EdenSeal Game
  • Home
  • EdenSeal Game
EdenSeal Game ways to make smarter life! sharing technology, knowledge, and useful tips to everyone
Huawei Mate 40 Series Online Global Launch Eventပြန်ကြည့်ချင်တဲ့သူတွေအတွက်
22/10/2020
Huawei Mate 40 Series Online Global Launch Event
ပြန်ကြည့်ချင်တဲ့သူတွေအတွက်
With an unprecedented power, the is here. Live at 14:00 CEST on 22.10.2020 as we . Visit our official community live discussio...
Google Play, iTune Giftcard တွေကို website ကနေ ဘယ်လိုလွယ်လွယ်ကူကူ ဝယ်မလဲ?Google Play, iTune Giftcard တွေအပြင် အခြား Prep...
28/08/2020
Google Play, iTune Giftcard တွေကို website ကနေ ဘယ်လိုလွယ်လွယ်ကူကူ ဝယ်မလဲ?
Google Play, iTune Giftcard တွေအပြင် အခြား Prepaid card တွေတော်တော်စုံစုံလင်လင်ရတဲ့ Website လေးတစ်ခုကို ပြောပြချင်ပါတယ်...
www.prepaidcard.com.mm ဆိုတဲ့ website လေးမှာတော်တော်စုံစုံလင်လင်ရနိုင်ပါတယ်...
Google Play, iTune Giftcard တွေ, Mobile Topup တွေ, Steam wallet, EA Access Game Card စတဲ့ Gamer တွေအတွက် Card တွေ, Mahar Mobile, LaLaKyi, Viu စတဲ့ Movie card တွေ, တော်တော်စုံစုံလင်လင်ရနိုင်ပါတယ်...
ကျတော်ကတော့ Google Play နဲ့ iTune Gift card တွေဝယ်သုံးဖူးပါတယ် အဆင်တော်တော်ပြေတယ်။ ကျန်တာတော့ အသုံးတည့်သလို ဝယ်ကြည့်ကြပါဗျ..
ဘယ်လိုဝယ်မလဲ?
မိမိဝယ်ချင်တဲ့ Card အမျိုးအစား (Amount) ကိုရွေး (Add to Cart ကိုနှိပ်)။
အဆင့်ဆင့်ဆက်နှိပ်သွားရင်ရတယ် လိုအပ်တဲ့ email တို့ဘာတိြ့တော့ထည့်ရမှာပေါ့...
Account ဖွင့်လိုက်လဲရတယ် Reward point တွေပြန်ပေးတာလဲရှိတယ်။
Payment ပိုင်းကတော့ MPU Card တွေနဲ့ပေးချေနိုင်သလို Mobile Banking တွေ Pay တွေနဲ့လဲရနိုင်ပါတယ်...
MPU Card ဆိုရင်တော့ ecommerce ရပြီးသား card ပဲရမလားမသိဘူး ကျတော်က ecommerce လျှောက်ထားပြီးသား card မလို့.. MPU ecommerce ကို Online ကလျှောက်တဲ့အကြောင်းလေးလဲနောက်ကျရင် ရေးပေးပါအုံးမယ်..
ဝယ်ယူလိုက်တဲ့ card ရဲ့ code ကိုမိမိဖြည့်သွင်းခဲ့တဲ့ email ကိုပို့ပေးတာဖြစ်လို့ email မှန်အောင်ရေးဖို့တော့လိုတယ်...
*ယခု post သည် Sponsor ရလို့ရေးသားခြင်းမဟုတ်ပါ။ သုံးစွဲရလွယ်ကူ အဆင်ပြေသော Website တစ်ခုကို Sharing လုပ်ပေးခြင်းဖြစ်ပါသည်*
ဒီစာလေးဖတ်ပြီး ဗဟုသုတတိုးတယ်ဆို Like & Share လုပ်ပေးပါအုံးဗျ။ 🙏🙏🙏
Page လေးကိုလဲ Like & Share လုပ်ပေးနိုင်ပါတယ်။ 🙏🙏🙏
နည်းပညာ ဗဟုသုတနဲ့ နေ့စဥ်ဘဝအတွက် အထောက်အကူပြုမယ့်စာလေးတွေ (နောက်ပိုင်း video clip တွေ) အလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 🤗🤗
[Uni] QR Code တစ်ခုကို ဘယ်လိုဖန်တီးမလဲ?ခုနောက်ပိုင်းရေပန်စားလာတာကတော့ QR Code ပါပဲ။ နေရာတော်တော်များများမှာသုံးလာကြတဲ့ Q...
10/04/2020
[Uni] QR Code တစ်ခုကို ဘယ်လိုဖန်တီးမလဲ?
ခုနောက်ပိုင်းရေပန်စားလာတာကတော့ QR Code ပါပဲ။ နေရာတော်တော်များများမှာသုံးလာကြတဲ့ QR Code ကို ဘယ်လိုဖန်တီးမလဲ?
