသမားတော်တော်များများကို Iconic Player အဖြစ်စာချုပ်ချုပ်နိုင်မှု တွေကြည့်ရင်သိသာနိုင်ပါတယ်။

ဒါပေမဲ့ လက်ရှိအခြေနေ ကိုသုံးသပ်ကြည့်ရရင် PES ဟာ Iconic Player တွေကို စာချုပ်ထပ်ချုပ်နိုင်ဖို့ထက် စာချုပ်ချုပ်ပီးသား ကစားသမားတွေ FIFA ဆီပြန်မပါသွားအောင်မနဲထိန်းနေရပါတယ်။အရင်ကဆို အင်တာကစားသမားတွေဖြစ်တဲ့ ဇနက်တီတို့ အက်ဒရီယာနို ကမ်ဘီယာဆို တို့ကို စာချုပ်ထပ်မချုပ်နိုင်တာတော့တွေဟာ သာဓကပါ။လက်ရှိလဲ ဘက်ခမ်းဟာ FIFA နဲ့စာချုပ်ချုပ်ပီးသွားလို့ နောက်နှစ် PES မှာပါမလားမပါမလားမသေချာသေးပါဘူး။ ဒါ့အပြင် FIFA ဟာ လက်ရှိချိန်မှာ Iconic Player တွေဖြစ်တဲ့ Rooney, Van Persie တွေဟာ စာချုပ်ချုပ်နိုင်သွားတဲ့အတွက် FIFA ဟာ PES ထက် ခြေတလှမ်းသာသွားစေပါတယ်

အချုပ်ပြောရရင် PES အနေနဲ့ Iconic Player တွေစာချုပ်ထပ်ချုပ်ချင်ရင်တော့ FIFA ထက် ကစားသမားတွေအပေါ်လွမ်းမိုးမှု ပိုအားကောင်းမှသာ ကျနောတို့အနေနဲ့ New Iconic Players တွေထပ်မြင်ရဖို့ရှိပါကြောင်းအသိပေးအပ်ပါတယ်

Trick မဟုတ်သော Iconic ပေါက်နည်း Trick တခုဒီ Post ကတော့ Discussion ပို့စ်လေးပါ။Iconic player တွေနှိုက်တဲ့ခါကျ Coin 100 20...
19/09/2021

Trick မဟုတ်သော Iconic ပေါက်နည်း Trick တခု

ဒီ Post ကတော့ Discussion ပို့စ်လေးပါ။Iconic player တွေနှိုက်တဲ့ခါကျ Coin 100 200 နဲ့ပေါက်တဲ့သူတွေရှိသလို Coin 2000 လောက်သုံးတောင် တကောင်မှမပေါက်တဲ့သူတွေလဲရှိပါတယ်။ခုကျနောပြောပြပေးမာက Trick မဟုတ်ပေမဲ့ Iconic နှိုက်တဲ့ခါကျ အသုံးဝင်လောက်မဲ့နည်းလေးပါ။အဲ့တာကတော့.......

- သင်သာ Iconic Player ပေါက်မယ်ဆို အဲ့ဒီ Iconic Player ကအသင်းကစားသမားတွေပေါက်ပါတယ်

အဲ့တာကဘလိုလဲဆိုတော့ ဥပမာ ဒီအပတ် မန်ယူ Iconic လာလို့ နှိုက်တဲ့ခါပထမဆုံး ကွိုင် ၂၀၀ ၃၀၀ လောက်မာ မန်ယူ Player တွေကျနေရင် သင်ဟာ Iconic Player ပေါက်ဖို့ Chance တော်တော်များပါတယ်။ကျနောဒီလိုဖြစ်နေတာဟာ နောက်ဆုံး Iconic ပေါက်တဲ့ ၃ကြိမ်လုံးမှာအဲ့လိုပါပဲ။ကျနောတင်မဟုတ်ပဲ ကျနော့သူငယ်ချင်းတွေလဲအဲ့လိုဖြစ်နေတာတွေ့ရပါတယ်။တချို့တွေကကျတော့ Black Ball အပေါက်များပီး Iconic Player ထပေါက်တာလဲရှိပါတယ်။Coin 100 200 နဲ့ပေါက်တဲ့သူတွေကတော့ အတော်ကံကောင်းလို့ပါ။

ဒါကတော့ကျနောသိတဲ့ Trick လေးတစ်ခုကိုမျှဝေပေးတာပါ။ကျနောလိုကြုံတွေ့ရတဲ့သူတွေရှိလဲ cmt မှာမျဝေပေးသွားကြပါအုန်း

