The Burma Observatory

  • Home
  • The Burma Observatory

The Burma Observatory Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Burma Observatory, Social Media Agency, .

08/05/2023
Cartoon JMP
12/04/2023

Cartoon JMP

❝ စစ်တပ်စီးပွား ဒို့ငြင်းဆန်တော်လှန်သင်္ကြန် ပြည်သူ့အသံ ❞_______________________ပြည်သူ့တော်လှန်ရေးကြီး ခရီးမဆုံးသေးတဲ့ ယ...
04/04/2023

❝ စစ်တပ်စီးပွား ဒို့ငြင်းဆန်

တော်လှန်သင်္ကြန် ပြည်သူ့အသံ ❞

_______________________

ပြည်သူ့တော်လှန်ရေးကြီး ခရီးမဆုံးသေးတဲ့ ယခုနှစ် သင်္ကြန်ကလည်း “အပျော်သင်္ကြန်” မဟုတ်ဘဲ “တော်လှန်သင်္ကြန်” ပဲဖြစ်ရပါလိမ့်မယ်။

အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုဘက်ကတော့ ဒင်းတို့ထုံးစံအတိုင်း ဒီသင်္ကြန်ကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းနေတာပါပဲ။ သင်္ကြန်ကို ရမယ်ရှာ အကြောင်းပြပြီး အတုအယောင် "အပျော်သင်္ကြန်" နဲ့ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်တွေ အကြီးအကျယ် ကျင်းပခြင်းအားဖြင့် တိုင်းပြည် အခြေအနေအရပ်ရပ်က ပုံမှန်ဖြစ်နေသယောင် တော်လှန်ရေးကို မှေးမှိန်သေးသိမ်အောင် လုပ်ကြံဖန်တီးမယ်ပေါ့။

ဒီလိုလုပ်ခြင်းအားဖြင့် အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား သူရဲကောင်းတွေ စိတ်ဓာတ်ကျမယ်၊ တောထဲ တောင်ထဲက PDF, EROs စစ်သည်တော် သူရဲကောင်းတွေက တောက်ခေါက်ကြမယ်၊ အိမ်ပြန်/မြို့ပြန်ချင်မယ်၊ စိတ်ဓာတ်ကျမယ်၊ အခက်အခဲ အကြပ်အတည်းပေါင်းများစွာကြားက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ CDM သူရဲကောင်းတွေက တော်လှန်ရေးအပေါ် စိတ်ပျက်ကြမယ်၊ နေစရာ အိမ်မရှိတော့တဲ့ စစ်မိစ္ဆာဘေးသင့် ပြည်သူတွေက ဝမ်းနည်းကြမယ်ဆိုတာမျိုးကို အကြမ်းဖက်အုပ်စုက မျှော်လင့်နေတာပေါ့။ တနည်းအားဖြင့် ဒင်းတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး (Psywar) လက်နက်ကြီးပါပဲ။ ကျနော်တို့ပြည်သူများအနေနဲ့ စစ်အုပ်စုရဲ့ ဒီအကြံအစည်ကို ရှင်းရှင်းလင်းလင်း သိမြင်ဖို့ လိုပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်အုပ်စုကနေ လုပ်ကြံဖန်တီးမယ့် အတုအယောင် "အပျော်သင်္ကြန်" နဲ့ သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင် အခမ်းအနားတွေကို လုံးဝ (လုံးဝ) မပူးပေါင်း၊ မပါဝင်ကြဖို့၊ သပိတ်မှောက်ကြဖို့ လေးလေးနက်နက် တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

တချိန်တည်းမှာ ဒီမဟာသင်္ကြန်ကာလအတွင်းမှာသာမက တော်လှန်ရေးကာလ တလျောက်လုံးမှာလည်း အကြမ်းဖက်စစ်တပ်ပိုင်တဲ့၊ စစ်တပ်နဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံးစွဲကြဖို့၊ အားမပေးကြဖို့၊ မဝယ်ယူကြဖို့လည်း အလေးအနက် ထပ်မံတိုက်တွန်းလိုက်ရပါတယ်။