QR Code ဆိုတာဘာလဲ?
စက်ပစ္စည်းတစ်ခုခုမှာဖတ်လို့ရတဲ့ ကုဒ်တစ်မျိုးပါပဲ။ အရင်ကကုန်ပစ္စည်းတွေမှာ တွေ့ရတဲ့ Barcode လေးတွေလိုပါပဲ။ Barcode ကတော့ နဲပါတ်တွေကို code အဖြစ်ပြောင်းသုံးတဲ့အရာတစ်ခုပေါ့။ QR Code ကတော့ သူ့ထက်ပိုအဆင့်မြင့်တယ်။ သူ့ ကုဒ်တွေထဲမှာ webiste url, text, email address, phone number, location, event အစရှိတဲ့ အရာတွေကို code အဖြစ်ပြောင်းလို့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အချက်အလက်တွေပို့တဲ့အခါ ဥပမာ သင့် Phone no., email address, website url ကိုသူများကိုပေးတဲ့အခါ QR Code ကိုပြောင်းပေးလိုက်ရင် တစ်ဖက်လူအတွက် ပိုမိုလွယ်လွယ်ကူကူ phone နဲ့ပဲ scan ဖတ်ပြီး သုံးနိုင်တယ်။ QR Code စပေါ်ခါစက အဖြူအမဲ အတုံးလေးတွေနဲ့ပဲ လေးထောင့်ကွက်လေးတွေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ ဒါပေမယ့် ခုချိန်မှာတော့ color, style တွေပြောင်းလို့ရသလို မိမိကုပစ္စည်း logo ပါထည့်သွင်းအသုံးပြုလို့ရနေပါပြီ။
ကျတော် အကြိုက်ဆုံး QR Code ထုတ်ပေးတဲ့ website ကတော့ www.qrcode-monkey.com ဖြစ်ပါတယ်။
ဘာလို့အဲ့ website ကိုကြိုက်တာလဲဆိုတော့?
သူက ကျတော်အထက်မှာပြောခဲ့သလို color တွေ style တွေ ပြောင်းသုံးလို့ရလို့ပါ။ Code ကိုလဲ Quality ကောင်းကောင်းနဲ့ ထုတ်ပေးနိုင်တယ်။ တကယ်အသုံးတည့်တဲ့ Website တစ်ခုပါပဲ။ မိတ်ဆွေတို့လဲ အကြောင်းတစ်ခုခုကြောင့် QR Code ထုတ်ဖို့လိုအပ်လာရင် အဲ့ Website ကိုအသုံးပြုဖို့အကြံပေးပါတယ်။
[Zaw] QR Code တစ္ခုကို ဘယ္လိုဖန္တီးမလဲ?
QR Code ဆိုတာဘာလဲ?
ဒီစာလေးဖတ်ပြီး ဗဟုသုတတိုးတယ်ဆို Like & Share လုပ်ပေးပါအုံးဗျ။ 🙏🙏🙏
Page လေးကိုလဲ Like & Share လုပ်ပေးနိုင်ပါတယ်။ 🙏🙏🙏
နည်းပညာ ဗဟုသုတနဲ့ နေ့စဥ◌်ဘဝအတွက် အထောက်အကူပြုမယ့်စာလေးတွေ (နောက်ပိုင်း video clip တွေ) အလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 🤗🤗
26/03/2020
Huawei P40 Series မှာ ပါဝင်လာတဲ့ Top Camera Features များ
(1) AI Remove Passersby (ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုဖျောက်ပေးနိုင်တဲ့ Golden Snap Feature) 😳😲
(2) 50X Supersensing Zoom (အဆ ၅၀ ထိ zoom ဆွဲနိုင်)
(3) AI Best Moment (လှုပ်ရှားနေတဲ့ ပုံရိပ်တွေထဲကနေ အကောင်းဆုံး ပုံကိုရွေးထုတ်ပေးနိုင်မယ့် Golden Snap)
အစရှိတဲ့ Amazing Camera Features တွေအပြင် Night Mode အတွက်လဲ တော်တော်ကောင်းအောင် ပြုလုပ်ထားကြောင်းသိရပါတယ်။
မင်မင်ကတော့ Ai Remove Passersby Feature ကိုအကြွေဆုံးပဲ။
26/03/2020
Huawei P40 Series (P40, P40 Pro, P40 Pro+) 5G Launch Highlights: တော်တော်ကြီးကိုကြမ်းတဲ့ Leica Camera Setup တွေ၊ တော်တော် အထင်ကြီးစရာကောင်းတဲ့ Features အသစ်တွေနဲ့ ဒီနေ့ Launch လုပ်သွားတာကတော့ Huawei ရဲ့ P40 Series ပဲဖြစ်ပါတယ်။ P40 Series တွေအပြင် ဆက်စပ် Electronic Gadgets တွေပါပူးတွဲ Launch လုပ်သွားတာလည်းတွေ့ရပါတယ်။ Huawei P40 Series ဟာ တော်တော်လေး ပေါက်အုံးမယ့် Series တစ်ခုဖြစ်လာမယ်လို့ သုံးသပ်မိပါတယ်။ ဈေးလေးတွေကတော့ P40 Triple Leica Cameras (8/128) ကို €799 euro, P40 Pro Quad Leica Cameras (8/256) ကို €999 euro နဲ့ P40 Pro+ Panta Leica Cameras (8/512) ကို €1399 euro တို့ဖြစ်ပြီး P40 နဲ့ P40 Pro ကို April 7 ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး P40 Pro+ ကိုတော့ June လကျမှ ရောင်းချမယ်လို့သိရပါတယ်။
Neomorphism Style UI ခေတ်တစ်ခု ရောက်လာနိုင်မလား?[Uni]နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ပြောင်းလာသလို UI တွေလဲ တစ်ဆင့်ပြီးတစ်ဆင့်ပ...