How To Prepare For eFootball 2022?eFooball 2022 အတွက် ဘယ်လိုပြင်ဆင်ကြမလဲမကြာခင်ရှေ့လ or ရှေ့လကုန်လောက်မှာ eFootball 2022...
12/09/2021

How To Prepare For eFootball 2022?
eFooball 2022 အတွက် ဘယ်လိုပြင်ဆင်ကြမလဲ

မကြာခင်ရှေ့လ or ရှေ့လကုန်လောက်မှာ eFootball 2022 mobile ( PES 22 ) ထွက်ရှိလာတော့မှာဖြစ်ပါတယ်။အဲ့အတွက်ကြောင့် ကျနောလုပ်နေကြ ပြင်ဆင်နေတဲ့ဟာလေးတွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ကဲ......စလိုက်ကြရအောင်ပါ

1. GP/Coin တက်နိုင်သလောက်စုပါ

ဒီအချိန်မှာ Konami ကသင့်ရဲ့ GP တွေ Coin တွေရတဲ့နည်းနဲ့ပြန်သိမ်းကျုံးဖို့ပြင်ဆင်နေပါတယ်။ဒီအပတ်လာတဲ့ Iconic Series ပဲ ကြည့်ပါ။တကယ်ကြမ်းတဲ့ ရူမင်နစ်ဂီတို့ ကာကာတို့ boxdraw ၂ခုလုံးတခါထဲလာပြီး Coin တွေပြန်သိမ်းချင်နေတာပါ။မနှစ်ကဆို Pes 21 ထွက်ခါနီး Legend boxdraw တွေဆက်တိုက်လာပြီး GP တွေသိမ်းသွားပါသေးတယ်။ဒါ့ကြောင့်မို့ပြောချင်တာက GP တွေ Coin တွေတက်နိုင်သမျစုထားပါ

2.Gold Ball/Black Ball ပြောင်းမဲ့ Player တွေ Tradeထားပါ စုထားပါ

Konami ဟာ ဒီနှစ် Base/Feature Player တွေဟာ Carryover မပြောင်းပဲ Base Player တိုင်း ပြန်လာမယ်ဖြစ်တဲ့အတွက် Gold/Black Ball စုချင်တဲ့သူတွေအတွက်သတငိးကောင်းပါပဲ။အဲ့တော့ကိုယ်အကြိုက်ဆုံး အသင်းရဲ့ Squad လိုချင်ရင် ခုကတဲက ကြိုတင်ပြင်ဆင်ပြီး Trade သင့်တာ Trade စုသင့်တာစုထားတာပိုကောင်းပါတယ်။ eFootball 22 စတာနဲ့ ကိုယ့်ရဲ့ အကြိုက်ဆုံးအသင်း Squad နဲ့ဆိုတော့ပိုမိုက်တာပေါ့။

3. Konami ID တင်ထားပါ *****

အရေးကြီးဆုံးအချက်ပါ။သင့်မှာ Player ကောင်း ဘလောက်များများရှိရှိ သင်အခုဆော့နေတဲ့အကောင့်ကို Konami ID မချိတ်ထားရင် eFootball 2022 ပြောင်းရင် အစကနေပြန်ဖြစ်သွားမှာပါ ( အရင်က Squad ပြန်ရတော့မှာမဟုတ်ပါဘူး )ဒါ့ကြောင့် Konami ID တင်ထားဖို့က အလွန်အလွန် အရေးကြီးပါတယ်.Konami ID တင်နည်းသက်သက်ပြန်တင်ပေးပါအုန်းမယ်

သင် eFootball 22 အတွက်ပြင်ဆင်နေတဲ့အချက်ရှိလဲ comment ထဲမှာဝင် share ပေးသွားပါအုန်း။လိုတာလေးတွေ ဒီစာထဲမှာပဲ ထပ် edit ပေးသွားပါအုန်းမယ်ဗျ

အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါခင်ဗျ

PES Mobile 2022 ကို ဘယ်ဖုန်းတွေဆော့နိုင်မလဲကျနောတို့ Page မှာအမေးအများဆုံးမေးခွန်းလေးလဲဖြစ်ပါတယ်။ PES အနေနဲ့ ဘယ်ဖုန်းတွေ...
05/09/2021