[ဒီကုန်စည်နဲ့ ဝန်ဆောင်မှုလို့ ဆိုရာမှာ လူထု မြင်သာအောင် ဥပမာအချို့ပြရမယ်ဆိုရင် Andaman Gold ၊ ဒဂုန်၊ မန္တလေး၊ Black Shield ၊ မြန်မာ အစရှိတဲ့ ဘီယာများ၊ Alpine ရေသန့်၊ Red Ruby ၊ Premiun Gold စတဲ့ စီးကရက်များ၊ ရှမ်းမလေး၊ ရွှေမန်းသူ၊ ပုသိမ်သူ၊ သန်မြန်သူ အစရှိတဲ့ ယာဥ်လိုင်းများ၊ BOC ၊ Denko ၊ ရွှေဗျိုင်းဖြူ အစရှိတဲ့ ဆီဆိုင်များ၊ Azura Beach Hotel (ချောင်းသာ)၊ Pullman Hotel (မန္တလေး)၊ Lotte Hotel (ရန်ကုန်)၊ Excel Trasure Hotel (ချောင်းသာ၊ ငွေဆောင်)၊ Hotel Ace (ချောင်းသာ)၊ Aureum Palace Hotels & Resorts (ပုဂံ၊ အင်းလေး၊ နေပြည်တော်၊ ငပလီ၊ ငွေဆောင်၊ ပြင်ဦးလွင်)၊ Amazing Hotels & Resorts (ချောင်းသာ၊ ငွေဆောင်၊ ငပလီ)၊ Malikha Lodge (ပူတာအို)၊ စိမ်းလဲ့တင် (ကျိုက်ထို) အစရှိတဲ့ ဟိုတယ်များ . . .]

လူထုအနေနဲ့ ကိုယ့်ကိုသတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေကို ကိုယ်တိုင်က ပြန်ပေးနေသလိုမျိုး မဖြစ်ဖို့၊ အဆိပ်ပင် ရေမလောင်းကြဖို့ အထူးအရေးကြီးလှပါတယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ ဝင်ငွေရေသောက်မြစ်တွေကို ပျက်သုဉ်းအောင်လုပ်တဲ့၊ စစ်တပ်စီးပွားကို ထိုးနှပ်တိုက်ခိုက်တဲ့၊ အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းမှုနဲ့ ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ “ဘူးသပိတ်” တိုက်ပွဲကို မမေ့၊ မလျော့၊ မပေါ့ဆကြဘဲ အမြဲလိုက်နာ၊ ကျင့်သုံးကြဖို့ပဲ ဖြစ်ပါတယ်။

တဖက်မှာလည်း မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အခါတော်မှာ လူထုအနေနဲ့ အစဉ်အလာမပျက် ကုသိုလ်ကောင်းမှုပြုကြတာ၊ တော်လှန်သင်္ကြန်အဖြစ် ပုံဖော်၊ ဆင်ယင်၊ ဆင်နွှဲကြတာတွေလည်း လုပ်ကြတာပေါ့ဗျာ။ ဒါ့အပြင် ပြည်သူ့သူရဲကောင်း PDF ပကဖ ရဲဘော်တွေ၊ လူထုသပိတ်တိုက်ပွဲဝင် ရဲဘော်တွေဆီက တော်လှန်သင်္ကြန် သံချပ်တွေ၊ တော်လှန်ရေးဘက်တော်သား ပြည်သူ့အချစ်တော် အနုပညာရှင်တွေဆီက တော်လှန်သင်္ကြန် ဖျော်ဖြေတင်ဆက်မှု အမျိုးမျိုးတွေလည်း လုပ်ကြမယ်လို့ သိရပါတယ်ဗျ။

ကျနော်တို့လူထုအနေနဲ့ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေတဲ့ "အပျော် သင်္ကြန်" ကို ဆန့်ကျင်ကြမယ်။ စစ်တပ် အကျိုးစီးပွားတွေကို သပိတ်မှောက်ကြမယ်၊ တော်လှန်ရေးကာလ၏ "တော်လှန် သင်္ကြန်" အဖြစ် ခံယူ၊ ပုံဖော်၊ ဆင်နွှဲကြဖို့ လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား/ရှင်။

#တော်လှန်သင်္ကြန်

#စစ်တပ်စီးပွား_ဒို့ငြင်းဆန်_တော်လှန်သင်္ကြန်_ပြည်သူ့အသံ

#ဘူးသပိတ်နဲ့အတူဆင်နွှဲ_တော်လှန်သင်္ကြန်_ပုန်ကန်ပွဲ

#အရေးတော်ပုံ_အောင်ရမည်

မင်းအောင်လှိုင်ရဲ့ ခွေးတပ်
07/03/2023

မင်းအောင်လှိုင်ရဲ့ ခွေးတပ်

ဘယ်ဟာက နွားဦးတိုက်ဆရာတော် အစစ်လဲ
18/02/2023

ဘယ်ဟာက
နွားဦးတိုက်ဆရာတော် အစစ်လဲ

10/02/2023
မအလ ရဲ့ထုတ်ပြန်ချက်Photo - credit
03/02/2023

မအလ ရဲ့ထုတ်ပြန်ချက်
Photo - credit

03/02/2023

Day732 - Strength

The Irrawaddy
03/02/2023

The Irrawaddy

   #ဘီရုမာ
03/02/2023

#ဘီရုမာ

Address


Website

Alerts

Be the first to know and let us send you an email when The Burma Observatory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share