09/03/2020
Neomorphism Style UI ခေတ်တစ်ခု ရောက်လာနိုင်မလား?
[Uni]
နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ပြောင်းလာသလို UI တွေလဲ တစ်ဆင့်ပြီးတစ်ဆင့်ပြောင်းလဲ လာကြတယ်။ အရင်က Gradient UI တွေကနေ တစ်ဆင့် Windows 8 မှာ Flat UI ကို စတင်မိတ်ဆက်လာခဲ့ကြရာကနေ UI တစ်လောကလုံး Flat တွေဖြစ်လာခဲ့ကြတယ်။ အဲ့ကနေမှ Material UI ဆိုပြီး Shadow တွေပါဝင်လာတဲ့ UI ခေတ်ကြီးကို Android နဲ့ခရီးဆက်ခဲ့ရာက ခုနှစ်ပိုင်းလေးမှာ Bevel/Emboss ကို ပြန်အသက်သွင်းလာတဲ့ Neomorphism UI ကိုဥ◌ီးတည်လာခဲ့ပြန်ပါပြီ။ Flat Design စတင်ခါစကလိုပဲ သဘောကျတဲ့သူနဲ့ သဘောမကျတဲ့သူတွေလို ဘက်၂ခု ဖြစ်ပေါ်လာနေပါပြီ။ အကယ်၍ သဘောကျတဲ့သူတွေများတဲ့ဘက်ကနေ အနိုင်ရပြီး UI Design လောက ပြောင်းလဲအုံးမလားဆိုတာတော့ စောင့်ကြည့်ရအုံးမယ့် အခြေအနေပါပဲ။ UI Designer တစ်ယောက်လုပ်မယ်ဆိုရင် Trending တွေကိုမျက်ခြေပျက်လို့မရပါဘူး။ Graphic Design ထက်ပိုဆိုးပါတယ်။ ကျတော်ကတော့ Neomorphism UI ဆိုတာ Frontend Developer အတွက်ခက်ခဲမယ်၊ Designer နဲ့ Developer ကြားမှာ ညှိနှိုင်းရတာတွေ၊ Color code တွေ ပိုများလာတာတွေ အတွက် ကြိုတွေးရင်း ရင်မောမိနေတာတော့အမှန်ပါပဲ။ ကိုယ်ကစိုးရိမ်နေပေမယ့် Developer တွေအတွက် CSS Code တွေတောင် Generate ပေးနိုင်တဲ့ Website တွေတောင်တွေ့မြင်နေရပြီမို့ ဒီ Neomorphism UI ဟာ နောက်မကြာသော ကာလတွေမှာ ခေတ်စားလာနိုင်နေပါတယ်။ UI Designer တွေအတွက် ကျော်ဖြတ်ရမယ့် နောက်ထပ် gate ပေါက်တစ်ခုလို့မြင်ယောင်နေပါတယ်။ Galaxy S20 ကြော်ငြာမှာပါတဲ့ လေးထောင့်တုံးတွေက Neomorphism UI ကိုအခြေခံထားတာများလားလို့လဲ သံသယဝင်မိပါတယ်။
[Zaw]
03/03/2020
Mobile: the Xperia 1, Mark II မှာ 3.5mm headphone jack ပါဝင်
[uni]
Android စပေါ်ခါစက Sony Xperia Smart Phone တွေဟာ လူကြိုက်များခဲ့ကြတယ်။ အသံပိုင်း ရုပ်ထွက်ပိုင်းကောင်းမွန်မှုနဲ့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Sony ဟာ အခုအခါမှာတော့ Xperia, Mark II ဆိုပြီး မိတ်ဆက်လာပြန်ပါတယ်။ Sony Xperia, mark II မှာ 6.5-inch screen size နဲ့ 21:9 အချိုးရှိတဲ့ display ပါဝင်မှာဖြစ်ပါတယ်။ Video ရိုက်ကူးမှုအတွက် “CinemaWide” 4K HDR OLED (3840×1644) နဲ့ ရိုက်ကူးနိုင်ပြီး Dolby Atmos လည်းပါဝင်ပါတယ်။ Snapdragon 865 နဲ့ 8Gb Ram ပါဝင်လာမှာဖြစ်ပါတယ်။ Main Camera အနေနဲ့တော့ Zeiss Lens အသုံးပြုထားတဲ့ 12MP camera ၃လုံးနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ Selfie အတွက်တော့ 8MP သာ ပါဝင်မှာဖြစ်ပါတယ်။ Storage ကတော့ 256GB နဲ့လာမယ်လို့သိရပြီး Battery 4000mAh ပါဝင်မယ်လို့သိရပါတယ်။ ထူးခြားမှုအနေနဲ့ 3.5mm headphone jack ပါ ပါမယ်လို့သိရပါတယ်။