PES Mobile 2022 ကို ဘယ်ဖုန်းတွေဆော့နိုင်မလဲ

ကျနောတို့ Page မှာအမေးအများဆုံးမေးခွန်းလေးလဲဖြစ်ပါတယ်။ PES အနေနဲ့ ဘယ်ဖုန်းတွေက eFootball 22 ဆော့ဖို့အတွက် လိုအပ်တဲ့ System လိုအပ်ချက်တွေကြေညာမယ်လို့ပြောပြထားပါတယ်။ဒါမဲ့ အမေးများဆုံးမေးခွန်းလေးတွေကို ကျနောပြန်ပြောပြီးဖြေပေးသွားပါမယ်ခင်ဗျ။ဖုန်းနဲ့ဆိုင်တဲ့ဗဟုသုတအကြောင်းလေးလဲတလက်စတည်းပြောပြပေးသွားပါမယ်

Q. eFootball 2022 ဆော့ဖို့ Ram ဘလောက်လိုလဲ/ Ram ဘလောက်ဆို ဆော့လို့ရမလဲခင်ဗျ

A. ဒီမေးခွန်းမတိုင်ခင် Ram အကြောင်းလေးနဲနဲပြောချင်ပါတယ်။
RAM = Random Access Memory ဖြစ်ပါတယ်။ Ram ရဲ့လုပ်ချက်ဟာဆိုရင် ဥပမာ - ကိုယ်က Fb သုံးတယ် ပီးတော့ Msger သုံးတယ် ပီးတော့ PES ဆော့တယ် ပီးတော့ Gallery ထဲဝင်တယ် ပီးတော့ PUBG ဆော့တယ် ဒါပေမဲ့ ကိုယ်က PUBG ဆော့လို့ ပြန်ထွက်ပြီး PES ထဲဝင်လဲ ကိုယ် PES ဆော့နေတဲ့ နေရာထဲကို ပြန်ရောက်တာဟာ Ram ရဲ့လုပ်ဆောင်ချက်ပါ။ Ram နည်းရင်က အဲ့လို PUBG ဆော့ပြီးပြန်ထွက်လို့ PES ထဲသွားလဲ အစကနေပြန်ဝင်နေရပါလိမ့်မယ်။ Ram များရင်က ကိုယ်ဆော့ခဲ့တဲ့နေရာထဲပဲ ပြန်ရောက်နေပါလိမ့်မယ်။ဒါက Ram ရဲ့လုပ်ဆောင်ချက်ပါ။(အကျဥ်းချုပ်ပါ) အဲ့တော့ ဂိမ်းတခုဆော့လို့ဖုန်းနိုင်ချင်းမနိုင်ချင်းက RAM နဲ့မဆိုင်တာနားလည်သွားလောင်ပီထင်ပါတယ်။ အလွယ်ပြောရရင် Ram ဆိုတာ ဖုန်းရဲ့ မှတ်ဥာဏ်ပေါ့ ကိုယ်ကဟိုဟာလုပ်နေချိန် ဒီဟာပြန်ပြောင်းလုပ်လဲ မှတ်မိနေတာမျိုးပါ။ဒါ့ကြောင့် Random Access Memory လို့ခေါ်တာပါ