[zaw]
---------------------------------------------------------------
ဒီစာလေးဖတ်ပြီး ဗဟုသုတတိုးတယ်ဆို Like & Share လုပ်ပေးပါအုံးဗျ။ 🙏🙏🙏
Page လေးကိုလဲ Like & Share လုပ်ပေးနိုင်ပါတယ်။ 🙏🙏🙏
နည်းပညာ ဗဟုသုတနဲ့ နေ့စဥ◌်ဘဝအတွက် အထောက်အကူပြုမယ့်စာလေးတွေ (နောက်ပိုင်း video clip တွေ) အလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 🤗🤗
03/03/2020
Game: Plants Vs Zombies 3 ကို Philippine မှာ စတင်မိတ်ဆက်
[uni]
2009 ခုနှစ်က လူတော်တော်များများ နှစ်သက်ခဲ့ကြတဲ့ Plants Vs Zombies ကတော့ ခုအခါမှာ 3rd generation ရောက်ရှိခဲ့ပါပြီ။ Tower defense game တွေရဲ့ အစလို့တောင် ပြောလို့ရတဲ့ ဒီ game ဟာ တော်တော်အောင်မြင်ခဲ့ပြီး game of the yearတောင် ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် Plants Vs Zombies 2 မှာတော့ အရမ်းမအောင်မြင်ခဲ့ပါဘူး။ ရွေးချယ်စရာ game တွေများပြားလာမှုကြောင့်လဲဖြစ်နိုင်ပါတယ်။ Landscape mode ကို သုံးပြီးဆော့ရတာဖြစ်တဲ့အတွက် screen size သေးတဲ့ smart phone တွေမှာဆော့လို့ အဆင်သိပ်မပြေတာကြောင့်လဲဖြစ်နိုင်ပါတယ်။ Graphic ရုပ်ထွက်ကတော့ ပိုမိုကောင်းမွန်ခဲ့ပေမယ့် ပထမဆုံး game လောက်မအောင်မြင်ခဲ့ပါဘူး။ ခု Plants Vs Zombies 3 မှာတော့ gameplay မှာ portrait mode ကို ပြောင်းသုံးလာတဲ့အတွက် Phone နဲ့ဆော့ရတာလဲ ပိုအဆင်ပြေလာနိုင်ပါတယ်။ လက်ရှိ ဖိလစ်ပိုင် နိုင်ငံမှာ စတင်ဆော့လို့ရနေပြီဖြစ်တဲ့ Plants Vs Zombies 3 ဟာ အောင်မြင်လာနိုင်မလားဆိုတာတော့ မပြောတတ်သေးပေမယ့် ကျတော်ကတော့ စမ်းပြီးဆော့ကြည့်ချင်နေပါပြီ။ Game trailer video လေးကိုပါ တွဲတင်ပေးလိုက်ပါတယ်။
[zaw]
---------------------------------------------------------------
ဒီစာလေးဖတ်ပြီး ဗဟုသုတတိုးတယ်ဆို Like & Share လုပ်ပေးပါအုံးဗျ။ 🙏🙏🙏
Page လေးကိုလဲ Like & Share လုပ်ပေးနိုင်ပါတယ်။ 🙏🙏🙏
နည်းပညာ ဗဟုသုတနဲ့ နေ့စဥ◌်ဘဝအတွက် အထောက်အကူပြုမယ့်စာလေးတွေ (နောက်ပိုင်း video clip တွေ) အလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 🤗🤗
Comparison: Samsung Galaxy A51 vs. A71[uni]Samsung ရဲ့ အသစ်ထွက်ရှိလာတဲ့ Galaxy A51 နဲ့ A71 နှိုင်းယှဥ◌်ချက်လေ းဖော်ပြပေး...
19/02/2020
Comparison: Samsung Galaxy A51 vs. A71
[uni]
Samsung ရဲ့ အသစ်ထွက်ရှိလာတဲ့ Galaxy A51 နဲ့ A71 နှိုင်းယှဥ◌်ချက်လေ းဖော်ပြပေးလိုက်ပါတယ်။
[zaw]
Tech: About DXO MARK[uni]DXOMARK ဆိုတာဘာလဲ? ဘယ်လောက်အရေးပါသလဲ?ခုနောက်ပိုင်း Smart Phone လောကမှာ ခေတ်စားနေတဲ့ DXOMARK နံပ...
19/02/2020
Tech: About DXO MARK
[uni]
DXOMARK ဆိုတာဘာလဲ? ဘယ်လောက်အရေးပါသလဲ?
ခုနောက်ပိုင်း Smart Phone လောကမှာ ခေတ်စားနေတဲ့ DXOMARK နံပါတ် ဘယ်လောက်မှာရပ်တည်နေတာတို့ ဆိုတာတွေ ကြားလာရတော့ အဲ့ကြောင်းလေ့လာကြည့်မိတာလေး ရေးသားပေးလိုက်ပါတယ်။
DXOMARK ဆိုတာ Website တစ်ခုပါပဲ။ ၂၀၀၈ခုနှစ်မှာ စတင်တည်ထောင်ပြီး ရုံးချုပ်ကတော့ ပြင်သစ်မှာပါ။ သူက Smart Phone, Lens, camera တွေကို နည်းပညာနှိုင်းယှဥ◌်ချက် Benchmark တွေလုပ်ပြီး အကောင်းဆုံး ကို rating လုပ်ပေးထားတဲ့ website ဖြစ်ပါတယ်။ သူ rating လုပ်ပေးတဲ့ အရာတွေကတော့ Camera Sensor, Lens, Camera, Selfie Camera နဲ့ Smart Phone Audio တို့ပဲဖြစ်ပါတယ်။
Camera Sensor ရမှတ်တွေကိုတိုင်းတာတဲ့အခါမှာ Sensor ကနေဖမ်းယူလိုက်တဲ့ ပုံတစ်ခုရဲ့အရည်အသွေးကောင်းမှုကို တိုင်းတာပါတယ်။ အဲ့လိုတိုင်းတာတဲ့ အခါမှာ portrait score, landscape score နဲ့ sports score ၃ခုကိုပေါင်းပြီး ရမှတ်ကိုဖော်ပြတာဖြစ်ပါတယ်။ Portrait score မှာ color တွေရဲ့ Depth ကိုတိုင်းတာတာဖြစ်ပါတယ်။ Landscape score အတွက်တော့ Dynamic range ကိုတိုင်းတာတာဖြစ်ပြီးတော့ Sports score အတွက်တော့ Low-light performance ကိုတိုင်းတာခြင်းဖြစ်ပါတယ်။
Lens ရမှတ်တွေကိုလည်း သူတို့ website မှာဖော်ပြထားပါတယ်။ Camera တစ်လုံးအတွက် Lens တွေကို DXOMARK မှာ အသေးစိတ် review ဖတ်လို့ရပါတယ်။
Camera ရမှတ်တွေကိုတော့ Exposure and Contrast, Color, Autofocus, Texture, Noise, Artifacts, Night, Zoom, Bokeh, Wide ဆိုတဲ့ အချက်တွေပေါ်မှာတိုင်းတာပြီးထုတ်ပေးတာဖြစ်ပါတယ်။ တိုင်းတာချက်ထဲမှာ Photo ရော Video ပိုင်းပါပါဝင်တယ်လို့သိရပါတယ်။
၂၀၁၉ နှစ်စကနေစပြီးတော့ Selfie-Camera ရမှတ်တွေပါထုတ်ပေးနေပါတယ်။ Selfie Photo တွေအတွက်တော့ Exposure, Color, Focus, Texture, Noise, Artifacts, Flash နဲ့ Bokeh တို့ရဲ့တိုင်းတာချက်များပေါ် မူတည်ပြီး ရမှတ်ထုတ်ပေးနေတာဖြစ်ပြီး Selfie Video တွေအတွက်တော့ Exposure, Color, Focus, Texture, Noise, Artifacts နဲ့ Stabilization တို့အပေါ်တိုင်းတာပြီး ထုတ်ပေးတာဖြစ်ပါတယ်။
ခုအခါမှာတော့ Smartphone Audio အတွက်ပါ ရမှတ်တွေထုတ်ပေးနေပါပြီ။ Audio ပိုင်းကိုတော့ Smartphone Speaker ကထွက်တဲ့ Playback quality, Recording နဲ့ Built-in Microphone တွေရဲ့ quality တွေပေါ်မူတည်ပြီး ရမှတ်ထုတ်ပေးတယ်လို့သိရပါတယ်။
ကဲ DXOMARK ကအရေးပါသလားဆိုတဲ့ အချက်ကတော့ ပြောရရင်အရေးပါပါတယ်။ သူက အမှီအခိုကင်းတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် Brand တစ်ခုအပေါ် တစ်ဖက်စောင်းနင်း အသားပေးဖော်ပြမှာမဟုတ်တဲ့ အတွက် သူ့ရမှတ်တွေက စိတ်ချလို့ရနိုင်ပါတယ်။ မိမိက Flagship Smartphone ဝယ်မယ် Camera တွေ Audio တွေကောင်းတာလိုချင်တယ်ဆိုရင်တော့ ဒီ Website ကအားကိုးစရာကောင်းပါတယ်။
[zaw]
---------------------------------------------------------------
ဒီစာလေးဖတ်ပြီး ဗဟုသုတတိုးတယ်ဆို Like & Share လုပ်ပေးပါအုံးဗျ။ 🙏🙏🙏
Page လေးကိုလဲ Like & Share လုပ်ပေးနိုင်ပါတယ်။ 🙏🙏🙏
နည်းပညာ ဗဟုသုတနဲ့ နေ့စဥ◌်ဘဝအတွက် အထောက်အကူပြုမယ့်စာလေးတွေ (နောက်ပိုင်း video clip တွေ) အလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 🤗🤗
Game : Common Types of Games[uni]Games ဆိုတာ လူတော်တော်များများ ရင်းနှီးပြီးသား နေ့စဥ◌်ဘဝထဲက အစိတ်အပိုင်းတစ်ခုဆိုလဲမမှား...