Q. အဲ့တာဆို eFootball 2022 ဆော့ဖို့ ဖုန်းကနိုင်မနိုင်ဘယ်ဟာကြည့်ပြီး ပြောရမှာလဲ

A. အဲ့အတွက် အရေးအကြီးဆုံးက SoC or Proceesor နဲ့ပဲဆိုင်ပါတယ်။ SoC ဆိုတာက System On a Chip or Chipset လို့ခေါ်ပါတယ်။SoC ရဲ့လုပ်ဆောင်ချက်ကိုအသေးစိတ်တော့မပြောပြတော့ပါဘူး။စာရှည်နေမှာစိုးလို့ပါ။ SoC ကောင်းလေ ဖုန်းဟာလဲစျေးမြင့်လေပါပဲ။ SoC ကောင်းလေ ဂိမ်းတွေဆော့ရတာ ပိုကောင်းတယ် Graphics ကောင်းကောင်းနဲ့ဆော့လို့ရပါတယ်။အဲ့တော့ ကိုယ့်ဖုန်းရဲ့ Chipset ကိုအရင်ရှာကြည့်တာပိုကောင်းပါတယ် ဂိမ်းဆော့လို့နိုင်မနိုင်ကတော့။ များသောအားဖြင့် ဂိမ်းတော်တော်များများက Mid-Range SoC တွေတော်တော်များများက ဂိမ်းဆော့လို့ရတာကြောင့် eFootball 2022 ထွက်ရင်လဲ ကျိန်းသေတာကတော့ Mid Range SoC တွေကနေစပြီးကျိန်းသေပြောလို့ရပါတယ်။Mid Range SoC တွေထဲမှာဆို Snapdragon 700 above တွေ Kirin 800 above တွေ Helio G 85 above တွေ Dimensity 700 above တွေကတော့ ကျိန်းသေရလောက်ပါတယ်။ အဲ့အောက် SoC တွေဖြစ်တဲ့ Snapdragon 400 တွေ Helio G 85 lower or P series တွေကတော့ ကျိန်းသေပေါက်မပြောတက်ဘူးခင်ဗျ။ အဲ့တော့ ကိုယ့် ဖုန်းရဲ့ Chipset သိချင်ရင် gsmarena.com ထဲသွားပြီးရှာကြည့်လို့ရပါတယ်ခင်ဗျ။
တချို့ဖုန်းတွေကတော့ ဖုန်း Setting ထဲမှာတင် CPU ဆိုပြီး ကိုယ့်ဖုန်းရဲ့ SoC ကိုပြထားတက်ပါတယ်။(Xiaomi တွေမှာတော့ကျိန်းသေပါပါတယ်)

နောက်ဆုံးပေးချင် မက်ဆေ့ချ် ကတော့ ဂိမ်းဆော့လို့ ရမရဆိုတာက Ram နဲ့လုံးဝမဆိုင်ပဲ SoC or Chipset နဲ့ပဲဆိုင်ကြောင်းပြောရင်းနိဂုံးချုပ်အပ်ပါတယ်

လက်ရှိအကောင်းဆုံး Chipset တွေကတော့ Snapdragon 888 နဲ့ Apple ရဲ့ A 14 Bionic Chipset တွေပဲဖြစ်ပါတယ်
ပုံပါတဲ့ လက်မှာကိုင်ထားတဲ့အပြားလေးကတော့ ကျနောတို့ ဖုန်းတခုလုံးကို run ပေးနေတဲ့ Chipset အပြားသေးသေးလေးပဲဖြစ်ပါတယ်

  2022 အကြောင်းသိရသမျှအစုံစုံ....တခုချင်းစီထောက်ကြည့်ပြီးဖတ်ရူနိုင်ပါတယ်ခင်ဗျအဆင်ပြေရင် Like & Share လေးလုပ်ပေးသွားပါလို...
02/09/2021

2022 အကြောင်းသိရသမျှအစုံစုံ....

တခုချင်းစီထောက်ကြည့်ပြီးဖတ်ရူနိုင်ပါတယ်ခင်ဗျ
အဆင်ပြေရင် Like & Share လေးလုပ်ပေးသွားပါလို့တောင်းဆိုပါတယ်ဗျ
ကဲ.....အဲ့တော့စလိုက်ကြရအောင်....

Breaking news!!!eFootball 2022 ဟာ Consoles - PS4,5 Xbox နဲ့ PC တွေအတွက် Sep 30 မှာစပြီးဆော့လို့ရတော့မှာဖြစ်ပါတယ်Cross-pl...
02/09/2021

Breaking news!!!
eFootball 2022 ဟာ Consoles - PS4,5 Xbox နဲ့ PC တွေအတွက် Sep 30 မှာစပြီးဆော့လို့ရတော့မှာဖြစ်ပါတယ်
Cross-platform မှာပါချိတ်ဆော့လို့ရမှာဖြစ်ပြီး PC သမားတွေနဲ့ Mobile သမားတွေပါ ချိတ်ဆော့ရမှာဖြစ်ပါတယ်။
Mobile-controller Support လဲပါဝင်လာမှဖြစ်ပါတယ်။
Null တွေတောင်မပြင်နိုင်သေးတဲ့ eFootball အနေနဲ့ Cross-platform ကိုဘလိုထိန်းချုပ်သွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်

ညကျ eFootball 2022 Mobile အတွက် သိရသမျကို ဘာသာပြန်ပီးတင်ပေးမယ်နော်တချက်စောင့်ကြည့်ပေးကြပါအုန်း 👀ကျိန်းသေတဲ့တချက်ကတော့ နေ...
02/09/2021