17/02/2020
Game : Common Types of Games
[uni]
Games ဆိုတာ လူတော်တော်များများ ရင်းနှီးပြီးသား နေ့စဥ◌်ဘဝထဲက အစိတ်အပိုင်းတစ်ခုဆိုလဲမမှားတော့ပါဘူး။ လူကြီးလူငယ်မရွေး တော်တော်များများ Game ဆော့လာကြတဲ့ အလေ့အထရှိလာကြပါပြီ။ Games တွေကို mobile, pc, Xbox အစရှိသဖြင့် platform မျိုးစုံမှာ ကစားကြပါတယ်။ Games အမျိုးအစား အများကြီးရှိပေမယ့် အဓိကကျတဲ့ အမျိုးအစားတွေက ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။
MMO (Massively Multiplayer Online)
ဒီအမျိုးအစားကတော့ လူတွေအများကြီး Online ပေါ်ကနေ server တစ်ခုထဲမှာ ချိတ်ဆက်ပြီး တစ်ချိိန်ထဲစုပေါင်းဆော့ကြတဲ့ အမျိုးအစားဖြစ်ပါတယ်။
RPG (Role-Playing Game)
ကိုယ်ရွေးချယ်ထားတဲ့ Character တစ်ခုချင်းစီရဲ့ Ability ကိုမြှင့်တင်ပီးဆော့ရတဲ့ Game မျိုးဖြစ်တယ်။ ကိုယ့် Character က Warrior လား Wizard လား Archer လား စသဖြင့် ရွေးချယ်မှုပေါ်မူတည်ပြီး Ability တွေမတူညီကျဘူး။ RPG တွေမှာ MMORPG, ActionRPG, Open World RPG ဆိုပြီး ကွဲပြားတဲ့ ကစားနည်းတွေရှိသေးတယ်။ ActionRPG ကတော့ Turn-based အမျိုးအစားဖြစ်ပြီး ရန်သူတိုက်တဲ့အလှည့်စောင့် ကိုယ့်အလှည့်ကျ ရန်သူကိုပြန်တိုက်ခိုက်ရတဲ့ Game အမျိုးအစားဖြစ်တယ်။ အရင်တုန်းက Final Fantasy, Pokemon Game အမျိုးအစားတွေမှာတွေ့ရတတ်တယ်။ MMORPG ကတော့ Online Server ချိတ်ပြီးဆော့ရတဲ့ RPG Game အမျိုးအစားဖြစ်တယ်။ လက်ရှိ Mobile MMORPG Game တွေဖြစ်တဲ့ Raid: Shadows Legend, Age of Magic, Lineage II: Revolution, League of Angel: Paradise Land တို့လို Game အမျိုးမစားတွေဖြစ်တယ်။ Open World RPG ကတော့ PC, Xbox တွေမှာပဲအတွေ့များပြီး နာမည်ကြီး Assassin's Creed Games, Reckoning တို့လို Game တွေမှာတွေ့ရတယ်။ မြေပုံအကြီးကြီးပါဝင်ပြီး Portal တွေနဲ့ quick travel သွားနိုင်တဲ့ function တွေပါဝင်တတ်ကြတယ်။
Strategy
ငယ်ငယ်က လူတိုင်းနဲ့ရင်းနှီးပြီးသား Red Alert တို့ General တို့ အစရှိတဲ့ Game တွေကတော့ Strategy Game (Real-time Strategy) တွေအဖြစ်လူသိများတယ်။ စစ်သားတွေထုတ် စစ်တိုက်ရတဲ့ Clash of Clans (CoC) ကလဲ Strategy Game အမျိုးအစားထဲမှာပါဝင်ပါတယ်။
MOBA (Multiplayer online battle arena)
Strategy Game ရဲ့အမျိုးအစားထဲက ခွဲထွက်လာပြီး Character တစ်ခုကို Control လုပ်ပြီး Team နဲ့ဆော့ရတဲ့ အမျိုးအစားဖြစ်တယ်။ Mobile Legends, Arena of Valor အစရှိတဲ့ Game အမျိုးအစားတွေဖြစ်တယ်။
Simulation
လူတွေရဲ့ လုပ်ဆောင်ချက်တွေ ဥပမာ အိမ်ဆောက်တာ ကားမောင်းတာ အစရှိတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လုပ်ဆောင်ချက်တွေကို ယူပြီး ဖန်တီးထားတဲ့ Game အမျိုးအစားဖြစ်တယ်။ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲအောင်လုပ်ဆောင်ပြီးဆော့ရတဲ့ Games တွေမှာတွေ့ရတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊မြို့တည်တာ၊ ပို့ဆောင်ဆက်သွယ်တာ အစရှိတဲ့ Game တွေပါဝင်တယ်။ Civilization, The Sims စတဲ့ နာမည်ကြီး game တွေအဖြစ် လူကြိုက်များကြတယ်။
Puzzle / Casual
Candy Crush တို့လို အေးအေးဆေဆေး တစ်ယောက်ထဲဆော့ရတဲ့ Game တွေကတော့ Casual or Puzzle အမျိုးအစား game တွေဖြစ်တယ်။
အခြား Game အမျိုးအစားတွေလဲရှိသေးပေမယ့် လက်ရှိ လူဆော့များတဲ့ အမျိုးအစားတွေသာဖော်ပြပေးထားတာဖြစ်ပါတယ်။
[zaw]
ဒီအမျိုးအစားကတော့ လူတွေအများကြီး Online ပေါ်ကနေ server တစ်ခုထဲမှာ ချိတ်ဆက်ပြီး တစ်ချိန်ထဲစုပေါင်းဆော့ကြတဲ့ အမျိုးအစားဖြစ်ပါတယ်။
RPG (Role-Playing Game)
Strategy
Simulation
Puzzle / Casual
ဒီစာလေးဖတ်ပြီး ဗဟုသုတတိုးတယ်ဆို Like & Share လုပ်ပေးပါအုံးဗျ။ 🙏🙏🙏
Page လေးကိုလဲ Like & Share လုပ်ပေးနိုင်ပါတယ်။ 🙏🙏🙏
နည်းပညာ ဗဟုသုတနဲ့ နေ့စဥ◌်ဘဝအတွက် အထောက်အကူပြုမယ့်စာလေးတွေ (နောက်ပိုင်း video clip တွေ) အလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 🤗🤗
Guide: How to buy genuine Windows 10 Pro with cheap price?[uni]သင့် PC မှာ Windows 10 Pro အစစ်အမှန်ကို ဈေးသက်သက်သာသာနဲ့ ...
14/02/2020
Guide: How to buy genuine Windows 10 Pro with cheap price?
[uni]
သင့် PC မှာ Windows 10 Pro အစစ်အမှန်ကို ဈေးသက်သက်သာသာနဲ့ ဘယ်လိုဝယ်သုံးမလဲ?
PC တစ်လုံးအတွက် Windows OS ဆိုတာ မရှိလို့မရတဲ့ အဓိကအရာပါ။ အရင်က Windows ကို Crack Version တွေသုံးခဲ့ကြတာ နှစ်ပေါင်းဆယ်ချီနေခဲ့ပါပြီ။ ခုနောက်ပိုင်းနှစ်တွေမှာ Windows ကို license version နဲ့ရောင်းလာကြပေမယ့် ဈေးကြီးတာကြောင့် Crack လေးပဲသုံးနေရသူတွေအတွက် နည်းလမ်းတစ်ခုပြောပြပေးမှာ ဖြစ်ပါတယ်။
ကျတော်တို့ shop.com.mm မှာ Windows 10 Pro ကို 2သောင်းလောက်နဲ့ အစစ်အမှန် Genuine Version နဲ့ ဝယ်သုံးလို့ရနေပြီဗျ။ ကျတော်ကြော်ငြာပေးတာမဟုတ်ပါဘူးဗျ။ ကိုယ့်လို user တွေ အဆင်ပြေအောင် sharing လုပ်ခြင်းပါ။ ကျတော်ဝယ်သုံးတာအဆင်ပြေလို့ ပြန် share ပေးတာပါ။ ဟုတ်တယ် 2သောင်းလောက်နဲ့ lifetime သုံးလို့ရနေပြီဗျ။ တစ်ခုပဲ အဲ့ Key က pc တစ်ခုစာပဲ အလုပ်လုပ်ပါတယ်။ 1key for 1 pc ပေါ့ဗျာ။ ခုနကပြောတဲ့ website မှာ windows 10 ဆိုပြီးရှာကြည့်ရင် အဲ့လို key ရောင်းတဲ့ Dealer တွေတွေ့ရမှာပါ။ Email ကနေ key ပို့ပေးတဲ့ Dealer လဲရှိသလို အိမ်ထိပို့ပေးတဲ့ Dealer လဲရှိတယ်။ Email နဲ့ ပို့ပေးတဲ့ Dealer ကတော့ Visa card နဲ့ ပိုက်ဆံချေရသလို အိမ်ထိအရောက်ပို့ပေးတဲ့ Dealer ကတော့ COD (Cash On Delivery) ရတယ်။ ကျတော်တော့နှစ်မျိုးလုံး ဝယ်ဖူးတယ်။ အဆင်ပြေတယ်။ သူက System Bios ထဲမှာ Key ကိုမှတ်ထားပေးတဲ့အတွက် Windows ပြန်တင်လိုက်တဲ့အခါမျိုးမှာလဲ key ကိုပြန်မှတ်မိနေတဲ့အတွက် Genuine Windows 10 Pro ကိုပြန်ရမှာဖြစ်ပါတယ်။ Windows ပြန်တင်ပြီး internet ချိတ်လိုက်တာနဲ့ activate ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။