ညကျ eFootball 2022 Mobile အတွက် သိရသမျကို ဘာသာပြန်ပီးတင်ပေးမယ်နော်
တချက်စောင့်ကြည့်ပေးကြပါအုန်း 👀
ကျိန်းသေတဲ့တချက်ကတော့ နောက်နှစ် Gaming Engine အတွက် Unreal Engine 5 အသုံးပြုလာနိုင်တာကြောင့် တချို့ Low-Budget ဖုန်းတွေဆော့ဖို့အခက်အခဲရှိလာနိုင်တယ်ပြောသွားပါတယ်

မနက်ဖြန်ကနေစပြီး Featured Players Box Draw တွေမလာတော့ပါဘူးလို့ PES ကကြေညာသွားပါပီPES 2022 Mobile အကြောင်းတွေကိုလဲ နောက်တ...
01/09/2021

မနက်ဖြန်ကနေစပြီး Featured Players Box Draw တွေမလာတော့ပါဘူးလို့ PES ကကြေညာသွားပါပီ
PES 2022 Mobile အကြောင်းတွေကိုလဲ နောက်တပတ် နှစ်ပတ်မာပိုသိရဖို့ရှိပါတယ်

Apollo Tyres United League ခုဆော့ချင်ရင် Thai VPN ကျော်ဆော့ပါမနက်ဖြန်ဆိုရင် အကုန်လုံးဆော့လို့ရပါတယ်ဒီနေ့ကတော့ တချို့ နို...
26/08/2021

Apollo Tyres United League ခုဆော့ချင်ရင် Thai VPN ကျော်ဆော့ပါ
မနက်ဖြန်ဆိုရင် အကုန်လုံးဆော့လို့ရပါတယ်
ဒီနေ့ကတော့ တချို့ နိုင်ငံ server မှာပဲဆော့လို့ရပါအုန်းမယ်

Breaking News!!!PES ဟာနောက်နှစ်မှာ MLS က player တွေကိုအသုံးပြုခွင့်ရရှိသွားပီပဲဖြစ်ပါတယ်။ဒါ့ကြောင့်နောက်နှစ်မှာ မေဂျာလိဂ...
23/08/2021

Breaking News!!!

PES ဟာနောက်နှစ်မှာ MLS က player တွေကိုအသုံးပြုခွင့်ရရှိသွားပီပဲဖြစ်ပါတယ်။ဒါ့ကြောင့်နောက်နှစ်မှာ မေဂျာလိဂ် ကစားသမားတွေအသုံးပြုခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်။
PES ဟာ Major League Soccer Player Association နဲ့စာချုပ်လက်မှတ်ရေးထိုးပြီး မေဂျာလိဂ်(အမေရိကန်လိဂ်) က ကစားသမားတွေကို နောက်နှစ် eFootball 2022 မှာအသုံးပြုခွင့်ရရှိတော့မှာဖြစ်ပါတယ်။
ဒါ့ကြောင့် ပရိတ်သတ်ကြိုက်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဗီလာတို့ ကားလို့စ်ဗီလာ နာနီ ဟာနန်ဒတ် မာတွီဒီတို့ ပြန်လည်ပါဝင်လာတော့မှာပါဖြစ်ပါတယ်

Who would be the Strongest Youngstars in eFootball 22? 👀ခုဖော်ပြပေးသွားမှာတော့ နောက်နှစ်မှာ တကယ်ကြမ်းလာမဲ့ လူငယ်ကစားတွေက...
06/08/2021

Who would be the Strongest Youngstars in eFootball 22? 👀

ခုဖော်ပြပေးသွားမှာတော့ နောက်နှစ်မှာ တကယ်ကြမ်းလာမဲ့ လူငယ်ကစားတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ခူဖော်ပြမဲ့ကစားသမားအများစုကတော့ Silver Ball အများစုလဲဖြစ်ပါတယ်။ဒါ့အပြင်နောက်နှစ် PES မှာ အသစ်ပါလာမဲ့ ကစားသမားအသစ်အကြောင်းလဲဖော်ပြပေးသွားမှာပါ။

အဲ့ဒီတော့ တစ်ပုံချင်းစီထောက်ပြီးကစားသမားတွေကိုလိုက်လေ့လာလိုက်ကြရအောင်ပါ....အဆုံးမှာထူးခြားတဲ့ကစားသမားတစ်ဦးပါပါတယ် 😛

PES Gamer တွေကော ဘယ်သူကနောက်နှစ် Efootball မှာကြမ်းလာမဲ့လူငယ်ကစားသလို့ထင်လဲ comment ပေးသွားပါအုန်း

Address


Website

Alerts

Be the first to know and let us send you an email when Burmese Efootball Arena posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share