Windows Genuine သုံးရင် auto os update ရနေမှာဖြစ်တယ်။ Crack သုံးတုန်းကဆို os update ကိုပိတ်ထားရတဲ့အတွက် latest windows support တွေမရနိုင်ဘူးပေါ့ဗျာ။ ကဲ Windows OS Genuine သုံးချင်သူများအတွက် အဆင်ပြေအောင် ဈေးသက်သက်သာသာနဲ့ ဝယ်သုံးလို့ရမယ့်နည်းလမ်းလေးမျှဝေပေးလိုက်ပါတယ်။
[zaw]
----------------------------------------------------------------------
ဒီစာလေးဖတ်ပြီး ဗဟုသုတတိုးတယ်ဆို Like & Share လုပ်ပေးပါအုံးဗျ။ 🙏🙏🙏
Page လေးကိုလဲ Like & Share လုပ်ပေးနိုင်ပါတယ်။ 🙏🙏🙏
နည်းပညာ ဗဟုသုတနဲ့ နေ့စဥ◌်ဘဝအတွက် အထောက်အကူပြုမယ့်စာလေးတွေ (နောက်ပိုင်း video clip တွေ) အလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 🤗🤗
Tech : What is a Soc? 🤔🤔🤔[uni]Smartphone နဲ့ Tablet တွေမှာ processor အစား SoC (system on a chip) ဆိုပြီးပြောင်းလဲခေါ်ဝေါ...
13/02/2020
Tech : What is a Soc? 🤔🤔🤔
[uni]
Smartphone နဲ့ Tablet တွေမှာ processor အစား SoC (system on a chip) ဆိုပြီးပြောင်းလဲခေါ်ဝေါ် အသုံးပြုလာကြတယ်။ ကျတော်လဲအစက ဘာမှန်းသေချာမသိခဲ့ဘူး။ အရင်က processor (CPU) ပဲသိနေရာက ခုနောက်ပိုင်း အရမ်းလူပြောများလာတော့ ကျတော်လဲရှာဖွေဖတ်မိတာလေး share ပေးလိုက်တယ်ဗျ။
တကယ်တော့ Soc ဆိုတာ Chipပြားတစ်ခုထဲမှာပဲ Main Processor, Graphic Processor နဲ့ Memory တို့ကို ပေါင်းစပ်ထားတဲ့ အရာတစ်ခုပဲဖြစ်တယ်။ Computer ရဲ့ motherboard လိုမျိုးတူပေမယ့် SoC ကတော့ Chip တစ်ခုထဲမှာပဲ ပေါင်းစပ်ပါဝင်တာဖြစ်တယ်။ အရွယ်အစားအရဆိုရင်လဲ အကြွေစေ့တစ်စေ့စာလောက်ပဲနေရာယူတယ်။ စွမ်းအင်အသုံးပြုမှုလဲ ပိုသက်သာလာတယ်။ Chip တွေအများကြီးသုံးရတာထက် နေရာစားလဲသက်သာလာတယ်။ Computer Motherboard ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုအခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်ပြီး Processor, GPU, Memory တို့ အပြင် အခြား Storage, Video Decoding နဲ့ Phone တစ်လုံးအတွက် လိုအပ်တဲ့ System ပိုင်းတွေပါ ပေါင်းစပ်ပါဝင်နိုင်တယ်လို့ သိရတယ်။
[zaw]
----------------------------------------------------------------------
ဒီစာလေးဖတ်ပြီး ဗဟုသုတတိုးတယ်ဆို Like & Share လုပ်ပေးပါအုံးဗျ။ 🙏🙏🙏
Page လေးကိုလဲ Like & Share လုပ်ပေးနိုင်ပါတယ်။ 🙏🙏🙏
နည်းပညာ ဗဟုသုတနဲ့ နေ့စဥ◌်ဘဝအတွက် အထောက်အကူပြုမယ့်စာလေးတွေ (နောက်ပိုင်း video clip တွေ) အလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 🤗🤗🤗
Address
Website
Alerts
Be the first to know and let us send you an email when EdenSeal Game posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Shortcuts
  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?
Share